အပိုင်း ၁၅၇
Viewers 17k

Chapter 157


ယွမ်ရှင်းကျဲ အဝတ်များကိုယူလိုက်ပြီး  ဝတ်ဆင်ရာတွင် စိတ်မရှည်ဖြစ်နေသည့်အတွက် မတော်တဆကြယ်သီးမှားတပ်သွားမိသွားသဖြင့် ပြန်ဖြုတ်နေရုံသာ တတ်နိုင်တော့သည်။


ထိုအချိန်တွင် ရုတ်တရက် ဆရာဝန်မှ မေးမြန်းလာခဲ့သည်။


 " ခွင့်ပြုပါဦး.. မင်းဆေးရုံဝတ်စုံဝတ်နေတာလား…"


စကားအဆုံးတွင် ဆရာဝန်သည် သူထံသို့ တိုက်ရိုက်ပင် လျှောက်လာခဲ့သည်။


" အာ ကျွန်တော်ခဏနေပြီးတော့မှာပါ…"


ထိုအချိန်တွင် လက်တစ်စုံရောက်လာကာ သွယ်လျသည့် လက်ချောင်းများက သူ၏ကြယ်သီးများကို ဂရုတစိုက်ဖြုတ်ပေးလိုက်ပြီး အလျင်အမြန်နှင့် သပ်သပ်ရပ်ရပ် ပြန်လည်တပ်ဆပ်ပေးလာခဲ့သည်။


ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်း ၏ သပ်ရပ်သော လှုပ်ရှားမှုများကြောင့် ထိတ်လန့်သွားရကာ သူ့အား ဗလာဖြစ်နေသည့်အမူအယာဖြင့် ကြည့်လိုက်မိလေသည်။


ဆေးကုသခန်း၏ဘေးဘက်သို့ ဆရာဝန်ရောက်လာချိန်တွင် ယွမ်ရှင်းကျဲသူ၏ဆေးရုံဝတ်စုံအား ဝတ်ဆင်ထားကာ နာနာခံခံဖြင့် ‌လဲလျောင်းနေပြီဖြစ်သည်။


ဆေးရုံဝတ်စုံ၏ကြယ်သီးများအား အပေါ်ဘက်တွင်ပါ တပ်ဆင်ထားပြီး သူ၏လည်ပင်းကို လုံးဝပင်အုပ်ထားကာ သိမ်မွေ့သောအရိုးများကိုပါ ဖုံးကွယ်ထားခဲ့သည်။


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးထဲရှိ ပိုင်ဆိုင်လိုစိတ်များအား ထပ်မံဖုံးကွယ်လိုက်ရသည်။


ဆရာဝန်မှ များပြားလှစွာသောကရိယာများကိုဖွင့်နေသည်အား တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး အရာအားလုံးပြီးဆုံးသွားကာ မှန်လုံအိမ်အား မပိတ်လိုက်ခင် အချိန်အထိ သူရှေ့ကိုမတိုးခဲ့ပေ။


ခဏအကြာတွင် လော့ဝမ်ချွမ်းငုံ့ချလိုက်ကာ ဆေးကုသခန်းအတွင်းမှ လူငယ်လေးအား သူ၏ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများဖြင့် တွန့်ဆုတ်စွာ ကြည့်နေခဲ့လေသည်။


သူယွမ်ရှင်းကျဲအား တီးတိုးပြောလိုက်သည်။


 " ကိုယ်မင်းပြန်လာတာကိုစောင့်ပြီး ချန်ပီယံဆုကိုအတူတူယူကြမယ်…"


ယွမ်ရှင်းကျဲရယ်လိုက်ပြီး သူ၏အသံထဲတွင် မျှော်မှန်းချက်များဖြင့် ပြည့်နှက်နေ၏ " သဘောတူတယ်.."


မှန်လုံအိမ်မှာ ပိတ်သွားခဲ့လေပြီ။


NCLM ၏နောက်ဆုံးပွဲစဉ်လည်း မကြာမီအချိန်တွင် စတင်တော့မည်ဖြစ်သည်။


မကြာသေးမီက ကြယ်ကွန်ယက်တစ်ခုလုံး၏ အာရုံမှာ ယွမ်ရှင်းကျဲထံတွင်သာ ရှိနေခဲ့သဖြင့် လူထု၏ NCLM နောက်ဆုံးပွဲစဉ်အပေါ် စိတ်ဝင်စားမှုမှာ ဘေးဖယ်ခံထားရသည်။ သို့သော်လည်း ကစားပွဲကိုယ်တိုင်မှာမူ အင်ပါယာထဲတွင် လူကြည့်အများဆုံးသော အဆင့်အတန်းမြင့် မက်ခါပြိုင်ပွဲတစ်ခုသာ ဖြစ်နေသေးသည်။


နောက်ဆုံးပွဲစဉ်မတိုင်ခင် တစ်ရက်တွင် တော်ဝင်မက်ခါသုတေသနဌာနမှ ရုတ်တရက်ဆိုသလို အသစ်စက်စက် စမ်းသပ်မှု ကိရိယာအား ကြေညာခဲ့ပြီး…


၎င်းမှာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု စမ်းသပ်ရေးစက်ဖြစ်သည်။


သုတေသနဌာနမှ စာတမ်းတစ်စောင်ဖြင့် ပူးတွဲထုတ်ပြန်ခဲ့သည်။


[ ယခုအခါတွင် စိတ်ပိုင်းဆိုင်ရာ စွမ်းအားချဲ့စက်ကို ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သောကြောင့် စိတ်စွမ်းအားသည် မက်ခါမောင်းနှင်နိုင်စွမ်းကို သက်ရောက်စေမည့် အချက်တစ်ချက်မဟုတ်တော့ပေ။ အနာဂတ်တွင် တော်ဝင်မက်ခါအဖွဲ့အစည်းမှ မက်ခါစွမ်းရည်ကို အဆင့်သတ်မှတ်သည့်အချိန်တွင် စိတ်စွမ်းအားထိန်းချုပ်မှုပါ ပါ၀င်တော့မည် ဖြစ်ပြီး ကန့်သတ်ချက်များကိုမွမ်းမံပေးခဲ့သည့် လူကြီးမင်းယွမ်ရှင်းကျဲအား ‌ကျွန်ုပ်တို့မှ ကျေးဇူးတင်အပ်ပါသည်…]


ထိုအရာမှာသမိုင်းဝင်သတင်းဖြစ်သည်။ ၎င်းကြောင့် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် မူလအစက စိတ်စွမ်းအားမြင့်မားသူများမှ လက်ဝါးကြီးအုပ်ထားသည့် မက်ခါကွင်းပြင်များ၌ မြေကြီးတုန်ခါသွားစေမည့် အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည်ဟု မှန်းဆနိုင်ပေသည်။


သန်မာသောစိတ်စွမ်းအားထိန်းချုပ်မှုရှိသည့် သူကသာလျှင် စစ်မှန်သော အင်အားကြီးမက်ခါတိုက်ခိုက်သူတစ်ဦးဖြစ်လာနိုင်မည်ဖြစ်သည်။


ထိုစမ်းသပ်ကိရိယာကို မြှင့်တင်ရန်အတွက် သုတေသနအဖွဲ့အစည်းမှလည်း ဗီဒီယိုတစ်ခုအား ထုတ်ပြန်လာခဲ့သည်။


ဗီဒီယိုထဲတွင် မတူညီသော စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းရှိသည့် စမ်းသပ်ခံများအား စမ်းသပ်သောအခါ မတူညီသည့်အဆင့်များကို ရရှိလာခဲ့သည်။


လူတိုင်း မမျှော်လင့်ဘဲတွေ့ရှိလာသည့် အရာမှာ ထိုစွမ်းရည်သည် အမျိုးအစားနှင့် မသက်ဆိုင်ဘဲ အကဲဖြတ်ခံရသူ၏ ကိုယ်ပိုင်အရည်အချင်းပေါ်တွင် လုံးလုံး မူတည်နေခဲ့သည်။


အချို့သော အယ်လ်ဖာများမှာ C အဆင့်သာရခဲ့ပြီး အချို့သော အိုမီဂါများမှာမူ A အဆင့်ရခဲ့ကြသည်။


ဗီဒီယို၏အဆုံးတွင် ယွမ်ရှင်းကျဲ၏စမ်းသပ်မှုပေါ်ထွက်လာခဲ့သည်။


သူ၏အဆင့်မှာ…


SSS+


မှတ်ချက်ပေးသည့်နေရာမှာ ရုတ်တရက်ပေါက်ကွဲထွက်သွားရသည်။


(ဘယ်လိုငရဲလဲ SSS+လား..အဲ့ဒီအချက်အလက်တွေက မှန်ကောမှန်ရဲ့လား…ဒါကြီးက တအားသန်မာလွန်းတယ်..)


(SSS+ အရင်ပွဲတုန်းက သူကောင်းကောင်းလုပ်နိုင်ခဲ့တာ အံ့ဩစရာမကောင်းဘူးပဲ…)


(ယွမ်ရှင်းကျဲက သိပ္ပံသုတေသီတစ်ယောက်မဟုတ်ဘူးလား.. ဘာလို့သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုက အရမ်းအားကြီးနေရတာလဲ..)


(အဲ့ဒါက အယ်လ်ဖာတွေကိုတောင် ဘယ်လိုနည်းနဲ့မဆို ကြိတ်ချေပစ်နိုင်တယ်…)


(အဲ့ဒီကိရိယာကိုကြည့်ရတာ အသုံးပြုဖို့ အလွန်ခက်ခဲမဲ့ပုံပေါ်ပေမဲ့ ယွမ်ရှင်းကျဲကတော့ ပေါ့ပေါ့ပါးပါးပဲ အသက်သွင်းလိုက်တယ်နော် အဲ့ဒါကတကယ့်စစ်မှန်သောစွမ်းအားလား…)


(အဲ့ဒါဆို ဘယ်လိုကန့်သတ်ချက်မျိုးက ယွမ်ရှင်းကျဲကို ချိန်ညှိဖို့ကူညီပေးတာလဲ..သူ့အဆင့်ကိုပဲ အမြင့်ဆုံးအဆင့်ဖြင့် သတ်မှတ်လိုက်တာကော မဖြစ်နိုင်ဘူးလား…)


(ဟား ဟား ဟား ဟား အပေါ်ထပ်ကလူက အမှန်တွေပြောနေပုံပဲဟေ့…)


ယွမ်ရှင်းကျဲ၏ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု စွမ်းရည်မှာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နေပြီး စမ်းသပ်ရေးစက်အသစ်များ၏ ရောင်းအားမှာ အတော်လေးပေါက်နေခဲ့သည်။


ရှင်းဟိုင်တက္ကသိုလ်မှ လူများသည်လည်း သတင်းအားကြားလိုက်ရချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားခဲ့ရ

157.2


သူတို့မှာ ယွမ်ရှင်းကျဲ၏ မက်ခါသုတေသနဌာနခေါင်းဆောင်ဟူသော သတင်းအတွက် အစာခြေနေဆဲပင်ရှိနေသေးကာ ယခုတွင် ထပ်မံ၍ သူ၏ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု SSS+ ဘော့စ်ဟူသော သတင်းမှာရောက်ရှိလာပြန်သည်။


" သေချာပေါက် သူကအသက်တူတူပဲဟာကို…"


 အော်ရီရယ် သူ၏မှတ်ဉာဏ်တုအားကြည့်ကာ မျက်ရည်များဝဲလျက် ပြောနေခဲ့သည်။


 " ဘာလို့သူရဲ့ပုံဆွဲစွမ်းရည်က ငါတို့အားလုံးထက်သာလွန်နေရတာလဲကွာ… ငါတော့အိမ်ပြန်ပြီး လယ်သာစိုက်ချင်တော့တယ်…"


ခယ့်လိုင်သည်လည်း မယုံကြည်နိုင်သည့် အမူအယာဖြင့် " စိတ်စွမ်းအားထိန်းချုပ်မှုအဆင့် SSS+ ဆိုတာက… ယွမ်ရှင်းကျဲကတကယ်ကော စစ်တပ်က ဗိုလ်လောင်းလေးပဲဟုတ်ရဲ့‌လားဟေ…"


" အဲ့ကြောင်က အသေနာတာ အံ့ဩစရာမဟုတ်တော့ဘူး…" ကာလက် သူ၏သွားများကိုကြိတ်လျက် " သူကကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာပဲ…မဟုတ်သေးဘူး ကျားသားစားချင်လို့ ကြောင်ယောင်ဆောင်နေတာ…"


လူတိုင်းပြောဆိုနေကြသည်အား နားထောင်နေရင်းမှ လော့ဝမ်ချွမ်းမပြုံးဘဲမနေနိုင်တော့ချေ။ သူ၏ချစ်သူကောင်လေးမှာ အမြဲလိုပင် လူများအား အံ့ဩသွားစေနိုင်ခဲ့သည်။


ချီယုသည်လည်း ထောင့်တစ်နေရာတွင် ရပ်နေခဲ့ပြီး အိမ်တွင်ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် မှိုင်တွေနေခဲ့သည်။


လူတိုင်း ယွမ်ရှင်းကျဲအား ချီးမွန်းနေကြသည်ကို ကြည့်နေခဲ့ပြီး ယနေ့သတင်းတွင်လည်း ယွမ်ရှင်းကျဲ၏နာမည်မှာ နေရာတိုင်းတွင်ပါဝင်နေခဲ့သည်။ ယခုအချိန်တွင် ယွမ်ရှင်းကျဲနှင့် သူသည် မတူညီသော လောကနှစ်ခုမှ လူများဖြစ်နေသည်အား သူဝန်ခံရပေမည်။


ယခင်အချိန်တုန်းက ယွမ်ရှင်းကျဲအား အထင်သေးခဲ့သည့် သူ၏အပြုအမူများမှာ ယခုအခါတွင် အလွန်ပင် ရယ်ဖွယ်‌ဖြစ်နေလေသည်။


" တကယ့်လို ယွမ်ရှင်းကျဲရဲ့ ထိန်းချုပ်မှုစွမ်းအားသာ SSS+ ဆိုရင် အက်ရှလေ၏မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာကာ ထို့နောက် ရစ်ချက်အားကြည့်၍ " ဆိုလိုတာက ယွမ်ရှင်းကျဲက မက်ခါခုန်ကျော်တဲ့အချိန် ထိန်းချုပ်မှုကို ပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်တာပေါ့…" 


ရစ်ချက်သည်လည်း ခဏကြာမျှ ကြောင်အသွားရသည်။


လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။


သူတို့အားလုံး ‌ကျောင်းပွဲနှင့် NCLM တွင် ယွမ်ရှင်းကျဲ၏ပြောင်မြောက်သော စွမ်းရည်များအား ပြန်လည်တွေးတောလိုက်ကြသည်။


အလွန်တရာတုန်လှုပ်သွားပြီးနောက် ရစ်ချက်မျက်မှောင်ကြုတ်လိုက်ကာ ဖြည်းညှင်းစွာ ပြောလာခဲ့သည်။


 " သူသာ မက်ခါခုန်မကျော်နိုင်ဘူးဆိုရင် အင်ပါယာထဲက ဘယ်သူမှလုပ်နိုင်တော့မှာမဟုတ်ဘူး…"


" အဲ့ဒါကြောင့် အရင်တစ်ခေါက် ယွမ်ရှင်းကျဲနဲ့ ငါနဲ့တိုက်တုန်းက သူကမက်ခါခုန်ကျော်ပြီး နိုင်သွားခဲ့တာ…" 


ဟဲဟောင်မင်သည်လည်း ကြောင်အနေကာ အံ့ဩထိတ်လန့်နေသည့် အမူအယာဖြင့် ပြောလာခဲ့သည်။


 " အဲ့ကလေးက အတော်လေးကို နက်နက်ရှိုင်းရှိုင်းဖွက်ထားခဲ့တာပဲ…"


ခဏကြာစဉ်းစားလိုက်ပြီးမှ " ကစားပွဲအပြီးမှာပဲ သူက သူရဲ့စိတ်စွမ်းအားကို အဆင့်မြှင့်ပေးလိုက်တယ်…အဲ့ဒါကြောင့်သာ ခုန်ကျော်တာကို ဖုံးသွားနိုင်ခဲ့တာ…အဲ့ဒီအချိန်တုန်းက ငါတို့သူအဲ့လောက်ထိစွမ်းဆောင်နိုင်မယ်လို့ ထင်မထားခဲ့မိကြ‌ဘူးလေ…"


ခယ့်လိုင်သည်လည်း ခေါင်းငြိမ့်ကာ ပြောလာခဲ့သည် " အမှန်ပဲ..ကြယ်နှစ်ထပ်မက်ခါကို ထိန်းချုပ်ထားနိုင်စွမ်းကတင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို အတိုင်းအတာတစ်ခုအထိ ပြသထားပြီးသားပဲလေ…ဒါကကျိန်းသေပေါက်ကိုသာမန်လူတွေလုပ်နိုင်တဲ့အရာမဟုတ်ဘူး…"


ရစ်ချက် တည်ငြိမ်နေဆဲပင်ဖြစ်သော လော့ဝမ်ချွမ်းအား လှည့်ကာ စိုးရိမ်တကြီးမေးလာခဲ့သည် " အဲ့ဒီတော့ ယွမ်ရှင်းကျဲက ဘယ်ချိန်ပြန်လာမှာလဲ…"


အခြားအဖွဲ့ဝင်များသည်လည်း လော့ဝမ်ချွမ်းအားကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် ရစ်ချက်အောက် မလျော့နည်းသည့် မျှော်လင့်ချက်များ ပြည့်နေခဲ့ကြသည်။


လော့ဝမ်ချွမ်း မျက်ခုံးပင့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေလိုက်သည်။


 " ကျွန်တော်လည်း မသေချာသေးဘူး..မနက်ဖြန်နေ့လည်ခင်းလောက်ပေါ့… မဟုတ်ရင်လည်း မဟုတ်ဘူး…ကံအပေါ်မူတည်တယ်…"


 သူ၏စကားလုံးများမှာ မည်သည့်စကားမှ မပြောလာသည်နှင့် ထူးမခြားနားပင်။


အကယ်၍ ကုသမှုသာ ကောင်းကောင်းပြီးသွားမည်ဆိုပါက သူသည်နောက်ဆုံးပွဲစဉ်သို့လာနိုင်မည်ဖြစ်ပြီး အကယ်၍ ၎င်းမှာ အလွန်ကြာနေခဲ့ပါက သူတို့အပေါ်တွင်သာ မူတည်နေတော့မည်။


သူ၏တည်ငြိမ်နေမှုအား မြင်လိုက်ရချိန်တွင် အက်ရှလေမေးလာခဲ့သည် " သာ့ချွမ်း မင်းကရှုံးတာ နိုင်တာကိုအရမ်းဂရုစိုက်နေကြလူလေ…အခုကျ ဘာလို့ အဲ့လောက်တည်ငြိမ်နေရတာလဲ..ယွမ်ရှင်းကျဲသာ ပြန်လာနိုင်မယ်ဆိုရင် နိုအာကိုနိုင်ဖို့အခွင့်အရေးက ပိုပြီးတိုးလာမှာဟာကို…"


လော့ဝမ်ချွမ်း၏ နှုတ်ခမ်းထောင့်လေးမှာ ဖြည်းညင်းစွာ မြင့်တက်သွားသော်လည်း သူထိုမေးခွန်းကို မဖြေခဲ့ပေ။


သူ၏စိတ်ထဲတွင် သိနေသည်မှာ ယခင်အချိန်တုန်းက သူသည်ကစားပွဲ၏နိုင်ခြင်း ရှူံးခြင်းကသာ သူအားအနည်းငယ်မျှသော ပျော်ရွှင်မှုလေးကို ယူဆောင်ပေးနိုင်ကြောင်းကိုပင်။


ယခုအချိန်တွင်တော့…


၎င်းမှာ ကွဲပြားသွားလေပြီ။


အမှန်တကယ်ပင် ရှင်းဟိုင်တက္ကသိုလ်မှကျောင်းသားများသည်သာမက NCLM ၏နောက်သို့‌လိုက်သည့် အဓိကပရိသတ်များသည်လည်း ယွမ်ရှင်းကျဲ ကွင်းပြင်ထဲသို့ ပြန်ရောက်လာမည်အား စောင့်မျှော်နေကြလေသည်။


ဖိုရမ်ပေါ်တွင် ရှင်းဟိုင်ကျောင်းသားများမှာ နေ့တိုင်းဆိုသလို ပို့စ်များတင်နေကြသည်။


နေ့စဉ်မေးခွန်း : ငါတို့ရဲ့ဘော့စ်ရှင်းကျဲက ကွင်းထဲပြန်ရောက်လာနိုင်မှာလား…"


" ငါလည်းသိချင်တယ် - ဘော့စ်ရှင်းကျဲပြန်ရောက်လာပြီးတော့ သူ့ရဲ့ သိပ္ပံသုတေသနအလယ်ခေါင်မှာ ယှဉ်ပြိုင်မှာလား…"


" နေ့စဉ် : တကယ်လို့ ဘော့စ်သာပြန်မလာနိုင်ခဲ့ရင် နိုအာကိုနိုင်ဖို့ ငါတို့ဘယ်လိုအခွင့်အရေးတွေရှိနိုင်မလဲ…"


ထောင်ချီသော စကားလုံးများအား တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်ချိန်တွင် စာကြောင်းတစ်ကြောင်းသာ ထွက်ပေါ်လာသည်။


ကြီးမြတ်သော ဘော့စ်ယွမ်ရှင်းကျဲအား မြန်မြန်ပြန်လာပြီး ချန်ပီယံပွဲကို အနိုင်ရရန် တောင်းပန်နေကြသည်….


xxxxxxx