Ch 9
Viewers 3k

🍼 Chapter 9

🍼 Qingqing Goes to the Amusement Park



ကူးလန်၏မျက်နှာအမူအရာသည် အနည်းငယ် ရှုပ်ထွေးနေပြီး ဖူစစ်ချန် ကောင်းကောင်း နားမလည်နိုင်သော်လည်း သူ၏ ဦးလေးသည် တစ်စုံတစ်ရာကြောင့် စိတ်လှုပ်ရှားသွားပုံရကြောင်း ခံစားမိသည်။


သို့သော် သူသည် ၎င်းကို ဆက်လက်မေးမြန်းရန်ရည်ရွယ် ချက်မရှိပေ။


ဤအရာများသည် ၎င်းတို့အရင်မျိုးဆက်မှ လက်ကျန် ရန်ငြိုးများဖြစ်ပြီး မျိုးဆက်သစ်တစ်ဦးအနေဖြင့် သူနှင့် မသက်ဆိုင်ပေ။


ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ မြည်သံပေးနေသော သူ့ ဗိုက်ကို ပြေလျော့စေရန်ဖြစ်သည်။


"ကျွန်တော် တစ်ခုခုစားဖို့ သွားရှာလိုက်ဦးမယ်၊ ဦးလေး စားဦးမလား" သူသည် မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။


"မင်းက ဘာများ ချက်တတ်လို့လဲ"


ဖူစစ်ချန်၏ချက်ပြုတ်ကျွမ်းကျင်မှုအပေါ် ကူးလန်တွင် ကြီးမားသော သံသယများရှိနေသည်။


"ကျွန်တော်တို့အိမ်မှာ ကိုယ်တိုင်အပူပေးတဲ့ အိုးလေးတွေ ရှိတယ် ထင်တာပဲ၊ ရေခဲသေတ္တာထဲမှာလည်း ပေါင်မုန့်နဲ့ အသီးတွေရှိတယ်၊ တစ်ခုခု မြန်မြန်လုပ်ပြီး စားလိုက်လို့ရတယ်"


ဟုတ်ပေသည်။ ဤ အရွယ်ရောက်ပြီးသော ကလေးဖြစ်သည့် ဖူစစ်ချန်အပေါ် မည်သူမျှ မျှော်လင့်ချက်မထားသင့်ပေ။


"အမြဲတမ်း အသင့်စားတွေ အရမ်းမစားပါနဲ့၊ အာဟာရမဖြစ်ဘူး"


---


ကူးလန် သက်ပြင်းချရင်း ထရပ်လိုက်သည်။ သူသည် သူ့ပေါ်မှ လျှောကျသွားသော စောင်ကို ဗိုက်ပူပူလေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည့် ချင်ချင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်ပြီး ဖူစစ်ချန်ကို ကျော်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။


ရေခဲသေတ္တာကို ဖွင့်လိုက်သောအခါ လတ်ဆတ်သော ပါဝင်ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။


ကူးလန်သည် ခရမ်းချဉ်သီးနှစ်လုံးနှင့် ကန်စွန်းရွက်တစ် စည်း၊ အဆီနှင့် အသားပါသော ဝက်သားသုံးထပ်သားတစ်တုံးအား လူသုံးယောက်စာခန့် ဂရုတစိုက်ရွေးချယ်လိုက်သည်။


သူ့ ဦးလေး ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို မြင်သော အခါ ဖူစစ်ချန်သည် ချက်ချင်းပျော်ရွှင်စွာ မီးဖိုချောင်မှ ထွက်သွားပြီးနောက် အစာကျွေးခံရရန် စောင့်ဆိုင်းနေသော ခွေးကြီးတစ်ကောင်ကဲ့သို့ မီးဖိုချောင်တံခါးဝတွင် စိတ်အားထက်သန်စွာလှဲလျောင်းကာ သူ့ ဦးလေးချက် ပြုတ်နေသည့် အခြေအနေကို 'စောင့်ကြည့်' နေလေသည်။


ကူးလန်သည် သူ့လက်ဖျံများကို ခေါက်တင်လိုက်ရာ သူ့၏ လှပသော၊ ဖြူဖွေးသော လက်ဖျံတစ်ပိုင်းပေါ်လာပြီးကျွမ်း ကျင်သော လှုပ်ရှားမှုများဖြင့် ချက်ပြုတ်ရန်စတင်လိုက်ရာ သူ့ကိုယ်ဟန်သည် အတော်လေးကျွမ်းကျင်ပုံရသည်။


ပထမဆုံးအနေဖြင့် သူသည် ထမင်းကိုပေါင်းလိုက်ပြီးနောက် ဝက်သားသုံးထပ်သားကို ဆေးကာ ဖိအားချက်အိုးထဲသို့ ဂျင်းနှစ်ချပ်ထည့်ကာ နူးအိသည်အထိ ပြုတ်လိုက်သည်—နောက်ပိုင်းတွင် ဝက်သားတုံးလုံးချက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။


ဝက်သား ပြုတ်နေစဉ်တွင် ကူးလန်သည် ကြက်သွန်ဖြူဖြင့် ကန်စွန်းရွက်ကြော်နှင့် ခရမ်းချဉ်သီးနှင့် ဥ စွပ်ပြုတ်ကိုပါ ပြုလုပ်လိုက်သည်။


---


အပြင်ဘက်မှ အများအားဖြင့် အရသာရှိသော ခရမ်းချဉ် သီးနှင့် ဥ စွပ်ပြုတ်နှင့် မတူဘဲ ဂူမိသားစုသည် ချိုသော ဗားရှင်းကို ပိုနှစ်သက်သည်။


၎င်းသည် ချိုချဉ် အရသာရှိပြီး သကြားရည် သောက်ရသကဲ့သို့ ဖြစ်သည်။


နှစ်များတစ်လျှောက် ကူးချင်ချင်သည် အများကြီး မချက် ပြုတ်ခဲ့သော်လည်း အနည်းငယ်တော့ချက်ခဲ့သည်။အနည်း ဆုံးတော့ ဖူညီအစ်ကိုနှစ်ဦးသည် သူမ၏လွှမ်းမိုးမှုကြောင့် ချိုသော ခရမ်းချဉ်သီးနှင့် ဥစွပ်ပြုတ်ကိုသာ စားသုံးလေ့ရှိပြီး အရသာရှိသောဟင်းလျာများကို သိပ်မကြိုက်ဘဲ နည်းနည်းထူးဆန်းသည်ဟု ယူဆကြသည်။


ထို့ကြောင့် ဖူစစ်ချန်သည် ကူးလန် ချက်ပြုတ်ထားသော အရသာကို အလွယ်တကူလက်ခံလိုက်ပြီး နည်းနည်းလေး လွမ်းဆွတ်နေသည်ဟုပင် ခံစားလိုက်ရသည်။


သူ့ ဦးလေး ချက်ပြုတ်ထားသော အရသာသည် သူ့ မားမားချက်ထားသည်နှင့် အလွန်တူသည်။ သူ ခံစားလိုက်ရသည်မှာ... သူ သူ့မားမား ချက်ထားသည်အား အချိန်ကြာ မြင့်စွာ မစားခဲ့ရပေ။


သူ့အကြည့်သည် အပြင်ဘက်သို့ မသိစိတ်ဖြင့် ရွေ့လျားသွားပြီး ချင်ချင်သည် သူမ၏တုတ်တုတ်ခိုင်ခိုင်ခြေ ထောက်လေးများဖြင့် စောင်ကိုကန်ထုတ်လိုက်ပြီး သူ့ ဝမ်း ဗိုက်လေးသည် ဖားငယ်လေးတစ်ကောင်ကဲ့သို့ အသက်ရှူခြင်းနှင့်အတူ မြင့်တက်လိုက်၊ ကျဆင်းလိုက် ဖြစ်နေသည်ကိုမြင်လိုက်ရသည်။


ရုတ်တရက် လှုပ်နိုးခံလိုက်ရသလို ခံစားရသော ဖူစစ်ချန် သည် သူ့မားမားအကြောင်းတွေးရင်း စိတ်လွတ်သွားခဲ့ကြောင်း သိလိုက်သည်။


သူ ယခုခေါင်းကိုခါလိုက်လျှင်ပင် သမုဒ္ဒရာသံအားကြားနေရဦးမည် ဖြစ်သည်။


---


အစားအစာ၏မွှေးရနံ့ကြောင့် ဆွဲဆောင်ခံရသော ချင်ချင် ၏နှာခေါင်းလေးသည် အနည်းငယ်တွန့်လိမ်သွားပြီး သူမသည် ထိုရနံ့ကြောင့် တဖြည်းဖြည်းနိုးထလာသည်။


"အင်း..." 


သူ ထထိုင်လိုက်ပြီး ဆံပင်များ ရှုပ်ပွနေကာ အိပ်ချင်မူးတူး မျက်လုံးများကိုပွတ်သပ်ရင်း ကလေးဆန်သော အသံဖြင့် အော်ခေါ်လိုက်သည်– "ဒေါ်ဒေါ် ထင်း ချင်ချင် နိုးပြီ"


"ဒေါ်ဒေါ် ထင်းက အနားယူဖို့ သူ့ဇာတိကိုပြန်သွားတာဖြင့်ကြာလှပြီ၊ သူ ဘယ်လိုလုပ် မင်းကိုထူပေးဖို့ ဒီမှာရှိနေမှာလဲ"


ကြီးမားသော၊ ပုံစံကျသည့်လက်တစ်စုံ ရောက်လာပြီး ချင်ချင်ကိုပွေ့ချီလိုက်သည်။ ထို့နောက် နွေးထွေးသော၊ စိုစွတ်သော မျက်နှာသုတ်ပဝါကို သူ့မျက်နှာပေါ် တင်ကာ သေချာပွတ်တိုက်ပေးသည်။


၎င်းက ချင်ချင်၏ကျန်ရှိနေသော အိပ်ချင်စိတ်ကိုပွတ် တိုက်ဖယ်ရှားလိုက်သည်။


ဖူစစ်ချန်၏နှုတ်ခမ်းများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တွန့်လိမ်သွားရသည်။


ဦးလေး၊ သူက အရေပြားဖြူတဲ့ သုံးနှစ်သမီး မုန့်ဖက်ထုပ်လေးပါ၊ နည်းနည်းလေး ပိုနူးညံ့ပေးလို့ မရဘူးလား ??


"စား၊ စား"


---


ကြမ်းတမ်းသောဆက်ဆံမှုကို လုံးဝသတိမထားမိသော ချင်ချင်သည် တော်တော်လေးပူးပေါင်းပါဝင်ပြီး သူမ၏ မျက်နှာကို သုတ်ပေးရန် ခေါင်းကို နောက်သို့ စောင်းပေးကာ ထို့နောက် အစားအစာကိုတိုက်တွန်းသည်။


သူမ၏သေးငယ်သော၊ ဖက်ထုပ်လိုလက်များသည် ကူးလန်၏ပခုံးများကို ဖက်တွယ်ထားပြီး သူလေး ကိုယ်အထက်ပိုင်းကမူ စားပွဲဆီသို့ တံတွေးများကျလျက်ရောက် ရှိနေသည်။


အနေအထားကမူ အန္တရာယ်ရှိသည်။ တစ်ချက် မှားယွင်းလှုပ်ရှားလိုက်လျှင် သူမသည် ခေါင်းရမ်းကာလဲကျသွားလိမ့်မည်။ လန့်သွားသောကူးလန်သည် သူမကို လျင်မြန်စွာပွေ့ချီလိုက်သည်။


"မင်း ရူးနေလား"


သူ့အသံသည် ဒေါသထွက်နေသည်– "မလိမ်မာရင် ဒီနေ့ နေ့လယ် ကစားကွင်းမသွားရဘူး!"


"ကစားကွင်း!"


ထိုအရေးကြီးသော စကားလုံးများကိုကြားသောအခါ ချင်ချင် တောင့်တင်းသွားပြီးနောက် နောက်ကျမှ သူတို့၏ ဒီနေ့ အစီအစဉ်များကိုသတိရလိုက်ကာ ထို့နောက်... မျက် ရည်များပေါက်ကွဲသွားသည်။


"ချင်ချင် အိပ်ပျော်သွားတယ်၊ ကစားကွင်း သွားလို့မရတော့ဘူး၊ ဝူးးး...ဝူးးး..."


သူမ၏နှာခေါင်းလေးသည် ငိုယိုခြင်းကြောင့် နီရဲရောင်ရမ်းနေပြီး သနားစရာကောင်းနေသည်။ ၎င်းက ကူးလန်အားရယ်မောမိစေသလို ဒေါသထွက်စေသည်။


"ငါ အိပ်ပျော်သွားတာပါ၊ ဒါ့ပြင် ကစားကွင်းကို မနက်ပိုင်းပဲ သွားလို့ရမယ်လို့ မင်းကို ဘယ်သူပြောလဲ၊ နေ့လယ်ပိုင်းမှာလည်း သွားလို့ရတယ်၊ အ အ လေး"


သူသည် ချင်ချင့်နှာခေါင်းကို ချစ်ခင်တွယ်တာမှု အရိပ်အ ယောင်ဖြင့် ညင်သာစွာတို့ထိလိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခိုက်အတန့်တွင် ကူးလန်သာမက ချင်ချင်ပါ တုန်လှုပ်သွားသည်။


---


မွေးဖွားပြီးနောက် ချင်ချင်သည် လူကြီးများနှင့် ထိုသို့သော ချစ်ခင်တွယ်တာမှုမျိုး ရှားရှားပါးပါးသာပြုလုပ်ခဲ့သည်။


ကလေးထိန်းသည် ကလေးထိန်းသာဖြစ်သည်။ သူမသည် ချင်ချင့်အား ကောင်းစွာဂရုစိုက်လိမ့်မည်၊ သို့သော် သူမတွင် သူလေး၏ ကိုယ်ပိုင်ကလေးများရှိသည်၊ သူတို့၏ ဆက်ဆံရေးသည် အလုပ်ရှင်-ဝန်ထမ်း သက်သက်သာ ဖြစ်သောကြောင့် သူမသည် ချင်ချင်အပေါ်လွန်ကဲစွာ ချစ်ခင်တွယ်တာမှု မပြုခဲ့ပေ။


သူမ မိဘများသည် ပိုက်ဆံရှာရန် အလုပ်များနေပြီးတစ် နေကုန် အလုပ်လုပ်နေသည်။ တစ်ပတ်လျှင် သုံးကြိမ် ချင်ချင်ကိုမြင်ရခြင်းက ကောင်းသည်ဟု ယူဆရသည်၊ ထို့ထက်ဆိုးသည်မှာ မကြာခဏ နှစ်ပတ်ကျော်ကြာအောင် မမြင်တွေ့ရသည်မျိုးလည်း ရှိသည်။


ချင်ချင်သည် သူ့ မိဘများ၏ ပုံသဏ္ဍာန်ကိုမေ့လုနီးပါး ဖြစ်နေသည်။ ကလေးထိန်းမှ သူ့မိဘများ၏ဓာတ်ပုံများကို အဆက်မပြတ်မပြသခဲ့ပါက သူ...


သူလေး သူတို့ကိုအလွန်ကြာမြင့်စွာ မတွေ့ရသေးသလို ဓာတ်ပုံထဲတွင်ပင် မတွေ့ရသေးဘူးဟု ခံစားရသည်။


---


သူ့ခေါင်းကို ကုတ်ခြစ်ရင်း ချင်ချင်သည် ကူးလန်၏ကော် လာကို ဆွဲလိုက်ပြီး တိုးတိုးလေးမေးလိုက်သည်– "တိတိ၊ မားမားနဲ့ ပါးပါးရဲ့ ဓာတ်ပုံရှိလား ? ချင်ချင်... ချင်ချင် မားမားနဲ့ ပါးပါးကို မမှတ်မိတော့ဘူး"


"ငါ့မှာ ဘယ်လိုလုပ်ရှိမှာလဲ"


"မိဘများ" ဟူသော စကားကိုကြားသောအခါ ကူးလန်၏ မျက်နှာသည် ချက်ချင်းအေးစက်သွားပြီး သူ့ လေသံသည် မသိစိတ်ဖြင့် သရော်ပြောင်လှောင်မှုပါလာသည်– "အဲဒီ ဘာမှ မလုပ်တတ်ပဲ၊ ပိုက်ဆံရှာဖို့ဘဲ လုပ်တတ်တဲ့ အသုံးမကျတဲ့လူနှစ်ယောက်ကို မင်း ဘာလို့ တွေးနေရတာလဲ"


"..." 


ချင်ချင် နှုတ်ခမ်းကိုစူပုတ်လိုက်ပြီး ပြန်ပြောချင်သော် လည်း အမှန်တရားမှာ ကူးလန်ပြောသည့်အတိုင်း ဖြစ်ပြီး သုံးနှစ်သမီးလေး၏ဝေါဟာရသည် ကန့်သတ်ချက်များရှိသောကြောင့် ရှင်းရှင်းလင်းလင်းဖော်ပြရန် ခက်ခဲသည်။ ဒါကြောင့် သူမ ကိုယ့်ဘာသာ သူမ စိတ်ဆိုးနေခဲ့သည်။


ကလေးက ဒေါသထွက်နေတယ်၊ မင်း မချော့နိုင်ဘူး!


"မင်း စားတော့မှာလား ? မင်း အကြိုက်ဆုံးခရမ်းချဉ်သီးနဲ့ ဥစွပ်ပြုတ်၊ ဝက်သားတုံး လုံးချက်နဲ့ ကန်စွန်းရွက်ကြော်ထားတယ်"


"စားမယ်!" 


ချင်ချင် အသံကျယ်ကျယ်ဖြင့် ပြန်ဖြေပြီး သူ့ မျက်လုံးများ တလက်လက်တောက်ပနေသည်။


သူ့ တိတိကအရမ်းကောင်းတယ်၊ သူ ချက်ပြုတ်တတ်တယ်၊ အဲ့ဒါတွေအားလုံး ချင်ချင် ကြိုက်တယ်။


---


စားနေသော ဖူစစ်ချန် ...


သူ့ ပန်းကန်ထဲမှအသားများသည် စားချင်စိတ်မရှိတော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။


ဒါဆို ဒီဟင်းတွေ အားလုံး သူ့အတွက် မဟုတ်ဘူးပေါ့...


သို့သော် ချင်ချင်အား မပေအောင်ရင်ခံဝတ်စုံအား မည်သို့ မည်ပုံ ဝတ်ပေးရမည်ဆိုသည်အား မကျွမ်းမကျင် စဉ်းစားနေသော ကူးလန်ကိုလှမ်းကြည့်ပြီးနောက် ဖူစစ်ချန် ဘာမှမဖြစ်သလို ဟန်ဆောင်ကာဆက်စားနေလိုက်သည်။


သူ့ ဦးလေးနှင့် မားတို့၏ဆက်ဆံရေးသည် တကယ်တမ်းသိပ်မဆိုးဘူးဟု ထင်ရသည်။


"အဲ့ဒါကို လှန်ဖို့လိုတယ်"


စားချင်စိတ်ပြင်းပြနေသော ချင်ချင်သည် ကူးလန် လှည့် ပတ်စဉ်းစားနေသည်ကို မြင်သောအခါ သူ ကိုယ်တိုင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။


အဆင်ပြေစေရန်အတွက် ဖူဟန်သည် ချင်ချင့်အတွက် တစ်ခါသုံး ရင်ခံများကိုဝယ်ယူခဲ့ပြီး ၎င်းတို့ကို အသုံးပြုပြီးနောက် မလျှော်ဘဲစွန့်ပစ်လိုက်သည်။


ဤရင်ခံဝတ်စုံများသည် ဆီစက္ကူနှင့် ဆင်တူသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် စက္ကူအပိုင်းအစမျှသာ။


၎င်းကို ရင်ခံဝတ်စုံအဖြစ်ပြောင်းလဲရန်၊ အောက်ခြေအိတ် ကပ်ကို အတွင်းအပြင်လှန်ပြီး အိတ်ကပ်တစ်ခုဖန်တီးရန် လိုအပ်ပြီးနောက် ကြိုးနှစ်ချောင်းကို ကလေး၏လည်ပင်းပတ်ပတ်လည်တွင် ပတ်ကာ အတွင်း၌ပါဝင်သော နှစ်ဖက်သုံးတိပ်ဖြင့် လုံခြုံအောင်ပြုလုပ်ရသည်။


---


ချင်ချင်ကို ရင်ခံဝတ်စုံဝတ်ပေးပြီးနောက် ကူးလန်သည် အံ့အားသင့်စရာကောင်းစွာဖြင့် ချွေးများထွက်နေလေသည်။


သူသည် သူလေးကို ခွံ့ကျွေးခြင်းအား ဆုံးဖြတ်ချက်ချလိုက်ပြီး ပန်းကန်လုံးတစ်လုံးကို အသီးအရွက်အမျိုးမျိုးဖြင့် ပြည့်အောင်ထည့်ကာ ချင်ချင်ကို ဇွန်းတစ်ချောင်းပေးပြီး သူလေးအား ကိုယ့်ဘာသာ စားခွင့်ပြုလိုက်သည်။


ချင်ချင် ကိုယ့်ဘာသာ စားနိုင်သော်လည်း သူမ၏တို တောင်းသော၊ ဖက်ထုပ်လိုလက်ချောင်းများကြောင့် ဇွန်းကို ခိုင်မြဲစွာကိုင်ရန် ခက်ခဲသည်။ သူ့ လက်ကိုင်အား သူ့လက်ဖဝါးတစ်ခုလုံးဖြင့် ကိုင်ထားသောကြောင့် သူမကျွမ်း ကျင်စွာစားခဲ့သည်။


သူလေးသည် စားပွဲပေါ်တွင်သာမက ကြမ်းပြင်ပေါ်တွင်ပါ ဆန်စေ့များ အမြဲတမ်းကျကျန်ခဲ့သည်။


၎င်းတို့ စားသောက်ပြီးနောက်မြင်ကွင်းသည် ပရမ်းပတာဖြစ်နေပြီး လုံးဝရှုပ်ပွနေသည်။


သို့သော် လူကြီးနှစ်ဦးစလုံး သိပ်ဂရုမစိုက်ကြပေ။ ၎င်းတို့ သည် သန့်ရှင်းရေးလုပ်ရန် တစ်စုံတစ်ဦးအား အမြဲတမ်း ဖုန်းခေါ်နိုင်သည်။


"ရှင်းလိုက်"


ကူးလန် ချင်ချင့်အား ကောက်ယူလိုက်ပြီး ဖူစစ်ချန်ကို ရှုပ်ပွနေသည်များကို ရှင်းလင်းရန်လက်ဟန်ပြကာ ထို့နောက် ကလေးကိုဆေးကြောရန် ခေါ်သွားလိုက်သည်။


သူ ကစားကွင်းသွားမည်ဟု ကတိပေးခဲ့ပြီးဖြစ်သော ကြောင့် သူ ကတိမဖျက်ပေ။


---


မကြာမီ သန့်ရှင်းရေးလုပ်ထားပြီးသော ချင်ချင်သည် လှပသော ဝတ်စုံလေးကိုဝတ်ဆင်ကာ သူ့ကျောပိုးအိတ်လေးဖြင့် တံခါးအပြင်ဘက်သို့ ပျော်ရွှင်စွာပြေးထွက်လာသည်။


"မြန်မြန်လုပ်၊ သွားရအောင်!"


"စောင့်ဦး၊ ဖိနပ်အရင်စီးဦး၊ ခြေဗလာနဲ့ သွားကစားတော့မလို့လား"


ကူးလန် နောက်မှ ဖြည်းဖြည်းချင်းလိုက်လာပြီး ချင်ချင်မှာ ပျားငယ်လေးတစ်ကောင်ကဲ့သို့ သူ့ ခြေထောက်များပတ် လည်တွင် စိတ်လှုပ်ရှားစွာပတ်ချာလည်နေသည်။


"မြန်မြန်လုပ်ပါ တိတိ"


သူလေး စိုးရိမ်တကြီးဖြင့် အော်လိုက်သည်။


"ခြေထောက်" 


သူ ဒူးထောက်လိုက်ပြီး ချင်ချင့် ဖိနပ်လေးများကို ကောက် ယူကာ သူမကိုခြေထောက်မြှောက်ရန် လက်ဟန်ပြလိုက်သည်။


ချင်ချင်သည် နာခံစွာ သူ့ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ကူးလန်ကို သူမအတွက် ဖိနပ်စီးပေးစေခဲ့သည်။


---


သူတို့နှစ်ဦးစလုံး ဘာမှမမှားယွင်းကြောင်း သတိမထားမိကြသော်လည်း ဤမြင်ကွင်းကိုကြည့်နေသော ဖူစစ်ချန် သည် သူ့မျက်လုံးများ ပြူးထွက်လုနီးပါး အံ့အားသင့်သွားသည်။


သူ့ မားကို ညင်သာစွာ ဒူးထောက်ကာ ဖိနပ်စီးပေးနေသောထိုလူသည် သူ၏ မောက်မာကာ၊ အေးစက်သဖြင့် မိတ် ဆွေမရှိတဲ့ ဦးလေးရော ဟုတ်ပါရဲ့လား ??


မဖြစ်နိုင်လိုက်တာ !!


သူ့ ကျောကုန်းအားဇစ်ဖွင့်လိုက်လျှင် လုံးဝမတူညီသော လူတစ်ယောက် ထွက်လာလေမလား ?


တီဗီအရမ်းကြည့်လွန်းသည့် ပုံမှန်ဖြစ်ရပ်ပင်~ 


---


အထုပ်အပိုးပြင်ဆင်ပြီးသည်နှင့် နောက်ဆုံး ထွက်ခွာရန် အချိန်ရောက်လာသည်။


ချင်ချင်သည် ကူးလန်၏လက်ကြီးကိုကိုင်ထားပြီး တံခါးဆီသို့ လျှောက်သွားသော်လည်း အပြင်မထွက်မီ ရုတ်တ ရက် တစ်ခုခုကိုသတိရသွားပုံရပြီး ရပ်ကာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သော ဖူစစ်ချန်ကို လှည့်ကြည့်လိုက်သည်– "သားလေး၊ မြန်မြန်လိုက်ခဲ့"


သူမသည် ဖူစစ်ချန်လည်း လိုက်ပါလာလိမ့်မည်ဟု ထင်ခဲ့သည်။


ထိုဆိုးသွမ်းသော ကလေးလေးသည် သူ့အားအမှန်ပင် ဂရုစိုက်နေသေးသည်။


ရုတ်တရက်၊ သူ့ ကလေးလေး ကြီးပြင်းလာပြီး အခြားသူများကို ဂရုစိုက်ကြောင်းပြသနေသကဲ့သို့ နှစ်သိမ့်မှုကို ခံစားလိုက်ရသော်လည်း ဖူစစ်ချန်ကမူ ဆက်လက် ငြင်း ဆန်လိုက်သည်– "ကျွန်တော် လုပ်စရာတွေရှိသေးတယ်၊ အရင် သွားနှင့်လိုက်ပါ"


ဘယ်လောက် ရယ်စရာကောင်းသလဲ ? သူ နောက်ဆုံးလွတ်လပ်တော့မည်ဖြစ်ရာ ထိုအခွင့်အရေးအားမည်သို့ လက်လွတ်ခံနိုင်မည်နည်း ?


၎င်းတို့ထွက်သွားတာနှင့် သူ ချက်ချင်းအထုပ်အပိုးပြင်ပြီး ထွက်ပြေးမည်ဖြစ်ရာ အိမ်သို့ဆယ်ရက် သို့မဟုတ် တစ်လခွဲလောက်အထိ လုံးဝပြန်မလာတော့မည်မဟုတ်ပေ!


ဒါ့ပြင်၊ သူ ငယ်ငယ်က သူ့မားမား သူ့အားကစားကွင်း သို့ ဆယ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် ခန့်ခေါ်သွားခဲ့ပြီးသားဖြစ်ရာ သူ ရိုးအီနေလေပြီ...


---


ရုတ်တရက် တိတ်ဆိတ်မှုသည် ဖူစစ်ချန်ကိုဖုံးလွှမ်းသွားသည်။


ကံမကောင်းစွာဖြင့် ချင်ချင်သည် ကူးလန်နှင့်အတူ ထွက်ခွာသွားနှင့်ပြီဖြစ်သောကြောင့် သူ့ထံ တစ်စုံတစ်ရာမှား ယွင်းနေသည်ကို သတိမထားမိလိုက်ပေ။


ကလေးမလေးသည် ကားပြတင်းပေါက်ကို ဖိကပ်ထားပြီး လျင်မြန်စွာဖြတ်သန်းသွားသော မြင်ကွင်းများကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကာ ကစားကွင်းသို့ ရောက်ရှိမည့်အချိန်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။


"ကစားကွင်း၊ ကစားကွင်းကို ချစ်တယ်၊ ချင်ချင်ရဲ့ ကစား ကွင်း..."


သူမသည် ပျော်ရွှင်ဖွယ် အမှတ်မထင် ကစားကွင်းသီချင်းကိုသီဆိုနေသည်။ သူမသည် အနည်းငယ် သံစဉ်လွဲနေသော်လည်း သူ့ စိတ်ဓာတ်ကို မကျဆင်းစေခဲ့ပေ။


ကားမောင်းသူဖြစ်သော ကူးလန်ပင်လျှင် သူမ၏ပျော်ရွှင်မှုကြောင့် ကူးစက်ခံလိုက်ရပြီး ပြုံးမိသည်ကိုမထိန်းနိုင်ခဲ့ပေ။


"အဲ့လောက်တောင် ပျော်နေတာလား ??"


"ဟုတ်တယ်၊ ချင်ချင် ကစားကွင်းကို ပထမဆုံးအကြိမ် သွားဖူးတာ" ချင်ချင်သည် ၎င်းကို အလေးပေးရန် '၁' သင်္ကေတကို မြှောက်ပြလိုက်သည်။


"တစ်ခါမှ မသွားဖူးဘူးလား"


"အိမ်အပြင်ကိုတောင် တစ်ခါမှမထွက်ဖူးဘူး၊ ဘယ်လိုလုပ် သွားနိုင်မှာလဲ" 


ချင်ချင်သည် နှုတ်ခမ်းစူလိုက်သည်။ သူ မပျံသန်းနိုင်သဖြင့် ကစားကွင်းသို့ ကိုယ့်ဘာသာ မသွားနိုင်ပေ။


---


အိမ်အပြင်ကို တစ်ခါမှမထွက်ဖူး၊ ကူးလန်သည် လှောင် ပြောင် ရယ်မောမိသည်။


ဟား၊ ထိုမိဘများသည် သူ ထင်ထားသည်ထက်ပင် ပိုတာ ဝန်မဲ့နေကြသည်။


"တိတိ သွားဖူးလား" ဟု သူမ မေးလိုက်သည်။


"တစ်ခါ... သွားဖူးတယ်" ကူးလန် အသံသည် အနည်းငယ် တိုးလျနေသည်။


သူသည် သူ့ဘဝတွင် ကစားကွင်းသို့ တစ်ကြိမ်တည်းသော ခရီးသည် ကူးချင်ချင် သူ့အား မူလတန်းကျောင်းမှဘွဲ့ရပြီးနောက် ခေါ်သွားခြင်းဖြစ်ကြောင်း ရုတ်တရက်အမှတ်ရလိုက်သည်။


သူတို့သည် လမ်းတစ်ဝက်တွင်ရန်ဖြစ်ကာ ဒေါသတကြီး အိမ်ပြန်သွားခဲ့ကြသော်လည်း အမှန်တကယ်တော့... အတော်လေး ပျော်စရာကောင်းသော အချိန်တစ်ခုဖြစ်ခဲ့ရသည်။