အပိုင်း ၁၇၅ (End)
Viewers 17k

Chapter 175


ယွမ်ရှင်းကျဲမှာမူ ထိုအရာအား မထုတ်ဖော်ချင်ခဲ့ပေ။


မည်သို့ပင်ဖြစ်စေ မိတ်ဆက်ပွဲအခမ်းအနားတွင် မက်ခါကြယ်ပွင့်၏သူ‌ဌေးမှ မတော်တဆ စကားအချိူ့ကျွံသွားခဲ့လေသည်။


 " ဥက္ကဌယွမ်နဲ့ ဒုတိယအရှင်တို့ကလည်းပဲ ကျွန်တော်တို့ဂိမ်းရဲ့ သစ္စာရှိပရိသတ်တွေပဲလေ…သူတို့က ထိပ်ပိုင်းနှစ်နေရာမှာ ဗိုလ်စွဲထားကြတာ…"


စကားဆုံးသည်နှင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။


" ငါကအရမ်းအားနည်းတယ် " မှ အဖိနှိပ်ခံခဲ့ရသော ကျောင်းအဖွဲ့ဝင်များမှာမူ ထိုအချိန်၌ သူတို့၏နားကိုပင် မယုံနိုင်ဖြစ်သွားခဲ့ရသည်။


" အမ် အို ငါကတကယ်တော့…" ယွမ်ရှင်းကျဲ လူအုပ်ကြီးထဲသို့ ရှက်ရွံနေသည့်မျက်လုံးများဖြင့် ကြည့်လိုက်မိပြီး ထိုသူတို့၏ ထသတ်တော့မလို ထက်ရှနေသည့် မျက်လုံးများမှာ သူ့အားလက်ပူးလက်ကြပ်မိသွားစေခဲ့သည်။


 " ကောင်းပြီလေ.. ငါတကယ်တော့ မက်ခါကြယ်ပွင့်‌ကစားရတာကို အရမ်းသဘောကျတာ…"


မက်ခါကြယ်ပွင့်၏သူ‌ဌေးမှ ထပ်မံပြောဆိုလာခဲ့သည်။


 " မင်းတို့ရဲ့ အိုင်ဒီကို လူတိုင်းနဲ့ မျှဝေပေးပါဦး…"


ယွမ်ရှင်းကျဲခြောက်ကပ်စွာ ရယ်မောလိုက်မိပြီး တွေးတောနေမိခဲ့သည်။ ထိပ်ဆုံးနှစ်ဦးမှာ သူနှင့်သာ့ချွမ်းတို့ဖြစ်ရာ မင်းအခုလိုထုတ်ပြောပြီးမှတော့ သူတို့မည်သည့်အိုင်ဒီကိုမျှဝေပေးရဦးမည်နည်း….


ယွမ်ရှင်းကျဲ၏ ကယောက်ကယက်ဖြစ်နေသော အတွေးများနှင့် မတူဘဲ သူ၏ဘေးရှိလော့ဝမ်ချွမ်းမှာမူ ရက်ရက်ရောရော ပြောလာခဲ့သည်။


 " သူ့အိုင်ဒီက ငါကအရမ်းအားနည်းတယ် ဖြစ်ပြီးတော့ ငါ့ဟာကတော့ ဒါဆိုငါမင်းကိုကာကွယ်ပေးမယ် ပါ.. လူတိုင်းငါတို့နဲ့လာစိန်ခေါ်ကြဖို့ ဖိတ်ခေါ်ပါတယ်…"


ပွဲရှိလူများ : "...."


" ယွမ်ရှင်းကျဲ…"


 စင်အောက်မှ ရှီးပေါ်လိုင် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီး " မင်းကအဲ့ဒီ သောက်ကောင် ငါကအရမ်းအားနည်းတယ်ပဲ..ငါ့ကိုအနိုင်ကျင့်ပြီးတာနဲ့ အမြဲလစ်ပြေးသွားတာကောင်..ခွေးကောင် အဲ့ဒါကြောင့် ဒီရက်ပိုင်းမင်းကိုမမြင်မိတာကိုး.. "


ပိုင်ကျားရှီသည်လည်း ရှားရှားပါးပါးမလွယ်ကူသည့် အမူအယာမျိုးပြသလာခဲ့သည်။


 " ယွမ်ရှင်းကျဲ အရင်တစ်ခေါက်ငါ့ကိုစိန်ခေါ်သွားတာ မင်းပဲ..ညစ်တီးညစ်ပတ်နည်းလမ်းတွေသုံးပြီး ငါ့ကိုအနိုင်ယူသွားတာ…"


" တိုက်ပြီးတာနဲ့ ငါ့ကိုဘလော့ပြေးသွားတယ်…မင်းမှာ လေးစားမှုဆိုတာကော ပြောရဲသေးလို့လား…"


 ချန်ကျွင်းသည်လည်း ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။


စင်အောက်တွင် " ငါကအရမ်းအားနည်းတယ် " ထံမှ အနိုင်ကျင့်ခံခဲ့ရသော အဓိကစစ်တက္ကသိုလ်အားလုံးမှာ ယွမ်ရှင်းကျဲအား အပြင်းအထန်တိုင်ကြားနေကြသည်။


သူတို့အမှန်တကယ်ဒေါသထွက်နေခြင်းမျိုးမဟုတ်ချေ။ ထို့အတူ သူတို့၏စိတ်ထဲမှ " ငါMVP ချန်ပီယံဆုမရခဲ့ဘူး " ဟူသော ဂုဏ်ယူ‌နေသည့် အတွေးများပင် ရှိနေခဲ့ကာ သူတို့၏စိတ်ထဲမှ အရှက်ရမှုများသည်လည်း ထိုမျှ မပြင်းထန်ခဲ့ကြပေ။


မည်သို့ပင်ဖြစ်စေ အနိုင်လိုသည့် စိတ်ဆန္ဒမှာတော့ အမှန်ပင်ဖြစ်၏။


သူတို့အားလုံး ထို " ငါကအရမ်းအားနည်းတယ် " ကိုနောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်ချင်ကြသည်။


" အိုကေ အိုကေ…" 


ယွမ်ရှင်းကျဲ ချွေးများသုတ်လိုက်ပြီး အရှက်ရမှုကြောင့် သူတွင်းတစ်တွင်းပင် တူးကာ ဝင်ပုန်းနေချင်မိလေသည်။ အဆုံး၌ သူထိုအဖြစ်အတွက် ကြိုတင်မပြင်ဆင်ထားမိသောကြောင့် " ငါအားတဲ့အချိန်ကျ မင်းတို့နဲ့PKပေးပါ့မယ် " ဟုသာ ပြောလိုက်နိုင်သည်။


" မရဘူး ဒီနေ့ညပဲဖြစ်ရမယ်…"


" ငါထပ်မစောင့်နိုင်တော့ဘူး…"


" ငါအဆင်သင့်ဖြစ်နေပြီ…"


မက်ခါကြယ်ပွင့်မှသူဌေးသည်ပင် ထွက်လာ၍ လူအုပ်ကြီးကိုချော့မော့လိုက်ရလေသည်။


 " မစိုးရိမ်ကြပါနဲ့ ဒီနေ့ရဲ့အဓိကရည်ရွယ်ချက်က လူတိုင်းကို ကျွန်တော်တို့မက်ခါအသစ်ကို သရုပ်ပြပေးဖို့ပါပဲ..လူတိုင်းမက်ခါကြယ်ပွင့်ကို ဆက်လက်အားပေးကြမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်…"


ထို့နောက် လူတိုင်းငြိမ်သက်သွားကြသည်။


မက်ခါကြယ်ပွင့်၏သူဌေးမှ ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့အား PKအတွက် ဂိမ်းခန်းမထဲသို့ဝင်ရောက်ရန် ပြင်ဆင်ပေးလိုက်သည်။


လော့ဝမ်ချွမ်းမှာ အလင်းဓားမက်ခါအားမောင်းနှင်နေစဉ် ယွမ်ရှင်းကျဲမှာမူ သူ၏မက်ခါအသစ်ကို မောင်းနှင်နေခဲ့သည်။


ဓားများ၊ အလင်းတန်းများနှင့် ဓားအရိပ်များအကြားတွင် ထိုနှစ်ဦးမှာ လူနှင့်စက်ရုပ်ပေါင်းစည်းမှုအခြေအနေသို့ အလျင်အမြန်ဝင်ရောက်သွားကြပြီး အချိန်အတန်ကြာအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။


လူတိုင်းသည်လည်း ထိုမက်ခါPKကြောင့် ဆွဲဆောင်ခံလိုက်ရကာ ယခုပင်ရှိနေသော ယွမ်ရှင်းကျဲအပေါ် ဒေါသထွက်နေမှုများကိုပင် မေ့လျော့သွားခဲ့ကြသည်။


မက်ခါအခမ်းအနားအပြီးတွင် လော့ဝမ်ချွမ်းအား အံ့ဩသွားစေမည့်အရာတစ်ခုကို ယွမ်ရှင်းကျဲပြင်ဆင်ထားခဲ့သည်။

175.2


သို့သော် သူမသိခဲ့သည်မှာ လော့ဝမ်ချွမ်းသည်လည်း သူ့အားထပ်တူထပ်မျှပင် ပြင်ဆင်လာလိမ့်ဟူ၍ပင်။


PK အပြီးတွင် သူ၏မက်ခါအသစ်မှာ အနိုင်ရသွားကာ ကွင်းပြင်တစ်ခုလုံးကို အလွန်သန်သန်မာမာထိန်းချုပ်ထားကြောင်းကို သရုပ်ပြနေပြီး လူတိုင်းအား ဂိမ်းထဲတွင် ထိုမက်ခါအား ပို၍ တောင်းဆိုလာစေရန် လုပ်ဆောင်နေခဲ့သည်။


ယွမ်ရှင်းကျဲ ခေါင်းဆောင်းကိုချွတ်တော့မည့်အချိန်တွင် ရုတ်တရက်ဆိုသလို လော့ဝမ်ချွမ်းထိန်းချုပ်နေသည့်အလင်းဓားမက်ခါမှ ဖြည်းဖြည်းချင်းထိုင်ချလာသည်ကို မြင်လိုက်ရပြီး သူ၏ဒူးတစ်ဖက်ကိုထောက်ကာ လက်ထဲတွင် အနက်ရောင်လက်စွပ်ဘူးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည်။


လက်စွပ်ဘူးပွင့်ဟသွားချိန်တွင် အထဲ၌ရှိနေသည်မှာ ကြီးမားလှသည့် စိန်လက်စွပ်တစ်ကွင်းဖြစ်ပြီး မက်ခါ၏လက်ဖဝါးထဲတွင် အလွန်တောက်ပနေလျက်ရှိသည်။


အနက်ရောင်အလင်းဓားမက်ခါ၏ လူသတ်ငွေ့များပျောက်ကွယ်သွားပြီး ရှားပါးလှစွာသော ကြင်နာမှုနှင့် ချစ်ခင်မှုအငွေ့အသက်များထွက်ပေါ်လာခဲ့လေသည်။


မက်ခါတစ်ခုမှ လက်ထပ်ခွင့်တောင်းဆိုနေသည့် မြင်ကွင်းမှာ အနည်းငယ် ကို့ရို့ကားယားနိုင်နေသော်လည်း အလွန်လိုက်ဖက်ညီနေပြီး လူတိုင်းမှာ ထိုမက်ခါနှစ်ခုအား ကြည့်လျက် အချိန်ခဏမျှ ကြောင်အနေကြရသည်။


ယွမ်ရှင်းကျဲ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရကာ သူစိတ်ကူးယဉ်နေသည်ဟုပင် ထင်မိသွားခဲ့သည်။


အလျင်အမြန်ဆိုသလို ခေါင်းဆောင်းကိုချွတ်၍ ဂိမ်းအခန်းအားဖွင့်လိုက်လေသည်။


သူလော့ဝမ်ချွမ်းအား ဖြစ်ပျက်ခဲ့သည့်အရာအကြောင်းကို မေးမြန်းလိုက်တော့မည့်အချိန်၌ ရုတ်တရက်ဆိုသလို ဂိမ်းအခန်း၏အပြင်ဘက်တွင် ထိုင်နေသော အရပ်မြင့်မြင့် ချောမောခန့်ညားသည့် ပုံစံအား မြင်လိုက်ရသည်။


လူတိုင်း၏ရှေ့တွင် လော့ဝမ်ချွမ်းသည် အနက်ရောင်ပွဲတက်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်လက်စွပ်ဘူးကို ကိုင်လျက် ဒူးတစ်ဖက်ထောက်ထားကာ နူးညံ့စွာ မေးလာခဲ့လေသည် " ရှင်းကျဲ မင်းကိုယ့်ကိုလက်ထပ်နိုင်မလား…"


သူ၏အသံမှာ အနည်းငယ်စိတ်လှုပ်ရှားနေပုံရသော်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။


သူ၏ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများမှာ ယွမ်ရှင်းကျဲကိုသာ တည့်တည့်စိုက်ကြည့်နေပြီး သူ၏မေးရိုးမှာတောင့်တင်းနေကာ အဖြေအားစောင့်ဆိုင်းနေချိန်တွင် သူ၏လက်ချောင်းများမှာ မသိမသာတုန်ယင်နေသည်။


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်း၏အမူအယာကိုကြောင်ကြည့်နေမိပြီး သူ၏ရင်ဘတ်ထဲရှိ နှလုံးမှာခုန်ပေါက်နေကာ အသက်ရှုရန်ပင် ခက်ခဲလာရသည်။


ပရိသတ်များ၏ တုံ့ပြန်မှုအပြီးတွင် သူတို့အားလုံးသည် ထိုရုတ်တရက်ဖြစ်ပေါ်လာသည့် ရင်ခုန်စရာ မြင်ကွင်းကို အားတက်သရော အားပေးလာခဲ့ကြသည်။


မက်ခါကြယ်ပွင့်၏သူဌေးမှာမူ သိသိသာသာပင် ထိုအကြောင်းကို ကြိုသိနေခဲ့ကာ သူလက်ဖျောက်တီးလိုက်ချိန်၌ မြင်ကွင်းတစ်ခုလုံးတွင် ကောင်း‌ကင်ပေါ်မှ နှင်းဆီပွင့်ဖတ်များ စတင်ကျဆင်းလာပြီး လူများအား အသက်အောင့်ထားစေသည်အထိပင် အလွန်တရာလှပနေခဲ့သည်။


လော့ဝမ်ချွမ်း၏စိတ်လှုပ်ရှားနေသော မျက်လုံးများအောက်မှ ယွမ်ရှင်းကျဲ လက်စွပ်ကိုယူလိုက်ပြီး တဖြည်းဖြည်းပြုံးလိုက်ကာ နူးညံ့စွာ ပြန်ဖြေလိုက်သည် " ကျွန်တော်ဆန္ဒရှိပါတယ်…"


ထိုနေရာတွင်ရှိသော သတင်းထောက်များမှာမူ အရူးအမူးဓာတ်ပုံရိုက်နေကြကာ ကင်မရာမီးများ တဖြတ်ဖြတ်လင်းနေခဲ့သည်။


လော့ဝမ်ချွမ်း ထရပ်လိုက်ပြီး ပြုံးလျက် ‌ယွမ်ရှင်းကျဲကို သူ့၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေသည်။ သူတို့၏နှလုံးသားနှစ်ခုမှာမူ ဝတ်ဆင်ထားသည့် ပိုးသားကိုပင် ကျော်လွန်၍ နွေးထွေးစွာ ခုန်ပေါက်နေကြသည်။


သူတို့နှစ်ဦးစလုံး၏ဆံပင်များပေါ်တွင် အနီရောင်နှင်းဆီပွင့်ဖတ်များ ကပ်ငြိနေပြီဖြစ်သည်။


မကြာမီ လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏လက်ကိုဆွဲကာ လူအုပ်ကြီးထဲမှဆွဲထုတ်လိုက်ပြီး အခမ်းအနားကို ပစ်ထားခဲ့လေသည်။


ထိုမှသာ ကျောင်းအဖွဲ့အသီးသီးမှ လူတိုင်းက တုံ့ပြန်လာခဲ့ကြသည်..


" သောက်ကျိုးနည်း ခွေးတွေကိုအနိုင်ကျင့်ဖို့ ငါတို့ကိုခေါ်ထားတာပေါ့…ပြီးတာနဲ့လစ်ပြေးသွားတာလား.."


" အရမ်းလွန်တာပဲ…"


" ငါရဲ့ချီးမြှောက်မှုတွေလက်ခံပြီးတာနဲ့ အမြန်ကို လစ်ပြေးသွားတာ.."


လူတိုင်း၏ ရယ်မောခြင်း ဆူပူကြိမ်းမောင်းခြင်းနှင့် ကောင်းချီးပေးနေခြင်းတို့ကြားမှ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲတို့ဂိတ်တံခါးဆီရောက်လာခဲ့ကာ လေယာဉ်ပျံပေါ်သို့ တက်လိုက်ကြသည်။


လော့ဝမ်ချွမ်းမှာ အနည်းငယ်ပြုံးနေခဲ့ပြီး ယွမ်ရှင်းကျဲကို သတိအပြည့်ဖြင့် ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်လေသည်။


 " အဲ့ဒါကို မင်းကြိုက်ရဲ့လား…"


ယွမ်ရှင်းကျဲ ရယ်မောလျက် ခေါင်းငြိမ့်လိုက်ကာ လော့ဝမ်ချွမ်း၏နားနားကပ်၍ " အင်း.. တကယ်တော့ ကျွန်တော့မှာလည်း ခင်ဗျားကိုအံ့ဩသွားစေမဲ့အရာရှိတယ်.. ကျွန်တော့်ရဲ့ဂလင်းတွေပြန်ကောင်းသွားပြီ…"


နှင်းဆီပန်းရနံ့မှာ လော့ဝမ်ချွမ်း၏နှာခေါင်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး သူ့မျက်လုံးများကို ချက်ချင်းပင် ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားစေခဲ့သည်။


၎င်းမှာ နှင်းဆီပွင့်ဖတ်များမှ အနံ့မဟုတ်ချေ။


သို့သော် ရင်းနှီးနေသည့် နွေးထွေးကာ လတ်ဆတ်သော နှင်းဆီဖယ်ရိုမုန်း၏ရနံ့ပင်ဖြစ်သည်။


" အဲ့ဒါဆိုလည်း…" 


လော့ဝမ်ချွမ်းတံတွေးမြိုချလိုက်ပြီး ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းကြောင့် သူ၏နှလုံးမှာပို၍ပင် လျှင်မြန်စွာ ခုန်ပေါက်‌လာကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။


 " နေရာပြောင်းကြမလား…"


ယွမ်ရှင်းကျဲ ပြုံးလျက် သူ၏တောက်လောင်နေသော မျက်လုံးများဖြင့် ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်လေသည်။


xxxxxxxx ပြီးပါပြီ xxxxxxxxx


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘