Ch 15
Viewers 2k

🥝 Chapter 15


အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားသော်လည်း စုကျို၏ စိုက်ခင်းထဲမှ လုပ်ငန်းခွင်ဆူညံသံများမှာ ဆက်လက် ပဲ့တင်ထပ်နေဆဲဖြစ်သည်။


တစ်နာရီ ကြာသွားသော်လည်း အပင်ပန်းခံအလုပ်လုပ်နေသည့် အသံများမှာ ရပ်တန့်မသွားပေ။


...


စုကျိုသည် မြေပြင်ပေါ်တွင် ထိုင်နေရင်း သူမ၏ ကျန်းမာ ရေး (သွေးစွမ်းအင်) အမှတ် ၃၂ အထိ တဖြည်းဖြည်း ပြန်တက်လာသည်ကို စောင့်ကြည့်နေသည်။


အနည်းငယ် ပျင်းရိလာသဖြင့် စိုက်ခင်းမလှမ်းမကမ်းသို့ လှမ်းကြည့်လိုက်ရာ ကျူးပိုင်ယွီနှင့် စုကျီကျီတို့ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးစလုံးမှာ ညာဘက်လက်မောင်းများကို လျှော်ကြိုးဖြင့် ကျောက်စိမ်းခုတင်ငယ်လေးများပေါ်တွင် တင်းတင်းကြပ်ကြပ်စည်းနှောင်ထားကြသည်။ ရှေ့တစ်ယောက်မှာ တုတ်ကောက်ကိုအားပြုကာ အားမရှိတော့သော ခြေထောက်နှစ်ဖက်ကို တရွတ်တိုက်ဆွဲနေပြီး၊ နောက်တစ်ယောက်မှာမူ ဝှီးချဲပေါ်တွင်ထိုင်နေလျက် လက်မှအပ လည်ပင်းအောက်ပိုင်းတစ်ကိုယ်လုံးမှာ မလှုပ်ရှားနိုင်တော့သည့် အခြေအနေမျိုးဖြစ်နေသည်။


သို့သော် သူတို့ ညာဘက်လက်မောင်းများမှာမူ ပေါက်တူးကို ပိုမိုသန်မာစွာလွှဲရိုက်နေကြသည်။


[ စုကျီကျီ၏ ပိုးစာစိုက်ခင်း - ၃ မူ ပြီးစီး! ]


[ စုကျို၏ ပိုးစာစိုက်ခင်း - ၉ မူ ပြီးစီး! ]


စိုက်ခင်းဘေးရှိ မြေတူးခြင်းလုပ်ငန်း တိုးတက်မှုပြဆိုင်း ဘုတ်မှာ အဆက်မပြတ်ပြောင်းလဲနေသည်။


“ဟေး... စုကျို၊ ငါ့မှာ ဝိညာဉ်ကျောက်တုံး ကုန်သွားပြီ” 


ကျူးပိုင်ယွီသည် ပျက်စီးလုနီးပါးဖြစ်နေသော သူ့ ခန္ဓာကိုယ်ကို အဝေးမှတရွတ်တိုက်ဆွဲလာရင်း၊ ငွေရောင်ပေါက်တူးကို တုတ်ကောက်အဖြစ်အားပြုကာ တောက်ပ သော ငွေတုံးကြီးတစ်တုံးကိုပစ်ပေးလိုက်သည် - “ငါ့ကို ကျောက်တုံးတွေ ထပ်ပေးဦး”


စုကျို မျက်ခုံးပင့်လိုက်သည်။


ငွေတုံးကိုဖမ်းယူကာ အလေးချိန်ကို စစ်ဆေးလိုက်ရာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ငါးဆယ်ခန့် ရှိမည်ဖြစ် သည်။ သူမသည် ချက်ချင်းပြုံးရွှင်သွားပြီး သူ့ငွေအိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို လိုလိုလားလားပင်ထုတ်ပေးလိုက်သည်။


ကျူးပိုင်ယွီမှာ ဤအရာကို စွဲလန်းသွားလေပြီ။


လွန်ခဲ့သော တစ်နာရီက စုကျိုသည် အမွှေးတိုင်တစ်တိုင် စာအချိန်ကုန်သွားပြီဖြစ်ကြောင်း သတိပေးကာ သူ့ကို တားဆီးရန်ကြိုးစားခဲ့သော်လည်း သူက ဂရုမစိုက်ခဲ့ပေ။


စာကလေးပုံသဏ္ဌာန်ရှိသော ‘ကျောက်စိမ်း အဆိပ်ခုတင်’ ကိုသုံးပြီးနောက် သူ့ ဘယ်ဘက်ခြေထောက်မှာ ခမ်းခြောက်နေသော ရေတွင်းတစ်တွင်းကဲ့သို့ ခွန်အားအားလုံး ဆုံးရှုံးသွားခဲ့သည်။ သို့သော် သူ့ ညာဘက်လက်မောင်းကို လှုပ်ရှားလိုက်တိုင်း ဒူးထောက်နေရသော အားမရှိသည့် ဘယ်ခြေထောက်ဆီမှ ခွန်အားအနည်းငယ်ကို ဆွဲထုတ်ကာ ညာလက်မောင်းဆီသို့ ပို့လွှတ်နိုင်စွမ်းရှိနေသည်။


ဘယ်ဘက်ခြေထောက် အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေမှုကြောင့် ပြင်းထန်သော နာကျင်မှုကိုခံစားနေရသော်လည်း ကျူးပိုင်ယွီ မျက်နှာထက် နာကျင်မှုအရိပ်အယောင်မရှိဘဲ သာယာကြည်နူးနေသည့် အသွင်ပေါ်နေသည်။


သူ့ ခန္ဓာကိုယ်မှာ ဤကဲ့သို့ လုံးဝမျှော်လင့်ချက်ကင်းမဲ့သည့် ခံစားချက်မျိုးကို မမြည်းစမ်းရသည်မှာကြာပြီဖြစ်သည်။


ပင်ပန်းနွမ်းနယ်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းသည် အဆင့်တက်လှမ်းနိုင်ခြင်းနိမိတ်ပင်။


သူ့ ခွန်အားမှာ ပထမထပ်ရှိ ကျင့်ကြံသူများ၏အဆင့်ကို ကျော်လွန်နေသည်မှာ ကြာပြီဖြစ်သည်။ ဤနေရာရှိ စမ်း သပ်မှုများနှင့် လေ့ကျင့်ခန်းများမှာ သူ့အတွက် အလွန်ပင် လွယ်ကူလွန်းနေသည်။ ထို့ကြောင့် သူ့ ခွန်အားကိုဖိနှိမ်ထားနိုင်ရန် ဝိညာဉ်ပစ္စည်းများအတွက် ငွေအမြောက်အမြား သုံးစွဲကာ ပင်ပန်းနွမ်းနယ်မှုကို ကိုယ်တိုင်ရှာဖွေနေရခြင်း ဖြစ်သည်။


ပိဿာ ၁၃၀၀ လေးသော အထူးပြုလုပ်ထားသည့် ငွေရောင်ပေါက်တူး တစ်ခုတည်းကိုပင် သူသည် ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ပေးခဲ့ရသည်။


သို့သော် မမျှော်လင့်ဘဲ ဤထူးဆန်းသော ကျောက်စိမ်း အဆိပ်ခုတင်ငယ်လေးမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးတည်းဖြင့်ပင် အလုပ်ဖြစ်နေသည် မဟုတ်လား!


ကျူးပိုင်ယွီသည် ထိုနေရာမှမထွက်ချင်တော့ဘဲ စုကျို၏ ဆယ်ဧကစာ မြေကွက်ကို သေသေသပ်သပ်ပင် တူးပေးနေတော့သည်။


“ဒီထူးဆန်းတဲ့ အရာကို နင် ဘယ်ကရတာလဲ?”


ဝိညာဉ်ကျောက်တုံးများ ထပ်မံကုန်ဆုံးသွားသောအခါ ကျူးပိုင်ယွီနှင့် စုကျီကျီတို့ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်သည် စုကျိုကို ကြည့်ရင်းမြေပြင်ပေါ်သို့ ဘေးချင်းယှဉ်လျက် ပြိုလဲကျသွားကြသည်။


ကျူးပိုင်ယွီ ခြေထောက်နှစ်ဖက်လုံးမှာ အသားနုများထွက်ပေါ်နေပြီး၊ ဘယ်ဘက်လက်မောင်းမှာလည်း ဘေးတွင် အားမရှိဘဲ တွဲလောင်းကျနေသည်။ ညာဘက်လက်မောင်း တစ်ဖက်တည်းသာ လှုပ်ရှားနိုင်သည့် အားရှိတော့သည်။


လုံးဝကို အင်အားကုန်ခမ်းသွားသော်လည်း ခံစားချက်ကတော့ အလွန်ကောင်းလှသည်!


ကျူးပိုင်ယွီသည် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန် မဝေးတော့ကြောင်း ခံစားနေရသည်။


သို့သော် သူ ထိုသို့တွေးနေစဉ်မှာပင် သူ့ဘေးမှ ‘ဂျွတ်၊ ဂျွတ်’ နှင့် အသံတိုးတိုးနှစ်ချက်ခန့် ထွက်ပေါ်လာပြီး၊ သူ့ အရပ်တစ်ဝက်မျှသာရှိသော စုကျီကျီကိုယ်မှ သွေးမြူခိုးများထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ နောက်တစ်ခဏတွင် ထိုသွေးမြူခိုးများမှ ရွှေရောင်ပိုးစာရွက်တစ်ရွက် ဖြစ်ပေါ်လာပြီး သူ့ ညာဘက်ခြေထောက်ပေါ်သို့ ကျဆင်းသွားတော့သည်။


“!” 


ကျူးပိုင်ယွီသည် အားတင်းကာ လည်ပင်းကိုမော့ကြည့်လိုက်သည်။


စုကျီကျီမှာ လည်ပင်းကို မလှုပ်နိုင်လောက်အောင် ပင်ပန်းနေသော်လည်း သူ့ မျက်နှာလေးမှာတော့ အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။


စုကျိုသည် သူ့ ဝှီးချဲပေါ်မှ လှမ်းကြည့်လိုက်ရာ စုကျီကျီ၏ နဖူးပေါ်တွင် ရောင်စုံမင်္ဂလာတိမ်တိုက်တစ်ခု တဖြည်း ဖြည်းဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။


[ ပထမထပ်ရှိ စုကျီကျီသည် ပြင်းထန်သော နာကျင်မှုကို အံတုခဲ့သည်။ သူမ၏ ညာဘက်ခြေထောက်မှာ ၂၃ ကြိမ်တိုင်တိုင် ပြိုလဲခဲ့သော်လည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုချင်းစီကို သီးသန့် အားကောင်းစေသည့် နည်းလမ်းကို နားလည်သဘောပေါက်သွားခဲ့သည်။ သူ့ ကျင့်ကြံမှုမှာ အဆင့် ၃ သာ ရှိသော်လည်း၊ ညာဘက်ခြေထောက်၏ ဆင့်ကဲပြောင်းလဲမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကာ ခြေထောက်ခွန်အားမှာ အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ် သည်။ ]


[ ပြတ်သားသော စိတ်ဓာတ်နှင့် သတ္တိရှိမှုတို့ကြောင့် ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ မှ ဝိညာဉ်ကျောက်တုံး ငါးဆယ်နှင့် ကုသိုလ်မှတ် နှစ်မှတ်ကိုဆုချီးမြှင့်လိုက်သည်။ ]


ကျူးပိုင်ယွီသည် ကောင်မလေး၏ညာဘက်ခြေထောက်ကို အံ့အားသင့်စွာ ကြည့်နေပြီး စုကျိုလည်း လှမ်းကြည့်လိုက်မိသည်။


ထိုအခါမှသာ စုကျီကျီအဝတ်အောက်ရှိ ညာဘက်ခြေ ထောက်မှာ ထူးဆန်းသော အချိုးအကွေ့များ ဖြစ်နေသည်ကိုတွေ့ရသည်။ ၎င်းမှာ လွန်ခဲ့သော အချိန်ကတည်းက နေရာအတော်များများတွင် ကျိုးနေခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေသည်။


သို့သော် စုကျီကျီသည် အစောပိုင်းမြေပြင်ပေါ်၌ လှဲလျောင်းအနားယူချိန်အထိ ထိုဒဏ်ရာများကို ကြိတ်မှိတ် သည်းခံနေခဲ့ခြင်းဖြစ်သည်။


ကျူးပိုင်ယွီ မျက်မှောင်ကြုတ်လိုက်မိသည် - “နင် တကယ်ပဲ အသေခံချင်နေတာလား? နင့်ရဲ့ ခန္ဓာကိုယ်က ကျင့်ကြံမှုအဆင့်နိမ့်ပါးသေးတာမို့ ဒဏ်ရာရရင် သူ့အလိုလိုပြန်ကောင်းနိုင်စွမ်း မရှိဘူး၊ ပထမထပ်မှာက ဒီဒဏ်ရာတွေကို ကုဖို့ ဆေးလုံးတွေလည်း အလုံအလောက် မရှိဘူးလေ၊ နင် တကယ်ပဲ ခြေပြတ်လက်ပြတ် ဖြစ်သွားမှာကို မကြောက်ဘူးလား?”


စုကျီကျီမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော မျက်နှာလေးဖြင့် ရှက်ကိုးရှက်ကန်းပြုံးပြရှာသည်။


စုကျိုကမူ ဘာမှဝင်မပြောဘဲ တိတ်ဆိတ်နေမိသည်။ ဒီကလေးမလေးဟာ ကမ္ဘာပျက်ကပ်ထဲမှာသာဆိုရင် တကယ့်ကို ရက်စက်ပြတ်သားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ သေချာသည်။


သာမန်အေးချမ်းတဲ့ အချိန်မျိုးသာဆိုလျှင် သူမသည် ညီမလေးကို စိုက်ခင်းထဲမှာ ဆက်အလုပ်လုပ်ခွင့် ပေးမည်မဟုတ်ပေ။ သို့သော် ဤကျင့်ကြံခြင်းလောကသည် သားရဲတိရစ္ဆာန်များ ပြည့်နှက်နေသော ကမ္ဘာပျက်ကပ်နှင့် မခြားနားပေ။ အကယ်၍ စုကျီကျီသာ အဆင့်သတ်မှတ်ချက်မှ ဖယ်ရှားခံရပြီး ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ မှ အနှင် ထုတ်ခံရပါက သူမ အသက်ရှင်ရန် လမ်းစရှိတော့မည် မဟုတ်။


တိုက်ပွဲဝင်ရမည်သာ ဖြစ်သည်။ သို့မဟုတ်လျှင် မည်သို့ အသက်ရှင်နိုင်ပါ့မည်နည်း ?


“ကျူးပိုင်ယွီ... ရှင့်မှာ ဆေးရှိလား?” စုကျို တည်ငြိမ်စွာ မေးလိုက်သည်။


သူ့ခြေထောက်များမှာလည်း သွေးထွက်သံယို ဖြစ်နေသော်လည်း ကောင်မလေးလောက်တော့ မဆိုးရွားပေ။


“အရှုံးပေးပါတယ်ကွာ...” 


ကျူးပိုင်ယွီသည် တုန်ရီနေသော ညာဘက်လက်ဖြင့် သူ၏ အင်္ကျီလက်ထဲမှ ခရမ်းရောင် ကျောက်စိမ်းပုလင်းတစ်လုံးအားယူထုတ်ကာ စုကျီကျီထံ ပစ်ပေးလိုက်သည်။


စုကျို ဝှီးချဲပေါ်မှထကာ ကောင်မလေးကို ဆေးတိုက်လိုက်သည်။


ကျူးပိုင်ယွီ၏လက်မှာလည်း တုန်ရီနေဆဲပင် - “ငါ့ကိုလည်း တစ်လုံးလောက်တိုက်ဦးလေ”


စုကျို: “...” 


သူမသည် ဆေးတစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်ရပြန်သည်။


အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် စုကျီကျီ၏ ညာ ဘက်ခြေထောက်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံး လုံးဝပျောက်ကင်းသွားတော့သည်။


ကျူးပိုင်ယွီသည် လန်းဆန်းသွားဟန်ဖြင့် သူ့ကိုယ်ပေါ်သို့ ရွှေရောင်ခြယ် ‘သန့်ရှင်းရေး မန္တန်’ တစ်ခုကိုကပ်လိုက်ရာ သွေးစွန်းနေသော သူ့ အဝတ်အစားများမှာ ချက်ချင်းပင် အသစ်စက်စက်ကဲ့သို့ ပြန်လည်တောက်ပသွားသည်။


“နောက်တစ်ခါ အကူအညီလိုရင် ငါ့ကိုသာပြောလိုက်” ကျူးပိုင်ယွီသည် သူ၏ ငွေရောင်ပေါက်တူးပေါ်သို့ တက်ရပ်လိုက်ရင်း - “ဒီ ‘အဆိပ်ခုတင်’ ကိုတော့ သိမ်းထားပေးဦး၊ နောက်တစ်ခါ ငါ သုံးဦးမယ်၊ ငါ သွားပြီ!”


သူသည် စုကျို မြေကွက်တွင် အချိန်အတော်ကြာအောင် နေခဲ့မိပြီဖြစ်သည်။


“ဒါနဲ့ စုကျို...”


သူသည် ငွေရောင်ပေါက်တူးကြီးကို စီးကာ ဆယ်လှမ်းခန့် ပျံသန်းသွားပြီးမှ နောက်သို့လှည့်ကြည့်လိုက်သည် - “နင့်ကိုယ်ပေါ်က ဒဏ်ရာတွေက သာမန်ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ တွေနဲ့ မတူဘူး၊ အဲဒါကို ‘လူတစ်ရာအုပ်ချုပ်ရေးမှူး’ ကိုပြကြည့်တာ ပိုကောင်းမယ် ထင်တယ်”


“ငါ့ခန္ဓာကိုယ်က နောက်တစ်ဆင့်မတက်ခင်မှာ နင် အရင်သေမသွားအောင်လို့ ပြောပြတာပါ”


'ထွီး... ထွီး... ထွီး ~'


ကျူးပိုင်ယွီ ထွက်သွားသည်ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေသော စုကျီကျီမှာ ရုတ်တရက်စိတ်တိုသွားသည် - 


“အစ်ကိုကြီး! ကျီကျီရဲ့ ကျဲက မသေပါဘူး! ဘယ်တော့မှ မသေဘူး!”


သို့သော် စုကျိုကမူ သူ နားလည်ကြောင်းပြသသည့်အနေဖြင့် လေထဲသို့ လက်ပြလိုက်သည်။


သူမလည်း သူ့ခန္ဓာကိုယ်မှာ ထူးဆန်းနေကြောင်း ခံစားမိသည်။ သွေးစွမ်းအင်များ အဆက်မပြတ် ဆုံးရှုံးနေရသော်လည်း သူမ၏ ‘ကူးယူခြင်း စွမ်းရည်’ ကို သုံးရန်အတွက်မူ သွေးစွမ်းအင် လိုအပ်နေသည်။ ထို့ကြောင့် ကုသမှု ခံယူရန် လိုအပ်ပေသည်။


“နင်က ဘာလို့ အခုထိ သွေးတွေနဲ့ ဖြစ်နေတုန်းလဲ?” စုကျို လှည့်ကြည့်လိုက်ရာ စုကျီကျီတစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်ကို မြင်ရသဖြင့် မျက်ခုံးလှုပ်သွားသည်။


စုကျီကျီသည် ကျူးပိုင်ယွီ ပေးထားခဲ့သော ‘အဝတ်သန့်စင် မန္တန်’ ကို ကိုင်ထားကာ သိုလှောင်အိတ်ထဲသို့ တိတ်တဆိတ် ထည့်ရန် ကြံစည်နေခြင်း ဖြစ်သည်။


သူမ နှမြောနေသည်မှာ သိသာလှပေသည် - “ဒီနေ့ အိမ်ပြန်ရောက်မှပဲ လက်နဲ့ လျှော်လိုက်ပါ့မယ်။ ဒီမန္တန်ကို ပြန်ရောင်းရင် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်လောက် ရတာလေ။”


စုကျို အနည်းငယ် ပြုံးလိုက်သည် - “အေးလေ... အဲဒီ စက္ကူမန္တန်က မီးဘေးလည်း မကာကွယ်နိုင်ဘူး၊ ခိုးယူခံရရင်လည်း မတားနိုင်ဘူး။ ပြီးတော့ နင့်ရဲ့ သွေးတွေနဲ့ စိုရွှဲနေရင် အစွမ်းမပြတော့ဘဲ အလကား ဖြစ်သွားလိမ့်မယ်...”


စုကျီကျီ: “!”


စုကျို စကားပင် မဆုံးသေး၊ ကောင်မလေးမှာ နှမြောတသဖြင့် ထိုမန္တန်ကို သူမကိုယ်ပေါ်သို့ 'ဖြန်း'ခနဲ ကပ်လိုက်တော့ သည်။ တစ်ခဏအတွင်းမှာပင် သန့်စင်ခြင်း အလင်းတန်းများ လွှမ်းခြုံသွားပြီး သူ့ အဝတ်အစားများမှာ ချက်ချင်း သန့်ရှင်းသွားတော့သည်။


စုကျီကျီ သက်ပြင်းချလိုက်ပြီး မျက်လုံးလေးများ တောက် ပနေသည် - “ကျဲ... ဒီမန္တန်က တကယ်အသုံးဝင်တာပဲနော်”


သူမ တစ်ခါမှ မသုံးဖူးခဲ့ပေ။ လက်နဲ့ လျှော်ရတာထက် အဆပေါင်းများစွာ ပိုလွယ်ကူလှသည်။


စုကျိုသည် ကောင်မလေးအနားသို့ တိုးသွားကာ သန့်ရှင်းလတ်ဆတ်သော ဆပ်ပြာနံ့နှင့် နေရောင်ခြည်နံ့လေးကို ရှူရှိုက်လိုက်သည် - “အင်း... မွှေးတာပဲ၊ နောက်ကျရင် ငါ အများကြီးဝယ်ပေးမယ်”


စုကျီကျီ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များဖြင့် တောက်ပသွားပြီး စကားပြောရန်ပြင်နေစဉ်မှာပင် အဝေးမှ ‘ဝှူး’ ခနဲ အသံကို ကြားလိုက်ရသည်။


အဝေးမှနေ၍ ချန်ကျိုးသည် နွားလှည်းကိုမောင်းလာပြီး၊ ဒေါသကြောင့် မျက်နှာပျက်နေသော စုရှင်းချန်မှာ မြည်းလှည်းကိုစီးကာ ဤမြေရိုင်းတောဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။


“ငါ ပြောသားပဲ... နင်နဲ့ နင့်ညီမ ဒီအလုပ်ကို လုံးဝမပြီးနိုင်ပါဘူးလို့!” 


ချန်ကျိုးက နွားလှည်းပေါ်မှ ဦးစွာ ခုန်ဆင်းလိုက်ပြီး စိတ်မရှည်စွာ အော်ဟစ်လိုက်သည် - “စုကျို... ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ မြန်မြန်ပေး၊ ပြီးတော့ ငါ့ကို အကူအညီတောင်းစမ်း—”