Ch 42
Viewers 3k

အပိုင်း (၄၂) ဝါးလေးအား စောင့်ဆိုင်းခြင်း 


မိစ္ဆာအတတ်ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများအားလုံးကို ရှာတွေ့ပြီဖြစ်သည်။ ထိုပစ္စည်းတွေက မိစ္ဆာစွမ်းအင်အား စုဆောင်းကာ မိစ္ဆာများအား အာဟာရ ဖြည့်တင်းပေးနေတာဖြစ်သည်။ ရေဘဝဲမိစ္ဆာက သူတို့ထဲမှ တစ်ကောင်ဖြစ်ပြီး စီနီယာယွဲ့နှင့်ဆိုလျှင် သူတို့အားလုံးအား အမြစ်ပြတ်ချေမှုန်းရန်က မခက်ခဲတော့ပေ။ ရှန်းလင်ကျန်းက ချက်ချင်းပင် ကျန်ရှိနေသည့် မိစ္ဆာအားလုံးအား ရှင်လင်းပစ်ရန် အမိန့်ပေးလိုက်သည် ။


မိစ္ဆာအတတ်ဖြင့် ပြုစားထားသည့်ပစ္စည်းကိစ္စအား ဖြေရှင်းပြီးနောက် အရေးကြီးသည့်မေးခွန်းတစ်ခု ရှိနေပေသည်။ မည်သူက ထိုမိစ္ဆာအတတ်ဖြင့် ပြုစားထားသည့်ပစ္စည်းများအား သလင်းရောင်ကောင်းကင်ဘုံမှာ စိုက်ပျိုးထားခဲ့သည်လဲ။


ပေရှဘက် လူတွေကများ ရှန်းလင်အကယ်ဒမီမှာ ပုန်းကွယ်နေတာလား။


သို့သော် ပေရှ၏မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများအားလုံး၏ပတ်လည်တွင် မကောင်းသည့် အငွေ့အသက်များရှိသည်။ ပြီးလျှင် သူတို့တွေက ယွဲ့ပုဟွမ်၏မျက်လုံးများအောက်မှ မလွတ်မြောက်နိုင်ပေ။


တစ်ခုတည်းသော ရှင်းပြချက်ကတော့ တစ်ယောက်ယောက်ဟာ အကယ်ဒမီထဲတွင် မိစ္ဆာအတတ်ဖြင့်ပြုလုပ်ထားသည့် စည်းတံဆိပ်အား ဒီနေရာတွင် ထားခဲ့ပြီးနောက် ထွက်ခွာသွားတာပင်။


—ရှန်းလင်အကယ်ဒမီက အထပ်ထပ်သော ကာကွယ်ရေးစည်းတံဆိပ်များဖြင့် တောင်ထွတ်ကို ကာကွယ်ထားတာပင်။ စည်းတံဆိပ်အများစုအား ပေရှမိစ္ဆာများကို ဆန့်ကျင်တိုက်ခိုက်ရန် ဒီဇိုင်းဖော်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ တကယ်ကြီးကို ရှန်းလင်အကယ်ဒမီအား သူတို့၏နောက်ဖေးခြံဝန်းကို လာပြီး ထွက်သွားနိုင်သည်ဆိုပါက ကာကွယ်ရေးစည်းတံဆိပ်များ၏ ပေါ်လွင်နေတဲ့ ကျရှုံးမှုအား စိတ်မပူဘဲ မည်ကဲ့သို့ နေနိုင်ပါ့မည်လဲ။


“ဒီနေရဲ့အစီအစဉ်ကတော့ ထောက်ပံ့ရေးတပည့်တွေကို ကာကွယ်ရေးစည်းတံဆိပ်မှာ အပေါက်တွေရှိမရှိ စုံစမ်းစစ်ဆေးဖို့ပဲ” ရှန်းလင်ကျန်းက ပြောလာသည်။


လင်းဖုန်းရှောင် : “ဖြစ်ကောင်းဖြစ်နိုင်တာက ပေရှရဲ့မိစ္ဆာအတတ်နဲ့လုပ်ထားတဲ့ပစ္စည်းမှာ ပြောင်းလဲမှုတချို့ ရှိနေလောက်တယ်”


“အကယ်ဒမီက မိစ္ဆာတွေကို လေ့လာနေပြီး သူတို့ကိုကိုင်တွယ်ဖို့ နည်းလမ်းကို ရှာဖွေဖို့ ရည်ရွယ်ထားတယ်”


လင်းဖုန်းရှောင် : “အမ်း”


လင်ရှုက ရှန်းလင်ကျန်း၏တွေးခေါ်ပုံအား နားလည်ပေးနိုင်သည်။


ဗိုင်းရပ်စ်အား(မိစ္ဆာပိုးကောင်) အဆင့်မြှင့်တင်လိုက်လျှင် ကာကွယ်ရေးနံရံကိုလည်း အဆင့်မြှင့်တင်ရမည်မှာ သဘာဝပင်။


ကံကောင်းစွာနှင့် လင်းဖုန်းရှောင်က မိစ္ဆာများကို ရှာတွေသည့်အတွက် သူတို့တွေက အသတ်ခံရဖို့စောင့်နေသည့် ဘဲများမဟုတ်ပေ။


တစ်ခုတည်းသောအရာက ထိုမိစ္ဆာများဟာ ဝါးခေါက်အား ရှာဖွေရန်အတွက် ကျူးကျော် ဝင်ရောက်လာသည်လားဆိုတာကို ဆုံးဖြတ်ရန်ကတော့ မဖြစ်နိုင်ပေ။ ရှန်းလင်ကျန်းသော်လည်းကောင်း လင်းဖုန်းရှောင်သော်လည်းကောင်း ထိုအကြောင်းအား မည်သူကမျှ ပြောမလာသောကြောင့်ပင်။


လင်ရှုခံစားရသည်က ထိုနှစ်ဦး၏ အိုင်ကျူနှင့် အကဲဖြတ်နိုင်စွမ်းက သူ့ထက် မဆိုးဝါးနိုင်ဟု ခံစားရသည်။

 

ပြီးလျှင် ထိုအကြီးပိုင်းအရာရှိက သူသည် ဝါးခေါက် ဖြစ်သည်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးသိသည်။ သို့သော်လည်း ထိုပြဿနာအား အစဖော်မလာပေ၊ သူကပဲ ကိစ္စတွေကို အတွေးလွန်နေတာလား။


လင်ရှုက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။


ကောင်းကင်က ကျဆင်းလာနေသော်လည်း ထိုသည်ကို ကြံ့ကြံ့ခံကိုင်ထားနိုင်သည့် အရပ်ရှည်ရှည်လူတစ်ယောက်ရှိနေသည်။


အကယ်၍သာ ထိုအရပ်ရှည့်သူက ကိုင်မထားနိုင်ပါက သူကရော ကိုင်ထားနိုင်မည်လား။


—မဟုတ်ဘူး…


သူ မလုပ်နိုင်ဘူးဆိုမှတော့ ဘာကိစ္စစိတ်ပူနေတာလဲ။ လှေက ကျောက်ဆောင်ကို တိုက်မိသွားလျှင် သဘာဝကျကျပဲ လှေမှောက်သွားမည်ဖြစ်သည်။


ထိုလူနှစ်ဦးဆွေးနွေးပြီးနောက် မိစ္ဆာမျိုးစေ့များအား စုစည်းလိုက်ကာ သူတို့အား ဖျက်ဆီးရန် အခင်းအကျင်းတစ်ခု ဖန်တီးလိုက်သည်။


လင်းဖုန်းရှောင်က ယွဲ့ပုဟွမ်ကိုမေးလာသည်။


“စီနီယာ တခြားမိစ္ဆာတွေရော ရှိနေသေးလား”


“သေချာတာပေါ့” ယွဲ့ပုဟွမ်က ပြောလာသည်။


“မြန်မြန်လေး အဲ့ခွေးလေးကို ခေါ်လိုက်တော့ ငါ ကြည့်စမ်းပါဦးမယ်”


လင်းဖုန်းရှောင်က ပြောလာသည်။


“သူက စီနီယာ့ရဲ့ဘေးမှာပါ”


လင်ရှုက ယွဲ့ပုဟွမ်၏ရှေ့တွင် ရပ်ရန် တိတ်တဆိတ်ရွှေ့လိုက်သည်။  “…..”


“အဲဒါမင်းလား” ယွဲ့ပုဟွမ်က သူ့အား မျက်စိမှေး၍ကြည့်ကာ ပြောလာသည်။


“မင်းကိုကြည့်ရတာ လူသားနဲ့တူသလိုပဲ”


လင်ရှု : “စီနီယာကတော့ ချီးကျူးလွန်းနေပါပြီ”


ယွဲ့ပုဟွမ်က ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ : “ချီးကျူးလွန်းတယ် ဟုတ်လား။ မင်းကိုကြည့်ရတာ ဖြောင့်မတ်ပြီး အတူတူရှိနေတာလေ။ ငါက မင်းကို လူသားနဲ့တူတယ်လို့ ပြောတော့ ငါက မှန်ကန်တဲ့စာကြောင်းကို ပြောရုံပဲလေ။ အဲဒါကို မင်းက ဘာလို့ “အလွန်အကျူး” ဆိုတဲ့ စကားလုံးနဲ့ “ချီးကျူးတယ်”ဆိုတာကို သုံးရတာလဲ။ ဘာလို့ဒီစကားလုံးတွေကို သာမန်ကာလျှံကာ သုံးရတာလဲ ရှင်းပြစမ်းပါဦး!”


လင်ရှု : “…….”


ယွဲ့ပုဟွမ်က ပြောလာသည်၊ “ဘာလို့ ဘာမှမပြောတာတုန်း။ မင်းကိုကြည့်ရတာ ကျုပ်ကြောင့် ပြောစရာစကား မဲ့သွားပြီနဲ့တူတယ်!”


ထို့နောက်တွင်တော့ လင်ရှုကသူ့ကို ပြန်လည်ချေပလာမည်အား ကြည့်နေလိုက်သည်။


လင်ရှု : “စီနီယာပြောတာ မှန်ပါတယ်”


ယွဲ့ပုဟွမ်က ငြင်းခုန်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေတာဖြစ်သည်။ သို့သော် ရုတ်တရက် သူ့လည်ချောင်းထဲ၌ သီးသွားပြီး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။


လင်းဖုန်းရှောင်က ရယ်မောလိုက်သည်။


လင်ရှုက ထိုသာယာဖွယ်ကောင်းသည့် ခပ်လွင်လွင်ရယ်သံလေးအား ကြားလိုက်ရပြီး လင်းဖုန်းရှောင်အား ကြည့်ရန် လှည့်လိုက်လေသည်။


လင်ရှုက ရုတ်တရက် သူမရဲ့လက်ချောင်းထိပ်တွင် သေးငယ်တဲ့မီးတောက်လေးတစ်ခု တောက်ပလာသည်ကို မြင်လိုက်ရသည်။ သူမက မိစ္ဆာမျိုးစေ့များအား ကိုင်တွယ်ရန် စီစဉ်နေတာပင်။ သို့သော် ရုတ်တရက် သူတို့ဘက်အား လှမ်းကြည့်လာပြီး သူမ၏နှုတ်ခမ်းထက်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့် ရှိနေပေသည်။

 

သူမရဲ့အပြုံးက အနည်းငယ် နွေးထွေးကာ သူမပိုင်ဆိုင်လေ့ရှိသည့် အေးစက်ပြီး အထက်ဆီးဆန်သည့်အကြည့်အား ပျော်ကျနေစေသည်။ ပြီးလျှင် သူမ၏ပုံရိပ်ကို အတိတ်ကနှင့် တစ်နည်းနည်းဖြင့် ကွဲပြားသွားစေသည်။


သူမ ရယ်မောလိုက်ပြီးနောက် ကြီးမြတ်လှတဲ့သခင်မလေးက သူမရဲ့လုပ်လက်စ ကိစ္စဆီကို ပြန်လှည့်လိုက်ကာ မိစ္ဆာမျိုးစေ့ ဆယ့်ခြောက်ခုရှိနေသည့် နက်ရှိုင်းလှသော တွင်းထဲသို့ ဝိဥာဉ်မီးတောက်အား ပစ်ထည့်လိုက်တော့သည်။


ထိုမီးက သာမန်မီးတစ်ခု မဟုတ်ပေ။ သူ့တွင် အဖြူရောင် အနားသတ်များရှိပြီး ဓာတုဗေဒဗဟုသုတရှိသည့် မည်သူမဆို ပြောနိုင်သည်က ထိုမီး၏အပူချိန်ဟာ အလွန်အမင်းကို မြင့်မားလှသည်ဆိုတာပင်။ မီးတောက်၏အဓိကကိုယ်ထည်က လင်းဖုန်းရှောင်၏ဝိဥာဉ်စွမ်းအင်ဖြစ်သည့် သိပ်သည်းသည့်အနီရောင် ဖြစ်သည်။ ထိုမီးတောက်က မိစ္ဆာမျိုးစေ့၏မျက်နှာပြင်အား ထိလိုက်သည်ဆိုသည်နှင့် အရူးအမူး ပျံ့နှံ့သွားတော့သည်။


ထိုတွင်းထဲမှ ထူထဲသည့် အနက်မီးခိုးငွေ့တွေ ရုတ်ချည်းထွက်ပေါ်လာပြီး မိစ္ဆာမျိုးစေ့များက ရုတ်တရက်ပင် နာကျင်သည့် အော်ဟစ်သံများကို ထုတ်လွှတ်လာသည်။ ထိုအသံက မြင့်မားကာ စူးရှပြီး စိတ်မချမ်းမြေ့ဖွယ် အလွန်အမင်း မသာယာစရာကောင်းသည့် ဆူညံသံအား ထုတ်လွှတ်လာသည်


လင်ရှုက ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ယွဲ့ပုဟွမ်၏ဝှီးချဲအား ဆွဲ၍ ထိုအကြီးအကဲ၏နားအား ထိခိုက်စေမည့်အသံမှ ကာကွယ်ချင်ခဲ့တာပင်။


ယွဲ့ပုဟွမ်က ကျယ်လောင်စွာ အော်ဟစ်လာသည်။


“မလှုပ်နဲ့”


လင်ရှုက ရပ်တန့်သွားရသည်။


ယွဲ့ပုဟွမ်က အဝေးတစ်နေရာအား စိုက်ကြည့်နေပြီး အိမ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသည့်အလားပင်။ သူက လျင်မြန်စွာအသက်ရှုကာ သူ၏ရင်ဘတ်က မြင့်တက်လိုက် နိမ့်ကျလိုက်ဖြစ်နေပေသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည်တော့ လုံးလုံးမျှ မလှုပ်ပေ။


ယွဲ့ရို့ယွင်က တိတ်တဆိတ်မေးလာသည်။ “အဘိုး ဘာမှားနေလို့လဲ”


ယွဲ့ရို့ဟယ်သည်လည်း သိသိသာသာကို စိုးရိမ်နေပေသည် 


ယွဲ့ပုဟွမ်က သူ၏ညာလက်ဖြင့် ဝှီးချဲ၏လက်ကိုင်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် တစ်ခဏကြာပြီးနောက် သူ့ရင်ဘတ်၏လှုပ်ရှားမှုက တစ်ဖြည်းဖြည်းချင်း ကွယ်ပျောက်လာပြီး တီးတိုးပြောလာသည်။


“သူခိုးတွေ….ပေရှကသူခိုးတွေ”


ယွဲ့ရို့ယွင် : “အာ”


ယွဲ့ပုဟွမ်က မီးထဲတွင် လောင်ကျွန်းနေသော မိစ္ဆာမျိုးစေ့တို့အားကြည့်ကာ တစ်ခဏခန့် တိတ်ဆိတ်နေသည်။ ထို့နောက်တွင်တော့ သူက ရုတ်တရက် အော်ဟစ်လာသည်။


“ရိယောင်” ထို့နောက် သတိလစ်သွားတော့သည်။


ရှန်းလင်ကျန်းက ချက်ချင်းပင် လျှောက်လာပြီး ယွဲ့ပုဟွမ်၏သွေးခုန်နှုန်းအား စမ်းကြည့်ရန် လက်လှမ်းလိုက်သည်။


“စိတခံစားချက်ရဲ့လှုံ့ဆော်ခံရတာ မထိန်းချုပ်နိုင်တဲ့ သွေးနဲ့ချီဓာတ်” သူက ပြောလာသည်။


“စီနီယာက အဆက်ပြေပါတယ် တစ်နာရီ နှစ်နာရီလောက်ကြာပြီးရင် သူ့ဘာသာ နိုးလာလိမ့်မယ်”


ယွဲ့မိသားစုရှိ ငယ်ရွယ်သည့် မိသားစုဝင်များက အလွန်အမင်းစိုးရိမ်နေကြကာ ချက်ချင်းပင် ပြောလာသည်။


“ကျွန်တော်တို့ရဲ့ဂိုဏ်းသခင်ကို အနားယူဖို့ ပို့လိုက်ပါ့မယ်”


ရှန်းလင်ကျန်းက ခေါင်းညိတ်လိုက်သည်။


“မြန်မြန်လေး သွားကြ”

 

ထို့နောက် ရှန်းလင်ကျန်းက လင်းဖုန်းရှောင်ဘက်သို့ ခေါင်းလှည့်ကာ :


“မိစ္ဆာမျိုးစေ့တွေကို ဖျက်ဆီးပြီးသွားပြီဆိုတော့ ဒီကိစ္စက အချိန်တစ်ခုလောက်ထိတောဘ ပြီးသွားပြီ”


လင်းဖုန်းရှောင်က ပြောလာသည်။ “ဆရာ တယ်လို့ ဘာမှထပ်မရှိတော့ဘူးဆိုရင် ကျွန်မတို့ အရင်သွားနှင့်ပါမယ်”


“သွားတော့” ရှန်းလင်ကျန်းက ပြောလာသည်။


“သဲလွန်စတွေထပ်ရှိရင် ငါမင်းကို ထပ်ပြီးလာရှာလိုက်မယ်”


လင်းဖုန်းရှောင်က လင်ရှုဆီသို့ လျှောက်လာကာ ပြောလာသည်။ “ပြန်သွားကြစို့”


လင်ရှုက ရှန်းလင်ကျန်းဟာ သူ့ကို ကြည့်နေသည်ဟု ခံစားနေရသည်။


သူက ဘာကိုမှ သတိမပြုမိဟန်ဆောင်ကာ ရှန်းလင်ကျန်းအား ရိုသေစွာ နှုတ်ဆက်ပြီးနောက် လင်းဖုန်းရှောင်နှင့် ထွက်သွားတော့သည်။


ပြန်သွားသည့်လမ်းတွင် လင်းဖုန်းရှောင်က ရုတ်တရက် ပြောလာသည်။


“ရှင် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ချန်းယန်တိုက်ပွဲကို သိလား”


လင်ရှု : “မသိဘူး”


“မိစ္ဆာမျိုးစေ့အပြင် ပေရှဘက်ကကျင့်ကြံသူတွေက သွေးအဆိပ်ခတ်ခြင်းကိုလည်း အသုံးပြုကြတယ်” လင်းဖုန်းရှောင်က သူ့အား ဗဟုသုတနည်းနည်းပဲ ရှိသည့်အတွက် အပြစ်တင်မလာပဲ ရိုးရှင်းစွာ ပြောလာသည်။


“သွေးအဆိပ်ခတ်ခံရတဲ့လူက တဖြည်းဖြည်းချင်း စိတ်ရှုပ်ထွေးလာပြီး ကြီးမြတ်တဲ့စုန်းမရဲ့ အထိန်းချုပ်ခံ အသက်ရှင်နေတဲ့ အလောင်းသာသာ ဖြစ်သွားကြတယ်။ သူတို့တွေမှာ ထိုးဖောက်လို့မရတဲ့ ခန္ဓာကိုယ်နဲ့ သေလည်းမသေနိုင် ရှင်လည်းမရှင်နိုင်ကြဘူး။ ပြီးတော့ စိတ်ဝိဥာဉ်စွမ်းအားနဲ့ လောက်ကျွမ်းတာမျိုးမှ မဟုတ်ရင် အနိုင်ယူလို့လည်း မရနိုင်ဘူး”


လင်ရှုက တိတ်တဆိတ် နားထောင်နေလိုက်သည်။


“စီနီယာယွဲ့မှာ တစ်ခါက ဇနီးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူမက တောင်ဘက်ပင်လယ်ဓားဂိုဏ်းက ဓားသမားတစ်ဦးပဲ။ သူတို့တွေ ငယ်ငယ်တုန်းက အတူတူရှိခဲ့ကြပြီး အရမ်းလည်း ချစ်ခဲ့ကြတယ်တဲ့” လင်းဖုန်းရှောင်က ပြောလာသည်။


“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုနိးက နန်ရှနဲ့ ပေရှတို့က အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။ မူလက နန်ရှဘက်က အရေးသာနေပေမဲ့ ပေရှဘက်ကနေ သွေးအဆိပ်ခတ်တဲ့နည်းလမ်းကို အသုံးပြုပြီး မရေမတွက်နိုင်တဲ့ အသက်ရှင်နေတဲ့ အလောင်းတွေကို တိုက်ပွဲကွင်းပြင်ထဲ ထည့်လိုက်ပြီး နန်ရှကို ပြန်ဆုတ်စေခဲ့တယ်”


“စီနီယာယွဲ့ရဲ့ဇနီးက သွေးအဆိပ်ခတ်တာကို ခံစားခဲ့ရပြီး တစ်ဖြည်းဖြည်းနဲ့ အသက်ရှင်နေတဲ့အလောင်းကောင် ဖြစ်သွားခဲ့တယ်။ အဆုံးမှာ စီနီယာယွဲ့က သူ့ရဲ့ချစ်မြတ်နိုးရတဲ့ ဇနီးရဲ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် ဝိဥာဉ်စွမ်းအားနဲ့ မီးရှို့ခဲ့ရတယ်လေ” လင်းဖုန်းရှောင်က ဖျော့တော့စွာ ပြောလာသည်။ “အဲဒါက အခုလေးတင် သူက ဘာလို့ပြင်းပြင်းထန်ထန် တုံ့ပြန်တာလဲဆိုတာပဲ”


လင်ရှု : “….အဲတော့ ဒီလိုကြောင့်ကိုး”


ယွဲ့ပုဟွမ်ဟာ မူလက သူ့မြေးတွေ၏နာမည်ကိုပင် မှတ်မိရန် ကျရှုံးကာ လုံးဝကို ရှုပ်ထွေးနေပေမဲ့ ထို့နောက်တွင်တော့ “ရိယောင်” ဟု ရုတ်တရက်ကြီး အော်ဟစ်လာသည်။ ထိုသည်က လင်းဖုန်းရှောင် အခုလေးတင်ပြောသည့် သူ၏ဇနီးဖြစ်ရမည် ထိုကံစီမံရာ ရှငိးပြချက်နှင့်ဆိုလျှင် အတော်လေး ဝမ်းနည်းဖို့ကောင်းသည်။


လင်းဖုန်းရှောင်က ပြောလာသည်။


“တိုက်ပွဲထဲက ဓားမှာ မျက်စိမရှိဘူး။ အကယ်ဒမီကတောင် အန္တာရယ်ကနေ မလုံခြုံနိုင်ဘူး”


လင်ရှု : “အမ်း”


“ကျွန်မက ရှင့်ကို အမြဲတမ်း စောင့်ရှောက်ပေးမှာဆိုပေမဲ့ ပျက်ကွက်မှုတစ်ချို့ ရှိနိုင်တာက မလွဲဧကန်ပဲ။ အဲဒီတော့ ရှင့်ကိုယ်ရှင် ကာကွယ်နိုင်မဲ့ နည်းလမ်းတချို့ ရှိသင့်တယ်”

 

လင်ရှု : “ငါ နားလည်ပါတယ်”


ဒါသည်လည်း သူ တွေးနေခဲ့သောအရာပင်။


သိုင်းပညာ၏ထောက်ပံ့ပေးမှုမရှိလျှင် သူ့နှလုံးသားထဲ၌ အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေလောက်သည်။


လင်းဖုန်းရှောင်က ပြောလာသည်။ “ပထမဆုံး လက်နက်တချို့ သွားရွေးရအောင်”


ထို့နောက် လင်ရှုဟာ ရတနာခန်းမဆီသို့ ကြီးမြတ်လှတဲ့သခင်မလေးရဲ့ခေါ်သွားခြင်းအား ခံလိုက်ရတော့သည်။


ထို့နောက်တွင်တော့ သူဟာ ကြီးမြတ်လှသည့်သခင်မလေးက စျေးအကြီးဆုံးအောက်တွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းသင်္ကေတကို ဖြုတ်လိုက်ကာ သယ်ယူရလွယ်ကူသည့် လက်နက်ပုန်းတို့အား ဗီရိုထဲမှ ထုတ်ယူလိုက်သည်ကို ကြက်သေသေစွာဖြင့် မလှုပ်မယှက် ကြည့်နေမိတော့သည်။


ကျောက်စိမ်းသင်္ကေတကို ဖြုတ်လိုက်တာက—ဝယ်မယ်လို့ ဆိုလိုတာပဲ။


ထို့နောက် လင်းဖုန်းရှောင်က ဓားများ ထားထားသည့်ဘက်သို့ လျှောက်သွားကာ ကောင်းမွန်သည့်ဓားတချို့အား ရွေးယူလိုက်သည်။


ဓားများထားသည့်အပိုင်းတွင် အရင်ကလင်ရှုမြင်ဖူးသည်ထက် ပိုများသောလူများ ရှိနေသည်။


ထိုလူတွေက ဓားရွေးချယ်ရာတွင် အလေးအနက် ဖြစ်နေပုံ မပေါ်ပေ။ သူတို့က စုဝေးနေကာ အုပ်စုဖွဲ့၍ စကားပြောနေကြသည်။ သူတို့ထဲက အများစု တာအိုကျောင်းတော်၏ တပည့်များဖြစ်ပြီး ရှုကျောင်းတော် သို့မဟုတ် ကွန်ဖြူးရှပ်ကျောင်းတော်မှ တပည့်အနည်းငယ်လည်း ရှိသည်။ ထိုကျောင်းတော်နှစ်ခုက လူများကတော့ လက်နက်များအား လာကြည့်သည်က ရှားပါးလှသည်။ ထို့ကြောင့် ယနေ့မြင်ကွင်းက အတော်လေး ထူးဆန်းနေပေသည်။


လင်းဖုန်းရှောင်က မေးလိုက်သည်။ “မင်းတို့က ဒီမှာဘာလုပ်နေတာလဲ”


“သခင်မလေးကို ပြန်ဖြေပါတယ်” သူတို့တွေက ဗလုံးဗထွေး ရေရွတ်လာသော်လည်း အံ့ဩသင့်စရာကောင်းသည့် ယေဘုယျအကြောင်းပြချက် ရှိနေသည်။


“ကျွန်တော်တို့ တစ်ယောက်ယောက်ကို စောင့်နေတာပါ”


လင်းဖုန်းရှောင် : “ဘယ်သူလဲ”


“ရှစ်မေ့ဝါးခေါက်ပါ!” သူတို့က စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။


လင်းဖုန်းရှောင်က မျက်မှောင်ကြုတ်သွားသည်။


လင်ရှုက တွေးလိုက်သည်။ သေစမ်း လင်းဖုန်းရှောင်က ဝါးခေါက်နဲ့ အစပြုရမှာကို မကြိုက်ဘူး။ ဒါကို သူ့ဆီ သယ်လာကြသေးတယ်။ ကြီးမြတ်လှတဲ့သခင်မလေးက နောက်ဆုံးတော့ စိတိငြိမ်သွားတာ ရက်အနည်းပဲ ရှိသေးသည်။ သို့သော် သူမထပ်ပြီး စိတ်ဆိုးမာန်ဆိုးဖြစ်မည်အား လင်ရှုက စိုးရိမ်နေပေသည်။


ထို့နောက် လင်းဖုန်းရှောင်က မေးလာသည်။


“သူမကို တွေ့ပြီလား”


“ကျွန်တော်တို့လည်း သူမကို ဘယ်တုန်းကမှမမြင်ဖူးတော့ ဒီနေရာမှာ စောင့်ဆိုင်းနေတာ” တစ်ယောက်ယောက်က ပြောလာသည်။


“ဝါးခေါက်ရှစ်မေ့မှာ ပြိုင်ဘက်မရှိတဲ့ ထူးချွန်တဲ့ ဓားရေးစွမ်းရည်ရှိတယ်လေ။ ကျုပ်ဖြင့် သူ့ကို အချိန်အကြာကြီးကတည်းက လေးစားနေခဲ့တာ!”


တကယ်ကြီး အဲဒါက အရမ်းကို ရှက်ဖို့ကောင်းတာပဲ ။


လင်ရှု၏မျက်လုံးထဲတွင်တော့ ထိုသူက သူ့ကိုယ်သူအတွက် တွင်းတူးနေသည်ဟုသာ ခံစားနေရသည်။


လင်းဖုန်းရှောင်က အေးစက်စွာ မေးလာသည်။


“အဲတော့”

 6

“အဲဒါကြောင့် ကျုပ်တို့က ဝါးခေါက်ဓားသွားကို စောင့်ကြပ်နေကြတာ။ တာအိုကျောင်းတော်က ဘယ်သူကမှ အဲဒါကို မဝယ်ရဲဘူး။ အဲတော့ တစ်ယောက်ယောက်ကသာ အဲဒါကို လာဝယ်ရင် အဲဒါက ဝါးခေါက်ရှစ်မေ့ပဲ ဖြစ်ရမယ်”


ထိုလူအုပ်စုက စတင်တွတ်ထိုးနေပြီး 


“ဝါးခေါက်ရှစ်မေ့က ဝါးခေါက်ဓားကို သေချာပေါက် ဝယ်ချင်နေမှာပဲ။ ကျုပ်တို့တွေသာ သူမရဲ့ပုံစံအမှန်ကို သိချင်တယ်ဆိုရင် ဒါက အလုံခြုံဆုံးနည်းလမ်းပဲ!”


“ကျုပ်တို့တွေ စိတ်ရှည်ပြီး စောင့်ဆိုင်းမှရမယ်။ အကြာကြီး စောင့်ဆိုင်းရမယ်ဆိုပေမဲ့ ဘယ်လောက်ပဲ ကြာကြာစောင့်ရပါစေ ကျုပ်တော့ ကျေနပ်တယ်ဗျို့”


“ဝါးခေါက်ရှစ်မေ့က အခုတလော အိမ်မက်ကွင်းပြင်မှာ ပေါ်မလာသေးဘူး။ ကျုပ်တို့တွေ သူမရဲ့ဓားရေးစွမ်းရည်ကို ဆက်ပြီး မမြင်နိုင်တော့တာက တကယ့်ကို နှမြောစရာပဲ!”


“စီနီယာရှောင်ရှောက်ရဲ့ ဓားရေးစွမ်းရည်ကလည်း ညီတူညီမျှ ထူးချွန်ပါပေတယ်။ ဒါပေမဲ့လည်း ကုန်ကုန်ပြောရရင် သူက ယောက်ျားတစ်ယောက်လေ။ အိမ်မက်ကွင်းပြင်ရဲ့ အပြင်ဘက်မှာ သူ့ကိုမမြင်နိုင်တာက အဆင်ပြေတယ်။ ဒါပေမဲ့ လူတွေက ဝါးခေါက်ရှစ်မေ့ရဲ့သွင်ပြင်ကိုတော့ တကယ်ကြီး မြင်ချင်နေကြတာ!”


လင်ရှု : “……”


ဝါးခေါက်ရှစ်မေ့မှာ မင်းတို့မြင်ဖို့ ဘာပုံစံအစစ်မှ မရှိဘူးကွ။


မင်းတို့က ငါ့ကို အတည်ကြီး စောစောသေဖို့ အရောက်ပို့နေတာပဲ။


ကြီးမြတ်လှတဲ့သခင်မလေးက မနာလို မဖြစ်နိုင်ဘူးလား။


ဟုတ်တာပေါ့။ မနာလိုမှာပဲ ဘာလို့ဆို လူတွေက ဝါးခေါက်ကို ချီးကျူးပြီး ငါးပူတင်းလေးကို ဒေါသထွက်အောင် လုပ်နေတယ်လေ ။


သေချာပေါက်ပင် လင်းဖုန်းရှောင်၏နှုတ်ခမ်းတို့ သရော်သည့်အနေဖြင့် ကွေးတက်သွားကာ :


“ဆိုတော့ ဒီလိုကိုး….”


“ဟုတ်ပါတယ်!”


လင်းဖုန်းရှောင်ကဆက်၍ ဖြည်းညှင်းစွာ ပြောလာသည်။


“ဝါးခေါက်ဓားက ဒီလောက်တောင် ကောင်းတာလား”


“အဲဒါက သဘာဝကျကျပဲ တစ်မူထူးခြားတဲ့ ဓားတစ်လက်လေ။ ဝါးခေါက်ရှစ်မေ့က အဲဒါကို သေချာပေါက် ဝယ်လိမ့်မယ်!”


“အိုး” လင်းဖုန်းရှောင်က ပေါ့ပါးသည့်လေသံဖြင့် တုံ့ပြန်လာသည်။


သူမ၏အနီရောင်ဝတ်ရုံတို့က လွင့်ပျံ့နေကာ ကြီးမြတ်လှသည့်သခင်မလေးက ဝါးခေါက်ဟု အမည်ရသည့်ဓား၏အရှေ့သို့ ရပ်ရန် လျှောက်သွားလိုက်သည်။


“သခင်မလေး ဒီသတ္တုကိုကြည့်ပါဦး—”


သူတို့က လမ်းတစ်ဝက်မှာပင် ပင့်သက်ရှိုက်လိုက်ပြီး ထို့နောက် ရုတ်တရက် ရပ်တန့်သွားတော့သည်။


ဘဲတစ်အုပ်ကဲ့သို့ စကားပြောနေကြပြီး ဝါးခေါက်အား စောင့်ဆိုင်းနေသည့် ထိုလူအုပ်က ရုတ်ချည်းပင် သူတို့၏လည်ပင်းထဲ၌ တစ်ခါတည်း ဆို့သွားသည်ဟု ခံစားလိုက်ရသည်။


ကြီးမြတ်လှသည့်သခင်မလေးက ဝါးခေါက်ပေါ်ရှိ ကျောက်စိမ်းစည်းတံဆိပ်အား ဖြုတ်လိုက်ပြီး : “ကျွန်မဝယ်မယ်!”


“ဒါက…..” တစ်စုံတစ်ယောက်က ငိုချင်နေပြီး ပြောလာသည်။


“သခင်မလေး ညှာတာပေးပါဦး။ ကျုပ်တို့က ဒီဝါးခေါက်ဓားကို သူမဆီ လက်လွှဲပေးချင်—”


ကြီးမြတ်လှသည့်သခင်မလေးက ဖြည်းညှင်းစွာ ပြောလာသည်။

 

“ဒါပေမဲ့ ကျွန်မလည်း ဓားကောင်းတစ်လက်ကိုဝယ်ပြီး တစ်ယောက်ယောက်ကို ပေးချင်တယ်လေ”


ထိုနေရာတွင် စုရုံးနေကြသည့် ယောက်ျားလေးတပည့်များက ရုတ်တရက်ပင် ကြေကွဲဝမ်းနည်းနေသည့် ကိုယ်လုပ်တော်တစ်စုနဲ့ တူနေပေသည်။


ထို့နောက်တွင်တော့ လင်းဖုန်းရှောင်က လင်ရှုဆီသို့ လျှောက်သွားကာ လက်ရာမြောက်လှသည့် ကျောက်စိမ်းစည်း တံဆိပ်တစ်ဒါဇင်ခန့်အား သူ့လက်ထဲသို့ ထည့်လာသည်။


“ဒါတွေက လုံလောက်ပြီလား”


လင်ရှုက သွားကြိတ်နေသံသဲ့သဲ့ကိုပင် ကြားလိုက်ရသည်ဟု တွေးလိုက်မိသည်။


လင်ရှု : “လုံလောက်ပြီ”


သွားကြိတ်ရုံဖြင့် အဘယ်ကြောင့် ရပ်တန့်မည်တဲ့လဲ။ ကြည့်ရသည်မှာ လူတိုင်း၏ဓားဖြင့် နှစ်ပိုင်းဖြတ်ခံရတော့မည့်ပုံပင် ။


သို့သော်လည်း အဆုံးတွင်တော့ မည်သူကမှ ကြီးမြတ်လှသည့်သခင်မလေးရှေ့တွင် ပြဿနာမရှာရဲပေ။ သူတို့တွေ သူ့အား မုန်းတီးလျှင်ပင် ရွေးချယ်စရာမရှိဘဲ ထိုနေရာတွင် ရပ်နေရပေသည်။


လင်ရှုက သူဟာ အိမ်မက်မက်နေသည်ဟု ခံစားနေရသည်။ 


ကြီးမြတ်လှသည့်သခင်မလေးက ဝါးခေါက်အား မုန်းတီးနေပေမဲ့ မမျှော်လင့်ထားစွာဖြင့် သူ့အား ဝါးခေါက်အားရရန် ကူညီပေးလာသည်။


ထို့အပြင် ကြီးမြတ်လှသည့်သခင်မလေးကိုယ်တိုင် ဝယ်ပေးတာပင် ဘယ်သူပဲဖြစ်ပါစေ။ ဝါးခေါက်ဓားနောက်မှလိုက်၍ ဝါးခေါက်ဆိုသည့် တပည့်၏သရုပ်သကန်အား ခြေရာခံမည့် သူတို့အားလုံ၏အကြံအစည်အား ပယ်ဖျက်ပစ်လောက်သည်။


ပြောရလျှင် ဓားသည် ဝါးခေါက်အားရှာရန် တစ်ခုတည်းသော နည်းလမ်းပင် ထိုသည်က အရမ်းကောင်းမွန်ပြီး သူ၏ပြစ်မှုကြောင့်သာ ကြီးမြတ်လှသည့်သခင်မလေး ဝယ်ယူသည်အား ခံရတာပင်။ အခြားသော တန်ဖိုးကြီးလှသည့် လက်နက်များဟာလည်း ကြက်တစ်ကောင်ကိုပင် မချည်နိုင်သည့် စွမ်းအားကင်းမဲ့နေသည့် ဟမ်းစတာအား ပျိုးထောင်ရန်အတွက် ကြီးမြတ်လှသည့်သခင်မလေး၏ ဝယ်ယူခြင်းအား ခံရတာပင် ။


—စီနီယာအစ်ကိုတို့ ကျွန်တော် ခင်ဗျားတို့ကို စိတ်ပျက်စေမိပြီ။ 


လင်ရှုက ကျောက်စိမ်းစည်းတံဆိပ်အား ယူလိုက်သည်။


ထို့နောက်တွင်တော့ မရေမတွင်နိုင်သည့် စီနီယာအစ်ကိုတို့၏ နှလုံးသားများ ကွဲကြေသွားသံကို ကြားလိုက်ရသည်။


ကြီးမြတ်လှသည့်သခင်မလေးက သူတို့အား လုံးလုံးလျစ်လျူရှုထားကာ သူ့အားကြည့်၍ နူးညံ့စွာမေးလာသည် : “ရှင်ကြိုက်ရဲ့လား”


လင်ရှုဟာ ပျိုးထောင်ခံရသော ယောက်ျားတစ်ယောက်ဖြစ်ရသည့် ပျော်ရွှင်မှုအား အသေအချာကြီးကို ခံစားလိုက်ရသည်။


******