အပိုင်း 70 -အရိုးဖြူတောင်
ဤကိစ္စက တကယ့်ကို ထူးဆန်းသည်ပင်။ သာမန်လူသားတို့သည် မသေမျိုးလောကနှင့် မဆက်နွှယ်ပေ။ သစ်ခုတ်သမားနှစ်ယောက်က မသေမျိုးတွေကို သတ်ဖို့ ဘယ်လိုသတ္တိတွေ ရှိနိုင်ကြသည်လဲ။
လင်ရှုက ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားနေသည်။ သရဲထောင်ချီချောက်ကြီးသည် နာမည်ဆိုးဖြင့်ကျော်ကြားသောကြောင့် သေမျိုးများပင်လျှင် ၎င်း၏ဂုဏ်သတင်းကို ကြားဖူးရမည်။ အရင်တုန်းက မသိခဲ့ရင်တောင်မှ ဒီတောင်တန်းတဝိုက်က မြို့တွေကို ရောက်သည့်အခါ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ ဘယ်လောက်ပဲ စုဆောင်းချင်နေပါစေ၊ အဲဒီ ကြောက်စရာကောင်းသည့် ဒဏ္ဍာရီတွေကို ကြားဖူးနားဝ ရှိနေသင့်၏ ။
သို့သော် လင်းရှောင်သည် ချောက်ကမ်းပါးပေါ်တွင် အသံဖမ်းပစ္စည်းကို ထားထားခဲ့သောကြောင့် သူတို့ပြန်လာသောအခါ အသံသွင်းခြင်းမှ တစ်စုံတစ်ရာကို သိနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းတို့ကို ရှာတွေ့ပြီး ပြစ်မှုကျူးလွန်ပါက၊ သူတို့သည် အသံသွင်းမှုမှတစ်ဆင့် သဲလွန်စများကို ဆက်စပ်သိနိုင်သည်။
အကယ်၍ မည်သူကမှ လိုက်မရှာခဲ့လျှင် အမှုက ပြီးသွားပြီဖြစ်သည်။ လင်းရှောင်သည် ၎င်းတို့ကို ထိပ်တန်းမှော်လက်နက်ဖြစ်သည့် ကြိုးဖြင့် ချည်ထားသည်။ အတားအဆီးကို လုံးဝချိုးဖျက်လို့ မရပေ။ သူတို့ ပြန်သောအခါမှ ၎င်းတို့အား တော်ဝင်အစောင့်တပ်များဆီ ပို့ပြီး ကောက်ချက်ချရမည်။
လင်းရှောင်သည် လင်ရှုကိုပြန်ခေါ်ကာ သူ၏ကိုယ်ဖော့သိုင်းဖြင့် ချောက်ကမ်းပါးမှ ခုန်ချခဲ့သည်။
ကြောင်သည် အမြင့်ကို အနည်းငယ် ကြောက်နေပုံရပြီး သူတို့၏ ကိုယ်ဖော့စွမ်းရည်ကို မယုံကြည်ချေ။ သူသည် သူ၏ပတ်ဝန်းကျင်ကို ကာကွယ်ရန် အပိုဝိညာဉ်စွမ်းအားကို စုဆောင်းထားသည်။
အေးစက်စက်လေများသည် သူတို့မျက်နှာပေါ်သို့ တိုက်ခတ်လာကာ အောက်တွင် သရဲတစ္ဆေများ တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်နေကြသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လူသုံးဦး မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။
ဤနေရာတွင် မှောင်မှိုင်းနေကာ ကြည့်ရတာ ဝိုးတဝါးဖြစ်နေသည်။ ပြီးနောက် လင်ရှုက မတ်တပ်ရပ်လိုက်သည်။ သူသည် ရေခဲကြိုးတပ် ဒုံမင်းကို တီးခတ်လိုက်၍ သန့်ရှင်းသည့် ဝိညာဉ်ရေးစွမ်းအားဖြင့် မြူခိုးများကို ရိုက်ခတ် တွန်းထုတ်လိုက်သည်။ သို့မှသာ ရှေ့ကမြင်ကွင်းကို မြင်နိုင်မည်ဖြစ်သည်။
ချန်းမင်သည် လမ်းကြောင်းဖန်တီးရန် ရှေ့တွင် ရှိနေပြီး လင်ရှ သည် ကြောင်ကို သူ့ပုခုံးပေါ်တွင် တင်ကာ အလယ်တွင် ရပ်နေသည်။ လင်းရှောင်က သူ့နောက်တွင် ရှိနေသည်။
မြေပုံအရ၊ သူတို့သည် အက်ကြောင်းကို ရှာရမည်။ ထိုအက်ကြောင်းမှတစ်ဆင့် တကယ့် သရဲထောင်ချီ ချောက်နက်ကြီးကို ရောက်မည် ဖြစ်သည်။
သို့သော် ဒီလိုပတ်ဝန်းကျင်မျိုးမှာ အက်ကြောင်းကို ရှာတွေ့ဖို့ နေနေသာသာ တောင်ထိပ်ကိုပင် ရှာရခက်နေသည်။
လင်ရှုသည် ခေတ်သစ်ကမ္ဘာတုန်းက ဘူမိဗေဒကို လေ့လာခဲ့ပြီး တောင်ကြား ချိုင့်ဝှမ်းများ၏ မြေမျက်နှာသွင်ပြင်ကို နားလည်ထားပါက ဒဏ္ဍာရီလာ အက်ကြောင်း၊ချောက်ကို ရှာရ လွယ်ကူနိုင်မလားဟု တွေးနေမိ၏ ။
တွေးနေရင်းနဲ့ တစ်ခုခုကို နင်းမိပြီး လဲကျလုနီးပါးဖြစ်သွားသည်။
လင်းရှောင်သည် မျက်လုံးလျင်လျင်နှင့် လက်မြန်မြန်ဖြင့် သူ့ကို ထိန်းပေးထားရင်း ပြောသည်။
"သတိထားဦး"
လင်ရှုက ငုံ့ကြည့်သည်။
လက်သည်မှာ ပေါင်ရိုးဖြူဖြူအပိုင်းအ စဖြစ်သည်။
လင်းရှောင် " ခဏနေဦး"
နှစ်ယောက်သား ရပ်တန့်လိုက်သည်။ လင်ရှုသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သန့်ရှင်းသပ်ရပ်သော ကျောက်တုံးတစ်တုံးကို တွေ့လိုက်သောကြောင့် ထိုအပေါ် တင်ပျဉ်ခွေထိုင်ပြီး ခါးမတ်၍ တီးမှုတ်လိုက်သည်။
သူသည် သရဲရွာတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့သည့် 'နတ်ဆိုးဝိညာဉ်နှင်ခြင်း'ကို တီးခတ်လိုက်သည်။
မတူညီသော တေးသွားများဖြင့် ရောယှက်ထားသည့် ဝိညာဉ်ရေးစွမ်းအား၏ အတက်အကျသည် ကျပန်းတီးခတ်ရာမှ ထွက်ပေါ်လာသည့် အားထက် သိသိသာသာ ပို၍အားကောင်းသည်။
တေးသံက မြင့်သထက်မြင့် လာပြီး ဒုံမင်း၏ပတ်ပတ်လည်က မကောင်းသောလေထုနှင့် သရဲတစ္ဆေမြူများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
74 02
ဤတေးသံ၏ အထွတ်အထိပ်သို့ ရောက်ပြီးနောက် အသံသည် တဖြည်းဖြည်း တိုးသွားသော်လည်း ဝိညာဉ်စွမ်းအားကား ပိုမို ပြင်းထန်လာသည်။ ဝိညာဉ်စွမ်းအား လှိုင်းလုံးများ လုံးဝလျော့မသွားဘဲ၊ ပို၍ပင် အားကောင်းလာကာ ၎င်းတို့၏ အမြင်အာရုံများကို အဟန့်အတားဖြစ်စေသော မြူငွေ့များသည် ဒီရေကဲ့သို့ ပျောက်ကွယ်သွားစေသည်။
တေးသံအဆုံးတွင် စက်ကွင်းအတွင်းရှိ မီတာရာနှင့်ချီသော မြူများ လွင့်စင်သွားခဲ့သည်။
လင်ရှုသည် မတ်တပ်ထရပ်၍ ဒုံမင်းကို ဆက်ကိုင်ထားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ငြိမ်းချမ်းသော ခေတ်သစ်ကမ္ဘာတွင် သူကြီးပြင်းခဲ့သည်။ မသေမျိုး အကျင့်ကို ကျင့်ကြံပြီးသော်လည်း ငယ်စဉ်ကတည်းက သတင်းများတွင်သာ လူသေအလောင်းများနှင့် အရိုးစုများကို မြင်ခဲ့ရသည်၊ ၎င်းတို့ကို အထူးစီမံထားပြီး ဖြစ်သောကြောင့် အလွန်ကြောက်စရာမကောင်းပေ။
လက်ရှိမြင်ကွင်းက သူ့အတွက် တကယ်ကို ကြောက်လန့်စေသည်။
"အရိုးဖြူများကို တောင်ကဲ့သို့ မြင့်အောင် စုပုံထား" ဟူသော ဆိုရိုးသည် ဤအတိုင်းပင်။
လှိုင်းထနေသော ချောက်ကမ်းပါးအောက်ခြေတွင် နေရာအနှံ့ ပြန့်ကျဲနေသော လူသေအလောင်းများဖြင့် ပြည့်နေပြီး ၎င်းသည် လူသားအရိုးများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ဒဏ္ဍာရီထဲမှာတော့ သရဲထောင်ချီချောက်က လူတွေကို စားပြီး အရိုးတွေကို ထွေးထုတ်သည် ဟု ဆိုကြ၏ ။ ကြမ်းတမ်း အားကောင်းသည့် ကျင့်ကြံရေး အခြေခံမရှိ လျှင် လွတ်လမ်း မရှိ ဆိုသည်မှာ ချဲ့ကားပြောဆိုကြခြင်းမျိုး မဟုတ်လောက်ပေ။
ချန်းမင် : "ထူးဆန်းတယ်"
"ထူးဆန်း" ဟူသော စကားလုံးသည် ယနေ့ခေတ်တွင် အလွန်အသုံးများသည်။
လင်းရှောင် : " အများကြီးပဲ"
လင်ရှုသည် အရိုးစုများကို ခန့်မှန်းရေတွက်နေမိသည်။ သူ့ရဲ့ ဒုံမင်းသံက ဒီနေရာတစ်ဝိုက်ကိုပဲ ရှင်းသွားစေရုံသာ ဖြစ်သည်။ မမြင်ရသည့် တခြားနေရာတွေကိုပါ ထည့်တွက်လျှင်၊ ရှန့်လင်ကျောင်းတော် တပည့်အားလုံး လာလျှင်ပင် အကုန်ကုန်အောင် မရေတွက်နိုင်လောက်ပေ။
လူတွေက ငွေအတွက် သေပြီး ငှက်တွေက အစာအတွက် သေတယ် ဆိုပေမဲ့ လူတွေက ဒီအခြေအနေကို သိကြပြီးသားပင်။ ဒီနေရာက လူတွေကို စားပြီး အရိုးတွေ ထွေးထုတ်တဲ့ နေရာမှန်း သိနေတာတောင် သေဖို့ ပြေးလာသူတွေ ဘာကြောင့် များနေတာလဲ။
ထို့အပြင်၊ သရဲထောင်ချီချောက်နက်ကြီး၏ အခြေအနေကို မှတ်တမ်းတင်ထားသည့် ရှေးစာအုပ်များ၌လည်း ဝင်ပေါက်သည် အရိုးဖြူများ ပြည့်နှက်နေသည်ဟု မဖော်ပြထားပေ။
ချန်းမင် : "ဟုတ်တယ်၊ များလွန်းအားကြီးတယ်ကွာ"
လင်းရှောင် - "ဒီလူတွေအားလုံးက အမတတာအိုကသာ ဆိုရင် အခုအချိန်မှာ အမတတာအိုမှာ ဘယ်သူမှ ကျန်တော့မှာမဟုတ်ဘူး"
ချန်းမင် - "သူတို့ထဲက အများစုက သေမျိုးတွေ ဖြစ်မှာကို ငါကြောက်တယ်၊ ဒါနဲ့ သေမျိုးတွေ အများကြီး ဒီကို ဘာလို့များ ရောက်လာကြတာလဲ"
လင်ရှုက သူတို့နှစ်ယောက် စကားပြောတာကို နားထောင်ပြီး ညီအစ်ကိုနှစ်ယောက်ကို တွေးမိသွားသည်။
ဒီသေမျိုးတွေကော၊ အခြားသူတွေက သူတို့ကို အကွက်ဆင်တာ ခံလိုက်ရတာ မဟုတ်ဘူးလား။
ဆွဲသီးနှစ်လုံးက ပူဇော်အမွှေးနံ့သာ ရနံ့ရသည်ဟု လင်းရှောင် ပြောဖူးတာကို သတိရလိုက်သည်။ ဒါက ယစ်ပူဇော်တာများလား။
သို့သော် ဒေသခံတွေတွင် အိမ်ထောင်စုစာရင်း အမှတ်အသားစာရင်းများရှိပြီး ငါးနှစ်တစ်ကြိမ် ပြုပြင်မှုများ ပြုလုပ်လေ့ရှိသည်။ နေရာအသီးသီးရှိ အစိုးရရုံးများသည် အလွတ်အလှပြထားခြင်း မဟုတ်ပေ။ အကယ်၍ သေမျိုးအများအပြားသည် သရဲထောင်ချီချောက်နက်ကြီးထဲတွင် ပိတ်မိနေပြီး အသတ်ခံရပါက တော်ဝင်ရုံးတော်သည် သတိမထားမိတာ မဖြစ်နိုင်ပေ။
လင်းရှောင်သည် သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။ လင်ရှု၏မျက်လုံးများသည် သူ့ကို ကိုးကွယ်ရာသဖွယ် သက်ဝင်ယုံကြည်စွာ ကြည့်နေသည်။ သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည်နှင့် တပြိုင်နက် ၎င်းပေါ်ရှိ ညွှန်တံသည် မရပ်တန့်ဘဲ ပတ်ခြာလည်နေခဲ့သည်။
74 03
လင်းရှောင် : "နာကြည်းမှု"
"ထူးဆန်းတယ်.. သိပ်ထူးဆန်းတယ်"
ချန်းမင်က ပြောသည်။
"သွားလေ့လာကြည့်ရအောင်"
"အင်း"
လင်းရှောင်က ပြောပြီး သုံးယောက်သား ရှေ့ကို ဆက်လျှောက်သွားသည်။
လင်ရှုသည် စိတ်ကို တည်ငြိမ်အောင် ဖြေးဖြေးချင်း ထိန်းညှိလိုက်သည်။ သူ ရှေ့သို့ လျှောက်သွားတိုင်း လင်းရှောင်နှင့် ချန်းမင်တို့၏လမ်းကြောင်း ပေါ်လွင်လာအောင် ကူညီရန် 'နတ်ဆိုးဝိညာဉ်နှင်ခြင်း' ကို တီးခတ်ခဲ့သည်။
နောက်ဆုံးတွင် ၎င်းတို့သည် မြေပုံက တောင်တန်း၏ ဦးတည်ရာကို ကြည့်ပြီး ရှေ့သို့ လျှောက်သွားကာ အနက်ရောင် ဟင်လင်းပြင်ကို ဆက်နွှယ်ထားပုံပေါ်သည့် နက်ရှိုင်းသော အက်ကွဲကြောင်းကို တွေ့ရှိခဲ့သည်။
အက်ကွဲထဲသို့ ဝင်ရောက်ပြီးနောက်၊ သူတို့သည် ကမ္ဘာနှင့်လုံးဝ သီးခြားဖြစ်သွားခဲ့သည်။
သို့သော် မြေပုံသည် မှန်သည်။ မြေပုံဆွဲသူများသည် မြေပုံကိုဆွဲသောအခါ၊ ချောက်ကမ်းပါး၏ အောက်ဘက်သည် ယခုကဲ့သို့ မမြင်နိုင်ပေ။ မြင်ကွင်းကို ပိတ်ဆို့စေသည့် မြူခိုးများက နောက်ပိုင်းတွင် ပြည့်လျှံသွားဖွယ်ရှိသည်။
လင်ရှုသည် တစ်ချိန်က ဉာဏ်ကောင်းသည်ဟု ထင်မိသည်။ ခုလောလောဆယ်မှာတော့ သံသယဖြစ်ဖွယ်အချက်ကို မှတ်စုတို ရေးနေသည်။ ဝမ်းကွဲက သူ့ကို တစ်ဖက်က ကိုင်ပြီး မတ်စောက်သည့် အက်ကွဲကြောင်းထဲ ဆင်းလိုက်ကြသည်။
သူ့မှာ အခု သားမွေးထူထူကို နွေးနွေးထွေးထွေး ပတ်ထားပြီး မသေမျိုးစွမ်းအင် ရှိတာတောင် ချမ်းတုန်နေသေးသည်။
အမှောင်ထဲတွင် တိရစ္ဆာန်လေးများ၏ ခြေသံများ၊ အမည်မသိ အရာဝတ္ထုများနှင့် ကျောက်တုံးတို့၏ တရွှမ်းရွှမ်း ပွတ်တိုက်သံများ၊ နေရာအနှံ့က အော်ဟစ်သံတိုးတိုးများနှင့် တိုက်ခိုက်သံများ ရှိနေသည်။
ဒဏ္ဍာရီအရ၊ ဤသည်မှာ ရှေးခေတ် ရှတိုင်းပြည် နှင့် Dianတိုင်းပြည်တို့ တိုက်ခိုက်ခဲ့သည့် စစ်မြေပြင်ဖြစ်သည်။ ၎င်းသည် စတင်လိုက်သည်နှင့် သွေးနှင့်သေခြင်းများဖြင့် ပြည့်နှက်နေသည့်နေရာဖြစ်ပြီး ဖုန်းရွှေအရ ယင်(ယင် ချီ) ဓာတ်များနှင့်နှင့် နတ်ဆိုးများစုဝေးရာနေရာလည်း ဖြစ်သည်။ နှစ်ရာနှင့်ချီကြာပြီးနောက် မြင်ကွင်း ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သောသေဆုံးမှုနှင့် နာကြည်းချက် လှိုင်းလုံးများ ကြောင့် ယင်ဓာတ် နှင့် နတ်ဆိုးဝိညာဥ်များသည် ကောင်းကင်တစ်ဝိုက် ပျံဝဲနေကြသည်။ ရာနှင့်ချီသော သရဲတစ္ဆေများ ပေါ်ပေါက်လာပြီး မကောင်းမှုများ ကြီးထွားလာသည်။ ဒီကနေ လူတွေပြောနေကြသည့် သရဲထောင်ချီချောက်နက်ကြီး ဖြစ်လာသည်။
အသံများကိုကြားတော့ ပတ်ပတ်လည် ဆန်းပြားသော အရာများစွာ ရွေ့လျားလာသည်။
လင်းရှောင်က တိုးတိုး ပြောသည်။ " သွားတော့"
ချန်းမင်က ရယ်ပြီး ဆို၏။ "ဒီအခိုက်အတန့်ကို စောင့်နေတယ်"
လင်ရှုသည် ဒုံမင်းကို ကိုင်လိုက်ပြီး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ လူတို့သည် သရဲတစ္ဆေများကြားတွင် ရှိနေ၍ ထင်းထင်းကြီး ဖြစ်နေသည်။ သတိပြုမိသည်နှင့် ချက်ချင်းပင် ၎င်းတို့ တိုက်ခိုက်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့တစ်ဦးစီသည် အမွှေးတိုင်တစ်တိုင်စာအတွင်း မကောင်းဆိုးဝါးများ သတိမပြုမိစေဘဲ ကာကွယ်နိုင်သည့် ရှားပါး အဆောင် သုံးခုကို ပြင်ဆင်ထားသည်။ ဤရှားပါးအဆောင် သုံးခုဖြင့်၊ သူတို့သည် သရဲထောင်ချီချောက်ထဲသို့ ဝင်ရောက်ရန် ကြိုတင်တိုင်ပင်၊ပြင်ဆင်ခဲ့ကြသည်။
သူတို့သည် သရဲထောင်ချီချောက်နက်ထဲသို့ သွားရာတစ်လျှောက်လုံး သတ်လိုက် ဖြတ်လိုက် သွားနေရမည်။ ပထမဦးစွာ၊ မှောင်မိုက်မြစ်သို့သွားကာ အရိုးဖြူပန်းများကို စုဆောင်းမည်။
ထို့နောက် ကြီးမားသော အကာကို ဖယ်ရှားရန် ရှားပါးအဆောင်ကို အသုံးပြီး ယင်မြွေ၏ သားရဲတွင်းထဲသို့ ဝင်ကာ ၎င်းကို သတ်၍ ယင်မြွေ၏ သွေးနှင့် နဂါးနက်အရိုးကို ရယူမည်။ နောက်ဆုံးအနေနဲ့ မှောင်မိုက် မြစ်ထဲကို ဆင်းပြီး မဟူရာရေခဲအဆိပ်ရည်ကို ခိုးယူမည်။ လမ်းတစ်လျှောက်ရှိ မကောင်းဆိုးဝါးများ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စုပုံလာပါက အဆောင်တွေကို အသုံးပြု၍ တစ်ဖန် လွတ်အောင်ပြေးကြမည်။ အမွှေးတိုင် ကုန်သွားပြီးတဲ့အချိန်ကျ ချောက်ထဲက ထွက်ဖို့ သတ်ကြဖြတ်ကြရုံပေါ့။ နောက်ဆုံး အရေးပေါ်အခြေအနေအတွက် အဆောင်တစ်ခု ချန်ထားမည်။
ထိုအချိန်တွင်၊ သူတို့၏တည်ရှိမှုကို မကောင်းသော အရာများက တွေ့သွားပြီး၊ ခြေသံများနှင့် 'တရှဲရှဲ' မြည်သံများ ကျယ်လောင်လာကာ တမူထူးခြားသော ညည်းတွားသံအရှည်ကြီးနှင့် ဝိုင်းအုံလာသည်။
ချန်းမင်က "ကောင်းပြီ လာ"
74 04
ဓားပြားကြီး မွှေ့လိုက်ရာ "တဒေါင်ဒေါင်၊ တဒင်ဒင်" အသံများ ထွက်လာသည်၊ ချန်းမင်သည် သူ၏ ကိုယ့်ဖော့သိုင်းကို အသုံးပြုကာ ရှေ့သို့ ပျံတက်သွားသည်။ ဓားပြားကြီးသည် ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးအုပ်ကြီးထဲမှာ ဟိုဝှေ့ ဒီဝှေ့ ခုတ်ပိုင်းနေသည်။
လင်းရှောင်က အနောက်မှာ ဟိုဟိုဒီဒီ လိုက်ရှင်းလင်းနေပြီး လင်ရှုကို ကြောင်က စောင့်ရှောက်ပေးခဲ့သည်။
ကြောင်၏ဖရိုဖရဲ နာမ်ဝိညာဉ်စွမ်းအားသည် မြင်သာထင်သာရှိသော ဒြပ်တစ်ခုအဖြစ် စုစည်းနိုင်လုနီးပါးဖြစ်ပြီး သူ့အား ကာကွယ်ထားသောကြောင့် လေထုအလယ်တွင် ဒုံမင်းတီးခတ်ရန် အသင့်တော်ဆုံးအနေအထားတွင် ပျံသန်းကာ ချန်းမင်နှင့် လင်းရှောင်တို့၏အရှိန်ဖြင့် ရှေ့သို့ ပျံသန်းသွားနိုင်သည်။
လင်ရှုသည် ဤသယ်ယူပို့ဆောင်ရေးယာဉ်သည် အံ့သြဖွယ်ကောင်းသည်ဟု ခံစားခဲ့ရပြီး ၎င်းနှင့်အနည်းငယ် ညှိပြီးနောက်တွင် သူသည် "အတုမရှိတိမ်တိုက်များ" ကို လျင်မြန်စွာ စတင်တီးခတ်ခဲ့သည်။ ရေခဲကြိုးတပ်ဒုံမင်းမှ ခုန်ထွက်လာသော သန့်စင်သော ဝိညာဉ်စွမ်းအားတစ်ခုသည် အနက်ရောင်လေထုအောက်က ထွက်ပေါ်လာသည့်နတ်ဆိုးများကို ထိခိုက်ပျက်စီးစေရုံသာမကဘဲ ချန်းမင်နှင့် လင်းရှောင်တို့ကို စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်နိုင်စေရန် ကူညီပေးနိုင်သည်။
ကြောင်ကတော့ သူ့လည်ပင်းကို သူ့ဘာသာသူ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး အပြင်ကို မကြည့်ချေ။
လင်ရှုက ဤသို့တွေးမိလိုက်သည်။ ချန်းမင်သည် သရဲထောင်ချီချောက်တွင် နတ်ဆိုးများကို တိုက်ခိုက်ရင်း တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် လေ့ကျင့်ရမည်ကြောင်း သိထားသောကြောင့် ဖြစ်နိုင်သလို၊ သူသည်လည်း ရေခဲကြိုးတပ် ဒုံမင်းနှင့် တိုက်ခိုက်ရာတွင် တိုးတက်ရန် အစွန်းရောက်သော ပတ်ဝန်းကျင်ကို လိုအပ်သောကြောင့် ကြောင်သည် မလှုပ်မယှက်ဘဲ ၎င်းတို့၏ကျင့်ကြံခြင်းကို တိုးတက်စေရန် အခွင့်အလမ်းများ ဖန်တီးပေးနေတာ ဖြစ်မည်။ နောက်ဆုံးတွင် မျက်နှာသာအချို့ ပြန်လည်ရရှိမည်။
ဤအချိန်၌ သူ၏မျက်လုံးများသည် အလင်းရောင်မှိန်မှိန်ကို ကျင့်သားရသွားရာ မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း ရုပ်ဆိုးအကျည်းတန်သည့် မကောင်းဆိုးဝါးကောင်များသည် ဒီရေအလား တဟုန်ထိုး တက်လာကြသည်။ လင်းရှောင်နှင့် ချန်းမင်တို့၏ ဓားနှင့် ဓားပြားကြီး တို့ကား မြေထိုးစက်ကြီး ကဲ့သို့ ဝုန်းဆန်နေသည်။ ပြင်းထန်သော ဝိုင်းရံမှုအောက်တွင် ၎င်းတို့သည် အတင်း လမ်းကြောင်းဖွင့်ကာ လျင်မြန်စွာ ရှေ့သို့ ချီတက်ခဲ့ကြသည်။
ဒါဟာ အားစိုက်ထုတ်ပုံမပေါ်ပေမဲ့ အားလုံး သိကြပါသည်။ဒါက အစပဲရှိပါသေးသည်။
******