Ch 72
Viewers 3k

အပိုင်း(၇၂) ဟူချီ


သူတို့က ဆင်းသက်လိုက်ပြီး မည်သည့်မိစ္ဆာမှ လျှောက်သွားမနေသည့် ထိုဧရိယာတစ်ဝိုက်သို့ စတင်စူးစမ်းရှာဖွေတော့သည်။ တစ်ခဏကြာပြီးနောက် သူတို့သုံးဦးလုံးအပေါ်ရှိ အဆောင်၏သက်ရောက်အားက အာနိသင် ပျောက်ကွယ်သွားသော်လည်း မည်သည့်မိစ္ဆာကမှ တိုက်ခိုက်ရန် ရောက်မလာပေ။ ကြည့်ရသည်မှာ ဒီနေရာက အမှန်တကယ်ကိုပင် ထူးဆန်းနေပုံရသည်။


လင်းရှောင်က ညလင်းပုလဲတစ်လုံးကို ထုတ်ယူလိုက်ကာ အနီးအနားတစ်ဝိုက်ရှိ ဧရိယာကို ခပ်ဖျော့ဖျော့ ထွန်းလင်းနေစေသည်။


ဤနေရာရှိမြေအနေအထားက တစ္ဆေထောင်သောင်းချီ အသူတရာချောက်နက်ရှိ မြေပနေအထားနှင့် သိပ်မကွာခြားပေ။ သူတို့ခြေဖဝါးအောက်ရှိမြေပြင်က ကြမ်းတမ်းနေကာ နက်ရှိုင်းသည့် အက်ကြောင်းအပြည့်ဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပြုတ်ကျလာသည့်ကျောက်တုံးများ ရှိသည့်အတွက် ဂရုစိုက်ရန်လိုအပ်သည် ။


သူတို့ဟာ လမ်းတစ်လျှောက်သွားလိုက်ကြပြီး ရုတ်ချည်းပင် သူတို့မျက်လုံးရှေ့၌ ရွှေရောင်ခပ်ဖျော့ဖျော့အလင်းရောင်က ပေါ်ထွက်လာသည်။


လင်းရှောင်က ညလင်းပုလဲအားသိမ်းလိုက်ပြီး ထိုရွှေရောင်အလင်းလေးဆီသို့ လျှောက်သွားလိုက်ကြသည် ။


သူတို့နီးကပ်လာလေလေ ရွှေရောင်အလင်းက နူးညံ့လာလေလေဖြစ်သည် ။


—ရှေ့သို့မရောက်ခင်မှာပင် ချန်းမင်က အံ့အားသင့်သည့် အသံတစ်ခု ထုတ်လာသည်။


“ဒါက……”


သူတို့တွေက မည်းနက်နေသည့် မြေပြင်ပေါ်ရှိ လိမ်ယှက်နေသည့် အက်ကြောင်းများကြားတွင် ပေါက်ရောက်နေသည့် ရွှေရောင်ကြာပန်းပွင့်ကို တွေ့လိုက်ရသည်။


လင်ရှုက ကြားပန်းဆိုသည်မှာ ရေထဲတွင်သာ ပေါက်ရောက်သည်ကို သိသည်။ သို့သော် ဒီကြာပန်းကတော့ ကျောက်အက်ကြောင်းတွေကြားထဲမှာ ဖူးပွင့်နေပြီး ရှားပါးလွန်းနေပြီဖြစ်သည်။ သူ့အရောင်က ထူးခြားကာ ပိုလို့ပင် ထူးခြားဆန်းကြယ်နေသည် ။


လင်းရှောင် “ယန်ဓာတ်ပြန်လည်ခြင်း”


ချန်းမင် : “ဆိုတော့ ကမ္ဘာကြီးထဲမှာ ဒီလိုအရာမျိုး ရှိသေးတယ်ပေါ့လေ”


လင်ရှု ““


လင်းရှောင်က သူ မသိလောက်ဘူးဟု ခန့်မှန်းမိပြီး စတင်ရှင်းပြလာတော့သည်။


ထိုကြာပန်း၏အမည်က “ယန်ဓာတ်ပြန်လည်ခြင်း” ဟု အမည်ရကာ <<ထူးခြားဆန်းကြယ်သောဂမ္ဘီရ>> ထဲတွင် မှတ်တမ်းတင်ထားသည် နှစ်ပေါင်းရာချီတိုင်မောင် မည်သူကမှ အမှန်တကယ် မမြင်ခဲ့ဖူးပေ။


ပြောကြသည်က ကပ်ယးနှင့်ကံကြမ္မာကောင်းတို့ရဲ့အချိန်ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသကဲ့သို့ပင် ဖုတ်ကောင်၏အရိုးများကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အရိုးဖြူပန်းဟာ ကျတ်တီးမြေတွင် ပေါက်ရောက်လိမ့်မည် ယခု “ယန်ဓာတ်ပြန်လည်ခြင်း” ကလည်း အတူတူပင်။


ဒီပန်း၏သက်ရောက်မှုက သူ့နာမည်ကဲ့သို့ အတူတူပင် ။


ယန်ဓာတ်ကို ပြန်လည်သစ်လွင်စေသည် ပြောကြသည်က သူ့တွင် သေခြင်းရှင်ခြင်းကို ဆက်သွယ်ပေးသော မှော်ဆန်သောသက်ရောက်မှုရှိသည်ဟု ပြောကြသည်။


မကျေမချမ်းဖြစ်မှု ဒေါသနှင့် မကောင်းမှု….စသည့်အရာအားလုံးက   ထိုအရာသာ “ယန်ဓာတ်ပြန်လည်ခြင်း” ၏ တစ်ရာကျန်းအတွင်းနေထိုင်ပါက ဆယ်နှစ်အတွင်းမှာပင် အသွေးအသား ကြွက်သားနှင့် သွေးကြောတို့ တဖြည်းဖြည်း ထုတ်လာနိုင်ပေလိမ့်မည်။


—ပြီးလျှင် လောကထဲတွင် လျှောက်သွားနိုင်မည့် ခန္ဓာကိုယ်တစ်ခုရရှိလာပေလိမ့်မည်။


ချန်းမင် : “ငါတို့တွေ ယူသွားကြမလား”


လင်းရှောင် : “ကောင်းပြီလေ”


လင်ရှုက ထိုရွှေရောင်ကြာပန်းအားကြည့်လိုက်ရာတွင် ထိုအပေါ်၌ မရေမတွက်နိုင်သော ဆန်းကြယ်ပြီး ထူးဆန်းသည့် အော်ရာတို့က လွင့်မျောနေသည်ဟု ခံစားလိုက်ရသည်။ နွေးထွေးပြီး တောက်ပတဲ့နေရာက အံအားသင့်ဖွယ် ကောင်းသော်လည်း ခြုံငုံကြည့်လိုက်သည့် အော်ရာကတော့ ကြောက်စရာကောင်းသည် ။

76 02

သေခြင်းနှင့်ရှင်ခြင်းအကြားရှိ ကြီးမားသောကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာတစ်ခုရှိနေသည်။ ဤကြာပန်းက သေခြင်းနှင့်ရှင်ခြင်းကို ဆက်စပ်ပေးနိုင်သည့် စွမ်းအားရှိပြီး လူတွေအား ကြောက်ရွံ့စေရန် လုပ်နိုင်သည်မှာ အံ့ဩစရာမရှိပေ ။


ဤပန်းအား ယူသွားရာတွင် သူတို့၌ မည်သည့်အကျိုးကျေးဇူးမှမရှိဘဲ သူတို့၏ အတွေ့အကြုံကို ကျယ်ပြန့်စေရုံသာရှိသည်။ သို့သော်လည်း အကယ်ဒမီသို့ယူသွားပြီး အမျိုးမျိုးသော တာအိုပညာရှင်တို့အား စူးစမ်းရှာဖွေခိုင်းသည်က ဒီနေရာမှာ ချန်ထားခဲ့သည်ထက် ပို၍ကောင်းသည်။ တစ္ဆေသောင်းချီ အသူတရာချောက်နက်ထဲရှိ မိစ္ဆာတစ္ဆေများသာ လူအသွင်ရရှိသွားပါက အကျိုးဆက်တွေက ဆိုးဝါးပေလိမိ့မည်။


သူတို့တွေ ဒီပန်းကိုရှာတွေ့သည်က ကောင်းသည် မဟုတ်လို့ ပိုင်ရှင်မဲ့အဖြစ် ချန်ထားခဲ့ပါက ကြီးမားသည့်ကပ်ဘေးသို့ စတင်အရှိန်ယူလာစေလိမ့်မည်။


သို့သော်— —


ဒီပန်းဟာ ထိုအရာတွေအား မီးကိုတိုးသည့် ပိုးဖလံကဲ့သို့ ဆွဲဆောင်စေမည့် တညိရှိမှုတစ်ခုဖြစ်သည်။ သို့သော် ယခုတော့ သူ့ပတ်ဝန်းကျင်တွင် မည်သည့်မကောင်းသည့်အရာမှ မရှိပေ ။


တစ်ခုတည်းသော ရှင်းပြချက်ကတော့ လက်ရှိတွင် ဒါဟာ တစ်ချို့သော စွမ်းအားကြီးတည်ရှိမှုတစ်ခု၏ အပိုင်စီးထားခြင်းကို ခံနေရသည်ပင်။ ဒီနေရာက ထိုအရာ၏ပိုင်နက်ပင်ဖြစ်ရမည်။


လင်ရှု၏အတွေးတို့အား အတည်ပြုသည့်အလား ခပ်ဝေးဝေးတွင် ထိုင်းမှိုင်းသော အော်သံတစ်ခု ထွက်ပေါ်လာသည် မြေပြင်က တုန်ခါနေပြီး ကျယ်လောင်သည့် “ဘွန်း”ဟူသော အသံထွက်ပေါ်လာသည်။ ထိုသည်က အတော်လေး ကြီးမားသည့်မွန်းစတားတစ်ကောင်က ဒီဘက်သို့ လာနေတာပင်။


သူတို့ ထွက်သွားချင်သော်လည်း လေးလံလှသည့်ဝိညာဉ်အော်ရာနှင့် နေရာမှာတင် ပိတ်ဆို့ ခံထားရပြီး ရုန်းကန်ဖို့ မဖြစ်နိုင်ပေ။


လင်ရှုက ထွက်မသွားနိုင်လျှင် ထိုသည်က သာမန်အရာပင် ။


ချန်းမင် ထွက်မသွားနိုင်လျှင်တော့ ဒီအရာက ယွမ်ယင်းနယ်ပယ်၏အထွတ်အထိပ်မှာရှိနေတာ ဖြစ်ရမည်။


သို့သော် လင်းရှောင်ပါ မထွက်နိုင်လျှင်တော့ ညွှန်ပြနေသည့်အရာက ထိုလာနေသည့်သတ္တဝါက အတိဒုက္ခအဆင့်မှာပင်။


အတိဒုက္ခအဆင့်က မိစ္ဆာမွန်းစတား။


မိစ္ဆာအဆင့်အား ကြီးစဉ်ငယ်လိုက်စီလိုက်ပါလျှင် ထိုသည်က တစ္ဆေဘုရင်ပင်။


ခြေသံများက အလွန်အမင်း လေးလံနေသော်လည်း ထိုအရာက လျင်မြန်စွာ လာနေတာဖြစ်သည်။


လင်းရှောင် “သွား”


သူတို့တွေက ကိုယ်ဖျောက်အဆောင်ကို အသက်သွင်းလိုက်ပြီး သူတို့ပေါ်ရှိဖိအားက တစ်ခဏလောက် လျော့နည်းသွားသည်။ သို့သော် နောက်တစ်ခဏမှာပဲ ထပ်ပြီး ပိတ်ဆို့ခံလိုက်ရပြန်သည်!


ကြီးမားသည့်အနက်ရောင်ပုံရိပ်က တောင်တစ်တောင်ကဲ့သို့ ဖြစ်နေပြီး ထူးဆန်းသည့်သွင်ပြင်နှင့် လက်ဖြင့်သာမန်ကာလျှံကာ နယ်ထားသည့် ကြီးမားသည့်ရွှံ့တုံးကြီးတစ်ခုလိုပင် မရေမတွက်နိုင်သည့် အရိုးစုများနှင့် အရိုးများကလည်း ထိုအပေါ်တွင် ကပ်နေကြသည် ။


လင်ရှု၏ပုခုံးပေါ်ရှိကြောင်က နောက်ဆုံးတွင်တော့ ခေါင်းထောင်လာပြီး နူးညံ့သည် “မြှောင်” ဟူသောအသံကို ထုတ်လာသည်။


ထိုပုံရိပ်က ရပ်သွားတော့သည်။


သူတို့အပေါ်ရှိ ဖိအားက ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။


လင်းရှောင်က ပန်းအားခူးရန် ငုံ့ကိုင်းလိုက်ပြီး “ယန်ဓာန်ပြန်လည်ခြင်း”အား အရိုးဖြူပန်းခူးရန် ပြင်ဆင်လာသည့် ကျောက်စိမ်းသေတ္တာထဲသို့ ထားလိုက်သည်။


တစ္ဆေဘုရင်က အလွန်အမင်း ဒေါသထွက်နေသည့် ဟိန်းဟောက်သံကို ထုတ်လာကာ မြေပြင်အား တုန်ခါစေပြီး သူတို့ခေါင်းပေါ်သို့ ကျောက်တုံးများ ကျလာစေသည် ။

76 03

လင်းရှောင်က လင်ရှုအား သူ့ဘက်သို့ ဆွဲလိုက်ပြီး ကျဆင်းလာသည့်ကြီးမားသည့် ကျောက်တုံးကြီးအား ကပ်သီလေး ရှောင်လိုက်နိုင်သည် ။


ဟိန်းဟောက်ပြီးနောက် တစ္ဆေဘုရင်၏ကြီးမားသည့်ခန္ဓာကိုယ်က သူတို့ဆီသို့ ပျံသန်းလာသည်။


ကြောင်လေးက “မြှောင်” ဟု အော်ကာ ငိုကြွေးလာပြီး လင်ရှုအားကိုင်ထားရင်း တုန်နေတော့သည်။


ပရမ်းပတာဖြစ်နေသည့် ဝိညာဉ်စွမ်းအားတစ်ခုက မြင့်တက်လာပြီး မနှိုင်းယှဉ်နိုင်သည့် ကြီးမားသော အင်အားအစိုင်အခဲကဲ့သို့ စုစည်းသွားကာ တစ္ဆေဘုရင်နှင့် တိုက်မိသွားတော့သည်။


ကျယ်လောင်သည့် “ဘန်း” ဟူသော အသံထွက်လာပြီးနောက် တစ္ဆေဘုရင်က ဆယ်ပေထက်မနည်း လွင့်ထွက်သွားကာ မြေပြင်ပေ့်သို့ ပြင်းထန်စွာရိုက်မိသွားတော့သည်


လင်ရှု “……”


ကြောင်လေး အတိဒုက္ခအဆင့်ကတစ္ဆေဘုရင်ကို ငိုသံလေးတစ်ခုနဲ့ လွင့်ပျံသွားအောင် လုပ်နိုင်ရင် ဘာလို့အရမ်းကြောက်လန့်နေသလို ဟန်ဆောင်နေရတာတုန်း။


သူက ကြောင်ရဲ့အမွှေးများအား သပ်ချလိုက်ကာ တုန်ယင်နေသည့်ကြောင်လေးအား ချော့မြှူလိုက်သည်။


ကြောင်လေးက တုန်တုန်ယင်ယင်ဖြစ်နေသည့် နောက်ထပ်ငိုသံတစ်ခုအား ထပ်ပေးလာသည်။ “မြှောင်”


တစ္ဆေဘုရင်က နောက်ထပ်ဒါဇင်ပေါင်းများစွာ လွင့်ပျံသွားပြန်ပြီး အသံကို နားထောင်ပြီးနောက် အချိန်အကြာကြီးထမလာနိုင်ပေ။


ကြောင်လေးက တုန်နေတာ ရပ်သွားသော်လည်း လင်ရှု၏ လက်မောင်းထဲသို့ အဆက်မပြတ် ကျုံ့ဝင်နေစေသည် ။


လင်းရှောင် “သွားကြစို့”


ထို့နောက် ကိစ္စတွေက အလွန်ချောမွေ့သွားတော့သည်။


ယင်မြွေများကို သတ်ကာ သူတို့၏သွေးသားနှင့်အရိုးများအား ယူဆောင်ပြီး အဆပ်ရှိသည့်ရေများကို စုဆောင်းလိုက်ကာ ဝိုင်းထားသည်ကနေ ဖောက်ထွက်လာကြသည်။


အခုတော့ လူတိုင်းတွင် မြေကမ္ဘာမသေမျိုးတွေ၏စွမ်းအားအပေါ် နက်ရှိုင်းသည့် နားလည်မှုတစ်ခု ရှိသွားကြတော့သည်။


“အပြင်ထွက်ပြီး ကြောင်လေးအတွက် အမွှေးတိုင်နည်းနည်း ထွန်းပေးရအောင်” ချန်းမင်၏လေသံက အတော်လေး ဘာသာတရား ကိုင်းရှိုင်းနေပုံရသည်။


လင်ရှုက အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည် ။


သူစိုးမိသည်က အတိဒုက္ခအဆင့်တစ္ဆေဘုရင်၏တိုက်ခိုက်မှုက လင်းရှောင်၏ “နိဗ္ဗာန်အသက်” နှင့်သာ တားဆီးပိတ်ပင်နိုင်ပြီး သူနှင့်ချန်းမင်ကို လွတ်မြောက်အောင် ခေါ်သွားပေလိမ့်မည်။ လမ်းတစ်လျှောက်တွင် သူ့အသက်ကိုပင်အသာထား။ ချန်းမင်နှင့် လင်းရှောင်တို့ပင် မသေသော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သည်။ ကြောင်လေး၏ကူညီလာခြင်းက သူ၏အတိဒုက္ခကို ဖြတ်ကျော်စဉ်တွင် လင်းရှောင်နှင့်ချန်းမင်တို့၏ ကူညီမှုအပေါ် တင်နေသည့်အကြွေးကို ပြန်ပေးဆပ်တာပင်။ နောက်တွင် ထပ်မံကူညီပေးခဲ့သည့် ဓားသခင်စံအိမ်တော်၏ တပည့်ယွင်လန်အား သွားရှာမည် စိုးရသည်။ 


တစ္ဆေသောင်းချီအသူတရာချောက်မှ ထွက်လာပြီးနောက် အရိုးများ အထပ်လိုက်ဖြစ်နေသည့် တောင်စွန်းအောက်ခြေသို့ ပြန်လာကာ ချန်းမင်က ထိုင်ချလိုက်ပြီး သူ၏ဘရိုကိတ်အိတ်ထဲမှ စာအုပ်တစ်အုပ်အား ထုတ်ယူလိုက်သည် ။


ထိုစာအုပ်ကို “နက်နဲသိမ်မွေ့သော ယင်မျိုးခြားသတ္တဝါသုသေသန” ဟုခေါ်ဆိုသည် ။


စာအုပ် ဖွင့်လိုက်ပြီးနောက် ပြောလိုက်သည်။

76 04

“အရင်က တစ္ဆေသောင်းချီအသူတရာချောက်ရဲ့ မှတ်တမ်းထဲမှာ တစ္ဆေဘုရင်တစ်ကောင်စီရဲ့ အချက်အလက်တွေပါတယ်။ ဒါပေမဲ့ ငါတို့ တွေ့ခဲ့တဲ့တစ်ကောင်ရဲ့အကြောင်း ဘာမှမရှိဘူး။ ဒီနှစ်ပိုင်းတွေမှာ ပေါ်ထွက်လာတာပဲ ဖြစ်ရမယ်။ အဲဒါ ဘာလဲဆိုတာကို ရှာရမယ်”


လင်းရှောင်က ညလင်းပုလဲကို ထုတ်ယူလိုက်ကာ ဧရိယာတစ်ဝိုက်အား ထွန်းလင်းစေပြီး စာအုပ်လှန်နေသည်အား ကြည့်နေလိုက်သည်။


တစ်ခဏကြာပြီးနောက် ချန်းမင်၏စာအုပ်လှန်နေသည်က ရပ်သွားကာ စာမျက်နှာတစ်မျက်နှာ၌ ရပ်သွားသည် ။


ထိုစာမျက်နှာတွင် ရေးထားသည်က


“ဟူချီ—ပုံပန်းသွင်ပြင်က မသေချာဘဲ တောင်တွေထက်ပိုပြီး လေးလံတယ်။ ရှုတိုင်းပြည်ရဲ့ဆယ့်ခုနစ်နှစ်မြောက်မှာ ရှေးဟောင်းရှုတိုင်းပြည်က ရေကြီးမှုနဲ့ ကပ်ရောဂါကို ခံစားခဲ့ရတယ်။ အယောက်တစ်သောင်းကျော် သေဆုံးပြီး ထိုကနေ ဟူချီက မွေးဖွားလာတော့တယ်။ ပြည်နယ်ဆယ့်သုံးခုမှာ သောင်းကျန်းပြီး လူအယောက်လေးသောင်းကို သတ်ဖြတ်ခဲ့တယ် အဲ့အရာက ကိုးခါငိုကြွေးမြည်တမ်းပြီး တောင်ကို ထိလိုက်တာနဲ့သေဆုံးသွားခဲ့တယ်”


ချန်းမင် “ဒါက……”


တစ်ချိန်တည်းမှာပဲ လင်းရှောင်၏မျက်မှောင်က နက်ရှိုင်းစွာ ကြုတ်သွားတော့သည် ။


လင်းရှောင်က ပြောလာသည် ။


“လွန်ခဲ့တဲ့ငါးနှစ်က ကျန်းစီရင်စုမှာဖြစ်ခဲ့တဲ့ ပလိပ်ရောဂါကို မှတ်မိသေးလား”


“မှတ်မိတယ်” ချန်းမင်ကပြောသည်။ “ငါ့အိမ်က ကျန်းစီရင်စုကနေ မိုင်နှစ်ရာပဲဝေးတယ်။ တစ်ချိန်တည်းမှာပဲ တစ်မြို့လုံးကို ပိတ်ချလိုက်ပြီး လူတိုင်းက အန္တရာယ်ကျရောက်နေခဲ့တာ။ ကံကောင်းလို့ အထိတ်တလန့်ပဲဖြစ်ပြီး ဘာအန္တရာယ်မှ မရှိခဲ့ဘူး”


လင်းရှောင်က တောင်စွန်းး၏အခြေရှိ တောင်ပုံသဏ္ဍာန်ဖြစ်နေသည့် အရိုးပုံကို ကြည့်လိုက်ကာ 


“ဒါဆို ဒီလူသေတွေက ဘယ်ကနေလာတာလဲ”


ချန်းမင်က ရုတ်တရက် ဖြူဖျော့သွားကာ ကြောက်လန့်တကြားဖြင့် ပြောလာသည်။


“မင်း ဆိုလိုတာက…….”


******