Ch 80
Viewers 3k

အပိုင်း (၈၀) ဝါးကြွက်များ


လင်ရှုက မသိပေ။


သူက ပြောလိုက်သည်။ “ကျွန်တော် မသိဘူး”


“ကြည့်ရတာ ဒီကတာအိုမိတ်ဆွေလေးက မသေမျိုးတာအိုလမ်းစဉ်အကြောင်းကို နည်းနည်းလေးပဲ သိသလိုပဲ” လူကြီးမင်းမုန့်က ပြောသည်။


“ဒါပေမဲ့ တာအိုမိတ်ဆွေလေး မင်းက ဖီးနစ်ငယ်လေးနဲ့ တစ်နေရာတည်းမှာ နေနေတာ။ အဲတော့ ဖီးနစ်ဓားရေးအနုပညာတချို့ကို နားလည်ထားရမယ်”


လင်ရှု “ဟုတ်ကဲ့”


“ဖီးနစ်စံအိမ်မှာ အတွင်းအားစွမ်းရည်တစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ ဓားရေးနည်းစနစ်တွေကတော့ အများကြီးပဲ အဲ့ဒီထဲမှာမှ “တစ်သမတ်တည်းဖြစ်သော ကျောက်စိမ်းကန်” နဲ့ “ပြိုင်ဘက်ကင်းခရမ်းသူရဲကောင်း” တွေက ရှုပ်ထွေးပြီး လှပတယ်။ သူတို့တွေက ကြည့်ရတာလည်း ထူးချွန်လှပပြီး အဲဒါကြောင့်ပဲ အမျိုးသမီးတပည့်တွေကြားမှာ အတော်လေး နာမည်ကြီးတယ်။ “လင်းယွင်ပုံစံကိုးခု” နဲ့ “ပျောက်ဆုံးနေသောလမင်း၏ဓားသွားဆယ့်တစ်သွယ်” တွေကတော့ မတူညီဘူး” 


လင်ရှုက ခေါင်းညိတ်လိုက်သည်။


လင်းယွင်ပုံစံကိုးခု”နှင့် “ပျောက်ဆုံးနေသောလမင်း၏ ဓားသွားဆယ့်နှစ်သွယ်” တို့လို ဓားရေးနည်းစနစ်တွင် ယောက်ျားနှင့် မိန်းမကြား၌ မည်သည့်ကွာခြားချက်မှ မရှိပေ။ သူတို့တွေကိုသာ အမျိုးသားတပည့်တွေ လေ့ကျင့်မယ်ဆိုရင် ဘာပြဿနာမှရှိပုံ မပေါ်ပေ။ သို့သော်လည်း ဖီးနစ်တောင်ထွတ်စံအိမ်က မည်သည့်အမျိုးသားတပည့်ကိုမှ လက်မခံပေ။ တိုက်ရိုက်မျိုးဆက်၏ ကလေးဆိုလျှင်တောင်မှပင် လက်မခံပေ။ သူတို့တွေသာ အမျိုးသားဖြစ်လျှင် ကျင့်ကြံရေးအတွက် အပြင်သို့ စေလွှတ်ခံရမည်ဖြစ်ပြီး ဖီးနစ်တောင်ထွတ်စံအိမ်နှင့် မသက်ဆိုင်ပေ။ 


“လင်းယွင်ပုံစံကိုးခု” က ကြောက်မက်ဖွယ်ကောင်းပြီး “ပျောက်ဆုံးနေသော လမင်း၏ ဓားသွားဆယ့်တစ်သွယ်” ဟာ ကျော်ကြားသော ဓားရေးနည်းစနစ်များပင်။ သို့သော်လည်း…


“လူကြီးမင်းမုန့်” က တစ်လုံးချင်းစီ ပြောလာသည်။


“ဖီးနစ်တောင်ထွတ်စံအိမ်ရဲ့ဓားရေးနဲ့ အတွင်းအားကို အမျိုးသားတွေလေ့ကျင့်လို့ မရနိုင်ဘူး တိုက်ရိုက်သွေးမျိုးဆက် ဖြစ်နေမယ်ဆိုရင်တောင်မှပေါ့။ အကယ်၍ သူတို့တွေသာ ယောက်ျားလေးတွေဖြစ်မယ်ဆိုရင် အများဆုံးမှ ပုံစံဖော်တဲ့နည်းလမ်းတစ်ချို့ကိုပဲ သင်ယူရလိမ့်မယ်။ ဟွမ်သန်းတောင်ထွတ်မှာ မြင်ခဲ့ရတဲ့ “နိဗ္ဗာန်ဘဝ” ဆိုတာက သူတို့ထဲက တစ်ခုပဲ”


လင်ရှုက ရှုပ်ထွေးသွားကာ မေးလိုက်သည်။ “ဘာလို့လဲ”


လူကြီးမင်းမုန့်က ပြုံးကာ မေးလာသည်။


“ဖီးနစ်ငယ်လေးက စိတ်ထားကောင်းသလား”


လင်ရှု “သိပ်မကောင်းဘူး”


—ယခုရက်ပိုင်းတွင် သူမက သူ့အပေါ် အရမ်းကိုကောင်းမွန်နေသော်လည်း တကယ်တမ်းတော့ ကြီးမြတ်သည့်သခင်မလေး၏ စိတ်နေစိတ်ထားတစ်ခုလုံးက ဆိုးရွားနေဆဲပင်။ ရှောင်လင်းယန်နှင့် မျက်နှာချင်းဆိုင်သည့်အခါမျိုးတွင် အရမ်းကို ဆိုးရွားသည်။


လူကြီးမင်းမုန့်ကပြောသည်။ “အဲဒါက ပြင်းထန်လွန်းပြီး ဖျက်ဆီးနိုင်စွမ်းရှိတယ်”


ပြင်းထန်လွန်းပြီး ဖျက်ဆီးနိုင်စွမ်းရှိတယ်။


လင်ရှုက တစ်ခဏခန့် ကြက်သေ သေသွားသည် 


တကယ်တမ်းတွင်တော့ ဖီးနစ်တောင်ထွတ်စံအိမ်၏ အမြုတေနှင့် ဓားရေးနည်းစနစ်အားလုံးက လီဟော်၏ချီဓာတ်အပေါ်တွင်အခြေခံထားတာပင်။


ဓာတ်ကြီးငါးပါးနှင့် ပါကွားရှစ်သွယ်တွင် မီးဓာတ်က အပြင်းထန်ဆုံးဖြစ်သည်။ သို့သော် ဖီးနစ်စံအိမ်တောင်ထွတ်၏ ဓားရေးနည်းစနစ်များဖြစ်သည့် “လင်းယွင်ပုံစံကိုးမျိုး” နှင့် “ပျောက်ဆုံးနေသောလမင်း၏ ဓားသွားဆယ့်တစ်သွယ်” က ပို၍တည့်တိုးဆန်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းရက်စက်လှသည်။ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး အသိမပါရှိလျှင် မာကျောမှုနှင့် နူးညံ့မှု၏ပေါင်းစပ်မှုက “နူးညံ့မှု” ဟူသည့် စကားလုံးနှင့် လုံးလုံးသဟဇာတမဖြစ်နိုင်ပေ။


လူကြီးမင်းမုန့်က လင်ရှု အနည်းငယ် နားလည်သွားသည်ကို မြင်သည့်အခါ ဆက်ပြောလာသည်။

84 02

“လွန်ခဲ့တဲ့နှစ်များစွာက ဖီးနစ်တောင်ထွတ်စံအိမ်ကို တည်ထောင်တော့ အမျိုးသားတပည့်တွေ မပါခဲ့တာ မဟုတ်ဘူး။ စံအိမ်က အစွမ်းအစတွေယိုဖိတ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်မထားဘူး။ အပြင်ဘက်မှာ အမျိုးသားတချို့ရဲ့ ဖီးနစ်ဓားရေးနည်းစနစ်ကို လေ့ကျင့်တဲ့အစဉ်အလာတစ်ခုတောင် ရှိခဲ့သေးတယ်။ ဒါပေမဲ့လည်း မင်းသာ အဆင့်တစ်ခုကိုရောက်အောင် ကျင့်ကြံပြီးပြီဆိုရင် ခြွင်းချက်မရှိဘဲ ချီသွေဖယ်မှုဖြစ်ပြီး အဆင့်တစ်ခုကို ကျရင်ကျ ဒါမှမဟုတ်ရင် ပေါက်ကွဲပြီး သေဆုံးလိမ့်မယ်။ ဒါရဲ့အကြောင်းပြချက်က “ပြင်းထန်လွန်းပြီး ဖျက်ဆီးနိုင်စွမ်းရှိတယ်” ဆိုတာပဲ”


လင်ရှုက အနည်းငယ် အံ့အားသင့်သွားကာ လူကြီးမင်းမုန့် ပြောသည်အား ဆက်နားထောင်လိုက်သည်။


“ကောင်းကင်နဲ့မြေကြီးက လူတွေကို မွေးဖွားပေးတယ်။ သူတို့တွေက ကောင်းကင်ရဲ့အလိုအတိုင်းဆိုမှတော့ ကောင်းကင်ရဲ့နည်းလမ်းအတိုင်း လိုက်နာရလိမ့်မယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို နတ်သူငယ်တွေအဖြစ် ညီတူညီမျှ ဆက်ဆံတယ်။ ဒါပေမဲ့လည်း ယင်ယန်ဓာတ်ကြီးငါးပါးထဲမှာ အမျိုးသားနဲ့အမျိုးသမီးတွေက လုံးလုံးလျားလျားကို ကွဲပြားကြတယ်။ တည်ဆောက်ပုံသဏ္ဍာန် အရိုးနဲ့နှလုံးမှာ ကွဲပြားမှုတချို့ ရှိတယ်”


လင်ရှုက ခေါင်းညိတ်လိုက်သည်။


လူကြီးမင်းမုန့်က ဆက်ပြောသည်။


“အမျိုးသားတွေက ယန်ဓာတ်နဲ့သက်ဆိုင်တယ်။ သူတို့တွေသာ ဖီးနစ်တောင်ထွတ်စံအိမ်ရဲ့စွမ်းရည်ကို ထပ်ပြီးလေ့ကျင့်မယ်ဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ချီဓာတ်က တစ်ခုနဲ့တစ်ခု သဟဇာတဖြစ်သွားမယ်။ တစ်ဖက်မှာတော့ သူ့ရဲ့ကျင့်ကြံဆင့်က လျင်လျင်မြန်မြန် တိုးတက်လာပေမဲ့ သူ့ရဲ့အခြေခံကတော့ မတည်ငြိမ်ဘူး။ ချီသွေဖယ်မှုကို အလွယ်လေး ဖြစ်စေလိမ့်မယ်။ ဒုတိယတစ်ခုကတော့ စိတ်နေစိတ်ထားကို သက်ရောက်ခံရမယ်။ အဲဒီလူက စိတ်လိုက်မာန်ပါ ပြုလုပ်တတ်လာမယ်။ စိတ်မြန်လက်မြန်ရှိမယ်။ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာလာမယ်။ တစ်ခဏလောက်ထိ သူ့ရဲ့အသိစိတ်က ပျောက်ဆုံးသွားပြီး လမ်းကြောင်းကနေ သွေဖည်သွားမယ်။ ဖီးနစ်ဓားရေးနည်းစနစ်ဆိုတာက မီးနဲ့သွန်းလုပ်ထားတဲ့ ဓားသွားတစ်ခုလိုပဲ။ ကြွပ်ဆတ်ပြီး ကျိုးပျက်ဖို့လွယ်လို့ မလွှမ်းမိုးနိုင်အောင်လို့ ရေအေးနဲ့ ထိန်းချုပ်မှရမယ်။ အဲဒါကြောင့် အမျိုးသမီးတွေကသာ ကောင်းကင်နဲ့မြေပြင်မှာရှိတဲ့ ဒါရဲ့ဖိုသဘာဝနဲ့သန်မာတဲ့ စွမ်းရည်ကို ထိန်းချုပ်နိုင်တယ်”


ထိုအသိကို တစ်ခဏခန့် ချေဖျက်လိုက်ပြီးနောက်


လင်ရှုဟာ သီအိုရီရဲ့ဆန်းကြယ်မှုက ထိုသခင်ငယ်လေး၏ “ကြီးကျယ်ခမ်းနားသောလမ်းမ” အကြောင်း အငြင်းပွားမှုထက် မလျော့နည်းဟု ခံစားလိုက်ရသည်၊။ 


လူကြီးမင်းမုန့်က ပြုံးကာ ပြောလာသည်။


“ကိစ္စတွေကသာ အရမ်းကို စည်ပင်ဖြစ်ထွန်းနေမယ်ဆိုရင် သူတို့တွေကို သတ်ဖြတ်ပစ်သင့်တယ်။ အဲဒါက ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းရဲ့ပေါင်းစပ်ထားမှုအကြောင်း အမှန်တရားပဲ။ ဒီက တာအိုမိတ်ဆွေလေး နားလည်ရဲ့လား”


လင်ရှုက ခေါင်းညိတ်ပြလိုက်ကာ “နားလည်ပါတယ်”


“သေချာတာပေါ့ ဖီးနစ်ဓားရေးနည်းစနစ်ကို လေ့ကျင့်နိုင်တဲ့ အမျိုးသားတစ်ဦး ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း စိတ်နေစိတ်ထားနဲ့ သဘာဝက အဲဒါအတွက် လိုအပ်တယ်လို့ စိတ်ကူးယဉ်ကြည့်နိုင်တယ်။ သည်းခံရမဲ့ခက်ခဲမှုတွေက တွေးကြည့်ဖို့ မခက်ပါဘူး။ ကျုပ် မမြင်ဖူးခဲ့ရုံပဲ။ ဖီးနစ်တောင်ထွတ်စံအိမ်ရဲ့ ကြွယ်ဝမှုနဲ့ ခံ့ညားထည်ဝါမှုက ဆီကို မီးနဲ့ ချက်နေသလိုပဲ။ စံအိမ်က တိုင်းပြည်ရဲ့တစ်ဝက်ကို တော်ဝင်မိသားစုနဲ့ မျှဝေထားတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး ကာကွယ်ရမလဲဆိုတာကိုလည်း သိဖို့လိုအပ်တယ် ဒါကသေ မျိုးတွေရဲ့ကိစ္စပဲ။ အဲတော့ ကျုပ်တို့တွေ ဒါကိုမပြောတော့ဘူး” 


လင်ရှု လူကြီးမင်းမုန့်ပြောသည့် အမှန်တရားအား နားလည်လိုက်သည်။ သို့သော် လူကြီးမင်းမုန့်က သူ့အား ဘာလို့ ဒီအကြောင်းတွေကို ပြောပြချင်သည်လဲဆိုတာအား မသိနိုင်နေဆဲ ဖြစ်သည်။ 


ကံကောင်းစွာဖြင့် လူကြီးမင်းမုန့်တွင် “မင်းပြန်သွားပြီး ကိုယ့်ဘာသာ နားလည်အောင်လုပ်လိုက်” ဟူသော အလေ့အကျင့်မျိုး မရှိပေ။ စကားပြောပြီးနောက် သူက ပြောသည်။

84 03

“ဒီက တာအိုမိတ်ဆွေလေး မင်းက ဒီအမှန်တရားကို နားလည်မှတော့ မင်းကိုယ်တိုင်ရဲ့ နည်းလမ်းနဲ့ စဉ်းစားသင့်တယ်။ အကယ်၍ အဲဒါက အရမ်းကို ပြင်းထန်လွန်းရင် အလွယ်လေး ကျိုးပျက်သွားနိုင်တယ်။ အကယ်၍ အရမ်းကို အေးစက်လွန်းရင်လည်း မင်းကို ထိခိုက်စေလိမ့်မယ်။ မင်းရဲ့လမ်းက ဗလာဖြစ်ပြီး တိတ်ဆိတ်နေတယ်။ မင်းကသာ လမ်းရဲ့အဆုံးကို ရောက်သွားပြီး အမြင့်ကလည်း အရမ်းကို အေးစက်လွန်းရင် နှလုံးသားမိစ္ဆာနဲ့ အဟန့်အတားတွေရှိသည်ဖြစ်စေ ဘယ်လိုဆုံးဖြတ်ပြီး ရွေးချယ်မှု ပြုလုပ်မလဲဆိုတာကို စောစောကတည်းက ပြင်ဆင်သင့်တယ်။ အဲဒါက ကျုပ် စိုးရိမ်တဲ့အကြောင်းအရာပဲ” 


လင်ရှုက လူကြီးမင်းမုန့်၏မျက်လုံးအား ကြည့်လိုက်ကာ ချစ်ခင်ရသူအပေါ် ဂရုစိုက်မှုဆိုသည့် အဓိပ္ပာယ်အား သိရှိသွားတော့သည်။  သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရကာ ပြောလိုက်သည်။ 


“ကျွန်တော် လုပ်လိုက်ပါ့မယ်”


လူကြီးမင်းမုန့်က ပြောသည်။ “ဒါဆိုရင်တော့ ကျုပ် စိတ်အေးသွားပါပြီ”


ဒါကိုပြောပြီးနောက် လူကြီးမင်းမုန့်က သူ့ဘဝထဲရှိ အသေးအဖွဲကိစ္စတစ်ချို့ကို မေးမြန်းလာသည်။ သို့သော် သူက ဒါကိုအသားမကျပေ။ ပြီးနောက် လင်ရှုက သူ့အား နှုတ်ဆက်စကားပြောကာ အိမ်မက်ကွင်းပြင်မှ ထွက်လာလိုက်သည် ။


ထွက်လာပြီးနောက် ဝါးအိပ်ရာပေါ်တွင် ခြေချိတ်ထိုင်လိုက်ကာ သူ၏စာမေးပွဲအား အောင်မြင်ပြီး စကားဝိုင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်းကို တွေးနေလိုက်သည်။ 


လူကြီးမင်းမုန့်၏နောက်ဆုံးသတိပေးချက်အတွက်ကတော့——


သူ၏ယခင်ဘဝတွင် တစ္ဆေကဲ့သို့ ဖြစ်နေခဲ့သည့် နှစ်နှစ်ဆယ်အကြောင်းကို စဉ်းစားလိုက်သည်။ ပြီးနောက် အကန်အသတ်မဲ့ဝင်္ကပါထဲတွင် မြင်ခဲ့ရသော သူ၏ကိုယ်ပိုင်စိတ်တွင်းမိစ္ဆာများကို တွေးလိုက်ပြီး သူ၏စိတ်အခြေအနေက တကယ်ကိုပင် ခိုင်မာနေတာမျိုး မဟုတ်ကာ ပိုပြီး လေ့ကျင့်ပေးရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်။ ထိုသည်က တကယ်ကိုပင် စဉ်းစားသုံးသပ်ထိုက်သည့် ပြဿနာတစ်ရပ်ပင်။ 


သူက သူ၏စိတ်အခြေအနေအား ချုပ်တည်းရန် စာကြည့်တိုက်သို့သွားကာ စိတ်နေစိတ်ထားနှင့် စိတ်အတွင်းရှိမိစ္ဆာများအကြောင်း ရေးထားသည့် စာအုပ်များကို ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်သည်။


စာကြည့်တိုက်အကြောင်းတွေးရင်း စားသောက်ခန်းမအကြောင်းကို တွေးလိုက်သည်။ 


ယနေ့မနက်တွင် လင်းဖုန်းရှောင်က နေ့လည်ပိုင်း လူကြီးမင်းမုန့်၏စာမေးပွဲပြီးလျှင် သူမလည်း စာမေးပွဲပြီးပြီပင်။ ထို့ကြောင့် သူမနှင့်အတူ ညစာစားရန် တောင်းဆိုထားသည်။ 


ဒါကိုတွေးပြီးနောက် လင်ရှုက အိပ်ရာမှထကာ အိပ်ရာခေါင်းရင်းတွင် ချိတ်ဆွဲထားသော အဖြူရောင်မြေခွေးသားမွှေးကို ဝတ်ဆင်လိုက်ပြီး တံခါးအပြင်ဘက်သို့ လျှောက်သွားသည်။ 


—ယခုသားမွှေးက မူလကဝမ်းကွဲဖြစ်သူမှ သူ့အား ထုပ်ပိုးရန် အသုံးပြုခဲ့သည့် တစ်ထည်ဖြစ်သည်။ ကြီးမြတ်သည့်သခင်မလေးကတော့ အညိုရောင်ဖျံသားမွှေးကို အသုံးပြုသည်။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် ဝမ်းကွဲဖြစ်သူနှင့် ကြီးမြတ်သည့်သခင်မလေးတို့က တစ်ဦးတည်းဖြစ်သွားကာ လင်းဖုန်းရှောင်က သဘာဝကျကျပင် ဖုံးကွယ်မနေတော့ဘဲ သူ့အား နှစ်ခုစလုံးကို ပေးလာသည်။


လင်ရှုက လင်းဖုန်းရှောင်နှင့်အပြင်ထွက်မည့်အကြောင်း တွေးလိုက်မိသောအခါ ထိုသူက လူတွေ၏မျက်လုံးအား လှည့်စားရန် သားမွှေးနှစ်ထည်ကိုပင် ပြင်ဆင်ထားပေသည်။ ဒီလူက တကယ်ကိုပင် အရမ်းမုန်းဖို့ ကောင်းသည်ဟု ခံစားလိုက်ရသည်။ 


သူ တံခါးဖွင့်လိုက်သည်နှင့် ကြီးမြတ်သည့်သခင်မလေးဟာ အဓိကခန်းမ၏ အပြင်ဘက်ရှိ ဝါးကော်ရစ်ဒါတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ 


ညဘက်တွင် တောင်တန်းများပေါ်၌ နှင်းဖွဲဖွဲလေးကျကာ ရေခဲခရစ်စတယ်(နှင်းစက်ထက် အနည်းငယ်ကြီးသော နှင်းစက်ခဲအသေး) အသေးတချို့က လေထဲတွင် ကျဆင်းနေပြီး ဝါးရွက်များဟာလည်း ဆီးနှင်းလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ခံထားရကာ အလွန်ကို လှပပေသည်။


သို့သော် လင်းဖုန်းရှောင်က ကြီးမားသည့် အနီရောင်အမွှေးပွ ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားကာ အနီရောင်ထီးတစ်လက်ကို ထောင့်ဖြတ်အတိုင်း ချိတ်ဆွဲထားပြီး မှင်ရောင်ကဲ့သို့ မဲမှောင်နေသည့် ဆံနွယ်များကို စည်းနှောင်မထားပေ။ သူမက ဆန္ဒရှိသလို ကျဆင်းနေစေသည်။ လူတစ်ကိုယ်လုံးက နှင်းထဲတွင် တကယ်ကိုပင် ထူးခြားနေပေသည်။ 

84 04

ကြီးမြတ်သည့်သခင်မလေးက ကြောင်လေးကို ကိုင်ထားရင်း ကော်ရစ်ဒါအရှေ့ရှိ နှင်းများကို ကြည့်နေသည်။ သူမကို ကြည့်ရသည်မှာ မိန်းမောနေပုံရပြီး သူ တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ပြုံးလိုက်ကာ “မင်းက ဒီမှာပဲ”


လင်ရှုက ရှေ့သို့တိုးလိုက်သည်။ လင်းဖုန်းရှောင်က ထလာကာ သူ့အား ထီးတစ်ဝက်ကို မျှပေးလာသည်။ 


“ကျွန်မ အစတုန်းက ရှင့်ကို ထမင်းစားဆောင်ဆီသွားဖို့ ပြောထားတာ။ ဒါပေမဲ့ ကျွန်မ မသွားခဲ့ရဘူး။ အခုလေးတင်ပဲ ချန်းမင်က စာတစ်စောင် ပါးလာတယ်။ သူ့မှာ စာမေးပွဲတွေအများကြီး မရှိလို့ ဒီရက်ပိုင်း သိုင်းပညာလေ့ကျင့်ပြီးရင် သူက သလင်းကောင်းကင်မှာရှိတဲ့ ကြွက်တွင်းတွေ အများကြီးကို တူးပြီး ဆောင်းရာသီမှာ အိပ်စက်နေတဲ့ ဝါးကြွက်ဝဝလေးတွေကို တစ်ဒါဇင်ထက်မနည်း ဖမ်းထားတယ်တဲ့။ ပြီးတော့ ယွဲ့ရို့ယွ၊င် ယွဲ့ရို့ဟယ် ကြောင်လေးနဲ့ ကျွန်မတို့ကို ဝါးကြွက်တွေကိုကင်စားဖို့ မေးလာတယ်”


လင်ရှုပင် စကားမပြောနိုင်သေးခင်မှာပဲ ကြောင်လေးက သူ့နားများကို ထောင်လိုက်ကာ သူ့ခေါင်းအား လင်းဖုန်းရှောင်၏လက်မောင်းထဲမှ မြှောက်လိုက်ပြီး လျင်မြန်စွာ “မြှောင်” လာခဲ့သည် ။


—ကြည့်ရတာ တကယ်ကို စားချင်နေတဲ့ပုံပဲ။


လင်ရှုက ပြောသည်။ “သူတို့ တစ်ဒါဇင်လောက်က ချန်းမင်းတစ်ယောက်တည်း စားဖို့တောင် မလောက်လောက်ဘူး”


လင်းဖုန်းရှောင်ကလည်း ပြောလာသည်။


“ကျွန်မလည်း အဲ့လိုတွေးတာပဲ။ ဒါပေမဲ့ သူပြောတာက တစ်ကောင်ကို ခြောက်ပေါင် ခုနစ်ကောင်ခွဲလောက် ရှိတယ်ပြောတယ်။ သူတို့ တစ်ဒါဇင်လောက်ဆို ပေါင်တစ်ရာကျော်လောက် ရှိမယ်ပြောတယ်။ သွေးတွေ ဖယ်ပြီး ကင်လိုက်မယ်ဆိုရင်တောင် အတော်လေး ကျန်မယ်တဲ့။ သူ ဗိုက်ပြည့်သွားရင် ကျွန်မတို့အတွက် တစ်ကောင်နှစ်ကောင် ချန်ထားပေးချင် ချန်ထားပေးမှာပေါ့” 


လင်ရှု ပြုံးလိုက်သည်။ 


ပြုံးလိုက်ပြီးနောက် ယွဲ့မိသားစုရှိ မောင်နှမများကို တွေးလိုက်ကာ မေးလိုက်သည်။


“ယွဲ့ရို့ဟယ်ကို သူ သိလား”


လင်းဖုန်းရှောင်က “အမ်း” ဟုသော အသံကိုထုတ်လိုက်သည်။ ဂိုဏ်းကိုးခုက မကြာခဏ သွားလိုက်လာလိုက် လုပ်တတ်သည် ချန်းမင်က ဟိန်လျှန်ဂိုဏ်းတွင် မွေးဖွားလာကာ ရူမုန့်ထန်နှင့် နီးကပ်သောသူငယ်ချင်းတစ်ဦးပင်။ ထို့ကြောင့်သူက ယွဲ့မိသားစုနှင့် မိတ်ဆွေကောင်းများပင် ဖြစ်ရမည်။ 


သူတို့ကချန်းမင်ပြောသည့် ဝါးတောဥယျာဉ်ရှိ စွန့်ပစ်ထားသောစံအိမ်ရှိရာနေရာသို့ သွားလိုက်သည်


ယွဲ့မိသားစု၏မောင်နှမနှစ်ဦးက ထိုနေရာတွင် ရောက်နှင့်နေပြီးဖြစ်သည် သူတို့က မီးပုံတစ်ခုကို အတူတကွပြုလုပ်နေကာ စင်တစ်ခုဆင်လိုက်ပြီး အကင်ရသာမှုန့်များကို ပြင်ဆင်ရန် ပုလင်းနှင့်ကရားတစ်သိုက်ဖြင့် အာရုံစိုက်စွာ ပြုလုပ်နေသည် 


ထိုဝါးကြွက်ဝတုတ်များကို သန့်ရှင်းဆေးကြောပြီး ဖြစ်ကာ တစ်ကောင်ပြီးတစ်ကောင် သပ်ရပ်စွာဖြင့် အတူတကွ နှပ်ထားသည် 


သူတို့လာနေသည်ကို တွေ့သည့်အခါ ချန်းမင်ကနှုတ်ဆက်လာသည် 


“ဂျူနီယာညီလေးလင်း သခင်ချင်းယွမ် မင်းတို့ရောက်လာပြီ။ ကြီးမြတ်တဲ့သခင်မလေးရော ရောက်လာပြီပဲ!”


ကြီးမြတ်သည့်သခင်မလေးက ပြောသည်။ “ရှင်က ကျွန်မကို ဖိတ်မှတော့ ကျွန်မက ဘာလို့မလာရမှာတုန်း”


ချန်းမင်က သူ့ခေါင်းအား ကုတ်လိုက်ကာ :


“ဒီတိုင်း ထုတ်ပြောချင်လို့ပါ…..”


ယွဲ့ရို့ယွင်က သူ့အား ပုတ်လိုက်ကာ အပြုံးတစ်ပွင့်နှင့် ပြောလာသည်။

84 05

“လင်ရှုနဲ့ကြောင်လေးက ဒီမှာလေ။ အဲတော့ အကြီးဆုံးသခင်မလေးက လာမှာလို့ ငါမင်းကို ပြောသားပဲ”


လူတွေအားလုံးက ရောက်နေပြီဖြစ်ကာ ချန်းမင်းကလည်း ရသာမှုန့်ကို ပြင်ဆင်ပြီးဖြစ်သည်။ မီးကလည်းထွန်းလင်းနေကာ စံအိမ်တစ်ခုလုံးအား အပူပေးနေသည်။ စံအိမ်၏ရိုးရှင်းမှုကိုမေးထားကာ ကြမ်းပြင်ပေါ်ရှိ ဖျာချပ်များအပေါ် ထိုင်ချလိုက်ပြီး စားရန်အတွက် ဝါးကြွက်များကို စကင်တော့သည်။


လင်းဖုန်းရှောင်က လင်ရှုအား သူ့ဘာသာသူ ကင်ခွင့် မပြုပေ။ ထိုအစား သူ၏ကြွက်ကိုလည်း တံစို့ထိုးလိုက်ကာ ထိုနှစ်ခုကို အတူတကွ ကင်လိုက်သည်။ 


ဝါးကြွက်၏ ပြည့်ဖြိုးနေသည့်အသားများကို တစ်ဖြည်းဖြည်းနှင့် မီးပေါ်တွင်ကင်လိုက်ပြီိး ရွှေညိုရောင်သန်းကာ မွှေးကြိုင်လာသည့်အခါတွင်တော့ ရသာမှုန့်များနှင့် တစ်ကြိမ်ပြီးတစ်ကြိမ် သုတ်လိုက်သည်။ ထို့နောက် မွှေးရနံ့က ပို၍ပို၍ဆွဲဆောင်လာနိုင်သည်။


ကြောင်လေး : “မြှောင်”


“မြှောင်”


“မြှောင်”


လင်ရှု : “ခဏစောင့်ဦး”


ကြောင်လေး : “မြှောင်”


လင်ရှုက ကြောင်လေးအား ကြည့်လိုက်ရာ ထိုကြောင်၏မျက်လုံးထဲရှိ ရန်လိုမှုကို တွေ့လိုက်ရသည်။


ထိုကြောင်က ကြီးမြတ်သည့်သခင်မလေးဟာ ဝါးကြွက်ကို ကင်လိုက်ပြီး သူ့အား ပထမဆုံးစားခွင့်ပေးမည်မဟုတ်ဟု တွေးလိုက်တာဖြစ်လောက်သည်။


ကံကောင်းစွာဖြင့် ချန်းမင်၏ကြွက်ကို ကင်ပြီးပြီဖြစ်ကာ ထိုသည်အား စီနီယာကုန်းမြေအင်မော်တယ်အရှင်သို့ ပူဇော်လိုက်သည်။


ထိုကြောင်က ကျေနပ်သည့်အသံတစ်ခု ထုတ်လိုက်ပြီး ကြွက်အား စတင်စားတော့သည်။


တစ်ခဏကြာပြီးနောက် လင်းဖုန်းရှောင်က ကင်ပြီးပြီဖြစ်သည် အညိုရောင်သန်းပြီး နူးညံ့နေသည့် ကြွက်သားကို ပါဝင်ပစ္စည်း တစ်လွှာပြီးတစ်လွှာဖြင့် သုတ်ထားကာ နှမ်း ငရုတ်ကောင်းမှုန့်နှင့် အနံ့အရသာက တစ်ခဏတွင်း ယိုစိမ့်လာသည်။


ကြီးမြတ်သည့်သခင်မလေးက ချွန်ထက်သည့်ငွေရောင်ဓားသွားတစ်ခုကို ထုတ်လိုက်ကာ ကြွက်ရဲ့အသားကို ခွဲခြမ်းလိုက်ပြီး လင်ရှုနှင့်အတူစားတော့သည်။


ချန်းမင်က ဝါးကြွက်အသား၏ “ဝါးကြွက်ကဝါးတွေကိုစားရင်း မွေးဖွားလာတာ။ အဲတော့ သူ့မှာ သူ့ကိုယ်ပိုင်မွှေးရနံ့ ရှိပြီးသား” “ဝါးကြွက်တွေက တစ်ကောင်ကိုခြောက်ပေါင် ခုနစ်ပေါင်ခွဲလောက် ရှိတယ်။ အရွယ်အစားလည်း သင့်တော်တယ်။ အဆီက အတော်အသင့်ပဲပါပြီး နည်းတယ်။ အဲတော့ ကင်ဖို့အတွက် သင့်တော်တယ်” “ဝါးတောထဲမှာ ဝါးကြွက်ကို စားတာက ထူးခြားတဲ့အရသာတစ်ခုပဲ” ဟူသော ဝါးကြွက်၏အရသာရှိသည့်ပိုင်ဆိုင်မှုအကြောင်းကို ပြောလာသည်။


ကျန်ရှိသည့်သူတွေအားလုံးက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးပြီးဖြစ်ကာ ယခုရက်ပိုင်းအတွင်း သူတို့တွေက စာမေးပွဲနှင့် အလုပ်ရှုပ်နေပြီး အနားယူခဲသည်။ ထို့ကြောင့် သူတို့တွင် ပြောစရာ အများကြီးရှိနေကာ အသားကင်နေရင်း စကားစမြည် ပြောနေကြသည်။ ထိုသည်က စားသောက်ခန်းမရှိ ညစာစားသည့်သူများထက် အများကြီးပို၍ သက်ဝင်လှုပ်ရှားမှုရှိသည်။


သက်ဝင်လှုပ်ရှားနေကာ ထို့နောက်တွင်တော့ အဝေးမှခြေသံများကို ကြားလိုက်ရသည်။ ထိုသူဝင်လာသည့်အခါ နှင်းထဲတွင် လူတစ်ယောက် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရပြီး သူ့လက်တစ်ဖက်တွင် မီးအိမ်ကို ကိုင်စွဲထားကာ တခြားတစ်ဖက်တွင်တော့ တစ်ခုခုကိုကိုင်ထားသည်။


ထိုသူ နီးကပ်လာသည့်အခါ ထိုသူက ကွန်ဖြူးရှပ်ကျောင်းတော်၏ သိုင်းပညာအစ်မကြီး ရှဲ့ကျီရှီဖြစ်ပုံရသည်။


သူမက ကြိုးကြာအမွှေးဖြင့်ပြုလုပ်ထားသော မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်တစ်ဖက်တွင် မီးအိမ်ကိုကိုင်ထားပြီး တခြားတစ်ဖက်တွင်တော့ ဝိုင်ကရားကို ကိုင်ထားသည်။ သူမ၏နောက်ကျောတွင်တော့ စာအုပ်ထည့်သည့်အိတ်ကို သယ်ဆောင်ထားပေသည်။

84 06

“ဒီနေရာမှာ ဘယ်သူတွေများ ပျော်ပါးနေတာလဲလို့ ရှင်တို့တွေ ဖြစ်နေတာပဲ”


ရှဲ့ကျီရှီက ဝိုင်ကရားကို ချလိုက်ကာ အပြုံးတစ်ပွင့်နှင့်ပြောလာသည်။


“နှင်းကျနေတဲ့ညကြီးမှာ ကြွက်တွေကင်နေတယ်။ အရမ်းကို ခမ်းနားတာပဲ”


ယွဲ့ရို့ယွင်ကပြောသည်၊ “နင်က သိုင်းပညာအစ်မကြီး ရှဲ့ကျီရှီလား”


ရှဲ့ကျီရှီ : “ငါပဲ”


ယွဲ့ရို့ယွင်က ပျော်ရွှင်စွာ ပြုံးလိုက်ကာ: “ကျွန်မက အစ်မရဲ့နာမည်ကို ကြားဖူးနေတာကြာလှပြီ!”


ရှဲ့ကျီရှီက ပြောသည်။ “ ကျွန်မက သလင်းကောင်းကင်က ဝါးတောဥယျာဉ်ကို သဘောကျတယ်လေ။ ဒီစွန့်ပစ်ထားတဲ့နေရာကို သောက်ရင်းနဲ့ စာဖတ်ဖို့ မကြာခဏ လာတတ်တယ်။ ဒီနေ့တော့ ရှင်တို့တွေ အရင်ရောက်လာတာပေါ့”


စကားပြောနေစဉ်တွင် သူမက လင်းဖုန်းရှောင်အား ကြည့်နေသည်။


လင်းဖုန်းရှောင် ကပြောသည်။ “တိုက်ဆိုင်လိုက်တာ”


“တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း ဒီကိုရောက်နေပြီ” ရှဲ့ကျီရှီက ပြုံးကာ 


“ဖြစ်ချင်တော့ ရှင်တို့မှာ အသားတွေရှိတယ်။ ကျွန်မက ဝိုင်ယူလာတယ်”


ချန်းမင်က သိချင်သွားကာ : “မင်းက ဘယ်လိုလုပ်ပြီး ဝိုင်ကိုရလာတာလဲ”


ရှဲ့ကျီရှီက ပြောသည်။: “ကွန်ဖြူးရှပ်ကျောင်းတော်က ဝိုင်သောက်တာနဲ့ပတ်သက်ပြီး အရမ်းကြီး မတင်းကြပ်ဘူး” 


ယွဲ့ရို့ဟယ်က ပြောသည်။ “ဒါဆိုရင် ကွန်ဖြူးရှပ်ကျောင်းတော်ကို ဝိုင်ဝယ်ဖို့ သွားလို့ရလား”


“နည်းလမ်းတစ်ခုသာရှိရင် သေချာပေါက်ရတာပေါ့”


ချန်းမင်က အရမ်းကိုပျော်ရွှင်သွားကာ: “သိုင်းပညာအစ်မကြီးရှဲ့ ဒီနေ့ကျုပ်တို့တွေနဲ့ အသားစားပြီးသွားရင် မင်းက ကျုပ်တို့ရဲ့နည်းလမ်းဖြစ်သွားပြီပဲ”


ရှဲ့ကျီရှီက ရယ်မောကာ ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်မ မယဉ်ကျေးတော့ဘူးနော်”


လင်ရှုက ကြီးမြတ်သည့်သခင်မလေးကျွေးသည့် အသားတစ်ပိုင်းကို ယူလိုက်ကာ ဖြည်းညှင်းစွာ စားလိုက်ပြီး ကွန်ဖြူးရှပ်နှင့် တာအိုပညာရပ်၏ သိုင်းပညာအစ်မကြီးအား ကြည့်လိုက်သည်။


သူမတွင် ကြည်လင်ပြီး ချောမောသည့်သွင်ပြင်ရှိကာ သွင်ပြင်အရ နည်းနည်းလေး တစ်သီးတခြားဆန်သည်။ သို့သော် သူမ၏ကိုယ်ကျင့်စရိုက်က ချဉ်းကပ်ရလွယ်ကာ မကြာခင်မှာပင် ကျန်သည့်သုံးယောက်နှင့် ရယ်မောရင်း စတင်၍ စကားပြောနေတော့သည်။


နောက်တစ်ခဏတွင်တော့ ရှဲ့ကျီရှီကလည်း လှမ်းကြည့်လာသည်ကို တွေ့လိုက်ပြီး သူ့ကို ကြည့်၍ပြုံးကာ သူမရဲ့ဖန်ခွက်ကို မြှောက်ပြလာသည်။


“ဒီသိုင်းပညာရှင်လူငယ်လေးက ဘာလို့ မသောက်တာလဲ”


လင်ရှုက သူမဟာ တစ်ခုခုကို ရှာနေသည်ဟု ခံစားလိုက်ရသော်လည်း တုံ့ပြန်ရန် ရည်ရွယ်ချက်မရှိပေ။


ထို့နောက် ကြီးမြတ်သည့်သခင်မလေးက ပေါ့ပေါ့ပါးပါးပြောလာသည်။


“ကျွန်မက သူ့ကို သောက်ခွင့်မပြုလို့”


ရှဲ့ကျီရှီက တစ်ငုံသောက်လိုက်ပြီး ပြောလာသည်။


“နင်က တကယ်ကြီးကို တစ်ယောက်ယောက်ကို နှစ်နှစ်ကာကာ ချစ်နေတာပဲ”


ကြီးမြတ်သည့်သခင်မလေးက သေးငယ်သည့်အရိုးလေးအား ငွေရောင်ဓားသွားဖြင့် ဖယ်လိုက်ကာ နူးညံ့သည့်ကင်ထားသည့် အသားနှစ်ပိုင်းကို အတူတူတကွထားလိုက်ပြီး လင်ရှုအား ကမ်းပေးလိုက်ကာ ထို့နောက်တွင်တော့ ပြောလာသည်။ “ကျွန်မက တစ်ယောက်ယောက်ကို မြတ်နိုးပေးချင်လာရင် အဲဒါက သဘာဝကျကျပဲ ဖြစ်လာလိမ့်မယ်”


စာရေးသူတွင်ပြောစရာရှိသည် :


သိုင်းပညာရှင်အစ်မကြီး : ဒီအသေးလေးက ထူးခြားပုံပေါ်လားဆိုတာကို ကျွန်မ ကြည့်ပါရစေဦး 


လင်ရှု : အိန္ဒြေမပျက် ရှိနေသည်။


******