Ch 7
Viewers 2k

🥝 Chapter 7


【 စုကျို၊ စုကျီကျီ နှင့် ကျူးပိုင်ယွီ သုံးဦးသားသည် စမ်းသပ်ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့သည်။ ဝိညာဉ်ပိုးကောင်ဂေဟာ၏ကောင်းမှုဆိုးမှုမှတ်တမ်းဆောင် (Merit and Demerit Hall) မှ ပေးအပ်သော ဆုလာဘ်နှင့် အပြစ်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည် — ! 】


စုကျီကျီမှာ ခုနစ်ရောင်ခြယ် ဝိညာဉ်အလင်းတန်းများ၏ ဝန်းရံခြင်းကို ပထမဆုံးအကြိမ် ခံရဖူးခြင်းဖြစ်သဖြင့် ထိတ်လန့်တုန်လှုပ်နေမိသည်။ စုရှင်းချန်ကတော့ တည်ငြိမ်လေးနက်စွာဖြင့် ထိုအလင်းတန်းများကို မော့ကြည့်နေ၏။


“ယွမ်သန့်စင်မှု အဆင့် ၃ အချင်းချင်း ယှဉ်ပြိုင်တာလေးကို ကောင်းမှုဆိုးမှုမှတ်တမ်းဆောင်က ဘာလို့ ဒီလောက်အထိ အာရုံစိုက်နေရတာလဲ ?” 


ကျူးပိုင်ယွီသည် တောက်ပနေသော အလင်းတန်းများကြောင့် တုန်လှုပ်ခြင်းမရှိသော်လည်း သူ့ အံ့သြမှုကိုတော့ ဖုံးကွယ်မထားနိုင်ပေ။


ထို့အပြင် ၎င်းမှာ သိသိသာသာပင် လူနှစ်ဦး၏စမ်းသပ်ပွဲ ဖြစ်ပါလျက်နှင့် တတိယမြောက်လူ တစ်ယောက် ဘာကြောင့်ပါဝင်လာရသနည်း? သူ ယခင်က ယှဉ်ပြိုင်မှုပေါင်းများစွာပြုလုပ်ခဲ့သော်လည်း ဤကဲ့သို့ မှားယွင်းမှုမျိုး တစ်ခါမှ မကြုံဖူးပေ။


“ကောင်းမှုဆိုးမှု မှတ်တမ်းဆောင်...”


စုကျိုသည် ထိုအမည်ကို ဝတ္ထုများထဲတွင် မတွေ့ဖူးသဖြင့် သူမကို ဝန်းရံထားသော ခုနစ်ရောင်ခြယ်အလင်းတန်းကို စမ်းသပ်ကာ တို့ထိလိုက်သည်။ ဝိညာဉ်စွမ်းအင်မှာ သူမ၏ လက်ချောင်းများကြားမှ ဖြတ်စီးသွားသော်လည်း သူ့ မှတ် ဉာဏ်သိုလှောင်မှုထဲတွင် သတင်းအချက်အလက်အချို့ ချန်ထားခဲ့သည်။


[ အဆင့် ၅ မွေးရာပါ ဝိညာဉ်စွမ်းအင် (အနည်းငယ်ရော နှောထားသည်) - ဝိညာဉ်ပိုးကောင်ဂေဟာ၏ကောင်းကင်ဝိညာဉ်ရေကန်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ]


စုကျို မျက်ခုံးပင့်လိုက်မိသည်။


[ ခန့်မှန်းတန်ဖိုး - ဝိညာဉ်ကျောက်တုံး ၉၉၉၉ တုံး ]


[ ကူးယူခြင်းစွမ်းရည် အဆင့်နိမ့်လွန်းသဖြင့် လက်ရှိတွင် ကူးယူ၍မရနိုင်ပါ။ ]


စုကျိုကတော့ ထိုအချက်ကို တိတ်တဆိတ်မှတ်သားထားလိုက်သည်။ ဝိညာဉ်ရေကန်မှ ထွက်ပေါ်လာသည့် မြူမှုန်လေးများပင် ဤမျှတန်ဖိုးရှိနေလျှင် ၎င်းကို မွေးဖွားပေးသည့် ‘ကောင်းကင်ဝိညာဉ်ရေကန်’ဆိုလျှင် ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်မလဲ ?


သို့သော်လည်း နံရံပေါ်မှ ပေါ်ထွက်လာသော စာလုံးများက သူ့ အတွေးကို ဖြတ်တောက်လိုက်သည်။


[ ပထမထပ်မှ စုကျီကျီ၊ အသက် ၇ နှစ်သာရှိသေးပြီး ယွမ်သန့်စင်မှု အဆင့် ၃ သာ ရှိသော်လည်း၊ သူ့အားနည်းသော အစွမ်းဖြင့် ပထမထပ်၏အဆင့် ၁၀ ရှိသော ကျူးပိုင်ယွီအား စိန်ခေါ်ဝံ့သည့် သတ္တိရှိသည်။ ]


[ ပြင်ပအကူအညီဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း သူ့ သတ္တိမှာ ချီးကျူးထိုက်ပေသည်။ ]


[ ဆုလာဘ် - ဝိညာဉ်ကျောက်တုံး ငါးဆယ်၊ ကောင်းမှုမှတ်တမ်း (Merits) ၅ ခု ]


[ စုကျီကျီ၏ ဂေဟာတွင်း မှတ်တမ်း - ၁ ပွဲနိုင် ]


[ အဆင့်သတ်မှတ်ချက် - ၄၉၅၃ → ၄၈၇၁ ]


[ စုစုပေါင်း ကောင်းမှုမှတ်တမ်း - ၁၃ ခု ]


စုကျီကျီ အံ့သြသွားရသည်မှာ အလင်းတန်းများကြားမှ အဝတ်ငွေအိတ်လေးတစ်ခု ကျလာပြီး သူမ၏ နဖူးပေါ်မှ ဂဏန်းများမှာလည်း လျင်မြန်စွာ ပြောင်းလဲသွားခြင်းကြောင့်ပင်။ မကြာမီမှာပင် နံရံပေါ်မှ စာလုံးများ ထပ်မံပြောင်းလဲသွားပြန်သည်။


[ ကျူးပိုင်ယွီ၊ အဆင့် ၁၀ ရှိသူဖြစ်ပါလျက် အစွမ်းနည်း သော ကလေးငယ်တစ်ဦးနှင့် ယှဉ်ပြိုင်ခြင်းမှာ တရားမျှတမှုမရှိပေ။ ထို့ပြင် ပြိုင်ဘက်ကို အထင်သေးခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ]


[ ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ကောင်းမှုမှတ်တမ်း ၁၀ ခု သိမ်းဆည်းခြင်းခံရမည်။ ]


နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ ကျူးပိုင်ယွီအပြုံးမှာ တောင့်တင်းသွားတော့သည် - “ငါ့ဆီက ကောင်းမှုမှတ်တမ်းတွေ အများကြီးအဖြတ်ခံရတာလား ? ဒီကလေးမလေးက သူ့ဘာသာ သဘောတူပြီးယှဉ်ပြိုင်ခဲ့တာလေ”


သို့သော် နံရံပေါ်မှ စာလုံးများမှာတော့ တစ်ဖက်သတ် အမိန့်ထုတ်နေသကဲ့သို့ပင် သူ့ စကားကို လုံးဝအရေးမစိုက်ပေ။ ၎င်းမှာ ကိုယ့်ဘာသာ ကိုယ် ဆက်လက်တွက်ချက် နေသည်။


[ ကျူးပိုင်ယွီ၏ ဂေဟာတွင်း မှတ်တမ်း - ၉၉၃ ပွဲနိုင် နှင့် ၁၃ ပွဲရှုံး]


[ အဆင့်သတ်မှတ်ချက် - ၁၀ → ၁၀ ]


[ စုစုပေါင်း ကောင်းမှုမှတ်တမ်း - (-၇) ခု]


ကျူးပိုင်ယွီ ဖီးနစ်မျက်ဝန်းများမှာ လှုပ်ခါသွားသည် - “ငါက ငါ့ကျင့်ကြံမှုအဆင့်ကို လျှော့ထားတာပဲလေ၊ ဒါကို ကလေးကို နှိပ်စက်တာလို့ သတ်မှတ်တာပဲလား ?”


[ မှတ်ချက် - ကောင်းမှုမှတ်တမ်း '၀' အောက် ရောက်ရှိပါက၊ နောင်တရခ အဖြစ် တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးဆောင်ရမည်! ]


[ သို့မဟုတ် ကောင်းမှုဆိုးမှုမှတ်တမ်းဆောင်သို့သွား ရောက်ကာ ဝိညာဉ်ကျောက်တုံး ၇၀၀၀ ကိုတစ်ကြိမ်တည်း ပေးဆောင်ခြင်းဖြင့် သင့်အပြစ်များကို ဆေးကြောနိုင် သည်။ ]


ကျူးပိုင်ယွီ နှုတ်ခမ်းများ တုန်ယင်သွားသည်။ စုကျိုကတော့ ဤငွေညှစ်သည့် စည်းကမ်းချက်များကို တိတ်တ ဆိတ် အလွတ်မှတ်ထားလိုက်သည်။ ယခုလို ကပ်စေးနှဲတတ်သည့် သူ့အနေဖြင့် တစ်ပြားတစ်ချပ်မှဒဏ်ငွေ အဆောင်ခံမည်မဟုတ်ပေ။


မူလပိုင်ရှင်ကတော့ ဘာကိုမှမမျှော်လင့်ဘဲ ငါးမွေးခဲ့တာဆိုတော့ သူ့ရဲ့ ကောင်းမှုမှတ်တမ်းက အပေါင်းကိန်းဖြစ်မှာပဲ မဟုတ်လား ? 


ဤငွေနောက်လိုက်သည့် နေရာတွင်လည်း ကိုယ်ကျင့်တ ရားကို ထည့်သွင်းစဉ်းစားပေးသည်မှာ သူ့အတွက် အံ့သြစရာဖြစ်နေသည်။


“အစ်ကိုကြီး... တောင်းပန်ပါတယ်နော်” စုကျီကျီက အားနာစွာ ပြောလိုက်သည် - “ကျီကျီ နောက်မှ ဝိညာဉ်ကျောက်တုံးတွေ ပြန်ပေးပါ့မယ်...”


ကျူးပိုင်ယွီမှာ နာကျင်နေပုံရသော်လည်း လက်ကိုခါယမ်းလိုက်ကာ “ဒါက နှစ်ဦးသဘောတူ လုပ်ခဲ့တာပဲ၊ ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို ကိုယ့်ဘာသာ ကိုယ်ပဲ ခံယူကြတာပေါ့” ဟု ပြောလိုက်သည်။ သို့သော် သူ့ အကြည့်မှာတော့ နံရံပေါ်မှ စာလုံးများဆီမှ မခွာနိုင်သေးပေ။


ထင်ထားသည့်အတိုင်းပင် နံရံပေါ်မှ စာလုံးများမှာလျင် မြန်စွာ ထပ်မံပြောင်းလဲသွားပြန်သည်။


[ စုကျို၊ ဤစမ်းသပ်ယှဉ်ပြိုင်မှု၏ ရလဒ်မှာ အောက်ပါအတိုင်း ဖြစ်သည် - ]


ကျူးပိုင်ယွီ မျက်ခုံးပင့်လိုက်မိသည်။


[ ဖျားနာပြီး မသန်မစွမ်းဖြစ်နေသည်မှာ သုံးလမြောက်ရှိနေပြီဖြစ်သော်လည်း၊ သူမ၏အားနည်းသော ခန္ဓာကိုယ်ဖြင့်ပင် ညီမငယ်အား ယှဉ်ပြိုင်ရန်တွန်းအားပေးခဲ့သည်။ ကျူးပိုင်ယွီ၏မာနထောင်လွှားမှုနှင့် အထင်သေးမှုကို အခွင့် ကောင်းယူကာ— ]


[ ပြိုင်ဘက်ကို အထင်သေးမိစေရန် ဖန်တီးခဲ့ပြီး သူမ၏ မွေးရာပါ ဝိညာဉ်စွမ်းအင်ကိုနိုးထစေခဲ့ခြင်းမှာ အောင်မြင်မှုသော့ချက်ပင်။ ]


[ ချီးကျူးထိုက်သော သတ္တိနှင့် စေ့စပ်သေချာသော အစီအ စဉ်ကြောင့် ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ကောင်းမှုမှတ်တမ်း ၅ ခု ဆုချီးမြှင့်သည်။ ]


စုကျို သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ တော်သေးသည်၊ သူ့ ကောင်းမှုမှတ်တမ်းများကို အဖြတ်မခံရပေ။


[ စုကျို၏ဂေဟာတွင်း မှတ်တမ်း - ၁ ပွဲနိုင် ]


[ အဆင့်သတ်မှတ်ချက် - ၀ (နေမကောင်းခွင့် ပြီးဆုံးပါက အပ်ဒိတ်လုပ်မည်) ]


[ လက်ရှိကောင်းမှုမှတ်တမ်း - ၁၃ ခု ]


စုကျိုအပြုံးမှာ ခဏတာ တောင့်တင်းသွားသည်။ ကောင်း မှုမှတ်တမ်း အရေအတွက်က သူမ ထင်ထားသည်ထက် နည်းနေသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ငါးများစွာမွေးမြူခဲ့ပြီး ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများစွာကိုပေးကမ်းခဲ့သော်လည်း သူ့ ကောင်းမှုအမှတ်များကတော့မူ လုံးဝရေတွက်ခြင်းမခံရပေ။


[ စုကျို၊ ကျေးဇူးပြု၍ မနက်ဖြန် မွန်းတည့်ချိန်တွင် ပထမထပ်ရှိ အရာရှိထံသွားရောက်ကာ ခွင့်ပြန်တိုင်ပါ၊ သင့် ပါရမီစွမ်းရည်ကိုမှတ်ပုံတင်ပြီးနောက် ဂေဟာ၏ဆုလာဘ် များကိုရယူနိုင်ပြီး နောက်လ အဆင့်သတ်မှတ်ပွဲများတွင် ပါဝင်နိုင်မည်ဖြစ်သည်။ ]


နံရံပေါ်မှ စာလုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမကို ဝန်းရံထားသော ခုနစ်ရောင်ခြယ် အလင်း တန်းများမှာ သူ့ နဖူးထဲသို့တိုးဝင်သွားသည်ကို စုကျို သတိ ထားမိလိုက်သည်။ ချက်ချင်းပင် သူ့ ညာဘက်လက်ပေါ်တွင် ‘ဝိညာဉ်စမ်းသပ်မှု တာဝန်’ ဟူသော စာလုံးများပေါ် လာသည်။ ထိုစာလုံးများပေါ်လာသည်နှင့်အမျှ သူ့သွေးစွမ်းအင်မှာ ၅၀ အထိ တိုးသွားပြီး အားနည်းနုံးချိမှုများ သိသိသာသာလျော့ပါးသွားတော့သည်။


“အဲဒီ ဝိညာဉ်စွမ်းအင်ပြန်ဖြည့်ပေးတဲ့ အင်္ကျီလက်စက မင်းရဲ့ မှော်ရတနာလား ?” ကျူးပိုင်ယွီ နောက်ဆုံးမှ သဘော ပေါက်သွားသည်။


 â€œá€™á€„်း ဘယ်လို ပါရမီစွမ်းရည်မျိုးကို နိုးထစေခဲ့တာလဲ?”


စုကျိုကမူ ဘာမှပြန်မပြောဘဲ သူ့အား နောင်တရသလိုမျိုး အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် နောက်တစ်ကြိမ် ‘ကူးယူ’နိုင်ရန် သွေးစွမ်းအင် ၁၇ မှတ်လိုနေသေးသည်။ အခု ဝှီးချဲပေါ် ပြန်ထိုင်နေရသဖြင့် သွေးစွမ်းအင် တက်နှုန်းမှာ ခရုသွားသကဲ့သို့ ၀.၁ + ၀.၁ သာပြန်ဖြစ်သွားပြီး ဒီညအတွင်း ပြန်ပြည့်ဖို့မလွယ်ကူတော့ပါ။


ထို့အပြင် ကျူးပိုင်ယွီကိုကူးယူလျှင် ကောင်းမှုမှတ်တမ်းများ လျော့ကျသွားမလားဆိုသည်ကို သူ မသိသေးပါ။ ဤနေရာရှိကောင်းမှုမှတ်တမ်းစနစ်မှာ မည်သို့ အလုပ်လုပ်သ လဲဆိုသည်အား သူ့ထံ သတင်းအချက်အလက် မလုံ လောက်သေးပေ။ အစောပိုင်းက ချန်ကျိုးထံမှ ကူးယူစဉ် အဆင်ပြေသော်လည်း အခြားသူများဆိုလျှင်ရော ? စုကျို ကျူးပိုင်ယွီအား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။


“ဒီညတော့ ငါ လူကောင်းတစ်ယောက်လိုပဲ နေဖို့ဆုံးဖြတ်လိုက်ပြီ”


ကောင်းမှုမှတ်တမ်း ၁၃ ခုဆိုသည်မှာ များလှသည်မဟုတ်၊ အမှားအယွင်း တစ်ခုခုလုပ်မိပါက ဒဏ်ငွေအမြောက် အမြား ဆောင်ရပေလိမ့်မည်။ ထို့အပြင် သူမ၏သွေးစွမ်းအင်ကလည်း မလုံလောက်သဖြင့် ‘ရွှေငါး’ ‘ငွေငါး’ များကို ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။


“နင် သွားသင့်ပြီ”


“မနက်ဖြန် ညဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်တယ်လေ”


ကျူးပိုင်ယွီ: “?”


“ငါ ပင်ပန်းနေပြီ၊ အနားယူတော့မယ်”


ထိုင်နေခြင်းက သွေးစွမ်းအင်ပြန်ရဖို့ နှေးလွန်းသည်ဟု စုကျို ခံစားရသဖြင့် လှဲနေဖို့ကြိုးစားချင်သည်။ ထိုစကားကို ကြားသောအခါ စုကျီကျီက အဖိုးတန် မှော်အင်္ကျီလက်စကိုသေသေချာချာခေါက်ပြီး သူ့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သစ်သားအိမ်ထောင့်ရှိရေအိုးထဲမှ ရေကိုဇလုံဖြင့် ခပ်ယူလာကာ စုကျိုအားရေပတ်တိုက်ပေးရန် ပြင်ဆင်တော့သည်။


စုကျိုသည် ချန်ကျိုးထံမှရခဲ့သော အင်္ကျီလက်စကို အချိန်အတော်ကြာ ဆုပ်ကိုင်ထားကြည့်သော်လည်း သူ့ သွေးစွမ်းအင်ဘားမှာ တိုးမလာသဖြင့် သက်ပြင်းချလိုက်သည်။ ဤပစ္စည်းမှာ သွေးစွမ်းအင်ကိုမဖြည့်ပေးနိုင်ပေ။ စုကျီကျီက ရေဇလုံ ယူလာသောအခါ စုကျိုထိုအဝတ်စကို ညီမလေး၏လက်မောင်းလေးပေါ် တင်ပေးလိုက်သည်။


“ငါ မလိုတော့ဘူး”


စုကျီကျီမှာ အံ့သြဝမ်းသာသွားရပြီး သူ့ အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။


“ဒါ သိပ်တန်ဖိုးရှိတာကို...”


ဒီလိုတန်ဖိုးရှိတဲ့ အရာမျိုးတွေကို သူ့ ကျဲက အမြဲတမ်း တခြားသူများကိုသာ အရင်ပေးလေ့ရှိသည်။ အစ်ကိုချန်၊ အစ်ကိုရွှီ၊ အစ်ကိုကျိုးစတဲ့သူတွေကိုသာ ပေးခဲ့ပြီး သူတို့ မောင်နှမအား တစ်ခါမှ မပေးခဲ့ဖူးပေ။


“ဒါဆို ညီမလေး ကျဲအတွက် သိမ်းပေးထားမယ်နော်” 


စုကျီကျီ ထိုအဝတ်စကို သူ့ ကြမ်းတမ်းသော လက်ချောင်းလေးများဖြင့် မထိခိုက်မိစေရန် ဂရုတစိုက်သိမ်းဆည်းလိုက်သည်။


စုကျိုက ရေဇလုံထဲမှ ပုဝါကိုယူကာ ကိုယ်ကိုကိုင်းလိုက်သည် - “သိမ်းထားမယ် ဟုတ်လား ? မလိုပါဘူး မနက်ဖြန်ကျရင် အဲဒါကိုရောင်းပစ်မယ်”


စုကျီကျီ ထိတ်လန့်သွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ စုကျိုသည် မသုံးဘဲ ပစ္စည်းများ စုဆောင်းထားခြင်း၏ဒုက္ခကို ကောင်းကောင်းခံစားခဲ့ဖူးသည်။


သူ အရင်ဘဝတုန်းက ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီမြို့တော် ၁၇ မြို့သို့ ဝင်ရောက်ကာ ငါးစတားအဆင့် အာဟာရဖြည့်ရည် တွေကို သုံးနှစ်တိုင်တိုင် စုဆောင်းခဲ့သည်။ သူမကိုယ်တိုင် ငတ်ပြတ်နေရင်တောင် မသောက်ဘဲ မီးတောင်ပေါက်ကွဲသည်အထိ သိမ်းဆည်းထားခဲ့သည်။ နောက်ဆုံးမှာတော့ တစ်စက်ကလေးပင် မမြည်းလိုက်ရဘဲ ချော်ရည်များနှင့်အတူ ပြာအဖြစ်ပြောင်းလဲသွားခဲ့ရသည်။


ထိုအချက်ကို ပြန်တွေးမိတိုင်း စုကျိုသည် ရင်ထဲနာကျင်ရသည်။ သစ်သားအိမ်၏ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် မန္တန်မီးအိမ်ထွန်းညှိပြီးနောက် ပြတင်းပေါက်ရှိ သားရဲမျက်လုံးများပျောက်ကွယ်သွားပြီး ငှက်များလည်း မဝင်ရောက်နိုင်တော့ပေ။ သို့သော် တစ် ဖက်အိမ်၏မှောင်မည်းနေသော အမိုးစွန်းအောက်တွင်တော့ ကြီးမားသော အမည်းရောင် အရိပ်အာဝါသအချို့ ခိုအောင်းနေကြဆဲပင်။


“အိမ်မှာ အသုံးမပြုဘဲထားထားရင် မိစ္ဆာတွေ စားသွားတာမျိုး၊ သားရဲတွေ ဝါးမျိုသွားတာမျိုး ဒါမှမဟုတ် လူတွေ ဖောက်ထွင်းခိုးယူသွားတာမျိုး ကြုံရလိမ့်မယ်...”


စုကျို စကားတစ်ခွန်း ပြောလိုက်တိုင်း ပထမအဆင့် ဝိညာဉ်အင်္ကျီလက်စကို ဂရုတစိုက်ကိုင်ထားသည့် စုကျီကျီလက်ကလေးမှာ တုန်ရီသွားသည်။


စုကျိုက တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်မံစဉ်းစားပြသည် - “မနက်ဖြန်မနက် ငါ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ”


“သုံးပါ့မယ်!” စုကျီကျီက အလောတကြီး အော်ပြောလိုက်သည် - “ကျီကျီနဲ့ ကော သုံးပါ့မယ်! ဒီညပဲ သုံးကြမယ်!”


သူမ စကားပြောနောက်ကျသွားပါက ကျဲပြောသလို တကယ်ဖြစ်လာမှာကို သူ ကြောက်ရွံ့နေမိသည်။


စုကျို ခပ်တိုးတိုးဖြင့် သဘောတူလိုက်ပြီး ဇလုံဘေးတွင် ချိတ်ထားသော ဂွမ်းပုဝါကိုရေဆွတ်လိုက်သည် - “အဲဒါကို သေချာ ကိုင်ထားဦး၊ ဟောင်းနွမ်းမသွားခင်မှာ ငှက်တွေ လာလုသွားတာမျိုးမဖြစ်စေနဲ့။”


“!”


စုကျီကျီ နှမြောတသဖြစ်နေချိန်ပင် မရှိတော့ဘဲ သူ့ ဘယ်ဘက်လက်ဖြင့် အင်္ကျီလက်စကိုဆွဲယူလိုက်ပြီး ညာဘက်လက်ဖြင့် ‘အညှောက်ထွက်စေခြင်း’ မန္တန်ကိုဆက်လက် လေ့ကျင့်တော့သည်။


စုရှင်းချန်: “...”


“...ဒါဆိုရင် ကျွန်တော် သွားတော့မယ်” 


ကျူးပိုင်ယွီ နှုတ်ခမ်းများတွန့်သွားပြီး စုကျိုထံ အဓိပ္ပာယ်ပါပါစူးစိုက်ကြည့်လိုက်သည်။


“အော်... အင်း... နင် ရှိနေသေးတာလား ?” 


စုကျိုက ထိုအခါမှသာ သတိပြုမိသွားသည်။


ကျူးပိုင်ယွီ : “............”


သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ကျောက်စိမ်းခါးပတ် ၈ ခုမှာ လေထဲတလွင့်လွင့်ဖြင့် လိုက်ကာကို မကာ အမှောင်ထုထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့ သည်။


သူ လှည့်လည်ရောင်းချသည့် အော်ဟစ်သံများမှာ အတော်ကြာတိတ်ဆိတ်သွားပြီးမှ ဝေးရာဆီမှ ပြန်လည်ထွက်ပေါ် လာသည်။


ထို့နောက်တွင်တော့ စုကျိုသည် သစ်သားဇလုံထဲရှိကြည် လင်သော ရေပြင်ကိုငုံ့ကြည့်လိုက်သည်။ မီးမန္တန်၏နွေးထွေးသော အဝါရောင်အလင်းတန်းအောက်တွင် သူ့ လက်ရှိ ရုပ်ရည်သွင်ပြင်ကိုမြင်တွေ့လိုက်ရသည်။


၎င်းမှာ သူ ယခင်ဘဝက ရုပ်ရည်နှင့်ထပ်တူနီးပါးပင်။


ထူးခြားသည်မှာ ဤခန္ဓာကိုယ်၏မျက်နှာမှာ ပိုမိုနုနယ်ပြီး ယဉ်ကျေးသိမ်မွေ့ပုံရသဖြင့် တစ်ဖက်လူက အနိုင်ကျင့်ချင်စရာကောင်းနေခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ယခုအခါ သူ့ မျက်ဝန်းများမှာ စူးရှထက်မြက်နေသဖြင့် ကြည့်ရသူကို ခန့်ညားထည်ဝါသော အရှိန်အဝါမျိုးပေးစွမ်းနေ ပေတော့သည်။