အပိုင်း ၁၅၉
Viewers 21k

Chapter 159


မကြာမီ ဒုတိယအကျော့ အဖွဲ့လိုက်ပွဲစဉ်တွင် နိုအာစစ်တက္ကသိုလ်ဘက်မှ သူတို့၏ပြိုင်ဘက်ကင်းစွမ်းအားများကို ထုတ်ဖော်ပြသလာကြပြီး ရှင်းဟိုင်ဘက်မှလွှတ်လိုက်သည့် ချီယု၊ ကာလက်နှင့် အော်ရီရယ်တို့အား အနိုင်ရရှိခဲ့လေသည်။


ရစ်ချက်၏အမူအယာမှာမူ တည်ငြိမ်နေဆဲပင်ဖြစ်သည်။


ထို့နောက် ပထမပိုင်း၏ နောက်ဆုံးပွဲစဉ်အနေဖြင့် နောက်ဆုံးအကျော့ တစ်ဦးချင်းပွဲစဉ် စတင်လာခဲ့သည်။


ခယ့်လိုင်ရင်ဆိုင်ရသည့် ပြိုင်ဘက်မှာ SS အဆင့်ဖြစ်ပြီး ခယ့်လိုင်ပြိုင်ပွဲတစ်လျှောက်တွင် သူ၏အကောင်းဆုံးသော အဆင့်ဖြင့် ကစားခဲ့ကာ ပြိုင်ဘက်၏မက်ခါပေါ်၌ ကြီးမားသောထိခိုက်မှုတစ်ခုချန်ထားပေးနိုင်‌ခဲ့သော်လည်း သေးငယ်သောအမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။


ဒီလိုနှင့် ပထမအသုတ် မနက်ခင်းပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်သည်။


နိုအာစစ်တက္ကသိုလ်နှင့် ရှင်းဟိုင်တို့၏ရမှတ်များမှာ 5:3 ဖြစ်နေကာ နိုအာဘက်မှ 3မှတ်အသာစီးရနေခဲ့သည်။


နိုအာတက္ကသိုလ်မှ ထောက်ခံသူများ၏မျက်နှာပေါ်တွင် အပြုံးများဖြစ်ပေါ်နေပြီး ကြည့်ရသည်မှာ ယွမ်ရှင်းကျဲမပါဝင်ဘဲနှင့် နိုအာဘက်မှ ချန်ပီယံဖြစ်နိုင်သည်မှာ သေချာသလောက်ပင်ဖြစ်သည်။


ရှင်းဟိုင်ကျောင်းအဖွဲ့မှ လူများ၏ မသာယာသော မျက်နှာအမူအယာများကြောင့် ရစ်ချက် နှစ်သိမ့်ပေးလိုက်သည် " အရမ်းခံစားမနေနဲ့ မင်းတို့အားလုံးအကောင်းဆုံးကြိုးစားခဲ့တယ်…"


ထိုအချိန်၌ လူတိုင်းလာမည့်နေ့လည်စာအား စောင့်မျှော်နေလိုက်ပြီး ယွမ်ရှင်းကျဲ ဖြစ်နိုင်သမျှမြန်မြန် ပြန်လာမည်အား မျှော်လင့်နေကြသည်။


တော်ဝင်မြို့တော် ပရက်စ်ဆေးရုံတွင်…


ယွမ်ရှင်းကျဲမှာ ဆေးကုသခန်းထဲတွင် အိပ်ပျော်နေဆဲဖြစ်သည်။


ထိုးစစ်ခံစစ်ပွဲစဉ်မှာ ယနေ့နေ့လည်ခင်း သုံးနာရီခွဲအချိန်တွင် ပွဲစီစဉ်သူများမှ ပြုလုပ်သည့် ကြီးမားသော တိုက်ပွဲကွင်းပြင်တစ်ခုတွင် ကျင်းပမည်ဖြစ်သည်။


တော်ဝင်မြို့တော်ကြယ်ပွင့်ဆေးရုံမှ နိုအာကြယ်ပေါ်သို့သွားရောက်ရန်မှာ အချိန်တစ်နာရီမျှ ကြာမြင့်လေသည်။


ပြောရမည်ဆိုလျှင် အကယ်၍ ကုသမှုအား နှစ်နာရီတိတိတွင် အဆုံးမသတ်နိုင်ခဲ့ပါက ယွမ်ရှင်းကျဲ ပြိုင်ပွဲအား လွတ်သွားနိုင်ပေမည်။


ကျောင်းထဲတွင် ကျန်ရစ်ခဲ့ကြသော တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ရှင်းဟိုင်တက္ကသိုလ်မှကျောင်းသားများမှာ တစ်မနက်ခင်းလုံးတွင် အတက်အဆင်း လှိုင်းလုံးကြီးများနှင့် ကြုံတွေ့ခဲ့ရပြီး အဆုံး၌ နောက်တွင်ကျန်ရစ်ခဲ့သော အမှတ်များကြောင့် တိုင်းတာ၍မရသော စိုးရိမ်သောကကြီးနေသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရသည်။


" ဘယ်လိုလုပ်ကြမလဲ အမှတ်က၃မှတ်တောင် နောက်ကျနေတာ…" လုရန်ရှုစိုးရိမ်တကြီး ပြောလိုက်လေသည် " ငါတို့ကျောင်းက ချန်ပီယံပွဲကို နိုင်နိုင်ပါဦးမလား…"


စုကျီနန် သူ၏မျက်လုံးများကိုပိတ်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် သုံးသပ်လိုက်သည် " ရစ်ချက်ရဲ့ဗျူဟာကတော့ အမှန်ပဲ…ဒီမနက်ခင်းမှာ အဲ့နှစ်မှတ်ရအောင်ပဲ အကောင်းဆုံးကြိုးစားခဲ့ကြတာ…တကယ်လို့ သူတို့သာ အားအင်ချွေတာလိုက်မယ်ဆိုရင် တစ်မှတ်တောင်မှ ရနိုင်တော့မှာမဟုတ်ဘူး…"


လုရန်ရှုမှာ စိတ်ပျက်‌အားလျော့နေပြီး " မဖြစ်နိုင်ဘူး…မနှစ်ကချန်ပီယံဆုရှင် နိုအာက အရမ်းအားကောင်းလွန်းတယ်…"


" အခွင့်အရေးတော့ရှိနေပါသေးတယ်…" စုကျီနန် တစ်မိနစ်ခန့်မျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည် " သူတို့ ဒီနေ့လည်ခင်း ခြောက်ယောက်ပွဲစဉ်ကို နိုင်‌သွားမယ်ဆိုရင် ငါတို့၄မှတ်ရပြီးတော့ ချန်ပီယံဖြစ်နိုင်လိမ့်မယ်…သေချာတာပေါ့ ယွမ်ရှင်းကျဲသာ ပြန်မလာနိုင်ခဲ့ရင်တော့ ဒီအခြေအနေတွေက အရမ်းခက်ခဲသွားမှာကို ငါကြောက်မိတယ်…"


လုရန်ရှု စိတ်လှုပ်ရှားနေမှုဖြင့် သူ၏အလင်းမျက်နှာပြင်အားကြည့်လိုက်ပြီး ယွမ်ရှင်းကျဲ စာအမြောက်အများပေးပို့လိုက်သော်လည်း တုံ့ပြန်လာခြင်းတော့မရှိချေ။


ဖြစ်နိုင်သည်မှာ…


ယွမ်ရှင်းကျဲ အမှန်တကယ်ပင် တိုက်ပွဲကွင်းပြင်သို့ ပြန်မသွားနိုင်တော့မည်လား..


ယခုအချိန်အတောအတွင်း ရှင်းဟိုင်တက္ကသိုလ်အိုမီဂါမက်ခါအဖွဲ့အစည်း၏အခြေအနေမှာ ပို၍ကောင်းမွန်လာခဲ့သည်။ အဖွဲ့အစည်းတစ်ခုလုံးရှိ လူတိုင်းမှာ ယွမ်ရှင်းကျဲ နောက်ဆုံးပွဲစဉ်တွင် ပေါ်လာပြီး အရင်အချိန်က လုပ်ပြခဲ့သော သူ၏ပုံစံကို ပြန်လည်ထုတ်ဖော်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။


.........


နေ့လည် နှစ်နာရီရှိပြီဖြစ်သည်။


ယွမ်ရှင်းကျဲနိုးလာချိန်တွင် သူ၏စိတ်မှာ အချိန်ခဏကြာရှုပ်ထွေးနေပြီး အလျင်အမြန်ထမထိုင်လိုက်ခင် ဆေးကုသခန်း၏ ဘေးတွင်ရပ်နေသောဆရာဝန်အား လှမ်းမေးလိုက်သည်။


" အခုဘယ်အချိန်ရှိနေပြီလဲ..ပြိုင်ပွဲကိုသွားဖို့ အရမ်းနောက်ကျသွားပြီလား…"


" ဒုတိယအရှင်… ပြိုင်ပွဲကိုအရင်ဆုံးစိတ်မပူပါနဲ့ဦး…" ဌာနမှုးမှာ ရှေ့တိုးလာပြီး စိတ်လှုပ်ရှားနေသည့်အမူအယာဖြင့် ပြောလိုက်လေသည်။


 " ကုသမှုက အခုပဲ မင်းရဲ့ဂလင်းတွေမှာ အတက်အကျရှိနေသေးတာကို ပြလာခဲ့တာ…အဲ့ဒီအတက်အကျတွေက အရမ်းသေးငယ်တယ်ဆိုပေမဲ့ ကျွန်တော်တို့ ဘာ‌လို့ဒါတွေဖြစ်ရလဲဆိုတာကို စစ်ဆေးရဦးမယ်..အဲ့ဒါက ကောင်းတဲ့အရာပါ.. အဲ့ဒီအရာ‌တွေ မတည်မငြိမ်ဖြစ်နေတယ်ဆိုတာက မင်းရဲ့ဂလင်းတွေပြန်ကောင်းလာနိုင်ဖို့အတွက်မျှော်လင့်ချက်ရှိသေးတယ်လို့ဆိုလိုတာပဲ…"


ယွမ်ရှင်းကျဲ ခဏကြာ ကြောင်အသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ " အဲ့ဒီတော့ ဒါကကျွန်တော်ပြိုင်ပွဲပြိုင်ဖို့ကို သက်ရောက်နိုင်မလား…"


" တကယ်လို့ မင်းသာပြိုင်ပွဲထဲ ပြန်သွားမယ်ဆိုရင် ဂလင်းအပေါ်သက်ရောက်မှုရှိသွားနိုင်တယ်…အကောင်းဆုံးကတော့ လှဲချလိုက်ပြီး အနားယူတာပါပဲ.." ဌာနမှုးမှ ယွမ်ရှင်းကျဲအား ပြောလာခဲ့သည်။


 " မင်းရဲ့ဂလင်းတွေရဲ့အနာဂတ်နဲ့ တော်ဝင်မင်းသားစုအတွက် မင်း…"


" ကျွန်တော်အဲ့လောက်မပျော့ဘူး…" တုံ့ဆိုင်းနေခြင်းပင်မရှိ ယွမ်ရှင်းကျဲ လက်တစ်ဖက်ဖြင့် ဆေးကုသခန်း၏အဖုံးအား တိုက်ရိုက်မလိုက်ကာ လှန်ချလိုက်ပြီး ခုန်ထွက်လာခဲ့သည်။


 " ကျွန်တော်ပြိုင်ပွဲကိုသွားမှာ…"


ဌာနမှုးနှင့်ဆေးရုံဝန်ထမ်းများမှာမူ သူ၏နောက်မှ စိုးရိမ်တကြီးလိုက်လာခဲ့ကြသည်။


" မင်းအဲ့လိုလုပ်လို့မရပါဘူး…"


" ဒါကဒီတိုင်းဆဲလ်အတက်အကျသေးသေးလေးပါပဲလေ…" 


ယွမ်ရှင်းကျဲ သူတို့အား စိုက်ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။


 " ကျွန်တော့်ရဲ့ဂလင်းတွေ ၁၀၀ရာခိုင်နှုန်းအပြည့် သက်သာလာမဲ့အချိန်ကျမှပဲ စကားလာပြောတော့…"


သူ့အတွက်မူ ဂလင်းများပြန်ကောင်းလာနိုင်ခြေ၏ ရာခိုင်နှုန်းနည်းနည်းမှာ ချန်ပီယံပွဲအား အနိုင်ရခြင်းလောက် အရေးကြီးမနေပေ။


ဆရာဝန်များအတွက်မူ ထိုဖြစ်နိုင်ချေသေးသေးလေးကပင် သူတို့၏ဘဝထက်အရေးကြီးလေသည်။


၎င်းမှာ အနာဂတ်အင်ပါယာ၏ဂလင်းများဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ဆရာဝန်များမှ မည်မျှပင်တားဆီးကြပါစေ ယွမ်ရှင်းကျဲမှာ တွေးပင်မတွေးတော့ဘဲ ယခင်အချိန်ကဲ့သို့ ဆေးရုံမှထွက်ခွာသွားခဲ့သည်။


ဌာနမှုးမှာမူ ငိုချင်မိသော်လည်း မျက်ရည်ကျမလာချေ။ သူပြန်လှည့်ရုံသာ တတ်နိုင်ခဲ့ပြီး အခြားဆရာဝန်များအား လှည့်ပြောလိုက်သည်။


 " လူတိုင်း အမြန်အဲ့ဒီဆဲလ်တွေဘာလို့အတက်အကျဖြစ်ရလဲဆိုတာကို လေ့လာပြီး ဖြေရှင်းနိုင်မဲ့နည်းလမ်းကို တတ်နိုင်သမျှ အမြန်ရှာဖွေလိုက်ကြ…"


မည်သူကမျှ အပါးခိုမနေရဲချေ။ အလျင်အမြန်ပင် အစည်းအဝေးများခေါ်လိုက်ကာ အစီအစဉ်များအကြောင်း ဆွေးနွေးလိုက်ကြသည်။


......


နေ့လည်ခင်းသုံးနာရီရှိပြီဖြစ်သည်။


ပထမအကျော့ ထိုးစစ်ခံစစ်ပွဲစဉ်မှာ စတင်တော့မည်။


တောက်လောင်နေသည့် နေလုံးမှာ ကောင်းကင်ပေါ်တွင်ရှိနေပြီး ကစားသမားများသည် စီစဉ်သူများမှ ပြင်ဆင်ပေးသည့် ကြီးမားသော ကွင်းပြင်ထဲသို့ တစ်ဖွဲဖွဲရောက်လာခဲ့ကြသည်။


ကွင်းထဲသို့ မဝင်ခင် ဂိတ်တံခါး၏အပြင်ဘက်တွင် သတင်းထောက်များစွာရှိနေကြသော်လည်း ယွမ်ရှင်းကျဲပေါ်လာသည်ကိုမူ မမြင်ရသေးပေ။


ရှင်းဟိုင်ကျောင်းအဖွဲ့ဝင်များ၏မျက်နှာအမူအယာများမှာမူ သိပ်မကောင်းလှချေ။ သူတို့ နာရီအား အချိန်နှင့်အမျှ ကြည့်နေခဲ့ကြသည်။


ယွမ်ရှင်းကျဲ ရောက်လာနိုင်ရန်မှာ မဖြစ်နိုင်တော့သည့်ပုံပင်။


နိုအာစစ်တက္ကသိုလ်များသည်လည်း ထိုဖြစ်နိုင်ခြေအား တွေး‌မိကြသဖြင့် မနေနိုင်ဘဲ ပြုံးနေကြလေသည်။


သူတို့၏ရည်ရွယ်ချက်များကိုမူ ဖုံးကွယ်ထားခြင်းမရှိတော့ပေ။ ခြောက်ဦးချင်းပွဲ၏ကွင်းပြင်တွင် ရှင်းဟိုင်အား တိုက်ရိုက်ပင် ဖိချေကာ ချန်ပီယံဆုအား ကြီးမားသောရလဒ်ကြီးဖြင့် ရယူလိုက်ချင်နေကြသည်။


" ငါတို့သေချာပေါက်ပြိုင်ပွဲကို 9:2 နဲ့နိုင်ရမှာပဲ…" နိုအာ၏ရီဗွန်မှ ပျော်ရွှင်နေသည့်အသံဖြင့် ပြောလာခဲ့သည်။


 " ရှင်းဟိုင်ရဲ့ခွန်အားက ငါတို့ထင်ထားတာထက်ပို၍နည်းတာပဲ..အဲ့ဒီလှည့်စားတတ်တဲ့ကစားသမား ယွမ်ရှင်းကျဲမပါရင် သူတို့မှာ ဝှက်ဖဲမရှိတော့ဘူးလေ… ငါတို့ကြောက်နေစရာမလိုဘူး .."


တခြားတစ်ဖက်တွင် ရှင်းဟိုင်ကျောင်းအဖွဲ့ဝင်များ၏အမူအယာများမှာ ပို၍ပင် တည်ငြိမ်လာခဲ့သည်။

159.2


ရှင်းဟိုင်ကျောင်းဝန်းတွင် ထုတ်လွှင့်ပြသနေသည့် မျက်နှာပြင်ပေါ်မှ ယွမ်ရှင်းကျဲ၏ပျက်ကွက်မှုကို ကြည့်နေသည့် ကျောင်းသားများမှာမူ အနည်းငယ် စိုးရိမ်တကြီးဖြစ်နေကြပြီး တိတ်ဆိတ်နေသည့်ကစားကွင်းမှာမူ ပို၍ပင်ဆူညံလာခဲ့သည်။


" ဘာဖြစ်တာလဲ ယွမ်ရှင်းကျဲက တကယ်ပဲလက်လျော့လိုက်ပြီလား…"


" ရှင်းဟိုင်က ဒီနှစ်အရမ်းကိုကောင်းကောင်းလုပ်ခဲ့ကြတာ.. ပြီးတော့ ငါတို့အတွက် နောက်ဆုံးပွဲစဉ်တက်နိုင်ဖို့တာ လွယ်ကူတာမဟုတ်ဘူး… ငါတို့ဒီမှာရပ်လိုက်ရဖို့ မဖြစ်နိုင်ဘူး.. ဒုတိယဆုပဲယူရတေ့ာမှာလား…"


" ငါရှင်းဟိုင်ကချန်ပီယံဆုရမဲ့ သမိုင်း‌ကြောင်းကို မျက်စိနဲ့မြင်ကြည့်ချင်သေးတယ်… ဘော့စ်ရှင်းကျဲ ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ…"


" ငါတော့တကယ်စိုးရိမ်နေရပြီ တကယ်လို့သာ ယွမ်ရှင်းကျဲမရောက်လာနိုင်ခဲ့ဘူးဆိုရင် ရလဒ်က 2:5 ဖြစ်သွားတော့မှာ.."


" ဒါကနောက်ဆုံးတစ်ပွဲပါပဲ… ယွမ်ရှင်းကျဲပြန်ရောက်လာပြီးတော့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်…"


"...."


လူတိုင်းမှာ တစ်ယောက်တစ်ပေါက် ပြော‌ဆိုနေကြပြီး လုရန်ရှူ၏မျက်နှာမှာမူ စိုးရိမ်မှုအပြည့်ဖြစ်လာခဲ့သည်။


သူယွမ်ရှင်းကျဲအား ပို့လိုက်သည့်စာမှာ ယခုထိပြန်စာမရသေးချေ။


[ ရှငျးကြဲ နိုးလာပါတော့ အားးးးးးးးးးးးးးးးးးးးးးးး ]


[ ရှင်းကျဲ NCLM ကမင်းကိုလိုအပ်နေတယ်… ရှင်းဟိုင်ကျောင်းကလည်း မင်းကိုလိုအပ်နေတယ် ]


[ ခြောက်ဦးချင်းပွဲစဥ်ကစတော့မယ် ]


[ မင်းပြန်လာပြီးတော့ ငါတို့ကိုရွှေရောင်ဆုတံဆိပ်ကို ပြပေးနိုင်မလားဟင် ]


နာရီမှာ 3:20 ရှိပြီဖြစ်သည်။


ကစားသမားများမှာ ကွင်းပြင်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြသည်။


ရစ်ချက် အံတင်းတင်းကြိတ်ကာ လူအုပ်ထဲသို့ပြောလိုက်လေသည်။


 " ရှင်းကျဲ မလာ‌နိုင်လောက်တော့ဘူး…လော့ဝမ်ချွမ်း ဟဲဟောင်မင် ခယ့်လိုင် အက်ရှလေ ကာလက် နဲ့ အော်ရီရယ်တို့ မင်းတို့မြန်မြန်လေး…"


လုရန်ရှူ ရစ်ချက်လူရွေးနေသည်အား ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူ၏မျက်လုံးများကိုပိတ်ချလိုက်သည်။


ကြည့်ရသည်မှာ ယွမ်ရှင်းကျဲပြိုင်ပွဲအား လွတ်သွားမည့်ပုံပင်။


လုရန်ရှုစိတ်ဓာတ်ကျနေသည့်ခံစားချက်ထဲသို့ ကျရောက်နေချိန်မှာပင် စုကျီနန်မှ အံ့ဩထိတ်လန့်နေသောအသံဖြင့် ပြောလာခဲ့သည်။


 " ကြည့် ကြည့်လိုက် သူမင်းကို စာပြန်လာတယ် …"


လုရန်ရှု ထိတ်လန့်တကြားဖြင့် သူ၏မျက်လုံးများအား ဖွင့်လိုက်လေသည်။


ချက်ချင်းဆိုသလိုပင် အလင်းမျက်နှာပြင်အား မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်လိုက်မိသည်။


သူမြင်လိုက်ရသည်မှာ ယွမ်ရှင်းကျဲ၏အတိုချုံးစကားတစ်လုံးတည်းပင်။


[ စောင့်ဦး ]


" ငါ့ချီး " လုရန်ရှုရှော့ရနေမှုကြောင့် အော်ဟစ်မိသွားကာ " ငါဂရုစိုက်လိုက်မယ်…"


သူသည်လည်း ထိတ်လန့်နေမှုမှ မသက်သာသေးချေ။


သူ၏ဘေးရှိ ကျောင်းသားများအားလုံးမှာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားကြသည်။


အလင်းမျက်နှာပြင်ပေါ်တွင် ကစားသမားများအား မသတ်မှတ်‌မီ တစ်စက္ကန့်အလို၌ ကွင်းထဲသို့ ဝင်ရောက်လာသော လူတစ်ဦး၏အရိပ်ပေါ်လာခဲ့လေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသော ကျောင်းသားအားလုံးမှာ တစ်စုံတစ်ယောက်မှ ထိတ်လန့်နေမှုကြောင့် ထမငိုလိုက်ခင်အထိ တစ်စုတဝေးတည်း ကြောင်အနေကြရသည်။


နောက်ထပ်စက္ကန့်အနည်းငယ်အကြာတွင် တက်ကြွနေသော အားပေးသံများ ကွင်းထဲမှ ထွက်ပေါ်လာသည်။


(အားး အားးး ယွမ်ရှင်းကျဲပြန်ရောက်လာပြီ…)


(သူတကယ်ပြန်ရောက်လာတာပဲ…)


(ရှင်းဟိုင်အတွက် မျှော်လင့်ချက်ရှိပြီ… ငါတို့ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ပြီ…)


(ဘော့စ်ရှင်းကျဲ မင်းတကယ်ပြန်ရောက်လာတာပဲ…)


အဆုံးတွင် ထိုအားပေးသံများမှာ တစ်ညီတညာတည်းဖြစ်လာကြသည်။


သူတို့အားလုံးမှာ အော်ဟစ်နေကြလေသည် 


" ရှင်းကျဲ သွားသွား… ရှင်းဟိုင်ကျောင်း လုပ်လိုက်စမ်းပါ …"


ယွမ်ရှင်းကျဲ၏ပုံရိပ်အား မြင်လိုက်ရချိန်တွင် ကွင်းထဲသို့ဝင်ရန်အစပြုနေသည့် အဖွဲ့သားများမှာလည်း အလွန်‌အံ့ဩသွားကြရသည်။


လော့ဝမ်ချွမ်းမှာ မသိစိတ်ကြောင့် မမေးလိုက်မိခင် စက္ကန့်အနည်းငယ်မျှ ကြောင်အနေခဲ့သည်။


 " မင်းအဆင်ပြေရဲ့လား…"


" အင်းး " ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်ကာ " ကျွန်တော်ပြိုင်နိုင်ပါတယ်…"


ထိုအချိန်၌ သူ ဂလင်းဆဲလ်များ၏ အတက်အကျဖြစ်နေသည့်အကြောင်းအား မပြောပြခဲ့ချေ။


ပထမဆုံးအနေဖြင့် သူ့အား လော့ဝမ်ချွမ်းမှ ကစားခွင့်မပြုမှာကိုစိုးရိမ်မိပြီး ဒုတိယတစ်ခုကတော့ လော့ဝမ်ချွမ်း၏စိတ်အခြေအနေအား သက်ရောက်သွားစေမှာကို သူကြောက်နေမိသောကြောင့်ပင်။


" နောက်ဆုံးတော့ မင်းပြန်ရောက်လာခဲ့ပြီ "


 ရှားရှားပါးပါး နဖူးပြင်တွင် ချွေးများစိုရွှဲနေသည့် ရစ်ချက်မှာ ထိုအချိန်တွင် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ " မြန်မြန် မြန်မြန်လေး အော်ရီရယ်ရဲ့နေရာကိုယူလိုက်…"


အော်ရီရယ်မှာမူ စိတ်လှုပ်ရှားနေမှုကြောင့် ငိုချလိုက်မိပြီး ထို့နောက် မျက်ရည်များဖြင့် ပြောလာခဲ့သည်။


 " မနက်က ကျွန်တော်ရှုံးသွားခဲ့တုန်းက လူတိုင်းကိုဆွဲချမိသွားပြီလို့ ခံစားနေခဲ့ရတာ… တကယ်လို့သာ ကျွန်တော်တို့ဒီမှာ ထပ်ရှူံးရရင်…"


" မငိုပါနဲ့…" 


ယွမ်ရှင်းကျဲ အော်ရီရယ်အား နှစ်သိမ့်လိုက်ပြီး 


" မင်းရဲ့တောင့်ခံပေးမှုမရှိဘဲနဲ့ ရှင်းဟိုင်ကဒီနောက်ဆုံးပွဲစဉ်ထိ ရောက်လာမှာ မဟုတ်ဘူးလေ..ပြီးတော့ ငါလည်း ဒီကွင်းပြင်ထဲကို ပြန်လာနိုင်ဖို့ အခွင့်အရေးရမှာမဟုတ်ဘူး…"


လူအုပ်ထဲသို့ကြည့်ကာ ယွမ်ရှင်းကျဲ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။


 " ကျွန်တော်ကသာ ပြိုင်ပွဲကိုဆက်လက်ပါဝင်နိုင်ဖို့ အခွင့်အရေးပေးခဲ့ကြလို့ လူတိုင်းကိုကျေးဇူးတင်ရမှာပါ…"


ယွမ်ရှင်းကျဲခိုင်မာသော စကားလုံးများနှင့် မျက်လုံးများကို မြင်လိုက်ရချိန်၌ ထိုအခိုက်အတန့်တွင် ရှင်းဟိုင်ကျောင်းမှအဖွဲ့ဝင်များသည် မကြုံစဖူးသော ညီညွတ်မှုအား ခံစားလိုက်ရသည်။


xxxxxxxx