အပိုင်း(၇၄) အရှင့်သမီးတော် တော်ဝင်မင်းသမီးဖုန်းယန်
ကြီးမြတ်တဲ့သခင်မလေးက မျက်ခုံးဆွဲသည့်စုတ်တံအား ချလိုက်ကာ သံသေတ္တာအားပိတ်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကို တွန့်လိုက်ကာ အပြုံးတစ်ပွင့်နှင့် ပြောလာသည်
“မတွေ့ရတာကြာပြီနော်”
မနက်ခင်းရဲ့အလင်းက ဖျော့တော့နေကာ ပြတင်းပေါက်ရှိ မှန်ကူကွက်များကိုဖြတ်၍ အခန်းကို ထွန်းလင်းနေစေသည် အခန်းကသိပ်ပြီး မလင်းသေးသော်လည်း ကြီးမြတ်သည့်သခင်မလေးက ပို၍ပို၍ ထွန်းလင်းတောက်ပနေသည်
လင်ရှုက ထိုအနုသုခုမရသကို တစ်ခဏလောက် တိတ်တဆိတ် လက်ခံလိုက်ကာ ပြောလိုက်သည်
“မတွေ့တာကြာပြီ”
ထိုအကြောင်းကို သေချာတွေးကြည့်မှ သူနှင့်ကြီးမြတ်သည့်သခင်မလေးက တကယ်ကိုပင် တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာ အိမ်မက်ကွင်းပြင်က တစ်ခါပြီးလျှင် ရက်အတော်ကြာပြီဖြစ်သည်
ကြီးမြတ်သည့်သခင်မလေးက သူမ၏ဝမ်းကွဲနှင့် ကွဲပြားသည်။
ထိုဝမ်းကွဲတွင် နူးညံ့သည့်စိတ်နေစိတ်ထားရှိကာ လူကြီးမင်းမုန့်နှင့် ယှဉ်လို့ရသ။ သူ့အား ထိုဝမ်းကွဲဖြစ်သူပျိုးထောင်စဉ်က အလွန်အမင်း တည်ငြိမ်ကာ စိတ်ရှုပ်ထွေးမနေဟု ခံစားရသည်။ သို့သော် ဒေါသကြီးသည့်ကြီးမြတ်သည့် သခင်မလေးကတော့ အလွန်အမင်း တည်ငြိမ်သော်လည်း အမြဲတမ်း နည်းနည်းလေးတော့ ပျာယာခတ်တတ်သည်။
“လာပါဦး ကျွန်မ တစ်ချက်လောက် ကြည့်ပါရစေ”
လင်ရှုက လျှောက်လာသည်။
လင်းဖုန်းရှောင်က သူ့အား တစ်ခဏလောက်ကြည့်ကာ ကျေနပ်သွားသည်။
“နည်းနည်းလေး ပြည့်လာတယ်”
—လင်ရှုက သူဟာ ယခင်က ကြီးမြတ်သည့်သခင်မလေးအား ကြောက်လန့်လွန်း၍ ပိန်သွားသည်ဟုပင် သံသယရှိသည်။
သူ၏အခြေအနေအား လေ့လာဆန်းစစ်ပြီးနောက် ကြီးမြတ်သည့်သခင်မလေးက ထပ်မေးလာသည်။
“ရှင် ဘယ်လိုနေလဲ”
“သိပ်တော့မဆိုးပါဘူး” လင်ရှုက ပြန်ဖြေလိုက်သည်။
ကြီးမြတ်သည့်သခင်မလေးက ထပ်မေးလာသည်။
“ဝမ်းကွဲကို သဘောကျလား”
လင်ရှုက ပြောလိုက်သည်။
“….ငါ သူ့ကို သဘောကျတယ်”
ကြီးမြတ်သည့်သခင်မလေးက တစ်ခဏလောက် “ဟမ်း” ဟု လုပ်နေကာ သူမ၏လေသံက သိပ်ပြီးမရှင်းလင်းပေ။ ထို့နောက် ပြောလာသည်။
“သူနဲ့ကျွန်မနဲ့က တော်တော်လေးတော့ ဆင်တူတယ်”
လင်ရှု “…..”
တကယ်ကြီးလား…
78 02
ကြီးမြတ်တဲ့သခင်မလေး ငါတော့ မင်းက ငါ့ကို လိမ်နေတာလို့ပဲ ထင်တယ်နော်။
ကြီးမြတ်သည့်သခင်မလေးက မှန်အား ကြည့်လိုက်ကာ ကြံ့ချိုခေါင်းဖြီးအား ကောက်လိုက်ပြီး သူမ၏ဆံပင်ကို စတင်ဖြီးတော့သည်။
မှင်ရောင်ကဲ့သို့ မည်းနက်နေသည့် ဆံနွယ်အချို့ကို ယူလိုက်ကာ အနောက်ဘက်တွင် လက်နှစ်လုံးခန့်ရှိသည့် ရွှေရောင်ခေါင်းဖြီးဖြင့် ခပ်လျော့လျော့ ချည်ထားလိုက်သည်။ ထိုကဲ့သို့ ချည်ထားပြီးနောက် သူမ၏လှုပ်ရှားမှုတွေကို နှောက်ယှက်တော့မည်မဟုတ်ဘဲ အရမ်းကိုလှပနေလိမ့်မည်ပင်။
လင်ရှုက ကြီးမြတ်သည့်သခင်မလေးရဲ့ လှုပ်ရှားမှုများကို ကြည့်လိုက်ပြီး အမှန်တရားတစ်ခုကို ရှာတွေ့သွားသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ ပေါင်ချင်းနှင့် ပေါင်ချန်သာ အနားတွင်ရှိလျှင် အကြီးဆုံးသခင်မလေး၏ဆံပင်က သူတို့ကြောင့် ပို၍ရှုပ်ထွေးစွာ ဖြီးသင်ခံရမည်လိမ့်မည်ပင်။ ထို့နောက် ကောင်းမွနိသည့် ရွှေပန်းဖွားအချို့ဖြင့် ပတ်ထားလိမ့်မည်။ အကယ်၍ ကြီးမြတ်သည့်သခင်မလေးကသာ တစ်ယောက်တည်းဆိုလျှင် ထိုကဲ့သို့ ရိုးရှင်းပြီး လှပသည့်နည်းလမ်းကို ဖြေရှင်းရန် အသုံးပြုပေလိမ့်မည်။
ကြီးမြတ်သည့်သခင်မလေးက ပြောသည်။ “အဲဒါကို ကျွန်မဘာသာ မလုပ်နိုင်ဘူး။ ရှင် ဒီနားကိုလာခဲ့”
လင်ရှုက ဖီးနစ်အတောင်ပံသဏ္ဍာန် ထွင်းထုထားသည့် ရွှေရောင်ခေါင်းဖြီးလေးကို ယူလိုက်ကာ အနီရောင်ကျောက်စိမ်းပုတီးစေ့လေးကို သခင်မလေး၏ဆံပင်ထဲ၌ ထည့်ပေးလိုက်သည်။
ဆံသားကချောမွတ်ပြီး အေးစက်နေကာ ထိုရွှေရောင်ခေါင်းဖြီးလေးက တပ်လိုက်သည်နှင့် လျှောကျသွားပြီး မြေပြင်ပေါ်သို့ လျှောကျသွားတော့သည်။
လင်ရှုက ဖမ်းလိုက်ပြီး ချထားလိုက်ကာ အလွန်အမင်း ရှုပ်ထွေးနေတော့သည်။
လင်းဖုန်းရှောင်က အပြုံးတစ်ပွင့်နှင့် ပြောလာသည်။
“ဒီလိုမဟုတ်ဘူး ရှင့်ကို ဆံကျစ်ကျစ်ခိုင်းတာ”
လင်ရှုက ရှုပ်ထွေးကာ မေးလိုက်သည်။ “ဘယ်လိုကျစ်ရမှာလဲ”
ကြီးမြတ်သည့်သခင်မလေးက ဆံမျှစ်တစ်စကိုယူကာ သူ့ကို သင်ပြလိုက်သည်။ ကျစ်ပြနေစဉ်အတွင်း သူမကပြောလာသည်။
“ရှင့်ရဲ့ဆံပင်ကို ဘယ်လိုချည်ရမှန်းတောင် မသိဘူး။ အဲတော့ အနာဂတ်ကျရင် ရှင် ဘယ်လိုလုပ်မလဲ”
လင်ရှုက သူ့ဘာသာ ပြောလိုက်သည်။ “ငါ့ဆံပင်ကို ဒီလိုလုပ်စရာမလိုပါဘူး”
ချက်ချင်းပင် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။
ကြီးမြတ်တဲ့သခင်မလေးက သူ့ကို သူမရဲ့ဆံပင်ကို ချည်ခိုင်းချင်နေတာ ကြာပြီလား။
ဒါက ကြီးမြတ်တဲ့သခင်မလေးရဲ့အနေအထားနဲ့ တန်းစီရမဲ့ စွန့်စားခန်းအနေအထားပဲ.
အဲဒါအပြင် ထိုလက်ထပ်ပွဲ သဘောတူချက်တည်ရှိမှုကြောင့် တရားဝင်စွန့်စားခန်းသို့ ပြောင်းသွားတော့သည် ။
သူက ကြီးမြတ်သည့်သခင်မလေးရဲ့ အာရုံစူးစိုက်စွာနှင့် သင်ကြားနေသည်ကို ကြည့်ကာ ဒီတစ်ကြိမ်တွင်တော့ အောင်မြင်စွာပင် ဆံနွယ်တစ်စကို ချည်လိုက်နိုင်ကာ တခြားသော ဆံစများကိုလည်း စတင်ချည်လိုက်တော့သည်။
မှန်ကို ကြည့်လိုက်ပြီးနောက် သခင်မလေးက ပြောလာသည်။
“အဲ့လိုဆိုမှပဲ ရှင်က ဆံညှပ်၊ လက်စွပ်၊ ရတနာ၊ ပါးနီ၊ ရေဆေးပန်းချီတွေ မျက်ခုံးမွှေးဆွဲရတာနဲ့ ပန်းတွေအကြောင်းလည်း ဘာကိုမှမသိဘူးလား”
လင်ရှု : “ငါ မသိဘူး”
ကြီးမြတ်သည့်သခင်မလေး : “ဒါဆိုရင် ကျွန်မရှင့်ကို သင်ပေးမယ်”
လင်ရှု “…”
78 03
ကြီးမြတ်တဲ့သခင်မလေးက လင်းပေါင်ချင်းနဲ့ လင်းပေါင်ချန်းကို နှုတ်ထွက်ခိုင်းပြီး သိုင်းပညာလေ့ကျင့်ခိုင်းမလို့လား။ အဲဒီနောက် သူမရဲ့နေ့စဉ်ဘဝမှာ သူ့ကိုပဲ ခစားခိုင်းမလို့များလား။
ဒါက မဟုတ်သေးဘူး။
ဒါက ဖယ်ဒရယ်လူ့အဖွဲ့အစည်းလေ။ ယောက်ျားတွေနဲ့ မိန်းမတွေက တန်းတူပဲလေ။ သူက ဘယ်လိုလုပ်ပြီး ကြီးမြတ်တဲ့သခင်မလေးဆီ နေ့တိုင်းသွားပြီး မျက်ခုံးမွှေးဆွဲတာနဲ့ ဝတ်စားဆင်ယင်တာကို လုပ်ပေးနိုင်မှာလဲ။
သို့သော်လည်း သူတို့နှစ်ဦးတွင် လက်ထပ်ပွဲသဘောတူညီချက် ရှိသည်ကို တွေးလိုက်သည့်အခါ ကြည့်ရသည်မှာ မည်သည့်ကျင့်ဝတ်ထုံးတမ်းမှ ဖောက်ပြန်နေတာမျိုး မရှိသည့်ပုံပင်။
သို့သော်လည်း တစ်ခုခုကတော့ မှားနေသေးသည်။
လင်ရှုက ပဟေဠိဖြစ်သွားသည်။
သူမရဲ့ဆံပင်ကိုလုပ်ပြီးနောက် ကြီးမြတ်သည့်သခင်မလေးက သူမကိုယ်သူမ မှန်ရှေ့တွင် ဘယ်ညာကြည့်လိုက်ကာ မည်သည့်မှတ်ချက်မှတော့ ပေးမလာပေ။ ကြည့်ရသည်မှာ သူက စာမေးပွဲ အောင်သွားသည့်ပုံပင်။
ကြီးမြတ်သည့်သခင်မလေးကပြောသည်။ “စားဖို့ အောက်ဆင်းရအောင်”
သူမက သဘာဝကျကျပဲ လင်ရှု၏လက်ကို ကိုင်ကာ တံခါးဆီသို့ခေါ်သွားတော့သည်။
လင်ရှုက ပထမတော့ ကြောက်လန့်သွားပေမဲ့ ထို့နောက်တွင်တော့ အိမ်မက်ကွင်းပြင်ထဲတွင် ကြီးမြတ်သည့်သခင်မလေးနှင့် လက်ကိုင်ထားသည့် အကြောင်းအား တွေးကြည့်လိုက်သည့်အခါ အနည်းငယ်တည်ငြိမ်သွားသည်။
သခင်မလေးက သူ့အား ဦးဆောင်ခေါ်သွားရုံပင်မကဘဲ လှေကားကနေ ဆင်းသည့်အခါတွင်လည်း သူမက အရင်ဆုံးဆင်းကာ ထို့နောက် သူဆင်းသည်ကို ဂရုစိုက်ပေးသည်။ ကြည့်ရသည်မှာ သူ့ကို လှေကားပေါ်ကနေ ပြုတ်ကျမှာ ကြောက်ရွံ့နေသည့်ပုံပင်။
လင်ရှုက သူဟာ ရုတ်ချည်းပင် အကာကွယ်ခံတိရစ္ဆာန်တစ်ကောင် ဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး တစ်ခဏလောက် ဘာလုပ်ရမည်အား မသိတော့ပေ။
လှေကားကနေ ဆင်းလာပြီးနောက် ထိုသေးငယ်သည့် တည်းခိုဆောင်လေးရှိ ဧည့်ကြိုခန်းမသို့ လာလိုက်ကြသည်။
တည်းခိုဆောင်၏စီးပွားရေးက ခြောက်ကပ်နေကာ ချန်းမင်တစ်ယောက်တည်းသာ ဧည့်ကြိုဆောင်၌ ရှိနေသည်။ ချန်းမင်၏စားပွဲပေါ်တွင် ဖက်ထုပ်ပြုတ်ပန်းကန် တစ်ဒါဇင်ခန့်ရှိနေကာ ပန်းကန်လွတ်များစွာကိုလည်း သူ့ဘေးတွင် ထပ်ထားသည်။
ခြေသံတွေကို ကြားသည့်အခါ လူတွေကိုမော့ကြည့်လာပြီး နှုတ်ဆက်စကား ပြောတော့မလို့ပင်။ သို့သော် ထို့နောက်တွင်တော့ သူကအေးခဲသွားတော့သည်။
“အစ်ကိုလင်း….သခင်မလေး!” သူက ပြောလာသည်။
ထို့နောက် အစားအသောက်တွေနဲ့ ပြည့်နေသည့် စားပွဲအား လျင်မြန်စွာကြည့်ကာ သူ့မျက်နှာက ရှက်ရွံ့မှုအပြည့်နှင့် ဖြစ်နေသည်။
လင်ရှုက သူ့နှလုံးသားထဲတွင် ပြောလိုက်သည်။ အစ်ကိုချန်းမင်ရေ ဟွမ်သန်းတောင်ထွတ်ရဲ့ တောင်ခြေမှာတုန်းက ကျွန်တော်ရဲ့ဆွေမျိုးလေးနဲ့ ကျွန်တော်ရှေ့မှာ စားပွဲတစ်ခုလုံးအပြည့် စားစရာတွေကို စားခဲ့တုန်းက ဘယ်လိုရှက်ရွံ့မှုနည်းနည်းလေးကိုမှ မတွေ့မိပါဘူးနော်။
လင်းဖုန်းရှောင်က အသာအယာ ခေါင်းညိတ်ပြကာ ပြောလာသည်။ “ရှင်ပဲ”
ချန်းမင်က အသက်ပြင်းပြင်း ရှူလိုက်ကာ နောက်ဆုံးတွင်တော့ ပြေပြစ်စွာပြောလာသည်။
“သခင်မလေးလင်း မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ”
လင်ရဖုန်ရှောင်းက ပြောလိုက်သည်။
“ကျွန်မက လင်ရှုကို လာကြိုတာ”
78 04
လင်ရှုက ချန်းမင်ဟာ လင်းဖုန်းရှောင်ကို ကြည့်လိုက်ပြီး ထို့နောက် သူ့ကိုကြည့်လာကာ သူတို့ချင်း ကိုင်ထားသည့် လက်ကို ဆက်ကြည့်လာပြီး ရုတ်တရက် သဘောပေါက်သွားမှုတစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
—ချန်းမင်က အကယ်ဒမီထဲရှိ ကောလာဟလတွေက မှန်သည်ဟု တွေးကောင်းတွေးနေတာ ဖြစ်လောက်သည်။ လင်ရှုက အမှန်တကယ်ကိုပင် ကြီးမြတ်သည့်သခင်မလေး ပျိုးထောင်ထားသည့် ဟမ်းစတားတစ်ကောင်ပင်။
ချန်းမင်က သူ့ခေါင်းအား ကုတ်လိုက်ကာ ပြောလာသည်။
“မနေ့ညက တကယ်ပဲ မြင်းခွာသံတွေ ကြားခဲ့တယ်”
လင်းဖုန်းရှောင်က ပြောသည်။ “အဲဒါကျွန်မပဲ”
ချန်းမင်က ရှက်ရွံ့စွာပြုံးလိုက်ကာ :
“အခုလေးတင် ကြီးမြတ်တဲ့သခင်မလေးကို တွေ့လိုက်တော့ နည်းနည်းလေး စိတ်လှုပ်ရှားနေခဲ့တာ”
လင်းဖုန်းရှောင်နှင့် လင်ရှုက သူ့ဘေးရှိထိုင်ခုံတွင် ထိုင်ချလိုက်ကာ ပြောလာသည်။
“ဘာအန္တရာယ်မှ မရှိဘူး”
ချန်းမင်က ပြောသည်။ “သခင်မလေး နောက်ထပ်ဘယ်ကိုသွားမလဲ”
လင်းဖုန်းရှောင် : “ကျန်းစီရင်စု”
ချန်းမင်က ထပ်ပြောလာသည်။ “ပလိပ်ကြောင့်လား သခင်မလေး”
လင်းဖုန်းရှောင် “ဟုတ်တယ်”
ချန်းမင်က တစ်ခုခုကို တွေးမိသွားပုံရကာ ပြောလာသည်။
“ကျုပ်မှာ သေမျိုးအထောက်အထားတစ်ခု မရှိဘူး။ ပြီးတော့လည်း ဒီကိစ္စတွေကို နားမလည်ဘူး”
“ရှင့်ရဲ့ကျင့်ကြံဆင့်ကို ခိုင်မာအောင်လုပ်ဖို့ အကယ်ဒမီကိုပဲ ပြန်သွားလိုက်ပါ” သခင်မလေးက ပြောလာသည် ။
“သေမျိုးတွေရဲ့ကိစ္စက စိတ်အခြေအနေကို နှောက်ယှက်တတ်တယ် သိပ်ပြီးနက်နက်ရှိုင်းရှိုင်း မပါဝင်နဲ့”
ချန်းမင် “ကောင်းပါပြီ သခင်မလေး”
တစ်ခဏကြာပြီးနောက် စားပွဲထိုးက သူတို့အား မနက်စာအဖြစ် ကြက်ဥစွပ်ပြုတ်နှင့် ဖက်ထုပ်များ ချပေးလာသည်။
လင်ရှုက သခင်မလေး၏ ဖက်ထုပ်များကို သူ့ရှေ့ရှိ ပန်းကန်ပေါ်သို့ ထည့်ပေးလာပြီး ထိပ်ဘက်တွင် အပေါက်ဖောက်ပေးကာ ပေါင်းထားသည့် အစာသွပ်ဘန်းမုန့်များကို ထုပ်ပိုးထားသည့် စက္ကူမှ ထုတ်လိုက်ကာ အပူငွေ့များအား ထွက်သွားစေရန် ပြုလုပ်သည်ကို ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ရှာလကာရည်ပုလင်းအား သာမန်ကာလျှံကာ ယူလိုက်ကာ သူ၏ကြက်ဥစွပ်ပြုတ်ထဲသို့ အစက်အနည်းငယ် လောင်းချလိုက်သည် ။သူက မိန်းမောသွားကာ ထိုဝမ်းကွဲဖြစ်သူက မထွက်သွားသေးသကဲ့သို့ ခံစားလိုက်ရသည်။
သူကပြောလိုက်သည်။ “ငါ့ဘာသာ လုပ်လိုက်မယ်”
ကြီးမြတ်သည့်သခင်မလေးက သူမလက်ကို ရုတ်လိုက်ပြီး ပါးကိုလက်ဖြင့် ထောက်ထားကာ သူစားနေသည်ကို အမူအရာမဲ့စွာ ကြည့်နေသည်။
လင်ရှုက ဖက်ထုပ်နှစ်ပွဲနှင့် ကြက်ဥစွပ်ပြုတ်တစ်ပွဲကို ကြီးမြတ်သည့်သခင်မလေး၏ စောင့်ကြည့်နေမှုအောက်တွင် စားလိုက်သည်။
ကြီးမြတ်သည့်သခင်မလေးက ပြောလာသည်။ “ရှင်စားလို့ပြီးပြီလား”
လင်ရှုက ပြောသည်။ “ပြီးပြီ”
ကြီးမြတ်သည့်သခင်မလေးက မပျော်မရွှင်ဖြင့် ပြောလာသည်။
78 05
“ရှင်စားတာက နည်းလွန်းတယ်”
လင်ရှု “……”
သူဟာ နောက်ထပ်ဖက်ထုပ်တစ်ပွဲကို ကောက်လိုက်ရပြီး ခက်ခက်ခဲခဲဖြင့် စားလိုက်ရသည်။
ကြီးမြတ်သည့်သခင်မလေးက ပြောသည်။ “အခုလည်း အများကြီး မဟုတ်သေးဘူး”
လင်ရှုက ကြီးမြတ်သည့်သခင်မလေးအား ထိုဆွေမျိုးနှင့်တုန်းက လုပ်ခဲ့သလိုမျိုး အပြစ်ကင်းသည့် မျက်လုံးများဖြင့် သဘောကျစေရန် ပြုလုပ်လိုက်သည်။ ထို့ကြောင့် လင်းဖုန်းရှောင်အား ကြည့်ကာ ပြောလိုက်သည်။
“ငါ ထပ်မစားနိုင်တော့ဘူး”
ကြီးမြတ်သည့်သခင်မလေးက သူ့အား သတိတထားဖြင့် ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလာသည်။
“ကျွန်မ ရှင့်ကို လွှတ်ပေးလိုက်ပါမယ်လေ”
—ကြည့်ရသည်မှာ ထိုဝမ်းကွဲတင်မကပဲ အကြီးဆုံးသခင်မလေးသည်လည်း ဒီအကွက်ရဲ့စားသုံးတာကို ခံရပုံပင်။
လင်ရှုက စွမ်းရည်အသစ်ကို ရရှိသွားတော့သည်။
ထို့နောက် သူ့အကြည့်က ချန်းမင်ရှိရာစားပွဲဖက်သို့ ဖြတ်သန်းသွားရာ ချန်းမင်က သူတို့ရှိရာဘက်အား ကြည့်ပြီး သူ့အကြည့်တို့က ကြောင်တောင်တောင်ဖြစ်နေပြီး မျက်လုံးတို့က မြေပေါ်သို့ ပြုတ်ကျတော့မလိုပင်။
လင်ရှုက ရှက်ရွံ့သွားသည်ဟု ခံစားလိုက်ရသည်။
စားပြီးနောက် အစာချေရန် တည်းခိုဆောင်မှာပဲ ခဏနေလိုက်ပြီး ထို့နောက် ထွက်ခွာခဲ့ကြသည်။
ချန်းမင်က ပြောလာသည်။
“သခင်မလေး သိုင်းညီကိုလင်း နှုတ်ဆက်တယ်လို့ ပြောပါရစေ။ အကယ်ဒမီမှာ ပြန်တွေ့ကြမယ်”
လင်ရှု “နှုတ်ဆက်ပါတယ်”
ချန်းမင်က သူ့ကျောက်ဘက်တွင် ဓားတစ်ချောင်းဖြင့် တစ်ယောက်တည်း ထွက်သွားပြီး လင်းဖုန်းရှောင်က မြင်းစောင်းသို့သွားကာ လင်ရှု အချိန်အတော်ကြာ မမြင်ခဲ့သည့် ကျောက်ယဲ့အား ယူလာတော့သည်။
ကျောက်ယဲ့က အရက်လိုပင် လှပနေဆဲဖြစ်ကာ အကြီးဆုံးသခင်မလေးက သူမရဲ့ မြင်းပေါ်ကို တက်လိုက်ပြီး လင်ရှုကို အပေါ်ခေါ်လိုက်သည်။ သူတို့နှစ်ဦးက မြောက်ဘက်ကို ဦးတည်လိုက်ကာ အဓိကလမ်းမပေါ်တက်၍ ကျန်းကျိုးသို့ ဒုန်းစိုင်းစီးသွားလိုက်ကြတော့သည်။
အဓိကလမ်းမကြီးက ယိုယွင်းပျက်ဆီးနေကာ ခြောက်သွေးနေတဲ့မြက်ပင်များ၏ ကျူးကျော်ခံထားရပြီး သူ့ဘေးရှိ စာတိုက်ပုံးက အသုံးမပြုသည်မှာ အချိန်အတော်ကြာ ရှိနေပုံပင် ဆောင်းဦးနှောင်းပိုင်းရှိ ညှိုးနွမ်းနေတဲ့ နွယ်ပင်ပေါင်းများစွာက နံရံပေါ်တွင် တွယ်တက်နေကြသည်။
ဆောင်းဦးပိုင်းတွင် တိုက်လေက အေးစက်နေကာ မြင်းကလည်း ဒုန်းစိုင်းပြေးနေပြီး အေးစိမ့်မှုက နှာဖျားသို့ တိုက်ရိုက်ပြည့်နှက်သွားစေသည်။
သို့သော် လင်ရှုပင် အသက်ရှုချိန်မရခင်မှာပဲ သူ့အား ကြီးမြတ်သည့်သခင်မလေးမှ အညိုရောင်ဖျံသားမွေး ကုတ်အင်္ကျီဖြင့် ရစ်ပတ်ပေးလာသည်။ သူပင် ထိုသားမွှေးကြောင့် ချောင်းဆိုးလုနီးပါးပင်။
ကြောင်က မြင်း၏ခေါင်းပေါ်တွင် ထိုင်နေကာ အလွန့်အလွန်စိတ်ကြီးဝင်နေပုံရသည်။
လင်ရှုသည်လည်း ထိုကြောင် ကျန်နေခဲ့သည်ဆိုသည့် အချက်အား ရှုတ်ထွေးနေဆဲပင်။
သူထင်သည့် အကြောင်းပြချက်ကတော့ ထိုကြောင်က တစ္ဆေသောင်းချီအသူတရာချောက်နက်ကနေ ထွက်လာသောအခါ လင်းရှောင်နှင့် ချန်းမင်၏အကြောင်းအကျိုးကို ပြန်ပေးဆပ်ပြီးပြီ ဖြစ်သည့်အတွက် ယွင်လန်ဆီသို့သွားကာ အကြွေးသွားဆပ်သင့်သည်ပင်။
78 06
သို့သော် ထိုကြောင်က ထွက်မသွားခဲ့ပေ။ ဆိုလိုသည်က လင်းရှောင်ပေါ် တင်နေသည့် အကြွေးအား ပြည့်ပြည့်ဝဝ ပြန်မပေးရသေးသည့်အတွက် ပြန်ပေးရမည်ပင်။
သို့သော် ထိုဝမ်းကွဲဖြစ်သူက မနေ့ညက ထွက်သွားခဲ့ပြီဖြစ်ကာ ထိုကြောင်က တကယ်တော့ လင်ရှု၏အခန်းတွင် အိပ်ခဲ့တာပင်။ ထိုဝမ်းကွဲနောက်သို့ လိုက်ရန် မရည်ရွယ်ထားပေ။
နောက်တစ်နေ့မနက်တွင်တော့ ထိုဝမ်းကွဲအား မရှာဖွေရုံတင်မကပဲ ကြီးမြတ်သည့်သခင်မလေး၏ လက်မောင်းဆီသို့သွားကာ အနည်းငယ် ပွတ်ပေးရန်ပင် တောင်းဆိုနေသေးသည်။ သခင်မလေး၏ဝတ်စုံရှိ ဆွဲသီးလေးအား ကစားရန်ပင် မကြာခဏ ဆွဲနေသေးသည်။
ချန်းမင် ထွက်သွားသောအခါ ဆက်နေမည့်လက္ခဏာတစ်ခုမှပင်မပြပေ။
ပဟေဠိဖြစ်စရာပင်။
ထိုအကြောင်းအား တွေးကြည့်လိုက်သည့်အခါ ထိုကြောင်က သုံးစက္ကန့်ခန့် ငုံ့ကြည့်လာသည်။ တစ်ခဏလောက် လေတိုက်ခံပြီးနောက် မြင်းရဲ့ခေါင်းပေါ်မှ ဆင်းလာကာ အပေါ်ဝတ်ရုံထဲသို့ ဝင်ရန် ကြိုးစားလာသည်။ နောက်ဆုံးတွင်တော့ အောင်မြင်သွားပြီး လင်ရှု ချီထားသည်ကို ခံလိုက်ရသည်။
—ရှက်စရာပဲ။
လမ်းတစ်လျှောက်လုံး စကားတစ်လုံးမှမပြောဘဲ နှစ်နာရီကြာပြီးနောက် ကျန်းစီရင်စု၏နယ်နိမိတ်သို့ ရောက်လာတော့သည်။
လင်ရှုက သခင်မလေးဟာ ဖြတ်သန်းလာသည့် မြို့များနှင့် ရွာများကို အာရုံစိုက်နေသည်ဟု ခံစားနေရသည်။
ကျန်းစီရင်စုက ဒီပြည်နယ်၏မြို့တော်ဖြစ်သော်လည်း မြို့ကြီးတစ်မြို့ပင်။
မြို့ကြီးတစ်မြို့ဖြစ်သော်လည်း လျှောက်သွားနေကြသည့်လူများစွာမရှိပေ ဂိတ်တံခါးအား စောင့်ကြပ်နေကြသည့် စစ်သည်များက ပျင်းရိ၍ ပုံပျက်ပန်းပျက် အနေအထားဖြင့် အချင်းချင်း စကားပြောနေကြသည် သူတို့လာသည်ကို တွေ့သည့်အခါ သူတို့၏ခေါင်းများကို ရှင်းလိုက်ပြီး မြို့ကို ဝင်ရောက်မည့်လူများ၏ အထောက်အထားကို စစ်ဆေးလိုက်သည်။
သို့သော်လည်း သခင်မလေးက သူမရဲ့မြင်းဇက်ကြိုးအား မထိန်းပေ။ သူမလက်ထဲရှိ အနီရောင်တောက်တောက် အမှတ်အသားကိုသာ ပြလိုက်သည်။ သူမလက်ထဲရှိ တောက်လောင်နေသည့် တိုကင်အား တွေ့သည့်အခါ စစ်သည်များက ရုတ်တရက် ဖြူဖျော့သွားပြီး ထိုစစ်သည်များက မတ်တပ်ရပ်ကာ သူမကို မတားဆီးလာပေ။
လင်ရှုက တိုကင်အား သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
သခင်မလေးက ပေါ့ပေါ့ပါးပါး ပြောလာသည်။
“တိုကင်တွေကို အရောင်လေးရောင် ခွဲထားတယ်။ ဟင်္သာပြဒါးရောင် မြေဝါရောင် ခရမ်းရောင်နဲ့ အနက်ရောင်ဆိုပြီး အနက်ရောင်ကတော့ တော်ဝင်အစောင့်တွေရဲ့ရုံးတော်က ကိုင်ဆောင်တယ်။ ခရမ်းရောင်က တော်ဝင်စစ်ဆေးရေးအရာရှိနဲ့ ကောင်တီတွေ ပြည်နယ်တွေကို စစ်ဆေးတဲ့ သမိုင်းအထောက်အထား စစ်ဆေးရေးအရာရှိတွေ ကိုင်ဆောင်တယ်။ မြေဝါရောင်ကိုတော့ အရှင်မင်းကြီးရဲ့ အထူးသံတမန်က ကိုင်ဆောင်တယ်။ ဟင်္သာပြဒါးက တစ်ခုပဲရှိတယ်။. အဲဒါက ဖီးနစ်တောင်ထွတ်စံအိမ်အတွက် အထူးပုံဖော်ထားတာ။ အဲဒါက “ဖီးနစ်ရဲ့အမိန့်တော်” လို့ခေါ်တယ်။ ဖီးနစ်ရဲ့အမိန့်တော်ကို တွေ့ရတာက အရှင်မင်းကြီးရဲ့တည်ရှိမှုလိုပဲ”
ပထမအနေနှင့်ပြောရလျှင် သူမက ဖီးနစ်စံအိမ်၏ အကြီးဆုံးသခင်မလေးပင်။ ထို့နောက် တောင်ပိုင်းရှမင်းဆက်ရဲ့အကြီးဆုံးမင်းသမီးတစ်ပါးလည်းဖြစ်သည်။ ဧကရာဇ်ရဲ့တော်ဝင်အစောင့်တွေက သူမရဲ့အမိန့်တွေကို နာခံရုံတင်မကဘဲ ဖီးနစ်တောင်ထွတ်စံအိမ်၏ တစ်ခုတည်းသော “ဖီးနစ်ရဲ့အမိန့်တော်” ကလည်း သူမလက်ထဲမှာပင်။
လင်ရှုက ဖီးနစ်ရဲ့အမိန့်တော်ကို ကြည့်လိုက်သည်။ ပြီးနောက် ထိုတိုကင်ဟာ လက်ဖဝါးတစ်ဝက််လောက်သာ ရှိသော်လည်း လောကကြီးရဲ့အင်အားကို ကိုယ်စားပြုနေသည်ဟု သိလိုက်တော့သည်။
နောက်တစ်ခဏမှာပဲ သူခံစားလိုက်ရသည်။
မြို့ရဲ့ဂိတ်ဝရှိ စစ်သည်ငယ်လေးများရဲ့ လျင်မြန်သည့် သတင်းပို့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မူလက လူသူကင်းမဲ့နေသည့် လမ်းပေါ်တွင် မြင်းခွာသံများ ထွက်ပေါ်လာကာ စစ်သားရာပေါင်းများစွာကို အရိုအသေပေးသည့်အနေဖြင့် စောင့်ရှောက်ပေးသည့်ဟန် အသုံးပြုကာ ထို့နောက် အစိမ်းရောင်နှင့် ခရမ်းရောင်ဝတ်ဆင်ထားသော များစွာသောကောင်တီအရာရှိများက အလျင်စလို ရောက်လာတော့သည်။
လူအားလုံးက ဒူးထောက်ချလိုက်ပြီး ထိုအသံက နားကွဲစေလုမတတ်ပင်။
“ကျွန်တော်မျိုးတို့က တော်ဝင်အရှင်မင်းသမီးဖုန်းယန်ကို အရိုအသေပေးဖို့ ရောက်လာပါပြီ”
ဖုန်းယန်… ကြည့်ရတာ ဘွဲ့တစ်ခုထင်တယ်။
လင်ရှုက တစ်ခဏလောက် တွေးလိုက်ပြီး အတော်လေးကောင်းသည်ဟု တွေးလိုက်သည်။ တော်ဝင်မင်းသမီးဖုန်းယန်ဆိုတဲ့ စုတ်ချက်လေးခုက အရမ်းကို ခံ့ညားထည်ဝါပြီး ကြီးမြတ်တဲ့သခင်မလေးနဲ့ သင့်လျော်တယ်။
သူဟာ ဒူးထောက်နေသည့် လူအုပ်နှင့် သူ့ရှေ့ရှိ အမူအရာမဲ့နေသော အမျိုးသမီးငယ်လေးအား ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။
ငါ ဘယ်သူလဲ။
ငါက ဘယ်နေရာမှာလဲ။
ငါက ဘယ်လိုတောင်ချမ်းသာတဲ့အမျိုးသမီးကို တွေ့ခဲ့တာတုန်း။
******