အပိုင်း (၇၃) ကျန်းစီရင်စုမှကိစ္စရပ်များ
လင်ရှုက သူတို့၏အဓိပ္ပာယ်ကို နားလည်လိုက်သည်
ရှေးဟောင်းစာအုပ်များထဲတွင် မှန်တမ်းထင်ထားသည်က ပလိပ်ရောဂါ သောင်းကျန်းပြီးနောက် လူတစ်သောင်းကျော် သေဆုံးကာ ဟူချီမွေးလာပေသည်
လွန်ခဲ့သည့်ငါးနှစ်က ဤနေရာနှင့်သိပ်မဝေးသည့် နေရာမှ ကျန်းစီရင်စုတွင် ပလိပ်ရောဂါဖြစ်ခဲ့သည်။
ပြောရလျှင် ရှေးဟောင်းဆေးဝါးတွေက အကန့်အသတ် ရှိသည်။ ပလိပ်ရောဂါ ထပ်ဖြစ်လာသည်နှင့် မကုသလျှင် ပလိပ်ရောဂါက ပျံ့နှံ့သွားကာ ကျယ်ပြန့်သည့် သေဆုံးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။ ချန်းမင်၏အဆိုအရဆိုလျှင် လွန်ခဲ့သည့်ငါးနှစ်က ပလိပ်ရောဂါက ကံကောင်းစွာဖြင့် အန္တရာယ်မရှိဘဲ ဖြတ်ကျော်နိုင်သွားခဲ့သည်။
သို့သော် လင်းရှောင်၏စကားလုံးတို့က လျင်မြန်စွာ ပြောင်းလဲသွားကာ ဤနေရာရှိသေဆုံးခြင်းများကို ရည်ညွှန်းနေပေသည်။
သူက ဒီနေရာကလူသေတွေ၊ ဟူချီနဲ့ပလိပ်ရောဂါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်လို့ သံသယရှိတာလား။
အကယ်၍ လူတချို့က ပလိပ်ရောဂါကြောင့် တကယ်ပဲသေဆုံးခဲ့လျှင် ဟူချီမွေးဖွားလာဖို့ လိုအပ်ချက်များနှင့် တကယ်ပဲကိုက်ညီသည်။ သို့သော် ဒါကသာ ဒီလိုဆိုလျှင် တစ္ဆေသောင်းချီအသူတရာ ချောက်နက်အောက်ခြေရှိ ဒီအလောင်းတွေက ဘယ်ကနေလာတာ ဖြစ်နိုင်မည်လဲ။ ထို့အပြင် ချန်းမင်၏ “အန္တရာယ်မရှိဘဲ” ဟူသောပြောစကားနှင့် ရှေ့နောက်မညီ ဖြစ်နေသည်။
လင်ရှုက လင်းရှောင်ကို ကြည့်လိုက်သည်။
သူဟာ လင်းရှောင်က တောင်ပုံရာပုံဖြစ်နေသည့် အရိုးပုံကြီးအား အတွေးနက်နေဟန်ဖြင့် အေးစက်သည့်အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်သည် ။
ချန်းမင်က ရှေးဟောင်းစာအုပ်ကို ထပ်မံကြည့်လိုက်ကာ ပြောလိုက်သည် ။
“ဒီနေရာမှာ မှတ်တမ်းတင်ထားတဲ့ဟူချီရဲ့ ပုံပန်းသဏ္ဍာန်က ကြီးကျယ်တဲ့ ကပ်ဘေးများနောက်မှ ဖြစ်လာတာတဲ့။ ပြောကြတာကတော့ နက်ရှိုင်းတဲ့ မကျေနပ်ခြင်းတွေနဲ့ သေဆုံးပြီးရောဂါနှင့် ပေါင်းစပ်ပြီးတဲ့နောက် မိစ္ဆာကို မွေးဖွားလာစေတယ်တဲ့”
လင်းရှောင် : “ကျန်းစီရင်စုမှာ လှည့်စားထားတာရှိရမယ်”
ချန်းမင် : “စီရင်စုအရာရှိက လှည့်ဖြားပြီး ကပ်ဘေးအခြေအနေကို ဖုံးကွယ်ထားတာက အရမ်းကိုရဲတင်းလွန်းတယ်။ ပြီးတော့ ဒီအလောင်းတွေက တစ္ဆေသောင်းချီ အသူတရာချောက်နက်ကို ဘယ်လိုရောက်လာကြတာလဲ”
လင်းရှောင်က ပြောသည် : “ငါစစ်လိုက်မယ်” ထို့နောက် သူက ဆက်ပြောလိုက်သည်၊ “ပြီးတော့ တောက်တစ်ခု ရှိသေးတယ်”
ချန်းမင် : “အဲဒါက ဘာလဲ”
လင်းရှောင်က “ယန်ဓာတ်ပြန်လည်ခြင်း” ကြာပန်းကို စည်းပိတ်ထားသည့် အေးစက်သည့်ကျောက်စိမ်းဘူးကို ထုတ်လိုက်ကာ ဖွင့်လိုက်ပြီး ပြောလာသည်။
“ဒါကို အနံ့ရှုကြည့်”
အရင်က တစ္ဆေသောင်းချီအသူတရာချောက်နက်တွင် စိုထိုင်းမှုနှင့် အေးစက်သည့်လေက အရမ်းကိုပြင်းထန်လွန်းသည်။ မိစ္ဆာများ၏ခန္ဓာကိုယ်ပေါ်ရှိ ဆီချေးနံ့ကလည်း များပြားလွန်းသည့်အတွက် လင်ရှုက သေသေချာချာအနံ့မခံခဲ့ရပေ။ ယခုထိုတစ္ဆေနေရာမှ ထွက်ခွာခဲ့ပြီးနောက် လင်းရှောင်မှ သေတ္တာကို ဖွင့်လိုက်ပြီး ဖျော့တော့ပြီး မွှေးရနံ့ ကင်းမဲ့နေသည်ကို မေးလာသည် ။
မွှေးရနံ့သာ အနည်းငယ်ပို၍ ပြင်းထန်လျှင် ဗုဒ္ဓဘုရားကျောင်းရှိ အမွှေးတိုင်နှင့် ဖယောင်းတိုင်တို့၏ အနံ့နှင့် အလွန်ကိုဆင်တူပေလိမ့်မည်။
လင်ရှုက ရုတ်တရက်ပင် ယခင်က သစ်ခုတ်သမားညီအစ်ကို၏ လည်ပင်း၌ ဆွဲထားသည့် ဆွဲသီးအကြောင်းကို တွေးမိသွားသည်။
လင်းရှောင်ပြောသည်က ထိုဆွဲသီးတွင် ပူဇော်သည့်အမွှေးတိုင်ရနံ့ကို ရသည်ဟုပင်။ သူပင်လျှင် ထိုသည်က ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဖွဲ့အစည်းလားဟု တွေးမိသည်။ ယခုအချိန် နိဂုံးချုပ်လိုက်မှသာ ထိုညီအစ်ကိုနှစ်ဦးက ယန်ဓာတ်ပြန်ရရန် “ယန်ဓာတ်ပြန်လည်ခြင်း” ကြာပန်းအား မှီခိုနေသည့် မိစ္ဆာလက်ပါးစေတွေ ဖြစ်နေသည်ကို သိလိုက်တော့သည်။
77 02
ဟူချီ၏အင်အားက သန်မာလွန်းသည်။ ထို့ကြောင့် အသက်ဝင်လာစေရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရလိမ့်မည်။ သို့သော်လည်း မည်သည့်မှော်စွမ်းအားမှမရှိသည့် မိစ္ဆာ လက်ပါးစေငယ်လေး နှစ်ယောက်အတွက် အသက်ဝင်စေရန်ကတော့ လွယ်ကူလွန်းသည်။
လင်းရှောင်က ထူးမခြားနားစွာ ပြောလာသည်။
“စမ်းကြည့်ပြီးရင် သိလိမ့်မယ်”
သူက လင်ရှုကို ကောက်ချီလိုက်ပြီး တောင်စွန်းပေါ်ကို ခုန်တက်လိုက်သည်။ ချန်းမင်ကလည်း နောက်မှလိုက်လာပေသည်။
ကြောင်လေးက နယ်နိမိတ်မျဉ်းကို ဖြေချလိုက်ပြီး ထိုညီအစ်ကိုနှစ်ယောက်က စိတ်ပျက်လက်ပျက်နှင့် ချိတ်ဆွဲထားခံရဆဲပင် သူတို့တွေက ချုပ်နှောင်ထားသည်ကနေ ချိုးဖြတ်ပြီး မလွတ်မြောက်သွားခဲ့ပေ။ သူတို့လာနေသည်ကို တွေ့သည့်အခါ ချက်ချင်းပင် ရုန်းကန်လာပြီး ပြောလာသည်။
“အင်မော်တယ်တို့ ကျုပ်တို့ကို ချမ်းသာပေးပါ!”
—သိသိသာသာကိုပဲ ယခင်က သူတို့နှစ်ယောက်ဟာ မိစ္ဆာသံနွယ်ပင်နှင့် ပူးပေါင်းပြီး သူတို့ကို သတ်ပစ်ချင်သည့် မလိုတမာစိတ်တွေ ရှိခဲ့သည်။ သူတို့မတိုင်မီတွင် တစ္ဆေသောင်းချီအသူတရာချောက်သို့ လာရောက်သည့် လူဘယ်လောက်များများကို သူတို့နှစ်ဦးက အောင်အောင်မြင်မြင်နှင့် သတ်ဖြတ်နိုင်ခဲ့သလဲ မသိပေ။ သို့သော် သူတို့ကတော့ “ချမ်းသာပေးပါ” ဟု တောင်းဆိုနေသေးသည်။ ကိုယ့်ကိုကိုယ် သတိပြုမိသည့်လူတွေက ဘယ်တော့မှ ဆုတောင်းဆန်သည့်အတွေးမျိုး ပြုလုပ်မည်မဟုတ်ပေ။
ထို့ကြောင့် ထိုလူနှစ်ဦး၏ အစမှအဆုံးထိဖျော်ဖြေမှုက အတော်လေး လွန်ကြူးလှသည်။ ထိုသည်က လင်ရှု၏ခန့်မှန်းချက်အား ပိုလို့ပင် သေချာလာစေတော့သည်။
ဦးနှောက်ပတ်လမ်းတွင် ရှုပ်ထွေးမနေသည့် မည်သူမဆို တွေးကြည့်နိုင်သည်။ ဆွေမျိုးနီးစပ်ဆိုလျှင် ပိုလို့ပင် တွေးခေါ်နိုင်သေးသည်။
လင်းရှောင်က သူတို့အားခေါ်လာပြီး သနားညှာတာပေးရန် ရုန်းကန်နေသည့် ထိုညီအစ်ကိုနှစ်ဦးကို အေးစက်စွာ ကြည့်လိုက်ကာ အေးစက်နေသည့် ကျောက်စိမ်းသေတ္တာအား ထပ်မံဖွင့်လိုက်သည်။
အေးစက်နေသော ကျောက်စိမ်းသေတ္တာထဲမှ “ယန်ဓာတ်ပြန်လည်ခြင်း” ထွက်ပေါ်လာသည့် ထိုအချိန်တွင် ထိုညီအစ်ကိုနှစ်ဦးက ကြက်သေ သေသွားပြီး သူတို့ခန္ဓာကိုယ်များကလည်း တောင့်တင်းသွားကာ မျက်လုံးများက ထိုင်းမှိုင်းသွားပြီး လင်းရှောင်ဆီသို့ ဖြည်းညှင်းစွာကြည့်လာသည်။
“မင်း…..မင်း…..”
“ငါတို့ရော ဘယ်လိုလဲ” လင်းရှောင်က ပြောသည်။
အကြီးဆုံးတစ်ယောက်က ရုတ်ချည်းပင် စိတ်လှုပ်ရှားပြီး ရုန်းကန်လာသည် : “မင်းက သေသင့်တယ်”
ချန်းမင်ကပြောသည် : “မင်းရဲ့ယန်ဓာတ်ကို ပြန်ရပြီဆိုတော့ အေးချမ်းတဲ့ဘဝတစ်ခုကို နေရုံပဲ တခြားသူကို ထိခိုက်အောင်လုပ်ပြီး ငါတို့က သေသင့်တယ်လို့ပြောနေတာက အဓိပ္ပာယ်မရှိဘူး”
အစ်ကိုကြီး : “ဘား!”
လင်းရှောင်၏လေသံက ယခုတွင် ပိုလို့ပင် နူးညံ့လာပြီး : “မင်းက ဒီမှာနေပြီး လာတဲ့လူတွေကို သတ်မယ်။ ပြီးရင် တစ္ဆေအသူတရာချောက်ကို အာဟာရဖြည့်ပေးမယ် ဒါပေမဲ့ ခက်ခဲမှုတွေက ဘာတွေလဲ”
အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုက တစ်ညီတစ်ညွတ်တည်း ပြောလာသည်။
“မင်းတို့က သေသင့်တယ်”
လင်းရှောင်က သူ့မျက်လုံးအား နိမ့်လိုက်ကာ ဖျော့တော့စွာ ပြောလာသည် :
“လွန်ခဲ့တဲ့ငါးနှစ် ကျန်းစီရင်စုက ပလိပ်ရောဂါ အဲဒါက ဒီကိစ္စနဲ့ဆက်စပ်နေသလား”
77 03
ထိုနှစ်ဦးက တစ်ညီတစ်ညွတ်တည်း ဖြေလာသည် : “ဘား”
လင်းရှောင်က သူ့လက်အား အနည်းငယ်မြှောက်လိုက်ရာတွင် သူ့လက်ချောင်းထိပ်၌ အနီရောင်မီးတောက်တစ်စထွက်ပေါ်လာသည်။
“ငါ့ကိုမပြောရင် မင်းတို့ရဲ့ဝိညာဉ်ကို ညှင်းပန်းနှိပ်စက်ဖို့ မီးရှို့ရလိမ့်မယ်”
အစ်ကိုကြီးနှင့် ဒုတိယအစ်ကို : “ဘား!”
လင်းရှောင်က သူတို့၏ “ဘား” ဆိုသည်က မည်မျှအသံအောင်၍ ပြင်းထန်သည်ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“အဲဒါဆိုရင် သဘာဝကျကျပဲ တစ်ယောက်ယောက်က မင်းတို့အတွက် ဆုံးဖြတ်ချက် ချပေးနေတဲ့ ဆရာသခင်ဖြစ်ရမယ်”
“ငါတို့ မယုံဘူး” ထိုနှစ်ဦးက ပြောလာသည်။
လင်ရှု “….’’
အခု သူတို့က မယုံဘူးဟု ပြောလာသည်။ ဒါဆိုလျှင် တစ်ယောက်ယောက်က တကယ်ကိုပင် သူတို့အတွက် ဆရာတစ်ယောက် ဖြစ်ရပေမည်။ ထိုလူနှစ်ဦး ယန်ဓာတ်ပြန်လည်မဖွဲ့စည်းမှီက နိမ့်ပါးသည့်ဝိညာဉ်စွမ်းအားနှင့် မိစ္ဆာသတ္တဝါများ ဖြစ်ကြသည်။ သူတို့၏ဦးနှောက်က သိသိသာသာကိုပင် ယန်ဓာတ် ပြန်လည်ဖွဲ့စည်းပြီး နောက်မှာလည်း ကောင်းမလာသေးပေ။
“မင်းတို့ညီအစ်ကိုနှစ်ယောက်က အခွင့်အရေးတစ်ခုကို စောင့်ဖို့ ဒီနေရာမှာ အလဟဿ စောင့်နေကြတယ်။ တစ်ယောက်ယောက် ရောက်လာလို့ သေမျိုးပဲဖြစ်ဖြစ် အင်မော်တယ်ပဲဖြစ်ဖြစ် တောင်စွန်းအောက်ကို လှည့်ဖြားခေါ်သွားပြီး သတ်ပစ်လိုက်တယ်။ မင်းတို့နှစ်ယောက်လုံးက ဒီမှာဆိုမှတော့ အသက်ရှင်နေတဲ့လူအဖြစ် ပြောင်းသွားတဲ့ တခြားမိစ္ဆာတွေလည်း ရှိရမယ်။ ဥပမာအရဆို မင်းတို့က လူကြီးမင်းယုံဖန်းလို ရုပ်ဖျက်ပြီး သူတို့မိသားစုထဲမှာ ပြင်းပြင်းထန်ထန် ဖျားနာနေတဲ့ လူတွေကို ရှာဖွေကြမယ်။ သူတို့ကို ဒီနေရာဆီဖျားယောင်းပြီး သတ်ပစ်တယ်။ အချိန်ကုန်လာတာနဲ့အမျှ လူတွေအများကြီး ဖြစ်သွားလိမ့်မယ်”
လင်းရှောင်ကပြောသည်။ “အကယ်၍ အင်မော်တယ်တစ်ယောက်ကသာ အသက်ကြီးပုံပေါ်ပြီး ပြောင်မြောက်တဲ့ ကျင့်ကြံဆင့်ရှိမယ်ဆိုရင် လွတ်ပေးလိုက်တယ်။ ဒီနေ့ ငါတို့အားလုံးက လူငယ်တွေဆိုတာကို တွေ့လိုက်ပြီး ဒီလောက်များတဲ့ ဝိညာဉ်စွမ်းအားတွေ ရှိမယ်လို့ မမျှော်လင့်ထားတော့ ရလဒ်က ပြောင်းပြန်ဖြစ်သွားတယ်။ အဲ့လိုမလား”
ထိုညီအစ်ကိုနှစ်ဦးက သူ့အား မိုက်မဲထုံအသည့်အကြည့်ဖြင့် ကြည့်နေကြသည်။
လင်ရှုကလည်း သူတို့ပြုမူနေသကဲ့သို့ပင် အံ့အားမှင်သက်သွားသည်။
—ဒီဆွေတော်မျိုးတော်လေးရဲ့အိုင်ကျူက သာမန်သေမျိုးတွေ စိတ်ကူးယဉ်နိုင်တဲ့အရာလား။ ဖြစ်စဉ်တစ်ခုကနေ ကောက်ချက်တွေဆွဲဖို့က နည်းလွန်းတယ်လေ။ ပြီးတော့ အယောက်သုံးရာကို ဆန့်ကျင်ဖို့တောင် လုံလောက်တာထက် ပိုနေပြီ။ ဒီဆွေမျိုးလေးအတွက်ကတော့ သဲလွန်စတစ်ခုရှိတာနဲ့ ကိစ္စတစ်ခုလုံးကို ကောက်ချက်ချလို့ရပြီ။
ထိူလူနှစ်ဦး ကြောင်တောင်တောင်ဖြစ်ပြီး လျှာလိပ်သွားကာ ပြန်လည်မသက်သာလာခင်ထိ တစ်ခဏလောက် အချိန်ယူလိုက်ရသည်
ဒုတိယအစ်ကိုက ပြောလာသည်၊ “အိပ်ပျော်နေတဲ့တစ္ဆေတွေ ရှိတယ်”
လင်းရှောင် : “အိပ်ပျော်နေတဲ့တစ္ဆေ”
“အခွန်အရာရှိတစ်ယောက်ရှိတယ်။ မင်းရဲ့အခွန်ကို မပေးနိုင်ရင် သေဖို့ ဆုတောင်းလို့ရတယ်။ အဲဒါကြောင့် ငါတို့က သူ့ကိုခေါ်လာပြီး ဒီတောင်စွန်းကနေ ခုန်ချရင် နောက်ဘဝကျရင် ကောင်းမွန်တဲ့ဘဝရှိလိမ့်မယ်လို့ ပြောတယ်လေ” အကြီးဆုံးအစ်ကိုဖြစ်သူက ရယ်လိုက်ကာ :
“သူတို့ထဲကအများစုက တစ်မိသားစုတည်းကပဲ”
ကြည့်ရတာ ဒီအခွန်အရာရှိကတော့ အိပ်ပျော်နေပုံ မရဘူး။
77 04
“ဒီလိုသာဆို မင်းက ဒီမင်းဆက်ကို မုန်းနေတာ အချိန်အတော်ကြာပြီပဲ” လင်းရှောင်၏အသံက အလွန်အမင်းနိမ့်ဆင်းနေကာ သူ့ကိုယ်သူ ရေရွတ်နေသလိုပင်။
“ဒီမလိုမုန်းထားမှုက ဘယ်ကနေ လာတာလဲ။ ပလိပ်ရောဂါပျံ့နှံ့တာကို ကာကွယ်တားဆီးဖို့နဲ့ ပေါ်ထွက်လာမှာကို ကြောက်ရွံ့လို့ လူတွေ ထောင်သောင်းချီကို တစ္ဆေသောင်းချီအသူတရာချောက်နက်ထဲမှာ ထားလိုက်တယ်။ အငြှိုးတရား ဖျားနာမှုနဲ့ ဒေါသတွေက လိမ်ယှက်သွားပြီး ဟူချီကိုမွေးဖွားလာစေတယ်။ ဟူချီက မင်းတို့ကို အာဟာရထောက်ပံ့ပေးပြီး ထပ်မံ ပျိုးထောင်ပေးပြန်တယ်…..”
ထိုညီအစ်ကိုနှစ်ယောက်က တစ်ညီတစ်ညွှတ်တည်း ပြောလာသည်။ “မင်းတို့က သေသင့်တယ်”
လင်းရှောင်က မေးလိုက်သည်။ “မင်းတို့တွေ လူတွေ ဘယ်လောက်တောင် သတ်ခဲ့ပြီးပြီလဲ”
အစ်ကိုကြီး : “မရေမတွက်နိုင်အောင်ပဲ”
“အခွန်မိစ္ဆာတွေ ဘယ်လောက်တောင်ရှိလဲ”
“မရေမတွက်နိုင်အောင်ပဲ”
“ဆေးရှာတဲ့သူတွေကရော”
“မရေမတွက်နိုင်အောင်ပဲ”
“မသေမျိုးတွေကရော!”
“တစ်ဒါဇင်လောက်လား”
“မင်းတို့တွေကရော ဘယ်လောက်လဲ”
“မရေမတွက်နိုင်အောင်ပဲ”
လင်းရှောင်ကပြောလာသည်။: “အဲဒါက ကြီးမားတဲ့ အကြောင်းအရင်းပဲ!”
“သေချာပေါက်ပဲပေါ့”
အေးစက်တဲ့အလင်းတစ်ခုက ဖြတ်သွားကာ “ထုန် ထုန်” ဟူသော အသံကို ကြားလိုက်ရပြီး ခေါင်းနှစ်လုံးက မြေကြီးပေါ်သို့ကျသွားကာ သွေးတွေ ပန်းထွက်လာသည်
လင်းရှောင်က ဓားကိုယူလိုက်ကာ ပြောလာသည်
“သွားကြစို့”
ချန်းမင်ရဲ့မျက်နှာကဖြူဖျော့သွားကာ သူ့နှုတ်ခမ်းတို့က လှုပ်ရှားသွားသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခု ပြောချင်ပုံရသော်လည်း ပြောမထွက်လာခဲ့ပေ။ “အမ်း” တစ်လုံးသာ ထွက်လာပေသည်။
ခရီးတစ်လျှောက်တွင် သူကပြောလိုက်သည်
“လူသားဖြစ်လာတဲ့ တခြားမိစ္ဆာတွေကရော”
လင်းရှောင်က ပြောလာသည်။
“ညီမရှောင်ဆီ စာပို့လိုက်မယ် သူမက တော်ဝင်အစောင့်တွေကို လူကြီးမင်းယုံဖန်းရဲ့ကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားလိမ့်မယ်။ ပြည်နယ်ခြောက်မှာရှိတဲ့ ဒီအနီးအနားက ရွာတွေနဲ့မြို့တွေရဲ့ ပျောက်ဆုံးမှုလည်းအပါပေါ့”
ချန်းမင်ကပြောလာသည်။ “ကောင်းပြီ”
တစ္ဆေေူာင်းချီအသူတရာချောက်နက်မှထွက်လာပြီးနောက် လင်းရှောင်က လင်ရှု၏နှင်းမြေခွေးဝတ်ရုံအား ကြိုးဖြည်ပေးရန် လက်ဆန့်လိုက်သည်။ ထို့နောက် ထားလိုက်ပြီး သူ့ကို မေးလာသည် ။
“ငါ အခုလေးတင် တစ်ယောက်ယောက်ကို သတ်ခဲ့တာက မင်းကို ကြောက်လန့်သွားစေလား”
77 05
လင်ရှုကသူ့ခေါင်းကိုရမ်းလိုက်သည်။
လင်းရှောင်က ပြောသည်။ “အဲဒါဆိုကောင်းတယ်”
လင်ရှုက တွေးကြည့်လိုက်သည်။ ထိုလူနှစ်ဦးက ဟူချီ၏ကြိုးကိုင်ချယ်လှယ်မှုကိုခံရပြီး အင်မော်တယ်တွေကို သတ်ဖြတ်ကာ တစ္ဆေသောင်းချီအသူတရာချောက်အား သူတို့၏အသက်များနှင့် အားဖြည့်ခဲ့သည်။ သူတို့တွေက ခက်ခဲကြမ်းတမ်းခဲ့သော်လည်း ပြစ်မှုတွေကတော့ ခွင့်မလွှတ်နိုင်စရာပင်။
သို့သော်လည်း ဟူချီက သူတို့၏ခွန်အားကို သန်မာစေရန်အတွက် အသတ်ခံရသူတွေအပေါ် မှီခိုရန်လိုအပ်သည်။ သူတို့၏ခွန်အားကိုသန်မာအောင် ပြုလုပ်နေစဉ်တွင် သူတို့သာ အောင်မြင်ခဲ့လျှင် တကယ့်ကိုကြီးမားသည့် ကပ်ဘေးပင်။
သို့သော်လည်း နောက်ဆုံးတွင်တော့ အကြောင်းအရင်းက တော်တော်လေး အရှက်မဲ့သည်။
ညနေပိုင်းတွင် မြို့ငယ်လေးရှိ တည်းခိုဆောင်တစ်ခုတွင် အခြေချလိုက်ကြသည်။
ညလယ်ကြီးတွင် လင်ရှုအိပ်တော့မည့်အချိန်၌ တံခါးခေါက်သံ ကြားလိုက်ရသည် တံခါးဖွင့်လိုက်သည့်အခါ ရောက်လာသည့်သူက ဘေးကပ်လျက်အခန်းက လင်းရှောင်ဖြစ်နေသည်။
ထိုသူက ပြောလာသည်။: “ငါ အခုသွားတော့မယ်”
လင်ရှုက ထိုစကားလုံးတွေရဲ့အဓိပ္ပာယ်ကို တစ်ခဏလောက် အစာမချေနိုင်ပေ။ “ဟမ်”
လင်းရှောင်က ဝင်လာကာ စားပွဲမှာထိုင်လိုက်ပြီး လက်ဖက်ရည်နှစ်ခွက်ငှဲ့ကာ ပြောလာသည်
“ညီမရှောင်က မင်းကို ဟွမ်သန်းတောင်ထွတ်မှာ ကာကွယ်ပေးဖို့ ပြောထားတယ်။ ငါကတော့ မင်းကို အသိစိတ်ရှိရှိနဲ့ ကာကွယ်ပေးပြီးပြီ”
သဘာဝကျကျပဲ။ အဲဒါ ကကောင်းတယ်လေ။
ကောင်းတာထက်တောင်ပိုသေးတယ်။ ပြီးပြည့်စုံတယ်။
သူက ဆက်ပြောလာသည်။
“အခု ဒီမှာ ငါ့ကိစ္စပြီးပြီဆိုတော့ ငါက ကျန်းဟူက လူတစ်ယောက်ပါ။ ကျန်းစီရင်စုရဲ့အရေးကိစ္စမှာ ဝင်ပါလို့မရဘူး။ ညီမရှောင်က အားလပ်သွားပြီဆိုတော့ မင်းဆီကို ရက်အနည်းငယ်အတွင်း မင်းဆီကို လာခေါ်လိမ့်မယ်….။ ငါကတော့ တောင်ထွတ်ကိုပြန်ပြီး ကျင့်ကြံတော့မယ်။ ဒါဆိုရင် မင်းကို တစ်ယောက်တည်း ထားခဲ့ပြီ”
လင်ရှုက အနည်းငယ် ဝမ်းနည်းသွားကာ ဘာပြောရမည်လဲမသိပေ။ လင်းရှောင်အား အချိန်အကြာကြီး ကြည့်လိုက်ပြီးနောက် ဝါကျတစ်ကြောင်းကိုသာ ထုတ်လိုက်နိုင်သည်။
“ဂရုစိုက်ပါ”
သူက ပြုံးလိုက်ကာ သူ့လက်အား ဆန့်ထုတ်လိုက်ပြီး လင်ရှု၏နှာခေါင်းအား ထိလိုက်သည်။
လင်ရှု “…….”
ဒုတိယအကြိမ်ရှိပြီ။
သူက ထိုလူ၏ နွေးထွေးသောအသံကိုသာ နားထောင်လိုက်သည်။
“မင်းလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်”
လင်ရှု : “ငါ ဂရုစိုက်ပါ့မယ်”
“ငါတို့တွေက နောက်တစ်ကြိမ်ကျ ဘယ်အချိန်မှ ပြန်တွေ့ရမယ်မသိဘူး။ ပြီးတော့ ငါ့မှာလည်း မင်းကိုပေးဖို့ ဘာမှမရှိဘူး”
လင်းရှောင်က ပြောလာသည်။
“အဲဒါနဲ့ အပြင်ထွက်လိုက်ပြီး ဒါလေးကို အပြင်ဘက်ကနေဝယ်လာတယ်”
77 06
သူဟာ ရိုးရှင်းတဲ့အဖြူရောင်ကျောက်စိမ်းဆံညှပ်ကို ထုတ်လိုက်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလာသည်။
“အဲဒါက ရှားပါးတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းနဲ့ ကြည့်ကောင်းမယ်ထင်လို့”
ကြည့်ရသည်မှာ သူက ကြီးမြတ်တဲ့သခင်မလေးဆီမှ လက်ဆောင်များအား လက်ခံနေကျ ဖြစ်သော်လည်း ထိုဆွေမျိုးဆီမှလက်ဆောင်အား လက်ခံရန်အတွက်ကျ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်၊ လင်ရှုက တစ်ခဏလောက် တွေးလိုက်သည်။ သူ့တွင် ထိုလူ ပြန်ပေးရန် ဘာမှမရှိပေ။ သူက ထိုသို့သာပြောနိုင်သည်။ “ငါ့မှာဘာမှမရှိဘူး…..”
ထိုဆွေမျိုးက အပြုံးလေးနှင့်ပြောလာသည်။
“ဒါဆိုရင် နောက်ကျပြင်ထားလေ။ နောက်တစ်ခေါက်ကျ တွေ့ကြမယ်”
လင်ရှု “ကောင်းပြီလေ”
လင်းရှောင်က သူ့အား ထပ်ကြည့်လိုက်ကာ ပြောလာသည် ။
“အိပ်ရာ စောစောဝင်သင့်တယ်။ ငါ ခဏနေကျသွားတော့မယ်။ မင်း လိုက်ပို့စရာမလိုဘူး”
လင်ရှုက သူ့တွင် ပြောစရာအများကြီးရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ၏ဘာသာစကားစွမ်းရည်က အကန့်အသတ် ရှိနေဆဲပင်။ ထို့ကြောင့် သူက ဘာမှမပြောခဲ့ပေ။ သူ ပြောနိုင်သည်က
“မင်းရဲ့လုံခြုံရေးကို ပိုပြီးအာရုံစိုက်သင့်တယ်” ဆိုတာပင် ။
လင်းရှောင်ကပြောသည်။ “ဒါပေါ့”
ထို့နောက် ထလိုက်ကာ ကြောင်လေးအား ထိလိုက်ပြီး ပြောလာသည်။ “ငါသွားပြီ”
ထိုကြောင်လေးက “မြှောင်” ဟု အော်ဟစ်ကာ လှည့်လိုက်ပြီး ဆက်အိပ်နေလိုက်သည်
လင်ရှုက လင်းရှောင်ကို ကြည့်လိုက်သည်။
လင်းရှောင်က ပြောသည်။ “ဂရုစိုက်”
လင်ရှု “ဂရုစိုက်ပါ”
တံခါးပိတ်သံနှင့်အတူ ထိုလူ၏ခြေသံက လျှောက်လှမ်းတစ်လျှောက်တွင် တစ်ဖြည်းဖြည်း အဝေးသို့ ပျောက်ကွယ်သွားသည်၊ လင်ရှုက ပြတင်းပေါက်ကိုကိုင်လိုက်ပြီး ကြည့်လိုက်သည် လင်းရှောင်၏ပုံရိပ်ကို တွေ့ပြီးနောက် အပြင်ဘက်၌ လပြည့်တစ်ခုတည်းသာ ရှိနေသ၊ည် ထိုအလင်းရောင်အနည်းငယ်က သူ့နှလုံးသားအား ဗလာဖြစ်သွားစေသည်။
ညလယ်တွင် အေးစက်သည့်အတွက် သူက ပြတင်းပေါက်ကို ပိတ်လိုက်ပြီး အိပ်ရာပေါ် လဲချလိုက်သည်။ အကြိမ်အနည်းငယ်ခန့် လှည့်နေပြီးနောက် အိပ်မပျော်နိုင်ဘဲ လူတွေအကြားရှိ ဆက်ဆံရေးတွင်တည်ရှိသော ခွဲခွာခြင်းဆိုသည်အား စဉ်းစားနေလိုက်သည်။ အရင်ဘဝကသာ သူ့၌ ထိုမျှကောင်းမွန်သော သူငယ်ချင်းရှိခဲ့ပါလျှင် ရှေးဟောင်းကဗျာများ ချီးကျူးခြင်းနှင့် ဖတ်ခြင်းတို့တွင် ပို၍ အမှတ်များများ ရနိုင်ပေမည်။
နောက်တစ်နေ့မနက်တွင် အိပ်ရာထလိုက်ပြီး ထိုဆွေမျိုး၏အခန်းကို ဖြတ်သွားလိုက်သည်။ မနေ့ညက နှုတ်ဆက်ခြင်းက နည်းနည်းလေး အစစ်အမှန်မဟုတ်ဟု ခံစားနေရသည်။ သူ တွေးကြည့်ခဲ့ပြီး ညဘက်တွင် လမ်းပေါ်၌ လျှောက်ရသည်က သိပ်မကောင်းပေ။ ထိုဆွေမျိုးက ထိုထဲတွင်ပင် ရှိနေရမည်။ ထို့ကြောင့် တံခါးအား ခေါက်လိုက်သည် ။
မည်သူကမှ ပြန်မဖြေပေ။ သို့သော် တံခါးလက်ကိုင်ကတော့ ပွင့်နေပေသည်။
သူက ငြင်ငြင်သာသာ တွန်းလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
အခန်းထဲရှိ ကြေးနီမှန်ချပ်ရှေ့တွင် အနီရောင်ဝတ်ရုံ အနက်ရောင်ဆံနွယ်နှင့် သူမရှေ့တွင် အိုးကရားတစ်စုံရှိနေသော အလှလေးတစ်ယောက် ထိုင်နေပေသည်။ သူမကမှန်ရှေ့တွင် မျက်ခုံး ဆွဲနေသည်။
လင်ရှု “!”
လင်းဖုန်းရှောင်က သူမခေါင်းကိုလှည့်ကာ ပြုံးပြလာသည်။ “ရှင်က ဒီလောက်အစောကြီး ထပြီလား”
ကြီးမြတ်တဲ့သခင်မလေးရေ… မင်းလာတာ စောလွန်းတယ်ကွာ။
******