Ch 16
Viewers 2k


🥝 Chapter 16


စုရှင်းချန်သည် မျက်နှာပျက်ပျက်ဖြင့် နောက်မှ လိုက်ပါလာရင်း “မင်း အကူအညီ မလိုဘူး” ဟု ဆိုလိုက်သည်။


သို့သော် သူတို့နှစ်ဦး အသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။


စုကျို ရှိနေသော ဆယ်ဧကစာ အညံ့စားမြေရိုင်းကွက်ကြီးမှာ ယခုအခါ သေသေသပ်သပ်ထွန်ယက်ပြီးသားဖြစ်နေ သည်။ မြေသားများမှာ ပွနေပြီး၊ မြောင်းများမှာလည်း ညီညာကာ စံချိန်မီ အနက်အထိ တူးထားပြီးဖြစ်သည်။


ကျင့်ကြံမှုအဆင့် ၆ ရှိသော ချန်ကျိုးပင်လျှင် ဤမျှမြေ ကွက်အကျယ်အဝန်းကို တစ်မနက်တည်းနှင့် ပြီးစီးအောင် တူးနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ သူသည် မိမိမျက်စိကိုပင် မိမိ မယုံနိုင်အောင်ဖြစ်နေရသည်။


“ကော!” စုကျီကျီက စုရှင်းချန်ကို စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။


သူမသည်လည်း သူမ၏ မြေကွက်ထဲတွင် ၄ မူအထိ မြောင်းများတူးနိုင်ခဲ့သည်။ ဒါဟာ အရင်လတွေကထက် အများကြီးပိုများသော ပမာဏပင်!


အထူးသဖြင့် သတိထားမိသည်မှာ သူ့ ညာဘက်ခြေ ထောက်မှ ထွက်ပေါ်နေသော အလင်းတန်းပင်။ ၎င်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်တက်လှမ်းခြင်း အောင်မြင်သွားသည့် အမှတ်အသားဖြစ်သည်။


ချန်ကျိုးနှင့် စုရှင်းချန် နှစ်ဦးစလုံး သတိပြုမိသွားကြသည် - “သူမရဲ့ ညာဘက်ခြေထောက်က အဆင့် ၅ ကိုရောက်သွားတာလား? နှစ်ဆင့်တောင် ခုန်တက်သွားတာလား?”


ဒါပေမဲ့ မြောင်းတူးတာက ခြေထောက်မှမလိုတာ!


သူတို့ နားမလည်နိုင်ဖြစ်နေစဉ်မှာပင် ပိုးစာစိုက်ခင်းပေါ်၌ ဝိညာဉ်စာသားများ ပေါ်လာတော့သည်။


[ ပထမထပ်မှ စုကျို... မွန်းတည့်ချိန် ရောက်ပြီ။ ‘လူတစ်ရာအုပ်ချုပ်ရေးမှူးရုံး’ မှ အုပ်ချုပ်ရေးမှူး တောက်က သင့်ကို စောင့်နေသည်။ ကျေးဇူးပြု၍ ခွင့်ရက်ကို ပယ်ဖျက်ရန် ပါရမီစစ်ဆေးခြင်းဆီသို့ ချက်ချင်းသွားပါ။ ]


စုကျိုက ချန်ကျိုးကို တစ်ချက်လှမ်းကြည့်လိုက်သည်။


သူ့လက်ရှိ သွေးစွမ်းအင်တန်ဖိုးမှာ ၄၃ သာ ရှိသေးသဖြင့် သူ့ထံမှ စွမ်းရည်ကိုမကူးယူနိုင်သေးပေ။ ချန်ကျိုးထံမှ ထပ်မံကူးယူနိုင်ရန် ၆ ရက်ခွဲခန့် လိုသေးသည်။


“နင်နဲ့ မဆိုင်ဘူး အမှိုက်ရဲ့... ထွက်သွားလိုက်တော့၊ ဒီနေ့ နင့်ကို အဖက်လုပ်ဖို့ ငါ့မှာ အချိန်မရှိဘူး” ဟု သူ ချန်ကျိုးကို စိတ်မရှည်စွာ လက်ကာပြလိုက်သည်။


ချန်ကျိုး: “???”


တစ်ချိန်တည်းမှာပင် သူမနှင့် စုကျီကျီ မြေကွက်များရှိ သစ်သားဆိုင်းဘုတ်များပေါ်တွင် ရလဒ်များပေါ်လာသည်။


[ စုကျီကျီ - ]


[ ပေါက်တူးပေါက်သည့် အကြိမ်ရေ ၁၀၁ ကြိမ်၊ မြောင်း ၄ မူ တူးပြီး။ ]


[ စုကျို - ]


[ ပေါက်တူးပေါက်သည့် အကြိမ်ရေ ၁ ကြိမ်၊ မြောင်း ၁၀ မူ တူးပြီး၊ ဆုလာဘ် ဝိညာဉ်ကျောက်တုံး ၅၀၀။ ]


“...”


စုရှင်းချန်သည် မယုံနိုင်စရာကောင်းလှသော ထိုရလဒ်များကို ကြည့်ကာခေတ္တတွေဝေသွားပြီးနောက်၊ ချန်ကျိုးကို ဘာတစ်ခွန်းမျှ မပြောဘဲ လူမရှိသကဲ့သို့ပင် လျစ်လျူရှုလိုက်သည်။ ထို့နောက်မြည်းလှည်းပေါ်တက်ကာ အိပ်ပျော် နေပြီဖြစ်သော စုကျီကျီ၊ စုကျိုတို့နှင့်အတူ အရှိန်အဟုန်ဖြင့် မောင်းထွက်သွားတော့သည်။


ချန်ကျိုးမှာတော့ ကြောင်အအဖြင့် ကျန်ရစ်ခဲ့ရသည်။


 â€œá€žá€° ဘယ်သူ့ကို အကူအညီတောင်းလိုက်တာလဲ? ဆယ်ဧကစာ မြေကို ဒီလောက်မြန်မြန်ပြီးသွားရအောင်။”


ထို့နောက် သူသည် ဒေါသကိုမအောင့်နိုင်ဘဲ - “သူ့မှာ အကူအညီတောင်းဖို့ ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်ရှိနေတာကို ငါ့ကိုကျတော့ ၅၀၀ တောင် မပေးဘူး!”


မြည်းလှည်းမောင်းထွက်သွားရာ အရပ်ကိုကြည့်ရင်း၊ ထို့နောက် မိမိညာဘက်လက်မောင်းကို ပြန်ကြည့်ရင်း ချန်ကျိုးဒေါသမှာ ထူးဆန်းသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။


အဲဒီ စုကျီကျီဆိုတဲ့ ကလေးမလေးရဲ့ ညာဘက်လက် မောင်းမှာ ဝတ်ထားတာက ငါ့ရဲ့ရွှေရောင်ဒီဇိုင်းပါတဲ့ အင်္ကျီလက်တိုနဲ့ အတိအကျတူနေပါလား? ပြီးတော့ ဘာလို့ အဲဒီလောက်ကြီး ဖောင်းနေရတာလဲ?


ချန်ကျိုး တစ်ခုမှ စဉ်းစားမရတော့ပေ။


---


“ကော... ကျီကျီရဲ့အဆင့်က ပြန်တက်သွားပြီ!” 


စုကျီကျီက သူမခါးရှိ သစ်သားပြားကို စစ်ဆေးရင်းပျော်ရွှင်စွာ အော်ဟစ်လိုက်သည် - “ကျီကျီရဲ့ ခန္ဓာကိုယ်က အဆင့်တက်သွားလို့ နောက်ထပ်ဝိညာဉ်ကျောက်တုံး ၅၀ လည်း ဆုရသေးတယ်!”


“မဟုတ်ဘူး... ဒါက ကျဲ ရဲ့ကျောက်စိမ်းအဆိပ်ခုတင်ကြောင့်ရတာ။၊ ကျီကျီ အဲဒီခုတင်ကို အကြိမ် ၄၀ ကျော် သုံးခဲ့တယ်၊ ကျောက်တုံး ၄၀ ပေးရပေမဲ့ ၅၀ ပြန်ရတယ်လေ!”


စုကျီကျီသည် လမ်းတစ်လျှောက် စုရှင်းချန်ကိုရင်ခုန်စွာ ပြောပြနေတော့သည်။


မြည်းကို ဦးဆောင်လာသော စုရှင်းချန်က စုကျိုကို လှည့်ကြည့်လိုက်သည် - “အဆိပ်... ခုတင် ?” သူသည် မနေ့ညက လူကိုအမှန်အတိုင်းပြောစေသည့် အင်္ကျီလက်ကို သတိရသွားကာ စပ်စုချင်စိတ်များ တဖွားဖွားပေါ်လာသည်။


စုကျိုကတော့ ဒီနေ့ ခုတင်အသုံးပြုခအဖြစ် ရရှိလာသော ဝိညာဉ်ကျောက်တုံး ၁၄၃ တုံးကို ရေတွက်နေသည်။ ထို့ နောက် သူမသည် ထူးဆန်းသော အစိမ်းရောင်အလင်းများ ထွက်နေသည့် ခုတင်အသေးလေး ၅ လုံးကို စုရှင်းချန်အား ထုတ်ပြလိုက်သည်။


စုရှင်းချန်: “???”


မွန်းတည့်ချိန်တွင် နေမှာပူပြင်းလှပြီး မြေနိမ့်ပိုင်းတွင် ပျံသန်းနေသော မိစ္ဆာသားရဲများနှင့် ငှက်များမှာပိုများပြားလာသည်။ ၎င်းတို့သည် ပထမထပ်၏ကာကွယ်ရေး အစီအရင်ကို အဆက်မပြတ်တိုက်ခိုက်နေကြပြီး ရံဖန်ရံခါတွင် သစ်ပင်အိုကြီးများနှင့် ငှက်အသေကောင်များပြုတ်ကျလာတတ်သည်။


လူတိုင်းမှာ ထိုနေရာကိုရှောင်ကွင်းကာ သူတို့၏သစ်သားအိမ်များသို့ ပြန်ကုန်ကြပြီဖြစ်သည်။


စုကျိုသည် မြည်းလှည်းပေါ်တွင် လှဲလျောင်းရင်းတောင်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့်ကြာပြီးနောက်တွင် “လူတစ်ရာအုပ်ချုပ်ရေးမှူးရုံး” ဟု ရေးထိုးထားသော ဆိုင်းဘုတ်ပါသည့်ခြံဝင်းကြီးတစ်ခု ပေါ်လာသည်။ ၎င်းကို မြင့်မားသော ပိုးစာပင်ကြီးများကဝန်းရံထားသည်။


စုရှင်းချန် ခြံဝင်းအဝင်ဝတွင် မြည်းလှည်းကိုရပ်လိုက်သည်။


အခြားကျင့်ကြံသူအချို့၏ နွားလှည်းများလည်း ခြံဝင်းရှေ့တွင် ရှိနေကြပြီး အချို့မှာအထဲသို့ လမ်းလျှောက်ဝင်သွားကြသည်။


စုရှင်းချန်သည် အထဲသို့ မဝင်ချင်သော်လည်း ပတ်ဝန်း ကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မိမိထက်အဆင့်မြင့်သော ကျင့်ကြံသူများကိုသာ တွေ့ရသဖြင့် လက်သီးကိုတင်း တင်းဆုပ်ကာ စုကျိုကို သတိကြီးစွာဖြင့် ကြည့်လိုက်သည် - “ငါလည်း လိုက်ခဲ့မယ်”


“နင့်ရဲ့ပါရမီစစ်ဆေးမှုလည်း ပြီးရော... ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေလည်း အကုန်ပျောက်သွားမှာ စိုးလို့”


စုကျို: “...”


ဒီကလေးက ကမ္ဘာပျက်ကပ်တုန်းက သူ့ထက်တောင်ပိုပြီး သံသယစိတ်များနေသေးသည်။


သို့သော် သူမ အကြည့်မှာခြံဝင်းအတွင်းရှိ အဆောက်အဦးဆီသို့ လျင်မြန်စွာရောက်ရှိသွားသည်။


ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ‘ယက်ကန်းသည် အမျိုးသမီး တစ်ဆယ့်နှစ်ဦး’ ပုံ ထွင်းထုထားသော အကာ အရံ နံရံတစ်ခုကို ကျော်ဖြတ်ပြီးနောက် ကျယ်ဝန်းသော အခန်းမကြီး သုံးခုနှင့် ဝဲယာဘက်တွင် စင်္ကြံလမ်းများကို တွေ့ရသည်။


အခန်းတစ်ခုစီ အပေါ်တွင် ဆိုင်းဘုတ်များကိုယ်စီ ချိတ်ဆွဲထားသည်။


[ ဝိညာဉ်စွမ်းအား စစ်ဆေးခြင်း မှတ်တမ်းရုံး ]


[ ကုသခြင်းနှင့် ဆေးဝါး ထုတ်ပေးခြင်း ]


[ ဝိညာဉ်လက်နက် ပစ္စည်းများ ပြုပြင်ခြင်း ]


[ ကျင့်စဉ်ဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ]


...


စုကျိုလက်ပေါ်ရှိ ‘ဝိညာဉ်စွမ်းအား စစ်ဆေးခြင်း’ ဟူသော စာလုံးမှာ ပိုးစာရွက် ပုံရိပ်ယောင်တစ်ခုအဖြစ် လင်းထိန်လာပြီး ၎င်းထိပ်ချွန်ကလေးမှာ အလယ်ဗဟိုရှိ ပထမဆုံး အခန်းမကြီးဆီသို့ အလျင်အမြန်ညွှန်ပြလိုက်သည်။


[ စုကျို... ဝိညာဉ်စွမ်းအား စစ်ဆေးခြင်း မှတ်တမ်းရုံးသို့ ကြွပါ။ ]


[ တစ်ဦးလျှင် တစ်နှစ်လျှင် တစ်ကြိမ်သာ မှတ်ပုံတင်ခွင့် ရှိသဖြင့် အကောင်းဆုံး အသုံးချပါ။ ]


ဝှီးချဲကို တွန်းပေးနေသော စုကျီကျီသည် ချက်ချင်းပင် အသက်ကိုအောင့်ထားလိုက်ပြီး သူ့မျက်နှာလေးမှာတင်း မာနေတော့သည်။


စုရှင်းချန်လည်း အသက်ကိုပြင်းပြင်းရှူလိုက်သည်။


အလယ်ခန်းမရှိ ပိုးကောင်ဒီဇိုင်းများဖြင့် ယှက်နွယ်နေသော ကန့်လန့်ကာကြီးမှာ စုကျို ရှေ့မှောက်တွင် တဖြည်း ဖြည်း ပွင့်ဟသွားတော့လေသည်။