Ch 56
Viewers 3k

အပိုင်း ( ၅၆ ) 


ဆရာမုန့်သည် ရှန်းလင်ပုံရိပ်ယောင်မှာ ဒီအတိုင်း ကြီးမားသော အိပ်မက်နယ်မြေတစ်ခုသာ ဖြစ်သည်ဟု ဆိုပြီး သူသည်လည်း စိတ်ကူးပုံရိပ်ယောင် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ဆိုဖူးသည်။ 


ရှန်းလင်ပုံရိပ်ယောင်ကမ္ဘာတစ်ခုလုံးကို ဟိုလိုဂရပ်ဖစ် အွန်လိုင်းဂိမ်းတစ်ခုအဖြစ် ဆိုရလျှင် ဆရာသခင်မုန့်သည် ဂိမ်း၏ ဉာဏ်ရည်တုအေအိုင် ဖြစ်သည်ဟု ဆိုရမည်။ 


‘ဆရာမုန့်က တကယ်ဘဲ အပြင်မှာ ရှိနေတဲ့ တည်ရှိမှုလား’ 


လင်ရှု မသိပါ၊ သို့သော် ဆရာမုန့်ကို သူမြင်သည့်အခါတိုင်း ဆရာမုန့်သည် လေထန်သော တောင်ကုန်းထိပ်တွင် တိမ်ပင်လယ်အလယ်၌ မဆုံးနိုင်သော အထီးကျန်ဝမ်းနည်းမှုများ လွှမ်းခြုံစွာ ရပ်နေခဲ့သည်။ သူသည်ကတော့ မည်သို့ကြည့်ကြည့် ဆရာမုန့်ကို စစ်စတန်ဟုသာ ထင်သည်။ 


လင်းရှောင်ပြောခဲ့သော ရှန်းလင်ပုံရိပ်ယောင်ကို ဖန်တီးခဲ့သူသည် ကြီးမြတ်လှသော ပါရမီရှင်တစ်ဦးဖြစ်မည်မှာ မလွဲမသွေပင်။ အကယ်၍ ပြောသည့်အတိုင်း တကယ်ကြီး ကျန်းလုံကျားကွက် ဖြေရှင်းနည်း တစ်ရာ့ရှစ်နည်းအထိ ရနိုင်ခဲ့သူသာဆိုလျှင် ထိုသူ့တွင် အလွန်ကို အဆင့်မြင့်နေပြီဖြစ်သော နားလည်နိုင်စွမ်းနှင့် အလွန်ကို စွမ်းအားကြီးလှသော ဝိဉာဉ်ရှိသူ ဖြစ်ရမည်။ ဤအရည်အသွေးနှစ်မျိုးဖြင့် ထိုသူ၏ကျင့်ကြံခြင်းအဆင့်သည် အလွန်ကို မြင့်မည်မှာ သေချာသည်။ 


သို့သော် စစ်ပွဲခေတ်တွင် စစ်မြင်းများ တပ်သားများ ထောင်ချီအောက်တွင် ထာဝရရှင်သန်သူတစ်ပါးပင် ဖြစ်လင့်ကစား တစ်ဦးတစ်ယောက်တည်း၏ ကိုယ်ပိုင်အားဖြင့် မည်သို့ ခုခံနိုင်ပါမည်နည်း။


ဤကမ္ဘာတွင် ကျင့်ကြံသူဟူသည်က ကမ္ဘာကြီးနှင့် ဝေးကွာရှားပါးနေသည် မဟုတ်သည်ကို မပြောလျှင်ပင် တောင်ပိုင်းရှပြည်တွင် ကြီးမြတ်လှသော မသေမျိုုးဆရာသခင်များ ရှိသည်မှန်ပြီး မြောက်ပိုင်းရှတွင်လည်း စွမ်းအားကြီးမားသော စုန်း(နတ်ဆရာ)များ ရှိသည်။ စစ်မျက်နှာဖွင့်သည်နှင့် နှစ်ဖက်လုံးသည် အနိုင်ရရန် အားကုန် တိုက်ခိုက်သော်လည်း ရလဒ်ကား ၎င်းတို့၏ စစ်အင်အားအပေါ် မူတည်နေခြင်း မဟုတ်ဘဲ ဆရာသခင်နှစ်ပါး၏ ကျင့်ကြံခြင်းအဆင့်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲအပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။


ထို့အပြင် လူသူကင်းမဲ့သော အထီးကျန်မြို့တစ်မြို့ကို တစ်ညလုံး တစ်ယောက်တည်း စောင့်ရှောက်ရသော လူတစ်ယောက်သည်.....


လင်ရှု စိတ်ကူးကြည့်လို့ပင် မရဲတော့... 


ဤရက်စက်လှသော ကမ္ဘာကြီးသည် သူထင်ထားသည်ထက်ပို၍ အကြင်နာ ကင်းမဲ့လှသည်။ 


အတွေးတို့ကို ထိန်းချုပ်၍ သူ့ရှေ့မှ ကျားခုံကို ပြန်ကြည့်လိုက်သည်။ 


ပဋိပက္ခခေတ်ကြီးတွင် မွေးလာသူသည် တစ်စုံတစ်ယောက်ကို ကာကွယ်ရန် အလွန်ခက်ခဲသည်။ ကြိုးကြိုးစားစားကျင့်ကြံပြီး မသေမျိုး ဖြစ်လာခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ 


သူ့ဘေးမှ လင်းရှောင်သည် စကားပြောပြီးသည်နှင့် ချက်ချင်း ကျားကွက်ကို ဖြေရှင်းနေပြီဖြစ်သည်။ 


သူသည် အနီရောင်အလင်းစေ့လေးကို ကျားကွက်၏ အလည်တည့်တည့်တွင် ဗဟိုထားပြီး ၎င်းနှင့် အခြားသော ာကျားစေ့များကို ချိတ်ဆက်ရန် စီစဉ်နေသည်။ 


လူတိုင်း၏ နည်းလမ်းသည် တမူကွဲပြားသည်။ လင်းရှောင်သည် သူကိုယ်တိုင်၏ နားလည်သဘောပေါက်မှုများအပေါ် အခြေခံ၍ ဖြေရှင်းနေခြင်းဖြစ်ပြီး လူတိုင်းသည် ကိုယ်တိုင်၏ အသိပညာများကိုသာ သုံးရမည်ဖြစ်ရာ တစ်ခြားသူ၏ နည်းလမ်းကို ကူးယူတုပ၍ မရနိုင်ပေ။ လင်ရှု လင်းရှောင်၏ ကျားခုံမှ အကြည့်လွှဲလိုက်ပြီး သူ၏ ကိုယ်ပိုင်ကျားကွက်ကို စတင်လိုက်သည်။ 


ကျားစေ့များသည် အရောင်ရော အရွယ်အစားများပါ မတူကြပေ။ ကျားစေ့အမျိုးအစားများကို လေ့လာပြီးနောက် လင်ရှုသည် ၎င်းတို့မှာ ယင်ယန်နှင့် ပါ့ကွား(ချန်းထျန်၊ တွေ့ကျဲ့၊ လိဟော်၊ ကျန်းလေ့၊ ရွှင်ဖုန်း၊ ခန်းရွှေ၊ ကန်းရှန့်နှင့် ခွင်းတိ)တို့ကို အခြေခံထားခြင်းဖြစ်ကြောင်း နားလည်သွားသည်။ 


ကျားစေ့အမျိုးအစား တစ်ခုချင်းစီတိုင်းသည် ကိုယ်ပိုင် ဝိဉာဉ်စွမ်းအား စီးဆင်းမှုပုံစံရှိကြပြီး စိတ်ဝိဉာဉ်ကြိုးမျှင် ထွက်ပေါ်လာမည့် စီးကြောင်းများကလည်း တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့သော် ကျားစေ့တိုင်းသည် ကိုယ်တိုင်က စိတ်ဝိဉာဉ်ကြိုးမျှင် ထုတ်လွှတ်ချိန်တွင် တစ်ချိန်တည်းမှာပင် အခြားသော ပြင်ပမှ စိတ်ဝိဉာဉ်ကြိုးမျှင်များကိုလည်း ချိတ်ဆက်စုပ်ယူနိုင်သည်။ ဖြည့်ပြောရလျှင် ယင်ယန်နှစ်မျိုုးသည် တစ်မျိုုးက စိတ်ဝိဉာဉ်ကိုထုတ်ပြီး တစ်မျိုးက စိတ်ဝိဉာဉ်ကို စုပ်ယူသည်။ 

 

လင်ရှုသည် ပထမဆုံး ကျားစေ့အနည်းငယ်ကို ပေါင်းစပ်၍ စိတ်ဝိဉာဉ်စီးကြောင်းများ ဆက်နွယ်ပုံကို နားလည်လာအောင် စမ်းကြည့်သည်။ 


ဤကျားစေ့များသည် စစ်စတန်အသေးလေးတစ်ခု ဖြစ်လာသည်။ အကောင်းဆုံးဆိုရလျှင် ဤစစ်စတန်သည် ကိုယ်ပိုင်ပုံသေသတ်မှတ်ချက် ရှိသည်။ စိတ်ဝိဉာဉ်စွမ်းအားသည် ပြင်ပကမ္ဘာကို နည်းနည်းမှ မမူတည်ဘဲ လည်ပတ် ထုတ်လွှင့်နိုင်သည်။ သို့သော် ၎င်းက အလွန်ကို ရိုးရှင်းသေးသည်။ အကယ်၍ ဤနေရာတွင် ကျားစေ့အနည်းငယ်သာရှိလျှင် ပုံသေသတ်မှတ်ချက်ရှိသည့် စစ်စတန်ကို ဖန်တီးရန် လွယ်ကူသည်။ သို့သော် ကျားစေ့တစ်စေ့ ထပ်ထည့်လိုက်တိုင်းတွင် အခြေအနေက ပို၍ပို၍ ရှုပ်ထွေးလာသည်။ ကျားစေ့ တစ်ထောင့်ရှစ်ရာကိုသာ အားလုံးသုံးမည်ဆိုလျှင် သူ့အနေဖြင့် စိတ်ဝိဉာဉ်စွမ်းအားကို လှည့်ပတ်နိုင်ရန် အကောင်းဆုံး ကြိုးစားမှဖြစ်မည်။ တွက်ချက်လိုက်သော နည်းလမ်းများအားလုံးသည် စိတ်ကို မကူးနိုင်သော အရာများဖြစ်လာပြီး စိတ်ဝိဉာဉ်ကို စမ်းသပ်ရန်မှာလည်း ခက်ခဲလွန်းသည်။ 


ပထမဆုံးအနေဖြင့် ဤကျားကစားပွဲကို ဖန်တီးနိုင်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို သီအိုရီများအရ သတ်မှတ်ရန်လိုသည်။ 


ဤအချိန်တွင် သူ့ဘေးရှိ ဓားနန်းဆောင်မှ တပည့်တစ်ယောက်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ မမျှော်လင့်ထားစွာပင် ထိုတစ်ချက်က ယခင်က တည်ဆောက်ထားသော ဖွဲ့စည်းပုံအားလုံးကို ကျိုုးပျက်သွားစေခဲ့ပြီး အစမှ ပြန်စရတော့သည်။ 


ဤလှုပ်ရှားမှုက ကစားပွဲ မည်မျှ ခက်ခဲသည်ကို ပေါ်လွင်စေသည်။ 


လင်ရှု စိတ်ကို ငြိမ်အောင်စုစည်း၍ ဖြစ်နိုင်ချေရှိသော တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံကို စဉ်းစားသည်။ 


စိတ်ဝိဉာဉ်စွမ်းအား လှည့်ပတ်ခြင်းဆိုင်ရာ သီအိုရီများအရ သူ၏ ပထမဆုံးသော အတွေးမှာ သူ့ဆရာ၏ စိတ်ဝိဉာဉ်ကျင့််ကြံခြင်းနှင့် ဓားစွမ်းရည်နည်းလမ်းများကို ပေါင်းစပ်၍ အသုံးချရန် ဖြစ်သည်။ 


ဓားကို ဓားအိမ်မှ ထုတ်လိုက်ချိန်တွင် စိတ်ဝိဉာဉ်စွမ်းအားသည် တစ်ချီခန့် မြင့်တတ်ပြီး ဓား၏ လှုပ်ရှားမှုအရှိန်နှင့်အတူ ရှေ့သို့ ပျံသန်းထိုးနှက်သည်ဟု ဆို၏။ 


ဖွဲ့စည်းပုံတစ်ခု တည်ဆောက်လိုလျှင် စိတ်ဝိဉာဉ်စွမ်းအား ဦးတည်ရာသည် ရှည်လျားသော ပိရမစ်နှင့်တူသည်။ အရင်ဆုံး စိတ်ဝိဉာဉ်စွမ်းအားများကို ရောယှက်စေလျက် အခြေခံတည်ဆောက်ရမည် ဖြစ်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးကာ ဖိနှိပ်ပေးရမည်ဖြစ်ပြီး ဖိနှိပ်လေလေ စိတ်ဝိဉာဉ်စွမ်းအား စီးကြောင်းသည် ပိုပိုပြီး ရိုးရှင်းလာပြီး အသက်တစ်ရှိုက်စာအတွင်း ပို၍ တည်တံ့လာကာ နောက်ဆုံးတွင် ထက်မြလာသည်။ ဓားသွားသည် အလွန်ကို အေးစက်ပြီး ထက်ရှကာ ချိုးဖြတ်၍ မရနိုင်ပေ။ 


လင်ရှုသည် ဤဓားတရားကို အသုံးပြု၍ ကျားကစားရန် ဖွဲ့စည်းပုံတည်ဆောက်ဖို့ စဉ်းစားထားသည်။ ဤသို့ဆိုလျှင် သာမန်ကျားကစားနည်းများအတိုင်း ဖြေရှင်းနိုင်ပြီး ထို့ကြောင့် လင်ရှုသည် အင်မော်တယ်ကျားကွက်ကို ဤနည်းအတိုင်း ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည်။ ယင်ယန်သဘောတရားများကို အခြေခံ၍ ကျားစေ့များကို ချိတ်ဆက်ကာ ပြဿနာအရင်းအမြစ်ကို ဗဟိုပြု၍ ဖြေရှင်းရမည်။ 


ဖွဲ့စည်းပုံကို စဉ်းစားပြိးနောက် သူသည် ကျားစေ့တစ်စေ့ချင်းစီ၏ စိတ်ဝိဉာဉ်စွမ်းအား ဦးတည်ရာကို ရှာဖွေပြီး မှတ်သားလိုက်ကာ ကျားစေ့များကို မည်သို့မည်ပုံ ချိတ်ဆက်ရမည့် နည်းလမ်းကို ရှာဖွေခဲ့သည်။ စိတ်ဝိဉာဉ်စွမ်းအားများကို ချိတ်ဆက်ပြီးနောက်တွင် ဘာများ ဖြစ်လာမည်နည်း။ ထိုချိတ်ဆက်ပြီးသည့် အဝန်းအဝိုင်းအတွင်းသို့ ကျားစေ့များ ထပ်ဖြည့်လိုက်လျှင် .....


ကံကောင်းစွာဖြင့် သူ၏ အခြေတည်ကျင့်ကြံခြင်းတို့ ဆုံးရှုံးသွားသော်လည်း သူ၏ ဝိဉာဉ်ခွန်အားတို့ကတော့ အရင်အတိုင်း မပြောင်းမလဲရှိနေဆဲ ဖြစ်လေသည်။ မဟုတ်လျှင် ကျာားစေ့တစ်ရာ ချိတ်ဆက်နိုင်ခြင်းသည် သာမန်သေမျိုးခန္ဓာကိုယ်အတွက် သတ်မှတ်ချက် ပြည့်ပြီးဖြစ်နေလေပြီ။ အဆုံးတွင် လူသားဦးနှောက်သည် စူပါကွန်ပျူတာတစ်လုံး မဟုတ်သလို များစွာသော အတွက်အချက်တို့ကို တစ်ချိန်တည်းမှာ လုပ်ကိုင်နိုင်မည် မဟုတ်ပေ။ 


သူသည် ရည်ရွယ်ချက်ရှိရှိ သေချာစွာ ကျိုးကြောင်းဆင်ခြင်ခဲ့ကာ တစ်နာရီလောက် ကြာပြီးနောက်တွင် ကျန်းလုံကျားကွက်၏ စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောပေါက်လာပြီး ကျားစေ့များကို ချိတ်ဆက်လာနိုင်သည်။ 


ကျောင်းတော်သည် အလွန်ကို ဝေးလံသည့် မြောက်ဘက်ပိုင်းတွင် ရှိနေကာ များစွာသော ဓားနည်းစနစ်များကလည်း လေထုထဲမှ ရေခဲများနှင့် နှင်းမှုန်များအလား များပြားလှသည်။ ထို့ကြောင့် သူသည် ခန်းရွှေကျားစေ့တို့ကို အခြေတည်အဖြစ်သုံး၍ အခြားသော ကျားစေ့များဝန်းရံပြီး ချိတ်ဆက်သည်။ 


အဖြူအမည်းကျားစေ့ကမ္ဘာတွင် ၎င်းသည် တစ်ကြိမ်ရွေ့ရန် ခြေတစ်လှမ်း အချိန်ယူသော ပျောက်ကွယ်နည်းစနစ်ဖြစ်ပြီး ခြေတစ်လှမ်းနောက်ဆုတ်၍ ဆယ်ကွက်အသာစီးယူသည့် နည်းလမ်းဖြစ်သည်။ ဤကျန်းလုံကျားကွက်သည်လည်း အတူတူပင် အကွက်တစ်ရာရွေ့ရန် ငါးဆယ်ရွှေ့ဖို့လိုသည်။ နောက်ဆုံဂတွင် ကျားခုံပေါ်၌ ကျားစေ့မှာ တစ်ထောင့်ရှစ်ရာထက်ပင် ပိုသွားနိုင်သည်။ တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့် ဟာကွက်များလည်း ပေါ်ထွက်လာမည်ဖြစ်ကာ ဟာကွက်က ကြီးမားလေလေ မှန်ကန်အောင် မဖြေရှင်းနိုင်လေလေ ဖြစ်လာမည်။ 

 

တစ်နာရီကြာပြီးနောက် သူသည် တစ်ရာနှင့် ငါးဆယ့်သုံးခုသော ကျားစေ့များကို ချိတ်ဆက်ပြီးသွားပြီ ဖြစ်သည်။ 


သုံးနာရီကြာပြီးနောက် လေးရာနှင့် ဆယ့်ရှစ်ခု...


ခြောက်နာရီကြာပြီးနောက် ခြောက်ရာနှင့် ခုဆယ့်နှစ်ခု...


ထို့နောက်တွင် ကျားစေ့များ ချရန် များလာလေလေ အရှိန်ကလည်း နှေးလာလေလေ ဖြစ်လာာသည်။ 


လင်ရှုသည် သူ၏ ဝိဉာဉ်မှာ မီးဟပ်နေသလို ပူလာသလို ခံစားလာရပြီး ၎င်းမှာ များပြားလွန်းလှသော စိတ်ဝိဉာဉ်စွမ်းအားများ သုံး၍ တွက်ချက်ရသောကြောင့်ဖြစ်ကာ သူ၏ တစ်ကိုယ်လုံးမှာလည်း လေပေါ်လွှင့်နေသလို မူးဝေလာသည်။ 


သို့သော် သူသည် ဆက်၍ ဖြေရှင်းနေရဦးမည်။ 


ရှစ်နာရီ... 


ဆယ်နာရီ... 


သူသည်ကတော့ သေခြင်းတရားနှင့် လက်တစ်ကမ်းသာ လိုတော့သလို ခံစားနေရသည်။ 


သူ မူးဝေပြီး သတိလစ်လုလုတွင် ရုတ်တရက် ဆေးလုံးတစ်လုံး သူ့ပါးစပ်ထဲသို့ ရောက်လာသည်။ 


မော့ကြည့်လိုက်ချိန်တွင် ရှေ့မှသူသည် လင်းရှောင်ဖြစ်နေသောကြောင့် လိမ်လိမ်မာမာလေး ဆေးလုံးကို မြိုချလိုက်သည်။ 


ဆေးလုံးက မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး သူ၏ စိတ်သည်လည်း အတော်လေး တည်ငြိမ်လာသည်။ သူ၏ တင်းကျပ်နေသော စိတ်သည် သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိ၏။ နှလုံးခုန်နှုန်းတို့ ခနအကြာကမောက်ကမဖြစ်ပြီးနောက် သူသည် တဖြည်းဖြည်းနှင့်် သာမန်အခြေအနေသို့ ပြန်ရောက်လာပြီး လွတ်မြောက်တော့မလို ခံစားရသည်။ 


လင်းရှောင် သူ၏ ကျားကစားပွဲကို လေ့လာနေသည်ကို မြင်လိုက်ရသည်။ 


ပုံမှန်အတိုင်းပင် သူသည်လည်း အကြည့်တို့ကို သူ၏ ကျားခုံမှ လင်းရှောင်၏ ကျားခုံသို့ ပြောင်း၍ လေ့လာလိုက်သည်။ 


လင်းရှောင်၏ ကျားကစားပွဲ အများစုသည် ပြီးနေပြီဖြစ်ပြီး မီးဒြပ်စင်ကို ကိုယ်စားပြုသော ကျားစေ့ကို ဗဟိုပြုထားပြီး ကျန်သော ကျားစေ့များက ၎င်းကို ဝိုင်းရံဆက်နွယ်နေသည်မှာ လမင်းကို ကြယ်စင်များက ဝန်းရံထားသည့်နှယ်။ 


လင်းရှောင်၏ ကျားခုံကို ကြည့်နေရင်း ရုတ်တရက် အတွေးဝင်လာသည်။ 


‘သခင်မလေးသာ ဒီကို ရောက်နေရင် ဘယ်လိုကျားစေ့ချိတ်ဆက်မလဲမသိဘူး’ 


လင်းရှောင်ကို ကျားခုံရှေ့တွင် တွေ့ရသည်မှာလည်း သင့်တော်သလိုတော့ ခံစားရပါသည်။ 


သူ၏ ကျားခုံကို ကြည့်နေသော လင်ရှုကို ကြည့်၍ လင်းရှောင် ပြုံးလိုက်သည်။ သူသည် အလွန်ကို ကြည့်ကောင်းလှသည်။ သူ၏ အပြုံးသည် တီဗီစခရင်ထက်မှ ဒေါင်းများလို ဝံ့ကြွား တင့်တယ်သည်။ ထို့အပြင် အလွန်ကို ကယုကယ ကျီဆယ်ဟန်ဖြစ်နေသောကြောင့် လင်ရှု အူကြောင်ကြောင်ပင် ဖြစ်သွားသည်။ လင်းရှောင်၏ ကျားကစားပွဲကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ကျားကစားပွဲကို တွေးတောကြည့်သည်။ လင်းရှောင်သည် သူ၏ ကျားခုံသို့ပြန်၍ ကျားစေ့တို့ကို ဆက်ပြီး ချိတ်ဆက်ရန် လုပ်သည်။ 


နှစ်နာရီကြာပြီးနောက် ကျားစေ့ခြောက်ရာတို့သည် အချင်းချင်း ချိတ်ဆက်သွားကြပြီ ဖြစ်သည်။ အဘက်ဘက်မှ စိတ်ဝိဉာဉ်စွမ်းအား စီးကြောင်းတို့သည် စုဝေးနေပြီး ရှေ့သို့ တန်းတန်းချိတ်ဆက်နေကာ တဖြည်းဖြည်းနှင့် ပို၍ ထင်ရှားလာပြီး ခိုင်မာသော အခြေခံကို ဖွဲ့စည်းလာသည်။ 


နောက်ပိုင်းကတော့ ယင်နှင့်ယန်တို့ကို ဖြေရှင်းပြီး ဦးတည်ရာအဖြေသို့ရောက်အောင် သွားရန်သာ လိုတော့သည်။ 


သီအိုရီအရဆိုလျှင် စစ်စတန်သည် ပြီးပြည့်စုံနေပြီဖြစ်သည်။ 


သို့သော် လင်ရှုက ယန်ကျားစေ့တစ်စေ့ကို ကောက်ယူလိုက်ချိန်တွင် သူ၏ ဦးနှောက်မှာ ရုတ်တရက် ဗလာဖြစ်သွားပြီး ပြဿနာတစ်ခုကို တွေ့သွားသည်။ 


စစ်စတန်သည် ဘယ်သောအခါမှ မဆုံနိုင်သော အစွန်းများရှိနေသည့် စနစ်တစ်ခု ဖြစ်နေသည်။ 

 

အကယ်၍ လင်းလုံကျားစေ့များက ပြင်ပမှ စိတ်ဝိဉာဉ်စွမ်းအားများကို မစုပ်ယူနိုင်ဘဲ အားလုံးသော ယန်ကျားစေ့များမှ စိတ်ဝိဉာဉ်စွမ်းအားများကိုသာ စုပ်ယူပြီး စိတ်ဝိဉာဉ်စီးကြောင်းတို့ ပေါင်းစပ်ရှေ့သို့ ချိတ်ဆက်ကြပါလျှင် ကျားကစားပွဲ၏ အစိတ်အပိုင်းကြီးကြီးတစ်နေရာက ပြည့်စုံသွားမည်။ သို့သော် ထိုပြီးပြည့်စုံသွားသော ကျားစေ့များက အခြားသော ကျားစေ့များနှင့် ချိတ်ဆက်တော့မည် မဟုတ်ပေ။ စိတ်ဝိဉာဉ်စွမ်းအားများကို စုပ်ယူသော ယင်ကျားစေ့များ အများအပြားရှိနေစဉ်တွင် ယင်နှင့်ယန်အတူရှိနေကြပြီး စိတ်ဝိဉာဉ်စွမ်းအားများကို စုပ်ယူထားသော ယင်ကျားစေ့များက ယန်ကျားစေ့များထံသို့ ပြန်ပို့ကာ နောက်ဆုံးသော စွမ်းအင် အပြန်အလှန်ပို့သည့် အချိန်တွင် စစ်စတန်တစ်ခုလုံး၏ စိတ်ဝိဉာဉ်စွမ်းအားတို့သည် နည်းသည်ထက် နည်းလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားကာ စစ်စတန်အသေတစ်ခု ဖြစ်လာလိမ့်မည်။ 


ဤသည်မှာ တကယ့်ကို physicsပြဿနာဖြစ်သည်။ 


ပြင်ပမှ သက်ရောက်မှုတို့ မလိုသော စက်သည် မဖြစ်နိုင်ပေ။ 


ဘာကြောင့်မှန်းမသိ modern physicsသည် သူ့နောက်သို့ အငြိုးတကြီး လိုက်နေသည်ဟု လင်ရှု ခံစားနေရသည်။ 


အနည်းငယ်တောင် မွန်းကြပ်လာသလိုလို.... 


သို့သော် လင်းရှောင်၏ ကျားခုံကို တစ်ချက်ကြည့်လိုက်ချိန်တွင် သူ၏ လှိုင်းထန်သော စိတ်ကလေးမှာ ချက်ချင်းဆိုသလို တည်ငြိမ်သွားသည်။ 


အခြားသော အကြောင်းတို့ကြောင့်တော့ မဟုတ်ပေ။ ဤပုဂ္ဂိုလ်သည်လည်း သူကဲ့သို့ ပြဿနာလေးနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ 


သူ၏ ကျားကစားပွဲသည် စိတ်ဝိဉာဉ်စွမ်းအားများ လျှံထွက်နေပြီး ပြောင်းပြန်စီးလုမတတ် ဖြစ်နေသည်။ 


ထိုကျားစေ့များသည် စိတ်ဝိဉာဉ်စွမ်းအားများ တစ်လွှာပြီးတစ်လွှာနှင့် လွှမ်းခြုံထားပြီး အနီရောင် ဗဟိုကျားစေ့သည် အချို့သော ရှုပ်ထွေးသည့် တည်ဆောက်ပုံကြောင့် စိတ်ဝိဉာဉ်စွမ်းအားတို့ လွှတ်ထုတ်စရာနေရာမရှိသလို  ဖြစ်နေသည်။ 


လင်းရှောင်သည် လင်ရှုကဲ့သို့ ယင်ယန်ကျားစေ့များကို အဆုံးနားတွင် မထားခဲ့ပေ။ ၎င်းတို့ကို အစကတည်းက ပေါင်းစပ်စေခဲ့ပြီးဖြစ်သည်။ ကြည့်ရသည်မှာ ဖွဲ့စည်းပုံတွင် ပြဿနာရှိနေပုံရပြိး ယင်ကျားစေ့များ၏ စိတ်ဝိဉာဉ်စွမ်းအား စုပ်ယူမှုလုပ်ငန်းစဉ်က အပြည့်အဝအသက်ဝင်မနေပေ။ အဆုံးတွင် စစ်စတန်သည် ယင်ကျားစေ့များကို ဒီအတိုင်းကျော်သွားပြီး စိတ်ဝိဉာဉ်စွမ်းအားတို့ကို လိဟော်ကျားစေ့ဆီသို့သာ ဆက်၍ ထုတ်လွှင့်ပို့ပေးတော့သည်။ 


လင်ရှု “.....” 


လင်းရှောင် “.........” 


တစ်ခဏလောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ 


ကျားကစားပွဲ၏ စည်းကမ်းများအရ သူတို့သည် တကယ်ဆိုလျှင် ကစားပွဲကို အောင်မြင်သွားပြီ ဖြစ်သည်။ သို့သော် လင်ရှုသည် သူ၏ဝမ်းကွဲကဲ့သို့ အမျိုးကောင်းသားတစ်ယောက်အနေဖြင့် ပြီးပြည့်စုံမှုကိုသာ လိုလားလိမ့်မည်ဟု ထင်သည်။ ထို့ကြောင့် လင်းရှောင်ကိုကြည့်၍ အနည်းငယ် မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ သူသည် ဓားနန်းဆောင်မှ တပည့်၏ အခြေအနေကဲ့သို့ လင်းရှောင် ကျားကွက်ကို ဖျက်၍ အစမှပြန်စမည်လားဆိုသည်ကို သိချင်သည်။ 


ထိုအကြောင်းကို တွေးနေတုန်းမှာပင် လင်းရှောင်တစ်ယောက် လိဟော်ကျားစေ့တို့၏ အမြုတေကို မျက်နှာသေကြီးဖြင့် ကောက်ယူလိုက်သည်ကို မြင်လိုက်ရသည်။ 


‘ကြည့်ရတာ သူလည်း ကျားကွက်ကို ဖျက်ဆီးပြီး အစကနေပြန်စတော့မယ်ထင်တယ်။ ဟင်း လင်းမိသားစုက လူတွေကတော့ တကယ်ကို ခေါင်းမာတဲ့လူတွေပဲ’ 


လင်ရှု နည်းနည်းလောက် ဖျောင်းဖျမိတော့မည့် အချိန်တွင် ရုတ်တရက်ကြီး ဖျော့တော့နေသော ငွေရောင် စိတ်ဝိဉာဉ်ကြိုးမျှင်များ ဒါဇင်အနည်းငယ်လောက် ချိတ်ဆက်ထားသည့် ကျားစေ့ကိုင်ထားသည့် လင်းရှောင်က သူရှိရာသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ 


လင်ရှု “?” 


လင်ရှုသည် လင်းရှောင် လိဟော်ကျားစေ့ကို သူ၏ ကျားကွက်ထိပ်မှ ခန်းရွှေကျားစေ့အနီးတွင် တင်လိုက်သည်ကို တွေ့လိုက်ရသည်။ 


ငွေရောင်ကြိုးလေးတစ်ချောင်းက ကျားစေ့နှစ်စေ့ကြား ပေါ်လာသည်။ 


ဤသို့သော ရွှေ့ကွက်..... တကယ့်ကို သူ တွေးနိုင်သော လယ်ဗယ်ကို ကျော်သွားလေပြီ


ဤနည်းလမ်းဖြင့်…မလုံလောက်သေး...လင်းရှောင်ကျားကွက်သည် အိုဗာဖလိုးနေပြီးသား ကျားကွက် ဖြစ်သည်။ ... ဖြစ်နိုင်တယ်...

 

လင်ရှု လင်းရှောင်၏ ကျားခုံကို ကြည့်လိုက် သူ၏ ကျားခုံကို ကြည့်လိုက် ခေါင်းလေး လည်နေပြီး စိတ်ဝိဉာဉ်စွမ်းအားများ၏ ဖြစ်နိုင်သော လားရာကို တွေးနေမိသည်။ 


ကြည့်ရတာ.... တကယ်ကြီး ဖြစ်နိုင်နေတာလား။


ထိုအချိန်မှာပင် လင်းရှောင်က ပြောလာသည်။ 


“တကယ်လို့ ကျွန်တော်တို့သာ တူညီတဲ့ ကျားကစားပွဲမှာဆိုရင် တစ်ယောက်ရဲ့ နည်းလမ်းကို တစ်ယောက် မြင်ရမှာပဲ။ ပြောရရင် ဓားသိုင်းလိုပဲဗျာ ကျွန်တော်တို့တွေ စီးချက်ကျကျ တိုက်ခိုက်နိုင်တယ်”


လင်ရှု လင်းရှောင်ကို ကြည့်လိုက်ရာ သူသည် ကျားကွက်ကို ကြည့်၍ စကားပြောနေသည်ကို မြင်လိုက်ရသည်။ သူ၏ အသံက အလွန်ကို နူးညံ့နေသော်လည်း မျက်လုံးများကမူ လေးနက်မှုကို အပြည့်အဝဖော်ကျူးနေပြီး သိမ်မွေ့လို့ပင် နေသေးသည်။ 


သူတို့၏ ကျားကစားပွဲသည် တကယ်ကို သဟဇာတ ဖြစ်သည်။  သူတို့ကျားခုံနှစ်ခုမှ ကျားစေ့နှစ်စေ့ကို ချိတ်ဆက်လိုက်သည်နှင့် နှစ်ဖက်စလုံးမှ ပြဿနာများအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမည့်အပြင် စိတ်ဝိဉာဉ်စွမ်းအားများလည်း ချိတ်ဆက်သွားမည်ဖြစ်ပြီး စီးဆင်းမှုအရှိန်ရော စီးကြောင်းတို့ပါ မနှောင့်နှေး မခက်ခဲနေနိုင်တော့ပေ။ 


ထို့အပြင် သူ၏ ကျားကွက်တို့သည် သူ၏ဆရာသခင်ဖြစ်သူမှ သင်ပေးထားသော ဓားရေးနည်းစနစ်များနှင့် စိတ်စွမ်းအားကျင့်စဉ်များမှ လာခြင်းဖြစ်သည်။ တာအိုကို နားလည်ရရှိလိုလျှင် ၎င်းက ကျိုးကြောင်းသင့်သည်။ 


‘ဒါပေမဲ့ ဝမ်းကွဲရေ ငါထင်တာတော့လေ မင်းပြောတာ နည်းနည်းတော့ မသင့်လျော်ဘူးလားလို့နော်’ 


‘ဒီလိုမျိုး မှတ်ချက်ချလိုက်တာမျိုးက တို့တွေရဲ့ relationshipမျိုးရှိတဲ့ လူမျိုးတွေကြားမှာ ပုံမှန်ဖြစ်နေကြမဟုတ်ဘူးလေ၊ မင်းရဲ့ စကားလုံးရွေးချယ်မှုက နည်းနည်းလေးတော့ လွဲနေပြီနော်’ 


သူတို့ တွေးနေတုန်းမှာပင် ရုတ်တရက်ကြီး ကျားခုံနှစ်ခုမှ အလင်းတန်းများ ထွက်ပေါ်လာပြီး တောက်ပလာသည်။ ကျားစေ့များကို ဆက်သွယ်ထားသော ငွေရောင်ကြိုးမျှင်များသည် တောက်ပသော ရွှေရောင်ကြိုးမျှင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် ကျားခုံနှစ်ခုလုံးသည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားလေတော့သည်။ ဤကမ္ဘာကြီး.... သူတို့နှစ်ယောက်ရှိနေသော ကမ္ဘာငယ်သည် အနည်းငယ် လှုပ်ခတ်လာသည်။ တဖြည်းဖြည်းနှင့် ပိုတိုးပြီး လှုပ်ခတ်လာကာ ယခုဘဲ ပြိုပျက်တော့မလို လေထုက အက်ကွဲလာသည်။ 


လင်ရှု၏ နှလုံးသားထဲမှ ကျယ်လောင်သော အချက်ပေးသံများ ထွက်ပေါ်လာတော့သည်။ 


သူသည် ရှန်းလင်ပုံရိပ်ယောင်ကို တစ်ကြိမ် ဖျက်ဆီးပြီးပြီ ဖြစ်သည်။ အိုက်ယား မင်းငါ့ကို နောက်ထပ် ပြဿနာထပ်တက်စေချင်နေတာများလားကွာ။


******