Ch 36
Viewers 3k

အပိုင်း(၃၆.၁) မင်းကကြောက်စရာကောင်းလိုက်တာ 


ပြောမှပင် ထိုလှုပ်ရှားတွေက သူတို့အား ပြည့်ပြည့်ဝ ဝနားမလည်လျှင် ထုတ်သုံး၍ မရနိုင်ပေ ။


ဖီးနစ်အိမ်တော်၏ “ကောင်းကင်ဘုံဓား” သည် ထိုကဲ့သို့ အထီးကျန်သောစိတ်အခြေအနေအား ရရှိနိုင်ရန်အတွက် ပျက်သုဉ်းသွားသော ဘဝတစ်ခု၏သဘောတရားကို ပြည့်ပြည့်ဝဝ နားလည်နိုင်ရန် ခက်ခဲမှုတွေအား ရင်ဆိုင်ရန် လိုအပ်သည်။ နှိုင်းယှဉ်ကြည့်ရလျှင် “မေ့လျော့ခံချိုင့်ဝှမ်း” နှင့် “မမြင်နိုင်သောတျန်းဟယ်” အား နားလည်နိုင်ရန် မည်ကဲ့သို့သော စိတ်အခြေအနေမျိုး လိုအပ်သည်လဲ။


သူသည်လည်း သိပ်တော့မသေချာပေမဲ့ ထိုလှုပ်ရှားမှုတွေ၏နောက်ကွယ်က အဓိပ္ပာယ်က အလွန်အမင်းကို အထီးကျန်ခြင်းဖြစ်နိုင်သည်ဟု ခံစားမိနိုင်သည်။ 


ထိုနှစ်ကသူ့ဆရာ၏သေဆုံးခြင်းကို ကြားလိုက်ရသည့်အခါ သူ့တွင် ကမ္ဘာကြီးထဲရှိ သူနှင့်နီးစပ်သူ မည်သူမျှ မရှိတော့သလို ကြီးမားသည့် ထိတ်လန့်မှု ဖြစ်ပေါ်စေသည်။ သူဟာ အထီးကျန်ဝိဥာဉ်တစ်ခု တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ ပထမပုံစံအား နားလည်သဘောပေါက်သွားခဲ့သည်။ နောက်ပိုင်းတွင် ဒီကမ္ဘာသို့ ရောက်လာပြီး သူစိမ်းတစ်ယောက်အဖြစ် တိုင်းတစ်ပါးတွင် နေထိုင်ရသည့်အခါ သူဟာ ရှုပ်ထွေးသွားခဲ့သည်။ သူ၏အပြောင်းအလဲမြန်သော အခြေအနေတွေက ဒုတိယပုံစံအား နားလည်သွားစေနိုင်သည့် အကြောင်းအရင်းဖြစ်နိုင်သည် ။ နောက်ထပ်ဖြစ်နိုင်ချေရှိသည့် အကြောင်းအရင်းကတော့ ရှောင်ရှောက်၏တိုက်ကွက်ကြောင့် တွန်းအားပေးခံလိုက်ရသည်ဆိုသည့် ရိုးရှင်းသည့်တိုက်ဆိုင်မှုကြောင့်ပင်


လူကြီးမင်းမုန့်က သူ နားလည်သွားသည်ကို တွေ့သည်အခါ ထိုခေါင်းစဉ်အား ဆက်မပြောတော့ပေ။ သူတို့နှစ်ဥးဟာ ပေါ့ပေါ့ပါးပါး စကားပြောခဲ့ကြသည်။ ဆိုလိုသည်က လူကြီးမုန့်က ပြောကာ လင်ရှုကတော့ နားထောင်သည့်သူပင်။ တစ်ခဏကြာပြီးနောက် လင်ရှုဟာ အိမ်မက်ကွင်းပြင်ကနေထွက်လာကာ လက်တွေ့သို့ပြန်လာခဲ့သည်။


သူဟာ မနက်ဖြန်တွင်အသုံးပြုရမည့် ဖတ်စာအုပ်တွေအား စားပွဲပေါ်တွင် တင်လိုက်ကာ မနေ့တစ်နေ့က အိမ်စာအား ပြန်နွေးလိုက်ပြီး ပစ္စည်းတွေအားနေရာချကာ စတင်လှည့်ပတ်စေသည် နာရီဝက်ခန့်ကြာပြီးနောက် လင်ရှုက အိပ်မောကျသွားတော့သည်။


ဒီအိမ်မက်က မတည်မငြိမ်ဖြစ်နေသည် သူ့အိမ်မက်ထဲတွင် ရှုပ်ပွနေတဲ့ပုံရိပ်ယောင်တွေ အများကြီးရှိနေပြီး; ဒေါသကြီးတဲ့ ကြီးမြတ်လှတဲ့သခင်မလေးရဲ့ ဓားသိုင်းလှုပ်ရှားမှုတွေအား အိမ်မက်မက်ကာ ဒေါသထွက်နေတဲ့ ရှောင်ရှောက်နှင့် တိုက်ခိုက်နေသည်ဟုပင် အိမ်မက်မက်လိုက်သေးသည်။


သူတို့တိုက်ခိုက်လေလေ သူတို့၏ဓားသွားတွေဟာလည်း ကြောက်စရာကောင်းသထက် ကောင်းလာကာ ရုတ်တရက်ပင် “မေ့လျောခံချိုင့်ဝှမ်း” နှင့် “မမြင်နိုင်တျန်းဟယ်” အား အသုံးပြုလိုက်မိသည်။ ထိုတစ်ခဏမှာပဲ သူဟာ အိမ်မက်ကနေ နိုးထလာတော့သည်။


နိုးလာပြီးနောက် ထိုမလွယ်ကူသည့် အိပ်စက်ခြင်းရဲ့ လက်သည်အား သိရှိလိုက်ရသည်။ တစ်ခါတစ်ရံ သူအိပ်မောကျသွားသည့်အချိန်တွင် ဆောင်းဦးမိုးစက်တို့က အပြင်ဘက်၌ ရွာကျလာလေ့ရှိသည်။ မိုးစက်တို့က သူ၏ဝါးအိမ်ကလေးအား ထိခတ်ကာ အိမ်လေးအား တုန်ခါနေစေသည်။ ပြတင်းပေါက်သည်လည်း ပိတ်လို့မရနိုင်သည့်အတွက် လေအေးတစ်သုတ်က ဝင်လာတော့သည်။


ဒါဟာ ဆောင်းဦးရောက်လာပြီးကတည်း ရွာကျလာသည့် ပထမဆုံးမိုးဖြစ်သည်။ မြေပေါ်တွင် ရေများစွာရှိနေသည့်အတွက် ယခုရွာကျသည့်ပထမဆုံးမိုးက အဆက်မပြတ် ကျဆင်းလာမည့် မိုးအား ကြိုဆိုနေသည့်ပုံပင်။


တစ်အိမ်လုံးက အေးစက်စိုစွတ်နေပြီး သူ၏သေမျိုးခန္ဓာကိုယ်အား ရှင်သန်နိုင်စေရန်အတွက် လုံးဝကိုပင် မသင့်တော်ပေ။ 


လင်ရှုက အိပ်ရာကနေထလိုက်ပြီး မီးအဆီအနှစ်ပါဝင်သည့် ကျောက်စိမ်းသေတ္တာအား ထုတ်လိုက်ကာ သူ့အိပ်ရာ၏ ခေါင်းရင်းဘက်၌ ထားလိုက်ပြီး ဖွင့်လိုက်သည်။

နီရဲနေပြီး လုံးဝန်းနေသော ပုတီးစေ့များက တောက်ပသည့်အလင်းရောင်နှင့် အပူဓာတ်ကို ထုတ်လွှတ်နေကာ မီးတောက်တစ်ခုကြီးထွားလာသည့်အတိုင်း ချက်ချင်းပင် တစ်ခန်းလုံးအား ပျံ့နှံ့သွားစေတော့သည်။


သူဟာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး ပိတ်ရန် ရည်ရွယ်လိုက်သည်။ သို့သော်လည်း တွေ့လိုက်ရသည်က အဓိကခန်းမဆောင်ကမီးက မှိတ်တုတ် မှိတ်တုတ်လင်းနေဆဲဖြစ်ကာ ရွာကျနေသည့် မိုးအားဖြတ်သန်း၍ ကြည့်လိုက်သည့်အခါမှာတော့ အနီရောင်အရိပ်လေးတစ်ခုက ဝါးခြံစည်းရိုးပေါ်တွင် မှီရပ်နေသည်အား တွေ့လိုက်ရသည်။


ထိုပြိုင်ဘက်ကင်း ညဇီးကွက် လင်းဖုန်းရှောင်က မအိပ်သေးပေ 


လင်ရှုက ဝါးခြံစည်းရိုးနှင့် ကျဆင်းနေသောမိုးစက်တို့အား ဖြတ်၍ နီးကပ်အောင် ကြည့်လိုက်ချိန်မှာတော့ သူမဟာ ပုလွေမှုတ်နေသည်ဆိုသည်အား တွေ့လိုက်ရတော့သည်။


တိုးညှင်းလှသော ထိုပုလွေသံလေးက ကျဆင်းနေသော မိုးသံတို့အားဖြတ်သန်း၍ ပျံ့လွင့်လာသည်။ ညအချိန်အခါတွင် အလှလေးတစ်ဦးက ဝါးပုလွေတစ်ချောင်းအား တီးမှုတ်နေသည်မှာ မူလက ကျက်သရေရှိကျော့ရှင်းသော ကိစ္စတစ်ခုပင်။ သို့သော် ရာသီဥတုအချိန်အခါက အနည်းငယ် မှားယွင်းနေပြီး ပုလွေသံက အလွန်အမင်း စိတ်ဓာတ်ကျစရာပင်။ တစ်စုံတစ်ယောက်ကသာ တိတ်တဆိတ် နားထောင်ကြည့်လိုက်လျှင် ထိုသည်က အရိုးတွေအား ဖြတ်သန်းလာသည့် ကျောချမ်းဖွယ်သံစဉ်တစ်ခုနှင့် ပို၍တူနေပေသည်။


မိုးစက်တွေကြောင့် ဖြစ်နိုင်သည်။ ပုလွေသံက ရပ်တန့်သွားပြီး စတင်၍ ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည် အသံတိုးသွားသည့်အခါ ဆက်လက်၍ မတောင့်ခံနိုင်တော့သည်အထိ တိုးညှင်းသွားပြီး  သံစဉ်ကရပ်တန့်သွားတော့သည်။ အသက်ရှိုက်စာ အနည်းငယ်ခန့် ရပ်တန့်သွားပြီးနောက် တဖြည်းဖြည်းချင်း ပြန်လည်စတင်လာသည်။


သီချင်းတစ်ပုဒ်ပြီးသွားသည့်အခါ လင်းဖုန်းရှောင်းက စိတ်ဓာတ်ကျဖွယ်သံစဉ်ရှိသည့် နောက်သီချင်းတစ်ပုဒ်အား ထပ်မံတီးခတ်ပြန်သည်။ နားလည်နိုင်စွမ်းကို စစ်ဆေးသည့်စာမေးပွဲတွင် တစ်စုံတစ်ယောက်က ဤသည်ကို “သီချင်း၏တေးသွားက ဝမ်းနည်းညှိုးငယ်ဖွယ်ကောင်းကာ စာရေးသူက ဤလောကကြီးဟာ ထာဝရမတည်မြဲနိုင်ပဲ လွမ်းမောတဿဖွယ်ကောင်းသည်ဟု သက်ပြင်းချ မှတ်ချက်ပြုမှာပင်။


လင်ရှုဟာ တိတ်တဆိတ် နားထောင်နေပြီး ရုတ်တရက်ပင် သူ၏အတိတ်က မှောင်မဲနေခဲ့သော ညပေါင်းများစွာအား အမှတ်ရသွားတော့သည်။


သူက ထိုသီချင်းအား သိသည် စန္ဒယားတီးသည့်အချိန်တွင် သင်ခဲ့ဖူးသည်။ ထိုသည်က “အနောက်မြောက်အရပ်တွင် မျှော်စင်တို့ရှိကြသည်” ဆိုသည့် ရှေးဟောင်းတေးတစ်ပုဒ်ဖြစ်သည်။


အနောက်မြောက်အရပ်တွင် မျှော်စင်တို့ရှိကြပြီး အရမ်းကို မြင့်မားလွန်းသည့်အတွက် တိမ်တွေကိုပင် ဖိနှိပ်ထားနိုင်သည်။ ထိုသီချင်းတွင် ငြင်သာသောသီဆိုနေသံ တစ်ခုရှိပြီး ဝမ်းနည်းမှုတစ်စွန်းတစ်စအား သယ်ဆောင်ထားသည်။ 


သူတီးခတ်သည့် တေးသွားတိုင်းတွင် သက်ပြင်းသုံးခါချလိုက်ပြီး သူ၏ဝမ်းနည်းမှုသည်လည်း ကျယ်ပြန့်လာတော့သည်။ သီဆိုသည့်သူကလည်း အညှာအတာကင်းမဲ့ကာ သူ၏တေးသီးချင်းတွင် နာကျင်မှုတစ်ခုတည်းကိုသာ သိသည်။


ဂီတဟာ ခံစားချက်တွေအား လွှဲပြောင်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် ထိုကဲ့သို့သော် ပျော်ရွှင်စရာမရှိသည့် သီချင်းအား နားထောင်သည့်အခါ ထိုသူက မပျော်ရွှင်ရသည့် ကိစ္စတွေကိုသာ တွေးတောမိလိမ့်မည်။ သူဟာလည်း ပျော်ရွှင်ခဲ့သည့်အတွက် လူ့သဘာဝအရ ဤသီချင်းကြောင့် သက်ရောက်ခံလိုက်ရတော့သည်။


သို့သော် လင်းဖုန်းရှောင်က ယခုလိုမျိုးသီချင်းအား တီးမှုတ်ရသည်ကို ကြိုက်သည့်လူမျိုး မဟုတ်ပေ။


ကြီးပြင်းလာသည့်တစ်လျှောက် မရေမတွက်နိုင်တဲ့ကြယ်တွေရဲ့ ဝန်းရံခြင်းကို ခံရသည့် လမင်းတစ်သွယ်၊ ကြီးကျယ်ခမ်းနားလှသည့် ပါရမီနှင့် ပြောင်မြောက်လှသည့် သိုင်းပညာရပ်တို့နှင့် ဖီးနစ်အိမ်တော်၏ကြီးမြတ်လှသော သခင်မလေးက အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သည့် လူပေါင်းများစွာက သူမအတွက်နှင့် မီးထဲသို့ ပြေးသွားကြမှာပင်။ ထိုကဲ့သို့သောလူမျိုးက တစ်ဘဝလုံး၌ မည်သည့်ဒုက္ခဆင်းရဲကိုမှ မကြုံတွေ့ရသင့်ပေ။ ကြီးမြတ်လှသည့်သခင်မလေးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ဝန်းကျင်သာ ရှိသေးပြီး ပူဆွေးမှုက ဘာလဲဆိုသည်အား သူမက မည်သို့သိနိုင်မည်တဲ့လဲ။

သီချင်းအဆုံးတွင် လင်းဖုန်းရှောင်က ညကောင်းကင်ယံအား ကြည့်ကာ အချိန်အကြာကြီးအထိ မလှုပ်ရှားခဲ့ပေ။


ကြည့်ရသည်မှာ သူမက တစ်ခုခုအပေါ် အလွန်အမင်း ဝမ်းနည်းနေသည့်ပုံပင်။


လင်ရှုဟာ သူက ဒီကြီးမြတ်လှသည့်သခင်မလေးအား စတင်ဂရုစိုက်မိနေသည်ဟု သဘောပေါက်လိုက်သည်။ တကယ်တမ်းတော့ ဒါဟာ အကျိုးအကြောင်း ဆီလျော်သည်ပင်။ သူဟာ သူမဆီမှ မရေမတွက်နိုင်သည့် ဝိဥာဉ်ဆေးလုံးတွေနှင့် ကျောက်စိမ်းဆေးလုံးတွေအား လက်ခံရရှိခဲ့ကာ ယခုအချိန်မှာပင် ထိုကြီးမြတ်လှသောသခင်မလေး ပေးထားသည့် မီးအဆီအနှစ်အား နွေးထွေးစေရန် ဖက်ထားရသည်။ ဒါဟာ တစ်စုံတစ်ယောက်၏ ခေါင်မိုးအောက်တွင် နေနေသည်နှင့်ဆင်တူပြီး ရွှေရောင်မြေပိုင်ရှင်ကြီး၏စိတ်ကျန်းမာရေး အခြေအနေအား စိတ်ပူပေးသည်မှာ သဘာဝကျသည်။


သူ၏စိုးရိမ်ပူပန်မှုတွေက ချက်ချင်းပင် ဖမ်းမိသွားတော့သည်


လင်းဖုန်းရှောင်က ငေးငိုင်နေအပြီးမှာ သူမ၏မျက်လုံးတွေက ရုတ်ချည်းပင် သူရှိရာဘက်သို့ ကြည့်လာတော့သည်။ သူ့ဘက်တွင် မီးထွန်းထားသည့်အတွက် သူ မအိပ်သေးသည်မှာ သိသာနေတာဖြစ်သည်။


သေချာပေါက်ပင် သူဟာ ဖမ်းမိသွားလေပြီ။


ကြီးမြတ်လှတဲ့သခင်မလေးက သူ့ပြတင်းပေါက်ရှိရာအား တည့်တည့်စိုက်ကြည့်လာပြီး မျက်ဝန်းတွေက တောက်ပနေကာ သူမ၏အမူအရာသည်တော့ ဗလာဖြစ်နေပေသည်။ ကြည့်ရသည်မှာ လူတွေကို စားသောက်ချင်သည့် တစ္ဆေမတစ်ဦးကဲ့သို့ပင်။ 


လင်ရှုဟာ ဖယောင်းတိုင်မှုတ်လိုက်ပြီး ဘာမှမဖြစ်ကဲ့သလိုမျိုး ပြုလုပ်တော့မည့် အချိန်တွင် လင်းဖုန်းရှောင်က အဓိကခန်းမရှိ ဝါးဖြင့်ပြုလုပ်ထားသော လျှောက်လမ်းမှထလာကာ သူ့အခန်းရှိရာဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။


သူမက အနီရောင်ဝတ်ရုံဝတ်ဆင်ထားကာ ဝါးလမ်းလေးတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လာပြီး ထီးကပင် အနီရောင်ဖြစ်သည် အနားစပ်တွင် မိုးစက်များနှင့် အနားသတ်ထားသည့် ထိုကျော့မော့လှသည့်မြင်ကွင်းကို ကြည့်ရသည်မှာ အနည်းငယ် အထီးကျန်ဖွယ်ကောင်းလှသည်။


လင်ရှုတွင် နောက်ထပ်ရွေးချယ်စရာမရှိတော့ပဲ သူ၏တံခါးအားဖွင့်ကာ ကြီးမြတ်လှတဲ့သခင်မလေးအား ကြိုဆိုလိုက်ရသည်။


လင်းဖုန်းရှောင်က ထီးအား တံစက်မြိတ်အောက်တွင်ထားကာ အခန်းထဲသို့ဝင်လာပြီး တံခါးကိုပိတ်လိုက်ရင်း အခန်းပတ်လည်သို့ တစ်ချက်ကြည့်လိုက်သည်။ သူမက ပြတင်းပေါက်ရှိရာသို့ လျှောက်သွားလိုက်ပြီး မထိုင်ချခင်မှာပင် လင်ရှုပိတ်ရန်ကျရှုံးခဲ့သည့် ပြတင်းပေါက်အား သေချာစွာ ပိတ်လိုက်သည်။


သေချာစွာပိတ်ဆို့ထားသည့် တံခါးနှင့် ပြတင်းပေါက်ကြောင့် ဖြစ်နိုင်သည် အခန်းထဲရှိနွေးထွေးမှုက ပိုလို့ပင် ပြင်းထန်လာတော့သည်။


လင်ရှုတွင် သခင်မလေးအားဖျော်ဖြေစရာ မည်သည်မှမရှိသည်အတွက် မီးအိမ်တွေကိုသာ ညှိလိုက်ပြီး အခန်းအား ပို၍တောက်ပစေလိုက်သည်။


လင်းဖုန်းရှောင်က အနည်းငယ်ပျင်းရိနေသည့်ကိုယ်ဟန်ဖြင့် ဝါးကုလားထိုင်ပေါ်သို့ မှီချလိုက်ပြီး သူမရဲ့မျက်တောင်တွေအား ခတ်လိုက်ကာ သူ့ဘက်အားကြည့်ရင်း ပါးစပ်ဖွင့်လာသည်


“ရှင် ကျွန်မကို လျစ်လျူရှုထားတယ်။ ပြီးတော့ကျ ညလယ်ခေါင်ကြီး ကျွန်မကို ခိုးနားထောင်နေတယ်။ ရှင်က တကယ်ကို အတော်လေးထူးဆန်းတဲ့ လူတစ်မျိုးပဲ” 


သူမစကားပြောရင်း ကြီးမြတ်လှသည့်သခင်မလေးက ကိုယ်ကိုစားပွဲပေါ်သို့ ကိုင်းချလိုက်ကာ လင်ရှုအနားသို့ ချဉ်းကပ်လာသည်။


လင်ရှုက ပျော့ပျောင်းစွာဖြင့် အနောက်ဘက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်သည်


“ဘာတွေပုန်းနေတာလဲ” လင်းဖုန်းရှောင်က ပြုံးနေပုံရပြီး “ကျွန်မက လူတွေကို မစားပါဘူး”

တစ်ယောက်ယောက်ကိုစားတာက မစားတာထက်တောင် ပိုကောင်းသေးတယ်။ လင်ရှုက ကိုယ့်သာဘာတွေးလိုက်သည်။


လင်းဖုန်းရှောင်က သူ့ဆီကနေ ခြေတစ်လှမ်းအကွာတွင် ရပ်လိုက်ပြီး ပြောလာသည်။


“ဒီရက်ပိုင်းအတွင်း ရှင်က ကျွန်မကိုတွေ့တဲ့အချိန်တိုင်း ဘာလို့ပုန်းနေရတာလဲ”


သေချာပေါက်ကိုပင် လင်းဖုန်းရှောင်က သူ့အား ရှာဖွေချင်ခဲ့ပေမဲ့ ဒါဟာ ကောင်းသည့်အရာတော့ မဟုတ်နိုင်ပေ ။


အကျိုးအမြတ်အားရှာဖွေပြီး အန္တရာယ်ကိုရှောင်ရှားသည်က ဇီဝကမ္မဆိုင်ရာ တုံပြန်မှုပင်။ လင်ရှုဟာ သူ၏လုပ်ရပ်အတွက် လုံလောက်သည့်အကြောင်းပြချက်တွေရှိသည်ဟု ခံစားရသည်


သူဟာ သူ့နှာခေါင်းကိုထိလိုက်ကာ ပြောလာသည်။ : “မင်းက ကြောက်ဖို့ကောင်းလို့”


ကြီးမြတ်လှသည့်သခင်မလေးက ပြုံးလိုက်သည်။


အလှလေးတစ်ယောက် ပြုံးလိုက်သည်က သဘာဝကျကျပင် ကြည့်ကောင်းမှာဖြစ်သည်။ ဝါးအိမ်လေးက မူလကရိုးရှင်းပေမဲ့ လင်းဖုန်းရှောင် ပြုံးလိုက်သည့်အခါမှာတော့ အိမ်၏ထောင့်တိုင်းအား တောက်ပစွာ ထွန်းလင်းသွားစေတော့သည်။


“ရှင်က အမြဲတမ်း ကျွန်မကို လိမ်နေတာပဲ။ သေချာပေါက်ပေါ့ ကျွန်မ မပျော်ရွှင်နေဘူး” ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။ “ရှင်သာနည်းနည်းလောက် ပိုပြီးနာခံမယ်ဆိုရင် ကျွန်မက ဘာလို့ဒီလိုမျိုးဖြစ်နေမှာတဲ့လဲ”


စက်ဝိုင်းလိုလှည့်ပတ်နေပြီးနောက် အဆုံးမှာတော့ သူဟာ ထိုဖြစ်ရပ်ကို ဖုံးကွယ်ထားပေမဲ့ သခင်မလေးက ရှာတွေ့သွားတာပင် ။


လင်ရှု : “ကောင်းပြီ”


ကြီးမြတ်လှသည့်သခင်မလေးက အလွန်ကျေနပ်သွားပုံရပြီး ပြောလာသည်။ :


“ရှင်ရော ကျွန်မရောက ကိုယ်စီအခက်အခဲတွေရှိတယ် တချို့အရာတွေကို ရှင်က ထုတ်မပြောချင်ဘူးဆိုတော့ ဒီတစ်ခါတော့ ကျွန်မဘက်ကနေ အလွတ်ပေးလိုက်ပါမယ်”


ထိုသည်က သူဟာထိုအကြောင်းကိုပြောဖို့ ဝန်လေးနေတာကြောင့် မဟုတ်ပေ။ မည်သို့ပြောရမည်လဲဆိုတာကို မသိတာကြောင့်သာဖြစ်သည်။ ပြီးတော့လည်း သူက သူပြောစရာရှိသည်ထက် ပိုပြီးမပြောချင်ပေ ။


သို့သော်လည်း ကြီးမြတ်လှတဲ့သခင်မလေးက အလွတ်ပေးလာသည်ဆိုမှတော့ ထိုသည်က တကယ်ကိုဖြစ်နိုင်သည့်အကောင်းဆုံးရလဒ်ပင် ။


လင်ရှုက ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”


သခင်မလေးက ပြောလာသည်။ : “ရှင့်မှာဆရာရှိတယ် ပြီးတော့ သိုင်းပညာရောတတ်တယ်”


လင်ရှု : “ဟုတ်တယ်”


သခင်မလေးက ရွာကိုစစ်ဆေးပြီးဖြစ်ကာ သူ့တွင် ဆရာတစ်ယောက်ရှိသည်ကို သိရှိပြီးဖြစ်သည်။ ထို့ထက်ပြောရလျှင် သိုင်းပညာအခြေခံ မရှိသည့် မည်သူကမှ ရှန်းလင်အကယ်ဒမီဝင်ခွင့်စာမေးပွဲအား အောင်မြင်နိုင်မည်မဟုတ်ပေ ။


သခင်မလေးကဆက်ပြောလာသည် :


“ဒါပေမဲ့ ရှင့်ရဲ့မယ်ရီဒန်တွေက ပိတ်ဆို့နေပြီး လုံးဝအလုပ်မလုပ်ဘူးဆိုတော့—လတ်တလောမှာ မသင့်တော်တဲ့ချီ လေ့ကျင့်မှုတွေဘာတွေ လုပ်မိလို့လား”


လင်ရှုဟာ လင်းဖုန်ရှောင်က သူ့အား မသင့်တော်တဲ့ချီလေ့ကျင့်နည်းအား ကျင့်ကြံနေသည်ဟု တွေးနေမည်လို့ မမျှော်လင့်ထားပေ။ သို့သော် ဒီလိုဆိုမှတော့ ဒါဟာ သူ့ပြဿနာအများအပြားအား ဖြေရှင်းသွားမှာပင်။ သူ၏မယ်ရီဒန်တွေကသာ မွေးကတည်းက ပိတ်ဆို့နေတာဟု ပြောလိုက်လျှင် သူ၏သိုင်းပညာရပ်ဗဟုသုတနှင့် ကွဲလွဲနေပြီး ရှေ့နောက်မညီဖြစ်ကာ လင်းဖုန်းရှောင်အား ဒေါသထွက်စေလိမ့်မည် ထို့ကြောင့် သူဟာ မရေမရာဖြေဆိုလိုက်သည်။ : “အဲ့လိုမျိုးပါပဲ”


မသင့်လျော်သည့်ချီကုန်းလေ့ကျင့်ခြင်းက တစ်စုံတစ်ယောက်၏မယ်ရီဒန်တွေအား ပျက်စီးစေကာ ကျင့်ကြံဆင့်အား ဆုံးရှုံးစေသည် နောက်တစ်ဆင့်အား ချိုးဖြတ်မရနိုင်သည်ကလည်း ထိုကဲ့သို့သော တူညီသည့်အဆုံးသတ်အား ဦးတည်သွားစေသည်။ ထို့ကြောင့် ထိုနည်းလမ်းနှစ်ခုက သိပ်တော့လည်းမကွာခြားပေ။ 

“ဒါဆို ရှင်က အိမ်မက်ကွင်းပြင်ရဲ့အပြင်ဘက်မှာ သိုင်းပညာကို သုံးလို့မရဘူးပေါ့ …ဒါဆိုရင် ကျွန်မ ရှင့်ကို အခုကစပြီး ပြန်ပြီးချိန်ညှိပေးမယ်” ကြီးမြတ်လှတဲ့သခင်မဘေးက တစ်ခုခုကို တစ်ခဏလောက် တွေးနေပြီး နောက်တစ်ခဏတွင် ပြောလာသည် ။


“ရှင့်ရဲ့မယ်ရီဒန်တွေက ဖျက်ဆီးခံထားရတယ်။ တစ်ခုခုက ပြန်ပြီး ဖွင့်ပေးဖို့လိုအပ်တယ်”


လင်ရှု : “အမ်”


သခင်မလေးက သူ့အတွက် မယ်ရီဒန်ပြဿနာကို တကယ်ကြီး ကူညီဖြေရှင်းပေးချင်နေတာလား?


ဘယ်လိုတောင် ရင်ထဲထိဖို့ကောင်းတဲ့ အဆောင်ဖော်ကြားက မိတ်ဆွေဆက်ဆံရေးလဲ။


လင်ရှုက အပေါ်ယံတွင်တော့ အတော်လေးတည်ငြိမ်နေပုံရပေမဲ့ တကယ်တမ်းတွင်တော့ သူဟာ လုံးလုံးကြီး စိတ်တည်ငြိမ်နေတာတော့မဟုတ်ပေ။


သူဟာ သခင်မလေး ဆက်ပြောလာသည်ကိုသာ ကြားလိုက်ရသည်။ 


“မယ်ရီဒန်ကို ပြန်လည်ဖွင့်လှစ်ပေးတဲ့ ဝိဥာဉ်ဆေးလုံးက အရမ်းကို ရှားပါတယ်။ ဒါပေမဲ့လည်း မရနိုင်တာတော့ မဟုတ်ပါဘူး။ သူတို့ကို မရရင်တောင် ကျွန်မရဲ့ချီကိုသုံးပြီး ရှင့်အတွက် မယ်ရီဒန်တွေကို ဖွင့်ပေးလို့ရတယ်”


လင်ရှု၏မျက်လုံးထဲတွင် ကြီးမြတ်လှတဲ့သခင်မလေးရဲ့ တစ်ကိုယ်လုံးဟာ မြင့်မြတ်တဲ့အလင်းရောင်တွေနှင့် တွဲစပ်နေတာပင် ။


သူဟာ ကျေးဇူးတင်စကားတချို့ကို အတူတူပြောတော့မည့် အချိန်မှာပဲ လင်းဖုန်းရှောင် ဆက်ပြောလာသည့် စကားတချို့ကို ရုတ်တရက်ကြားလိုက်ရသည်။ 


“ဒါပေမဲ့လည်း လုံးလုံးလည်း မဖြစ်နိုင်ဘူး”


လင်ရှု : “ကျွန်တော်တော့ အဲဒါဖြစ်နိုင်တယ်လို့ ထင်တာပဲ”


“မသင့်လျော်ဘူး” လင်းဖုန်းရှောင်က သူမ၏ခေါင်းအားရမ်းကာ 


“မယ်ရီဒန်ပြန်ပြီး ဖွင့်ပေးတဲ့ဆေးကို သောက်တာပဲဖြစ်ဖြစ် ချီကိုအသုံးပြုတာပဲဖြစ်ဖြစ် အကုန်လုံးက အရမ်းကို နာကျင်တယ်။ ရှင့်ကို ရက်ပေါင်းညပေါင်းများစွာ နာကျင်နေစေမှာ မဖြစ်နိုင်ဘူး”


မဟုတ်ဘူး နေ့ညပေါင်းများစွာ နာကျင်မှုကို ခံစားနိုင်တယ်လို့ 


လင်ရှု စကားပြောချင်သော်လည်း သခင်မလေးက သူ့အားသတိပေးစွာဖြင့် ကြည့်လာသည်။


“ဒီလိုလမ်းကြောင်းမျိုးကို နောက်ထပ် ထပ်မစဉ်းစားနဲ့”


လင်ရှုဟာ သူ၏ဆန့်ကျင်မှုအား တိတ်ဆိတ်မှုဖြင့် ဖော်ပြလိုက်သည်။


ကြီးမြတ်လှတဲ့သခင်မလေးကတော့ မလှုပ်ရှားပေ 


သူတို့၏အသံတိတ်တိုက်ပွဲအလည်တွင် သခင်မလေးကပြောလာသည်။ 


“တစ်နည်းပဲကျန်တော့တယ်”


နောက်တစ်နည်း ရှိသေးတယ်—လင်ရှုကအနည်းငယ် စိတ်လှုပ်ရှားလာတော့သည်


“အခုကစပြီး ရှင့်အတွက် ကျင့်ကြံဖို့ မလိုတော့ဘူး” ကြီးမြတ်လှတဲ့သခင်မလေးရဲ့ စကားလုံးတွေက တည်ငြိမ်နေပေသည်။ “ရှင်ကစားချင်ရင် သွားပြီးကစားနေလိုက်။ ရှင်က ကျွန်မရဲ့ကာကွယ်မှုအောက်မှာပဲ နှစ်အနည်းငယ်ကြာပြီးလို့ ရှင်အသက်ကြီးလာရင် မယ်ရီဒန်တွေက အလိုလို ပြန်ပွင့်လာလိမ့်မယ်” 


လင်ရှု : “…”


သူက ပြောလိုက်သည် : “ဘယ်လို ပြန်ပွင့်မှာလဲ”

6 6

သူ့ရဲ့ပိတ်ဆို့နေတဲ့မယ်ရီဒန်တွေက အသက်အလိုက် တိုးတက်လာမယ်ဆိုတာ ဖြစ်နိုင်လို့လား။


ထိုအချိန်တွင် သခင်မလေး၏အမူအရာက အနည်းငယ် သဘာဝမကျဖြစ်နေကာ မျက်နှာထားတင်းစွာဖြင့် ပြောလာသည်။


“မေးခွန်းတွေ အများကြီး မေးခွင့်မပြုဘူး”


လင်ရှု : ?


သူကပြောလိုက်သည် : “ဒါပေမဲ့…..”


“မရဘူး” သခင်မလေးက ပြောလိုက်သည်။ “ပြန်ထိုင်နေပြီး အနားယူနေ”


ကောင်းပြီလေ ။


သူဟာ အလွန်အမင်းကို ယုံကြည်မှု ကင်းမဲ့နေပေမဲ့ ယခုအချိန်မှာတော့ ယုံကြည်လိုက်မည်ပင်။ 


“မနက်ဖြန် ရှင့်မှာ ဘာအတန်းတွေရှိလဲ” လင်းဖုန်းရှောင်က မေးလာသည်။


ခေါင်းစဉ်ပြောင်းသည်က အတော်လေးကို ရုတ်ချည်းဆန်လွန်းသည့်အတွက် လင်ရှုဟာ လင်းဖုန်းရှောင်က ခေါင်းစဉ်ကိုပြောင်းနေသည်ဟုပင် သံသယရှိမိသည်။ 


သူက ပြောလိုက်သည် : “နန်ရှပုံစံလေ့လာခြင်း နည်းစနစ်ခြုံငုံခြင်း အခင်းအကျင်းမိတ်ဆက်နဲ့ ဆေးပညာနည်းစနစ်မိတ်ဆက်တွေ”


“အခုရက်ပိုင်း မိုးရွာနေတာဆိုတော့ ကျွန်မက သိပ်နေလို့မကောင်းဘူး။ အဲဒါကြောင့် သိုင်းပညာအတန်းတွေကို မသွားနိုင်ဘူး” သခင်မလေးက သူမ၏ထိုင်ခုံနောက်အား ပျင်းရိစွာဖြင့် ထပ်မံမှီချလိုက်ကာ 


“ကျွန်မရှင့်ကို မနက်ပိုင်းမှာ စားဖို့စောင့်နေမယ်ဆိုရင်ရော ပြီးရင် ရှင့်ကိုအတန်းသွားဖို့ အဖော်ပြုပေးမယ်”


“ဘယ်လိုလဲ” 


လင်ရှုဟာ လင်းဖုန်ရှောင်ရအား အနည်းငယ်ကြောက်ရွံ့နေဆဲပင် ။


သို့သော်လည်း အတိအကျကို ထိုကြောက်ရွံ့မှု သေးသေးလေးကြောင့် သူဟာ ငြင်းဆန်ဖို့ ကြောက်ရွံ့နေတာပင် ။


အထူးသဖြင့် ကြီးမြတ်လှတဲ့သခင်မလေးရဲ့ “ဘယ်လိုလဲ” ဟု ပြောလာသည့်အချိန်မျိုးမှာပင် သူမရဲ့လေသံက လုံးဝကိုရည်ညွှန်းနေသည်က “အဲဒါကို ဖြေရှင်းလိုက်ပြီ” ဟုပင်။


သူဟာ အနိုင်ကျင့်ခံရသည့်လေသံအပြည့်ဖြင့် သဘောတူလိုက်သည်။


သူဟာ လင်းဖုန်းရှောင်၏အမူအရာအား တစ်ချက်ကြည့်လိုက်ချိန်မှာတော့ သူမရဲ့မျက်နှာဟာ သဘာဝမကျစွာဖြင့် ဖြူဖျော့နေသည်အား တွေ့လိုက်ရသည်


ပြောကြသည်က မိန်းကလေးတွေဟာ လစဉ်လတိုင်း ရက်အနည်းငယ်လောက် အမြဲတမ်း နေမကောင်းဖြစ်ကြသည်ဟုပင် ။


ကြည့်ရသည်မှာ ကြီးမြတ်လှသည့်သခင်မလေးကပင် ရှောင်လွဲနိုင်ပုံမရပေ။


သူဟာ တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ : “မင်းအဆင်ပြေရဲ့လား”


“ကျွန်မ အဆင်ပြေတယ်” လင်းဖုန်းရှောင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလာသည် ။“မိုးရွာတာရပ်သွားရင် ပိုကောင်းလာလိမ့်မယ်”


လင်ရှုက သူ့ခေါင်းအား ညိတ်လိုက်သည်။


ရာသီဥတုနဲ့ဆိုင်တာလား။


ကြည့်ရသည်မှာသူက ဗဟုသုတအနည်းငယ် ရရှိသွားသည့်ပုံပင်။ 

ထိုစကားဝိုင်းအားအဆုံးသတ်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံးက တစ်ခဏလောက် စကားမပြောကြတော့ပေ။ လင်းဖုန်းရှောင်က ပြောလာသည်။ : “ရှင် အိပ်ရာ စောစောဝင်သင့်တယ်”


လင်ရှုတွင် ငြင်းဆန်စရာမရှိပေ။ 


ညနက်နေပြီဖြစ်ကာ သူဟာ ညလယ်ကြီးနိုးလာပြီး  လင်းဖုန်းရှောင်၏ ရန်စခြင်းမခံရလျှင် မူလက အိပ်ပျော်နေပြီဖြစ်သည်။ သူဟာတကယ်တော့ အနည်းငယ် အိပ်ချင်နေခဲ့သည်။


သို့သော် လင်းဖုန်းရှောင်က ထွက်သွားမည့် လက္ခဏာမပြသေးပေ။


လင်ရှုက အိပ်ခန်းဆီသို့ တိတ်တဆိတ်ပြန်သွားလိုက်ပြီး သူ၏ဝတ်ရုံကိုချွတ်ကာ စောင်ပုံထဲသို့ ဝင်သွားလိုက်သည်။


ဝါးလုံးအိမ်ထဲတွင် အဓိကခန်းမနှင့် ဆက်စပ်နေသည့် အိပ်ခန်းတစ်ခုရှိသည် အလယ်နံရံတွင်သာ တံခါးတစ်ချပ်ရှိပြီး မည်သည့်တံခါးမှမရှိပေ။ 


လင်းဖုန်းရှောင်က အိပ်ခန်းထဲသို့မဝင်ဘဲ လင်ရှု၏ သူ့ကိုယ်သူဂွမ်းစောင်ထဲသို့ မြှုပ်အောင်လုပ်နေသည်အား တံခါးဘောင်ကိုဖြတ်၍ကြည့်ကာ ပြုံးနေပုံပင်။ 


“အခုကျွန်မသွားတော့မယ်”


လင်ရှု : “သွားရင် ဂရုစိုက်ပါ”


ဘယ်လိုတောင်ထူးဆန်းတဲ့ညခင်းလဲ။


******

 

အပိုင်း (၃၆.၂) မင်းကကြောက်စရာကောင်းလိုက်တာ 


အိမ်မက်ကင်းစင်ခဲ့သော တစ်ညတာအပြီး၌ နောက်တစ်နေ့မနက်တွင် သူဟာ သန့်ရှင်းဆေးကြောလိုက်သည်။ လင်းဖုန်းရှောင်သည်တော့ မနေ့ကပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ပြုမူကာ သူနှင့်အတူမနက်စာစားရန် စောင့်နေပေသည်။


သူတို့နှစ်ဦးဟာ လမ်းမပေါ်၌ ဘေးချင်းကပ်လျှောက်လာကြသည်။ လင်ရှုအတွက် တစ်စုံတစ်ယောက်က သူနှင့်အတူ ယခုလိုမျိုး အလွန်အမင်းနီးကပ်နေသည်မှာ ရှားပါးလှသည်။ သူ၏မူလသဘောအတိုင်းသာဆိုလျှင် သဲလွန်စတစ်ခုမျှပင်မချန်ပဲ ထွက်ပြေးသွားမိလောက်မှာ ဖြစ်သည်။


သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးက သူ၏အုပ်ထိန်းသူလိုဖြစ်နေသည့်အတွက် ထိုအရာကိုကျော်လွှားနိုင်ရန် အကောင်းဆုံးကြိုးစားမည်ဆိုလျှင်တောင်မှ သူမကို နာနာခံခံနှင့် အဖော်ပြုပေးနိုင်ရုံပဲ တတ်နိုင်သည်။


သူတို့နှစ်ဦးလုံးက စောစီးစွာ အိပ်ရာထခဲ့သည့်အတွက် ထမင်းစားခန်းထဲတွင် လူအနည်းငယ်သာရှိနေကာ ထို့အတွက်ကြောင့် စူးစမ်းရှုအနည်းငယ်ကိုသာ ဖိတ်ခေါ်လိုက်နိုင်သည်။ သို့သော် လင်ရှုက ဝိဥာဉ်ဆေးဥယျာဉ်ကနေ ထွက်လာပြီးနောက် သခင်မလေး ကြိုဆိုတာကို ခံလိုက်ရပြီး “နည်းစနစ်ခြုံငုံသုံးသပ်ခြင်း” အနန်းသို့ အတူတကွ လျှောက်သွားသည့်အခါတွင်တော့ လမ်းမပေါ်၌ လူတွေနှင့် ပြည့်နှက်နေပြီဖြစ်ကာ လင်ရှုသည်လည်း ကြီးမားသည့်လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။


ကြည့်စမ်း သခင်မလေးက ဒီလူနဲ့ထပ်ပြီး လမ်းလျှောက်နေပြန်ပြီ။ လင်ရှုက သူတို့တွေဘာပြောနေကြလောက်မည်လဲဆိုသည်ကိုပင် စဉ်းစားကြည့်နိုင်နေပြီဖြစ်သည်။ 


သူတို့တွေဘာပဲပြောပြော သူတို့အပေါ်တွင်သာ မူတည်သည်


သူ၏မျက်လုံးထဲတွင်တော့ အကြီးမားဆုံးသည် လင်းဖုန်းရှောင် ဖြစ်နေဆဲပင်။ 


ပထမသင်ခန်းစာကတော့ “နန်းရှပုံစံအားလေ့လာခြင်း” ဖြစ်သည် ဒါဟာကွန်ဖြူးရှပ်ကျောင်းတော်၏သင်ခန်းစာ ဖြစ်ကာ စွယ်စုံရပြီး နှုတ်ရေးကောင်းသည့် လူကြီးမင်းရှုန်း ကျောက်သင်ကြားတာ ဖြစ်သည်။ ကောင်းမွန်သည့် စာသင်ချိန်တစ်ခုပင် 


ထိုအတန်းနှင့်ပက်သက်၍ မကောင်းသည့်အချက် တစ်ခုသာလျှင်ရှိသည်။ ထိုသည်က သူဟာ ထိုအတန်းကို ရှောင်လင်းယန်နှင့်အတူ တက်ရောက်ရတာပင် ။


ထိုပုဂ္ဂိုလ်က ထိုအတန်းကို လင်ရှုနှင့်အတူ တက်ရောက်သည့်အချိန်တိုင်း သူ့အပေါ် အမှားရှာရန် မပင်မပန်းကြိုးစားမည်ဖြစ်ကာ နောက်ပြောင်သည့်စကားမျိုးတွေ ပြောသည့်အပြင် သူ့အား နောက်ကျော်ကိုဓားနှင့်ထိုးနိုင်ရန်လည်း ကြိုးစားနေမည်ဖြစ်သည်။ သို့သော်လည်း သူဟာ လင်းဖုန်းရှောင်အား ဆန့်ကျင်၍ မတိုက်ခိုက်နိုင်သည့်အတွက် တိုက်ရိုက်ပြုမူဆက်ဆံရမည်အား စိုးရွံ့သောကြောင့် လင်ရှုက ထိုသူအား ပျင်းရိစွာသာ လျစ်လျူရှုထားလိုက်တော့သည်။


ယခု ထိုသူက လင်းဖုန်းရှောင်သည် တကယ်ကြီးကို လင်ရှုအား အဖော်ပြုကာ လိုက်ပါပေးသည်ကို မြင်သွားသည့်အခါမှာတော့ ရှောင်လင်းယန်က တကယ်ကြီးကို ပေါက်ကွဲသွားတော့သည်။သူသာ သူတို့နှစ်ဦးအား ကြည့်လာပြီး သူတို့ကိုစိုက်ကြည့်နေကာ ဒေါသထွက်လွန်းသည့်အတွက် စကားပင်မပြောနိုင်ပေ။ လင်းဖုန်းရှောင်က သူ့ဘေး၌ ထိုင်ချလာသည့်အခါတွင်တော့ ပြောစရာစကားမဲ့သွားကာ : “ မင်းတို့….မင်းတို့အရူးတွေ….လျှောက်လုပ်နေတာ ရပ်လိုက်တော့”


လင်းဖုန်းရှောင် : “နင့်မှာ ထင်မြင်ချက်ရှိလို့လား”


“သေချာပေါက်ကို ထင်မြင်ချက် ရှိတာပေါ့”


လင်းဖုန်းရှောင် : “နင့်ရဲ့ထင်မြင်ချက်တွေက အသုံးမဝင်ဘူး”


ရှောင်လင်းယန်က ပြောလာသည် : “ရက်တွေ ဘယ်လောက်တောင်ရှိနေပြီလဲ။ မင်းက သူ့ကို အတန်းတက်ဖို့ အဖော်ပြုပေးတယ် အတန်းထဲမှာလည်း အဖော်ပြုပေးတယ် မင်းတို့က နောက်တစ်လကျရင် ဟွမ်သန်းတောင်ထွက်ကို အတူတူ သွားကြတော့မလို့လား? ငါလည်း သွားချင်တယ် အဲတော့ မင်းတို့နှစ်ယောက်ကို ဆက်တိုက် စောင့်ကြည့်နေရမယ်”


“နင် မသွားရပါဘူး” လင်းဖုန်းရှောင်က သူမ၏ မောင်ဖြစ်သူအား အညှာအတာကင်းမဲ့စွာ ဖျက်ဆီးလိုက်တော့သည်။

 

ရှောင်လင်းယန် : “ ငါ ဆန့်ကျင်တယ်”


“သဘောမတူဘူးပေါ့လေ။ နင်သာဒီနှစ်မှာရှိတဲ့ အတန်းတိုင်းမှာ ပထမရပြီး ပရော်ဖက်တာဆီကနေ ချီးကျူးဂုဏ်ပြုခံရမယ်ဆိုရင်…..” လင်းဖုန်းရှောင်က ဖြည်းညှင်းစွာပြောလာသည်။


ရှောင်လင်းယန် : “စာလေ့လာရုံပဲမလား”


လင်းဖုန်းရှောင် : “—အဲဒါက အသုံးမဝင်ဘူး”


ရှောင်လင်းယန် “…..”


လင်းဖုန်းရှောင်က ဆက်လက် ခြိမ်းခြောက်လိုက်သည်။


“သူ့ကိုသာ ထပ်ပြီးအနိုင်ကျင့်မယ်ဆိုရင်….ကိုယ့်ဘာသာ ပြန်တွေးကြည့်ပေါ့”


ရှောင်လင်းယန်က တစ်တန်းလုံးအား ကြက်တစ်ကောင် လည်လိမ်ထားသကဲ့သို့ တိတ်ဆိတ်သွားစေကာ လင်ရှုသည်တော့ ထိုသူရဲ့မျက်လုံးထောင့်၌ အတန်းတစ်ခုလုံးအတွက် မကောင်းသည့်ရည်ရွယ်ချက်တွေနှင့် ထွန်းလင်းနေသည်ဟု ခံစားလိုက်ရသည်။


“နည်းစနစ်ခြုံငုံသုံးသပ်ခြင်း” ဆိုသည်က ကျန်းဟူတစ်ခွင်၌ ပြန့်ကျဲနေသော စာရိတ္တပျက်ပြားသည့်လေ့ကျင့်မှုတွေအား အာရုံစိုက်ထားသည့် အရမ်းကို စိတ်ဝင်စားစရာကောင်းသည့် သင်ရိုးတစ်ခုပင်။ ထိုသင်ခန်းစာ၏ရည်ရွယ်ချက်က အနာဂတ်၌ တပည့်များက ကျန်းဟူတစ်ခွင် လှည့်လှည်သွားလာချိန်တွင် လိမ်လည်လှည့်ဖြားခံရမည်မှ ကာကွယ်နိုင်ရန် ဖြစ်သည်။


လင်ရှုမှတ်မိသည်က ယခင်သင်ခန်းစာဟာ လူတစ်ယောက်၏အသံအား ပြောင်းလဲသည့်အပေါ် ဂရုပြုထားသည့် သင်ခန်းစာပင်ဖြစ်သည်။ သို့သော် ယခုသင်ခန်းစာသည်တော့ တစ်စုံတစ်ယောက်၏ သွင်ပြင်အား ပြောင်းလဲသည့်အပေါ် အာရုံစိုက်ထားတာပင် ။


သင်ကြားပို့ချပေးသည့် ခုန်းခုန်းကျန်းရန်မှ အသွင်ပြောင်းနည်းလမ်းကိုးမျိုး ၊ သူတို့ထဲက တစ်ခုအပါအဝင်ဖြစ်သည့် လူ့အရေပြား အပါအဝင် အသွင်ပြောင်းရန်လိုအပ်သည့်ပစ္စည်း ဆယ့်ရှစ်မျိုးကို ရှင်းပြလာသည်။


အသွင်ပြောင်းသည့် အကောင်းဆုံးနည်းလမ်းနှင့် အကောင်းဆုံးကုန်ကြမ်းအား အသုံးပြုခြင်းက အတုအယောင်တစ်ခုအား အစစ်အမှန်သို့ ပြောင်းလဲနိုင်စွမ်းရှိသည် ရုပ်အဆိုးဆုံးဆိုသောသူပင်။ သူမတူသည့် အလှလေးတစ်ဦးဖြစ်လာနိုင်ပြီး အားနည်းသည့်စာ သင်သားတစ်ဦးပင်။ ပါရမီထူးကဲလှသည့် ဧရာမစစ်သည်တော်တစ်ဦးအသွင်သို့ ပြောင်းလဲနိုင်ပေသည်။ ရုပ်သွင်ပြောင်းလဲရာ၌ စစ်မှန်သည့်ကျွမ်းကျင်သူတစ်ဦးက ထောင်ချီသော မျက်နှာပေါင်းများစွာရှိသည့် တစ်စုံတစ်ဦးဖြစ်လာနိုင်ပြီး ယောက်ျား မိန်းမ ကြီးငယ်မရွေး အရာအားလုံးက ဖြစ်နိုင်ချေရှိပေသည်။


လင်ရှုက နားထောင်နေရင်း စာမှတ်နေကာ ဒါဟာအတော်လေး အံ့အားသင့်ဖွယ် ကောင်းသည်ဟု တွေးတောနေပေသည်။


လင်းဖုန်းရှောင်တွင် ဖတ်စာအုပ်မရှိပေ။ ထို့ကြောင့် သူနှင့်အတူ တစ်အုပ်တည်းမျှကြည့်နေကာ ပြောလာသည်။ : “ရှင့်ရဲ့လက်ရေးက အတော်လေး ရုပ်ဆိုးတာပဲ”


လင်ရှု : “…..”


သူဟာ စုတ်တံအသုံးပြုသည်က နှစ်လမျှသာ ရှိသေးပြီး ယခုလိုမျိုးရေးနိုင်သည်က သူ၏အားထုတ်ကြိုးပမ်းမှုတစ်ခုပင် ။


ခေတ်သစ်အချိန်တွင်ဆိုလျှင် သူ့ဆရာပင်လျှင် ဘောသီးချွန်သည့်ဘောပင်နှင့်သာ ရေးတာဖြစ်သည်။ ထို့ကြောင့် သဘာဝကျကျပဲ သူ့၌ စုတ်တံအားထိရန် အခွင့်အရေး မရှိပေ။ 


ကောင်းပြီလေ သူ့အတွက် ဆက်ပြီးလေ့ကျင့်ကြတာပေါ့ ။


ရုပ်ဖျက်ခြင်းနည်းလမ်းများအား ဆွေးနွေးပြီးနောက် ခုန်းခုန်းကျန်းရန်ဟာ ခွဲခြားထုတ်ဖော်ခြင်း နည်းလမ်းအား စတင်ပြောကြားလာသည်။

 

အရည်အသွေးနိမ့်သည့် ရုပ်ဖျက်ခြင်းက အကြမ်းဖျင်းဆန်ကာ လက်လွတ်စပယ်နိုင်ပြီး မျက်နှာဖုံးအား ပေါ့ပေါ့ဆဆ တွဲစပ်ထားသည်။ မျက်ခုံးနှင့် မုတ်ဆိတ်မွှေးတို့က ကော်နှင့်ကပ်ထားမည်ဖြစ်ကာ သူတို့အပေါ်တွင် ရေစင်သွားသည်နှင့် ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ဒါဟာ ခွဲခြားရန် အလွယ်ကူဆုံးနည်းလမ်းပင် ။


သာမန်အသွင်ပြောင်းခြင်း၏ရုပ်သွင်က အပြစ်အနာအဆာ ကင်းမဲ့သော်လည်း ကုန်ကြမ်းက အချိန်အကန့်အသတ်ရှိကာ အချိန်အကြာကြီးအထိ မထိန်းသိမ်းထားနိုင်ပေ အဆက်မပြတ် ထိန်းသိမ်းရန်လိုအပ်ကာ အချိန်ကြာလာသည်နှင့် အက်ကြောင်းများက သဘာဝကျကျပဲ ပေါ်ထွက်လာမည်ဖြစ်သည်။


အရည်အသွေးမြင့်ရုပ်ဖျက်ခြင်းကတော့ ပြီးပြည့်စုံကာ ချုပ်ရိုးမရှိဘဲ အရေပြားနှင့် အရိုး၏ တွဲစပ်ခြင်းလျော့ကျမှုကြောင့်သာ ဆုံးဖြတ်နိုင်ပေသည်။ သို့သော်လည်း လူအများစု၌ ထိုကဲ့သို့သော စူးရှထက်မြက်သည့်အမြင်မျိုး မရှိကြပေ။


တစ်စုံတစ်ယောက်က မေးလာသည်။ ဒါဆိုလျှင် ထိုကဲ့သို့သော အရည်အသွေးမြင့် ရုပ်သွင်ပြောင်းခြင်းအား မည်ကဲ့သို့ ခွဲခြားရမည်လဲ။


ခုန်းခုန်းကျန်းရန်က ပြောလာသည် ရှာတွေ့နိုင်ရန် နည်းလမ်းတစ်ခုတော့ရှိသည်။ ရုပ်သွင်ပြောင်းခြင်းက မည်မျှပင် ပြီးပြည့်စုံနေသည်ဖြစ်စေ ထိုသည်က သူ၏ကိုယ်ပိုင်မျက်နှာ မဟုတ်ပေ။ ရယ်မောခြင်းနှင့် ဆဲဆိုခြင်းမျိုးက မျက်နှာကို သဘာဝမကျဖြစ်စေကာ ထို့ကြောင့် အရည်အသွေးမြင့် ရုပ်သွင်ပြောင်းခြင်းအား အသုံးပြုသည့်သူတွေက အမူအရာမဲ့ဖြစ်နေမည်ပင်။ အကယ်၍သာ ထိုလူမျိုးများနှင့် တွေ့ခဲ့လျှင် နီးကပ်သည့်အာရုံစိုက်သည်မျိုး လုပ်ရန်လိုအပ်သည်။ 


လင်ရှုက လင်းဖုန်းရှောင်ဟာ သူ့အား ကြည့်လာသည်ဟု ခံစားလိုက်ရသည်။ 


မလုပ်စမ်းနဲ့ ။


သူ့မျက်နှာဟာ မကြာခဏ ဗလာဖြစ်နေတတ်ပေမဲ့ သူ့မျက်နှာကတော့ အစစ်ဖြစ်သည် ထင်ရှားမြင်သာစွာဖြင့် ခုန်းခုန်းကျန်းရန်၏ ရုပ်ဖျက်သည့်နည်းလမ်းက အတော်လေးကို ယုံကြည်ချင်ရာမကောင်းပေ ။


ထိုသို့ပြောပြီးနောက် ခုန်းခုန်းကျန်းရန်က ထိုရုပ်ဖျက်သည့်နည်းလမ်းများအပြင် ကမ္ဘာကြီးထဲ၌ အရည်အသွေးမြင့် ရုပ်သွင်ပြောင်းလဲခြင်းထက် ပို၍ အပြစ်အနာအဆာကင်းမဲ့သည့် မသေမျိုးတာ့လော့ပင် မမှတ်မိနိုင်သည့် နည်းလမ်းတစ်ခုရှိသည်ဟု ထပ်ပေါင်းပြောလာသည် ။


တပည့်များအားလုံးက သိချင်သွားကြတော့သည်.။


ခုမ်းခုန်းကျန်းရန်က ပြောလာသည်။ ဒီကမ္ဘာကြီးထဲ၌ ဟွမ့်ရုန်ဟုခေါ်သည့် စိတ်ဝိဥာဉ်ဆေးလုံးရှိပြီး တစ်စုံတစ်ယောက်ကသာ ထိုဆေးလုံးအား သောက်သုံးလိုက်လျှင် သူတို့၏ရုပ်သွင်က စာရွက်ပေါ်တွင် ဆေးခြယ်သကဲ့သို့ အလွယ်တကူ ပြောင်းလဲသွားမည်ဖြစ်ကာ သူတို့၏ခန္ဓာကိုယ်သည်လည်း ရွှံ့စေးဖြင့် ပြုလုပ်ထားသကဲ့သို့ ပြန်လည်ပုံပေါ်သွားမည်ဖြစ်သည်။ တည်ရှိနေသည့် အရိုးတည်ဆောက်ပုံအား မပြောင်းလဲနိုင်သည်မှလွဲ၍ မည်သည့်ဆိုးကျိုးမှ မရှိပေ ။


တပည့်များက ထိတ်လန့်ကြောက်ရွံ့သွားကြပြီး ထိုကဲ့သို့ ရုပ်ဖျက်ခြင်းအား မည်ကဲ့သို့ အက်ကြောင်းထင်အောင် လုပ်နိုင်မည်လဲဟု မေးမြန်းလာကြသည်။


တာအိုပညာရှင်ပြောသည်က ထိုသည်ကို ဖြေရှင်းနိုင်စွမ်းမရှိကာ ထုန်ဖော်ရန်လည်း မလိုအပ်ပေ။ ဒီကမ္ဘာထဲ၌ ဟွားရုန်ဆေးလုံးအားဖော်ရန် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများက ရှာဖွေရန် ခက်ခဲလှသည် နက်ရှိုင်းသည့်အဆက်အသွယ်နှင့် ကြီးမားသည့်ငွေကြေးအရင်းအမြစ်ရှိသည့် မိသားစုတစ်ခုမဟုတ်လျှင် ထိုဆေးလုံးအားဖော်ရန် တစ်စုံတစ်ယောက်က ထိုကုန်ကြမ်းပစ္စည်းများအား စုဆောင်းရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုမိသားစုထဲရှိ ထိုကဲ့သို့သောသူများက ယခုလိုရုပ်ဖျက်သည့်နည်းလမ်းများနှင့် ကစားနေမည်မဟုတ်ပေ။ သူတို့ကိုယ်သူတို့ ရုပ်ဖျက်ခဲ့လျှင်ပင် လူတွေအားလိမ်လည်ရန် လျှောက်သွားနေမည် မဟုတ်ပေ၊ ထို့ကြောင့် စိုးရိမ်စရာမရှိပေ။ 


လင်းဖုန်းရှောင်က ထိုသည်အား ကြားသည့်အခါ လင်ရှုအား မေးလာသည် 


“ကျွန်မမှာ အများကြီးရှိတယ် ရှင်လိုချင်လား”


လင်ရှု : “…..မလိုပါဘူး”

 

ဆေးလုံးတစ်လုံးကပင် ဒီကမ္ဘာကြီးထဲ၌ ရှာဖွေရခက်ခဲနေပြီ ဖြစ်သည်။ သို့သော် မင်းကတော့ ဒီတိုင်း သာမန်ကာလျှံကာပေးနိုင်လောက်သည်အထိ အများကြီးရှိသည်ဟု တကယ်ကြီးကို ပြောလာတာပေါ့လေ။ ချမ်းသာတဲ့လူတွေများ တကယ်ကို ကစားနိုင်ကြတာပဲ ။


စာရေးသူတွင်ပြေစရာတစ်ခုရှိသည် :


ကြီးမြတ်လှတဲ့သခင်မလေး : အမိန့်ချမှတ်မယ် 


လင်ရှု : ကိုယ့်ကိုဖက်ထားနော် ချမ်းသာတဲ့ ဇနီးလေးရေ


******