Ch 40
Viewers 3k

အပိုင်း (၄၀) အကြီးပိုင်းအရာရှိ


လင်းဖုန်းရှောင်က ပြောလာသည်။


“အရင်တုန်းက ကျွန်မ အနက်ရောင်ရေပြင်ဂိတ်တံခါးဆီကို လည်ပတ်ဖို့ ယူနန်ဘက်မှာ အချိန်တစ်ခဏလောက် ဖြုန်းဖူးတယ်။ ပြီးတော့ ယူနန်ပြည်ရဲ့ မြင်ကွင်းက အလွန်အမင်းကို အမျိုးစုံတာပဲ။ မနက်ဘက်မှာဆိုရင် ပြင်းပြင်းထန်ထန် တိုက်ခတ်နေတဲ့ လေပြည်ကြောင့် အေးမြပြီး နေ့လည်ဘက်အစောပိုင်းမှာကျ တော်တော်လေးပူပြင်းပြီး နေသာတယ်လေ။ ခုနစ်လပိုင်း ရှစ်လပိုင်းဝန်းကျင်ဆို ရံဖန်ရံခါမိုးသည်းတတ်ပြီး မိုးကလည်း မြန်မြန်ရောက်လာပြီး မြန်မြန်ပဲ တိတ်သွားတတ်တယ်။ တစ်ခဏနေကျ နေထွက်လာရောလေ။ ညဘက်ကျရင်တော့ မိုးရေအိုင်လေးတွေက ခြောက်သွေ့သွားပြီး မြင်ကွင်းက လှပနေလိမ့်မယ်။ ဒီကလူကြီးမင်းပြောတဲ့ မြင်ကွင်းသုံးမျိုးကို သေချာပေါက် ယူနန်ဘက်မှာ အပြည့်အဝ ခံစားနိုင်လိမ့်မယ်”


ထိုလူကြီးက သူမဟာ တူညီသည့်အကြိုက်ရှိသည့် တစ်စုံတစ်ယောက်ဟု အသိအမှတ်ပြုလိုက်ပြီး လျင်မြန်စွာ သဘောတူလာသည်။


“မိန်းကလေး ပြောတာအမှန်ပဲ။ ယူနန်မှာ သုံးနှစ်လောက်နေပြီးရင် တစ်နေ့တည်းမှာ ဒီမြင်ကွင်းသုံးမျိုးကို ခံစားနိုင်လိမ့်မယ်”


လင်းဖုန်ရှောင်က ဆက်ပြောလာသည်။


“ထပ်ပြီးတော့ပြောရရင် ယူနန်မှာက အဆိပ်ရှိတဲ့အင်းဆက်တွေ အများကြီးနဲ့ ရောဂါတွေ အမျိုးမျိုး ပြည့်နှက်နေတာ။ လေးစားစွာပြောရရင်တော့ လူကြီးမင်းအတွက် သွားရောက်ဖို့က မဖြစ်နိုင်လောက်ဘူး။ အဲတော့ ကမ္ဘာပေါ်မှာ ဒီလိုနေရာမျိုးက တကယ် တည်ရှိသလားနဲ့ ဒီလူ ပြောတာက အမှန်လားအမှားလားဆိုတာကို ဘယ်သူက သိနိုင်မှာတဲ့လဲ”


အရှင်သခင်ဟောင်းက သူတို့နှစ်ဦးကို တစ်ခဏလောက် ကြည့်နေပြီးနောက် မုတ်ဆိတ်မွှေးတို့က အနည်းငယ် တုန်ယင်သွားသည်။ 


သူက သက်ပြင်းချလိုက်ကာ ပြောလာသည်။ “မင်းပြောတာက အကျိုးအကြောင်း သင့်ပါတယ်”


ထို့နောက် တစ်ခဏကြာပြီးချိန်တွင် သူက သူ့မုတ်ဆိတ်မွှေးအားပင့်ကာ စူးရှတောက်ပစွာ ကြည့်လာသည်။


“မင်းပြောတော့ ယူနန်က ရောဂါတွေနဲ့ ပြည့်နှက်နေတာဆို။ အဲဒါကြောင့် ငါက သွားလို့မရနိုင်ဘူး။ ဒါပေမဲ့ မင်းလို နူးညံ့တဲ့အရေပြားလေးနဲ့ သိမ်မွေ့တဲ့ မိန်းကလေးတစ်ဦးက ဘယ်လိုသွားနိုင်တာလဲ။ မင်းက ဒီသူခိုးနဲ့ပေါင်းကြံပြီး ငါ့ကို လိမ်လည်လှည့်ဖြားနေတာပဲ ရိုင်းစိုင်းလိုက်တာ”


လင်းဖုန်းရှောင်က တည်ငြိမ်စွာ ပြောလာသည် :


“ကျွန်မက ဖီးနစ်တောင်ထွတ်အိမ်တော်မှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တာပါ။ ကျွန်မရဲ့ခန္ဓာကိုယ်ကို မီးကနေသွန်းထုထားပြီး ဖျားနာမှာကိုလည်း မကြောက်ဘူးလေ။ ဒီလူငယ်မျိုးဆက်က အရှင်သခင်ဟောင်းရဲ့ ကြမ်းတမ်းတဲ့မေတ္တာကို ရှင်းရှင်းလင်းလင်း အာရုံခံမိပါတယ်”


ယွဲ့ပုဟွမ်က သူမအား ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်းအပေါ် ဗျာများနေကာ သူမအား တစ်ခဏလောက်ထိ အပေါ်အောက် စုန်ဆန်ကြည့်လာပြီးနောက် သူ့ရဲ့ပုံရိပ်က ရုတ်တရက် ဖြတ်ခနဲလက်သွားကာ ဝှီးချဲကိုပဲ ချန်ထားခဲ့ပြီး လင်းဖုန်းရှောင်အား ရိုက်ရန် ရောက်လာတော့သည်။


ဒီလက်ဖဝါးထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေပြီး စွမ်းအားအပြည့်ဖြင့် လက်တစ်ဖက်တွင် အဆုံးမဲ့စွမ်းအားပါရှိသည် လင်းဖုန်းရှောင်က ရုတ်တရက်ကြီး မယုံကြည်နိုင်စရာကောင်းသည့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည်။


လင်းဖုန်းရှောင်က နားမလည်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် ရှောင်ရှားလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမရဲ့အနီရောင်ဝတ်ရုံက လှုပ်ယိမ်းသွားကာ သူမ၏ပုံရိပ်ကို လှည့်လိုက်ပြီး ယွဲ့ပုဟွမ်၏နောက်၌ဆွဲဆောင်မှုရှိသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ ဆင်းသက်လာသည်။


ယွဲ့ပုဟွမ်က ဝှီးချဲပေါ်တွင် ပြန်ထိုင်လိုက်ကာ :


“ကြည့်ရတာ မင်းက အမှန်တရားကို ပြောနေတဲ့ပုံပဲ”


လင်းဖုန်းရှောင် : “ကျွန်မက မလိမ်ဝံ့ပါဘူး”

 

လင်ရှုက တွေးလိုက်သည်။ အပြင်ပန်းအားဖြင့်တော့ ဒီယွဲ့အရှင်ဟောင်း ယွဲ့ပုဟွမ်က သူ့ရဲ့ဝှီးချဲကို ထောက်ကန်စရာအဖြစ် သုံးထားတာပင်။ သူ၏အောက်ပိုင်းခန္ဓာကိုယ်က အကြည့်အ ဝပုံမှန်ဖြစ်သည်သာမက မယုံကြည်နိုင်ဖွယ်ကောင်းသည့် သိုင်းပညာဖြင့်  အလွန်အမင်းလည်း လျင်မြန်ဖျတ်လတ်သေးသည်။ 


ပြီးတော့ လင်းဖုန်းရှောင်သည်လည်း သူနှင့်မည်ကဲ့သို့ တိုက်ခိုက်ရမည်ကိုလည်း သိနေသေးသည်။ သူတို့တွေက ကြီးသည်ငယ်သည်ဖြစ်စေ တစ်ဖက်လူပြောသည့်အထဲတွင် အပေါက်ရှိမရှိ အမြဲတမ်းစစ်ဆေးနေမည် ဖြစ်သည်။ တစ်ဖက်ကသာ ရိုးရိုးသားသားနှင့် မှန်မှန်ကန်ကန်ပြောပါက သူတို့တွေက ထပ်ပြီးတိုက်ခိုက်ရန် ရှာမနေတော့ပေ။


ယွဲ့ပုဟွမ်က လင်းဖုန်းရှောင်းအား ထပ်မံ၍ နီးကပ်စွာကြည့်ကာ တိုင်းတာလာသည်။ 


“မင်းပြောတာ တော်တော်လေး ကောင်းတယ်။ ပြီးတော့လည်း သပ်ရပ်ပြီး သားသားနားနားလည်း ဝတ်ဆင်ထားတယ်။ အဲတော့ မင်းက ယွဲ့မိသားစုထဲကို လက်ထပ်ပြီး ဝင်နိုင်တယ်”


လင်ရှု “……”


ဒါက ခင်ဗျားတို့ယွဲ့မိသားစုရဲ့ ကြင်ဖက်ရွေးချယ်မှုအတွက် လိုအပ်တဲ့ စံသတ်မှတ်ချက်လား။


သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။


“အရှင်ဟောင်းယွဲ့ ကျွန်မက တစ်စုံတစ်ယောက်ကို ကတိပေးပြီးသား ဖြစ်နေပါပြီ”


ထိုစာကြောင်းအား ဆက်မပြောသည်က ပို၍ကောင်းသည် ထိုစာကြောင်း ထွက်သွားသည်နှင့် ယွဲ့ပုဟွမ်၏အမူအရာက ပြောင်းလဲသွားကာ တကယ်ကြီးကို ဒေါသထွက်လာတော့သည်။


“ရိုင်းစိုင်းလိုက်တာ” သူ့မုတ်ဆိတ်မွှေးတို့က တွန့်လိမ်သွားပြီး သူ့မျက်လုံးတို့ကလည်း ကျယ်လာတော့သည် ။


“ဘယ်မိသားစုက ခွေးသားလေးကိုများ မင်းက ကတိပေးလိုက်ရတာတုန်း။ မင်းဆိုလိုတာက ကျုပ်ရဲ့ယွဲ့မိသားစုထက် ပိုပြီးကောင်းကောင်းပြောနိုင်တဲ့ တစ်ယောက်ယောက် ရှိနေတယ်လို့လား။ ငါးမြေး ယွဲ့ ယွဲ့…..”


ထိုသူစကားပြောရင်း ရပ်တန့်သွားသည်မှာ မီးကိုငြှိမ်းလိုက်သကဲ့သို့ပင် ကြည့်ရသည်မှာ ဒီလူအိုကြီးက အလွန်အမင်းကို အိုမင်းနေသည့်အတွက် ရှုပ်ထွေးလွန်ပြီး သူ့မြေး၏နာမည်ကိုပင် မေ့သွားပုံရသည်။ 


သူဟာ ငြင်းခုန်ရသည်ကို စွဲလမ်းနှစ်ခြိုက်နေပြီး သူ့လိုပင်ငြင်းခုန်ရသည်ကို ကြိုက်သည့် မြေးဖြစ်သူအား အတော်လေး ဂုဏ်ယူပုံရသည်၊ တခြားမိသားစုတစ်ခုက တစ်ယောက်ယောက်အား လက်ထပ်မည်ဟုဆိုလိုက်လျှင် သူ့နှလုံးသားရှိ ပထမဆုံးစံသတ်မှတ်ချက်က “ငြင်းခုန်နိုင်ရမည်” ဆိုတာပင်။ 


လင်ရှုက တွေးကြည့်လိုက်သည်၊ လူကြီးမင်းရဲ့မြေး ယွဲ့ရို့ဟယ်က ပထမနေ့မှာတင် အရမ်းကို ငြင်းခုန်လွန်းတဲ့အတွက် လင်းဖုန်းရှောင်ဆီကနေ ခြိမ်းခြောက်ခံထားရသည်ပင်၊ ထို့နောက်တွင်တော့ သူက ကြီးမြတ်လှတဲ့သခင်မလေး၏ အနားတွင် မည်သည့်ဆူညံသံကိုမှ မလုပ်ရဲတော့ပေ၊ အကယ်၍ သူသာ ကြီးမြတ်တဲ့သခင်မလေးကို လက်ထပ်ဖို့ တောင်းဆိုခံရမည်ဆိုပါက ဘယ်တော့မှ သဘောတူမှာမဟုတ်ပေ။ 


သို့သော်လည်း ယွဲ့ပုဟွမ်သည်တော့ ရှင်းရှင်းလင်းလင်းကြီးကိုပင် မတူညီစွာ တွေးခေါ်နေသည်ဖြစ်ရာ သူ့မြေးနာမည်အား မကျော်လိုက်ခင် တစ်ခဏလောက်ရပ်သွားသည် ။


“အဲ့ဒီခွေးလေးကို ထွက်လာဖို့ ပြောလိုက်စမ်း။ ငါသူ့ကို စကားလုံးတိုက်ပွဲမှာ ရင်ဆိုင်ဖို့ စိန်ခေါ်တယ်”


လင်းဖုန်းရှောင် : “စီနီယာ ရှင့်ရဲ့အရည်အချင်းက တုနှိုင်းမဲ့ပေမဲ့ သူ့ရဲ့အမှားတွေကိုတော့ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”


ယွဲ့ပုဟွမ်က စိတ်ဝင်စားသွားသည့်အသံအားပြုကာ ပြောလာသည်။ “မြန်မြန်လေး သူ့ကို တွေ့စမ်းပါရစေ”


လင်ရှုက တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူ့အမှားတွေကို မဖော်ထုတ်နိုင်ဘူးဆိုတာက သေသွားတဲ့လူက အမှားမလုပ်လို့ပဲလေ မဟုတ်ဘူးလား။


ထို့နောက် ကြီးမြတ်လှတဲ့သခင်မလေးက ဆက်ပြောလာသည်။

 

“သူက နည်းနည်းလေး ကြောက်တတ်တယ်။ စီနီယာ ကျွန်မကို ကိစ္စတစ်ခု ဖြည့်ဆည်းပေးမယ်ဆိုရင် သူ့ကို ရှင်နဲ့တွေ့ဆုံဖို့ တိုက်တွန်းပေးမယ်” 


ယွဲ့ပုဟွမ် : “ကောင်းတယ် အဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာကို…. ကြည့်ချင်မိပါရဲ့”


လင်းဖုန်ရှောင်က ပြောလာသည်။


“ကျွန်မတို့က ရှန်းလင်အကယ်ဒမီမှာ သင်ကြားနေကြတာပါ။ မနေ့တုန်းက ပေရှဘက်က မိစ္ဆာတစ်ကောင်က အကယ်ဒမီထဲမှာ ရုတ်တရက်ကြီး ပေါ်လာပြီး ကျွန်မတို့ကလည်း လျှို့ဝှက်ကြံစည်မှုတစ်ခု ရှိနေမယ်လို့ သံသယရှိတယ်။ ရှန်းလင်တောင်က ကြီးမား ကျယ်ပြောပြီး သာမန်ရှာဖွေရေးမန္တာန်တွေက မြေနေရာတစ်ခုလုံးကို ကျကျနန မဖုံးလွှမ်းနိုင်ဘူး။ အကယ်၍ စီနီယာသာ “ဆယ်ထောင်ချီအစိတ်အပိုင်း”ကို ကျွန်မတို့ကို အကူအညီပေးဖို့ အသုံးပြုပေးမယ်ဆိုရင်တော့ သေချာပေါက်ကို အကူအညီဖြစ်မှာပါပဲ”


ယွဲ့ပုဟွမ်က နှာမှုတ်ကာ ပြောလာသည်။


“မင်းက ငါ့ကို တောင်တန်းတွေကို စုံစမ်းစစ်ဆေးဖို့ မန္တာန်တစ်ခု သုံးစေချင်တာလား”


လင်းဖုန်းရှောင် : “ဟုတ်ပါတယ်”


ယွဲ့ပုဟွမ်က ပြောလာသည်။ “အဲဒီလောက် မလွယ်ဘူး”


လင်ရဖုန်ရှောင်းက ပြောလိုက်သည်။ “စီနီယာ ရှင်လိုအပ်တာအားလုံးက စကားလုံး တစ်လုံးတည်းပါ”


“သေချာပေါက်ပဲပေါ့”


ဒီလိုနည်းဖြင့် လင်ရှုဟာ ကြီးမြတ်လှတဲ့သခင်မလေးက သူမအားကူညီရန် စာကြောင်းအနည်းငယ်ဖြင့် ယွဲ့အရှင်သခင်ဟောင်းအား လွယ်ကူစွာ မည်ကဲ့သို့ လှည့်စားလိုက်သည်ဆိုသည်ကို တွေ့လိုက်ရတော့သည်။


လင်းဖုန်းရှောင်က ပေရှ၏မိစ္ဆာက ရှန်းလင်အကယ်ဒမီထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု ရှင်းပြပြီးဖြစ်သော်လည်း ထိုအရှင်အိုကြီးကတော့ လုံးလုံးသဘောပေါက်ပုံ မရပေ။ “တောင်ကို စစ်ဆေးဖို့ သူ၏မန္တာန်ကို သုံးရမည်” ဟူသည့် သတင်းပို့ချက်ကိုသာ ကြားသည်။ သူဟာ အမှန်တကယ်ကို ဖရိုဖရဲဖြစ်နေသည်အား သက်သေပြပြီးသကဲ့သို့ ဖြစ်သွားသည်။ အကယ်၍သူတို့သာ သူ့အား သာမန်ဖိတ်ကြားချက်ဖြင့် ချဉ်းကပ်ပါက စည်းရုံးမသိမ်းသွင်းနိုင်လောက်ပေ။


လင်းဖုန်းရှောင်ကလှည့်ကာ အရှင်ယွဲ့အား ကြည့်လိုက်သည်။ အရှင်ယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး တစ်ခဏအတွင်းမှာပင် ရှန်းလင်အကယ်ဒမီသို့ သွားမည့် ရထားလုံးအား ပြင်ဆင်ပြီးဖြစ်သည်။


လင်းဖုန်းရှောင် : “စီနီယာ ကျေးဇူးပြုပြီး”


ယွဲ့ပုဟွမ်က ထပ်မေးလိုက်သည်။ “ငါ အမှားမရှာနိုင်တဲ့ တစ်ယောက်ယောက်က တကယ်ကြီး ရှိနေတာလား”


လင်းဖုန်းရှောင် : “ အကယ်ဒမီကကိစ္စတွေ အခြေကျပြီးရင် စီနီယာက သဘာဝကျကျပဲ သူ့ကို ရှာတွေ့မှာပါ”


ယွဲ့ပုဟွမ်က ငယ်ရွယ်သည့်တပည့်များနှင့်အတူ လှည်းပေါ်သို့ ပျော်ရွှင်စွာ တင်သွားခံလိုက်ရသည်။ အိမ်မက်ခန်းမရှိ ထူးချွန်သည့်တပည့်အနည်းငယ်က သူ့အား အဖော်ပြုပေးကာ အရှင်ယွဲ့ပင် ပါဝင်လာသည် ကြည့်ရသည်မှာ အကယ်ဒမီ၏လုံခြုံရေးအား သူတို့၏နှလုံးသားထဲ၌ တကယ်ကြီးထည့်ထားပုံပင်။


လင်ရဖုန်ရှောင်းက လင်ရှုအား မေးလာသည်။


“ရှင်ရော ရထားလုံးစီးမှာလား”


လင်ရှုက ငြင်းခုန်သန်သည့်စိတ်ဝိဥာဉ်နှင့် ကြီးမြတ်လှသည့်သခင်မလေးတို့အကြားရှိ ကောင်းကျိုးဆိုးပြစ်အား ချိန်ဆလိုက်ကာ နောက်ဆုံးတွင်တော့ ပြောလိုက်သည်။


“မစီးတော့ဘူး”


ကြီးမြတ်လှသည့်သခင်မလေးက ပြောလာသည်။


“ဒါဆိုလည်း ကျွန်မတို့တွေ ကျောက်ယဲ့ကိုပဲ စီးကြတာပေါ့”

 

ကျောက်ယဲ့က လင်ရှုအား အလွန်အမင်းကို ရင်းနှီးနေဆဲဖြစ်သည်။


 ဒီနေရာတွင် စီးရသည့်အလေ့အကျင့်အား ရသွားပြီးနောက် လင်ရှုက ပို၍သက်တောင့်သက်သာ ရှိလာတော့သည်။


“ကျွန်မထင်တာက လှည့်ကွက်တွေ ပိုသုံးရလိမ့်ဦးမယ်လို့လေ” သူ့နောက်ဘက်ရှိ လင်းဖုန်းရှောင်က ပြောလာသည်။ 


“သူ့ကို အဲလောက်ထိ စည်းရုံးရလွယ်မယ်လို့ ထင်မထားဘူး”


လင်ရှုက မတတ်နိုင်ဘဲ အနည်းငယ် ရယ်မောလိုက်သည်။


ဒီအရှင်သခင်ဟောင်းယွဲ့က နည်းနည်းလေး ချစ်ဖို့ကောင်းနေဆဲပဲ။


လင်းဖုန်ရှောင်ရက ထပ်ပြောလာသည်။


“ကံမကောင်းစွာပဲ ရှင်တော့ မှားယွင်းခံလိုက်ရပြီ။ သူတို့တွေသာ မိစ္ဆာရဲ့အရင်းအမြစ်ကို ရှာတွေ့သွားတာနဲ့ စီနီယာယွဲ့က ကျွန်မစောစောကပြောခဲ့တာကို အမှတ်ရပြီး ရှင်က သူနဲ့အတူ စကားလုံးတိုက်ပွဲ လုပ်ရလိမ့်မယ်။ ဒါပေမဲ့ ရှင်စကားပြောဖို့ မလိုပါဘူး”


လင်ရှု “…”


တစ်ခဏကြာပြီးနောက် သူကတုံ့ပြန်လိုက်သည်။ ကြီးမြတ်လှတဲ့သခင်မလေးက သူ့ကို သူမရဲ့သတို့သားလောင်းအဖြစ် ဟန်ဆောင်စေချင်တာလား။ ယွဲ့ပုဟွမ်ကို အရူးလုပ်ဖို့လေ ။


—ဒီလူကအတော်လေးကို ဥာဏ်နီဥာဏ်နက်များသည်။ သူမ ပြောခဲ့သည်က ထိုလူ့ထံတွင် မည်သည့်အမှားမှ ရှာမရနိုင်ဘူးဟုသာဖြစ်ပြီး စကားရည်လုရာ၌ မည်မျှကောင်းသလဲဆိုသည့်အကြောင်းအား လုံးဝမပြောခဲ့ပေ။ 


အကယ်၍ လူတစ်ယောက်ကသာ ပါးစပ်မပါသည့် ဘူးသီးခြောက်ကဲ့သို့ စကားမပြောရန် လုံးဝငြင်းဆိုနေပါက မည်သည့်အမှားမှ ရှာရနိုင်မည်မဟုတ်ပေ ။


ကျောက်ယဲ့က အရှေ့ဘက်သို့ ပြေးထွက်သွားပြီး အိမ်မက်ခန်းမဆောင်၏ရထားလုံးသည်လည်း လျင်မြန်စွာ ခရီးဆက်လာသည်။ ထို့နောက် ရှန်းလင်တောင်ခြေသို့ တစ်ခဏအတွင်းမှာပင် ရောက်လာတော့သည်။


စိတ်ဝိဥာဉ်စင်မြင့်ထက်သို့ စိတ်စွမ်းအား လွှဲပြောင်းလိုက်ပြီးနောက် တောင်ထွတ်၏ဝင်ပေါက်က တဖြည်းဖြည်းချင်း မြင့်တက်လာတော့သည်။


လင်းဖုန်းရှောင်က စကားပါးရန် သူမ၏ကျောက်စိမ်းပြားအား ထုတ်ယူလိုက်ပြီး သူတို့တွေက ဂိတ်တံခါးဝတွင် ရပ်နေကာ ဝင်ခွင့်ကို စောင့်ဆိုင်းနေလိုက်သည်။


ပထမဆုံးအကြိမ် လင်ရှုအတွက် အကယ်ဒမီအား ဝင်ရောက်ပြီး တောင်တံခါးအား လာရောက်ချိန်တွင် နေရာတစ်ခုလုံးက သူနှင့်စိမ်းသက်နေကာ လျင်မြန်စွာထွက်ခွာခဲ့သည့်အတွက် အနီးက ပ်ကြည့်ကြည့်လိုက်သည်။


ယခု သူတို့တွေက ဂိတ်တံခါး၏အပြင်ဘက်၌ စောင့်ဆိုင်းနေသည့်အတွက် နောက်ဆုံးတွင်တော့ ဂိတ်တံခါး၏တစ်ဖက်တစ်ချက်ဆီတွင်ရှိသည့် စာလုံးတို့အား မြင်တွေ့လိုက်ရတော့သည်။


မသေမျိုးကျင့်ကြံရေးနှစ်ပေါင်းတစ်ရာအတွင်း တစ်စုံတစ်ယောက်၏ရည်မှန်းချက်က ကျန်းဟူ၏မြင်ကွင်းတွင်သာ ရှိလိမ့်မည် ။


တောင်တံခါး၏အလယ်တွင် စာလုံးလေးလုံးအား ထွင်းထုထားသည်။


“သေခြင်းတရား၏ပြောင်းပြန်သဘော”


အလွန်အမင်း အင်အားကြီးလှသည်။


အမွှေးတိုင်တစ်တိုင်စာခန့် လောင်ကျွမ်းပြီးလောက်သည့်အချိန်တွင် လင်းဖုန်းရှောင်က ဖျော့တော့စွာ ပြောလာသည်။ “ဆရာသခင်က ဒီကိုရောက်လာပါပြီ”


လင်းဖုန်းရှောင်ပြောသည့် ဆရာသခင်ဆိုသူက ရှန်းလင်အကယ်ဒမီ၏ အကြီးပိုင်းအရာရှိ ရှန်းလင်ကျန်းပင်။

 

လင်ရှုသည် ယခင်က သူ့ကို ကြားခဲ့ဖူးသော်လည်း တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဒါကိုကြားပြီးနောက် သူ့၏အကြည့်အား တောင်တံခါးဆီမှ ပြန်ဆုတ်လိုက်ကာ ရှေ့သို့ကြည့်လိုက်သည်။


ပုံရိပ်တစ်ခုက မသေမျိုးမြူငွေ့များကြားမှ လမ်းလျှောက်ထွက်လာသည်။


သူ၏သွင်ပြင်အရဆိုလျှင် အသက်သုံးဆယ်ပိုင်းတွင်ရှိနေကာ ကွန်ဖြူးရှပ်တပည့်များကဲ့သို့ ဆံပင်တစ်ဝက် စည်းထားပြီး နက်ပြာရောင်ဝတ်ရုံအား ဝတ်ဆင်ထားပေသည် သူ့မျက်ခုံးတို့က ကျက်သရေရှိမှုဖြင့် ပြည့်နေကာ စိတ်နေသဘောထားသည်လည်း တည်ငြိမ်အေးချမ်းလှသည်။


ထိုအကြီးပိုင်းအရာရှိက အရင်ဦးဆုံး ယွဲ့အရှင်သခင်ဟောင်းအား ကြီးကျယ်သည့် ဦးညွှတ်မှုတစ်ခုပေးလိုက်ပြီး :


“ဂုဏ်သရေရှိစီနီယာကို ထာဝရကျေးဇူးတင်ပါတယ်”


ယွဲ့အရှင်သခင်ဟောင်းက သူ့မျက်လုံးအား ပွတ်လိုက်ကာ 


“အိုး”


ထို့နောက်တွင်တော့ သူက လင်းဖုန်းရှောင်ဘက်ကို လှည့်လာကာ အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်။


“အရှင်မင်းသမီး”


လင်ရှုက သူ့အား ကြည့်လိုက်သည်။


သူဟာ ရင်းနှီးနေသည်ဟု ခံစားနေရသည်။


ထိုအကြီးပိုင်းအရာရှိကသာ ခုနစ်နစ် ရှစ်နှစ်ခန့် ပိုငယ်ပြီး ထိုမျက်ခုံးတို့အား တည်ငြိမ်မှုကနေ သန့်စင်ပြီး ကြင်နာမှုသို့ ပြောင်းလိုက်ပါက…..


-လူကြီးမင်းမုန့်နှင့် ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူလောက်သည်။

******