Ch 43
Viewers 3k

အပိုင်း (၄၃) အသက်ရှင်နေသည့် အလောင်း


လင်ရှု : “အင်း ကြိုက်တယ်”


လင်းဖုန်းရှောင်၏နှုတ်ခမ်းထောင့်တို့က ပုံမှန်မဟုတ်စွာ အနည်းငယ် တွန့်ကွေးသွားတော့သည်။


“အဲဒါဆို ကောင်းပြီ”


လင်ရှုဟာက စီနီယာအစ်ကိုများ၏မေးရိုးများက မြေပြင်ပေါ်ထိပြုတ်ကျသွားသည့်အသံကို ကြားလိုက်ရတော့သည်။


ဖြစ်တန်သည်မှာ ယနေ့မှစ၍ “ဝါးခေါက်ရှစ်မေ့ရဲ့ပုံစံအစစ်အမှန်က ဘာလဲ” ဆိုတာအပြင် သူတို့နှလုံးသားထဲ၌ သိလိုစိတ်နောက်တစ်ခုက ထပ်မံ၍ထည့်ပေါင်းလိုက်ပြီး ဖြစ်နိုင်သည်။ “ကြီးမြတ်လှတဲ့သခင်လေးရဲ့ဘေးနားက ဂျူနီယာညီလေးက ဘယ်သူလဲ”


ဘာလို့ ကြီးမြတ်လှတဲ့သခင်မလေးက ဒီလိုဂျူနီယာညီလေးတစ်ယောက်ကို ဖူးဖူးမှုတ် အလိုလိုက်နေရတာလဲ။


လင်ရှုသည်လည်း သိချင်နေတာပင်။


သို့သော် ထိုအကြောင်းကို မေးခဲ့သည့် နောက်ဆုံးတစ်ခေါက်တွင် ကြီးမြတ်လှသည့်သခင်မလေးက ဤသို့သာ ဖြေခဲ့ဖူးသည်။ 


“ကျွန်မသာ ရှင့်ကိုမထောက်ပံ့ဖူးဆိုရင် ရှောင်လင်းယန်ကို ပျိုးထောင်ပေးသင့်တာလား”


ဒါဟာ ထီပေါက်သည်နှင့် တူညီလုနီးပါးဖြစ်ပြီး ဝန်ထမ်းများအား ဘာကြောင့် သူအနိုင်ရတာလဲဟု မေးလိုက်ချိန်တွင် ဝန်ထမ်းက မေးစရာလိုလို့လားဟု ပြန်ဖြေလာသလိုပင်။


—ဟုတ်သည် လင်းဖုန်းရှောင်၌ ထိုစဉ်က ထိုအမူအရာမျိုးရှိနေပြီး မသိလျှင် သူမက စိတ်မနှံ့သည့်လူတစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။ ထိုသည်က သူ့အား ထပ်မံမေးမြန်းရန် ရှက်ရွံ့နေစေသည်။


လက်နက်များအား ဝယ်ပြီးနောက် သူတို့နှစ်ဦးက အောက်ထပ်သို့ သွားလိုက်ကြသည်။ သူတို့နှစ်ဦး ပထမထပ်ရှိ ဧည့်ကြိုခန်းမသို့ ရောက်သောအခါ လင်းဖုန်းရှောင်က ရပ်တန့်သွားသည် ။


“ကျွန်မကို ခဏစောင့်ပေး”


ပြီးနောက် သူမက ဝန်ဆောင်မှုပေးသည့်နံရံဆီသို့ ရှေ့ဆက်လုပ်ရန် သွားလိုက်တော့သည်။


ထိုသည်က အဓိပ္ပာယ်ရှိသည် ပြောကြသည်က ဇာမဏီနန်းမြင့်ဟာ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၏တစ်ဝက်ကို ပိုင်ဆိုင်သော်လည်း ကျောက်စိမ်းဝိဥာဉ်များက သေမျိုးတို့၏ သာမန်ရွှေတုံး ငွေတုံးများမဟုတ်ပေ။ တစ်စုံတစ်ယောက်က သူတို့အား ကုန်ကျရန် စေခိုင်းသည့်တာဝန်များအား လုပ်ရန်လိုအပ်သည်။ ယခုလေးတင် သူတို့ဝယ်ခဲ့သည့် မရေမတွက်နိုင်သည့်လက်နက်များက ကျောက်စိမ်းဝိဥာဉ်တုံးနှစ်သိန်းနီးပါးခန့် ရှိသည်။ ထိုစုစုပေါင်းက လင်ရှု၏ရူးမိုက်လှစွာသော စိတိကူးယဉ်ကမ္ဘာအား ကျော်လွန်နေသည်။


သို့သော်လည်း သူက ထိုကြီးမြတ်လှသည့်သခင်မလေးယူနေသည့် တာဝန်အား တွေ့သည့်အခါမှ သူဟာ သူမက ဘာကြောင့်ထိုကျောက်စိမ်းဝိဥာဉ်တုံးများအား အများအပြား ရနေသည်ကို သိသွားတော့သည်။


လင်းဖုန်းရှောင်က မျက်တောင်တစ်ချက်မခန်ပဲ ဖြုန်းနေကာ တစ်ခါတစ်ရံတွင်ပင် စျေးအကြီးဆုံး ရွေးချယ်စရာများကိုပင် ရွေးချယ်တတ်သေးသည်။


သူမ၏တာဝန်ကို ယူရာတွင်လည်း အတူတူပင်။


ထိုသည်က တာဝန်တွေဖြစ်နေသရွေ့ အင်မော်တယ်ကျောင်းတော်က လက်ခံမည်ဖြစ်သည် မင်ကျန်းမြစ်၏အနိမ့်ရှိပိုင်း မြစ်ကမ်းများတွင် ခြောက်လှန့်နေသော ရေမိစ္ဆာများအား နှိမ်နှင်းခြင်း၊ မည်သူမျှ ပြန်မလာခဲ့ဖူးသည့် “ရှစ်ချွယ်လှိုဏ်ဂူ” အား စူးစမ်းရှာဖွေရခြင်း ၊ “မိစ္ဆာထောင်ချီတွင်းနက်” ၏ အနက်ဆုံးအပိုင်းအား ရှားပါးလှသည့် “အရိုးဖြူပန်း” ဆေးဖက်ဝင်အပင်အား ခူးရန် အရဲစွန့်သွားရခြင်းတို့ အားလုံးက လင်းဖုန်းရှောင်၏သတ်မှတ်ချက်အတွင်းမှာပင် တစ်ခုချင်းစီက သိသိသာသာကိုပင်။ အလွန်အမင်း အန္တရာယ်များကာ အလားတူစွာပင် ချီးမြှင့်သည့်စျေးနှုန်းကလည်း အတော်လေး မြင့်မားပေသည်။

 

ထိုကဲ့သို့သော တာဝန်မျိုးအား ယူဆောင်ချင်သူ သာမန်တပည့်များက သူတို့မသွားခင်တွင် အုပ်စုဖွဲ့ရန် လိုအပ်ပေသည်။ ပြီးမှသာ ကျောက်စိမ်းဝိဥာဉ်တုံးများအား အညီအမျှခွဲဝေကြသည်။ သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးကဲ့သို့ မြင့်မားလှသည့် သိုင်းပညာစွမ်းရည်နှင့် ကျင့်ကြံဆင့်တို့ပြီး မင်ကျိုးမြို့ရှိ ဖုတ်ကောင်ဘုရင်ကိုပင်။ တစ်ယောက်တည်း အနိုင်ယူနိုင်သူက ထိုတာဝန်များအား သူမကိုယ်တိုင် အလွယ်လေးပြီးမြောက်အောင် လုပ်နိုင်ပေသည်။


ကျောက်စိမ်းစာချုပ်တချို့ လက်ခံပြီးနောက် လင်းဖုန်းရှောင်က သူ့အား ရှင်းပြလာသည် ။


“ဟွမ်သန်းတောင်ထွတ်ကနေအပြန်မှာပဲ အပြီးလုပ်နိုင်တယ်”


လင်ရှုက ခေါင်းညိတ်လိုက်သည်။


လင်ရှုဟာ ယူဆောင်ပြီးပြီဟု ညွှန်ပြနေသည့် နံရံပေါ်ရှိ မှိန်ဖျော့နေသော တစ်ဒါဇင်မကသည့် ကျောက်စိမ်းစာချုပ်တစ်ချို့အား ကြည့်လိုက်သည်။


တာဝန်များက အခြေအနေအမျိုးမျိုး လိုအပ်ကာ ခရီးသွားခြင်းကပင် အချိန်အများကြီး ကုန်စေနိုင်သည်။


“အစက ဒီလောက်အများကြီး လက်ခံစရာမရှိဘူး” ကြီးမြတ်လှသည့်သခင်မလေးက ပြုံးလိုက်သည်။


ဒါပေမဲ့ အခုကျတော့ လူတစ်ယောက် ထပ်ပြီး ပိုလာပြီလေ။


လင်ရှုက သူ့နှာခေါင်းအား ထိလိုက်ကာ အနည်းငယ် ရှက်ရွံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။


ပြောရလျှင်သူက ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးတစ်ဦးရဲ့ ပျိုးထောင်ပေးခြင်းခံရသည့် ဆန်းကြယ်မှုအပေါ် နစ်မြှုပ်မနေဘဲ မထိုက်တန်သည့်အပေါ် ငွေသုံးစွဲခြင်းအတွက် အားနာစိတ်ဖြစ်နေတာပင်။


သို့သော်လည်း ကြီးမြတ်လှသည့်သခင်မလေးကို ကြည့်ရသည်မှာ စိတ်ကောင်း ဝင်နေပုံရပြီး ထိုတာဝန်များအား ထပ်မံယူရသည့်အပေါ် စိတ်ရှုပ်နေပုံလည်းမရပေ။


အကယ်ဒမီက လုံးဝ မတင်းကျပ်ပေ။ သုံးလပြည့်တိုင်း တပည့်တိုင်းဟာ သူတို့၏တာဝန်ကို ပြီးမြောက်စေရန် တစ်လတိတိ အနားယူပြီး လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိသည်။ သို့မဟုတ် သူတို့၏စာလေ့လာမှုကို ဆက်လုပ်ရန် အကယ်ဒမီထဲတွင် နေလည်းရသည်။


နှစ်ပတ်ကြာပြီးလျှင် ဟွမ်သန်းတောင်ထွတ်သို့ သွားရမည့်နေ့ပင် ပိုင်ရှောင်ရှန်း၏ မှတ်တမ်းများအရ ဟွမ်သန်းတောင်ထွတ်ကိုသွားရန် ဆယ်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်၊ မြန်ဆန်သည့် သင်္ချာတွက်ချက်မှုအား လုပ်လိုက်ပြီးနောက် ဟွမ်သန်းတောင်ထွတ်မှ ပြန်လာပြီး အကယ်ဒမီထဲသို့ ဝင်ရောက်ပြီးကတည်းက ပထမဆုံးသောပိတ်ရက်အား အမိဖမ်းနိုင်တော့မည်ဖြစ်သည်။


လင်ရှုက ယခုတစ်လပိတ်မည့်အားလပ်ရက်အတွက် သူ၏အချိန်ဇယားအား စီစဉ်လိုက်သည်။


ထို့နောက်တွင်တော့ ပြဿနာတစ်ခုအား တွေ့လိုက်ရတော့သည်။


ကြီးမြတ်လှသည့်သခင်မလေးကလည်း ဟွမ်သန်းတောင်ထွတ်ကို သွားမည်ဖြစ်ပြီး တိုကင်လည်း ရှိရမည်ပင်။


အရင်တုန်းက သူမက သူ့အား ဟွမ်သန်းတောင်ထွတ်ကို သွားချင်သလားဟု မေးခဲ့ဖူးသည်။


ထိုအချိန်တုန်းက သူဟာ သူ၏အိမ်မွေးတိရစ္ဆာန်ဟူသော ဂုဏ်ပုဒ်အား သတိမပြုခဲ့မိဘဲ သူ၏သိုင်းပညာစွမ်းရည်ကို အိမ်မက်ကွင်းပြင်ထဲ၌ စမ်းသပ်ချင်ခဲ့သည်။ ထို့ကြောင့် လင်းဖုန်းရှောင်၏ကမ်းလှမ်းချက်အား ပယ်ချလိုက်တော့သည်။


ယခုတော့ သူဟာ စစ်မှန်သောသိုင်းပညာကွင်းပြင်၌ ထိပ်ဆုံးအဆင့်သုံးဆယ်တွင် ရှိနေပြီး ဟွမ်သန်းတောင်ထွတ်အား သွားရန် အရည်အချင်း ပြည့်မှီသည်။ အကယ်ဒမီက အယောက်သုံးဆယ်ပါသော အုပ်စုအားဦးဆောင်ကာ ရှုကျောင်းတော်၏ပျံသန်းနိုင်သော သင်္ဘောအားအသုံးပြု၍ တောင်ထွတ်ဆီသို့ ဝင်ရောက်မည်ဖြစ်သည်။

 

ထို့ကြောင့် သူတို့တွေ ပျံသန်းနိုင်တဲ့သင်္ဘောပေါ်တွင် တွေ့သောအခါ ဒါကို လင်းဖုန်းရှောင်အား မည်ကဲ့သို့ ရှင်းပြရမည်လဲ။


ဟေးးး သခင်မလေးရေ ငါတောင်းပန်ပါတယ်ကွာ။ ငါ ကမင်းအကူအညီကို ငြင်းဆိုခဲ့ပေမဲ့ ငါကိုယ်တိုင်ရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ တိုကင်တစ်ခုရနိုင်သေးတယ်။


ကြီးမြတ်လှသည့်သခင်မလေးက ပြောလိမ့်မည်။ အိုး… ဘယ်လိုလုပ်ပြီး အရည်အချင်း ပြည့်မှီတာလဲ။


သူက အမှန်တရားကိုသာ ပြောနိုင်ပေသည်။: စစ်မှန်သောသိုင်းပညာစွမ်းရည်ရဲ့ထိပ်ဆုံး သုံးဆယ်ထဲမှာ ဝင်နိုင်လို့လေ။


ကြီးမြတ်လှတဲ့သခင်မလေးက သေချာပေါက် မေးလိမ့်မည်။ ဘယ်နာမည်နဲ့ အဆင့်ထိပ်ဆုံးထဲမှာ ရှိနေတာလဲ။


အဲ့အချိန်ကျ သူ ဘာပြောသင့်လဲ။


ငါက ဝါးခေါက်လေ။


မဟုတ်ဘူး ကြီးမြတ်လှတဲ့ သခင်မလေးက ဝါးခေါက်ကို မနှစ်သက်ဘူး။


အခု သူဘာလုပ်နိုင်မလဲ။


လင်ရှုက သူ၏ထိတ်ပျာမှု မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။


အမှန်တရားကို ပြောရမှာလား ဒါမှမဟုတ် လိမ်လိုက်ရမလား။


ဘယ်လိုအလိမ်အညာမျိုးဆို အလုပ်ဖြစ်လောက်မလဲ။


သူနှင့် ခွန်းကြီးခွန်းငယ်စကားများကြလျှင် သေချာပေါက်ကို ကြီးမြတ်လှသည့် သခင်မလေးက ထပ်မံဒေါသူပုန်ထမှာပင်။


လင်ရှု၏လည်ချောင်းက တင်းကြပ်သွားတော့သည်။


သူဟာ ကြီးမြတ်လှသည့် သခင်မလေးနောက်မှလိုက်၍ ရတနာခန်းမမှ ထွက်လိုက်ပြီး သူ့ခေါင်းထဲတွင် အရူးအမူးပြေးလွှားနေသော အတွေးများကြား၌ နစ်မြှုပ်သွားတော့သည်။ ထိုသည်က သူတို့တွေ ဝင်ပေါက်အား မရောက်ခင်အချိန်ထိဖြစ်ပြီး တဖြောက်ဖြောက် ကျဆင်းနေသော မိုးစက်များမှ သူ့အား ပြန်လည်မလှုပ်နှိုးလိုက်ခင်အထိပင် ။


သူတို့နှစ်ဦး အတွင်းမှာရှိနေသည့် အချိန်တိုလေးအတွင်းမှာပဲ ထပ်မံမိုးရွာလာပြီဖြစ်ကာ ယခုတော့ မိုးကြိုးမုန်တိုင်းပါ တိုက်ခတ်နေပြီဖြစ်သည်။


လင်းဖုန်းရှောင်က သူမ၏အိန္ဒြေရှိလှသော အမူအရာနှင့် ကိုက်ညီစွာ စကားတစ်လုံးမှထွက်မလာပဲ သူမ၏ထီးကိုသာ ဖွင့်လိုက်သည်။


“ရှင်ဗိုက်ဆာနေပြီလား။ ထမင်းစားခန်းမကို သွားရအောင်လေ”


လင်ရှုက တစ်ခဏလောက် စဉ်းစားကြည့်လိုက်ပြီး ထိုသည်က အမှန်တကယ်ကို စားသောက်ရမည့်အချိန်ဖြစ်သည့်အတွက် ထို့ကြောင့် ခေါင်းညိတ်လိုက်တော့သည်။


လင်းဖုန်းရှောင်က မိုးရွာသည့်နေ့များကို သဘောမကျပေ။ ပထမတော့ သူမက ပြတင်းပေါက်ဘေးဘက်ရှိ နေရာက အလကား ရေချိုးပေးနေသလိုပဲဟု စောဒကတက်သည်။ ထို့နောက် ထမင်းစားခန်းမက အရမ်းကို ပြည့်ကျပ်လွန်းသည်ဟု ညည်းတွားပြန်သည်။ နောက်ဆုံးမှာတော့ ထမင်းစားခန်းမ၏ အလယ်တည့်တည့်ရှိနေရာအား တွန့်ဆုတ်စွာပင် ရွေးချယ်လိုက်တော့သည်။


လင်ရှုက ဟင်းများရွေးချယ်ရာမှ ပြန်လာပြီးနောက် လင်းဖုန်းရှောင်၏အရှေ့တွင် အဖြူရောင် သစ်အယ်စေ့ ပူတင်းအနည်းငယ်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသည်အား ငွေရောင်ဇွန်းတစ်ချောင်းဖြင့် အမှုမဲ့အမှတ်မဲ့မွှေနေပြီး စားရမည်လား မစားရမည်လားကို မဆုံးဖြတ်နိုင်နေပုံရသည်။


လင်ရှုက တန့်သွားပြီး နောက်ဆုံးတွင်တော့ သူ့ “ပိုင်ရှင်” ဖြစ်သူအပေါ် စိုးရိမ်းပူပန်မှုအား ဖော်ပြလိုက်သည်။


“မစားဘူးလား”

 

လင်းဖုန်းရှောင်ကပြောလာသည်။ “ကျွန်မ သိပ်ပြီးနေလို့မကောင်းလို့”


လင်ရှုက သတိရှိစွာဖြင့် မေးလိုက်သည်။


“ဘာမှားနေလို့လဲ?


“ကျွန် မကလေးဘဝတုန်းက “ရွှမ်းကျွယ်အရိုးအခင်းအကျင်းအနုပညာ” ကို ကျင့်ကြံခဲ့ဖူးတယ်၊ အဲဒါက သမာရိုးကျ နည်းစနစ်တစ်ခုမဟုတ်ဘူး၊ မိုးရွာတိုင်း မိုးရေထဲမှာရှိတဲ့ ချီဓာတ်ရဲ့လေးလံမှုက ပြန်လည်သက်ရောက်မှု ဖြစ်စေလိမ့်မယ်”


လင်းဖုန်းရှောင်က ပေါ့ပေါ့ပါးပါး ပြောလာသည်၊


လင်ရှုက စိတ်ရှုပ်ထွေးမှုဖြင့် မျက်တောင် ခတ်လိုက်မိသည်၊


ကြည့်ရတာ သခင်မလေး ငယ်ငယ်တုန်းက သိုင်းပညာနည်းစနစ်အမျိုးမျိုးကို ကြုံရာကျပန်း လေ့ကျင့်ခဲ့တာလား။


ဒါပေမဲ့ ဒီ “ရွှမ်းကျွယ်အရိုးအခင်းအကျင်းအနုပညာ” မှာ သူ့နာမည်ကိုက ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းနေပြီ။ ထိုသည်က ဇာမဏီနန်းမြင့်က ကြီးမြတ်လှသည့်သခင်မလေးလို တစ်စုံတစ်ယောက်က လေ့ကျင့်မည့်အရာမျိုးမဟုတ်ဟု လင်ရှုက ထင်မြင်သည်။


လင်းဖုန်းရှောင်က သူ တွေးနေသည်အား တွေးမိပုံရပြီး သူမ၏ဇွန်းအား ချလိုက်ကာ သူမ၏ဘယ်လက်အား စားပွဲပေါ်တွင် တင်ထားလိုက်သည်။


ထိုသည်က အလွန်တရာ လှပလှသော လက်တစ်စုံပင်။


ခပ်ပါးပါးလေးနှင့် ဖျော့တော့နေပြီး တစ်ခုတည်းသောအရောင်က သူမလက်သည်းများရှိ ခပ်ဖျော့ဖျော့အရောင်ပင်။ သူမ၏လက်ချောင်းများက ရှည်လျား သွယ်လျကာ အဆစ်များကလည်း ထင်ရှားနေပြီး တစ်လက်မချင်းစီတိုင်းက အပြစ်အနာအဆာ ကင်းမဲ့ကာ အသားမာ သိပ်များပေ။


ဓားကို အသုံးပြုသည့်သူများက လေ့ကျင့်သည့် အဆင့်တစ်ခုရောက်လျှင် သူတို့၏လက်များကို အသားမာမတက်စေရန် အကောင်းဆုံး ရှောင်ရှားကြမည်ဖြစ်သည်။ အကြောင်းအရင်းကတော့ သူတို့တွင် အသားမာရှိသည်နှင့် သေးငယ်ပါးလျတဲ့ အသားမာတစ်ခုပင်ဖြစ်စေ သူတို့၏ဓားအပေါ်သိရှိမှုကို သက်ရောက်လိမ့်မည်ဖြစ်သည်။


ထို့ကြောင့် အခြေခံဓားသမား တော်တော်များများတွင် သူတို့၏လေ့ကျင့်မှု လျော့နည်းသောကြောင့် အသားမာရှိသလို အလယ်အလတ် ဓားသမားများသည်တော့ သူတို့၏ဓားအား တစ်နှစ်ပတ်လုံး ကိုင်တွယ်ကြပြီး လက်ချောင်းငါးချောင်းစလုံး၌ အသာမာများ ဖြစ်ပေါ်စေသည်။ အဆင့်မြင့်ဓားသမားများသည်တော့ သူတို့၏အသစ်စက်စက် အခြေအနေသို့ ပြန်ရောက်သွားကာ လက်ချောင်းများက ကျောက်စိမ်းကဲ့သို့ နူးညံ့နေမည်ဖြစ်သည်။


ထို့ကြောင့် သခင်မလေး၏လက်တွေက ဓားအား ကိုင်တောင်ရသည့်အပေါ်တွင် လုံးဝပင် ပြီးပြည့်စုံနေမည်ဖြစ်သည်။


သို့သော် ထို့နောက်တွင်တော့ ထိုလက်များ၏ နောက်ထပ်လှုပ်ရှားမှုကတော့ လင်ရှု၏မျက်လုံးများကို ကျယ်ကျယ် ဖွင့်သွားစေသည်။


လင်းဖုန်းရှောင်၏ညာလက်က သူမ၏ဘယ်ဘက်လက်ပေါ်သို့ အုပ်ကာသွားကာ ငြင်ငြင်သာသာ လိမ်ယှက်နေပေသည်။


ကြားနိုင်ရုံမျှသော ဖြောက်ခနဲ မြည်သံတချို့ရှိနေပြီး ထိုလက်က သက်ရှိလက်တစ်စုံ ဟုတ်ပုံမရတော့ဘဲ ဆွဲဆန့်နိုင်သလို တိုတောင်းစေနိုင်သည့်အပြင် အထူအပါးကို ဆန္ဒရှိသလို ပုံသွင်းထားသည့် ပလတ်စတစ် အနုပညာလက်ရာတစ်ခုနှင့် တူပေသည်။


သူမ၏လက်တစ်စုံနှင့် ကောင်းမွန်သည့် ဆက်နွယ်မှုတစ်ခု အရှုပ်လုပ်လိုက်ပြီးချိန်မှာတော့ လင်းဖုန်းရှောင်က သူ၏မူလအခြေအနေသို့ ပြန်ရောက်သွားကာ ပြောလာသည်။


“မိန်းကလေးတစ်ယောက်အနေနဲ့ ပြီးပြည့်စုံနေရပြီး ပိုပြီးကြည့်ကောင်းဖို့ အရိုးတွေကိုလည်း ပြောင်းလဲရမယ်လေ”


လင်ရှုက နက်ရှိုင်းလှသည့် လေးစားမှုထဲသို့ ကျရောက်သွားတော့သည်။


မိန်ကလေးတွေက လှပရန်အတွက် မိုးရွာသည့်နေ့တိုင်း ခံစားရမည်ကိုပင်မမှုဘဲ မည်သည့်အရာကိုမဆို လုပ်လိမ့်မည်ပင်။

 

သူ့မျက်ခုံးတို့က တွန့်ချိုးသွားပြီး ယခင်ဘဝကို ပြန်တွေးလိုက်ကာ သူတို့တွေ အဆင်မပြေသည့်အချိန်တိုင်း မည်သည်ကို လုပ်လေ့ရှိသလဲဟု စူးစမ်းမိသွားသည်။


ကျိုးတိုးကျဲတဲ ဘဝအတွေ့အကြုံက ပြောပြသည်မှာ သတို့တွေက ရေနွေးသောက်ကြသည်ဆိုတာပင် 


သူ့အနီးအနားတွင် မည်သည့်ရေနွေးမှမရှိပေ။ တစ်ခဏလောက် တွေးကြည့်ပြီးနောက် သူ့ရှေ့ရှိ အငွေ့တထောင်းထောင်း ထနေသည့် မျှစ်စို့နှင့်ဘဲသား ဟင်းချိုကို လင်းဖုန်းရှောင်ဆီသို့ တွန်းပေးလိုက်သည်။


လင်းဖုန်းရှောင်ကပြုံးလိုက်သည်။


“ရှင်က တော်တော်လေးကို စဉ်းစားချင့်ချိန် တတ်တာပဲ”


သေချာတာပေါ့။


သူဟာ သူ၏ဟမ်းစတားဆိုသည့်အခန်းကဏ္ဍကို ကောင်းမွန်စွာ ဖျော်ဖြေသင့်သည်လေ။


ထိုစွပ်ပြုတ်ပန်းကန်နှင့် မျက်နှာချင်း ဆိုင်လိုက်ပြီးနောက် လင်းဖုန်းရှောင်က သူမ၏သစ်အယ်စေ့ ထောပတ်ပူတင်းနှင့်တုန်းကလောက် စိတ်ပျက်လက်ပျက် ဖြစ်မနေတော့ပေ။ ထိုအစား သူမက တစ်ဖြည်းဖြည်းချင်း တစ်ဇွန်းပြီးတစ်ဇွန်း သောက်လာသည်


ညစာစားပြီးနောက် စာကြည့်တိုက်သို့ သွားလိုက်ကြသည်။


လင်ရှု၏တာဝန်က စာအုပ်စင်တွေအကြား ပြေးလွှားနေရန်ဖြစ်သည်။ လင်းဖုန်းရှောင်က နောက်ဆုံးတစ်ခေါက် သူ့အား စာကြည့်တိုက်သို့ အဖော်ပြုလိုက်ပါလာပေးစဉ်က သူနှင့် ပြေးလွှားပေးသည်။


သို့သော် ယခုအချိန်တွင်တော့ ကြီးမြတ်လှသည့် သခင်မလေးက စားချင်စိတ်ပင် မရှိသည်အထိ ခံစားရ မကောင်းဖြစ်နေသည်ကို သိသည့်အတွက် လင်ရှုက နိုးနိုးကြားကြားဖြစ်နေသည် ။


သူကပြောလိုက်သည်။


“မင်း ထိုင်နေသင့်တယ်”


ကြီးမြတ်လှသည့်သခင်မလေးက သူ့အား အပြုံးတစ်ပွင့်ဖြင့် အသိအမှတ််ပြုလာကာ မေးလာသည်။


“ဘာလို့ ကျွန်မကို မလိုက်ခိုင်းရတာတုန်း”


ဒီလူက ကြည့်ကောင်းလွန်းသည်။ သူမ၏ ပုံသေအမူအရာမဲ့သည့် မျက်နှာထားနှင့် နှင်းပွင့်ကဲ့သို့ အေးစက်မှုက ပထမတန်းစား အလှလေးအဖြစ် ချီးမြှောက်ခံရပြီးဖြစ်သည်။ သူမ၏အပြုံးတို့က သူမမျက်လုံးထဲထိ ရောက်သည့်အခါ ထိုသည်က ပြစ်မှုဖြစ်စေနိုင်လောက်သည်အထိ သက်ရောက်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုပင်။


လင်ရှု၏မျက်လုံးတို့က တစ်ခြားနေရာများဆီသို့ ဖြတ်သန်းသွားပြီး ထိုသေစေနိုင်လောက်သည့်ရုပ်သွင် အရင်းအမြစ်နှင့် ဝေးသထက်ဝေးရာဆီသို့ ရွှေ့လိုက်သည် ထို့နောက် ပြောလိုက်သည်က :


“ပြောရရင် မင်းက သိပ်ပြီးနေလို့မကောင်းနေဘူးလေ”


“ကိစ္မရှိဘူး….” လင်းဖုန်းရှောင်က ပြောလာသည်။ 


“တစ်ယောက်ယောက်က ကျွန်မအတွက် ဂရုစိုက်ပေးတာရှားတယ်”


လင်ရှုက အနည်းငယ် ရှက်ရွံ့သွားသည်။


“ဒါဆိုရင် သွားပြီးနော်”


လင်းဖုန်းရှောင်က သဘောတူသည့်အနေနှင့် အသံ ခပ်တိုးတိုးပြုကာ ပြောလာသည်။


“ကျွန်မ ဒီနေရာမှာ ရှင့်ကိုစောင့်နေမယ်”

 6

ရှင်းရှင်းပြောရလျှင် ပြီးစီးဖို့ သိပ်အများကြီး စောင့်နေစရာမလိုပေ၊ သူတို့တွေက တစ်ထပ်တည်းမှာပဲရှိနေပြီး သိပ်ပြီးလည်း မကွာဝေးကြပေ၊ အချိန်အများစုတွင် သူတို့က တစ်ဖက်လူ၏မြင်ကွင်းထဲမှာပင် ရှိနေသည်၊


လင်ရှု စာအုပ်စင်များအကြားတွင် ဆက်တိုက် အပြောင်းအလဲ လုပ်နေပြီး တစ်ခါတစ်ရံတွင် တပည့်များ၏စာဖတ်သည့်နေရာဆီသို့ ချဉ်းကပ်သွားရသည်။ သူ တွေ့လိုက်သည်က လင်းဖုန်းရှောင်က သူမ၏စာအုပ်အား သိပ်ပြီးအာရုံစိုက်မနေဘဲ သူမ၏လက်တစ်ဖက်အပေါ်၌ ပါးတင်ထားကာ သူရှိရာဘက်ဆီသို့ ညင်သာသည်ဟု ပြောနိုင်သည့် အမူအရာဖြင့် ငေးကြည့်နေပေသည်။


ကြီးမြတ်လှတဲ့သခင်မလေးက တခြားသူတွေကိုရော ဘယ်တုန်းက ဒီလိုမျိုး ဆက်ဆံပေးဖူးလို့တုန်း။


ထိုမြင်ကွင်းအား သက်သေခံ မြင်တွေ့လိုက်ရသည့် တပည့်များအားလုံးက တေ့ခင်းကြောင်တောင်၌ သရဲတစ္ဆေအားတွေ့လိုက်ရသကဲ့သို့ပင်။


ဒါက သူ့ရဲ့ပိုင်ရှင်ဆီကနေ အလိုလိုက် ဖူးဖူးမှုတ်ခံရတဲ့ ဟမ်းစတားဆိုတာလား။


—ဖြစ်နိုင်သည်….


သူဟာ ထိုအတွေးတွေအား ပစ်ထုတ်လိုက်ပြီး သူ၏အလုပ်ကိုသာ လုံ့လဝီရိယရှိရှိ ဆက်လုပ်တော့သည်။


စာကြည့်တိုက်က ဧရိယာအကျယ်ကြီးဖြစ်ကာ စာအုပ်များနှင့် ပြည့်နှက်နေပေသည်။ လူအနည်းငယ်သာရှိသည့်အခါတွင် အထူးသဖြင့်တိတ်ဆိတ်နေကာ ငြိမ်သက်နေပေသည်။ အထူးသဖြင့် ထိုမြင့်မားနက်ရှိုင်းလှသည့် စာအုပ်စင်များ အကြားတွင် အလင်းရောင်ပင် ကောင်းကောင်း မရနိုင်ပေ။


လင်ရှုက စာအုပ်တွေအား သူတို့၏နံပါတ်စဉ်နှင့် အပိုင်းအလိုက် ခွဲခြားထားပြီး သူတို့ရဲ့နေရာမှန်ဆီသို့ ပြန်ထားလိုက်သည်။


ဒီတစ်ကြိမ်တွင်တော့ သူဟာ သိသိသာသာနက်ရှိုင်းမြင့်မားလှသည့် စင်တစ်ခုဆီသို့ လျှောက်သွားလိုက်ကာ ကြီးမားလှသည့်နေရာတွင် ခြေသံများကိုသာ ကြားနိုင်ပေသည်။


ကန်းဝူအပိုင်း…..


သူဟာ “ဆောင်းဦးတောင်ထွတ်၏သမိုင်းမှတ်တမ်း” ဆိုသည့် စာအုပ်တစ်အုပ်ကို ကိုင်ထားတာဖြစ်ပြီး စာအုပ်စင် တစ်တန်းပြီးတစ်တန်း ကူးလူးကာ ကန်းဝူအပိုင်းအား ရှာဖွေနေတာပင်။


ထိုအပိုင်းက နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး အကယ်ဒမီရှိ တပည့်အများစုကလည်း သိုင်းပညားစာအုပ်များကိုသာ နှစ်သက်ကြသည့်အတွက် လူအနည်းစုကသာ သမိုင်းအမျိုးမျိုးအား စုစည်းထားခြင်းကို စိတ်ဝင်စားကြတော့သည်။


သူက နည်းနည်းလောက် ထပ်လျှောက်လိုက်ပြီးချိန်မှာတော့ “ကန်းဝူ”ဆိုသည်ကို တွေ့လိုက်ရတော့သည်။


အသက်တစ်ချက် ရှုထုတ်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး အနားယူတော့မည့်အချိန်မှာပဲ နှလုံးရောဂါရတော့မလို ဖြစ်သွားတော့သည်။


—ဒီတစ္ဆေလိုနေရာမျိုးမှာ တကယ်ကြီး လူတွေရှိတယ်ပေါ့လေ။


ကွန်ဖြူးရှပ်ကျောင်းတော်၏မီးခိုးရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သူမ၏ခေါင်းအားမော့ကာ စာအုပ်စင်တစ်ခု၏အရှေ့တွင် ရပ်နေသည်။ သူမ၏ရှည်လျားသောဆံပင်အား ခပ်လျော့လျော့ ချည်ထားပြီး အချိန်မရွေး ပြေကျတော့မည့်ပုံပင်။ ထိုသို့ဖြင့်သူမက အမျိုးသမီးတစ္ဆေတစ်ကောင်နှင့် ပိုတူနေပေသည်။


လင်ရှုက အသက်ပြန်ရှုလိုက်ပြီး “ဆောင်းဦးတောင်ထွတ်၏သမိုင်းမှတ်တမ်းများ” ဆိုသည့် စာအုပ်အား ရှိသင့်သည့်နေရာကိုရှာလိုက်ကာ ထိုစာအုပ်အား ထားလိုက်တော့သည်။ 


ပြန်သည့်လမ်း၌ ထိုစာအုပ်စင်အား ဖြတ်ကျော်ချိန်တွင် ထိုမိန်းကလေးက ထိုနေရာ၌ ရပ်နေဆဲဖြစ်ကာ လုံးဝမလှုပ်ရှားပေ။


လင်ရှုက အတွေးပေါက်သွားသည့်အခါ မနေနိုင်ဘဲ ရပ်လိုက်ပြီး ထိုမိန်းကလေး၏ရင်ဘတ်အား လှည့်ကြည့်လိုက်သည်။


သူ၏အမြင်အာရုံနှင့်ပတ်သက်ပြီး သေချာပေါက်ကိုပင် မည်သည့်ပြဿနာမှ မရှိပေ။ သူက သေချာပေသည်။

 

ပြီးလျှင် သူနှင့် ထိုမိန်းကလေးကြားရှိ အကွာအဝေးက သိပ်ပြီးမကွာဝေးပေ။


လုံးဝကို လှုပ်ရှားမှုမရှိတာဖြစ်သည်။


အသက်လည်း မရှုပေ။


လူတစ်ယောက်၏သွင်ပြင်ကြောင့်သာ မဟုတ်လျှင် ရုပ်ထုတစ်ခုအဖြစ် အမှတ်မှားနိုင်လောက်သည်။


ထူးဆန်းတာတစ်ခုခုရှိနေရမည်—လင်ရှု၏ ပထမဆုံးတုံ့ပြန်မှုက လင်းဖုန်းရှောင်အား ရှာရန်ပင်  


သို့သော် နောက်ကျလွန်းသွားခဲ့သည်။


သူ့နှလုံးသားထဲရှိ သတိပေးခေါင်းလောင်းသံက မြည်လာပြီး ကြီးမြတ်လှသည့်သခင်မလေးအား ရှာရန် ထွက်ခွာတော့မည့် အချိန်မှာပင် ထိုမိန်းကလေးက စက်ရုပ်ကဲ့သို့သော လှုပ်ရှားမှုမျိုးဖြင့် သူ့ဆီသို့ တဖြည်းဖြည်း လှည့်ကြည့်လာတော့သည်။


ဖျော့တော့သောမျက်နှာ ထိုင်းမှိုင်းနေသော မျက်လုံးများ။


လင်ရှုဟာ ယနေ့တွင်မှ ကိုမာအကြောင်း လင်းဖုန်းရှောင် ပြောခဲ့သည့် “သွေးအဆိပ်ခတ်ခြင်း” နှင့် “ဖုတ်ကောင်” ဟူသောစကားလုံးကို သင်ယူပြီးခါစဖြစ်သည်။ 


သို့သော် ယခုတွင်တော့ သံသယမရှိစွာပင် ဒီမိန်းကလေးက ထိုထဲမှ တစ်ယောက်ဖြစ်သည်အား သေချာလှသည်။


သူ၏အသက်ရှုနှုန်းကို ထိန်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ခဲသွားကာ သူ့နှလုံးသားကတော့ ပြင်းထန်စွာ စတင်ခုန်လှုပ်လာတော့သည်။


အရှင်ဟောင်းယွဲ့ရေ ခင်ဗျားက တကယ်ကို နည်းနည်းလေးမှ စိတ်ချ ယုံကြည်ချင်စရာ မရှိဘူးဘဲ။


******