အပိုင်း(၇၉) မငြင်းနိုင်သော
ထိုသို့ပြောပြီးနောက် လင်းဖုန်းရှောင်က စကားပြောတာ ရပ်သွားသည်။ သူမဘက်ရှိ အိပ်ရာပေါ်သို့ လှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားကာ လင်ရှုအား ကြည့်လာသည်။
ကြီးမြတ်သည့်သခင်မလေး၏မျက်လုံးတွင် လှပသည့်အပြုံးရှိသည်။ နူးညံ့သည့်အနီရောင် ပိတ်ကျဲစမျက်နှာလွှားပုဝါက သူမအသားအရေအား ကျောက်စိမ်းကဲ့သို့ လှပနေစေသည်။
လင်ရှုက သူမကို ကြည့်ကောင်းသည်ဟု ခံစားလိုက်ရပြီး တစ်နည်းနည်းဖြင့် စိတ်ရှုပ်ထွေးလာတော့သည်။
ဝမ်းကွဲက ကြီးမြတ်တဲ့သခင်မလေး သခင်မလေးကဝမ်းကွဲဖြစ်သည် ဆိုသည်အား စဉ်းစားမိလိုက်သည် ဝမ်းကွဲက သူ့အား ကြင်နာစွာ ဆက်ဆံပေးသည်။အဲတော့ သူ့အပေါ် အမြဲတမ်း ကောင်းပေးနေခဲ့တဲ့သူက ကြီးမြတ်တဲ့သခင်မလေးဖြစ်နေခဲ့တာပဲ။
ကြီးမြတ်သည့်သခင်မလေးက သူမရဲ့လက်ကို ဆန့်တန်းကာ သူ့ပါးပေါ်ရှိ ပြန့်ကျဲနေသောဆံမျှင်စများကို ဖယ်ရှားပေးလိုက်သည်။
လင်ရှုက သူ့မျက်နှာပေါ်တွင် အနည်းငယ် ပူသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အိပ်ပျော်နေသည့်ကြောင်လေးက နိုးလာသည်။ သူက မြှောင်ဟုအော်ကာ သူတို့နှစ်ဦး၏ကြားသို့ ရောက်လာတော့သည်။
ကြီးမြတ်သည့်သခင်မလေးက ကြောင်အား သူမရဲ့ လက်မောင်းထဲတွင်ကိုင်ထားရန် လက်ဆန့်လိုက်ပြီး ထိုကြောင်၏နားအနောက်ရှိ နူးညံ့သည့်အမွှေးများကို ပွတ်သပ်ရင်း ပြောလာသည်။
“ကျွန်မထင်တာတော့ သူက ဝလွန်းနေပြီ။ နောက်ကျရင် ကျွန်မတို့တွေ လျှော့ပြီး အစာကျွေးသင့်ပြီ”
ကြောင်လေးက သက်တောင့်သက်သာဖြစ်စွာဖြင့် စည်းစိမ်ယစ်နေဆဲဖြစ်သည်။ သို့သော် ထိုစကားများအား ကြားသည့်အခါ စူးစူးရှရှအော်လာပြီး လင်းဖုန်ရှောင်အား ချန်ရစ်ထားခဲ့ကာ လင်ရှုဆီသို့ ခုန်လာသည်။
လင်ရှု “ငါလည်း အဲ့လိုထင်တာပဲ”
ကြောင်လေးက အမွှေးများကို ဖောင်းလိုက်ကာ စားပွဲပေါ်မှ ခုန်ချ၍ သူတို့အား ဒေါသတကြီးဖြင့် နောက်ကျောပေးထားသည်။
ကြီးမြတ်သည့်သခင်မလေးက ထို့နောက် ပြောလာသည်။
“ချင်းယွမ်က လိမ္မာတယ်လေ။ ဒေါသမထွက်ပါနဲ့”
ထိုကြောင်လေးက လဲချလိုက်ကာ သူတို့အား လျစ်လျူရှုထားသည်။
ကြီးမြတ်သည့်သခင်မလေးက ရယ်မောကာ လင်ရှုအားကြည့်ရန် သူမရဲ့ခေါင်းကို လှည့်လိုက်သည်။
အိမ်လေးက နွေးထွေးကာ မွှေးပျံ့နေပြီး လေထုကိုကြည့်ရသည်မှာ ပျားရည်ဖြင့် အမွှေးရနံ့ ထွန်းထားပုံရသည်။ လင်ရှုက သူ့ကိုယ်သူ အရမ်းသက်တောင့်သက်သာ ဖြစ်နေသည်ကို သိလိုက်ရသည်။
“ရှင်နဲ့အတူ နေ့တိုင်းနေ့တိုင်း အတူရှိနေရတာက အချိန်ဖြုန်းနေတယ်လို့ ကျွန်မတော့ မထင်ပါဘူး” ကြီးမြတ်သည့်သခင်မလေးက ပြောသည်။
လင်ရှုက မည်ကဲ့သို့ ဖြေရမည်အား မသိပေ။ ထို့ကြောင့် နူးညံ့သည့် “အမ်း” ဟူသောအသံသာ ပေးလိုက်သည်။
တစ်ဖက်လူကသာ ကြီးမြတ်သည့်သခင်မလေးဆိုလျှင် တခြားလူများနှင့် အဆင်ပြေအောင် နေထိုင်ရသည်က ခက်ခဲပုံမပေါ်ပေ။
သူတို့တွေ စကားပိုပြောလိုက်ပြီးနောက် ကြီးမြတ်သည့်သခင်မလေးက အိပ်ရာမှ အင်တင်တင်ဖြင့်ထကာ အိပ်ဆောင်ခန်းဆီးအား တင်လိုက်ပြီး သူမရဲ့ဆံပင်ကို ချည်လိုက်ကာ ပြောလာသည်။
83 02
“ကျင်းဖုန်းရှီးယွီဥယျာဉ်က မိုးဖွဲနေရာဆီ သွားကြစို့။ အဲဒါမှ သူတို့ကို တစ်ချိန်လုံး စိတ်ပူမနေစေမှာ”
ကျင်းဖုန်းရှီးယွီဥယျာဉ်၊ မိုးဖွဲနေရာရှိ အဓိကခန်းမတွင် ထိန်လင်းစွာ မီးထွန်းထားပြီး မိန်းကလေးများက ရှိနေဆဲဖြစ်ကာ အဓိကခန်းမထဲတွင် စာဖတ်ရန် စုစည်းနေကြသည်။
လင်းပေါင်ချင်းက သူတို့နှစ်ဦး လာနေသည်ကို မြင်သည့်အခါ အံ့အားတကြီးဖြင့် ပြောလာသည်။
“သခင်မလေး အဆင်ပြေရဲ့လား”
မိန်းကလေးများက ပတ်ပတ်လည်တွင် စုစည်းလာကာ သူတို့အား ထပ်မံဂရုစိုက်လာသည်။
“ငါဖြင့် သခင်မလေး နိုးမလာမချင်း စိတ်မအေးနိုင်ဘူး။ အခုမတိုင်ခင်ထိ ငါးမျက်နှာပဲ ဖတ်ရသေးတယ်” လင်းပေါင်ချန်းက ပြောလာသည်။
လင်ရှု စားပွဲပေါ်ရှိ ထပ်ထားသောစာအုပ်များအား ကြည့်လိုက်ကာ ရုတ်တရက်ပင် တစ်ခုခုအား တွေးမိသွားသည်။
ယခုအချိန်တွင် လင်းပေါင်ချန်းက စောဒကတက်လာသည်။
“ကြီးမြတ်တဲ့သခင်မလေး ကျွန်မ စီချွမ်းရဲ့သမိုင်းကို နားမလည်နိုင်ဘူး။ အဆင့်မကောင်းမှာ စိုးရိမ်နေပြီ”
ကြီးမြတ်သည့်သခင်မလေးက ပြောသည်။ “အဆင်ပြေပါတယ်”
လင်ရှု “…..”
အကယ်ဒမီက တစ်နှစ်လျှင် စာမေးပွဲနှစ်ကြိမ် ဖြေရပြီး ခြောက်လပိုင်းတွင် တစ်ခါနှင့် ဆယ့်နှစ်လပိုင်းတွင် တစ်ခါဖြစ်သည်။ ယခုက နိုဝင်ဘာလအလယ်သို့ ရောက်နေပြီဖြစ်သည်။
နှစ်ကုန်ခါနီးပြီ ဖြစ်သည်။
စာသင်နှစ်အဆုံးပင်…
လင်ရှု “!!!”
သူ့ရဲ့တောင်ပိုင်းရှ ဖုန်းဝူစာမေးပွဲ၊ တောင်ပိုင်းရှသမိုင်း၊ အပြင်ပိုင်းအဂ္ဂရိတ် ၊ ပုံစံဖွဲ့စည်းခြင်းစွမ်းရည်စတင်ခြင်း၊ သင်ခန်းစာအခုနှစ်ဆယ် အားလုံးနီးပါးကို သင်ယူရပေမည်။
ကြီးမြတ်သည့်သခင်မလေးက တစ်ခုခုကို သတိရသွားပုံပေါ်ပြီး လင်ရှုအား ကြည့်လာသည်။:
“ကျွန်မတို့လည်း ကျွန်မတို့ရဲ့သင်ခန်းစာတွေကို ပြန်နွှေးသင့်တယ်”
လင်ရှုက ခေါင်းညိတ်ကာ စိတ်အတွင်းတွင်တော့ ရူးသွပ်စွာ လက်မှိုင်ချလိုက်ပြီ ဖြစ်သည်။
ထို့အပြင် လူကြီးမင်းမုန့်၏ ချင့်ချိန်အကဲဖြတ်သည်ကိုလည်း ခံရပေဦးမည်။
စာမေးပွဲတွင် ကောင်းကောင်းမွန်မွန် မလုပ်ပါက အများဆုံးမှ လူတစ်ချို့အား ရှုံးကာ ကျောက်စိမ်းဝိညာဉ်တုံးရတာ နည်းသွားပြီး အောင်မြင်သည့်အခမ်းအနားကို ရွှေ့ဆိုင်းရုံပင်ဖြစ်သည်။ သို့သော် သူသာ လူကြီးမင်းမုန့်၏စာမေးပွဲအား မကျော်ဖြတ်နိုင်ပါက ကျောင်းမှထုတ်ပယ်ခြင်း ခံရပေမည်။
ကြီးမြတ်သည့်သခင်မလေးက သူမမသွားခင် မိန်းကလေးများအား တစ်ခုခုပြောခဲ့သည်။ လမ်းတစ်လျှောက်တွင် သူမက သူ့အား မေးလာသည် ။
“ရှင့်မှာ အိမ်စာတွေ ဘာတွေရှိလား”
လင်ရှုက ပြောလိုက်သည်။
“ငါ အဖြူရောင်စက္ကူပန်း နည်းစနစ်ကို နားမလည်နိုင်ဘူး”
ကြီးမြတ်သည့်သခင်မလေးက ပြောသည်။
“ကျွန်မ ရှင်နဲ့အတူ စာကြည့်ပေးမယ်”
83 03
လင်ရှုက ထပ်မံပျော်ရွှင်သွားသည်ဟု ခံစားလိုက်ရသည်။
သူတော့ သင်ယူခြင်းနတ်ဘုရားဆီကနေ အကူအညီရတော့မယ်။
နောက်ပိုင်းနေ့ရက်များတွင် အကယ်ဒမီက တိတ်ဆိတ်နေကာ မည်သည့်မတော်တဆမှုများလည်း မရှိပေ။ အကယ်ဒမီ၏ အဆင့်မြင့်ဆရာသခင်ပင် ကျင်းဖုန်းရှီးယွီဥယျာဉ်က မိုးဖွဲနေရာဆီလာကာ ကြောင်လေးဆီသို့ အရသာရှိသည့် ငါးတစ်ကောင် ယူလာသေးသည်။ သူဟာ အနာဂတ်၌ စားဖိုဆောင်ခန်းမသို့ စားတော်ချက်တစ်ယောက်ခေါ်ကာ ငါးဟင်းချက်စေမည်ဟုပင် ကတိပေးလိုက်သေးသည်။ တောင်ထွတ်စောင့်ရှောက်သူကလည်း လာရောက်ရန် နွေးနွေးထွေးထွေးကြိုဆိုသည်။ ထိုသည်က ထိုကြောင်အား သူ့တွင် ရိက္ခာက ဘယ်သောအခါမှ ပြတ်တောက်မည်မဟုတ်ဟု သိရှိစေရန် ပြုလုပ်ပေးကာ လင်ရှုနှင့် လင်းဖုန်းရှောင်အား မျက်နှာချင်းဆိုင်သည့်အခါ ယုံကြည်ချက် အများအပြားရှိနေသည်။
ထိုကြောင်က စိတ်အခြေအနေ ကောင်းနေပြီး အကယ်ဒမီ၏အရှင်သခင်ကလည်း အရမ်းကို ကောင်းမွန်ပုံပေါ်သည်။ တူညီစွာပြောရလျှင် ကုန်းမြေအင်မော်တယ်အဆင့် တောင်ထွတ်စောင့်ရှောက်သူတစ်ဦးက ရှန်းလင်အကယ်ဒမီအား စောင့်ကြပ်နေသည်။ မင်းက ဘာကိုကြောက်နေမှာလဲ။
ဤသည်မှာ တောင်ထွတ်စောင့်ရှောက်သူက ခပ်ဝဝကြောင်တစ်ကောင်ဖြစ်ပြီး အချိန်ရှိသရွေ့ လင်ရှုနှင့်လင်းဖုန်းရှောင်၏ ဝါးလုံးစံအိမ်ထဲတွင် လှည့်လည်သွားလာပြီး စားသောက်နေထိုင်နေသည် ဆိုလျှင်ပင်ဖြစ်သည်။
လတ်တလောတွင် ထိုကြောင်က အဓိကခန်းမထဲတွင် အိပ်စက်ရသည်ကို နှစ်သက်နေသည်။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းက အဓိကခန်းမတွင် စုဝေး၍ စာလေ့လာသောကြောင့်ပင်။
လင်ရှုက ထောက်ခံချက်ပေးကာ ယွဲ့မောင်နှမတို့က ဝါးတောအုပ်ထဲတွင် လေ့ကျင့်ကြသည်။ သူတို့ရွေးချယ်ထားသည့် အတန်းအများစုက သိုင်းပညာများပင်။ ထို့ကြောင့် အများကြီး စာကျက်စရာမလိုပေ။ သူတို့က လင်ရှုထက် အများကြီးပို၍ လွတိလွတ်လပ်လပ် ရှိကြသည်။
ကြီးမြတ်သည့်သခင်မလေးအတွက်ဆိုလျှင် သူမက အရမ်းကို အလုပ်များနေသည်။ သူမရဲ့စာကို ပြန်လေ့လာရင်း လင်ရှုကိုလည်း အဖြူရောင်စက္ကူပန်း နည်းစနစ်အား ဖတ်ရန် ကူညီပေးချင်သည်။ ရှောင်လင်းယန်အား သင်ပြနေရင်း တစ်ချိန်တည်းမှာပဲ ရှောင်လင်းယန်က လင်ရှုအား အနိုင်ကျင့်သည့်အခါ သူမရဲ့မောင်ငယ်လေးကို ညှင်းပန်းနှိပ်စက်ရန်လည်း လိုသေးသည်။
သို့သော် မောင်ငယ်လေးကတော့ ခေါင်းမာကာ အရှုံးမပေးဘဲ အိမ်တွင်းအကြမ်းဖက်မှုအောက်တွင် သဘောထားကွဲလွဲရန် ပေကပ်ကပ်ဖြင့် လှုံ့ဆော်နေသည်။ သူက “လင်းဖုန်းရှောင်က ကောင်းတဲ့အရာမဟုတ်ဘူး” ဆိုသည်ကို လင်ရှုနားထဲတွင် သံပြိုင်ရွတ်နေကာ တစ်နေ့လျှင်ဆယ်ကြိမ် “မင်းက ဖြူဖျော့နေတဲ့ လှပတဲ့ကောင်လေးတစ်ယောက်ပဲ” နှင့် “လင်းဖုန်းရှောင်က မင်းကို စွန့်ပစ်သွားမှာ” ဆိုသည်အား တစ်ချိန်လုံး ရွတ်ဆိုနေသည်။
လင်ရှု “အိုး”
လင်းဖုန်းရှောင် “တောင်ပိုင်းရှသမိုင်းကို ဆယ်ခေါက် ကူးစမ်း”
ရှောင်လင်းယန် : “လင်းဖုန်းရှောင် သိပ်ပြီးစိတ်ကြီးမဝင်ဖို့ သတိပေးမယ်နော်။ ငါရေးထားတဲ့ <လင်းဖုန်းရှောင်ရဲ့မကောင်းတဲ့လုပ်ရပ် ဆယ့်နှစ်သွယ်> ကို သိမ်းလိုက်ပေမဲ့ ဘယ်အချိန်မဆို ထပ်ရေးနိုင်တယ်”
လင်းဖုန်းရှောင် : “နင်က <လင်းဖုန်းရှောင်ရဲ့ မကောင်းတဲ့ လုပ်ရပ် တစ်ထောင့်နှစ်ရာသုံးဆယ့်လေးခု> ကို ရေးရင်တောင်မှ လင်ရှုက ငါ့အပိုင် ဖြစ်ပြီးသားပဲ”
ရှောင်လင်းယန် : “နင်တို့က လက်မထပ်ရသေးဘူး။ အဲတော့ အရာအားလုံးက မသိနိုင်သေးဘူးကွ”
လင်းဖုန်းရှောင် “အိုး”
—ဒီမြင်ကွင်းဟာ နေ့စဉ်နေ့တိုင်း ထပ်ခါထပ်ခါဖြစ်နေပြီး ကိုးလပိုင်းတစ်လလုံးက အတိတ်တွင် ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
ဆယ့်နှစ်လပိုင်း ရောက်လာသည်နှင့် သင်ခန်းစာအမျိုးမျိုး၏စာမေးပွဲများက တစ်ခုပြီးတစ်ခု စတင်လာသည်။
သင်ယူခြင်းနတ်ဘုရားတစ်ယောက်အနေနှင့် လင်းဖုန်းရှောင်က သာမန်လူတွေထက် အတန်းများစွာကို ယူကာ ပိုများတဲ့စာမေးပွဲများကို ဖြေရသည်။ ထို့ကြောင့် အခုရက်ပိုင်းတွင် ဥယျာဉ်တစ်ခုတည်း၌ နေနေသော်လည်း သူတို့အချင်းချင်း တွေ့ခဲသည်။ မကြာခဏပင် လင်ရှု အိပ်တော့မည့်အချိန်၌ လင်းဖုန်းရှောင်က ပြန်မလာသေးပေ။ သို့မဟုတ်လျှင် မနက်စာအတူတူစားကြသည်။ ထို့နောက် သူတို့၏ကိုယ်ပိုင်စာမေးပွဲကို ဖြေကြရသည်။
83 04
စာမေးပွဲ ပြီးသွားသည့်နောက်နေ့ နေ့လည်ခင်းတွင် ကျောင်းသားများက အိမ်မက်ကွင်းပြင်သို့သွားကာ လူကြီးမင်းမုန့်၏စာမေးပွဲစစ်သည်ကို လက်ခံကြရသည်။
လင်ရှုက အိမ်မက်ကွင်းပြင်အား ဝင်လိုက်သည်။ မူလက နောက်ကျောပေး၍ တောင်ထွတ်၏လမ်းမနှင့် တိမ်ပင်လယ်တို့အားကြည့်နေသူက လှည့်လာကာ သူ၏ဝတ်ရုံလက်အား ဖြောင့်တန်းစေလိုက်သည်။ သူ့အသံက နူးညံ့နေကာ :
“တာအိုမိတ်ဆွေလေး ထိုင်လိုက်”
သူက စံအိမ်ထဲရှိ လူကြီးမင်းမုန့်နှင့် မျက်နှာချင်းဆိုင် ကျောက်တုံးစားပွဲတွင် ထိုင်လိုက်သည်။
“တာအိုမိတ်ဆွေလေးရဲ့ သိုင်းပညာအောင်မြင်မှုက အတော်လေး ရှားပါးနေပြီ။ သဘောပေါက်ဖို့ အထူးအခွင့်အရေး မရှိဘူးဆိုရင် ပိုပြီးထူးချွန်တဲ့နည်းစနစ်တစ်ခုပဲ ဖြစ်နေမှာ” လူကြီးမင်းမုန့်က လက်ဖက်ရည်တစ်အိုးယူကာ သူတို့နှစ်ဦးလုံးအတွက် လက်ဖက်ရည် လောင်းထည့်လိုက်သည်။ သူက ပြောလာသည်။
“ဆိုတော့ တာအိုမိတ်ဆွေလေးရဲ့စိတ်အခြေအနေက အဲ့ကတည်းက ပြောင်းလဲသွားလားဆိုတာကို သိချင်မိပါရဲ့”
စကားပြောပြီးနောက် အနည်းငယ် သက်ပြင်းချကာ ပြောလာသည်။
“ဒါပေမဲ့ တာအိုမိတ်ဆွေလေးရဲ့စိတ်အခြေအနေက နှိုင်းယှဉ်လို့မရတဲ့ အခြေအနေကို ရောက်နေပြီ။ ကျုပ်တောင် မင်းက စာမေးပွဲကို ဘယ်လိုဖြေမလဲဆိုတာကိုတောင် တစ်ခဏလောက်ထိ မသိနိုင်ဘူး”
—လူကြီးမင်းမုန့်နှင့်စကားပြော၍ ချီးကျူးခံရသည့်အချိန်တိုင်း လင်ရှုက သူဟာ မြှောက်ပင့်ခံနေရသည့် ငါးဆားနယ်တစ်ကောင်လားဟု သိချင်မိသွားသည်။
“ကျောင်းကိုဝင်ဖို့က ခက်ခဲတယ်ဆိုမှတော့ တာအိုမိတ်ဆွေလေးက ဟွမ်သန်းတောင်ထွတ်ကို သွားခဲ့တဲ့ ခရီးရဲ့အတွေ့အကြုံနဲ့ နားလည်နိုင်စွမ်းကို ပြောပြသင့်တယ်” လူကြီးမင်းမုန့်က နောက်ဆုံးတွင်တော့ ပြောလာသည်။
လင်ရှုက သူ့အတွေးတွေအား ပိုင်းခြားလိုက်ကာ လူကြီးမင်းမုန့်အား စတင်ရှင်းပြလာသည်။
ကောင်းကင်ဘုံလှေကားထစ်များတွင် ရှေ့သို့ဆက်သွားရန် ဝိညာဉ်စွမ်းအားအပေါ် မှီခိုရသည့် ထိုအပိုင်းအကြောင်း ပြောပြရန် မလိုအပ်ပေ။ ထို့ကြောင့် တာအို၏နှလုံးသားကိုစစ်ဆေးသည့်အပိုင်းကိုသာ တိုက်ရိုက်ပြောပြလိုက်သည်။
“ပထမတုန်းကတော့ ကောင်းကင်ဘုံလှေကားထစ်ကနေ မထွက်နိုင်ဘူး”
လူကြီးမင်းမုန့်က မမျှော်လင့်ထားစွာဖြင့် ပြောလာသည်
“ဟမ်”
“ကျွန်တော်က အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံတဲ့ ဘယ်ရည်ရွယ်ချက်ကိုမှ မစဉ်းစားနိုင်ဘူး” လင်ရှုက အနည်းငယ် စိတ်ရှုပ်ထွေးနေကာ သူ့ခေါင်းအား ငုံ့လိုက်ပြီး ကျောက်တုံးစားပွဲပေါ်ရှိ မျဉ်းကြောင်းများကို ငုံ့ကြည့်ရင်း ပြောလာသည်။
“ကျွန်တော်က ဘာလို့ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရလဲဆိုတာကို မသိဘူး။ အဲဒါကြောင့် မထွက်လာနိုင်ဘူး”
လူကြီးမင်းမုန့်ကပြောသည်။ “နောက်တော့ရော ဘာဖြစ်သွားလဲ”
“နောက်တော့….ကိစ္စတွေအများကြီးကို တွေးတောမိတယ်။ အဲတော့မှ ကျွန်တော်က ရှေ့ဆက်ဖို့ တကယ်ကို ဘာမှမလုပ်ချင်ဘဲ မပြောင်းလဲချင်ဘူးဆိုတာကို သိလိုက်ရတယ်။ ကျွန်တော်က မသေမျိုးလမ်းစဉ်ကို ကျင့်ကြံဖို့ပဲ ဆန္ဒရှိနေတယ်လို့ တွေးခဲ့တာ။ ပြီးတော့ တခြား ဘာမှလည်းမလုပ်ချင်ဘူး။ အဲဒါကြောင့် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခဲ့တာပဲ”
လူကြီးမင်းမုန့်က အော်ရယ်လာသည်။
လင်ရှုက အပြစ်ကင်းစွာဖြင့် မျက်တောင်ခတ်ကာ :
“အဲဒါနဲ့ ဆင်းသွားတော့ ကောင်းကင်ဘုံလှေကားထစ်တွေက ကျွန်တော့်ကို ထွက်သွားခွင့် ပေးခဲ့တယ်”
83 05
လူကြီးမင်းမုန့်က သူ့လက်အား လက်ခုပ်တီးလိုက်ကာ သူ့အား အံ့အားသင့်စွာဖြင့် ချီးကျူးလာသည်။
“တာအိုမိတ်ဆွေလေး မင်းကိုယ်မင်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတဲ့နေရာမှာ မြှုပ်နှံထားနိုင်မယ်ဆိုရင် တစ်ခုခုကို အောင်မြင်နိုင်လိမ့်မယ်။ မင်းမှာ စိတ်ဆန္ဒမရှိဘူးဆိုရင် အဲဒါအတွက် တိုက်ခိုက်နေမှာ မဟုတ်ဘူး။ <<တိမ်လွှာ၏သင်္ကေတခုနစ်သွယ်>>အရဆိုရင် ပြောကြတာက ကောင်းကင်ဘုံကိုသွားတဲ့လမ်းက ဘာအငြင်းပွားမှုမှမလုပ်ဘဲ ကျင့်ကြံဖို့ပဲ အဲဒါက မင်းပြောနေတဲ့အကြောင်းအရာပဲ။ အတိအကျကို မင်းရဲ့နည်းလမ်းပဲ”
“ကျွန်တော် မသိဘူး” လင်ရှုက ပြောသည်။
သူက တစ်ခဏလောက် တွေးလိုက်ကာ လူကြီးမင်းမုန့်၏အဆိုအရ သူ့ရဲ့လမ်းစဉ်က ကောင်းကင်ရဲ့လမ်းစဉ်နဲ့ တသမတ်တည်း ဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။ “သဟဇာတ” ဖြစ်သည့်လမ်းကြောင်းအား ယူသင့်သည် သို့သော်လည်း သူ့နှလုံးသားထဲတွင် ကောင်းကင်၏အလိုအား လက်သင့်မခံချင်ပေ။ ထို့ကြောင့် သူက ထပ်ပြောလိုက်သည်။
“ဒါဆို ကျွန်တော်က “သဟဇာတ” ဖြစ်နေလား”
“မဖြစ်ဘူး” လူကြီးမင်းမုန့်ကပြောသည်။
သူ၏နူးညံ့သည့်အသံက နွေးထွေးကာ ချိုင့်ဝှမ်းထဲရှိ စမ်းချောင်းကဲ့သို့ပင် ဖြည်းညှင်းစွာဖြင့်
“သဟဇာတဖြစ်တယ်ဆိုတာ လောကထဲမှာရှိတဲ့ အရာအားလုံးရဲ့လှုပ်ရှားမှု ယန္တရားကို သဘောပေါက်ပြီး ကောင်းကင်လမ်းစဉ်ရဲ့လှုပ်ရှားမှုစည်းမျဉ်းကို နားလည်ကာ ကောင်းကင်ဘုံရဲ့ဥပဒေသကို နာခံပြီး သူတို့နဲ့အတူ အံဝင်ခွက်ကျ ဖြစ်သွားတာပဲ။ တာအိုမိတ်ဆွေလေး ဒါကို လုပ်ဖူးရဲ့လား”
လင်ရှု : “ဘယ်တုန်းကမှပဲ”
သူဟာ မကြာခဏ နေထွက်သည်နှင့် နေဝင်သည်အား ငေးငိုင်ကာ ကြည့်ရှုတတ်ပြီး နေထွက်သည်နှင့် နေဝင်ရခြင်း၏ အမှန်တရားကို စူးစမ်းရှာဖွေချင်သည့် ဝီရိယရှိသော စိတ်အခြေအနေ မရှိပေ။
“အဲ့လိုသာဆိုရင်မင်းက “လမ်းကို ဖောက်ဖျက်နေတုန်းပဲ” အနာဂတ်ကျ ကပ်ဘေးဒုက္ခနဲ့မိုးကြိုးတွေကို ကျော်ဖြတ်ပြီး မြင့်မားလာလိမ့်မယ်” လူကြီးမင်းမုန့်က အနည်းငယ် ပြုံးလိုက်ကာ လက်ဖက်ရည် လောင်းထည့်လိုက်ပြီး ဆက်ပြောလာသည်။
“ကွန်ဖြူးရှပ်အကယ်ဒမီက စာတမ်းတစ်ပုဒ် ပြုလုပ်လာတယ်။ ကျုပ်တော့ ဂန္တဝင်စာလုံးတွေက ဒုတိယ ရည်ရွယ်ချက်ကသာ ပထမလို့ ထင်တယ်။ ရှန်းလင်အကယ်ဒမီကို ပြောင်းရင်လည်း တူညီတယ်ဆိုတာက မှန်ကန်နေမှာပဲ”(ရှန်းသောင်)
လင်ရှုက တိတ်တဆိတ် နားဆင်လိုက်သည်။
“ကျင့်ကြံသူရဲ့တာအိုစိတ်အခြေအနေက စာပေအသိုင်းအဝိုင်းရဲ့ ရည်ရွယ်ချက်ပဲ။ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံတဲ့နည်းလမ်းက စာပေအသိုင်းအဝိုင်းရဲ့ ယုံကြည်ချက်ပဲ။ စာတမ်းကို ရေးပြီးတဲ့နောက် တခြားသူတွေဆီကနေ ပြိုင်ဘက်ကင်းလား ခိုင်လုံသလားဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်မယ်။ တာအိုကျင့်ကြံသူတွေအတွက်လည်း ဒါကအတူတူပဲ။ မင်းရဲ့တာအိုကသာ လုံလုံလောက်လောက် ခိုင်မာပြီး အမှားလုံးဝမရှိဘူးဆိုရင်၊ ကောင်းကင်ဘုံတာအိုကနေ ခွဲခြားပြီး တစ်ယောက်တည်း နေမယ်ဆိုရင် မဟာယနကို မျှော်လင့်ပြီး လောကကြီးကိုစွန့်ခွာလို့ မသေမျိုးလောကကို သွားလို့ရနိုင်တယ်”
လင်ရှုက ခေါင်းညိတ်လိုက်သည်။
အကယ်၏ယခင်ကသာဆိုလျှင် နားလည်မှာမဟုတ်ပေမဲ့ အခုတော့ လုံးဝကို နားလည်နိုင်သည်။
ယခုအကြိမ်တွင် လူကြီးမင်းမုန့် ပြောခဲ့သည်က နတ်သမီးကုန်းမြေ၏ သခင်ငယ်လေး သင်ကြားပေးခဲ့သည်နှင့် အတူတူပင်။
“မင်းရဲ့တာအိုနှလုံးသားက ကောင်းကင်ဘုံရဲ့နည်းလမ်းနဲ့ သဟဇာတဖြစ်တယ်။ အဲဒါက မင်းရဲ့ရည်ရွယ်ချက်က ကောင်းကင်ဘုံတာအိုနဲ့ နှိုင်းယှဉ်လို့ရတယ်ဆိုတာပဲ”
83 06
လူကြီးမင်းမုန့်က ပြုံးကာပြောလာသည်။
“မင်းက အိုမင်းပြီး အားမနည်းခင်မှာပဲ ဒီလိုစိတ်နေသဘောထားမျိုး ရှိနေပြီ။ အဲဒါက တကယ့်ကို ရှားပါးတယ် ဆိုရိုးရှိသလိုပဲ “ဖီးနစ်ရဲ့အကိုင်းအခက်တွေက အားနည်းနေဆဲဖြစ်ပြီး နဂါးရဲ့ပုံပန်းသဏ္ဍာန်က ဖျော့တော့နေတယ်” ဆိုတာလေ။ မင်း ကြီးပြင်းလာရင် ကပ်ဘေးရဲ့အထက်မှာ မြင့်တက်လာလိမ့်မယ်။ အဲဒါက အရမ်းကို အဆင်မပြေဘူးလား”
တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပြီး အတိဒုက္ခအား ကျော်ဖြတ်ကာ မားမားစွင့်စွင့် ရပ်တည်ရသည်က ခက်ခဲပုံမရပေ။
သို့သော် လင်ရှုက သူ့တွင် တာအိုနှလုံးသားနှင့် တာအိုမရှိသေးဟု ခံစားနေရဆဲပင် ။
သူ၏အရင်ဘဝတွင် သူက သူ့ကျောင်း၏အတွင်းစိတ်စွမ်းအားစွမ်းရည်အတိုင်းသာ ကျင့်ကြံခဲ့သည်။ သဘာဝကျကျပင် အတိဒုက္ခဖြတ်ကျော်ရသည့်အချိန်တွင် ရောက်ရှိလာပြီး ဖော်ပြရမည်ဆိုပါက တကယ်ကိုဖော်ပြဖို့ပင် မထိုက်တန်ပေ။
လူကြီးမင်းမုန့်က သူ၏စိတ်ရှုပ်ထွေးနေသောမျက်လုံးများအား တွေ့လိုက်ရ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထပ်မံ၍ အသေးစိတ်ပြောမလာတော့ပေ။ သို့သော် ပြောလာသည်က
“အနာဂတ်ကျ နားလည်လာလိမ့်မယ်”
လင်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ”
ကောင်းကင်ဘုံလှေကားထစ်အကြောင်း ပြောပြီးနောက် အနားသတ်မဲ့ဝင်္ကပါထဲရှိ အတိတ်က အရာများကြောင့် ဖြစ်ပေါ်ခဲ့သော မိစ္ဆာများအား ဖြေရှင်းခဲ့ပုံကို ပြောပြလိုက်သည်။ ထို့နောက် ကျန်းလုံစစ်တုရင်ကစားနည်းအား ပြောပြကာ သူနှင့်လင်းရှောင်တို့၏ နူးညံ့သိမ်မွေ့သည့်နတ်သမီးကုန်းမြေအား အတူတူပြီးမြောက်ခဲ့ပုံကို ပြောလိုက်သည်။
လင်းရှောင်က ဘယ်သူလဲဆိုသည်အား မပြောဘဲ အတူတူခရီးသွားသူဟုသာ ပြောလိုက်သည်။
“ကျန်းလုံစစ်တုရင်ကွက်ရဲ့အမှန်တရားက လူတွေက ဘာလို့မသေမျိုးလမ်းစဉ်ကို ကျင့်ကြံပြီး မသေမျိုးတွေ ဖြစ်လာရတယ်ဆိုတဲ့ အတိအကျ အကြောင်းအရင်းပဲ” လူကြီးမင်းမုန့်က ပြောလာသည်။
“မင်းက နူးညံ့သိမ်မွေ့တဲ့ နတ်သမီးကုန်းမြေရဲ့အရှင်သခင် မျက်နှာသာပေးတာ ခံခဲ့ရတာပဲ။ အဲတော့ အများကြီး ရခဲ့လောက်မယ်”
လင်ရှုက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ဝိညာဉ်က ပိုကောင်းလာကာ ဝိညာဉ်စွမ်းအား လှည့်ပတ်ရာတွင်လည်း အတော်လေး ထူးချွန်လာသည်။
နတ်သမီးကုန်းမြေတွင် နားလည်ခဲ့သည့်အမှန်တရားကိုလည်း ပြောလိုက်သည်။
သူ၏စစ်တုရင်ကစားနည်းတွင် လွတ်ပေါက်တွေရှိသည် လင်းရှောင်တွင်လည်း အတူတူပင်။ သူတို့နှစ်ဦးက အချင်းချင်း ဖြည့်စွက်၍ ပြဿနာက ဖြေရှင်းလို့ ပြီးသွားသည်။ ထို့နောက် မသန့်စင်မှုတွေကို ဖယ်ရှားကာ ပြည့်စုံသည့် ဖြေရှင်းချက်တစ်ခု ရှိစေသည်။ သခင်လေး၏အဆိုအရ သိုင်းပညာရပ်နှစ်ခုအား အတူတကွ ပေါင်းစပ်လိုက်သည်။ ကမ္ဘာပေါ်ရှိ စွမ်းရည်အားလုံးအား အတူတကွ ပေါင်းစပ်လိုက်လျှင် အံ့အားသင့်ဖွယ်ကောင်းသည့် လမ်းကြောင်းပင်ဖြစ်သည်။
လူကြီးမင်းမုန့်၏မျက်လုံးထဲတွင် တွေးတောနေသည့် အရိပ်အယောင်ရှိပြီး ထို့နောက် စိတိသက်သာရာရကာ ခေါင်းညိတ်ပြလာသည်။
“ကျုပ်ရဲ့တာအိုမိတ်ဆွေလေး မင်းရဲ့စကားလုံးတွေကနေ အကျိုးကျေးဇူးတွေ အများကြီးရလိုက်တယ်။ အကယ်၍ လူတစ်ယောက်ကသာ ကျန်းလုံစစ်တုရင်ကစားနည်းမှာ ဖြေရှင်းချက်ပေါင်း တစ်ထောင့်ရှစ်ရာလောက် လုပ်မယ်ဆိုရင်…..မိသားစုတစ်ခုရဲ့စကားလုံး၊ သူတို့တွေက အကဲဖြတ်မှန်ကန်ပြီး ကောင်းကောင်းမွန်မွန် တည်ထောင်ထားတယ်ဆိုရင်တောင် ဘက်လိုက်တတ်ကြတယ်။ ဒါပေမဲ့ ကျုပ်ကတော့ လမ်းကြောင်းကနေ သွေဖယ်ခဲ့တယ်”
လင်ရှုက လူကြီးမင်းမုန့်အား ကြည့်လိုက်ကာ ဝမ်းကွဲပြောသည့်လူတစ်ယောက်အား တွေးလိုက်သည်၊
ထိုလူတွင် ကျန်းလုံစစ်တုရင်ကွက်ကစားနည်းအား ဖြေရှင်းရန် ဖြေရှင်းနည်းပေါင်း ထောင့်ရှစ်ရာကို လုပ်ခဲ့သည့် တျန်းကျုံစွမ်းရည်ရှိသည်။ သို့သော် ညဘက်တွင် သီးခြားခွဲထုတ်ထားတဲ့မြို့ကို စောင့်ကြပ်ကာ နေ့ဘက်၌ ချန်းယန်တိုက်ပွဲတွင် သေဆုံးခဲ့သည်။
83 07
ထိုလူ၏မျိုးရိုးနာမည်ကမုန့်ပင်။
“မုန့်” ဆိုသည်က “အိမ်မက်” ဆိုသည့်အဓိပ္ပာယ်ပင်။
သို့သော် ယခုအကြိမ် လူကြီးမင်းမုန့် ပြောသည့် သူ သွေဖယ်သွားတယ်ဆိုတာက…
သူက တစ်ခဏလောက် လမ်းပျောက်သွားသည်။
ခွက်ထဲရှိ နောက်ဆုံးသောလက်ဖက်ရည်တစ်ငုံအား သောက်လိုက်ပြီးနောက် လူကြီးမင်းမုန့်က သူ့မျက်လုံးနှင့် မျက်ခုံးတို့တွင် အပြုံးတစ်ပွင့်နှင့်အတူ ခွက်အား လက်ခံလိုက်သည်။
“တာအိုမိတ်ဆွေလေးက လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ အတော်လေး ရရှိခဲ့တာပဲ”
လင်ရှုက ပြောလိုက်သည်။ “ဟုတ်ပါတယ်”
“ဒါပေမဲ့လည်း အဲဒါက ကောင်းကင်ဘုံလှေကားထစ်ဆိုရင်တောင် ချောမွေ့မှာ မဟုတ်ဘူး။ ကျုပ်မှာ မင်းကို သတိပေးစရာတစ်ခု ရှိတယ်”
လင်ရှုက ပြောလိုက်သည်။ “ကောင်းပါပြီ”
လူကြီးမင်းမုန့်က သူ့လက်များအား ဝတ်ရုံလက်ထဲတွင်ထည့်ကာ စံအိမ်အပြင်ဘက်ရှိ တိမ်ပင်လယ်ကြီးအား ကြည့်၍ ပြောလာသည်။
“အဲ့အကြောင်း ဘာကိုမှ မပြောဖို့က ခက်ခဲတယ်။ မင်းနားလည်ဖို့ ဥပမာတစ်ခုနဲ့ ပြောပါရစေ”
လင်ရှုက တိတ်တဆိတ် နားထောင်လိုက်သည်။
လူကြီးမင်းမုန့်က မေးလာသည် ။
“ဖီးနစ်စံအိမ်မှာ ဘာလို့ အမျိုးသမီးတွေပဲ ရှိတာလဲဆိုတာကိုသိလား”
အဲဒါက မေးခွန်းကောင်းပဲ…
******