22 01
အပိုင်း (၂၂)
ငွေကုန်ပေါက်
“အမွေရတာဆို နင့်ဘိုးဘေးက ဘာလုပ်တာလဲ”
“လယ်သမားပါ”
သူ့အတွေးအရတော့ ရွာကလူတွေက လယ်သမားတွေချည်းဆိုတော့ သူ့ဘိုးဘေးကလည်း လယ်သမားပဲ ဖြစ်သင့်တယ်မလား။
“ဒါဆို နင့်ဘိုးဘေးက ဒီလောက်တန်ဖိုး ရှိတဲ့ကျောက်စိမ်းမျိုး ဘယ်ကရတာလဲ”
လင်ရှု “.......”
မတတ်နိုင်ဘဲ သူဆက်လိမ်ရတော့သည်။ “သူ ကံကောင်းမှုကြီး ကြုံခဲ့တာ”
လင်းဖုန်းရှောင်က သူ့ကို ဖောက်မြင်နိုင်သလို ကြည့်လာသည်။ “တကယ်လား”
“ဟုတ်ကဲ့”
လင်းဖုန်းရှောင်က “နင်ရူးနေခဲ့တာဆို ဘာလို့အဲ့လောက်သိနေတာလဲ”
“ရွာသားတွေက ပြောပြတာပါ”
လူတွေ ပြောကြသလိုပဲလေ။ လိမ်ညာတဲ့လူက အဲဒါကိုဖုံးဖို့ နောက်ထပ်လိမ်ညာမှုတစ်ခုကိုပဲ ဆက်လုပ်ရတတ်တယ်မလား။
“ကောင်းပြီလေ”
လင်ရှုက “ကျောက်စိမ်းက တစ်ခုခုဖြစ်လို့လား”
“မဖြစ်ပါဘူး။ အရေအသွေးကောင်းတဲ့ ကျောက်စိမ်းပဲ”
ဒီကျောက်စိမ်းက လင်းဖုန်းရှောင်တို့အတွက်တောင် တန်ဖိုးကြီးတယ်ပေါ့လေ။
သင်ခန်းစာစလို့ အစစ်အမှန်ဆရာသခင်ကျူးထင် ဝင်လာမှပဲ လင်ရှု အသက်ရှုချောင်တော့သည်။
သူက ဆေးဖော်စပ်တာရဲ့ အသိပညာတွေကို ပြောပြနေပြီး ပြောတာတွေက ချီဆိုတာက အရာအားလုံးဆီမှာရှိပြီး ဆေးမီးဖိုကိုသုံးလို့ အဲ့ချီကို သန့်စင်ပစ်နိုင်တယ်ဆိုတာပဲ။
လင်ရှုလည်း ထိုစာအုပ်ကို ဖတ်ဖူးသည်။ ပေးထားတဲ့ဥပမာက လန်ရွှမ်ကြေးနီသတ္တုရိုင်းတဲ့။ သန့်စင်တဲ့အခန်းတွေက ချီတို့ မြင့်မြတ်မီးတောက်တို့က အရင်ဘဝက သူ့ရဲ့မော်ဒန်သိပ္ပံပညာအယူအဆနဲ့ ယခု ဆရာသင်ပေးတဲ့ အယူအဆနဲ့ အားပြိုင်ပြီး သူ ရှုပ်ထွေးလာသည်။
ခဏအတွင်း နှစ်နာရီကုန်သွားပြီးနောက် မီးဖိုတွေကို မီးညှိ့ရမဲ့အချိန် ရောက်လာခဲ့သည်။
လင်ရှုက အဆင်ပြေပေမဲ့ လင်းဖုန်းရှောင်မီးဖိုက ပေါက်ကွဲမလို ဖြစ်သွားသည်။ ဆရာသခင်ကျူးထင်တွေ့တော့ “ချီကို တည်ငြိမ်အောင်ထား။ ချီများများထည့်တာက ရလဒ် ပိုမကောင်းလာနိုင်ဘူး”
သူက လင်းဖုန်းရှောင်နားကို ကပ်လိုက်သည်။ လင်းဖုန်းရှောင်က မီးကိုငြိမ်းပြီး အစကပြန်လုပ်မှ အနီရောင်မီးတောက်လေး ထွက်ပေါ်လာခဲ့သည်။ ဆရာသခင်ကျူးထင်က
“ဒါမျိုးမှပေါ့....”
သူ့စကားမဆုံးခင်မှာ မီးတောက်က သုံးပေလောက် မြင့်သွားပြီး သူ့မုတ်ဆိတ်ကိုပါ လောင်လုမတတ် ဖြစ်သွားတော့သည်။
“…..”
လင်းဖုန်းရှောင်က အပြစ်ကင်းဟန်နဲ့ မျက်တောင် ခတ်လိုက်၏။
ဆရာသခင်ကျူးထင်က “ဖီးနစ်ဗီလာရဲ့ အဓိကဂုဏ်ရည်က မီးတောက်ပဲ သာမန်ဆိုရင် ပြီးပြည့်စုံတဲ့ ကိစ္စဆိုပေမဲ့ မင်းရဲ့ မီးတောက်ဂုဏ်ရည်က အားအကောင်းလွန်ပြီး ဆေးဖော်ဖို့ မသင့်တော်ဘူး။ တခြားအတန်းကို ရွေးချယ်သင့်တယ်”
လင်းဖုန်းရှောင်က “ကျွန်မ ကျောက်စိမ်းဝိဉာဉ်ကတစ်ဆင့် ဝိဉာဉ်စွမ်းအားနဲ့ သုံးရင်ရော ရမလား”
“မင်းဆီက လာတာပဲဆိုတော့ အဆင်မပြေလောက်ဘူး”
လင်ရှု ပျော်သွားသည်။
22 02
သဘောက သူလင်းဖုန်းရှောင်နဲ့ တစ်တန်းထဲ တက်စရာမလိုဘူးလို့ ပြောသလိုပဲလေ။ ဒါပေမဲ့ လင်းဖုန်းရှောင်က “တစ်ယောက်ယောက်နဲ့ မီးညှိခိုင်းရင်ရော ရမလားရှင့်”
ဆရာသခင်ကျူးထင်က ခေါင်းညိတ်ပြီး “ဒါလည်းရပါတယ်”
လင်းဖုန်းရှောင်က “ကျေးဇူးပါ ဆရာသခင်”
ထို့နောက် သူမက လင်ရှုကို လှည့်ကြည့်လိုက်သည်။ လင်ရှုလည်း မတတ်နိုင်ဘဲ မီးညှိပေးလိုက်ရသည်။
မီးတောက်က ဖယောင်းတိုင်မီးလောက်တောင် မရှိတဲ့ အထင်ကြီးစရာတစ်ကွက်မှ မရှိတဲ့ပုံဆိုပေမဲ့ တကယ့်မီးတောက်ထက် အဆပေါင်းရာချီ အစွမ်းထက်တဲ့အပြင် ဆေးသန့်စင်တဲ့လုပ်ငန်းတစ်ခုလုံးက ဒီမီးတောက်အပေါ်မှာပဲ မူတည်နေတာလေ။
ဆရာသခင်ကျူးထင်က မီးတောက်ကို ကြည့်ပြီး “တကယ်သန့်စင်တဲ့မီးတောက်ပဲ”
ထို့နောက် သူက တခြားကျောင်းသားတွေကို သွားကြည့်လိုက်သည်။
လင်းဖုန်းရှောင် သူ့ကို လှည့်ကြည့်လာတော့ လင်ရှု ရုတ်တရက် သတိထားရမလို ခံစားလိုက်ရတဲ့အချိန်တွင် လင်းဖုန်းရှောင်က “အခုကစပြီး ဒီအတန်းတိုင်းမှာ နင်ငါ့ဘေးမှာထိုင်ပြီး ငါ့မီးဖိုကို မီးညှိပေးရမယ်”
လင်ရှု “.....”
သူ သဘောတူလိုက်ပေမဲ့ သိပ်သဘောမကျနေဘူးလေ။
လင်းဖုန်းရှောင်က “တစ်ခါညှိ ကျောက်စိမ်းဝိဉာဉ်ငါးဆယ်”
လင်ရှု “အဆင်ပြေတယ်”
မီးညှိဖို့ ကျောက်စိမ်းဝိဉာဉ်ရဲ့ ငါးပုံတစ်ပုံ သုံးရတယ်လေ။
အတန်းပြီးတော့ လင်ရှုက သူ့မီးကိုငြိမ်းပြီး ထဖို့ပြင်တော့ လင်းဖုန်းရှောင်က “နင့်နောက်အတန်းက ဘာလဲ”
“တိုက်ပွဲအခြေခံ”
“ပြီးတော့ရော”
“ဆေးပညာအကြောင်းမိတ်ဆက်”
လင်ရှုက မသက်မသာ ခံစားနေရသည်။ ဘာလို့များ ကြိုးစားမကျင့်ကြံဘဲ သူရွေးသမျှ အတန်းလိုက်တက်ချင်နေတာလဲ။
လင်းဖုန်းရှောင်အကြောင်း သူ မသိပေမဲ့ သူမက ငါးပူတင်းလိူ ထိတာနဲ့ကြွလာတတ်တဲ့ ဆတ်ဆတ်ထိမခံတဲ့စိတ်ရှိတော့ သူ သတိထားရမယ်လေ။
နောက်ဆုံးတော့ သူမ ဒီမနက် ဆေးမှားသောက်လာတာပဲနေမယ်လို့ ခံစားလိုက်ရသည်။ မဟုတ်ရင်လည်း ကျောက်စိမ်းအကြောင်း သိချင်လို့နေမှာပေါ့။
ထို့နောက် လင်းဖုန်းရှောင် မနှောက်ယှက်တဲ့ အတန်းနှစ်တန်း တက်လိုက်သည်။ ညစာကို အနှောက်အယှက်ကင်းကင်းနဲ့ စားပြီးနောက် စာအုပ်တွေပြန်စီဖို့ စာကြည့်တိုက်ရဲ့ ဆယ်ထပ်မြှောက်ကို အတက်မှာ ကြွတာပဲ။
လင်းဖုန်းရှောင်က အဲဒီမှာ စာဖတ်နေတဲ့ပုံပင်။ ပြောသာပြောရတယ် သူမအကြည့်က စာအုပ်ပေါ်မှာ မရှိဘဲ လင်ရှုအပေါ်မှာ ရှိနေတာက အကြောင်းတစ်ကြောင်းပေါ့။
လင်ရှုကသူ့ဘာသာ စိတ်အေးအောင် လုပ်လိုက်သည်။ ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး။ နှစ်ရက်သုံးရက်လောက်ကြာရင် ငါက အလကား ငါးဆားနယ်သက်သက်ပဲဆိုတာ သူသိပြီး စိတ်ဝင်စားတာတွေ ပျောက်သွားလိမ့်မယ်။
လင်ရှုက စာကြည့်တိုက်ထဲမှာ တစ်နာရီလောက် အချိန်ယူလိုက်သည်။ ဒါပေါ့ လင်းဖုန်းရှောင်ကို သူ့ကို တစ်နာရီလောက် လေ့လာခွင့် ပေးလိုက်တာနဲ့ တူတူပဲလေ။
သူ့ကိုယ်သူတောင် ဘာထူးထူးဆန်းဆန်း ဝတ်စားထားမိလဲ။ ဝတ်ရုံက သပ်ရပ်ရဲ့လား ဆံပင်က သပ်ရပ်ရဲ့လားလိူ့ သံသယဝင်ပြီး ပြန်စစ်ဆေးမိစေခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့မှာ ဘာမှထူးဆန်းနေတာလည်း မရှိခဲ့ဘူး။
22 03
ကံကောင်းတာက လင်းဖုန်းရှောင်က အရင်ထွက်သွားတာပဲ။
သို့သော် သူ ကျင်းဖုန်းရှီယွီဥယျာဉ်ကို ပြန်ရောက်တော့ ပင်မဆောင်အလယ်ထပ်မှာ လက်ဖက်ရည် သောက်နေတဲ့ လင်းဖုန်းရှောင်ကို ပြန်တွေ့လိုက်ရသည်။
သူမက နှင်းခိုကို အနားမှာထားရင်း လက်ဖက်ရည်သောက်လို့ စာဖတ်နေသည်။ တချို့စာရွက်တွေက သူမနားမှာပါ ပြန့်ကျဲလို့။
အဲဒီခိုက အင်မော်တယ်တွေ မွေးထားတဲ့ မိုင်တစ်ထောင်ကို တစ်နေ့ထဲ ရောက်ပျံနိုင်တဲ့ စာပို့ခိုလေ။
လင်ရှုက သူ့တည်ရှိမှုကို နည်းနိုင်သမျှ နည်းအောင်ကြိုးစားပြီး အမြန်ဖြတ်လျောက်လို့ တံခါးနဲ့ ပြတင်းပေါက်ကိုပိတ်ပြီး စကျင့်ကြံတော့သည်။
သူ ကျင့်ကြံတာ နာရီဝက်မရှိခင်မှာ ယွဲ့ရို့ဟယ်က တံခါးလာခေါက်ပြီး ဝင်လာခဲ့သည်။
“ညီအစ်ကို” သူ့ပုံက တအား စိတ်လှုပ်ရှားနေသလိုဖြစ်နေပြီး “ဒီနေ့ ဘာဖြစ်ခဲ့လဲ ငါ့ကို ပြောပါဦး”
လင်ရှု “အာ”
“အစ်မပေါင်ချနိးက ငါနဲ့ ဒီမနက်တစ်တန်းထဲလေ။ သူပြောတာတာ မင်းတို့က အပြင်ဆေးလုံးမိတ်ဆက်အတန်း သွားတက်ကြတယ်ဆို။ ပြီးတော့ နောက်သတင်းက အစ်မကြီးက အင်မော်တယ်တာအိုဂျူနီယာလေးအတွက် ဟန်သန်းနန်းတော်က အကြီးဆုံးမင်းသားကို ဆော်လိုက်တယ်ဆို။ အဲ့ဂျူနီယာက မင်းမလား မင်း တကယ့်ကောင်ပဲကွာ။ ဖီးနစ်ဗီလာနဲ့ ဆက်ဆံရေး ကောင်းတာသိပေမဲ့ အစ်မကြီးနဲ့ပါ ဆက်ဆံရေးကောင်းတာပဲကွ။ အခုဆို မင်းနာမည်ကြီးနေပြီ”
သူ ပြောနေတုန်းမှာပင် တံခါးခေါက်သံနှင့်အတူ လင်းပေါင်ချန်းနဲ့ လင်းပေါင်ချင်းက ရောက်လာပြီး လင်ရှုကိူ အပြာနုရောင်ပစ္စည်းတစ်ခု ပေးလာခဲ့သည်။
ထိုအရာက ရွီမီကျယ်ဇစ်နည်းစန်နဲ့ လုပ်ထားတဲ့ ပစ္စည်းအများကြီး သိမ်းနိုင်တဲ့ သိူလှောင်ပစ္စည်းပင်။
“ဒါက ကျူကျွမ်း ထိုက်ချင်းဆေး ဒါက ကျစ်ရှောင် ချွမ်ကျူး ဆေး ဒါက ထျန်းယွမ် ရေစင်” လင်းပေါင်ကျင်းက ပုလင်းတွေ တစ်ခုပြီးတစ်ခု ထုတ်လာပေးသည်။ “အစ်မကြီးက ဆေးတွေပါ ပေးခိုင်းလိုက်တာ။ တအားဈေးကြီးတာတွေမပါလို့ မြန်မြန်သောက်ပြီး ပြန်သက်သာအောင်နေတဲ့”
“ပြီးတော့ ဒီမှာက ကျောက်စိမ်းဝိဉာဉ်ငါးထောင်။ အနာဂတ်မှာလည်း သူမမီးဖိုကို မီးညှိကူဖို့ မျှော်လင့်ပါတယ်တဲ့။ ဒါတွေကုန်သွားရင်လည်း ထပ်ပေးပါဦးမယ်”
သူတို့က ပြောပြော ပေးပေးနဲ့ပေးပြီး အမြန်ပြန်ထွက်သွားခဲ့သည်။
ယွဲ့ရို့ဟယ်က ဆေးတွေကို သေချာကြည့်ပြီး “ညီအစ်ကို မင်းဒဏ်ရာက ဘယ်လောက်တောင်ပြင်းလို့ သေပြီးတဲ့လူတောင် ငေါက်ကနဲ ထထိုင်လောက်တဲ့အထိ ကောင်းတဲ့ဆေးတွေ ပြင်လာပေးရတာလဲ”
လင်ရှုကတော့ သူ ဒဏ်ရာရတာကိုတောင် မေ့နေပြီ။ ရှောင်လင်းယန် လည်ပင်းညစ်တာက အခုဆို သတိတောင် မထားမိလောက်အောက် မနာတော့ဘူးလေ။
ထိုဆေးပုလင်းတွေကတော့ သူ့အသက်ထက်တောင် တန်ဖိုးရှိလောက်သည်။
ကျောက်စိမ်းဝိဉာဉ်ငါးထောင်က အခါနှစ်သောင်းခွဲ မီးညှိလို့ရသည်။ အတန်းက နှစ်ရက်မှတစ်ခါဆိုတော့ ရက်ငါးသောင်းလောက်မှ သုံးကုန်လိမ့်မည်ဖြစ်သည်။ အလကား ပိုက်ဆံ မီးရှို့နေတာပင်။
ထိုမိန်းမကောင်းလေးက စိတ်မနှံ့ရှာဘူးဘဲ။
ယွဲ့ရို့ဟယ်က ဆေးပုလင်းတွေမွေပြီး “ညီအစ်ကိုမင်းက အစ်မကြီးနဲ့တောင် အဲ့လောက် ရင်းနှီးတယ်ပေါ့”
“ငါတိူ့ မရင်းနှီးပါဘူး”
“ငါနဲ့ ငါ့သူငယ်ချင်းတောင် ပြောဖူးသေးတယ်။ အစ်မကြီးက စေ့စပ်ထားတဲ့လူရှိပေမဲ့ ဘယ်သူမှန်း မသိရလို့ သူက နောက်တစ်ယောက်ကို ရွေးနိုင်ခြေရှိတယ်ဆိုတာလည်း ရှိတယ်”
လင်ရှု အဲဒါတော့ သိတယ်လေ။ အဲဒီလူက သေတောင် သေနေလောက်ပြီ။
******