Ch 37
Viewers 3k

အပိုင်း(၃၇) မကြောက်နဲ့နော် 


လင်းဖုန်းရှောင်က အမှန်ကိုပင် သူ့စကားအားတည်ကာ တစ်နေ့လုံးရှိ သူ့အတန်းအားလုံးတွင် အတူတူအဖော်ပြုပေးခဲ့သည်။ လင်ရှုက စာကြည့်တိုက်သို့သွား၍ စာအုပ်များအား စုဆောင်းချိန်တွင်ပင် ကြီးမြတ်လှတဲ့သခင်မလေးက သူ့ဘေးတွင်ရှိကာ ကူညီပေးနေတာပင် ။


လင်ရှုခံစားရသည်က လင်းဖုန်းရှောင်တွင် အချိန်အတော်လေး များပြားနေသည်။ ထို့ကြောင့်သာ သူမဘာသာ ပျော်ရွှင်နိုင်ရန် သူ့အား ဆက်တိုက်အဖော်ပြုပေးဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။ 


သို့သော် ဒီပုဂ္ဂိုလ်တွင် အများကြီးပြောစရာမရှိပေ။ အများဆုံးမှ ရံဖန်ရံခါတွင် သူ့အားကြည့်လာကာ ထိုသည်ကလည်း သိပ်ပြီး အဆင်မပြေပေ။ 


ယခုရှုထောင့်ကနေဆိုလျှင် ကြီးမြတ်လှသည့်သခင်မလေးက ပျင်းရိနေတာ ဖြစ်ကောင်းဖြစ်နိုင်သည့်အတွက် သူ့အား အိမ်မွေးဟမ်းစတားလေးကဲ့သို့ သဘောထားကာ အချိန်ဖြုန်းရန် ပြုမူနေတာပဲဖြစ်မည်။ သူကတော့ သူ၏ဘဝကို တိတ်ဆိတ်စွာသာ ဆက်လက်ပြီး ရှင်သန်ရုံပင် ။


သေချာပေါက်ကိုပင် တစ်ခါတစ်ရံ၌ လင်းဖုန်းရှောင်က သူ့ဘဝထဲသို့ ဝင်ရောက်စွက်ဖက်တတ်သည်။ 


“ရှင်က ဒီနေရာကိုလာပြီး စာအုပ်တွေ သန့်ရှင်းတာကနေ ကျောက်စိမ်းဝိဥာဉ်တုံး ဘယ်လောက်များများရတာလဲ”


ကြီးမြတ်လှတဲ့သခင်မလေးက သူ့ကို စာအုပ်စင်တွေကြား၌ ပြေးလွှားနေသည်အား ကြည့်ကာ စိတ်မပါလက်မပါဖြင့်မေးလာသည်။ 


လင်ရှု : “သုံးတုံး”


လင်းဖုန်းရှောင်က တိတ်ဆိတ်သွားတော့သည်။


လင်ရှုက နားလည်နိုင်ပေသည်။


ကျောက်စိမ်းတုံးသုံးတုံးဆိုသည်က ချမ်းသာသည့်လူတစ်ယောက်အတွက် ကျောက်စစ်ခဲသာသာပင် ။


ကြီးမြတ်လှသည့်သခင်မလေးက သဘောမတွေ့သည့်ပုံဖြင့် ဖျော့တော့သည့်မျက်မှောင်တစ်ခု မကြုတ်လာခင်အချိန်ထိ တိတ်ဆိတ်မှုက အနည်းငယ် ကြာရှည်သွားသည် ။


“ငြင်းလိုက်တော့”


လင်ရှု : “မရဘူး ငါမလုပ်နိုင်ဘူး”


လင်းဖုန်းရှောင်က မေးခွန်းထုတ်လာသည်။ : “ရှင့်မှာ ဒီတာဝန်ကိုယူရတဲ့ တခြားအကြောင်းပြချက်တစ်ခု ရှိသေးလို့လား”


မဟုတ်ဘူး အလုပ်တချို့လုပ်ပြီး ငါ့ရဲ့ဓားကိုဝယ်ဖို့လေ


လင်ရှု : “မရှိဘူး”


သခင်မလေးရဲ့မျက်မှောင်ကို ပိုလို့ပင် ကြုတ်လိုက်ပြီး :


“ဒါဆိုရင် ဘာလို့ ဒါကို လုပ်နေရတာလဲ”


“ငါက… .” လင်ရှုက တစ်ခဏလောက် တွေးတောနေပြီးနောက် ရေရွတ်လိုက်သည် “…တော်တော်လေး ဆင်းရဲလို့”


လင်းဖုန်းရှောင်က မေးလာသည်။ : “ ဆေးဥယျာဉ်ကနေရော တစ်နေ့ကို ဘယ်လောက်ရတာလဲ”


လင်ရှု : “ငါးတုံး”


လင်းဖုန်းရှောင် : “……”


လင်ရှုက ကြီးမြတ်လှတဲ့သခင်မလေးဟာ သူ့ရဲ့ဆင်းရဲမှုကြောင့် အံအားသင့်သွားတာ ဖြစ်လောက်မည်ဟု တွေးလိုက်သည်။


မည်သူ့၏ကျောက်စိမ်းဝိဥာဉ်တုံးမှ ကောင်းကင်ပေါ်က ကျလာတာမျိုးမဟုတ်ပေ။ သို့သော် လူတစ်ဦးနှင့်တစ်ဦးကြားရှိ ကွာဟချက်သည်တော့ ကြီးမားလှပေသည်။ ကြီးမြတ်လှသည့်သခင်မလေးက အဆင့်မြင့်တာဝန်တွေကို စိတ်ရှိသလို ထမ်းတောင်နိုင်ကာ နှစ်ထောင်ချီရှိသည့် မိစ္ဆာအနည်းငယ်အား အလွယ်တကူ သတ်ဖြတ်ရုံဖြင့် ချက်ချင်းပင် ကျောက်စိမ်းဝိဥာဉ်တုံးထောင်ချီအား ရရှိနိုင်ပေသည်။ သူနှင့်ယှဉ်ရလျှင် သူ၏စွမ်းအားနှင့်သာဆို တချို့သောဆေးပင်တွေကို စိုက်ခြင်း စာအုပ်များအား စုစည်းခြင်းနှင့်သာ သူ၏ကျောက်စိမ်းဝိဥာဉ်တုံးသိုလှောင်အိတ်အား တစ်လက်မချင်း မြင့်တက်လာသည်ကို ကြည့်ရှုနိုင်သည်။

 

အိုး စစ်မှန်သောသိုင်းပညာအဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးသုံးဆယ်ထဲအား ဝင်ရောက်နိုင်သည့််အတွက် ဆုလာဘ်အနေဖြင့်ကျောက်စိမ်းဝိဥာဉ်တုံးသုံးထောင်အား ရရှိထားသေးသည်။ အရင်က လင်းဖုန်းရှောင် ပေးခဲ့သည့် ကျောက်စိမ်းဝိဥာဉ်တုံး ငါးထောင်နှင့်အတူ လတ်တလော သူစုဆောင်းထားခဲ့သည့် တာဝန်တွေမှရသော ကျောက်စိမ်းဝိဥာဉ်တုံးတွေပါ ပေါင်းကြည့်လိုက်ပါက သူ့နာမည်အောက်တွင် စုစုပေါင်း ကျောက်စိမ်းဝိဥာဉ်တုံးရှစ်ထောင့်တစ်ရာရှိသည်။ သူ့မယ်ရီဒန်တွေအတွက် ဆေးလုံးကို လက်လျှော့လိုက်ပါက ဓားတစ်လက် ရရှိနိုင်ရန်ဆိုသည့် သူ၏ပန်းတိုင်ကိုရောက်ရှိရန် သိပ်မဝေးတော့ပေ။ ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်အားတက်ကြွမှုတစ်ခုက သူ့တစ်ကိုယ်လုံးအား ဖြတ်သန်းသွားပေသည်။


လင်းဖုန်းရှောင်က သူ့ခေါင်းအား တဆတ်ဆတ်ညိတ်လိုက်ကာ : “ရှင်က ကျောက်စိမ်းဝိဥာဉ်တုံးတွေ လိုနေလို့လား”


လင်ရှုက ခေါင်းညိတ်လိုက်သည်။


“ဟုတ်တယ်”


“ဒီတာဝန်ကို ချက်ချင်းဖြတ်ပစ်လိုက်တော့။ ပြီးတော့ ဆေးဥယျာဉ်ကတစ်ခုရောပဲ” ကြီးမြတ်သောသခင်မလေးက စိတ်ပိုင်းဖြတ်စွာဖြင့် ပြောလာသည်။ “အခုချက်ချင်း ရတနာခန်းမကိုသွားပြီး ရှင်ကြိုက်တဲ့ ဘယ်တာဝန်မဆို ယူလာခဲ့” 


ဒီသခင်မလေး၏ပျိုးထောင်ခြင်းကိုခံရသည့် ဟမ်းစတားသည် တစ်မိုးအောက်တွင် ကံအကောင်းဆုံးသော ဟမ်းစတားပင် ဖြစ်ရမည်။


သို့သော်လည်း သူဟာ ထိုတာဝန်နှစ်ခုအား မဖျက်ပစ်နိုင်ပေ။


ပေးထားသည့် ကျောက်စိမ်းဝိဥာဉ်တုံးက မစို့မပို့ဖြစ်သည်ဆိုသော်ငြားလည်း ဒီစနစ်ထဲတွင် သူနိုင်သည့် အကောင်းဆုံးသောအရာများ ဖြစ်နေသေးသည်။


ခက်ခဲနက်နဲလွန်းသော တချို့အကြောင်းအရင်းများကြောင့် ဒီကြီးမြတ်လှတဲ့သခင်မလေးက သူ့အပေါ်တွင် အလွန့်အလွန်ကောင်းမွန်နေသော်လည်း တစ်နေ့တွင် ရုတ်တရက် သူ့အပေါ်၌ စိတ်ဝင်စားမှုပျောက်ကွယ်သွားပြီး သူ့အား သူမက အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာ ဘာကြောင့်လဲဟု၍ မေးခွန်း ထုတ်မလာနိုင်ပါဟူသော အာမခံချက် မရှိပေ။ ထိုအချိန်သို့ ရောက်လာပါက သူ့ကိုယ်သူ၌သာ မှီခိုပြီး ကျောက်စိမ်းဝိဥာဉ်တုံးများအား ရှာဖွေရမည်ဖြစ်သည်။


လူသားတွေဟာ မိုးရွာလာမည့်နေ့တစ်နေ့အတွက် ထိန်းသိမ်းရန် သတိပြုမှုရှိရမည်ပင်


တာဝန်တစ်ခုအား လက်လျှော့သည်ကတော့ သူဟာ တူညီသည့်အရာကို နောက်တစ်ခေါက်ထပ်ပြီး လက်ခံနိုင်မည်မဟုတ်ပေ။


လင်ရှုက သူ့နှာခေါင်းအား ပွတ်လိုက်ကာ ပြောလာသည်။ 


“ငါက အပင်တွေစိုက်ပျိုးရတာနဲ့ စာအုပ်တွေ စီရတာကို ကြိုက်တယ်”


လင်းဖုန်းရှောင်ကို ကြည့်ရသည်မှာ အနည်းငယ် ကြက်သေ သေသွားပုံရသည်။ 


“ဟမ်”


လင်ရှုက စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး သူ၏မူလနေရာတွင် ပြန်ထားရန် ရည်ရွယ်လိုက်သည်။ သို့သော်လည်း သူက အရပ်အမြင့်တွင် အနည်းငယ်စိန်ခေါ်မှုရှိနေပြီး ထိုနေရာသို့ရောက်ရန် သူ့ခြေဖျားအား ထောက်ထားနေရသည်။


လင်းဖုန်းရှောင်က သူ့လက်ထဲရှိ ထိုစာအုပ်အားယူလိုက်ကာ သာမန်ကာလျှံကာနဲ့ပဲ ထိုစာအုပ်ရှိသင့်သည့်နေရာ၌ ပြန်ထားလိုက်သည်။ ထို့နောက် ပြောလာတော့သည် : “မျှော်လင့်ချက်ကို မရှိဘူးဘဲ”


လင်ရှု : “ဟုတ်ပါတယ်”


သူဟာ မည်သည့်ရည်မှန်းချက်မှမရှိသည့် ငါးဆားနယ်လေးတစ်ယောက်ပင် 


လင်းဖုန်းရှောင် : “ဒါဆိုလည်း ဖျက်မနေနဲ့တော့”


လင်ရှု : “ကောင်းပါပြီ”


သူ ပြီးစီးသွားသည့်အခါ ကောင်းကင်ကမှောင်နေပြီဖြစ်သည် မြူငွေ့သမ်းနေသော ကောင်းကင်အား ချန်ရစ်ထားခဲ့ကာ မိုးရွာနေသည်မှ တဖွဲဖွဲသာကျနေသည်အထိ တဖြည်းဖြည်း နည်းပါးလာတော့သည်။ မှုန်ပျပျလရောင်ဟာ ရေပြင်ညီမှာရှိသည့် တိမ်စိုင်တိမ်မဲတို့၏နောက်မှ ခပ်ဖျော့ဖျော့ တောက်ပလာသည်။

 

လင်းဖုန်းရှောင်က တစ်နေ့လုံးတွင် အနည်းငယ် ပင်ပန်းနေပုံရပြီး မိုးစဲလာသည်ကို တွေ့သည့်အခါ သူမရဲ့ကိုယ်ပိုင်ထီးအား ဖွင့်ရန် အလုပ်ရှုပ်ခံမနေတော့ပဲ ထိုအစား လင်ရှု၏ထီးအောက်သို့ ခိုဝင်လာသည်။


လင်ရှု၏ခန္ဓာကိုယ်က ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးသေးပေ။ တကယ်တော့ သူဟာ ခန္ဓာကိုယ်အရွယ်အစားသေးကာ လင်းဖုန်းရှောင်ထက် အရပ်ပုပြီး အားပိုနည်းသည်ဟု ပြောနိုင်သည်။ ထီးအား ခပ်မြင့်မြင့်ဆောင်းရန် အနည်းငယ်ခက်ခဲနေပြီး နှစ်ကြိမ်ခန့် တိုက်မိပြီးသည့်အခါမှာတော့ လင်းဖုန်းရှောင်က သူ့လက်ထဲကနေ ထီးကို ယူသွားတော့သည်။ လင်ရှု၏ထီးအား အသုံးပြု၍ လင်ရှုအတွက် ထီးကိုင်ပေးသည်က တကယ်တမ်းတွင် အတော်လေးကိုထူးဆန်းသည့် အနေအထားပင် ။


ခရီးက ပိုမိုအဆင်ချောလာတော့သည်။


လင်ရှုက သူ့ဘာသာ တွေးကြည့်လိုက်သည်။ ကြီးမြတ်လှသည့်သခင်မလေးနှင့် လိုက်လျောညီထွေရှိသည်က တကယ်တမ်းတော့ အဲ့လောက်ကြီး မခက်ခဲပေ။ 


ဝါးလုံးစံအိမ်သို့ ပြန်လာပြီးနောက် လင်းရှောင်ဖုန်းက ရှောင်လင်းယန်၏အိမ်စာများအား စစ်ဆေးခြင်းနှင့် အလုပ်ရှုပ်နေတော့သည်။ ယနေ့တွင် သခင်မလေးက သူမ၏နေရာ၌ သိပ်ပြီးမရှိဟုကြားထားသော လင်းပေါင်ချင်းနှင့် လင်းပေါင်ချန်တို့က လင်းဖုန်းရှောင်ဆီသို့ လာကာ ဓားနည်းစနစ်အား မေးမြန်းနေကြသည်။


ထို့ကြောင့် ကြီးမြတ်လှတဲ့သခင်မလေးက ကျောမှီခုတင်၌ ပျင်းရိစွာမှီနေကာ ရှောင်လင်းယန်၏ သတ်ပုံခေါ်ခြင်းအား နားထောင်ရင်း ထိုမိန်းကလေးများနှင့် သူတို့၏ဓားနည်းစနစ်အား ကြည့်ရှုပေးနေလေသည်။


ရှောင်လင်းယန်၏စိတ်သဘောထားက အရမ်းကိုကောင်းမွန်နေကာ လင်ရှုနှင့်ပက်သက်၍ ဘာကိုမှမွှေမနေပေ သူ့ကို အကြည့်အနည်းငယ်သာ ပေးလာသည်။


ဒီလူက ပုံမှန်လို ပြုမူနေတာမဟုတ်ဘူး ။လင်ရှုက သတိရှိလာတော့သည်။


ထို့နောက် သူ လှည့်ပတ် ကြည့်လိုက်သည်။


အဓိကခန်းမဆောင်၌ သိုင်းပညာလေ့ကျင့်နေသည့်သူတွေက အေးချမ်းစွာ လေ့ကျင့်နေကြကာ သူတို့၏စာအုပ်အား ကျက်မှတ်နေကြသည့် သူများကလည်း စာအုပ်ထဲ နှာခေါင်းဝင်မတတ် မြှုပ်သည်အထိ လေ့လာနေကြသည်။ ယွဲ့မိသားစုက မောင်နှမနှစ်ဦးပင်လျှင် မပင်ပန်းနိုင်စွာဖြင့် တိုင်များအား မနေကြသည်။


ယွဲ့ရို့ယွင်က ပြောလာသည်။ : “အဖေက စာတစ်စောင်ပို့လိုက်တယ်။ ပန်းတစ်ပွင့်က ပြန်လည်ပွင့်ဖူးနိုင်ပေမဲ့ လူတစ်ယောက်ရဲ့ ငယ်ရွယ်မှုကတော့ ပြန်မလာနိုင်ဘူးတဲ့။ သူက ငါတို့ကို အကယ်ဒမီမှာ စာပေနဲ့သိုင်းပညာကို လုံ့လဝီရိယရှိရှိနဲ့လေ့လာပြီး ပျင်းရိမနေဖို့ ဆန္ဒရှိတယ်တဲ့”


ယွဲ့ရို့ဟယ်က ပြောလာသည်။ “အဲ့ဒီစာကြောင်းက သိပ်မမှန်ဘူး။ လူတစ်ယောက်ရဲ့ငယ်ရွယ်မှုက တကယ်ကို ပြန်မလာနိုင်ဘူး။ ဒါပေမဲ့ ပန်းတွေက ညှိုးနွမ်းသွားတယ်လေ။ ဘယ်လိုလုပ်ပြီး တစ်ခါပြန်ဖူးပွင့်နိုင်မှာလဲ”


ယွဲ့ရို့ယွင်က သူ့မျက်လုံးအား လှိမ့်လိုက်ကာ : 


“နင်က အလေးအနက်ကို အကျိုးအကြောင်း မဆီလျော်နေတာပဲ။ သစ်ပင်ပေါ်မှာ ပန်းပွင့်တွေရှိတယ် ဒီနှစ်မှာ ပန်းတွေက ညှိုးရော် ကြွေကျသွားရင် နောက်နှစ်ကျရင် သူတို့တွေက ကြီးထွားပြီး ထပ်ပြီးဖူးပွင့်လိမ့်မယ်။ သစ်ပင်တွေက နှစ်စဉ်နှစ်တိုင်း ပန်းပွင့်တွေနဲ့ ဖြည့်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကတော့ ဘယ်တော့မှ ငယ်ရွယ်မနေနိုင်ဘူး”


ယွဲ့ရို့ဟယ်က ပြန်ခွန်းတုံ့ပြန်လာသည်။ 


“ဒါမှာလည်း ပြဿနာရှိနေတယ်လေ။ ငယ်ရွယ်တဲ့ ပန်းပွင့်တဲ့အပင်တစ်ပင်ကို ငယ်ရွယ်မှုနဲ့ နှိုင်းယှဉ်လို့ရတယ်။ ဒါပေမဲ့ အိုမင်းနေတဲ့ပန်းပွင့်တဲ့အပင်ကိုကျ လူငယ်လေးတစ်ယောက်နဲ့ နှိုင်းယှဉ်လို့မရတော့ဘူးလေ။ ဘယ်နေရာမှာ အကျိုးအကြောင်းသင့်နေလို့လဲ”


ယွဲ့ရို့ယွင်က တစ်ဖန်ပြန်တိုက်လာသည် ။


“နင့်ရဲ့ငြင်းခုံမှုက အခြေအမြစ်မရှိတာပဲ။ ကြီးရင့်နေတဲ့သစ်ပင်တစ်ပင်က ဖူးပွင့်နိုင်တယ်။ ဒါပေမဲ့ အဲဒါက တင်စားတာလေ။ သန်စွမ်းတဲ့အကိုင်းအခက်နဲ့ သစ်ရွက်တွေလည်းရှိတယ် ပန်းပွင့်နဲ့သစ်သီးတွေကိုလည်း သီးနိုင်သေးတယ်ဆိုရင် အသက်အရွယ်က ဘာပဲဖြစ်နေဖြစ်နေ အိုမင်းနေတဲ့ အပင်လို့ ပြောလို့မရတော့ဘူး။ အဲဒါက အပင်ကြီးတစ်ပင်ပဲ”

 

ယွဲ့ရို့ဟယ်က အရှုံးမပေးသေးပေ။


“နင်ပြောသလိုသာဆို သစ်ပင်တစ်ပင်ရဲ့ သက်တမ်းကို အသေး အကြီးနဲ့ ကြီးရင့်နေတယ်လို့ ခွဲခြားနိုင်တယ် အဲဒါကလည်း သူတို့ရဲ့ သက်တမ်းအစကို ပြန်မသွားနိုင်တဲ့ လူတွေလိုပဲ မဟုတ်ဘူးလား ဆိုတော့ ငါပြောတဲ့ “ ပန်းတွေဟာ ပြန်ပြီးပွင့်လန်းလိမ့်မယ်” ဆိုတဲ့ စကားစုက တကယ်ကို စိတ်ဝင်စားဖို့မကောင်းဘူး။ ငါ့ကို စုတ်တံနဲ့ စာရွက်တစ်ရွက်သာယူပေး။ ဒီနေ့ အဖေ့ကို ငါကောင်းကောင်းကြီး စကားရည်လုပြဦးမယ်”


ထိုစကားဝိုင်းတစ်ခုလုံးက ထိုသူနှစ်ဦး တိုင်တွေမနေရင်း ဖြစ်ပျက်သွားတာဖြစ်သည်။ လင်ရှုက ထိုသူတို့နှစ်ဦးအတွက် လက်ခုပ်ဩဘာချီးမြှင့်ပေးလုနီးပါးပင် ။


သူမ၏ငြင်းခုန်မှုအား ရှုံးပြီးနောက်မှာတော့ ယွဲ့ရို့ယွင်က ဒေါသပုန်ထစွာဖြင့် သူမ၏ အလေးတုံးများမနေသည်ကို တစ်ခဏလောက်ပစ်ထားခဲ့ကာ စားရေးရန်ပစ္စည်းများအား ရှာဖွေတော့သည်။


သူ၏အိမ်စာအား ပြီးဆုံးပြီးနောက် လင်ရှုက ထိုမိန်းကလေးများ၏ ဓားရေးလေ့ကျင့်နေမှုအား ပြန်ကြည့်လိုက်သည်။


ဖီးနစ်နည်းစနစ်က သူကိုယ်၌ကိုက နည်းစနစ်တစ်ခုဖြစ်သည်။ မိန်ကလေးအားလုံးက ဖီးနစ်နည်းစနစ်အား သင်ယူကြသော်လည်း ဓားနှင့်လေ့ကျင့်သည့်ထူးခြားသော နည်းစနစ်သည်တော့ မတူညီပေ။ လင်းပေါင်ချင်းက “လင်းယွင်အခင်းအကျင်းကိုးမျိုး” အား လေ့ကျင့်နေကာ လင်းပေါင်ချန်ကတော့ “ကျောက်စိမ်းရေကန်” အား လေ့ကျင့်နေတာပင်။ ထိုစဉ် လင်းပေါင်ကျင်းကတော့ “ပျောက်ဆုံးနေသော လမင်း၏ ဓားသွားဆယ့်တစ်လက်” အား လေ့ကျင်တာဖြစ်သည်။


ပြီးတော့ သခင်မလေးကတော့ ထိုနည်းစနစ်အားလုံးအား သိရှိသည်။


လတ်တလော၌ လင်းဖုန်းရှောင်က လင်းပေါင်ချန်၏ဓားရေးနည်းစနစ်ကို ကြည့်နေကာ သူမအား အရေးကြီးသည့်အချက်တို့အား သင်ကြားပေးနေတာပင်။ ရုတ်တရက်ပင် သူမ၏အကြည့်တို့က စူးရှသွားပြီး အရှေ့ဘက်ရှိ မှင်ရောင်လိုမှောင်မဲနေသော ဝါးတောအုပ်အားဖြတ်ကြည့်လိုက်ကာ အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။ :


“အဲဒီမှာ ဘယ်သူလဲ”


လူတိုင်းက သူတို့ရဲ့အသက်ရှုသံအား ထိန်းသိမ်းလိုက်ကြသည် ။


ဝါးတောအုပ်ထဲတွင်တော့ မည်သည့်လှုပ်ရှားမှု တစ်စုံတစ်ရာမှ မရှိပေ။


လင်းဖုန်းရှောင်က ရုတ်ချည်းပင် သူမ၏လက်အား မြှောက်လိုက်သည်။


အစိမ်းရောင်ဝါးရွက်အနည်းငယ်က လျင်မြန်စွာ ဖြတ်တောက်ခံလိုက်ရပြီး တိတ်ဆိတ်မှုထဲတွင် ဝှစ်ခနဲသော အသံကိုသာ ချန်ထားခဲ့သည်။ ငါးပေခန့်အကွာတွင်တော့ ခပ်ဖျော့ဖျော့ တရှပ်ရှပ်မြည်သံကို ကြားလိုက်ရသည်။ နောက်တစ်ခဏမှာပဲ ထိုအသံက ထပ်ပြီး ထွက်ပေါ်လာပြန်သည်။


လင်းဖုန်းရှောင်က သူမ၏ညလင်းပုလဲအား ထုတ်ယူလိုက်ကာ လင်ရှုနှင့် ရှောင်လင်းယန်အား နီးကပ်စွာလိုက်ခဲ့ရန် ပြောလိုက်သည်။ သိုင်းပညာတတ်သည့်မိန်းကလေးတွေကတော့ လျင်မြန်စွာပင် လူစုကွဲသွားကာ ဝါးတောအုပ်ထဲ တဟုန်ထိုးဝင်သွားပြီး ထိုနှစ်နေရာစလုံးအား ဦးတည်သွားကြသည်။


အသံထွက်ပေါ်လာသည့်နေရာရှိ မြေပြင်ပေါ်တွင်တော့ လက်ဖဝါးအရွယ်သာရှိသည့် နက်မှောင်သော ငှက်သဏ္ဍာန်အရာမျိုးရှိသည်။


သူ၏လည်ပင်းက ဝါးရွက်များကြောင့် ဖြတ်ခံထားရပြီး သူ့ခေါင်းသည်တော့ ကျီးအသွင်ရှိကာ အမွှေးမပါပဲ သူ့နှုတ်သီးက ချွန်ထက်သည့်ချိတ်ကောက်လိုဖြစ်ပြီး အတောင်ပံတွေဟာ လင်းနို့ကဲ့သို့ပင် အလွန်အမင်းရုပ်ဆိုးကာ ဖော်ပြရန်လည်း ခက်လှသည်။


အတိုချုပ်ပြောရလျှင် အမည်မသိနိုင်သည့် အငြှိုးအတေးဓာတ်အား ထုတ်လွှတ်နေသည်။


“ထပ်ပြီးတော့လား” လင်းပေါင်ချင်းက စိတ်အနှောက်အယှက်ဖြစ်နေသံဖြင့် သက်ပြင်းချလာသည်။

 

လင်းဖုန်းရှောင်က ကျောက်စိမ်းဖြင့် ပြုလုပ်ထားတဲ့ လက်ဖွဲ့အဆောင်အား ကောက်ယူလိုက်ကာ သူမမျက်လုံးထဲရှိ မဲမှောင်နေသော အမူအရာနှင့်အတူ ပြောလာသည် ။


“ငါ လူကြီးမုန့်ကို သွားရှာလိုက်ဦးမယ်”


လင်ရှုကမေးလိုက်သည်။ “ဒါကဘာကြီးလဲ”


“ရှောင်” လင်းပေါင်ချင်းက ပြောလာသည်။ “ပေရှက ညစ်ပတ်တဲ့အရာပဲ တောင်ထွတ်ကို ကာကွယ်နေတဲ့ မှော်စာတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်တဲ့ အိမ်မက်ကွင်းပြင်ရဲ့ ထိခိုက်မိကြောင့် သူ့ရဲ့တည်ငြိမ်မှုကို သက်ရောက်ပြီး သူတို့တွေကို ပျဲသန်းဝင်လာနိုင်စေမှာပဲ စိုးတယ်။ ကံကောင်းလို့ ကြီးမြတ်တဲ့သခင်မလေးက သူတို့ကို ရှာတွေ့သွားလို့သာပေါ့ ဖူး”


ရှောင်လင်းယန်၏မျက်နှာဟာ အနည်းငယ် ဖြူဖျော့နေပေသည်။


“မလိုပါဘူး” လင်းပေါင်ချန်ကပြောလာသည်။ “လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ခေါက်ကျိုးကျဝါးနဲ့ ရှောင်ရှောက်တို့က တိုက်ခိုက်ခဲ့ကြတယ်။ ဒုတိယတစ်ဝက်က မှော်ပညာနဲ့ ဖုံးကွယ်ထားပေမဲ့လည်း ပထမတစ်ဝက်ကိုတော့ တပည့်တွေက မှတ်တမ်းတင်ပုတီးစေ့နဲ့ မှန်တမ်းတင်ထားပြီး နေရာတိုင်းမှာပြန့်နှံ့နေတာလေ။ ကြည့်ရတာ ပေရှကလည်း အပြင်ဘက်ကနေ တွေ့သွားတယ်လို့ သံသယရှိတယ် သူတို့နှစ်ဦးစလုံးက ဒီလိုစွမ်းရည်တွေနဲ့ တိုက်ခိုက်ခဲ့မှတော့ အဲဒါက အိမ်မက်ကွင်းပြင်ရဲ့အဆင့်ကို ကျော်နေပြီလေ။ သူတို့ရဲ့စွမ်းရည်တွေကိုကြည့်ရရင် ကြီးမြတ်တဲ့သခင်မလေးကလွဲလို့….. ပေရှရဲ့အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်ဖို့က မဖြစ်နိုင်ဘူး”


ခေါက်ကျိုးကျဝါးနဲ့ ရှောင်ရှောက်တို့က ဘယ်လိုဖြစ်ပြီး ဒီကိစ္စမှာ ပါဝင်ပက်သက်သွားတာတုန်း။


“လင်ရှု” လင်းပေါင်ချန်က စူးရှစွာ လှည့်ကြည့်လာကာ သူ့အား ပြောလာသည်။ “ ငါတို့တွေက မတူညီတဲ့ကျောင်းတော်တွေကဆိုတဲ့ အချက်ရှိပေမဲ့ ဘာလို့အကယ်ဒမီထဲမှာ အတူတူစုစည်းခံရတာလဲဆိုတာကို သိလား။ တိုက်ခိုက်ဖို့အတွက် အိမ်မက်ကွင်းပြင်ထဲက ငါတို့ရဲ့ပုံရိပ်ကို ဘာလို့ပြောင်းလဲဖို့လိုတာလဲဆိုတာကိုသိလား”


ဒါဟာ တကယ်ကိုစိတ်ဝင်စားစရာကောင်းသည့် မေးခွန်းတစ်ခုပင်။ အမျိုးမျိုးသောကျောင်းတွေရှိ တပည့်တွေအားလုံးက သူတို့၏ကိုယ်ပိုင် သက်ဆိုင်ရာကျောင်းတော်တွင် သိသိသာသာပင်ကြီးပြင်းလာနိုင်ကြသည်။ သို့သော်လည်း သူတို့အားလုံးက အကယ်ဒမီသို့လာရောက်ပြီး စာသင်ကြားရန် စေခိုင်းခံရသည်။ လူကြီးမုန့်၏ သိုင်းလောကအား ရှင်းပြချက်က တပည့်များ၏ လက်တွေ့တွင် တိုက်ခိုက်သည်အား ကာကွယ်ရန်ဖြစ်ကာ မလိုလားအပ်သည့်ထိခိုက်မှုများအား ဖြစ်ပွားမည့်ရန်မှ ကာကွယ်နိုင်ရန်ဖြစ်သည်။ သို့သော် လင်းပေါင်ချန်၏လေသံအသွားအလာအရ ကြည့်ရသည့်မှာ တခြားသော ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ခုရှိနေပုံပင်။ 


လင်ရှုက တုံ့ပြန်ရုံသာ တတ်နိုင်ပေသည် ။


“ငါ မသိဘူး”


ပေါင်ချန်က ပြောလာသည်။


“မင်းက တစ္ဆေမြို့မှာကြီးပြင်းလာတာပဲ။ အဲတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ဆိုးကြီးကို မသိတာက သဘာဝကျပါတယ်…။ တစ်နှစ်တည်းမှာ ကျောင်းတော်ကြီးတွေဆီက အလားအလာကောင်းတဲ့ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရတယ်။ ကွန်ဖြူးရှပ်ကျောင်းတော်နဲ့ မသေမျိုးတာအိုကျောင်းတော်တောင် အဲဒီရိုက်ချက်ကို ရှောင်ရှားဖို့ မတတ်နိုင်ခဲ့ဘူး ပြောကြတာတော့ အဲဒီအချိန်တုန်းက လူတိုင်းမှာ အန္တရာယ်ရှိနေခဲ့ပြီး ရှည်ကြာလှတဲ့ စုံစမ်းမှုကြီးပြီးတော့ အဲဒါက ပေရှရဲ့ပုံစံဆိုတာကို ဖော်ထုတ်လိုက်နိုင်တယ်။ သူတို့တွေက ဒီလိုမျိုး လက်သီးပုန်းထိုးတဲ့လှုပ်ရှားမှုလို ယုတ်ညံ့တဲ့နည်းလမ်းကို သုံးတာက ငါတို့ရဲ့မသေမျိုးတာအိုအင်အားကို လျော့ချချင်လို့ပဲ။ ဒီကိစ္စကို စုံစမ်းပြီးတဲ့နောက် ငါတို့တိုင်းပြည်ရဲ့ ဆရာသခင်တွေက တော်ဝင်ညစာစားပွဲမှာ ချီးကျူးခံခဲ့ရပြီး ဂုဏ်ပြုခြင်းလည်းခံခဲ့ရတယ်။ အဲ့ဒီနောက် ရှန်းလင်အကယ်ဒမီကို တည်ထောင်ပြီး ကျင့်ကြံမှုအတွက်ရော ကာကွယ်ဖို့အတွက်ပါ ကမ္ဘာပေါ်မှာရှိတဲ့ ပါရမီရှိတဲ့လူသစ်စုဆောင်းမှုကို စလုပ်ခဲ့တယ်။ ငါတို့ရဲ့အကယ်ဒမီမှာ မချိုးဖြတ်နိုင်တဲ့ ကာကွယ်မှုမှော်စာရှိတယ်။ ပြီးတော့လည်း မရေမတွက်နိုင်တဲ့ မသေမျိုးတာအိုအကြီးအကဲတွေရောပဲ။ ပြီးတော့ ဒီလိုမျိုးကလည်း အရင်တုန်းက ဘယ်တော့မှ မဖြစ်ဖူးခဲ့ဘူး”


ဘေးဘက်ရှိ လင်းပေါင်ချန်က ထပ်ပေါင်းပြောလာသည်။ 

 6

“ပေရှက အချိန်ရှိသရွေ့ ငါတို့တွေကို စေ့စေ့စပ်စပ် ကြည့်ရှုဖို့ ဒီလိုမျိုးမကောင်းဆိုးဝါးတွေကို ရံဖန်ရံခါပို့လာတတ်တယ်။ အခုလည်း သူတို့တွေက ထပ်လုပ်ပြန်ပြီ။ သူတို့တွေက တကယ်ကြီးကို အကျိုးအကြောင်း မဆီလျော်တာပဲ။ အကယ်ဒမီကိုများ သူတို့တွေ စိတ်ရှိတိုင်း ဝင်ထွက်လို့ရတဲ့နေရာလို့များ ထင်နေတာလား”


ကြည့်ရသည်မှာ မသေမျိုးလမ်းကြောင်းက အေးချမ်းသည့်နေရာတစ်ခုမဟုတ်ပဲ စောင့်ကြည့်နေသည့် သန်မာတဲ့ရန်သူတချို့ရှိနေပုံပင် ။


တော်ဝင်ညီလာခံ၌ တာဝန်ထမ်းဆောင်နိုင်မည့် မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတွေဆိုလျှင် သူတို့တွေဟာ အလွန့်အလွန်ကြီးမားသည့် စွမ်းအားကို ဖော်ထုတ်နိုင်ပေသည်။ နန်ရှ၏ရန်သူအနေနှင့် ပေရှသည်သာ အလားအလာရှိသည့် လူငယ်များအား သတ်ဖြတ်ကာ ပြဿနာအား အဖူးအငုံဘဝကတည်းက ချိုးဖဲ့ပစ်လိုက်မည်ဆိုလျှင် သူတို့တွေအတွက် ထိုထက်ကောင်းသည့် ဖြေရှင်းနည်းမျိုး မရှိတော့ပေ ။


ထို့ကြောင့် နန်ရှဟာ ငယ်ရွယ်သော ပွင့်သစ်စ တပည့်များအား ကာကွယ်ရန်အတွက် အကယ်ဒမီအား တည်ထောင်လိုက်ကာ အိမ်မက်ကွင်းပြင်သိုင်းပညာကွင်းပြင်အား တည်ဆောက်ရန် ညွှန်ကြားခဲ့တာပင်။ လူတိုင်းက ပြောင်းလဲထားသည့်သွင်ပြင်နှင့် အမည်ဝှက်အား စိန်ခေါ်ရန်နှင့် တစ်ယောက်ထံမှတစ်ယောက် သင်ယူနိုင်ရန်အတွက် အသုံးပြုကာ လူတိုင်း၏ အစစ်အမှန်စွမ်းအား ဖုံးကွယ်ထားပေသည်။ သူတို့တွေက အိမ်မက်ကွင်းပြင်ထဲတွင် ကောင်းကောင်းတိုက်ခိုက်ကြကာ သူတို့ရဲ့သိုင်းပညာက ကောင်းမွန်သော်လည်း ထိုလူနှစ်ယောက်က အပြင်လောက၌ မည်သူအစစ်လဲ ဆိုသည်အား သိကြမည်မဟုတ်ပေ။


လင်ရှုကတော့ ထိုကာကွယ်ရေးနည်းစနစ်က အတော်လေးအံ့ အားသင့်စရာကောင်းသည်ဟု ထင်မိသည်။


သူတွေးနေစဉ်မှာပဲ လင်းဖုန်းရှောင်က သူမရဲ့မျက်လုံးကို ဖွင့်လိုက်ကာ ပြောလာသည်။ 


“လူကြီးမင်းမုန့်က ပြောတယ်။ ချက်ချင်းစုံစမ်းမှုစမယ်တဲ့ လတ်တလောတော့ ငါတို့ရဲ့ရှန်းလင်တောင်ထွတ်မှာ မိစ္ဆာဘယ်နှစ်ကောင် ရှိနေလဲဆိုတာကို မသဲကွဲဘူး ။ပြီးတော့လည်း သူက ငါတို့ကို ကိုယ့်ဘာသာ ကာကွယ်စေချင်တယ်”


လင်းပေါင်ချင်းက လက်ဦးမှုယူကာ : “ ကျွန်မတို့ ဆက်ခံသူကို ဟယ်ရွှီကောင်းကင်ဆီ အရင်ပို့ဆောင်ပါ့မယ်” 


လင်းဖုန်းရှောင်က ခေါင်းညိတ်ပြလာသည် : “ကောင်းပြီ”


ရှောင်လင်းယန်က လင်းဖုန်းရှောင်အား ကြည့်ကာ တွန့်ဆုတ်စွာနှင့် သူ့ပါးစပ်အား ဖွင့်လိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာပေ။ တစ်ခဏကြာပြီးနောက် သူကစကားပြောရန် လှုပ်ရှားလိုက်သည်။ : “ဒါကို နင် ကိုင်တွယ်နိုင်လား”


“ငါလား” လင်းဖုန်းရှောင်က ပြုံးလိုက်သည်။ “သူတို့တွေ ငါ့ကို မဆန့်ကျင်ရဲပါဘူး။ ဟယ်ရွှီကောင်းကင်ကို ပြန်သွားပြီး ဆရာသခင်ရဲ့ဆန္ဒကို လိုက်နာမယ်”


မိန်းကလေးတွေက သူတို့၏ဓားများအား ထုတ်လိုက်ကာ ရှောင်လင်းယန်အား ပြန်၍ ခရီးဦးကြိုပြုလိုက်ကြသည်။


လင်းဖုန်းရှောင်က လင်ရှုဘက်သို့လှည့်ကာ : “ကျွန်မ ရှင့်ကို ရှင့်အခန်းဆီ ပြန်ပို့ပေးမယ်”


လင်ရှုက သူ့အခန်းဆီသို့ ပြန်ရောက်သည့်အခါတွင်တော့ ဒီပုဂ္ဂိုလ်က သေချာစေရန် အခိုင်အမာ ပြောနေသည့်အတွက် ထိုသူ ထွက်မသွားခင်တွင် အိပ်မောကျသွားခဲ့သည်၊ 


သူမက သူ၏အိပ်ခန်းမှ ဝေးနိုင်သထက်ဝေးဝေးတွင် ရပ်နေကာ ယဉ်ကျေးစွာမေးမြန်းလာသည် :၊


“ကျွန်မဝင်လာလို့ရလား”


လင်ရှုက ရပါတယ်ဟု ဖြေလိုက်သည်။


ကြီးမြတ်လှတဲ့သခင်မလေးက မျက်လုံးတစ်ဖက်ပင့်လိုက်ကာ ထပ်မေးလိုက်ပြန်သည်။ 


“ဒါပေမဲ့ ကျွန်မက ရှင့်အခန်းထဲ ဝင်လာရင် အရမ်းကို မသင့်တော်ရာ မကျဘူးလား”


ကြည့်ရသည်မှာ ယောက်ျားလေးတစ်ဦးက မိန်းကလေးတစ်ဦး၏အိပ်ခန်းအား ဝင်ရန်ခွင့်တောင်းနေသလိုပင် ။


လင်ရှုက ထိုသည်မှာ မသင့်တော်တာမဟုတ်ပါဘူးဟု ပြောလိုက်သည်။

 

လင်းဖုန်းရှောင်က လှမ်းဝင်လာကာ သူ့အား ကူ၍ ပြတင်းပေါက်တို့အား ပိတ်လိုက်ပြီး စောင်၏ထောင့်စွန်းအား ဖိချလိုက်သည်။


“ရှောက်တွေက ပေရှရဲ့ မိစ္ဆာပဲမဟုတ်ဘူး။ အကယ်ဒမီမှာ မကြာခင် တစ်ခုခုဖြစ်လောက်မယ်။ ကျွန်မ ဒါကို ကျောက်စိမ်းကောင်းကင်ဘုံမှာ တွေ့ဖို့လိုအပ်လို့ ဒီည မအိပ်တော့ဘူး” လင်းဖုန်းရှောင်က မီးအဆီအနှစ်အား ယူလိုက်ကာ သူ၏ခေါင်းအုံးဘေး၌ ထားလိုက်ပြီး ငြင်သာသည့်လေသံဖြင့် 


“ရှင် ကြောက်နေလား၊ တကယ်လို့ ရှင်ကြောက်နေတယ်ဆိုရင် ကျွန်မဒီ မှာနေပေးမယ်”


လင်ရှု : “ငါအဆင်ပြေပါတယ်” သူက ထိုမိစ္ဆာတွေဟာ မည်သို့သော မကောင်းဆိုးဝါးတွေ ဖြစ်သလဲဆိုသည်အား မသိသော်လည်း သူကဲ့သို့ သာမန်လူတစ်ယောက်အား ပစ်မှတ်ထားခံရမည်မှာ မဖြစ်နိုင်လောက်ပေ။


သို့သော်လည်း လဲနေသည့်သူတွေက မတ်တပ်ရပ်နေသည့်သူတွေထက် အမြဲတမ်း ပို၍နူးညံ့ကာ အားနည်းပေသည်။ သူ့အသံက အနည်းငယ် မသဲမကွဲဖြစ်နေပြီ လင်ရှုကိုယိတိုင်ပင်လျှင် သူ၏ထိုအားနည်းသောအသံကြောင့် ထိတ်လန့်သွားရသည်။ 


တစ်ဖက်တွင်တော့ ကြီးမြတ်လှသည့်သခင်မလေးက သူမ၏ကြောက်စရာကောင်းမှုအား လုံးဝပင် ပျောက်ဆုံးသွားကာ သူမရဲ့အသံက အတက်အကျမရှိသော်လည်း အလွန်တရာကို နူးညံ့နေပေသည်။


“မကြောက်နဲ့နော်” သူမကငြင်သာစွာပြောလာသည် “ကျွန်မ ဒီမှာရှိတယ်” 


လင်ရှုက သူ့ကိုယ့်သူစောင်အောက်တွင် မြှုပ်နှံလိုက်ပြီး လရောင်အောက်တွင် လင်းဖုန်းရှောင်က ဖယောင်းတိုင်အား ပေါ့ပေါ့ပါးပါး မှုတ်လိုက်သည်အား ကြည့်နေလိုက်ပြီး မမျှော်လင့်ထားစွာဖြင့် လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။


******