Ch 39
Viewers 3k

အပိုင်း (၃၉) အထက်လူကြီး၏ဥပမာ 


လင်းဖုန်းရှောင်က မြင်းဇက်ကြိုးအား ဆွဲလိုက်ပြီး ကျောက်ယဲ့အား ဖြည်းဖြည်းမှန်မှန်သာ သွားစေလိုက်သည်။


“ရှင် နေရတာ အဆင်မပြေဘူးလား”


လင်ရှုက အမှန်တကယ်ကိုပင် အနည်းငယ် စိတ်ရှုပ်ထွေးနေကာ သူ၏ညာလက်က ကျောက်ယဲ့၏ လှပလှသောလည်ဆံမွှေးအား လက်တစ်ဆုပ်စာအပြည့် တင်းကြပ်စွာ ဆွဲထားတာပင်။


ကျောက်ယဲ့က သူ၏လည်ဆံမွှေးအား ခါရမ်းလိုက်သည်။


လင်ရှု : “လက်”


ကြီးမြတ်လှတဲ့သခင်မလေးက သူမ၏လက်မောင်းအား ပြန်မဆုတ်ခင်တွင် သူမရဲ့ မျက်ခုံးတို့က အနည်းငယ် ရှုပ်ထွေးမှုဖြင့် မြင့်တက်သွားသည်။ 


“ကျွန်မ ဒါကိုသတိမထားလိုက်မိဘူး။ ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်”


လင်ရှုက သူ့ဘာသာ တွေးကြည့်လိုက်သည်။ တကယ်တမ်းတွင် ဒါကို လုံးလုံးကြီးရိုင်းပြသည်ဟု သတ်မှတ်၍မရပေ။ ဒါဟာ သာမန်ကာလျှံကာ ထိမိသည့်နေရာတစ်ခုပဲဖြစ်ပြီး ထိုကဲ့သို့ခုခံရသည့် အကြောင်းအရင်းကလည်း လင်းဖုန်းရှောင်က သူ ပြုတ်ကျမည်ကို စိုးရိမ်သောကြောင့်ပင်။ ရှေးခေတ်ကမ္ဘာက ထုံးတမ်းအစဉ်အလာအား ကြီးမားသည့်ဖြစ်ရပ်အဖြစ် မှတ်ယူကြပြီး ကြီးမြတ်လှတဲ့ သခင်မလေးကလည်း လက်မထပ်ရသေးသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဒါကိုအခြေခံ၍ ကြီးမြတ်သည့်သခင်မလေးက သူ့အား တစ်ဝက် ဖက်ထားသလို ဖြစ်နေသည်နှင့်ဆိုလျှင် သူမသည်သာ တုတ်ချောင်း၏အဆုံးသတ်၌ ရှိနေသည့်သူပင်။ 


သို့သော် လင်းဖုန်းရှောင်က သူမ၏လက်အား ဖယ်မထုတ်ဘဲ ယခုကဲ့သို့သာ အချိန်အကြာကြီး ဆက်လက်လုပ်နေပါက သူက စိတ်လှုပ်ရှားကောင်း စိတ်လှုပ်ရှားလာနိုင်သည်။


ဒီပြဿနာသာ အတိအကျကိုပဲ ဆက်လက်မြင့်တက်နေပါက သူ့တွင်လည်း ရွေးချယ်စရာမရှိပေ။


သူ မှတ်မိသည့်အရာအားလုံးက ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိပြီးနောက် နောက်ဆုံးမှာတော့ အနည်းငယ် ရင့်ကျက်လာပြီဖြစ်သည်။ သူ မှတ်မိသည်က လူအဖွဲ့အစည်းရဲ့အများစုမှာ အုပ်စုဖွဲ့နေထိုင်ကြသော်လည်း သူ ဘာကိုပဲလုပ်ပါစေ တခြားသူတစ်ဦးနှင့် စကားပြောရန်အတွက် သတ္တိအင်အားကို  မစုစည်းနိုင်ပေ။


ထိုအချိန်များတွင် သူငယ်စဉ်ကအတိတ်အား ပြန်စဉ်းစားမိသွားသည်။ မူလတန်းကျောင်း၌ သူ့အတန်းဖော်များက စုစည်းကာ စကားပြောရင်း ဆော့ကစားနေချိန်တွင် သူဟာ တစ်ယောက်တည်းပင် ကျောင်းသွား၍ အိမ်ကိုပြန်လာမည် ဖြစ်သည်။ အတွေးတစ်ခုက သူ့ခေါင်းထဲ၌ ပေါ်လာသည်။ ငယ်စဉ်ကပင် လူတစ်ယောက်၏ရှေ့ဆက်ရမည့်ဘဝကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ 


သူက အခြားသူများနှင့် အဆက်အဆံမပြုဖူးတာမျိုး မဟုတ်ပေ။ ကြမ်းပြင်ပေါ်၌ ခဲတံတစ်ချောင်းက ရုတ်တရက် သူ့ဆီသို့ လိမ့်လာပြီး  ဟိုနေရာ ဒီနေရာ လိုအပ်လာလျှင်တော့ အဆက်အဆံပြုသည်။


သူ့ဘေးကပ်လျက်ရှိ ကောင်လေးက မာနကြီးသည့်ခပ်ဝဝ ကောင်လေးတစ်ယောက်ဖြစ်ကာ သူ့အားကျိ တ်ရယ်ပြီး ပြေတတ်သည်။ “ဟေး ငတုံးလေး ခဲတံကို ကောက်လိုက်စမ်း”


ကောက်လိုက်မည်လား မကောက်ဘူးလား ထိုအရာများက အခိုက်အတန့် တစ်ခုချင်းစီအား ပြန်လည်အမှတ်ရဖို့ သူ့အတွက် မကြာခဏဖြစ်တတ်သည်များ ဖြစ်သည်။


အချိန်အများစု၌ အတန်းထဲရှိ တခြားသောသူများက စုစည်းကာ ကြည့်ရှုကြပေလိမ့်မည်ဖြစ်သည် ။


သူသာ ကောက်ယူလိုက်လျှင် သူတွေ့ရမည့်အရာက : 


“ဘယ်လိုစကားပြောရမလဲ မသိဘူးလား ဒါမှမဟုတ် သူ့နားတွေက ထပ်ပြီး အလုပ် မလုပ်တော့လို့လား”

 

ထို့နောက် ဘေးနားမှာကြည့်ရှုနေသည့်လူတွေက အော်ဟစ် ရယ်မောလာကြပေလိမ့်မည်။ 


မှတ်ဥာဏ်တွေက မကြာခဏ မှုန်ဝါးတတ်ပြီး အသေးစိတ် အချက်အလက်များကို ဘယ်တော့မှ ပြန်လည် အမှတ်မရနိုင်ပေမဲ့ သူတို့မျက်လုံးထဲရှိ မလိုမုန်းထားတဲ့ အလင်းရောင်များ လှောင်ပြောင်နေတဲ့ ရယ်သံများ တစ်ခန်းလုံးရှိ လူ့ခန္ဓာကိုယ်များမှ ပျံ့လွင့်လာသော အပူငွေ့တွေက မိစ္ဆာတစ်ကောင်ရဲ့ အသက်ရှုသံကဲ့သို့ပင် ဖြစ်နေကာ သူ့မှတ်ဥာဏ်ထဲ၌ အစဉ်အမြဲ ကျန်ရစ်နေမည်ဖြစ်သည်။


သူက ထွက်သွားပြီး ခပ်ဝေးဝေးဆီသို့ ပြေးသွားချင်မိသည်။ ပိုဝေးလေ ပိုကောင်းလေပင်။ 


ထိုနေရာက သူနှင့်သာ သက်ဆိုင်သည့်နေရာမျိုးဖြစ်မည်။ သို့မှသာ သူဟာ ပို၍ လွယ်လွယ်ကူကူ အသက်ရှုနိုင်မည် ဖြစ်သည်။


အချိန်တွေ ကုန်လွန်လာသည်နှင့် ကိစ္စတွေဟာလည်း ယခုကဲ့သို့ တိုးတက်လာခဲ့ပြီဖြစ်ကာ သက်ရှိလူသားများအား တုံ့ပြန်သည့် ပြင်းထန်သည့် ဓာတ်မတည့်မှု ဖြစ်လာတော့သည်။


လင်းဖုန်းရှောင်၏ကိုယ်၌ စွဲကပ်နေသော အေးစက်သည့်မွှေးရနံ့ကသူ့အား လက်ရှိဆီသို့ ပြန်ဆွဲခေါ်လာတော့သည်။ 


ထိုအနံ့က အတော်လေး ကောင်းမွန်လှသည်။


ကြီးမြတ်လှတဲ့သခင်မလေးတွင် ဆိုးရွားသည့်ဒေါသ ရှိသော်လည်း ထိုအမျိုးသမီးက ဖြောင့်မတ်ကာ ရိုးသားလှသည် သူမ ဒေါသထွက်သည့်အချိန်တိုင်း အကြောင်းအရင်းတစ်ခုကြောင့် ဖြစ်သည်။ ပြီးလျှင် မည်သည့်အငြှိုးတရားကိုမှလည်း စွဲကိုင်မထားပေ။ အနိုင်ကျင့်တာမျိုး စေတနာထားတာမျိုးလည်း မရှိပေ။ ကလေးတစ်ယောက်အနေနှင့်ဆိုလျှင် သူမက ထိုအနိုင်ကျင့်ဗိုလ်ကျတတ်သည့် ကောင်လေးနှင့် မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ကွဲပြားလှသည်။


ထိုတုံ့ပြန်မှုက အရိုးထဲထိစိမ့်ဝင်နေတာမျိုးကြောင့်သာ မဟုတ်ဘူးဆိုလျှင် ကြီးမြတ်လှသည့်သခင်မလေးနှင့် အတူယှဉ်တွဲနေထိုင်ရမည်က လုံးဝကြီး မတွေးကြည့်နိုင်တာမျိုးတော့ မဟုတ်ပေ


လင်ရှုက ထိုအကြောင်းအား အချိန်အကြာကြီး စဉ်းစားနေပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်က သူက လင်းဖုန်းရှောင်အတွက် ဆင်ခြေတွေ ရှာပေးနေတာလား။


ဤချမ်းသာသည့်အမျိုးသမီးနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးအား ထိန်းထားနိုင်ရန်အတွက် ဆယ်စုနှစ်တစ်ခုကျော်လောက် ရှိနေပြီဖြစ်သည့် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းအား တကယ်ကြီး ကျော်လွှားနိုင်ရန် ကြိုးစားနေမိတာလား။


လင်ရှုက သူ့ကိုယ်သူ ရိုက်မိလုနီးပါးပင် ။


ကြီးမြတ်လှတဲ့သခင်မလေးက သူမလက်မောင်းအား လင်ရှုရဲ့ခါးဆီကနေ ရွှေ့လိုက်ပြီ ဖြစ်သော်လည်း သူမက မြင်းအား ထိန်းကျောင်းရဦးမည်ဖြစ်သည့်အတွက် သူတို့နှစ်ဦး၏အနေအထားက သိပ်တော့လည်း ပြောင်းလဲမသွားပေ။ လင်ရှုက သခင်မလေး၏ တစ်ဝက်ဖက်ထားသည့် အနေအထားတွင်ပင် ရှိနေသေးသည်။


သူဟာ အသက်ခပ်ပြင်းပြင်းရှုရန် ကိုယ့်ကိုကိုယ် တွန်းအားပေးလိုက်ပြီး နောက်ဆုံးတွင်တော့ အနည်းငယ် တည်ငြိမ်သွားတော့သည်၊


မြင်း၏အရှိန်က တဖြည်းဖြည်းချင်း တိုးမြှင့်လာပြီး နာရီဝက်ခန့်ကြာပြီးနောက်မှာတော့ တောင်ထူထပ်သည့်လမ်းပေါ်၌ ထပ်မံတဟုန်ထိုး သွားရမည့်လမ်းသို့ ရောက်ရှိလာပြန်သည် ။


လင်းဖုန်းရှောင်က မေးလိုက်သည်။ “အခုပိုအဆင်ပြေသွားပြီလား”


လင်ရှု : “အင်း”


လင်းဖုန်းရှောင်၏ အသံကိုကြည့်ရသည်မှာ ခပ်ဖျော့ဖျော့ပြုံးနေပုံရသည်။


“ကျောက်ယဲ့မှာ ကျောက်ရွှယ်လို့ခေါ်တဲ့ အမွှာတစ်ကောင်ရှိတယ်။ ဖီးနစ်အိမ်တော်မှာ ပျိုးထောင်ခဲ့တာလေ။ ကျောက်ယဲ့လိုပဲ သူကလည်း ကျန်းဟူမှာ နတ်ဘုရားအဆင့် မြင်းတစ်ကောင်ဆိုပြီး နာမည်ကျော်ကြားတယ်လေ။ ကျောက်ရွှယ်ကလည်း လုံးဝကို အံ့ဩမှင်သက်ဖွယ်ကောင်းတယ်။ ကျွန်မက သူ့ကို ရှင့်အတွက် နှစ်တွေအကြာကြီး ထိန်းသိမ်းလာခဲ့တာ။ အဲတော့ မြင်းတွေကို ကြောက်နေစရာ မလိုဘူး”

 

ကြီးမြတ်လှတဲ့သခင်မလေး၏ ဆေးဝါး ရတနာနှင့် မြင်းတွေအထိ အရာအားလုံးက တန်ဖိုးကြီးသည့်အရာတွေပင်။ ပြီးတော့ သူမက လင်ရှု၏စိတ်ပင် ထုံထိုင်းသွားရသည်အထိ သူတို့ကို အရမ်းကို လွယ်လွယ်ကူကူနဲ့ ပေးပစ်လိုက်တာဖြစ်သည်။


သို့သော် ဒီတစ်ကြိမ်တွင်တော့ သူက ပြစ်ချက်တစ်ခုအား ရှာတွေ့သွားသည်။


လင်ရှု : “နှစ်တွေအများကြီး”


“လေးနှစ်” လင်းဖုန်းရှောင်က ပြောလာသည်။ “အဲဒီအချိန်တုန်းက ကျွန်မက အကယ်ဒမီကနေ အောင်မြင်ပြီးသွားရင် တောင်တန်းတွေနဲ့ ပင်လယ်တွေဆီကို ခရီးထွက်မယ်ပေါ့။ မြင်းကောင်းတစ်ကောင်မရှိရင် အဲဒါက အဲ့လောက်ထိ ပျော်စရာကောင်းမှာ မဟုတ်ဘူး။ ရှင်က ကျွန်မကို အဖော်ပြုပေးရမယ်။ သဘာဝကျကျပဲ ရှင်ကလည်း ကျွန်မနဲ့တန်းတူတဲ့ စီးစရာမြင်းတစ်ကောင် သုံးရမှာပေါ့။ ဖြစ်ချင်တော့ ကျောက်ယဲ့နဲ့ကျောက်ရွှယ်ကလည်း အမွှာတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် သူတို့ကို ပျိုးထောင်ဖို့ ရွေးချယ်လိုက်တာ”


လင်ရှုက ကြီးမြတ်လှတဲ့သခင်မလေးရဲ့ တွေးခေါ်ပုံအား အကြမ်းဖျင်း နားလည်သွားသည်။ 


ကြည့်ရသည်မှာ ကြီးမြတ်လှတဲ့သလင်မလေးက သူမရဲ့ဟမ်းစတားကို ရုတ်ချည်း ပျိုးထောင်ခဲ့ထာမဟုတ်ဘဲ ဟိုးအရင်ကတည်းကပင် အစီအစဉ်တွေ ပြုလုပ်ထားတာဖြစ်သည်။


လှောင်အိမ်ဘီးလုံးနှင့် အစားအသောက်တို့အား အရင်ဆုံး ပြင်ဆင်ထားသည် ထို့နောက်တွင်တော့ ပျော်ရွှင်ဖွယ်ကောင်းမည့်ဟမ်းစတားလေးအား ရှာတွေ့ပြီး ပြန်ခေါ်လာခဲ့တာ ဖြစ်သည်။


ကြီးမြတ်လှတဲ့သခင်မလေး မင်းရဲ့သတို့သားလောင်းကရော မင်း ဒါတွေအားလုံးကို လုပ်နေတာ သိရဲ့လား။


အိုး… ဖြစ်နိုင်ချေရှိသည်က မူလက ကျောက်ရွှယ်ဟာ သူမ တစ်ခါမှမဖြင်ဖူးသည့် သတို့သားလောင်းအတွက် ပြင်ဆင်ထားတာဖြစ်သော်လည်း ကံခေစွာဖြင့် သတို့သားလောင်းက သေဆုံးသွားတော့သည်။ အဲဒါနဲ့ ကြီးမြတ်လှတဲ့သခင်မလေးက သူ့ကိုယ်သူ အပြစ်တင်ပြီး ဟမ်းစတားတွေ စပြီးမွေးမြူတော့တာပေါ့လေ။ မူလပြင်ဆင်ထားသည်ကို တစ်ဆင့်တက်၍ ဟမ်းစတားလေး၏ ပျော်ရွှင်စရာ ဖြစ်လာတော့တာပဲ။


သူက ဘာမှမပြောခဲ့ပေ။ လင်းဖုန်းရှောင်က မြင်းအား ထိန်းကျောင်းရာတွင် အာရုံစိုက်နေပြီး လမ်းပေါ်၌ တရှိန်ထိုး ပြေးလွှားနေသည်။ ကျောက်ယဲ့က ဝိဥာဉ်သားရဲမြင်းတစ်ကောင်ဖြစ်သည်။ ယခုလို အမြန်နှုန်းက ကျင့်ကြံသူတွေ၏ပျံသန်းမန္တာန်တွေနှင့် မယှဉ်နိုင်ပေ။ တစ်နာရီအတွင်းမှာပဲ သူတို့တွေက များပြားလှသည့် မြေဧကများကို ကျော်ဖြတ်ကာ တိမ်စိုင်တိမ်ကွင်းတို့ဖြင့် ဝန်းရံနေသည့် မြင့်မြတ်သော တောင်ထွတ်အား ရောက်ရှိသွားတော့သည်။


တောင်ခြေရှိ ကျောက်တုံးပေါ်တွင် ရေးထားသည်က 


“သေမျိုးတွေက ရပ်တန့်ရမယ်”


တခြား အကြောင်းအရင်းမရှိပေ။ ကောင်းကင်ဘုံဂိုဏ်းက တောင်တစ်ဝိုက်တွင် ကာကွယ်ရေး အခင်းအကျင်းများစွာကို ဆင်ယင်ထားပြီး စိတ်ဝိဥာဉ်သားရဲများစွာအား ပျိုးထောင်ထားကာ သူတို့ထဲက အများအပြားက ကြောက်စရာကောင်းလှသည်။ သေမျိုးတွေအတွက် ကိုယ့်ကိုကိုယ် ကာကွယ်ရန် တတ်နိုင်မည့် နေရာတစ်ခု မဟုတ်ပေ။


ထို့ကြောင့် ယခုလို ကျောက်တုံးမျိုးအား မြင်သည့်အချိန်၌ ဆိုလိုသည်က ထိုနောက်ရှိ ဧရိယာသည် ကျင့်ကြံသူတွေရဲ့ နယ်ပယ်ဖြစ်သည်ဆိုတာပင်။


ယွဲ့ရို့ဟယ်နှင့် ယွဲ့ရို့ယွင်တို့ မွေးဖွားရာ ကျောင်းတော်ဖြစ်သည် အိမ်မက်ခန်းမကဲ့သို့ပင် ။


ကျောက်ယဲ့က အရှိန်လျှော့လိုက်ပြီး တောင်တန်းတွေဆီသို့ ဝင်ရောက်သွားသည်။ ကြမ်းတမ်းလှသော တောင်လမ်းတစ်လျှောက် ဖြတ်သန်းပြီးချိန်မှာတော့ အရှေ့ဘက်ရှိမြင်ကွင်းက တဖြည်းဖြည်း ရှင်းလင်းလာတော့သည်။


တောင်တန်းနှင့် ရေပြင်အကြားရှိ ပြေပြစ်သော ကုန်းလျှောတစ်ခု၏အလယ်တွင် အမျိုးမျိုးသော ဘုရားကျောင်းနှင့် ရိုးရှင်းသော်လည်း ကျက်သရေရှိစွာ ပုံဖော်ထားသည့် ကောင်းကင်ဘုံအိမ်တော်တို့များစွာ တည်ရှိနေပေသည်။ သူတို့အား ကြည့်ရသည်မှာ တောင်ထူထပ်သော တောအုပ်နှင့် ရောယှက်သွားပုံရပြီး အိမ်မက်ခန်းမဆီသို့ သွားရာလမ်းအား အလင်း ထင်ဟပ်နေစေသည်။ 

 

မသေမျိုးတာအိုတစ်ခုလုံးအား “ချိုးဖြတ်တာအို” နှင့် “ပြီးမြောက်တာအို” ဟူ၍ လမ်းခွဲနှစ်ခုဖြင့်  ပိုင်းခြားထားသည်၏။


လင်းဖုန်းရှောင်ကဲ့သို့ သိုင်းပညာဖြင့် တာအိုလမ်းစဉ်အား ဝင်ရောက်ခဲ့သည့်သူက စိတ်ဝိဥာဉ်ချီအား ထိန်းချုပ်နိုင်ကာ “ချိုးဖြတ်တာအို”ကို အဆုံးထိ ကျင့်ကြံပြီးသွားပါက ထိုသူဟာ ကောင်းကင်ဘုံ၏စည်းမျဉ်းများထံမှ ချိုးဖြတ်နိုင်သွားပြီး သူ၏သေမျိုးအဆင့်အတန်းအား ဖြုတ်ချကာ ကောင်းကင်ဘုံနယ်ပယ်သို့ ဝင်ရောက်နိုင်ပေသည်။ ဒါကို “ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း” ဟု သိရှိကြသည်။


“ပြီးမြောက်တာအို”က ကွဲပြားပေသည်။ ယခုလမ်းစဉ်အား လျှောက်သည့်သူများက ကောင်းကင်အား ရိုသေလေးစားမှုအပြည့်ဖြင့် သတ်မှတ်ကြပြီး သိုင်းပညာအား သင်ယူစဉ်တွင် ကောင်းကင်၏စည်းမျဉ်းများကို မှီခိုကြသည်။ တာအို၏အမြင့်ဆုံးနယ်ပယ်အား ချိုးဖြတ်ပြီးသွားလျှင် သူတို့၏ဝိဥာဉ်က ကောင်းကင်ဘုံနှင့် အံဝင်ခွင်ကျဖြစ်ကာ သူတို့၏ရုပ်ခန္ဓာသည်တော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး လောကကြီးတစ်လျှောက် ပျံ့လွင့်သွားပေမည်။ ဒါကိုတော့ “ရောနှောပေါင်းစပ်ခြင်း”ဟု ခေါ်ဆိုကြသည်။


ရှုနယ်မြေ၏ အနောက်ပိုင်းတွင်တည်ရှိသော အိမ်မက်ခန်းမသည်က “ပြီးမြောက်တာအို”၏ ကြီးမားသော ဂိုဏ်းတစ်ခုပင် သူ၏ကျော်ကြားသော စွမ်းရည်များက မိုင်ပေါင်းရာချီအဝေးရှိ မြက်ပင်နှင့် သစ်ရွက်များ၏ သေးငယ်သော အပြောင်းအလဲကိုပင် ခံစားနိုင်သည့်  “ဆယ်ထောင်ချီအစိတ်အပိုင်း” ဖြစ်သည်။ အကယ်ဒမီထဲသို့ မိစ္ဆာတွေ ဝင်လာသည့်အချိန်တိုင်း အိမ်မက်ခန်းမအား အကူအညီတောင်းခံသည်က ပြဿနာ၏အရင်းအမြစ်အား ခွဲခြားသတ်မှတ်ရာတွင် အမြန်ဆုံးနည်းလမ်းပင်။ လင်းဖုန်းရှောင် လာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်က အတိအကျကိုပင် ထိုစွမ်းရည်အား နက်ရှိုင်းစွာနားလည်သည့် ယွဲ့အရှင်ဟောင်းပုဟွမ်အား တောင်ပေါ်မှ ဆင်းလာရန် ဖိတ်ကြားရန်ဖြစ်သည်။


ပထမဦးဆုံး လင်းဖုန်းရှောင်က ဆင်းလိုက်ပြီးနောက် လင်ရှုက နောက်ကလိုက်ဆင်းလိုက်သည်။ သူတို့နှစ်ဦး မြေပြင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းပင် တောင်၏ဂိတ်တံခါးအား ခေါက်လိုက်ကြသည်။


“ရှန်းလင်အကယ်ဒမီက လင်းဖုန်းရှောင်က အရှင်ယွဲ့အား တွေ့ဆုံခွင့်တောင်းပါတယ်”


အစိမ်းရောင်ဝတ်ထားသည့် တပည့်တစ်ဦးက အကယ်ဒမီ၏ သင်္ကေတဖြစ်သော တိုကင်အား ယူလိုက်ပြီး လမ်းပြလာသည်။


“ကြီးမြတ်တဲ့သခင်မလေး ကျေးဇူးပြုပြီး လိုက်လာပေးပါ”


ကောင်းပြီလေ။ တကယ်ကိုပဲ ဒီတောင်ပေါ်က တပည့်လေးအပါအဝင် မသေမျိုးတာအိုရဲ့လူတစ်ယောက်ချင်းစီတိုင်းက လင်းဖုန်းရှောင်ကို ကြီးမြတ်တဲ့သခင်မလေးမှန်း သိကြတာပဲ။


ပန်းတွေနှင့်ရေကန်တွေအား ဖြတ်ကျော်ပြီးနောက် သူတို့တွေက အဓိကခန်းမဆီတွင် ရပ်တန့်လိုက်ကြသည်။ အတွင်းထဲတွင်တော့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းပုံရသည့် အစိမ်းပုပ်ရောင်ဝတ်ရုံနှင့် သက်ပိုင်းလူကြီးတစ်ယောက် ထိုင်နေပေသည်။


လင်းဖုန်းရှောင် : “ အရှင်ယွဲ့ ကျွန်မက ဘယ်မကောင်းတဲ့ရည်ရွယ်ချက်နဲ့မှ လာတာ မဟုတ်ပါဘူး”


အရှင်ယွဲ့ : “ကြီးမြတ်လှတဲ့သခင်မလေးက ကျုပ်တို့ရဲ့ဂိုဏ်းအပေါ် ဘာရည်ရွယ်ချက်များ ရှိလို့လဲ”


အခြေအနေအား အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် လင်းဖုန်းရှောင်က ဆက်ပြောလိုက်သည်။


“ဒါက အရေးပေါ်အခြေအနေပါ။ အဲဒါကြောင့် ရွေးချယ်စရာမရှိဘဲ လူကြီးမင်းအပေါ်ပဲ နှောက်ယှက်ရတော့တယ်။ အကယ်၍ အရှင်ယွဲ့ ဒါမှမဟုတ် အရှင်ဟောင်းယွဲ့သာ ကူညီမဲ့လက်တစ်စုံကို ဆန့်တန်းပေးနိုင်မယ်ဆိုရင် အကယ်ဒမီက အကျွင်းမဲ့ ကျေးဇူးတင်မိမှာပါ”


ထိုဇာတ်လမ်းအား ကြားပြီးနောက် ခက်ထန်သည့်အကြည့်တစ်ခုက အရှင်ယွဲ့၏မျက်နှာပေါ်၌ ဖြတ်သန်းသွားသည်။


“ဂိုဏ်းတိုင်းက တူညီတဲ့ချီကိုပဲ လေ့ကျင့်တယ်။ အဲဒါအပြင် အကယ်ဒမီဆိုတာက အမျိုးမျိုးသော ကျောင်းတော်တွေနဲ့ အဖွဲ့အစည်းတွေက ငယ်ရွယ်တဲ့တပည့်တွေ စုစည်းကြတဲ့နေရာပဲ။ အိမ်မက်ခန်းမက သေချာပေါက်ကို အကောင်းဆုံး ကူညီပေးမှာပါ”


လင်းဖုန်းရှောင်က ဦးညွှတ်လိုက်ကာ : “ဒီဂျူနီယာက ရိုသေဖွယ်ကောင်းတဲ့အကြီးအကဲရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

 

“ကျုပ်တို့တွေ လုပ်သင့်တာပါ၊ ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး” ထိုအချိန်တွင် အရှင်ယွဲ့၏မျက်နှာပေါ်ရှိ တိမ်စိုင်တို့က ပျောက်ကွယ်သွားပြီး ပြောလာသည်:။


“ဒီကိစ္စက အရမ်းကိုအရေးကြီးတယ် ကျုပ်အဖေက ဆယ်ထောင်ချီအစိတ်အပိုင်းကို လှည့်ပတ်တဲ့နေရာမှာ စွမ်းရည်အရှိဆုံးပဲ။ သူသာ ရှေ့ထွက်လာမယ်ဆိုရင် သဘာဝကျကျပဲ ယုံကြည်ထားနိုင်တယ်…။. ဒါပေမဲ့လည်း ကျုပ်အဖေရဲ့အသက်ကို ထောက်ရရင် သူ့ရဲ့မှတ်ဥာဏ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ယိုယွင်းလာခဲ့တာ အခုဆို ကျုပ်ကိုပါ မမှတ်မိတော့ဘူး၊ သူ့ကို ပျော်စေတဲ့အရာတွေကိုပဲ ရှာဖွေနေတော့တယ်၊ သူ့ကို သိမ်းသွင်းနိုင်ပါ့မလားဆိုတာတော့ ကျုပ်လည်း မသေချာဘူး”


လင်းဖုန်းရှောင် : “ကျွန်မ ကြိုးစားကြည့်ပါ့မယ်”


အရှင်ယွဲ့က ခေါင်းညိတ်ပြလာသည် : “သိပ်ကောင်းတယ် ကျုပ်နောက်ကို လိုက်ခဲ့ပါ”


တံတားတစ်ခုကိုဖြတ်သန်းပြီးနောက် လမ်းအဆုံးတွင် စံအိမ်တစ်ခု ပေါ်ထွက်လာသည်။ စံအိမ်၏မော်ကွန်းကျောက်ပြားပေါ်၌ “အိမ်မက်ဆန်သောဓားသွား” ဟု ထွင်းထုထားပေသည်။ 


မည်သူကိုမှ မတွေ့ရသေးခင်မှာပဲ အသံတွေ ကြားနေရပြီဖြစ်ကာ ပူနွေးသည့်ငြင်းခုံမှုတစ်ရပ် ဖြစ်ပွားနေပုံပင်။


အရှင်ယွဲ့ရဲ့မျက်နှာက အနည်းငယ် ရှက်ရွံ့သွားပုံပေါ်ကာ :


“ကျုပ်အဖေက တခြားသူတွေနဲ့ စကားရည် လုရတာကို ကြိုက်တယ်လေ။အဲဒါကြောင့် လူကြီးမင်းတချို့ကို ကျုပ်အဖေနဲ့စကားစမြည်ပြောဖို့ ဖိတ်ခေါ်ထားတာ ဒီလိုမလျော်ကန်တဲ့မြင်ကွင်းအတွက် တောင်းပန်ပါတယ်”


လင်းဖုန်းရှောင်က ပြုံးလိုက်သည်။


“ပျိုမျစ်တဲ့နှလုံးသားနဲ့ အိုမင်းနေတဲ့ ဝိဥာဉ်တစ်ခုပဲ တကယ်ကို မနာလိုအားကျဖွယ်ပါပဲ”


အရှင်ယွဲ့က ပြုံးလိုက်သည်။


လင်ရှုက သခင်မလေးအား တိတ်တဆိတ် စူးစမ်းလိုက်ပြီး ထိုပုဂ္ဂိုလ်ဟာ အပြင်လူတွေနှင့် အဆက်အဆံပြုလျှင် ထောက်ထားညှာတာတတ်သည်ကို ရှာဖွေ့တွေ့ရှိလိုက်သည်။ အရမ်းကြီး စိတ်အားထက်သန်တာလည်း မဟုတ် အရမ်းလည်း ယဉ်ကျေးနေတာမျိုးလည်း မဟုတ်ပေ။ သူမ၏လေသံက အလွန်အမင်း တည်ငြိမ်ကာ သာယာနာပျော်ဖွယ် ကောင်းလှသည်။


သူတို့ ချဉ်းကပ်သွားသည့်အခါမှာတော့ စံအိမ်ထဲရှိ အသံတို့က ပိုမိုကျယ်လောင်လာကာ အကြောင်းအရာကိုပင် နားလည်နိုင်သည်။


စံအိမ်၏အလယ်တွင် ဝှီးချဲကဲ့သို့သော သစ်သားကုလားထိုင်တစ်ခုကို နေရာချထားသည်။ အဖြူရောင်ဆံပင် နီကြန့်ကြန့်မျက်နှာနှင့် အဘိုးအိုတစ်ဦးက ထိုအထက်တွင် ထိုင်နေသည် သူ၏အံ့အားသင့်ဖွယ် ကောင်းလောက်သော ခန္ဓာကိုယ်အထက်တွင် အိမ်မက်ခန်းဆောင်ကဲ့သို့သော စိမ်းပုပ်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး အရှင်ဟောင်းယွဲ့ ဖြစ်သည်မှာ ထင်ရှားလှသည်။ 


အရှင်ဟောင်းယွဲ့၏ခန္ဓာကိုယ်က ကျန်းမာနေကာ သူ့မျက်နှာသည်တော့ မည်သည့်ဖျားနာမှုလက္ခဏာကိုမှု ပြသမနေပေ။ သို့သော်လည်း သူ့မျက်လုံးတွေကတော့ အနည်းငယ် မှုန်ရီနေကာ တကယ်ကိုပင် ဝိုးတားငေးငိုင်သော အကြည့်မျိုးရှိသည်။ သူ့ဘေးတွင်ထိုင်နေသော သာမန်သေမျိုးလူသားအချို့သည်တော့ ကြည့်ရသည်မှာ ဖြူဖျော့နေကာ သတိလစ်တော့မည့်ဆဲဆဲ ဖြစ်နေသည်။


သူတို့ထဲကအချို့ကတော့ သူတို့၏မေးစေ့အား ထိုပုဂ္ဂိုလ်ထဲသို့ ထိုးပြနေကာ သူ့အား တစ်ခုခုပြုလုပ်ရန် လက်ဟန်ပြနေသလိုပင် ။


ထိုလူကြီးမင်းက သူ့ထဲမှ ဝိဥာဉ်စွမ်းအားအချို့ ထုတ်လိုက်ကာ ပြောလာသည်။ 


“လူတစ်ယောက် တစ်နေ့တာမှာ မြင်ရတဲ့ မြင်ကွင်းတွေကို ပြောရရင် ကျုပ်နှစ်သက်မြတ်နိုးရဆုံး မြင်ကွင်းသုံးခုက အရုဏ်ဦး၊ နေ့လည်ခင်းနဲ့ ညနေခင်းပဲ။ မနက်ပိုင်းမှာဆို လေပြည်လေညှင်းလေးက စာဖတ်ဖို့အတွက် အပြည့်စုံဆုံးခံစားချက်ကို ဖန်တီးပေးတယ်။ နေ့လည်ခင်း တစ်ရေးအိပ်ပြီးတဲ့အခါမှာကျတော့ ပြတင်းပေါက်ကို ရိုက်ခတ်နေတဲ့ မိုးစက်တွေရဲ့အသံက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲ။ ပြီးတော့ ညအချိန်မှာဆိုရင် လရောင်အောက်မှာ မိတ်ဆွေတွေကိုရှာဖွေပြီး ကဗျာတွေကို ရွတ်ဖတ်နိုင်တယ်…..”


ထိုသူ စကားပြောလို့ မဆုံးနိုင်ခင်မှာပဲ ကြားဖြတ်ခံလိုက်ရတော့သည်။ 

 6

“ခင်ဗျားပြောတာက အဓိပ္ပာယ်မရှိဘူး” ယွဲ့ပုဟွမ်က သူ၏ဝှီးချဲအား ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။


“မနက်ခင်းမှာ လေပြည်ရှိတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့လိုသာဖြစ်မယ်ဆိုရင် နေ့ခင်းကျ နေလုံးက အရမ်းကို ပြင်းပြင်းထန်ထန် ထွန်းလင်းနေမှာပဲ။ နေ့လည်ခင်းမှာ မိုးရွာတယ်ဆိုရင် ညဘက်ကျ ရွှံ့ထူနေလိမ့်မယ်။ ဘယ်ကြယ်ရော လရောမှ ရှိမှာမဟုတ်ဘူး။ ညဘက် ကောင်းကင်က ကြည်လင်နေတယ်ဆိုရင်လည်း နောက်တစ်နေ့မနက်ကျရင် လေတိုက်ဦးမယ်။ အဲ့ကျ ထပ်ပြီးနေသာဦးမယ်။ ခင်ဗျားက တစ်ယောက်ယောက်ကို ဒီလိုမျိုး သင်နေပြီး ဘယ်လိုလုပ် ရောင့်ရဲကျေနပ်နိုင်တာတုန်း”


လူကြီးမင်းက ပြန်ပြီး ခွန်းတုံ့ပြန်လာသည်။


“ကမ္ဘာကြီးက ပြီးပြည့်စုံမနေဘူး။ တစ်ရက်တာအတွင်းမှာ သူတို့သုံးခုထဲက ဘာပဲဖြစ်ဖြစ် ကျုပ်မှာရှိနေရင် ကျေနပ်ရမှာပဲ”


အရှင်ဟောင်းယွဲ့က ဝှီးချဲအား ဆက်တိုက်ရိုက်နေကာ 


“နေ့လည်ဘက်မှာ မိုးရွာတာကိုကြိုက်ရင် မနက်ခင်းက လေပြည်ကို မုန်တီးမှာပဲ။ ညဘက်မှာ လသာတာကို ကြိုက်မယ်ဆိုရင် နေ့လည်ဘက်က မိုးစက်တွေကို မုန်းနေရမယ်။ ဒါဆို ဘယ်လိုလုပ်ပြီး အဲဒီသုံးခုလုံးကို ကြိုက်တယ်လို့ ပြောနိုင်ရတာလဲ။ ရှေ့နောက်ကို ညီမနေဘူး”


လူတွေက လေပြည်နဲ့လမင်းအကြောင်းကို ပြောနေကြတာဖြစ်ပြီး ထိုသည်က အရှင်ဟောင်းယွဲ့အား သူ့ကိုယ်သူ မြှောက်ပင့်နေစေသည်။ လင်ရှုက ကြက်သေ သေသွားရတော့သည်။ လင်းဖုန်းရှောင် ပြောခဲ့သလိုပင်။ ထိုယွဲ့မိသားစုက မောင်နှမနှစ်ယောက်၏ ထိုကဲ့သို့သော ပြောဆိုစွမ်းရည်က နောက်ဆုံးတွင်တော့ မည်သည်ကနေ လာသည်လဲဆိုတာအား နားလည်သွားတော့သည်။


ယွဲ့ရို့ဟယ်နှင့် ယွဲ့ရို့ယွင်တို့ စကားရည်လု ဥာဏ်ကြီးရှင်အသေးစားလေးနှစ်ဦးက မူလစကားရည်လု ဥာဏ်ကြီးရှင်ဖြစ်သည့် ယွဲ့ပုဟွမ်ကြောင့် လွှမ်းမိုးခံလိုက်ရတာ ဖြစ်နိုင်သည် စကားပုံတစ်ခုရှိသည်။ “ နောက်လိုက် လိုက်ပါတွေက သူတို့၏အကြီးအကဲ သတ်မှတ်ထားသော လမ်းစဉ်အတိုင်းသာ လိုက်ပါကြသည်” ဟုပင် ဖြစ်တန်ရာရှိသည်မှာ အိမ်မက်ခန်းမ၌ စကားပြောကောင်းသည့် တခြားသော မရေမတွက်နိုင်လောက်သည့် ပါရမီရှင်များလည်း ရှိရမည်။ အကယ်၍ သူတို့အားလုံးအား တစ်ခန်းထဲ၌ စုစည်းထားလိုက်ပါလျှင် ထိုမြင်ကွင်းကို ဖော်မပြနိုင်လောက်ပေ။ လင်ရှုက ထိုဆူညံသံအား တွေးလိုက်မိသည့်အခါ ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးနောက် သူ့ဘာသာ တွေးလိုက်သည်။ အနာဂတ်၌ ယွဲ့ရို့ဟယ်ဆီမှ အမှန်တကယ်ကို ဝေးဝေးနေရမည် ဖြစ်သည်။ ဒီဂိုဏ်းနှင့် မည်သည့်ဆက်ဆံရေးမှ မရှိတာက ပိုပြီးကောင်းမွန်လိမ့်မည်။


အရှင်ယွဲ၌ သူ့အထက်တွင် အကြီးတစ်ဦးရှိပြီး နောက်မှာက ယွဲ့ရို့ဟယ်နှင့် ယွဲ့ရို့ယွင်တို့ဖြစ်သည်။ သူသည်က သူ၏အဖေအိုကြီးအား စကားပြောရာတွင် အဖော်ပြုပေးမည့်သူများအား ငှါးရမ်းရမည့်အချိန်ဖြစ်နေသည်။ နစ်နာသူအစစ်အမှန်က ဒီမှာဖြစ်သည်။


အရှင်ဟောင်းယွဲ့က သူ၏အချက်အလက်၌ နှစ်မြှုပ်နေကာ လူတိုင်းအား စကားဝိုင်းမှ ဖယ်ထုတ်လိုက်ပြီး အလွန့်အလွန်အူမြူးနေသည့် အခြေအနေတွင် ရှိနေပုံရသည်။ အရှင်ယွဲ့ပင်လျှင် သူ့အားမည်ကဲ့သို့ စည်းရုံးရမည်အား မသိနိုင်ဟု ပြောနေသည်။ လင်ရှုတွင်လည်း တောင်ပေါ်မှဆင်းလာစေရန် မည်ကဲ့သို့ ဖိတ်ခေါ်ရမည်ကို မသိတော့ပေ။ 


သူ့အတွေးများ၏အလယ်တွင် လင်းဖုန်းရှောင်က သူ၏ဝတ်ရုံလက်အား ရုတ်တရက် ဖမ်းဆွဲလိုက်ကာ သူတို့နှစ်ဦးသားက ရှေ့သို့ တူတူသွားလိုက်ကြပြီး ကျောက်တုံးစားပွဲပေါ်တွင် ထိုင်လိုက်ကြသည်။


လင်းဖုန်းရှောင်က ပေါ့ပါးစွာ ပြောလာသည် : 


“အရှင်ဟောင်းယွဲ့ ဒီဂျူနီယာရဲ့အမြင်အရဆိုရင် အရင်စာကြောင်းက အရမ်းကို ဘက်လိုက်လွန်းနေသလိုပဲ”


သူမ၏အနေအထားအား ကြည့်လိုက်ချိန်မှာတော့ ယွဲ့ပုဟွမ်အား သူ့ပိုက်ဆံအတွက် ပြေးလွှားခိုင်းတော့မည့်ပုံပင်။ 


ကြီးမြတ်လှတဲ့သခင်မလေးက တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် ပါရမီရှိတာပဲ။


******