Ch 71
Viewers 3k

အပိုင်း (၇၁) ပန်းပွင့်များခူးယူခြင်း 


သူတို့ဝေးဝေးကို သွားလေလေ မိစ္ဆာများလည်း များပြားလာလေလေဖြစ်သည်။ ထိုမိစ္ဆာသတ္တဝါများ၏စွမ်းအားက အကန့်အသတ်ရှိသော်လည်း ပြောရလျှင် အရေအတွက် များပြားလွန်းသည်။


လင်ရှုက ဗျပ်စောင်းအား တီးလိုက်ကာ လင်းရှောင်နှင့် ချန်းမင်ဆီမှ လွတ်လာသော မိစ္ဆာများကို ဟန့်တားလိုက်သည်။ သို့သော်လည်း ထိုမိစ္ဆာများ၏ အရေအတွက်က မြင့်သထက်မြင့်လာသည့်အတွက် သူ၏အမြင်ကသာမန်လူတစ်ယောက်၏မျက်လုံးနှင့် စိန်ခေါ်နေရပြီး ထိုမျှလျင်မြန်သည့်အရှိန်ကြောင့် မရေမတွက်နိုင်သည့် မပီမသအရိပ်များကိုသာ တွေ့နိုင်ပြီး သူတို့၏လမ်းကြောင်းကိုတော့ မမြင်နိုင်ပေ။


ထိုမှုန်ပျပျအလင်းရောင်တွင် ဘယ်၊ညာ နှစ်ဖက်စလုံးကနေ လာနေသည့် မိစ္ဆာများကိုသာ အာရုံစိုက်သင့်သည်မဟုတ်ဘဲ ထိုလူနှစ်ဦး၏အခြေအနေကိုပါ အာရုံစိုက်နေရသည်။ တစ်ခဏကြာပြီးနောက် သူ့မျက်လုံးတွေက စပ်ဖျင်းဖျင်း ခံစားလာရပြီး ရိုးရိုးရှင်းရှင်းပဲ သူ့မျက်လုံးတွေအား ပိတ်လိုက်သည်။


တိတ်ဆိတ်မှုထဲတွင် ထိုမိစ္ဆာများ၏လှုပ်ရှညးမှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်လေက အထူးသဖြင့် သိသာလာတော့သည်။


လေတိုက်ရာလမ်းကြောင်းကို နားထောင်ပြီးနောက် ကြိုးတွေအားလုံးကို သူ့လက်နှစ်ဖက်စလုံးဖြင့် တီးခတ်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအားတွေကို အရပ်မျက်နှာအစုံသို့ ပေါက်ကွဲစေလိုက်သည်။


သို့သော်လည်း သူ့မျက်လုံးတွေကို ပိတ်လိုက်သည်နှင့် နှစ်ပေါင်းများစွာ ဓားရေးလေ့ကျင့်ထားခဲ့သည့် သူ၏အလိုလိုသိစိတ်က စိတ်ထဲသို့ဝင်လာတော့သည်။


အရှေ့တောင်ဘက်က မိစ္ဆာကောင်နှင့် အနောက်တောင်ဘက်က နှစ်ကောင်တို့တွင် ချိုသဏ္ဍာန် ဖြစ်ပေါ်နေသည့် ထောင့်အနေအထားရှိနေသည်။ သူတို့အားလုံးသာ “ဖင်းဟူရေကန်မှသော်တာလမင်း”ဖြင့် တိုက်ခိုက်နိုင်ပါက သူတို့ကို တစ်ချိန်တည်းမှာပင် သတ်ပစ်နိုင်သည်။


မြောက်ဘက်တွင်တော့ အပေါ်မှမိစ္ဆာသုံးကောင် ခုန်ချလာပြီး ချန်းမင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကာ အနောက်ဘက်ကနေလည်း နှစ်ကောင်က တဟုန်ထိုး ပြေးလာနေသည်။ သူတို့အားလုံးရှေ့သို့ တဟုန်ထိုးပြေးလာသည်ကို စောင့်ပြီး အနောက်ဘက်ကောင်းကင်ကို ကြည့်လိုက်ပါက အလွန်အမင်းကို လှည့်ဖြားတတ်သည့် ထောင့်အနေအထားတစ်ခုရှိသည်။ “နေမင်းခွင်းမည့်သက်တံ့” က လက်ဟန်တစ်ခုကပင် သူတို့အားလုံးအား တုတ်ချင်းပေါက်သတ်ပစ်လိုက်နိုင်သည်။


ပြီးနောက် ချန်းမင်၏လေးလံလှသောဓားရှည်က ဓူဝံကြယ်ရှိသည့် မြောက်အရပ်မှ ထောင့်ဖြတ် ခုတ်ချလိုက်သည်။ အကယ်၍ သူ့ဓားကိုသာ ဓားအိမ်ထဲ သွင်းလိုက်ပြီး အပေါ်ဘက်ကိုလွှဲ၍ သူနှင့်အတူ ပူးပေါင်းတိုက်ပါက သူ့ရှေ့ရှိမိစ္ဆာတွေကို တစ်ဒါဇင်ထက်မနည်း လှလှပပလေးသတ်ပစ်နိုင်သည်။


ပြီးတော့ လင်းရှောင်…… 


ထိုအရာတွေအားလုံးက သူ့ဆရာ သင်ပေးခဲ့တာဖြစ်သည်။ အတိတ်တုန်းက ကောင်းကောင်းလေ့ ကျင့်ခဲ့သော်လည်း သူ့တွင် အတွေ့အကြုံ အစစ်အမှန်မရှိခဲ့ပေ။ စာရွက်ပေါ်တွင်သာ သင်ကြားခဲ့ရသည်။ သို့သော်လည်း ယခုတွင် သူက အမှန်တကယ်ကို အန္တရာယ်ရှိနေပြီး အတိတ်တုန်းက သူသင်ကြားခဲ့သမျှက တစ်ခုချင်းစီ ပြန်ပေါ်လာတော့သည်။


သို့ရာတွင် သူ့လက်ထဲ၌ မည်သည့်ဓားရှည်မှမရှိဘဲ ဗျပ်စောင်းတစ်ခုသာလျှင်ရှိပြီး ဓားရေးအကွက်တွေကို အသုံးပြု၍မရပေ….


သူ့စိတ်နှင့်နှလုံးသားကို ရှင်းလိုက်ပြီး တေးသွားများစွာကို တီးခတ်လိုက်သည်။ ကြိုးတွေက ခိုင်မာတဲ့ဝိညာဉ်စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားပြီး သူ့စိတ်ထဲတွင် နေရာချထားသော လမ်းကြောင်းအတိုင်း ဘက်ပေါင်းစုံသို့ တိုက်ခိုက်တော့သည်။


ချန်းမင်က အော်ဟစ်လာသည်။ “ကောင်းလိုက်တဲ့ဗျပ်စောင်း!”


ထိုအချိန်တွင် သူတို့သုံးဦးလုံးက အနိုင်မခံ အရှုံးမပေးဖြစ်နေပြီး ယခုအချိန်မှာတော့ သူတို့တွေက ပိုလို့ပင် အင်အားကြီးမားနေသေးသည်။ သူတို့တွေက တကယ်ကြီးကို အချင်းဝက် တစ်စတုရန်းမီတာရှိသည့် နေရာလွတ်အား ရှင်းလင်းလိုက်နိုင်ပြီး ထိုနေရာတွင် မည်သည့်မိစ္ဆာမှမရှိပေ။

75 02

ထိုမိစ္ဆာတစ်အုပ်က အချိန်တစ်ခဏလောက် တိတ်ဆိတ်သွားပြီး ထို့နောက် စူးစူးရှရှအော်မြည်ကာ ဟိန်းဟောက်သံတို့က ရုတ်တရက်ကြီး ပိုလို့ပင် ကျယ်လောင်လာသည်။ သူတို့ထဲကတချို့က အချင်းချင်း ပူးကပ်လိုက်ပြီး ရာပေါင်းများစွာသော မိစ္ဆာများက သူတို့ဆီသို့ သူတို့ကိုယ်သူတို့ ပစ်သွင်းလာကာ အရူးအမူးဖြစ်နေသလိုပင်။


လင်ရှုက သူ့မျက်လုံးကို ပိတ်ထားဆဲဖြစ်ပြီး အာရုံစိုက်ထားသည်။ သူ့လက်ချောင်းတို့က ဆတ်ခနဲလှုပ်ရှားသွားကာ သူ့နှလုံးသားက ဗလာဖြစ်နေပြီး သူ့စိတ်ထဲတွင်လည်း တောက်ပနေကာ တစ်ချို့ဆန်းကြယ်သည့် နယ်ပယ်တွင် နှစ်မြှုပ်နေသလိုပင်။


ဓားရေးအကွက်က ဓားဖြင့် ပြုလုပ်စရာမလိုပေ။ ဗျပ်စောင်းသံက မမြင်နိုင်ကာ သူ့တွင်လည်း မာကျောသည့် လက်နက်စွမ်းအားရှိနိုင်သည်။


အဲဒါက ဗျပ်စောင်းလား။ ဒါမှမဟုတ် ဓားတစ်လက်လား။ သူဟာ ကွာခြားမှုကိုပင် မပြောနိုင်တော့ပေ။


လူသုံးဦးက ယခုကဲ့သို့ အရူးအမူး သတ်ဖြတ်ခဲ့ကြပြီး တစ်နာရီ၏လေးပုံတစ်ပုံခန့်အကြာတွင် တစ္ဆေပေါင်းသောင်းချီအသူရာချောက်နက်ကို ထိုးဖောက် ဝင်ရောက်သွားပြီဖြစ်သည်။


ထိုအချိန်တွင် လင်းရှောင်က ပြောလာသည်။ “တစ္ဆေဆရာသခင်က ဒီကိုရောက်လာပြီ”


သူတို့အား အခုလေးတင် ဝိုင်းထားခဲ့သည့် အရာတွေက တစ္ဆေပေါင်းသောင်းချီအသူရာချောက်နက်ဝန်းကျင်မှ “လမ်းလျှောက်နေသာအလောင်း” နှင့် “တွားသွားအလောင်းကောင်” ဟုခေါ်သည့် အဆင့်နိမ့်မိစ္ဆာတချို့ပင်။ သူတို့ဟာ ခန္ဓာကိုယ်နှင့် ပူးပေါင်းတိုက်ခိုက်ရန် အဆင့်နိမ့်စွမ်းအားတချို့ကို အသုံးပြုကြပေလိမ့်မည်။ သို့သော် “တစ္ဆေဆရာသခင်” ကတော့ ကွာခြားသည်။ သူ၏လှုပ်ရှားမှုများက နှေးကွေးပြီး သူ့ခန္ဓာကိုယ်က ကျိုးပဲ့လွယ်သော်လည်း အသိစိတ် အတော်အတန်ရှိကာ အဆင့်နိမ့်မိစ္ဆာများအား အမိန့်ပေးနိုင်သည်။ ထို့အပြင် သူ့စွမ်းအားက ထိုတွင်သာမကဘဲ လူတွေရဲ့နှလုံးသားကို ရှုပ်ထွေးစေနိုင်သည်။ 


ပြောကြသည်က တစ္ဆေဆရာသခင်ဆိုသည်ဟာ အကြောက်တရားနှင့် သေဆုံးသွားသည့် မရေမတွက်နိုင်သည့်လူတွေ၏ မကျေမချမ်းဖြစ်မှုကြောင့် ဖြစ်ပေါ်လာသည်ဟုပင်။ လူတွေ အကြောက်ဆုံးဖြစ်သည့် အရာများအား ဖောက်မြင်နိုင်ကာ မသေမျိုးတစ်ယောက်၏စိတ်ထဲက အားအနည်းဆုံးသောအပိုင်းကို တစ်ချက်တည်းနှင့် ထိခတ်နိုင်ပြီး ရန်သူကို နှောက်ယှက်နိုင်သည်။


သိပ်မကြာခင် လင်းရှောင်၏အသံက ကျရောက်လာသည်။ လင်ရှု ခံစားလိုက်ရသည်က လမ်းလျှောက်နေသာအလောင်းနှင့် တွားသွားအလောင်းကောင်တို့တွင် တကယ်ကြီးပင် တိုက်ခိုက်မှုပုံစံ အများအပြားရှိနေသည်။ တစ်လှိုင်းပြီးတစ်လှိုင်း တစ်ဟုန်ထိုး ပြေးလာနေပြီး သူတို့နှင့် တိုက်ပွဲပေါင်းဆက်တိုက်အား တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်မည့်အတိုင်းပင်။


တစ်ချိန်တည်းမှာပင် ဖျော့တော့သည့်အသံနိမ့်တစ်ခုက အဝေးမှပျံ့လွင့်လာပြီး ကြောက်လန့်ဖွယ်ကောင်းသည့် ပဲ့တင်သံတစ်ခုက တောင်နံရံများကြားတွင် ဆက်တိုက် မြင့်တက်လာသည်။


“ဘရိုကိတ်ပေါ်က ပွင့်ချပ်များနဲ့ ဟုန်းဟုန်းတောက်နေတဲ့မီးနဲ့ဆီကို ချက်လုပ်တယ်။ ယခုလို မြင်ကွင်းဟာ ဘယ်လောက် ကြာကြာခံနိုင်ပါ့မလဲ”

(TN/ အခြေအနေက အရမ်းကောင်းမွန်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ရွှင်ပျတောက်ပနေတယ်လို့ ဆိုလိုတာပါ)


“တင်းကျပ်လွန်းရင် ကျိုးပျက်လွယ်တယ်။ ဥာဏ်ပညာရှိလွန်းရင်လည်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေနိုင်တယ်။ ရောင်စုံတိမ်စိုင်တို့ကလည်း အလွယ်တကူ တကွဲတစ်ပြား ဖြစ်သွားနိုင်သလို ရောင်ခြယ်မှန်စတို့ဟာလည်း ကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အကောင်းဆုံးသာကြိုးစားပေတော့”


လင်းရှောင်က ပြောလိုက်သည်။: “အနောက်မြောက်ဘက်”


ချန်းမင် : “ငါ အရင်သွားမယ်”


လင်ရှုက သူတို့ ဘာကိုဆိုလိုသည်အား နားလည်လိုက်သည်။ ဗျပ်စောင်းရဲ့အသံက လှည့်သွားပြီး ချန်းမင်အတွက် လမ်းရှင်းပေးရန် ဝိညာဉ်စွမ်းအားက အနောက်မြောက်ဘက်ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတော့သည်။

75 03

 ချန်းမင်က သူ၏ကြီးမားလှသောဓားကြီးအား လွှဲရမ်းလိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားဟာလည်း ဝဲကတော့လိုဖြစ်နေကာ နေရာတစ်ခုဆီသို့ တရှီရှီအသံနှင့် လှည့်ပတ်နေကာ ချိုးဖြတ်မရသည့် စိတ်ဝိညာဉ်ချုပ်နှောင်ခြင်းကို ဖြစ်ပေါ်စေသည်။


လင်းရှောင်၏ဓားသွားက နောက်မှ တိုက်ခိုက်လာသော်လည်း အရင်ထိခတ်သွားသည်။ ထို့နောက် ထိုနေရာဆီသို့ ခုတ်ပိုင်းချလိုက်တော့သည်။


လင်ရှုက သခွားသီးကို ရိုက်ချလိုက်သည့်အသံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ပြီး ဆန်းကြယ်သည့်ဟန်ရှိသည့် အရာ၏အသံက ရုတ်ချည်းတိတ်ဆိန်သွားတော့သည်။ ဘယ်သူသိနိုင်မှာလဲ။ တစ္ဆေဆရာသခင်ရဲ့ဦးခေါင်းခွံက ဘယ်လောက်ထိ အပိုင်းပိုင်းဖြစ်သွားမလဲဆိုတာလေ။


ချန်းမင်က ပြောလိုက်သည်။ “မင်းကသာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့သူပဲ”


တစ်ချိန်တည်းမှာပဲ ဒုတိယနှင့်တတိယတစ္ဆေဆရာသခင်တို့ ပေါ်ထွက်လာပြီး ပိုပိုများလာသော ခပ်ဖျော့ဖျော့စကားသံတို့ကို အဘက်ဘက်ကနေ ကြားနေရသည်။ ထိုအသံက ကမ္ဘာကြီး၏အမည်သတိတရားဒေသနာကို ပြောပြနေသကဲ့သို့ ဘုန်းကြီးတစ်ပါးက အရှင်ဗုဒ္ဓ၏ဘုရားကေောင်းထဲတွင် ဂါထာမန္တာန် ရွတ်ဖတ်နေသကဲ့သို့ အလွန်ကိုပင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည်။ လင်ရှုက ဗျပ်စောင်း၏ဝင်ရိုးကို လှည့်လိုက်ပြီး တေးသံကို ပြောင်းလိုက်ကာ “ချင်းမင် စိတ်ဝိညာဉ်ဟာကွက် မန္တာန်”ကို စတင်တီးခတ်လိုက်သည်။ ဗျပ်စောင်းသံက နားထဲကို ဝင်သွားသည်နှင့် ချက်ချင်းပင် အေးမြသောစမ်းရေက ခန္ဓာကိုယ်ထဲကို ဖြတ်စီးသွားသလိုမျိုး ရုတ်ချည်းပင် လှုပ်နှိုးလိုက်သည်။


အကယ်၍ တစ္ဆေဆရာသခင်တစ်ပါးက သူနှင့် နီးကပ်လာလျှင် သူသတ်နိုင်ပါက သတ်ပစ်ပေမည်။ ဝေးနေလျှင်တော့ နှိုးထစေသည့်ဗျပ်စောင်းဖြင့် အဝေးကို နှင်ထုတ်ပစ်မည်။ လူသုံးဦးက ရှေ့တက်လိုက်ကြပြီး နတ်ဘုရားကသာ သူတို့အား လာပိတ်ပင်လျှင် ထိုနတ်ဘုရားကို သတ်ပစ်မည်ဟုပင် ပြောနိုင်သည်။ အကယ်၍ ဗုဒ္ဓကပါ လာပိတ်ပင်လျှင် ဗုဒ္ဓကိုပါ သတ်ပစ်ပေလိမ့်မည်။ ချန်းမင်က “မိုက်သားပဲ!” ဟု အော်ဟစ်လာသည်။ တစ်ချိန်တည်းမှာပဲ လင်ရှုသည်လည်း ယခင်ဘဝက သူ သင်ယူခဲ့သမျှက သူတို့အား ကူညီနိုင်သည်ကို သိရသည်က တကယ်ကိုပင် ပျော်စရာကောင်းသည့်အရာဟု ခံစားလိုက်ရသည်။


အနောက်ဘက်တွင်တော့ အဆင့်မြင့် “ဗာဂျရာမိစ္ဆာများ”နှင့် “ကောင်းကင်အဆင့်မိစ္ဆာများ” ပိုပိုများလာသည်။ သူတို့အားလုံးအား မသေမျိုးကျင့်ကြံသူတို့၏နယ်ပယ်နှင့် ခွဲခြားလျှင် သူတို့ထဲကအများစုက ရွှေအမြုတေအဆင့်နှင့် အနည်းစုက ယွမ်ယင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကြသည်။ လင်းရှောင်နှင့်ချန်းမင်တို့က သူတို့အား အနီးကပ် စတင်တိုက်ခိုက်နေကြသည်။ တစ်ချိန်တည်းမှာပဲ လင်ရှု၏ ရေခဲကြိုးဗျပ်စောင်းအား ထိန်းချုပ်လိုက်ကာ အဆင့်နိမ့်မိစ္ဆာများနှင့် တစ္ဆေဆရာသခင်တို့အား ထိုသူနှစ်ဦး တိုက်ခိုက်နေစဉ် နှောက်ယှက်မည်မှ ကာကွယ်လိုက်သည် ။


မရပ်မနားတစ်နာရီခန့်တိုက်ခိုက်အပြီးမှာတော့ မိစ္ဆာတို့၏ဟိန်းဟောက်သံအပြင် ရေငှဲ့လိုက်သကဲ့သို့ ရေကျသံမျိုးတို့ပါ ထွက်ပေါ်လာသည်။


ဖြစ်နိုင်သည်က အရိုးဖြူပန်း ကြီးထွားသည့် တစ္ဆေတစ်သောင်း အသူတရာချောက်နက်ရှိ မြစ်တစ်စင်းပင်။


တစ်ချိန်တည်းမှာပင် မျှော်လင့်ထားသကဲ့သို့ သူတို့နောက်ကို လိုက်နေသည့် မိစ္ဆာသတ္တဝါများ၏ အရေအတွက်က ကြောက်စရာကောင်းသည့် အရေအတွက်ကို ရောက်ရှိလာသည်။ ချန်းမင်၏ခိုင်မာသောခုခံမှုနှင့် လင်းရှောင်၏အလွန်အမင်း ကြောက်စရာကောင်းသည့် ဓားသွားကြောင့်သာ မဟုတ်ပါလျှင် ထိုထောင်သောင်းချီ သိပ်သည်းနေသည့် မိစ္ဆာများက သူတို့အား မရေမတွက်နိုင်သည့် ဂဏန်းဖြင့် အစိစိအညက်ညက်ကျေအောင် သတ်ပစ်လိုက်နိုင်သည်။ သူတို့၏သတ်ဖြတ်မှုနှုန်းနှင့်ပင် ရန်သူ၏အရေအတွက်က အလွန်အမင်းကြီးမားနေသည့်အတွက် ရွေ့ဖို့ခက်ခဲလှသည် ။


လင်းရှောင်က ပြောလိုက်သည်။ “အဆောင်ကို သုံးလိုက်”


ကိုယ်ဖျောက်အဆောင်ကို အသက်သွင်းလိုက်သောအခါ လင်ရှုက သူ၏ခန္ဓာကိုယ်ဟာ တစ်ခဏခန့် အရိပ်ပမာဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ပြီးနောက် သူ့ဆီသို့ ပြေးလာနေသည့် မိစ္ဆာများကလည်း ရုတ်ချည်းရပ်တန့်သွားကာ သူတို့၏ဦးတည်ချက် ပျောက်ဆုံးသွားပုံရသည်။ 


ထိုလူသုံးဦးက ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလိုက်ကြသည်။ မိစ္ဆာများမရှိသည်ကို အခွင့်ကောင်းယူကာ ပေါ့ပါးစေသည့်စွမ်းရည်ကို အသုံးပြုကာ အကြိမ်အနည်းငယ် ခုန်လိုက်ပြီး မြစ်ဆီသို့ ရောက်သွားကြတော့သည် ။


မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်နှင့် ချန်းမင်က နေရာမှာပင် တရားထိုင်လိုက်သည်။

75 04

“ငါ တစ်ခုခုကို ခံစားမိတယ်”


လင်ရှုက ပြင်ဆင်လာသည့် ကျောက်စိမ်းဘူးအား ထုတ်လိုက်ကာ အရိုးဖြူပန်းပွင့်အား ခူးရန် မြစ်ကမ်းဘေးသို့ သွားလိုက်သည်။


ထိုပန်းက ရှာဖွေရလွယ်ကူပြီး အမှောင်ထဲတွင် ဖောက်ထွင်းမြင်ရလုမတတ် ဖြစ်နေသည့် အမြစ်နှင့် အဖြူရောင်ပန်းပွင့်များရှိသော ထိုအပင်ငယ်လေးတစ်ခုသာ ရှိနေသည်။ မြစ်ဘေးတစ်လျှောက်တွင် ခြေလှမ်းတစ်ရာလှမ်းတိုင်း ပန်းတစ်ပွင့်ဆီရှိသည်။


ကမ္ဘာကြီးထဲရှိ အရာတွေက အပြန်အလှန် အားဖြည့်နေပြီး အပြန်အလှန် ထိန်းချုပ်ကန့်သတ်ထားကာ သဘာဝဘေးအန္တရာယ်နှင့် ကောင်းချီးတို့ကလည်း တစ်ခုနှင့်တစ်ခု မှီခိုနေကြသည်။ အလွန်အမင်းအဆိပ်ပြင်းသည့် မြွေတွင်းထဲတွင် ခြေလှမ်းတစ်ရာအတွင်း ဆေးဖက်ဝင် ဖြေဆေးအပင်ရှိရမည်။ တစ္ဆေသောင်းချီအသူတရာ ချောက်နက်ထဲတွင်လည်း အသက်ရှင်သန်နိုင်စွမ်းကို ဖြတ်တောက်ထားပြီး မရေမတွက်နိုင်သည့် မိစ္ဆာဝိညာဉ်များ ရှိနေသည့်နေရာတွင် ယခုလို အံချီးဖွယ်ကောင်းသည့် အရိုးဖြူပန်းပွင့် ရှိနေပေသည်။


လင်ရှုက ပန်းသုံးပွင့်ခူးလိုက်ပြီး လင်းရှောင်က လေးပွင့် ခူးလိုက်သည်။ ကုန်ဆုံးရန် နီးကပ်လာသည့် လွတ်မြောက်အဆောင်၏အချိန်အား တွက်ချက်လိုက်ပြီး ချန်းမင်ဆီသို့ ပြန်သွားလိုက်သည်။


ချန်းမင်သည်လည်း သူ့မျက်လုံးကို ဖွင့်လိုက်ကာ ပြောလာသည်။


“တကယ်ကို ထိုက်တန်တာပဲ”


“ဂုဏ်ပြုပါတယ်ဎ လင်းရှောင်က ပြောလိုက်သည်။


လင်ရှုလည်း သဘောတူလိုက်သည် ။


“ဂုဏ်ပြုပါတယ်”


ချန်းမင်က ပြောလိုက်သည်။


“ညီငယ်သိုင်းပညာရှင်လင်း ငါအရင်ကတော့ မင်းကို မပြောဖူးလောက်ဘူး။ ဒါပေမဲ့ မင်း အဲဒီမိစ္ဆာတွေကို တိုက်ခိုက်နေတုန်းက ဗျပ်စောင်းသံက နားထောင်ရတာ တော်တော်လေးက မသာမယာပဲ” 


လင်ရှု “…..”


သူသာ တေးသွားအသေတစ်ခုကိုသာ တီးနေမည်ဆိုလျှင် သူ၏ဂီတပိုင်းဆိုင်ရာအောင်မြင်မှုက သိပ်မမြင့်သော်လည်း တေးသွားလွဲချော်သွားမည် မဟုတ်ပေ။ သို့သော် ဗျပ်စောင်းနှင့် ဓားတို့ကသာ တစ်ခုတည်း ဖြစ်လာမည်ဆိုလျှင် အခိုင်မာဆုံးနှင့် အထက်မြဆုံးဝိညာဉ်စွမ်းအားကို ဘယ်လိုတုံ့ပြန်ရမလဲဆိုသည်ကိုသာ  စဉ်းစားပေလိမ့်မည်။ ဘယ်သူက ဂီတသံကိုဂရုစိုက်နေလို့လဲ။


သူက ပြောလိုက်သည်။ “မှန်ကန်အောင် အကောင်းဆုံးကြိုးစားပါ့မယ်”


လင်းရှောင် “နားကို မသာမယာ မဖြစ်စေပါဘူး”


ချန်းမင် “သေချာပေါက်ကို မသာယာဘူးကွ”


လင်းရှောင် “အမ်”


ချန်းမင် “….တကယ်တော့ အဲ့လောက် မသာယာတာလည်း မဟုတ်ပါဘူး”


လင်းရှောင်က အနည်းငယ်ပြုံးလိုက်သည် ။


လင်ရှုက ရယ်ချင်သွားသည်။


အချိန်တစ်ခဏခန့် အနားယူပြီးနောက် မှေးမှိန်ပျောက်ကွယ်မသွားသေးသည့် ကိုယ်ဖျောက်အဆောင်၏သက်ရောက်မှု အားသာချက်ကို ယူလိုက်ပြီး ချက်ချင်းပင် မြစ်အပေါ်ဘက်သို့ ပျံသန်းသွားလိုက်ကာ ယင်မြွေသားရဲတွင်းအား အအေးလမ်းကြောင်းတွင် ပုန်းကွယ်ရန် ရည်ရွယ်လိုက်သည်။ လမ်းတစ်လျှောက်တွင် ချန်းမင်က ရုတ်ချည်း “ဟမ်” ဟူသောအသံကို ရေရွတ်လာသည်။


တစ်ချိန်တည်းမှာပဲ လင်းရှောင်ကလည်း ရပ်လိုက်သည် ။


လင်ရှုကလည်း တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။

75 05

အခြားနေရာများတွင် မရေမတွက်နိုင်သည့် တစ္ဆေစီးကြောင်းများနှင့် ပြည့်နှက်နေသော်လည်း အခုလေးတင် သူတို့ပျံသန်းလာခဲ့သည့် နေရာအကြီးကြီးတွင်တော့ မိစ္ဆာကောင် တစိုးတစိမှ မရှိပေ ။


ထိုအချိန်တွင် လင်ရှုအားလွတ်မပေးဘဲ ဆက်တိုက်ကုပ်တွယ်ထားသည့် ကြောင်လေးကလည်း သူ့ခေါင်းအား မြှောက်ကာ အော်ဟစ်လာသည်။ “မြှောင်”


လင်းရှောင် “တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်”


စာရေးသူမှာပြောစရာရှိတယ် :


ချန်းမင် : ငါအရှုံးပေးပါတယ် 


******