အပိုင်း ၁၆၂
Viewers 17k

Chapter 162


"ငါအရင်သွားပြီး လမ်းဖောက်လိုက်မယ်...ငါ အမှတ်အသားလုပ်ထားတဲ့နေရာတွေက တိုက်ရမဲ့နေရာတွေပဲ...သူတို့ကို အရှိန်အပြည့်နဲ့ဗုံးကြဲဖို့သတိရဦး"


ခဲ့လိုင်က ချက်ချင်း သဘောတူသည်။


ဟဲဟောင်မင်နှင့်ကာလက်တို့၏ ခုခံရေးပုံစံနှင့် နှိုင်းယှဥ်ပါက သူတို့နှစ်ယောက်ဟာ လက်ဦးကာ

တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြပြီး အကြောင်းမှာ

ပြိုင်ဘက်မက်ခါများက အဝေးပစ်မက်ခါတွေမဟုတ်သည့်အတွက်ပင်။


ချက်ချင်းဆိုသလို အက်ရှလေ၏အရိပ်မက်ခါက ဖုံးကွယ်ထားသော အခြေအနေမှာရှိသည့် ပြိုင်ဘက်များ၏တည်နေရာကို ဖမ်းယူမိသွားပြီး

မြေပုံပေါ်မှာ အမှတ်မှတ်လိုက်၏။ 


ခဲ့လိုင် ခုန်တက်လိုက်သည်။ လေထဲကနေ ဧရာမတင့်ကားကြီးလိုမျိုး အလင်းမှုန်အ​မြောက်ဖြင့် "ဘုန်း"ခနဲ နိုရာမက်ခါကို တိုက်ခိုက်လိုက်၏။


အပြင်းအထန် ရုတ်ရင်းဆန်ခတ်ဖြစ်သည့်မနက်ခင်းတစ်ခုအပြီးမှာ ရှင်းဟိုင်က ဤသို့သော သန်မာသည့်ပေါက်ကွဲအားရှိနိုင်နေဦးမည်ဟု 

နိုရာကစားသမားများ မမျော်လင််ထားမိခဲ့ကြဘဲ 

ခေတ္တမျှ  ကြက်သေသေသွားကြကုန်သည်။ 


သူတို့အနေဖြင့်  မူလတုန်းက မြောက်ဘက်နှင့်တောင်ဘက်တွေမှာ ​မြေအနေအထားအရ အားသာချက်ရှိခဲ့သော်လည်း ယခုမူ ကျရှုံးလုနီးပါးပင်။


"Fuck"


နိုရာ၏နည်းပြက ဤမြင်ကွင်းကို ဘေးကနေမြင်လိုက်ရပြီး ချက်ချင်း စိုးရိမ်သွားတော့၏။


"သူတို့ဘယ်လိုလုပ် အဲ့လောက်တိတိကျကျ ဆုံးဖြတ်နိုင်တာလဲ"


သူတို့က(ရှင်းဟိုင်) သူတို့ရဲ့အစီအစဥ်ကိုကြိုသိနေသလိုမျိုးကြီး...


တောင်ဘက်နှင့်မြောက်ဘက်ကတိုက်ပွဲအခြေအနေကို စိတ်ပူရန် အချိန်မရသေးခင်မှာပင် အရှေ့နှင့်အနောက်ဘက်ခြမ်းတွေမှာလည်း စတင်တိုက်ခိုက်နေကြသည်ကို သူမြင်လိုက်ရသည်။


ယွမ်ရှင်းကျဲ၏မက်ခါက အလွန်အမင်းကို မြန်၏။ ပထမဆုံးသူက အရှေ့ဘက်ရှိ ချောက်ကြီးရှေ့တွင် ခဏမျှလေ့လာနေခဲ့ပြီး ၎င်းနောက် သူက ချောက်ကမ်းပါးပေါ်သို့ ခပ်မြန်မြန် တက်လေသည်။


ပရိသတ်တွေ အပြုံလိုက်ကြီး အော်မိတော့၏။


ယွမ်ရှင်းကျဲ၏"အမည်မသိမက်ခါ"က အရှိန်မြန်နေရုံတင်ဆိုလျှင် အဆင်ပြေပါသော်ငြား စွမ်းအားကြီးသော အတက်စွမ်းရည်လည်းရှိနေပြီး ချောက်ကမ်းပါးကို လွယ်လင့်တကူ မရပ်မနားတက်နိုင်နေ၏။


မက်ခါတွေက အံ့မခန်းလေးလံတဲ့အရာတွေလေးးးး...


"သူ့မက်ခါ...ဒါကြီးက သဘာဝကိုဖီဆန်လွန်းတယ်မလား"


အော်ရီရယ်၏မျက်လုံးများက အံဩတုန်လှုပ်မှုကြောင့် ပြူးကျယ်နေလေသည်။


"သူတက်တဲ့ပုံစံက လူသားတစ်ယောက် တက်တဲ့ပုံစံ နဲ့ ကွာခြားချက်မရှိလုနီးပါးပဲ"


ရစ်ချက်ကလည်း ဆွံ့အနေရင်း ယွမ်ရှင်းကျဲကို ငေးကြည့်နေခဲ့၏။ ခဏအကြာတွင် သူ မယုံသင်ကာဖြင့် ပြောလိုက်သည်။


"ဒါက...လူသားနဲ့စက်ရုပ် ပေါင်းစည်းမှုလား"


ယွမ်ရှင်းကျဲက မက်ခါကို သူ၏အာရုံကြောများနှင့် ခြေလက်အဂ်ါများက ယင်းမက်ခါနှင့် ပေါင်းစပ်ထားသလိုမျိုး ကျွမ်းကျင်စွာ စီမံထား၏။ မက်ခါက အလွန်လျင်မြန်စွာ တက်နေခဲ့ပြီး မက်ခါများစွာကို မြင်ဖူးသည့် ရစ်ချက်ပါ အံအားသင့်သွားခဲ့သည်။ 


မှန်ပေ၏၊ ယွမ်ရှင်းကျဲက သူ့အသင်းဖော်များနှင့် ကွဲသွားသည့်အချိန်မှာ လူသားစက်ရုပ် ပေါင်းစည်းမှုအခြေအနေကို အောင်အောင်မြင်မြင် ဝင်ရောက်သွားခဲ့ခြင်းဖြစ်လေသည်။


သို့ပေမဲ့ ထိုဟာက အနိုင်ရလိုသော ဆန္ဒကြောင့်မဟုတ်ကြောင်း သူသိပါ၏။


တာဝန်သိစိတ်ကြောင့်သာ ဖြစ်ပေသည်။ 


သူဟာ သူ့အသင်းဖော်များအတွက်၊သူကိုယ်တိုင်အတွက်၊ သာ့ချွမ်းအတွက် ပြိုင်ပွဲကိုအနိုင်ရရမည်ပင်...


အရှေ့ဘက်ရှိ အလင်းဓါးမက်ခါကား နိုရာ၏ကပ္ပတိန်မောင်းနှင်ခြင်းဖြစ်၏။


အလင်းဓါးမက်ခါက ဤသို့မတ်စောက်သည့်မြေမျိုးတွင် စွမ်းအားအမြင့်ဆုံးနှင့် လိုက်လျောညီထွေမှုအရှိဆုံးမက်ခါဖြစ်ပြီး သူ၏ ပြိုင်ဘက်ကိုဟန့်တားနိုင်သောစွမ်းရည်ကား သေလောက်အောင်ပင်။


သို့သော်ငြား နိုရာ၏ကပ္ပတိန် မလှုပ်ရှားရသေးခင်မှာပင် ယွမ်ရှင်းကျဲ၏ "အမည်မသိ"မက်ခါက သူဆီကို တက်လာနေလေပြီ။


အလင်းဓါးမက်ခါက အလင်းမှုန်အမြောက်များစွာကို အလျင်အမြန်ပစ်လိုက်ပြီး ယွမ်ရှင်းကျဲ၏ချီတက်လာမှုကို တားဆီးရန်ကြိုးစားလေသည်။


သို့သော် သူမမျှော်လင့်ထားသည်ကား ယွမ်ရှင်းကျဲက သက်သက်သာသာဖြင့်လွတ်မြောက်သွားပြီး အရှိန်ပါတိုးလာသည်ကိုပင်...


နောက်တစ်စက္ကန့်၌ ယွမ်ရှင်းကျဲ၏"အမည်မသိ"မက်ခါက ချောက်ကြီး၏ထိပ်သို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်သွားပြီး ခုန်တက်ကာ အနည်းငယ်မျှပင် ရပ်ဆိုင်းခြင်းမရှိပါဘဲ အလင်းဓါးမက်ခါကို စတင်တိုက်ခိုက်လိုက်၏။


မက်ခါနှစ်ခုက ထိပ်တိုက်ရင်ဆိုင်နေကြပြီး အပြင်းအထန်တိုက်ခိုက်နေကြသည်။


ယွမ်ရှင်းကျဲက နောက်ဆုံးတွင် သူ့ကျောထက်မှ လက်နက်များတဖြစ်လဲ ရှည်လျားထက်ရှသော အလင်းဓါးနှစ်ချောင်းကို ဆွဲထုတ်လိုက်၏။


ဓားများက ပြန့်ကား လေးလံပြီး အလင်းဓားရှည်တစ်လက်ထက် စွမ်းအားပိုကြီးကာ ပျော့ပြောင်းမှုလည်းနည်းလေသည်။


သို့ရာတွင် ယွမ်ရှင်းကျဲ၏လက်ထဲရှိ အနှီအလင်းဓားနှစ်လက်ဟာ စစ်သည်တော်၏ဓားများကဲ့သို့ပင်။ စက္ကန့်ပိုင်းလေးအတွင်းမှာ တိမ်တွေရေတွေလို စီးဆင်းနေသည့် ဓားအတတ်ပညာအစုံအလင်က လေထဲတွင် ငြိမ််ညောင်းလှသော အသံတစ်ခုကိုဖြစ်တည်လာစေပြီး လူတိုင်း၏နှလုံးသားကို ရှော့ရသွားစေခဲ့သည်။


နိုရာ၏ကပ္ပတိန်အနေဖြင့် ပထမတုန်းက  ယွမ်ရှင်းကျဲကို မျက်လုံးထဲတွင်မထည့်ခဲ့သော်လည်း ဤကနဦးထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် သူတကယ်ကို နောက်ဆုတ်ခဲ့ရ၏။


ဘယ်မက်ခါကမှ အနီးကပ်တိုက်ပွဲမှာ အလင်းဓါးမက်ခါကို မယှဥ်နိုင်ကြောင်း လူတိုင်းသိကြသည်။


ထို့အပြင် ယွမ်ရှင်းကျဲဟာ မည်သည့်လှည့်ကွက်ကိုမှ အသုံးမပြုခဲ့သလို စက်ရုပ်သားရဲကိုလည်း

မသုံးခဲ့...


သူက သူ၏SS+အဆင့်ပြိုင်ဘက်ကို ခွန်အားသက်သက်ကို အကြွင်းမဲ့ မီတည်၍ ဆယ်မီတာကျော်ကျော်ပြန်ဆုတ်စေခဲ့၏။


"ဒါ....."


နိုရာ၏ကပ္ပတိန် ရှော့ရလွန်း၍ စကားပင်မပြောနိုင်တော့ချေ။ 


"ဒါက သောက်ရမ်း....."


ခဏအကြာမှသာ သူဝါကျအပြည့်အစုံကို ထုတ်ပြောနိုင်သွားသည်။


"ယွမ်ရှင်းကျဲက အရင်တုန်းက Aအဆင့်တိုက်ခိုက်သူမဟုတ်ဘူးလား..."


ဂလင်းများကိုလှီးထုတ်ပြီးနောက်ပိုင်း သူ၏ခွန်အားက တိုးတက်လာသည်ဆိုလျှင်ပင် SS+မက်ခါနှင့်ယှဥ်ရန်မဖြစ်နိုင်ပေ။


ပရိသတ်တွေလည်း ဤမြင်ကွင်းကြောင့် အလန့်တကြားဖြစ်ကုန်ကြပြီး သူတို့ ယခုသို့ပင်ခံစားလိုက်ရကြ၏...


ယွမ်ရှင်းကျဲရဲ့လက်ရှိခွန်အားက လော့ဝမ်ချွမ်းအောက်နိမ့်ကျမနေဘူးဟ...


ဒါတကယ်ဖြစ်နိုင်လို့လား...


နောက်တစ်စက္ကန့်မှာပင် လူတိုင်း၏သံသယကို အတည်ပြုပေးဟန်ရှိသည့် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။


အလင်းဓါးမက်ခါ နောက်ဆုတ်ရန်ဖိအားအပေးခံရပြီးနောက်တွင်  ယွမ်ရှင်းကျဲ အမာခံနယ်မြေဆီသို့ ဆက်သွားခြင်းကနေ ကာကွယ်ရန်အတွက် နိုရာ၏ကပ္ပတိန်ကလည်း လူသားစက်ရုပ်ပေါင်းစည်းမှုအခြေအနေထဲကိုဝင်ရောက်လိုက်ပြီး အလင်းဓားရှည်ကို အလွန်အမင်းထူးဆန်းလှသောထောင့်တစ်ခုဝယ်  ကိုင်ဆောင်ပြီး "အမည်မသိ"မက်ခါကို တိုက်ခိုက်လေသည်။ 


ယွမ်ရှင်းကျဲက မပုန်းကွယ်ရုံတင်သာမက

လက်ဦးမှုယူကာပင် ပြန်တိုက်လိုက်လိုက်သေး၏။

162.2


သူ၏ပြိုင်ဘက်နှင့် မီတာအနည်းငယ်အကွာ၌

ယွမ်ရှင်းကျဲက ဓားရှည်နှစ်ချောင်းကိုပစ်ချလိုက်သည်။


လူတိုင်း၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။

ဒါက ဘာအတွက်လဲဟ...


"လုပ်ဆောင်ချက်အသစ်ကို ပြရမဲ့အချိန်ပဲ..."


ယွမ်ရှင်းကျဲ သူ့နှုတ်ခမ်းထောင့်စွန်းများကို ကွေးညွတ်လိုက်ရင်း သူ၏မက်ခါအသစ်ကိုထိန်းချုပ်ကာ လက်သီးထိုးဟန်အမူအရာလုပ်လိုက်သည်။


"တခြားကမ္ဘာက တိုက်ခိုက်ရေးနည်းလမ်းအသစ်တစ်ခု"


မက်ခါ၏ညာဘက်လက်က လက်သီးဆုပ်တစ်ခုအဖြစ် တင်းကြပ်စွာဆုပ်ကာ နောက်ပြန်ဆွဲလိုက်ပြီး ၎င်းနောက် သူ၏ပြိုင်ဘက်ဆီသို့ တရကြမ်းပြေးဝင်သွားခဲ့၏။


ပရိတ်သတ်တွေအကုန်လုံး ယွမ်ရှင်းကျဲ၏ လုပ်ရပ်များကြောင့် ရှုပ်ထွေးသွားကြသည်။


ဒီအကွာအဝေးမှာ သူတစ်ယောက်ယောက်ကို ထိုးနှက်ဖို့ မဖြစ်နိုင်ဘူးမလား...


နိုရာ၏ကပ္ပတိန်ကပင် သူ၏အထင်သေးမှုကိုပြသနေ၏။


သို့ရာတွင် သူ၏အထင်အမြင်သေးမှုက စက္ကန့်ဝက်မျှပင် မခံလိုက်ပါဘဲ အံဩခြင်းနှင့် ထိတ်လန့်ခြင်းသို့ အလျင်အမြန်ပြောင်းလဲသွားခဲ့သည်။


လက်သီးချက်လွဲယမ်းလိုက်ချိန်တွင် လက်သီး၏နောက်ပိုင်းက ရုတ်ချင်းတောက်ပလာပြီး စူးရှတောက်ပသောအလင်းရောင်က လူတိုင်းအား ကြီးမားသော ဂုဏ်ရှိန်ဝါကို ခံစားရစေ၏။ 


မက်ခါအသစ်၏လက်သီးလွှဲယမ်းအပြီး နောက်အခိုက်အတန့်၌ မရေမတွက်နိုင်သော အလင်းအမှူန်အမြောက်များက လေထဲတွင် စုစည်းလာကာ

လက်သီဆုပ်ပုံသဏ္ဍာန်ဖြစ်တည်လာပြီး အလင်းဓါးမက်ခါဆီသို့ ပျံသန်းထွက်သွားသည်။


လက်သီး၏အရှိန်နှင့် အလင်းမှုန်အမြောက်များ၏ အရှိန်ပြင်းပြင်းတို့ပေါင်းစပ်မှုကြောင့် နိုရာ၏ကပ္ပတိန်အတွက် လက်သီးထိုးဟန်လုပ်ရှားမှုနှင့် အလင်းမှုန်အမြောက်များမှ ဖြစ်တည်လာသော လက်သီးကို ရှောင်တိမ်းရန် အချိန်နှောင်းသွားပြီဖြစ်ကာ လက်သီးက သူ့ပခုံးပေါ်သို့သက်ဆင်းလာခဲ့၏။


သူ၏မြန်ဆန်သော တုန့်ပြန်မှုကြောင့်သာမဟုတ်ပါလျှင် ဤလက်သီးက သူ့လည်ပင်းကို ထိုးမိမှာဖြစ်လေသည်။


သို့သော် လက်ရှိတွင် ယွမ်ရှင်းကျဲက အခြားလက်သီးဆုပ်ကိုမြောက်လိုက်၏...


အလင်းဓါးမက်ခါ၏အရှိန်က ရုတ်ချည်း ရပ်တန့်သွားပြီး ဘယ်ဘက်ကိုရှောင်တိမ်းရမလဲဆိုသည်ကို ကပျာကယာရှာဖွေနေသည်။


တုန့်ပြန်မှုအဖြစ် ယွမ်ရှင်းကျဲ၏မက်ခါအသစ်က သူ၏အနေအထားကို လိုက်လျောညီထွေအောင်ချိန်ညှိလိုက်ပြီး လေထဲတွင် ချိတ်ဆွဲထားသော လက်သီးဆုပ်များက အမြောက်ဆံအဖြစ်သို့ပြောင်းလဲသွား၏။ အနှီ အမြောက်ဆံများက တရားလွန်အောင် ရှင်းလင်းပြတ်သားသော လမ်းကြောင်းများရှိပြီး ကွေ့ပင်ကွေ့ပတ်နိုင်လေသည်။


ခဏအကြာတွင် နိုရာ၏ကပ္ပတိန်ခမျာ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားတော့၏။


"ဘုရားရေ... "


ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော ချန်ကျွင်းပင် ရှော့ရသွားခဲ့ပြီး မျက်လုံးများက ကြေးခေါင်းလောင်းများလိုပြူးကျယ်နေရင်း မှင်သက်စွာငေးကြည့်နေမိသည်။


အမြောက်ဆံလက်တစ်ဆုပ်နှင့် ယှဥ်ပါက ဤကဲ့သို့သော သေစေနိုင်လောက်သည့်စွမ်းအားနှင့် တိုက်ခိုက်ရေးအထူးပြုလုပ်ချက်များသည် ဂိမ်းတွေထဲမှာသာ တည်ရှိသော အရာများဖြစ်၏။


တက်ရောက်လာသော မက်ခါဝါသနာအိုးများအနေဖြင့် စိတ်လှုပ်ရှားမှုများ ဆူပွက်နေကြသည်။


"ဖာ့ခ်...ဒါက ဘာအကွက်လဲဟ"


"အရမ်းလှတာပဲ...သေစမ်း ငါတကယ် ဒီအ​မြောက်ကြီးကို ငါ့မျက်လုံးတွေနဲ့မြင်ချင်လိုက်တာ"


"ရှေးကမ္ဘာမြေသိုင်းဝတ္ထုတွေထဲက အကွက်မဟုတ်ဘူးလား...ဘာလို့ခေါ်ပါလိမ့်...ချီကုန်....."


"သေစမ်း...ဒီမက်ခါရဲ့ ဘယ်အဆင့်လဲဟ"


ပရိသတ်တွေကို ထပ်ပြီးဖျော်ဖြေချင်သလိုမျိုး

ယွမ်ရှင်းကျဲက မက်ခါကို ထိန်းချုပ်ကာ အကွက်အစုံလုပ်စေ၏။ ပထမအမြောက်ကနေ ဖြစ်ပေါ်လာသော နောက်ဆက်တွဲပုံရိပ်များက ကြယ်ပျံမက်ခါ၏ ပစ်ခတ်အားထက် ပိုသားနား(မိုက်) ပိုလှပပြီး အလင်းဓါးမက်ခါကို ချောက်ထဲသို့ တခဏတွင်းချင်း ပြုတ်ကျသွားစေသည်။


ပြိုင်ဘက်က SS+အဆင့်ခွန်အားရှိပြီး ချောက်ကမ်းပါးပေါ်က ကျောက်တုံးများကို ဖမ်းဆွဲနိုင်ခဲ့ခြင်းကြောင့်သာမဟုတ်ပါလျှင် ယင်းက ကြီးကြီးမားမား ထိခိုက်စေမှာဖြစ်၏။


ကျန်ရှိသော ပရိတ်သတ်များကဲ့သို့ပင် ရှီးပေါ်လိုင်

ထရပ်ပြီး မှန်သားပြင်အကြီးကြီးထက်က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်မိသည်။ သွေးပူသော လူငယ်လေးအနေဖြင့် သဘာဝအတိုင်း ဤကဲ့သို့ အပြတ်မိမိုက်ပြီး စွမ်းအားကြီးသော အကွက်ကို လေးစားသဘောကျလေရာ တုန်တုန်ရီရီ အသံနှင့်ဆိုလိုက်၏။


"ဒီမက်ခါ...ငါလည်း လိုချင်တယ်လေလို့..."


ရှီးပေါ်လိုင်၏ နုံအမှုကိုအမြဲလှောင်ပြောင်ရယ်မောလေ့ရှိသော ပိုင်ကျားရှီတစ်ယောက် ဤအခိုက်အတန့်တွင် တံတွေးမမျိုချမိဘဲမနေနိုင်ခဲ့ပေ။ 


ဒီ ခပ်မိုက်မိုက်မက်ခါတစ်စီး သူတို့မှာတကယ်ရှိနိုင်တယ်တဲ့လား...


အဲ့ဒါကို ပြုလုပ်ရတဲ့ခက်ခဲမှုက SS+မက်ခါတစ်စီးထက် နည်းနည်းလေးမှ လျော့ပုံမရဘူး...


"ခဏ"


ပိုင်ကျားရှီ၏ မျက်လုံးများပြူးကျယ်လာ၏။

"ယွမ်ရှင်းကျဲရဲ့ခွန်အားက... SSကိုချိုးဖျက်ပြီးပြီလား..."


ချန်ကျွင်းနှင့် ရှီးပေါ်လိုင်တို့လည်း သူ့စကားများကို ကြားရချိန်တွင် ရှော့ရကုန်ကြသည်။


ထိုအခိုက်အတန့်တွင် ပရိတ်သတ်ထဲမှ အာမေဋိတ်သံတစ်ခု ပေါက်ကွဲထွက်လာ၏။


"ယွမ်ရှင်းကျဲနဲ့လော့ဝမ်ချွမ်း အခြေစိုက်စခန်းကိုရောက်နေကြပြီ..."


မြောက်ဘက်နှင့်တောင်ဘက်ခြမ်းများက ပြတ်ပြတ်သားသားအောင်နိုင်သူကို ဆုံးဖြတ်ရန်ခက်ခဲစွာ  အပြင်းအထန်တိုက်ခိုက်နေကြစဥ်တွင် အရှေ့နှင့် အနောက်ဘက်အခြမ်းများက အလွယ်တကူ ကျိုးပျက်သွားလေပြီ။


​မြောက်ဘက်ခြမ်းရှိ ကြယ်ပျံမက်ခါနှစ်စင်းက ထွက်ပြေးကာ အမာခံနယ်မြေဆီသို့သွား၍ ပြိုင်ဘက်များကို ဟန့်တားချင်သော်လည်း ဟဲဟောင်မင်ဆီကနေ ချက်ချင်းလက်ငင်းအပိတ်ဆို့ခံလိုက်ရသည်။


သူက လေပြင်းမုန်တိုင်း လျှပ်စစ်သံလိုက်ပုဆိန်ကိုကိုင်ကာ သရော်၏။


"သွားကူချင်တယ်ပေါ့...မင်းတို့က ငါတို့ကို တကယ်အလေးမထားတာပဲ"


xxxxxx