Part 38
လူမရှိသောသီးသန့်ခန်းထဲမှာ မီးမထွန်းထားဘဲ စားပွဲနှင့်ကုလားထိုင်တို့က အမှောင်ထဲမှာ ရှိနေခဲ့သည်၊ အနက်ရောင်မြူထုက ကျန်းလော့ကို ခေါင်းအစခြေအဆုံး ရစ်ပတ်ထားခဲ့ပြီး ဆံခြည်တစ်မျှင် လက်ချောင်းလေးတစ်ချောင်းတောင် မမြင်ရပေ။
ကျန်းလော့က သီးသန့်ခန်း၏နံရံမှာ အနက်ရောင်မြူထု၏ ဖိကပ်ထားခြင်းကို ခံထားရသည်။
သူ့လက်နှစ်ဖက်ကို ခေါင်းအထက်မှာ အနက်ရောင်မြူထု၏ တင်းကျပ်စွာဖြင့် ချုပ်ထားခြင်းကို ခံထားရပြီး ခြေချောင်းများက ကြမ်းပြင်ပေါ်မှာ တွဲလောင်းဖြစ်နေခဲ့သည်။ ကျန်းလော့ သူ့လက်ကို မော့ကြည့်လိုက်ပြီး မမြင်ရသောချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ ရုန်းကန်လိုက်သည်။
ရုန်းကန်မှုကြောင့် လက်ဖမိုးထက်မှာ သွေးကြောများ ထင်းထွက်နေခဲ့ပြီး နောက်ခံအနက်ရောင်ထက်မှာ တစ်မျိုးလေး ဆွဲဆောင်မှုရှိပြီး ရမ္မက်ဆန်နေခဲ့သည်။
အနက်ရောင်မြူထုက တဖြည်းဖြည်းနှင့် လူပုံစံပြောင်းလာပြီး ဖြူဖျော့ကာ အစိမ်းရောင်သန်းနေသော လက်တစ်ဖက်က အနက်ရောင်မြူထဲကနေ ထွက်လာပြီး ကျန်းလော့၏လက်ချောင်းပေါ်မှာ ညှင်သာစွာ တင်လာခဲ့သည်။
အသက်ကင်းမဲ့သော လက်တစ်ဖက်က လက်ချောင်းထိပ်ကနေ လျှောဆင်းလာပြီး လက်ဖမိုးပေါ်ရှိ သွေးကြောလေးများကို အသာလေး ပွတ်တိုက်သွားခဲ့ပြီး ကျန်းလော့၏ နှုတ်ခမ်းလေးကို ဆော့ကစားကာ နောက်ဆုံးမှာ ကျန်းလော့၏မေးရိုးကို ဖိညှပ်လာခဲ့သည်။
ကျန်းလော့ အံကြိတ်လိုက်ပြီး ခြေထောက်ကိုမြှောက်ကာ အရှေ့ကို ပိတ်ကန်လိုက်သည်။
သို့သော် ခြေထောက်က မကောင်းဆိုးဝါး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ကွေးထားသောခြေထောက်က နောက်ထပ်သော အနက်ရောင်မြူ၏ ရစ်ပတ်ခြင်းကိုခံလိုက်ရပြီး လေထဲမှာ တန့်နေခဲ့သည်။ နောက်ထက်ဖြူဖျော့ဖျော့ သရဲလက်တစ်ဖက်က ရှည်လျားသော ခြေတံပေါ်ကို အယာအယာတင်လာခဲ့ပြီး ထိုကနေတစ်ဆင့် ဒူးကွေးကြားထဲကို ရောက်လာခဲ့သည်။
ထိုဟာက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အေးစက်သော သရဲလက်နှင့် ထိခံရသည့်ခံစားချက်က အေးခဲနေသောအလောင်းကောင်နှင့် ထိလိုက်ရသလိုပင်။ နှစ်ပေါင်းများစွာ အေးခဲနေခဲ့သောရေခဲတုံးက လူကို ကြောက်ရွံ့ထိတ်လန့်မှုသာ ပေးစွမ်းနိုင်၏။
အခြေအနေ မကောင်းတော့ဘူး။
ကျန်းလော့၏ အန္တရာယ်ကို ခံစားမိနေသည့် အသိစိတ်က အော်ဟစ်လာခဲ့သည်။
မကောင်းဆိုးဝါး၏ လှုပ်ရှားမှုတိုင်းက အလွန်ပင် အကျိုးအကြောင်းမဆီလျော်ကာ အဓိပ္ပာယ်မရှိဖြစ်နေခဲ့ပြီး ဝူရှူးကွားအစီအရင်ထဲက ဟောချက်နှင့် တစ်ထပ်တည်းကျနေခဲ့သည်။ ကျန်းလော့ အံကြိတ်လိုက်ပြီး အန္တရာယ်ကို ခံစားမိနေသည့်အသိစိတ်က ပိုပိုပြင်းလာခဲ့ကာ သူ့နှုတ်ခမ်းကို ထိနေသော လက်ကနေရှောင်ဖို့အတွက် ခေါင်းကိုလှည့်ဖို့ ကြိုးစားပါသော်လည်း နောက်တခဏမှာပဲ မကောင်းဆိုးဝါး၏ မေးရိုးကိုဆုတ်ကိုင်ကာ ဆွဲလှည့်ခြင်းကိုခံလိုက်ရသည်။
ကျန်းလော့ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ “ ချီယုံ … မင်း ဘာလုပ်နေတာလဲ”
သည်လိုအခြေအနေမျိုးကို ကျန်းလော့ ဘယ်နှစ်ခါပဲစိတ်ကူးကြည့်ပါစေ သူ ဘယ်တော့မှ တွေးမိမှာမဟုတ်ပေ။
ဆံပင်အနက်ရောင်နှင့်လူငယ်လေးက ဒေါသ၊ အံ့ဩတုန်လှုပ်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ဆီကနေ သည်လိုပုံစံမျိုးကို တွေ့ရခဲ၍ မကောင်းဆိုးဝါး ရယ်လိုက်မိသည်။
နောက်တခဏမှာ မကောင်းဆိုးဝါးက အနက်ရောင်မြူထဲကနေ တစ်ကိုယ်လုံး ထွက်လာခဲ့သည်။
သားရေဖိနပ်က ကျန်းလော့၏ခြေထောက်ကြားကို ဝင်လာခဲ့ပြီး နံရံကို ထောက်ကန်လာခဲ့သည်။ ကျန်းလော့၏ ခြေထောက်ကို ရစ်ပတ်ထားခဲ့သော အနက်ရောင်မြူထုက ပျောက်ကွယ်သွားခဲ့ပြီး မကောင်းဆိုးဝါး၏လက်ဖြင့် အစားထိုးလာခဲ့ကာ ပေါင်ကနေတစ်ဆင့် ကျန်းလော့၏ ခြေသလုံးကို ညင်ညင်သာသာ ကိုင်တွယ်လာခဲ့သည်။
ဤအနေအထားက အတော်လေးကို ထူးဆန်းနေသည်။ ကျန်းလော့၏ မျက်နှာထားးက ထူးဆန်းသထက်ထူးဆန်းလာခဲ့ပြီး သူ့ခြေထောက်ကို လွတ်အောင်ရုန်းလိုက်သည်။
ချီယုံ၏မျက်နှာက သူ့အရှေ့မှာ ပေါ်လာခဲ့သည်။ မကောင်းဆိုးဝါး၏ မျက်နှာက အရင်အတိုင်းပဲ ပြီးပြည့်စုံနေဆဲဖြစ်ကာ နှာတံမြင့်မြင့် နဖူးကျယ်ကျယ်နှင့် နားထင်စပ်ထိ ရောက်နေသော မျက်ခုံးရှည်ရှည်တို့က ကြည့်ကောင်းနေခဲ့သည်။ သို့သော် သည်တစ်ခေါက်မှာတော့ ချီယုံ၏ မျက်နှာထက်မှာ ကျန်းလော့ အရင်တစ်ခေါက်ကရိုက်ခဲ့သော ကြာပွတ်ရာရှိနေဆဲပင်။
ချီယုံ၏ဘယ်ဘက်ပါးပြင်ထက်မှာ တစ်လက်မလောက်ရှိသော အနီရောင် အမာရွတ်က ထင်းနေခဲ့ပြီး မကောင်းဆိုးဝါး၏ အရိုးအသွေးအသားထဲမှာ ပုန်းကွယ်နေခဲ့သော ရှုးသွပ်မှုတို့နှင့် ဘာကိုမှဂရုမစိုက်ခြင်းတို့က ထိုကြာပွတ်ရာကြောင့် အကုန်ပေါ်ထွက်လာခဲ့သည်။
မကောင်းတော့ဘူး။
အခြေအနေ အတော်ဆိုးနေပြီ။
ကျန်းလော့၏ သတိပေးခေါင်းလောင်းက နောက်တစ်ကြိမ် ထပ်မည်လာပြန်သည်။
သူ မကောင်းဆိုးဝါးကို ရာပေါင်းထောင်ပေါင်းများစွာသော အာရုံစိုက်မှုတို့ဖြင့် ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် မကောင်းဆိုးဝါးဆီကနေ ဓားနှင့်ထိုးတာကိုသာ ကျန်းလော့ခံလိုက်ချင်သည် ယခုကဲ့သို့သော ထူးဆန်းနေသည့် ချီယုံကို ထိပ်တိုက်ရင်ဆိုင်ရမည့်အစားပေါ့။
ထူးဆန်းတယ် အရမ်းကိုထူးဆန်းနေတယ်။
အနောက်ကို ဆုတ်ပြီးရင်းဆုတ်နေသော ကျန်းလော့ကို မကောာင်းဆိုးဝါးက ခါးအနည်းကိုင်းပြီး ကြည့်လိုက်သည်။ “ ကြည့်စမ်းပါဦး ဘယ်သူလေးလဲလို့”
သူ့ဆံပင်က ကျန်းလော့၏နားရွက်ပေါ် ဖြတ်တိုက်သွားခဲ့ပြီး ယားကျိကျိဖြစ်လာစေသည်။ ချီယုံက ကျန်းလော့၏နားထဲကို တီးတိုးပြောလာခဲ့သည်။
“ ဒါက ငါ့ကို ပျော်ပျော်ကြီးသေစေချင်နေတဲ့ ကျောင်းသားကျန်း မဟုတ်ဘူးလား”
မကောင်းဆိုးဝါးက အသက်မရှုသလို အသက်လည်းမရှိပေ သို့သော် မကောင်းဆိုးဝါး ရှူထုတ်လိုက်သော အေးစက်စက်လေငွေ့ကို ကျန်းလော့ ခံစားမိနေပြီး ထိုစကားများ၏ အဓိပ္ပာယ်ကလည်း သေချာပေါက် ကောင်းတဲ့ရည်ရွယ်ချက်တော့ မဟုတ်ပေ။
ချီးပဲ။
ကျန်းလော့ သူ့စိတ်ထဲကနေ မကောင်းဆိုးဝါးကို ထပ်တလဲလဲ ကျိန်ဆဲနေလိုက်သည် သို့သော် ထူးခြားပြီး ကတ်သီးကတ်သတ်နိုင်သော ခံစားချက်ကြီးက အခုထိ ပျောက်ကွယ်မသွားသေးဘဲ ပိုပြီးတော့တောင် တိုးသထက် တိုးလာခဲ့ကာ သူ့ကို ရှင်းမပြတတ်အောင်ပင် ရင်ထဲမှာ အနည်းငယ် စိုးထိတ်လာစေခဲ့သည်။ သူ ယင်ယန်လက်ကောက်ကို ဖွင့်ချင်ပါသော်လည်း အနက်ရောင်မြူက လက်ကိုချုပ်ထားခဲ့၍ သူ့မှာ နည်းနည်းလေးတောင် လှုပ်မရဖြစ်နေခဲ့သည်။
ကျန်းလော့၏မေးစေ့ကို ကိုင်ထားခဲ့သောလက်က ကျန်းလော့၏ အောက်နှုတ်ခမ်းလွှာကို ပွတ်သပ်လာခဲ့သည်။ အနက်ရောင်ဆံပင်နှင့်လူငယ်လေး တောင့်တင်းသွားပြီး မကောင်းဆိုးဝါး၏လက်ကို မရမကရှောင်လိုက်သည်။ မကောင်းဆိုးဝါး၏လက်က သူ့အပေါ်နှုတ်ခမ်းပေါ် ရောက်လာချိန်မှာတော့ ကျန်းလော့ သည်းမခံနိုင်တော့ဘဲ လက်ကိုကိုက်ချကာ အော်လိုက်သည်။
“ သွားသေလိုက်”
အမိအရ ကိုက်ချလိုက်သော်လည်း ကိုက်မိလိုက်သည့်ဟာက အဝေးကို လွင့်ပါသွားသော အနက်ရောင်မြူဖြစ်နေခဲ့သည်။
ကျန်းလော့၏မေးစေ့ကို ချီယုံမော့လိုက်ပြီး အနက်ရောင်ဆံပင်နှင့် လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။
သူ့နှလုံးသားထဲမှာ တစ်စုံတစ်ရာက ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပြီး မီးပဲသင့်နေသလို လှိုင်းပဲထန်နေသလိုပင်။ ထိုအရာကဘာမှန်း သူသေချာမသိသော်လည်း သည်လိုခံစားနေရတာက လိုက်ဖက်ညီစေသည့်အဆောင်နှင့် ချစ်သူ့ပန်း၏ပေါင်းစည်းမှုကြောင့် ဖြစ်လာသည့်အကျိုးဆက် ဆိုတာကိုတော့ သူသေချာပေါက်သိသည်။
ရည်ရွယ်ထားသောသူ၏ မွေးရက်မရှိတော့ဘဲ ချီယုံ၏ ရေထဲကိုထည့်ဖျော်ခြင်းခံလိုက်ရသည့် အဆောင်က ထိုရေကိုသောက်လိုက်မိသည့် ဘယ်သူ့အပေါ်မဆို အကျိုးသက်ရောက်မှုရှိသည်။ ချီယုံက ကျန်းလော့ကို သောက်စေချင်ခဲ့သော်လည်း ထိုအစား သူကိုယ်တိုင်ပဲ သောက်ခဲ့မိသည်။
သို့သော် အခုလက်ရှိဖြစ်နေသည့် အနေအထားကတော့ သိပ်ပြီးတော့ မဆိုးပေ။
ကျန်းလော့ဆီမှာ သူအရင်တုန်းက မမြင်ဖူးခဲ့သော အနည်းငယ်စိုးထိတ်မှုကို တွေ့နေရသည်။
အံ့အားသင့်နေတဲ့အကြည့်၊ အနောက်ကို ပြန်ဆုတ်နေသည့်လှုပ်ရှားမှုနှင့် သူ့နှုတ်ခမ်းထက်က ထွက်ကျလာသော ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်တဲ့ စကားသံတွေ ။
ထိုအရာက ကျန်းလော့ကို မပျော်ရွှင်အောင် လုပ်နိုင်သရွေ့ ချီယုံ ကျေနပ်နေမိမှာပင်။
ချီယုံ ခေါင်းငုံ့လိုက်ပြီး ကျန်းလော့၏ နားသယ်သီးနားကို တိုးကပ်လိုက်သည်။ “ကျောင်းသားကျန်း … ဆရာ မင်းကို နောက်ထပ်တစ်ခုထပ်သင်ပေးမယ်”
လေသံက မထိခလုတ်ထိခလုတ် ဖြစ်နေခဲ့ပြီး “ မင်း ပြောခဲ့တဲ့စကားကို … မင်း တကယ်လုပ်ရမယ်”
နားက လည်ပင်းနှင့်ကပ်လျက်ဖြစ်သည်။ လည်ပင်းဆိုတာမျိုးက သူများချဉ်းကပ်လာလျှင် ကတိကအောက်အဖြစ်ရဆုံးသော နေရာဖြစ်၏။ ကျန်းလော့က ခေါင်းကိုတစ်ဖက်စောင်းထားခဲ့၍ သူ့လည်ပင်းကို အချိန်မရွေး ကိုက်ခဲလာနိုင်သော သားရဲကြီး၏ပါးစပ်အောက်မှာ ရောက်နေရသလို ခံစားလာရသည်။
ချီယုံ ဘယ်လိုလုပ်ပြီးတော့ အရမ်းထူးဆန်းနေရတာလဲ။
သူ မကောင်းဆိုးဝါးကို တွန်းထုတ်ဖို့ကြိုးစားလိုက်သည် သို့သော် သူ့လက်ကို လှုပ်လို့လည်းမရသလို ခြေထောက်ကလည်း အချုပ်ခံထားရသည်။ ကျန်းလော့၏ မျက်နှာထားက ဖြူလိုက်နီလိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ သူ စိတ်ငြိမ်လာခဲ့သည်။
“ ကျွန်တော်က အများကြီးပြောခဲ့တာဆိုတော့ … ဆရာ ပြောချင်တာ ဘယ်စကားများလဲ” ကျန်းလော့၏ပါးစပ်ထောင့်က ကော့တက်လာခဲ့ပြီး သူရန်စလိုက်သည်။ “ဆရာက ကျွန်တော်ပြန်ကြိုက်လာတာကို လိုချင်နေတယ်ဆိုတဲ့ အကြောင်းတော့မဟုတ်ဘူးမလား”
သူ့ပါးစပ်က မကောင်းဆိုးဝါးကို အာရုံလွှဲနေသည့်အချိန်မှာ ကျန်းလော့၏ လက်က ယင်ယန်လက်ကောက်ကို လှုပ်လို့ရသလောက် လှုပ်နေခဲ့သည်။
အနက်ရောင်မြူက သူ့လက်ကို တင်းကျပ်နေအောင်ချုပ်ထားခဲ့၍ သူလက်ကို တစ်ဝက်လောက် အရင်လှည့်ပြီးမှ လှုပ်လို့ရခဲ့သည်။
“ ဒါမှမဟုတ် …” မကောင်းဆိုးဝါးကို ကျန်းလော့ ကြည့်လိုက်ပြီး ဟန်လုပ်ကာ ပြုံးပြလိုက်သည် “ ကျွန်တော် လုပ်တာကို တကယ်ခံချင်နေတာလား”
မကောင်းဆိုးဝါးက တုန်လှုပ်မသွားဘဲ ကျန်းလော့၏ ပေါင်တံကို မထားခဲ့သော လက်က တဖြည်းဖြည်းချင်း အောက်ဆင်းလာခဲ့သည်။
ကျန်းလော့ သူ့ကို ပြင်းပြင်းထန်ထန် ပိတ်ကန်လိုက်သော်လည်း မကောင်းဆိုးဝါးကို ရွေ့သွားအောင် မလုပ်နိုင်ပေ၊ သူပဲ အသက်ပြင်းပြင်း ရှုရတာ အဖက်တင်သည်။
ကျန်းလော့ ခေါင်းကိုတစ်ဖက်စောင်းကာ အသက်ရှုလိုက်ရင်း ပထမဆုံးအကြိမ်အဖြစ် စကားကိုစည်းမစောင့်ဘဲပြောခဲ့မိလျှင် ဘယ်လိုအကျိုးဆက်နှင့် ကြုံရမလဲဆိုတာ သဘောပေါက်လာခဲ့သည်။
သို့သော် သူ နောက်တစ်ကြိမ်ထပ်လုပ်ခွင့် ရခဲ့ရင်တောင်မှပဲ သူ့ပါးစပ်ကို ကျန်းလော့ တားဆီးမှာမဟုတ်ပေ။
သူ့ခြေထောက်ကြားကနေ သားရေဖိနပ်က ပြန်ရုတ်သွားခဲ့သည်။ ချီယုံလုပ်သမျှ အပြုအမူတိုင်းက ကျန်းလော့၏ မျက်ခုံးကို လှုပ်စေခဲ့သည်။
ချီယုံက ပုံမှန်မဟုတ်ဘူး။
ဘာကပုံမှန်မဟုတ်နေတာလဲ။
ကျန်းလော့ ဤကိစ္စ၏ဇစ်မြစ်ကို တွေးရင်းနှင့် သူ့အတွေးတို့က စားပွဲပေါ်မှာ တင်ထားခဲ့သော ရေနွေးကြမ်းခွက်ဆီ ရောက်သွားခဲ့သည်။
ထိုရေနွေးခွက်ကြောင့် ချီယုံက သူ့ကို ပုံမှန်နှင့်မတူဘဲကြည့်လာတာ ဖြစ်နိုင်သည်။
သူ့မျက်နှာထက်ကနေ ချွေးများစီးကျလာခဲ့ပြီး ဆံပင်ထဲကို စီးဝင်သွားကာ အနက်ရောင်ဆံပင်၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။ ကျန်းလော့ အလျော့မပေးဘဲ မကောင်းဆိုးဝါးကို ဆက်ကန်လိုက်ပြီး မကောင်းဆိုးဝါး၏ လက်မောင်းတစ်ဖက်ကို ကန်လိုက်နိုင်ကာ အဝတ်အစားပေါ်မှာ ခြေရာကြီးထင်ကျန်ရစ်ခဲ့သည်။
မကောင်းဆိုးဝါးက မျက်ခုံးပင့်လိုက်ပြီး ကျန်းလော့၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏သေးသွယ်သော ခြေကျင်းဝတ်ကို မကောင်းဆိုးဝါးက ညင်သာစွာ ပွတ်သပ်လာခဲ့ပြီး ဖြည်းဖြည်းချင်း ချီးကျူးလာခဲ့သည်။ “ကန်ချက်က တော်တော်လေးကောင်းတာပဲ”
ကျန်းလော့ အသက်ပြင်းပြင်း ရှုသွင်းလိုက်သော်လည်း စိတ်မထိန်းနိုင်ပေ။ “ ချီးပဲ”
အဲဒီ့ရေနွေးကြမ်းထဲမှာ ဘာရှိနေတာလဲ။ ဘာမို့လို့ ချီယုံကို ဒီလိုပုံစံဖြစ်အောင် လုပ်နိုင်ရတာလဲ။
ကျန်းလော့ သူ့ကိုယ်သူစိတ်ငြိမ်အောင် လုပ်လိုက်ပြီး ရုတ်တရက် ပိုင်ချူး၏အိမ်မှာ ချီယုံပြောခဲ့တာကို ပြန်သတိရသွားမိ၏။
“ ရေထဲကိုထည့်လိုက်ရင် အံ့ဩစရာကောင်းတဲ့ ရလဒ်ကို တွေ့ရလိမ့်မယ်”
လိုက်ဖက်ညီစေတဲ့အဆောင်ရဲ့ ပြာမှုန်တွေများလား။
ကျန်းလော့ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ချီယုံက လိုက်ဖက်ညီစေသည့် အဆောင်ရဲ့ပြာမှုန်တွေ ထည့်ထားသောရေကို နဂိုက သူ့ကို သောက်စေချင်ခဲ့တာဖြစ်မည်။
ကျန်းလော့၏မျက်လုံးတို့ အေးစက်သွားခဲ့သည် သို့သော် သူ မြန်မြန်ဆန်ဆန်ပင် ပြန်တုံ့ပြန်လာ၏။ ရေနွေးကြမ်းကို သောက်မိသွားတဲ့သူက ချီယုံမဟုတ်ဘူးလား။
သူ တွန့်ချိုးထားသောမျက်ခုံးကို ဖြေလိုက်ပြီး ချီယုံကို ကြည့်လိုက်သည်။
လိုက်ဖက်ညီစေသည့်အဆောင်က အသုံးဝင်ရင်တောင်မှပဲ မကောင်းဆိုးဝါးအပေါ် အကျိုးသက်ရောက်မှုက သိပ်ပြီးတော့ ကြာရှည်ခံမှာမဟုတ်လောက်ပေ။ အဆောင်၏ ထိန်းချုပ်မှုကိုခံထားရသော ပိုင်ချူး၏အခြေအနေကို ကျန်းလော့ ပြန်တွေးမိသွားပြီး ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။
ကိုယ့်ရန်သူကို ချစ်မိသွားတာကို ကြည့်နေရသည့်ခံစားချက်က ဘယ်လိုနေလဲ။ မကောင်းဆိုးဝါး၏ စိတ်ထဲမှာ အတော်လေးကို ဒေါသူပုန်ထနေလောက်သည်။
ကျန်းလော့ သူ၏အရာမရောက်သော ရုန်းကန်မှုကို ချက်ချင်းရပ်လိုက်ပြီး ပျင်းတိပျင်းရွှဲ့ဖြင့် ပြောလိုက်၏။
“ချီယုံ … မင်းကငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ”
မကောင်းဆိုးဝါးက ပိုင်ချူးလို အရူးအမူးမဖြစ်ရင်တောင်မှပဲ သူအခုဖြစ်နေသည့် ပုံစံကိုကြည့်ရတာတော့ အတော်လေး အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။ဤဟာက မကောင်းဆိုးဝါးကို ပြန်လက်စားချေနိုင်သော အခွင့်အရေးဖြစ်ပြီး ကျန်းလော့ ဤအခွင့်အရေးကို သေချာပေါက် ကောင်းကောင်းကြီးအသုံးချမှာပင်။
သူ့ပါးစပ်ထောင့်က အထက်သျု့ အယာအယာမြင့်တက်သွားခဲ့ပြီး မျက်လုံးထဲမှာ တမင်တကာလုပ်ထားသော သည်းမခံနိုင်မှုနှင့် ပျင်းရိမှုတို့ကို လှစ်ဟပြလာခဲ့သည်။ “ မင်းဒီလိုလုပ်ရင် ငါမုန်းတယ်”
စကားကို ရပ်လိုက်ပြီး ချီယုံကို ကျန်းလော့ ပရောပရည်လုပ်လိုက်သည်။ “ မင်းလည်း ငါမုန်းတာကို မခံချင်ဘူးမလား”
ပိုင်ချူး၏အခြေအနေအရဆိုလျှင် ဒီလိုစကားမျိုးက မကောင်းဆိုးဝါးကို သူ့ကို “ ချစ်လာစေရန်” မက်လုံးကောင်းကောင်း ပေးလိုက်တာပင်။
မကောင်းဆိုးဝါးက သူ့ကို စူးစိုက်ကြည့်လာပြီးနောက်မှာ ကျန်းလော့၏စကားအတိုင်း လွှတ်ပေးလာခဲ့သည်။ ကျန်းလော့ သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး နောက်ဆုံးမှာ ခြေထောက်နှင့်ကြမ်းပြင် ထိသွားခဲ့သည်။ သူပြုံးလိုက်ပြီး လေချွန်လိုက်သည်။
လိုက်ဖက်ညီစေတဲ့အဆောင်၊ ဘယ်လိုတောင်ကောင်းလိုက်တဲ့ ပစ္စည်းလဲ။
ကျန်းလော့ ဖန်စားပွဲဆီကို လျှောက်သွားကာ ထိုင်ချလိုက်သည်။ သူ စီးကရက်ကို ရှိုက်လိုက်ပြီး သည်လိုအခြေအနေရောက်နေသော ချီယုံကို သူဘယ်လိုအခွင့်အရေးယူရင် ကောင်းမလဲဟု တွေးတောလိုက်သည်။
သူ့လက်ကို နောက်ပစ်လိုက်ပြီး ကိုယ်နေဟန်ထားက ကြည့်ကောင်းနေခဲ့သည်။
မကောင်းဆိုးဝါးက အဆောင်၏ထိန်းချုပ်မှုအောက်မှာ ရှိနေမည့်အချိန်အကန့်အသတ်ကို သူမသိပေ။ ထို့ကြောင့် သူ့ကို အချိန်ရှိတုန်း မြန်မြန်စပြီး အခွင့်ကောင်းယူကာ လစ်ထွက်ရမည်။
သူ စီးကရက်ကို တစ်ရှိုက်ဖွာလိုက်သည် ကျန်းလော့ ခေါင်းကို တစ်ဖက်သို့ အနည်းငယ်စောင်းထားခဲ့ပြီး သူ့ဆံပင်က ပခုံးထက်မှာ ကျနေခဲ့၏။ အကြံကောင်းတစ်ခုက သူ့အတွေးထဲ ပေါ်လာခဲ့ပြီး သူနှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်လိုက်ကာ အသံကို နည်းနည်းမြှင့်၍ပြောလိုက်သည်။ “ဒူးထောက်လိုက်”
ကျန်းလော့က ခြေချိတ်ထိုင်ထားခဲ့သည်၊ သူ့မျက်နှာကို ဆေးလိပ့်ငွေ့တွေက ကာဆီးထားခဲ့ပြီး သူမဲ့ပြုံးပြုံးလိုက်စဉ်မှာ သူ၏လည်စလုတ်က ဆက်စီကျစွာ အထက်အောက်လှုပ်ရှားသွားခဲ့သည်။ “ငါ့ခြေထောက်နားမှာ ဒူးထောက်လိုက်”
ချီယုံက မလှုပ်ရှားပေ။
ကျန်းလော့ မှီပြီးထိုင်နေသည့်ပုံစံကို ပြင်လိုက်ပြီး ဒူးခေါင်းပေါ် လက်တင်ကာ မေးထောကပြီး ချီယုံကို မျက်စိမှိတ်ပြလိုက်သည်။ “ ငါ မင်းကို ကြိုက်လာမှာကို မလိုချင်ဘူးလား”
ထိုစကားက မကောင်းဆိုးဝါး၏ ချက်ကောင်းကို ထိသွားသည့်ပုံပင်၊ သူ့ဆီကို ခြေတစ်လှမ်းလှမ်းလာပြီးတော့ ရေရွတ်လာခဲ့သည်။
“ ဒါကတော်တော်လေးကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကမ်းလှမ်းချက်ပဲ…”
ကျန်းလော့ သူ့ကိုယ်သူပြောလိုက်မိသည်၊ ချီယုံတော့ တကယ်ရူးသွားပြီဆိုပြီး။
သို့သော် သူကတော့ ချီယုံရူးသွပ်လေလေ ပိုကြိုက်လေလေပင်၊ သူကသေဆိုလျှင် သေနိုင်တဲ့အထိ ရူးသွပ်လျှင်ပိုကောင်းသည်။
မကောင်းဆိုးဝါးက ရှေ့တိုးလာတာကို ကျန်းလော့ စောင့်စားလိုက်သည် သို့သော် သူ့သတိကိုလွှတ်မထားဘဲ ယင်ယန်လက်ကောက်ကို ဖွင့်ဖို့ရာ အသင့်ပြင်ထားခဲ့သည်။
မကောင်းဆိုးဝါးက သူ့ခြေထောက်နားကိုရောက်လာခဲ့ပြီး အနည်းငယ်ကွေးညွတ်ကာ ဒူးထောက်ဖို့ ပြင်လိုက်သည်။သူက ဒူးထောက်တာတောင်မှပဲ ကြော့မော့နေခဲ့ပြီး အရှက်ခွဲခံနေရသည့်ပုံမပေါက်ဘဲ သူ၏ရှင်ဘုရင်ကို ခစားနေသော သူရဲကောင်းတစ်ယောက်၏ပုံစံ ပေါက်နေခဲ့သည်။
ချီးယုံ၏ခါးကို ကျန်းလော့ ခြေချောင်းဖြင့်ကန်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ ပုံစံက အရမ်းထောင်လွှားလွန်းနေတယ်လေ … မင်း အချစ်ကို ဘယ်လိုခယပြီးတော့ တောင်းခံရလဲဆိုတာ မသိဘူးလား”
“ နှိမ့်ချပြီးတော့ သနားစဖွယ်ကောင်းပြီး စုတ်ချာချာလေး ဖြစ်နေရမယ်” ကျန်းလော့ ကြမ်းပြင်နှင့် ဒူးခေါင်းထိလုဆဲဆဲဖြစ်နေသော မကောင်းဆိုးဝါးကို ကြည့်ကာ ဖြည်းဖြည်းချင်းလေး ပြောလိုက်သည်။ “ငါ့ကို စိတ်ပျော်အောင်လုပ်ပေးရမယ် … သဘောပေါက်လား”
မကောင်းဆိုးဝါးက ချက်ချင်းသဘောပေါက်သွားခဲ့သည်။ “သဘောပေါက်ပြီ”
သို့သော် နောက်တခဏမှာပဲ မကောင်းဆိုးဝါးက အလျင်အမြန်ထရပ်ကာ ကျန်းလော့ကို ဖိလိုက်ပြီး အနက်ရောင်မြူအစား လက်တစ်ဖက်တည်းဖြင့် ကျန်းလော့၏ လက်နှစ်ဖက်ကို ချုပ်လိုက်သည်။ ခြေထောက်ကို ကျန်းလော့ပေါင်တံကြား တိုးဝင်လိုက်ပြီး ကျန်းလော့ကို ဖန်စားပွဲအဝိုင်းပေါ် ဖိချလိုက်သည်။
ကြည်လင်နေသော ဖန်စားပွဲထက်မှာ အနက်ရောင်ဆံပင်များ ပြန့်ကျဲသွားခဲ့ပြီး ကျန်းလော့၏ မျက်လုံးများက အံ့အားသင့်သွားခဲ့ကြသည်။
မကောင်းဆိုးဝါးက ပြုံးလိုက်သည်။ “ဒါပေမဲ့ ငါကတော့ ငါ့ကိုငါပျော်အောင်လုပ်ဖို့က အရေးကြီးဆုံးလို့ထင်တယ်”
အနက်ရောင်ဆံပင်နှင့်လူငယ်လေး၏ မယုံကြည်နိုင်သည့်အမူအရာလေးက မကောင်းဆိုးဝါးကို ရယ်မိစေသည်။
သူ၏အေးစက်နေသော လက်ချောင်းထိပ်က ကျန်းလော့၏မျက်လုံးထောင့်မှာ ကျဆင်းလာခဲ့သည်။
“ လှလိုက်တဲ့ မျက်လုံးလေးတွေ”
ပြုံးရင်းဖြင့် လက်ကိုအောက်လျှောချလိုက်ပြီး “ဒီပါးစပ်လေးကလည်း လှတာပဲ”
“ မင်းငါ့ကို ပျော်အောင်လုပ်ချင်ရင်” မကောင်းဆိုးဝါးက အန္တရာယ်ရှိစွာဖြင့် ပြောလာခဲ့သည်။
“ဒီလောက်နဲ့ မလုံလောက်ဘူး”
သူ့လက်မကို နေရာရွှေ့လိုက်သည်။
သို့သော် အဆောင်၏အကျိုးသက်ရောက်မှုက မကောင်းဆိုးဝါးအပေါ်ကနေ အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
မကောင်းဆိုးဝါး ရပ်တန့်သွားခဲ့ပြီး သူ့အောက်မှာရောက်နေသော လူငယ်လေးကို ကြည့်လိုက်သည်။
အနက်ရောင်ဆံပင်နှင့်လူငယ်လေးက အသက်ကို အသက်ကိုပြင်းပြင်းရှုနေခဲ့ပြီး သူ့အဝတ်အစားကလည်း ဖရိုဖရဲဖြစ်နေခဲ့သည်၊ နှုတ်ခမ်းတစ်စုံကလည်း ချီယုံ၏လက်ကြောင့် နီရဲနေခဲ့ပြီး မျက်လုံးထောင့်တို့က ရဲပတောင်းခတ်ကာ ချီယုံကို မီးဝင်းဝင်းတောက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ချီယုံ မျက်ခုံးပင့်လိုက်သည်။
“ မင်းက အရမ်းရဲတာပဲ” မကောင်းဆိုးဝါးက ကျန်းလော့ လည်ပင်းကို လက်ဖြင့်ညှစ်လိုက်သည်။ “ငါ့ကို ဒူးထောက်ခိုင်းရဲတယ်ပေါ့လေ”
မကောင်းဆိုးဝါး သတိပြန်ကပ်လာပြီပဲ။
ကျန်းလော့ အေးစက်စက်ရယ်လိုက်ပြီး မကောင်စဆိုးဝါး၏ အဓိကနေရာကို ချက်ချင်းပိတ်ကန်ပစ်လိုက်သည်။ ကျန်းလော့က ယင်ယန်လက်ကောက်ကို ဖွင့်ထားနှင့်ပြီးပြီဖြစ်ကာ ရွှေရောင်စပါးကြီးမြွေကြီးက အနက်ရောင်မြူကို ဖြိုခွင်းပြီး ချီယုံဆီ တစ်ရှိန်ထိုးပြေးသွားခဲ့သည်။
မြွေ၏တိုက်ခိုက်ပုံက ကျန်းလော့၏ စိတ်အခြေအနေနှင့် သက်ဆိုင်နေခဲ့ပြီး သူ၏သွေးချင်းချင်းနီနေသော ပါးစပ်ကိုဖြဲကာ မြစ်ကမ်းနံဘေးမှာတုန်းကထက်ပင် ပိုပြီးတော့ ရက်ရက်စက်စက် တိုက်ခိုက်လာခဲ့သည်။
ချီယုံ ထိုဟာကိုရှောင်တိမ်းလိုက်သည် သို့သော် နောက်တစ်စက္ကန့်မှာပင် ကျန်းလော့၏လက်သီးနှင် မိတ်ဆက်လိုက်ရသည်။
ကျန်းလော့၏ လက်သီးကို အဆောင်ဖြင့် ပတ်ထားခဲ့ပြီး ထိုးချက်ကအားပြင်းသည်။ သို့သော် ထိုလက်သီးက မကောင်းဆိုးဝါးကို ထိုးမိချိန်မှာ လူပုံစံက အနက်ရောင်မြူအသွင်ပြောင်းကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကျန်းလော့ သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး အခန်းထဲက အမှောင်ထုကို လှည့်ပတ်ကြည့်လိုက်သည်။
တံခါး၏အပြင်ဘက်ကနေ ခေါက်သံထွက်ပေါ်လာခဲ့သည်။
စီနီယာအစ်ကိုချောင်၏အသံက ထွက်ပေါ်လာခဲ့၏။ “ ဂျနီယာညီလေး… မင်း ဒီထဲမှာလား”
သရုပ်ဆောင်တော်တော်ကောင်းတာပဲ။
ကျန်းလော့ လက်သီးပြင်လိုက်ပြီး တံခါးအပြင်ကိုထွက်ကာ ဘာစကားမှပြောမနေဘဲ စီနီယာအစ်ကိုချောင်၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ပိတ်ထိုးပစ်လိုက်သည်။
စီနီယာအစ်ကိုချောင်က အနောက်ကို ခြေနှစ်လမ်းဆုတ်သွားခဲ့ပြီး နေရာမှာပဲ ရပ်ကာ ဘာဖြစ်သွားလဲဆိုတာကို သဘောမပေါက်သည့်ပုံပင်။
“ ဂျုနီယာညီလေး …”
“ အစ်ကို … ကျွန်တော်တောင်းပန်ပါတယ်” ကျန်းလော့ ဟန်ဆောင်တောင်းပန်လိုက်၏။
“ အစ်ကို့ကို ကျွန်တော်တစ်ခြားတစ်ယောက်နဲ့ မှားသွားလို့ပါ။ အဆင်ပြေရဲ့လား”
သူ သွားပြီးတော့ စစ်ဆေးလိုက်သည်၊ စီနီယာအစ်ကို၏ မျက်နှာတစ်ဖက်က ညိုမဲနေပြီဖြစ်ပြီး ဒဏ်ရာကို ကြည့်ရပုံအရဆိုလျှင် သိပ်မကြာခင်မှာပဲ ရောင်ကိုင်းလာလောက်သည်။
“ အစ်ကိုချောင်” ကျန်းလော့ ပြောလိုက်၏။ “ ကျွန်တော် တကယ်တောင်းပန်ပါတယ် ဒါမှမဟုတ် ကျွန်တော် ဆေးရုံကိုလိုက်ခဲ့ပေးမယ်လေ”
စီနီယာအစ်ကိုချောင်က ခေါင်းယမ်းပြလာ၏။ “ထားလိုက်ပါတော့ ဂျုနီယာညီလေး … အသေးအမွှားဒဏ်ရာလေးပါ … အဆင်ပြေပါတယ်”
“ တကယ်အဆင်ပြေလို့လား” ကျန်းလော့ ဂရုတစိုက်ဖြင့်မေးလိုက်၏။
အစ်ကိုချောင်က ဒဏ်ရာကိုထိလိုက်ပြီး နှစ်သိမ့်သည့်အပြုံး ပြုံးပြလာခဲ့သည်။ “မစိုးရိမ်ပါနဲ့”
“ ဒါနဲ့” သူမေးလိုက်သည်။ “ညီလေးက ဘယ်လိုလုပ်ပြီးတော့ လူမရှိတဲ့အခန်းထဲ ရောက်နေတာလဲ”
“ ကျွန်တော့်အသိတစ်ယောက်နဲ့ တွေ့လို့ပါ” ကျန်းလော့ အပြုံးမဟုတ်သော အပြုံးတစ်ပွင့်ပြုံးလိုက်သည်။ “ပြီးတော့ စကားနည်းနည်းပြောခဲ့ကြတာ”
အစ်ကိုချောင်က သူ့ကို တုံ့ဆိုင်းစွာဖြင့် မေးလာခဲ့သည်။ “ နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ခဲ့ကြလို့လား”
အနက်ရောင်ဆံပင်နှင့်လူငယ်လေး၏ ပုံစံက အနိုင်ကျင့်ခံထားရသလိုပင်။ သူ့မျက်နှာထက်မှာ ဒေါသအရိပ်အယောင် ခပ်ရေးရေးရှိနေခဲ့ပြီး အဝတ်အစားကလည်း ဖရိုဖရဲဖြစ်နေခဲ့သည်၊ လက်ကောက်ဝတ်မှာလည်း လက်ရာကြီး ထင်နေရစ်ခဲ့သည့်ပုံစံက ပြောလို့မထွက်သောတစ်စုံတစ်ရာနှင့် ကြုံခဲ့ရသည့်ပုံပေါက်နေခဲ့သည်။
ကျန်းလော့ ပြတ်ပြတ်သားသားဖြေလိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်”
“တော်သေးတာပေါ့” စီနီယာအစ်ကိုက ထိုဟာကိုတွေ့ချိန်မှာ နောက်ထပ်ဆက်ပြောမလာတော့ပေ။ “ဒီလိုဆိုရင် ညီလေး … အစ်ကိုတို့ နေ့လည်စာပြန်စားကြတော့မလား”
“ မစားတော့ဘူး… အစ်ကို” ကျန်းလော့ သည်မကောင်းဆိုးဝါးနှင့် အတူဆက်ပြီး ရှိမနေချင်တော့ပေ။” ကျွန်တော် နေ့လည်ပိုင်းအတန်းရှိသေးတယ် … နောက်ကျနေမှာစိုးလို့ အရင်သွားနှင့်တော့မယ်”
အစ်ကိုချောင်က ခေါင်းညိမ့်ပြလာပြီး သူစားသောက်ဆိုင်ထဲကနေ ထွက်သွားတာကို ကြည့်နေခဲ့သည်။
ကျန်းလော့၏နောက်ကျော ပျောက်ကွယ်သွားချိန်မှာ အစ်ကိုချောင် လူမရှိသည့်အခန်းကို တွန်းဖွင့်ကာ အမှောင်ထဲကိုဖြတ်လျှောက်လိုက်ပြီး ဖန်စားပွဲဝိုင်းပေါ်က လျှပ်စစ်စီးကရက်ကို ရှာတွေ့လိုက်သည်။
သူ ဆေးလိပ်ကို တစ်ငုံရှိုက်လိုက်ပြီး အငွေ့ကို မှုတ်ထုတ်လိုက်သည်၊ သူ၏ သာမန်ဆန်သောမျက်နှာက ချက်ချင်းဆိုသလို ဆွဲဆောင်မှုရှိလာခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ချီယုံက အစ်ကိုချောင်ကို ကြိုးဆွဲထားခဲ့တာမဟုတ်ဘဲ သူနှင့်ဖုန်းလီ တိုက်ခိုက်လို့ပြီးခါနီးမှာ ဝင်ပူးလိုက်တာဖြစ်သည်။
ရလဒ်အနေနဲ့ကတော့ သည်ခန္ဓာကိုယ် ကြုံတွေ့ရသော ပြင်ပနာကျင်မှုမှန်သမျှကို သူလည်း ခံစားရသည်။
ဥမပမာအနေနဲ့ပြောရလျှင် ဒီတခဏမှာ လိုက်ဖက်ညီစေသည့်အဆောင် တစ်ခွက်က သူ့ခန္ဓာကိုယ်ထဲမှာ အင်းစက်များက အတွင်းကလီကနေစလို့ အသွေးအသားအထိ တတိတိ ကိုက်ဖြတ်နေသလို ခံစားနေရသည်။ အရိုးများက ယားယံလွန်း၍ သူ့ခန္ဓာကိုယ်ထဲမှာ အကောင်များပေါက်လာပြီးတော့ အရိုးများကို ကိုက်ဖြတ်စေချင်သည့် အထိပင်။
သူရေနွေးကြမ်းခွက်ထဲကို ပေါ့ပေါ့ပါးပါးပင်ထည့်လိုက်သော အောက်လမ်းအဆောင်က လူတစ်ယောက်ကို ငရဲကျနေသလို နာကျင်စေသည်၊ သို့သော် ချီယုံ၏အမူအရာကတော့ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
သူသက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။ “ ဒီလို နာကျင်မှုမျိုးကို မခံစားရတာတောင် အတော်ကြာသွားပြီပဲ”
ကျန်းလော့ ကျောင်းကိုပြန်ရောက်သွားချိန်မှာ အချိန်ကအတော်စောသေး၏။
သူနေ့လည်စာမစားရသေးသော်လည်ူ စားချင်စိတ်မရှိပေ။ သူ့အဆောင်ခန်းကို အပြေးသွားလိုက်ပြီး ရေချိုးကာ မကောင်းဆိုးဝါး၏ အထိခံခဲ့ရသော နေရာမှန်သမျှကို အသေအချာ တိုက်ချွတ်ဆေးကြောလိုက်သည်။
မကောင်းဆိုးဝါး၏အချစ်က သောက်ရမ်းကို လေးလံလွန်းသည်။ ကံကောင်းထောက်မစွာဖြင့် ဆယ့်ငါးမိနစ်ထဲ ဖြစ်လို့သာပင်။ တခြားသူများ၏အချစ်က ပေးဆပ်ခြင်းဖြစ်သော်လည်း သူကတော့ သူ့ကိုယ်သူပျော်အောင်လုပ်သည့် အရူးကောင်ဖြစ်သည်။
ကျန်းလော့ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ပြီးချိန်က အတန်းစတော့မည့်အချိန်နှင့် ကွက်တိပင်။ သူအဆောင်ခန်းထဲကနေ ထွက်လာချိန်မှာ စင်္ကြန်လမ်းပေါ်တွင် ပစ္စည်းထည့်သောပုံးများ အထပ်လိုက် ရောက်နေတာကို တွေ့လိုက်ရသည်။
သူ ပစ္စည်းပုံးများကို ရှောင်ကွင်းပြီးတော့ အတန်းတက်ခေါင်းလောင်းမထိုးခင် အခန်းထဲကို ဝင်သွားလိုက်သည်။
လုယုံရိက အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။ “ ငါတို့မင်းကို ဒီနေ့မလာတော့ဘူးလို့ထင်နေတာ”
ကျန်းလော့ “ ဘာလို့အဲလိုပြောရတာလဲ”
“ ဖုန်းလီက မင်းကို တပည့်အဖြစ်နဲ့ လက်ခံလိုက်တယ်ဆိုတဲ့အကြောင်း ငါတို့ကြားတယ်လေ” လုယုံရိက ရိုးရိုးသားသားပင် ပြန်ဖြေလာခဲ့သည်။ “မင်းကို ပြိုင်ပွဲစမယ့်အချိန်ထိ ထျန်းစစ်ဖူထဲမှာ ပိတ်ခံထားရမယ်ထင်နေတာ”
ကျန်းလော့ ပြုံးလိုက်ပြီး” ထျန်းစစ်ဖူနဲ့ ကျောင်းနဲ့ကို အသွားအပြန်လုပ်မှာလေ”
အတန်းစချိန်မှာ မထင်မှတ်ထားဘဲ ဆရာက ကျောင်းသားသစ်တစ်ယောက်ကို ခေါ်လာခဲ့သည်။
“ ဒီနေ့ကစပြီး ချီယယ်က ဆရာတို့ကျောင်းကိုပြောင်းလာခဲ့ပြီ” ဆရာက ပါရမီရှင်ကျောင်းသားတစ်ယောက် ထပ်ရောက်လာခဲ့၍ အသံက ပျော်မြူးနေခဲ့သည်။ “ အကုန်လုံး ချီယယ်ကို ကြိုဆိုလိုက်ကြရအောင်”
အောက်မှာထိုင်နေကြသော လူရှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီးမှ တစ်ပြိုင်နက်တည်း လက်ခုပ်တီးလိုက်ကြသည်။
ချီယယ်က ဆရာ၏ဘေးနားမှာ မာနကြီးပြီး စိတ်ဆတ်သောအသွင်ဖြင့် မတ်တပ်ရပ်နေခဲ့သည်။
သူ့အကြည့်က ကျောင်းသားအားလုံးဆီ ဝေ့ဝိုက်သွားခဲ့ပြီး ကျန်းလော့ကို တွေ့ချိန်မှာ သူ့မျက်လုံးထဲတွင် ရုတ်တရက် မီးပွားတစ်စ တောက်လောင်လာခဲ့သည်။
စင်္ကြန်လမ်းပေါ်မှာရှိနေသော ပစ္စည်းထည့်သည့်ပုံးများက ချီယယ်၏ ပစ္စည်းများဖြစ်ပြီး သူ အဆောင်ကို ပြောင်းလာမှန်း ကျန်းလော့ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ချီယယ်၏ ချီမိသားစုကလည်း မျိုးနွယ်စုခြောက်စုထဲက တစ်စုဖြစ်သည်။ သူတို့က အမျိုးမျိူးအထွေထွေကို သင်ယူကြပြီး ဟိုစပ်စပ် ဒီစပ်စပ်ရှိကြသည်။ ထို့ကြောင့် တစ်ခုတည်းကို သိပ်ပြီးတော့ ကျွမ်းကျင်သည်ဟု ပြောလို့မရသော်လည်း ချီမိသားစုက လွန်ခဲ့သည့်မျိုးဆက်သုံးခုကနေစပြီး မျိုးဆက်တိုင်းက ပြောင်မြောက်သော ဝိညာဉ်စွမ်းအားပါရမီ အရည်အချင်းရှိလာကြသည်။
ထိုပါရမီက သူတို့ကို စွယ်စုံရပြီး သင်ယူသမျှတိုင်းကို ကျွမ်းကျင်ပိုင်နိုင်လာစေသည်။ ထိုမျိုးဆက်သစ်များက သူတို့၏ချီမိသားစုနေရာကို ကာကွယ်ပြီး မိသားစုခြောက်စုထဲကနေ ဘယ်တော့မှနေရာမပျောက်သွားအောင် ထိန်းသိမ်းထားကြသည်။
ချီယယ်က ဒီနေ့ခေတ်လူငယ်ထဲမှာ အရည်အချင်းအရှိဆုံးထဲက တစ်ယောက်ဖြစ်သည်။
သူ့ကိုယ်သူမိတ်ဆက်ပြီးနောက်မှာ ကျန်းလော့၏ဘေးနားကို ချီယယ် ဝင်ထိုင်လိုက်သည်။
ရုပ်နယ်လွန်အတန်းတစ်ခုလုံးမှာ အသစ်ရောက်လာသော ချီယယ်ကို ပေါင်းထည့်လိုက်လျှင် လူကိုးယောက်သာရှိသည်။ လူကိုးယောက် တစ်ခုံကို သုံးယောက်စီထိုင်လိုက်ရာ စုစုပေါင်း သုံးတန်းဖြစ်သွားခဲ့၏။ ကျန်းလော့က အလယ်မှာဖြစ်ပြီး တစ်ဖက်မှာ စိုင်းလောင်အာထိုင်ပြီး ချီယယ်ကတော့ နောက်တစ်ဖက်မှာဖြစ်သည်။
စိုင်းလောင်အာကတော့ မိတ်ဆွေမို့လို့ အဆင်ပြေသည်။ သို့သော် ချီယယ်ကတော့ သူကျောင်းပြောင်းလာရသည့် ရည်ရွယ်ချက်က ကျောင်းတက်ရုံတစ်ခုတင်မဟုတ်ဟု ကျန်းလော့ခံစားရသည်။
ချီယယ်က ထိုင်ချလိုက်ပြီး အတန်းကို စိတ်ဝင်တစားနှင့် လိုက်နားထောင်လိုက်သည်။ အတန်းပြီးသွားချိန်မှာ သူ မာန်ပါပါဖြင့် ထရပ်လိုက်ပြီး ကျန်းလော့ထံသွားကာ ရင်းနှီးနေသော စကားကြမ်းကြမ်းတို့ကို ပြောလာခဲ့သည်။
“ နောက်တစ်ဆင့်ကျရင် … ပထမနေရာကို ငါယူမှာ”