Ch 44
Viewers 8k

အခန်း-၄၄ 


ပျောက်ဆုံးသွားသော သတို့သမီး။ 


သာမန်လူတွေ နားမလည်သော အကြောင်းပြချက်ဖြင့် အရူးလုပ်ထားသည်။ 


ကျန်းလော့နှင့် သူ့အဖွဲ့သည် ဂူကို ဖြတ်ပြီး ငါးမိနစ် ခြောက်မိနစ် လျှောက်သွားကြပြီး လမ်းလေးခုဆုံရာသို့ ရောက်သွား၏။ 


လုယုံရိက မှောင်မည်းနေသော လမ်းလေးခုလုံးကို ကြည့်လိုက်ပြီးနောက် လေးနက်စွာ မေးလာသည်။ “ငါတို့ ဘယ်လမ်းကို သွားမလဲ”


ကျန်းလော့က စိတ်မှန်းဖြင့် လေးခုမြောက်လမ်းကို ရွေးလိုက်သည်။ “ဒီတစ်ခု.. ငါ့စိတ်ထင် ဒါက အန္တရာယ်အကင်းဆုံး ဖြစ်နိုင်တယ်”


လုယုံရိက တစ်ခုခု ဆိုချင်နေသည့် ရှုပ်ထွေးသော မျက်နှာဖြင့် သူ့ကို ကြည့်ပြီးနောက်။ “ကျန်းလော့ ဒါကတော့ ငါ မင်းကို မယုံနိုင်ဘူး။ ဒါပေမဲ့ မင်းအနေအထားအရ မင်းက.. ပုံမှန်အားဖြင့် ပြောရရင် မကောင်းတာပဲ ဖြစ်လိမ့်မယ် တကယ်ကောင်းမှာ မဟုတ်ဘူး”


ကျန်းလော့ “… မင်းမှန်တယ် လေးခုမြောက်လမ်းကို ဖယ်လိုက်”


စီဝမ်ကွေးက ပထမဆုံးလမ်းကို လက်ညှိုးထိုးလိုက်ပြီး။ “ငါ့စိတ်ထင် ငါတို့ ဒီလမ်းကို သွားသင့်တယ်”


ကျန်းလော့က သူ့အသိုက်ကို သူ မသိလိုက်ဘဲ ရောင်းစားလိုက်သည့်သူကို ကြည့်လိုက်မိပြီး သူ့ပခုံးကို စိတ်အားထက်သန်စွာ ပုတ်လိုက်လျက် နှုတ်ခမ်းစွန်းတို့ ကွေးတက်သွား၏။ “အာ.. တကယ်လို့ မင်းမှာ ခန့်မှန်းချက်ရှိတယ် ဆိုရင် ပြောသာပြော ငါတို့ မင်းနောက်ကို လိုက်ခဲ့မယ်”


စီဝမ်ကွေးက ဦးဆောင်ပြီး စိတ်ချရသော လမ်းကို ရွေးချယ်လိုက်သည်။ သူတို့သည် ဂူကို ဖြတ်သွားပြီးနောက် တံတားတစ်ခုဆီသို့ ရောက်ရှိသွား၏။ 


ချိန်းကြိုးများက ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိပြီး ပျဉ်ချပ်များက ခနော်ခနဲ ဖြစ်နေကာ ကြိုးတံတားက အန္တရာယ်ရှိဟန်ပေါ်သည်။ ကျန်းလော့သည် တံတားအောက်ခြေရှိ မြေအောက်မြစ်ကို ငုံ့ကြည့်လိုက်မိရာ ရေဝိညာဉ်များဖြင့် ပြည့်နှက်နေလေသည်။ (ရေဝိညာဉ်ဆိုတာက ရေသရဲလိုမျိုးပါ။)


စီဝမ်ကွေးက ပြော၏။ “တံတားကို ဖြတ်ပြီးတာနဲ့ မင်းတို့ အဲကို ရောက်ပြီ”


ကျန်းလော့က မေးလိုက်သည်။ “ဘယ်ကိုလဲ”


စီဝမ်ကွေး၏ မျက်နှာက ဗလာဖြစ်သွားပြီး။ “ငါ မသိဘူး”


ကျန်းလော့က မအံ့ဩသွားဘဲ ပခုံးတွန့်လိုက်သည်။ “သွားကြစို့”


စီဝမ်ကွေးက လမ်းကို ဦးဆောင်သွားပြီး သူတို့ တံတားအလယ်သို့ ရောက်သည်တွင် အနီရောင်ဝတ်ရုံဝတ် မြေခွေးမျက်နှာဖုံးနှင့်လူက တစ်ဖက်မှ ဖြတ်လာသည်။ 


အစိမ်းရောင်မြေခွေးမျက်နှာဖုံးသည် နှာတံရှည်လျားပြီး ‘ပန်း’ဟူသော စာလုံးကို ဘေးနားတွင် ပန်းထိုးထား၏။ ထိုအမျိုးသားက တံတားပေါ်တွင် လျှောက်လာရင်း ခက်ထန်စွာ ပြောလာသည်။ “ထန်ပိ မင်းက သခင်ကို သစ္စာဖောက်ဖို့ အစီအစဉ် ချနေတာလား”


ကျန်းလော့နှင့် လုယုံရိသည် စီဝမ်ကွေးဘက်သို့ ချက်ချင်း ကြည့်လိုက်မိရာ အမူအရာ ကင်းမဲ့နေသော စီဝမ်ကွေးက သူတို့အား စိတ်ရှုပ်ထွေးစွာ ပြန်မေးလာ၏။ “မင်းတို့ ဘာလို့ ငါ့ကို ကြည့်နေတာလဲ”


လုယုံရိက ပြန်ပြောသည်။ “ကြည့်ရတာ သူက မင်းကို ပြောနေတဲ့ပုံပဲ”


ဒီတော့ စီဝမ်ကွေးရဲ့နာမည်က ထန်ပိလား။ ထူးဆန်းတဲ့ နာမည်ပဲ။ 


သို့သော် စီဝမ်ကွေးမှာ သူ့မှတ်ဉာဏ်များကို ပြန်မရသေးဘူးဆိုတော့ သူတို့အတွက် အန္တရာရယ်ရှိနိုင်မလား။ 


စီဝမ်ကွေးက ပြောလိုက်သည်။ "သူ့နာမည်က ထန်ပိ၊ ငါ့နာမည်က စီဝမ်ကွေးလေ”


အနီရောင်အမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး။ “ဒီတော့ မင်းက မင်းနာမည်တောင်မှ မေ့သွားပြီပေါ့ သနားဖို့ကောင်းလိုက်တာ လူသားတွေ လက်ထဲမှာ ကင်းထောက်ခွေး ဖြစ်နေတာ မဆန်းတော့ဘူး”


ကျန်းလော့က ပျင်းရိစွာ ကြားဖြတ်ပြောလိုက်၏။ "အိုး.. မင်းက ခွေးတစ်ကောင်နဲ့ နှိုင်းယှဉ်လို့ မရရုံနဲ့ ခွေးကိုတောင် မနာလိုနေတာလား”


အနီရောင်အမျိုးသား၏ အပြုံးက တန့်ခနဲ ဖြစ်သွားပြီး။ “သေချင်နေတယ်”


သူ၏ မြေခွေးလက်သည်းများကဲ့သို့ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းများသည် သူ့လက်ချောင်းများသည် ပါးလျ ရှည်လျားပြီး ခွန်အားအပြည့် ဖြစ်လျက် သူ့လက်သည်းများက ချိတ်ကောက်ကဲ့သို့ ချွန်ထက် ချွန်မြသည်။ ထိုအချိန်တွင် အနီရောင်အမျိုးသားက ကျန်းလော့၏ရှေ့သို့ ရောက်လာပြီး သူ့လက်သည်းက မရောက်လာပြီတွင် စီဝမ်ကွေး၏ ဓားပြားကြီးဖြင့် ဆုံတွေ့သွားတော့သည်။ 


စီဝမ်ကွေးက ကျန်းလော့နှင့် လုယုံရိကို အနောက်တွင် ကာကွယ်ထားပြီး လက်သည်းများနှင့် ဓားသည် ပြိုးပြက်လက်သော မီးပွားများကို ဖြစ်လာစေသည်။ စီဝမ်ကွေးက အေးစက်စက် ပြောသည်။ “မင်း သူတို့ကို နာကျင်အောင် လုပ်လို့ မရဘူး”


အနီရောင်အမျိုးသား၏ နဖူးက အရေးအကြောင်းများ ဖြစ်လာပြီး။ “ထန်ပိ မင်း တကယ်စိတ်ပျက်စရာကောင်”


သူက အသိလက်လွတ် ခွန်အားကို တိုးမြှင့်လိုက်လေရာ လက်သည်းများက ဓားပြားကို ဖိနှိပ်လိုက်နိုင်ပြီး စီဝမ်ကွေး၏လက်တွင် လက်သည်းရာငါးခုက ဖြတ်တောက်သွားပြီး သွေးများ ချက်ချင်း ကျလာကာ လက်သည်းများက အရိုးထိတိုင် စိုက်ဝင်သွားသည်။ 


စီဝမ်ကွေးက သူ့လက်မောင်းမှ ဒဏ်ရာကို ကြည့်လိုက်သည်။ 


အနီရောင်ဝတ်အမျိုးသား၏ လက်သည်းတွင် အချို့သော အဆိပ်များ ရှိနေကာ သူ့ဒဏ်ရာတွင် အဖြူရောင်အမြှုပ်အချို့ ဖြစ်လာစေပြီး သူ့၏ကိုယ့်ကိုယ်ကိုယ် ကုသမှုစွမ်းရည်အရ ချက်ချင်း သက်သာပျောက်ကင်းသွားရမည့်အစား ယင်းက မအောင်မြင်ခဲ့ချေ။ 


စီဝမ်ကွေးက မျက်မှောင်ကြုတ်လိုက်ကာ ထိုဒဏ်ရာကို လျစ်လျူရှုလိုက်ပြီး သူ့ဓားဖြင့် တိုက်ခိုက်လိုက်ရာ အနီရောင်အမျိုးသား၏ ရင်ဘတ်တွင် သွေးထွက်နေသည့် ဒဏ်ရာတစ်ခုကို ပေးလိုက်နိုင်သည်။ လုယုံရိက အော်လိုက်သည်။ “စီဝမ်ကွေး”


အနီရောင်အမျိုးသားက လုယုံရိကို ကြည့်လာပြီး သူ့လက်သည်းကို ဆန့်ထုတ်လိုက်ရာ စီဝမ်ကွေးက အနောက်မှ တိုက်ခိုက်လိုက်ပြီး ဟန့်တားလိုက်သည်။ 


စီဝမ်ကွေးနှင့် အနီရောင်အမျိုးသားက တိုက်ခိုက်နေလေရာ ကြိုးတံတားက ပြင်းထန်စွာ တုန်ခါနေသည်။ သို့သော် အနီဝတ်အမျိုးသား၏ လက်သည်းသည် စီဝမ်ကွေးအား ချုပ်ကိုင်လိုက်နိုင်ပုံရကာ စီဝမ်ကွေး၏ ခန္ဓာကိုယ်က ပြန်လည်ကုသနိုင်ပုံ မရဘဲ မကြာမီ ရှုံးနိမ့်တော့မလိုပင်။ အနီရောင်အမျိုးသားက လှောင်ပြောင်လိုက်ပြီး။ “ထန်ပိ မင်း ဘယ်တုန်းက ဒီလောက် အားနည်းသွားတာလဲ”


စီဝမ်ကွေး၏ မျက်ခုံးများက ထိစပ်သွားပြီး ကျန်းလော့တို့ထံ လှည့်လာပြီး။ “မင်းတို့ အရင်သွားတော့”


ကျန်းလော့က ယင်ယန်လက်ကောက်ကို ဆင့်ခေါ်ပြီး စီဝမ်ကွေးနှင့် တိုက်ခိုက်နေသော အနီရောင်အမျိုးသားကို တိုက်ခိုက်စေလိုသော်ငြား သူတို့က လျင်မြန်စွာ တိုက်ခိုက်နေခြင်း ဖြစ်ပြီး သူသာ ၁၂ရာသီခွင်ကို ဆင့်ခေါ်ခဲ့မယ် ဆိုရင် စီဝမ်ကွေးကိုပါ တိုက်ခိုက်မည် ဖြစ်သည်။ 


ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီးနောက် ကြိုးတံတားကို ဖြတ်ရန် လုယုံရိကို တရွတ်တိုက်ဆွဲခေါ်လိုက်သည်။ 


လုယုံရိက မယုံနိုင်ဟန်ဖြင့် ဖျက်ခနဲ ကြည့်လာပြီး သူ့နှလုံးသားက မခံစားနိုင်တော့ဘဲ.. “ကျန်းလော့ စီဝမ်ကွေး အဆင်ပြေမယ် မဟုတ်လား”


“သူတို့က နတ်ဘုရားရုပ်တုရဲ့ ဘယ်ညာ ကိုယ်ရံတော်တွေပဲ သူတို့ အချင်းချင်း သိတယ် အနီရောင်ယောက်ျားက စီဝမ်ကွေးကို ဘာမှမလုပ်နိုင်ဘူး” သို့သော် ထိုစကားကို ပြောနေစဉ်တွင် ကျန်းလော့က ခက်ခက်ခဲခဲ နဖူးတွန့်သွားမိလျက် သူသည် သူများကို အကြွေးတင်နေခြင်းကို မနှစ်သက်သူပင်။ “ကိစ္စမရှိဘူး။ ငါ ပြန်လာကြည့်မယ်”


သူက ခြေလှမ်းကို ရပ်လိုက်ပြီး ပြန်သွားရန် ပြင်လိုက်သည်။ လုယုံရိသည် သူ့ကို ပြန်ဆွဲထားပြီး “ငါ မင်းနဲ့ သွားမယ်”


ထိုစကားကို ပြောပြီးသည်နှင့် လုယုံရိ၏ နှုတ်မှ ညည်းညူသံ ထွက်ပေါ်လာသည်။ “ကျန်းလော့ ငါ့ခြေထောက်ကို တစ်ခုခု ကိုက်လိုက်ပုံပ”


ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်နှာက တဖြည်းဖြည်း ပြာငန်းလာပြီး နှုတ်ခမ်းမှ သွေးရောင်က ဖျော့တော့လာ၏။ “နာတယ် ဒါက နာတယ်”


ကျန်းလော့ ရုတ်တရက် ထိတ်လန့်သွားပြီး အောက်ငုံ့ကြည့်လိုက်သောအခါ လုယုံရိ၏ရှုးဖိနပ်ထိပ်ဖျားတွင် တွားသွားဖြတ်ကူးနေသော အပြာရောင်အမြှီးနှင့် ကင်းမြီးကောက်ကို မြင်လိုက်ရသည်။ ကင်းမြှီးကောက်မှာ လက်တစ်ဖဝါးစာ အရွယ်အစား ရှိပြီး ပန်းထိုးအပ်ကဲ့သို့ အမြှီးက ဖြောင့်တန်းနေ၏။ 


ယင်းကင်းမြှီးကောက်သည် သွေးဖြင့် ကြီးထွားသည့် အမျိုးအစား ဖြစ်ပြီး အမြှီးမှ အဆိပ်သည် အသက်ရှိသူကို တစ်နာရီအတွင်း သေစေနိုင်သည်။ 


ကျန်းလော့၏ မျက်နှာက ရုတ်ချည်း ပျက်ယွင်းသွားပြီး ရွှေရောင်ပုံရိပ်ဖြင့် မြွေကို ထုတ်ယူလိုက်ပြီး လုယုံရိကို ထိုင်ချရန် ကူညီလိုက်ပေးလိုက်သည်။ အဆိပ်ရှိအကောင်ကို ကောက်ယူလိုက်ပြီးနောက် သွေးထုတ်လိုက်သည်။ 


သို့သော် ဤကင်းမြှီးကောက်သည် အလွန်အဆိပ်ပြင်းပြီး လုယုံရိအား တစ်ခဏအတွင်း ဖူးရောင်ပြီး ဆောင်းတွင်းကဲ့သို့ ခိုက်ခိုက်တုန်လာစေသည်။ 


ကျန်းလော့၏ လက်များသည် အနည်းငယ် တုန်ယင်သွားပြီး အကြီးအကျယ် ဒေါသထွက်လာစေရုံသာမက ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ ပါဝင်နေလျက် ဘာကြောင့် ထိုသို့ ဖြစ်ရသည်ကို သူ့ကိုယ်သူ နားမလည်နိုင် ဖြစ်၍ ပိုစိတ်တိုရသည်။ 


ကျန်းလော့သည် သူငယ်ချင်းများ လိုအပ်သည်ဟု မတွေးခဲ့ဖူး။ 


မိသားစုနှင့် မိတ်ဆွေသူငယ်ချင်း ဟူသည် သူ အပြည့်အဝ လျစ်လျူရှုထားပြီး ဖြစ်၏။ 


သူ့မျက်လုံးထဲတွင် ပိုင်ဟွာတက္ကသိုလ်သည် သူ့ကို အကာအရံတစ်ခုအဖြစ် ကာကွယ်ပေးရန် အသုံးဝင်ရုံသာ ဖြစ်သည်။ 


ယင်းက ထိုအတိုင်း ဖြစ်သင့်ပေသည်။ 


သို့သော် ယခုတွင် သူသည် အထိတ်တလန့် ခံစားချက်မှ သူ့ကိုယ်သူ ထပ်မံလေ့ကျင့်ရန် မဖြစ်နိုင်တော့ပုံပင်။ 


ဘာလို့ အထိတ်တလန့် ဖြစ်ရတာလဲ။ 


ဘာလို့လဲဆိုတော့ လုယုံရိက သေသွားနိုင်တယ် မဟုတ်လား။ 


ဘာလို့လဲ ဆိုတော့ သူသည် လုယုံရိကို သူငယ်ချင်းအဖြစ် မြင်နေသည် မဟုတ်လော။ 


ကျန်းလော့သည် ခြေထောက်ကို ရှေ့ထုတ်လိုက်ပြီး လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ တစ်ခုခုကို အမှတ်ရသွားပြီးနောက် သူ့လက်ကို အလျင်စလို ထုတ်လိုက်ပြီး ရွှေရောင်စပါးအုံးကို ဆင့်ခေါ်ကာ သူ့လက်မောင်းတွင် ရစ်ပတ်ထားစေလိုက်သည်။ ရွှေရောင်စပါးအုံး၏ ပါးစပ်တွင် ကင်းမြှီးကောက်က ရှိနေသေးဆဲ ဖြစ်သည်။ ကျန်းလော့က ညာလက်ဖြင့် ကင်းမြှီးကောင်ကို ယူလိုက်ပြီး အဝတ်နက်ဖြင့် ရစ်ပတ်လိုက်ကာ ၎င်းကို မသတ်ဘဲ ယင်း၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်၏။ 


ကင်းမြှီးကောက်၏ကိုယ်မှ တောက်ပသော သွေးနီနီများ လျှံကျလာသည်။ 


ယင်းက ကင်းမြှီးကောက်အထီး ဖြစ်ပေသည်။ 


ကျန်းလော့ သက်ပြင်းနက်နက် ရှိုက်လိုက်မိသည်။ 


ကင်းမြှီးကောက်အမျိုးအစား နှစ်မျိုးရှိသည်။ အထီးနှင့်အမ ဖြစ်၏။ အထီး၏အဆိပ်မိပါက ပြန်လည်ကယ်ဆယ်နိုင်သေးသော်လည်း အမ၏အဆိပ်မိပါက သေဖို့စောင့်ရုံသာ ရှိတော့သည်။ 


အကယ်၍ ကင်းမြှီးကောက်အထီး၏အဆိပ် မိခဲ့ပါက တစ်နာရီအတွင်း ကင်းမြှီးကောက်အမကို ရှာကာ အမ၏သွေးဖြင့် အထီး၏အဆိပ်မိသောနေရာတွင် ပွတ်လိမ်းလိုက်ပါက အဆိပ်ကို ထုတ်ပစ်နိုင်ပေသည်။ 


ကင်းမြှီးကောက်အထီး၏သွေးသည် အနီဖြစ်ပြီး အမ၏သွေးမှာ အဖြူဖြစ်သည်။ ကင်းမြှီးကောက်အမ၏ အဆိပ်က ပြင်းထန်သော်လည်း ၎င်းသွေးကမူ ကျန်းမာသန်စွမ်းစေသော အကျိုးသက်ရောက်မှုရှိသည်။ ဝိညာဉ်ကို ပြင်ဆင်ပေးသည်။ ယင်ဓာတ်ကို စောင့်ရှောက်ပေးသည်။ သေခြင်းရှင်ခြင်း နှစ်ခုလုံးတွင် အသုံးဝင်ပြီး အဆက်မပြတ် အမဲလိုက်ခံခဲ့ရသဖြင့် အထီးများထက် အမက အလွန်နည်းပါးပေသည်။ 


သို့သော် နည်းသည် ဆိုလျှင်ပင် ဆိုလိုသည်မှာ လုယုံရိကို ကယ်တင်ရန် မျှော်လင့်ချက်တစ်ခု ရှိသည်သာ။ 


ကျန်းလော့က သက်ပြင်းနက်နက် ချလိုက်ပြီး လုယုံရိ၏ ဒဏ်ရာတွင် သုတ်လိမ်းကာ အဆိပ်ပျံ့နှံ့မှုကို လျော့ချလိုက်သည်။ သူသည် လုယုံရိကို ထောင့်နားတွင် ဖုံးကွယ်ထားလိုက်ပြီး သူ့အတွက် ရွှေရောင်အငွေ့အသက်တစ်ခုသာ ချန်ထားလိုက်ပြီး ကျန်သည်များကို လုယုံရိအား ကာကွယ်ရန် အသုံးပြုလိုက်သည်။ 


“တစ်နာရီ..” သူ ညည်းလိုက်သည်။ “စိတ်ချလက်ချနဲ့ ကစားဖို့ မိနစ်လေးဆယ်ပဲ ရမယ်”


အချိန်က အရေးကြီးပေသည်။ 


ကျန်းလော့သည် ကြိုးတံတားကို လှည့်ကြည့်လိုက်ပြီး တောင်းပန်လိုက်သည်။ 


သူ့စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်နေသည်။ 


လက်ရှိတွင် သူသည် စီဝမ်ကွေး ဘေးကင်းအောင် သေချာ မလုပ်ပေးနိုင်တော့ဘဲ ကင်းမြှီးကောက်အမကို ရှာရန် ဦးစားပေးဖို့ လုပ်ရတော့မည်။ 


ကျန်းလော့သည် ဒဏ်ရာရနေသော ကင်းမြှီးကောက်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ 


ကျန်းလော့သည် ဒဏ်ရာရနေသော အဆိပ်ပြင်းကင်းမြှီးကောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ 


အဆိပ်ရှိ ကင်းမြှီးကောက်များသည် အုပ်စုလိုက်နေတတ်ကြပြီး သူတို့ဒဏ်ရာရရှိပါက အထီးရောအမပါ ရှိသည့် အသိုက်သို့ ပြန်တတ်ကြသည်။ 


အဆိပ်ပြင်းကင်းမြှီးကောက်သည် မြေပြင်သို့ ရောက်သွားသော်လည်း လျင်မြန်စွာ မလှုပ်ရှားနိုင်ချေ။ 


ကျန်းလော့သည် ကင်းမြှီးကောက်နောက်သို့ အသာကလေး လိုက်သွားသော်လည်း ကင်းမြှီးကောက်၏ အရှိန်က တိုးမြင့်လာပြီး တစ်နေရာသို့ အရောက်တွင် ပိုပို ကြမ်းတမ်းလာသည်။ ကျန်းလော့သည် မိနစ်၂၀ ကြာပြီးနောက် လမ်းမတစ်ခုသို့ ရောက်သွားသည်ကို ရေတွက်မိနေခဲ့သည်။ 


ကျန်းလော့သည် ရေကျသံသဲ့သဲ့ကို ကြားလိုက်ရ၏။ 


နောက်ထပ် ရေအောက်မြစ်ရဲ့ မြစ်လက်တက်လား။


မှန်သားပဲ။ ကင်းမြှီးကောက်တွေက အမှောင်နဲ့ စိုထိုင်းတဲ့နေရာတွေကို ကြိုက်တာပဲ။ 


သူ ကျောက်တုံးပေါ်မှ ပြိုလဲကျသွားပြီး နောက်တစ်ခဏ သူ့မြင်ကွင်းတွင် အလင်းတစ်ချက် ရိပ်ခနဲ တွေ့လိုက်ရသည်။ သူ မျက်ခုံးပင့်တက်သွားကာ ရုတ်ချည်း ကျောက်နံရံနောက်ကို လိမ့်သွားလိုက်၏။ 


သူ ပုန်းနေရာမှ အလင်းရောင်ရှိရာကို ဂရုတစိုက် ကြည့်လိုက်သည်။ 


ရှေ့တွင် လက်တူးဂူတစ်ခု ရှိနေသည်။ 


ဂူအလယ်တွင် ရေကန်ငယ်တစ်ခု တူးထား၏။ ရေကန်အတွင်းမှ ရေသည် မျက်နှာပြင်တွင် အဖြူရောင်စေးပျစ်ပျစ် ဖြစ်သည်။ ကျန်းလော့၏ ပထမဆုံးအမြင်မှာ အဆိပ်ပြင်းကင်းမြှီးကောက်အမ၏သွေးဖြစ်သည်။ 


သွေးတွေ များလွန်းလို့ ရေကန်တောင် ဖြစ်နေတယ်။ တစ်ကမ္ဘာလုံးက အဆိပ်ပြင်းကင်းမြှီးကောက်အမတွေ အားလုံးကို သတ်ပစ်လိုက်တာ ဖြစ်နေမှာတောင် ငါ စိုးမိတယ်။ 


ကျန်းလော့သည် ရေကန်အတွင်းမှ စိုရွဲနေသောလူကို သူ့အကြည့်များ မရွေ့သွားခင်တွင် ရေကန်အတွင်းမှ ရေများကိုသာ စိုက်ကြည့်နေခဲ့မိသည်။ 


ရေကန်ထဲမှ လူသည် လက်များကို ရေကန်၏အစွန်တွင် တင်ထားပြီး သက်တောင့်သက်သာဖြင့် အပန်းဖြေနေဟန်ရှိသည်။ 


ဤထူးခြားပြီး ခက်ခဲနက်နဲသော ဂူအတွင်း သူ့ပုံစံသည် အဆင်မပြေတာမရှိဘဲ ပျော်ရွှင်နေပုံရသည်။


နောက်တစ်ခဏတွင် သူသည် ထိုလူကို တွေ့လိုက်ရပြီး ကျန်းလော့၏ ညာမျက်ခွံက အကြိမ်အနည်းငယ် ခုန်လှုပ်သွား၏။ 


ချီယုံ


သောက်ကျိုးနည်း ချီယုံ


သူသည် အစောပိုင်းက နတ်ဘုရားရုပ်တု၏အမဲလိုက်ခံခဲ့သော်လည်း သူ၏မကောင်းသောနိမိတ်ဟု မုချမတွေးခဲ့သည့်တိုင် ယခုမူ သူ၏ မကောင်းဆိုးဝါးနိမိတ်က အကျိုးသက်ရောက်လာဟန် ရှိပေသည်။ 


ချီးပဲ။ 


သူ အဆိပ်ပြင်းကင်းမြှီးကောက်အမ၏ သွေးကို လိုအပ်ပြီး သူ့အသက်ကို လိုချင်နေသော မကောင်းဆိုးဝါးဝိညာဉ်သည် အဆိပ်ပြင်းကင်းမြှီးကောက်အမ၏သွေးများ စိုရွဲနေသည်။ 


သောက်ကျိုးနည်း တိုက်ဆိုင်မှုတစ်ခုပဲ။ 


ကျန်းလော့သည် စိတ်ထဲတွင် အကြိမ်များစွာ ဆဲရေးလိုက်ပြီး ရေကန်ဆီသို့ တစ်ခဏအတွင်း မည်သို့ ရောက်နိုင်မည်နှင့် ပြန်ထွက်လာနိုင်မည်ကို တွေးဆလိုက်သည်။ 


ကျန်းလော့ကို ခေါ်ဆောင်လာသော အဆိပ်ပြင်းကင်းမြှီးကောက်သည် တစ်မီတာအကွာတွင် ဆက်မသွားတော့ဘဲ ရေကန်အတွင်းမှ မကောင်းဆိုးဝါးက ခေါင်းကို ဘေးသို့ စောင်းလျက် ထူးထူးဆန်းဆန်း ရယ်မောလိုက်ပြီး အပြုံးကြီးကြီး ပြုံးလျက်။ “ဟမ်း.. တစ်ခုခု ရောက်လာတာလား”


ကျန်းလော့၏နှလုံးက ဆောင်ခုန့်သွားပြီး သူ့အသက်ရှုနေသည်ကို အုပ်ကိုင်လိုက်မိသည်။ (ဆိုလိုတာက သူ့နှာခေါင်းသူ လက်နဲ့အုပ်ပြီးကိုင်လိုက်တာပါ)


နောက်တစ်ခဏတွင် အဆိပ်ပြင်းကင်းမြှီးကောက်သည် အနက်ရောင်မြူခိုးတစ်မြူဖြင့် မြေပြင်ပေါ်တွင် ရိုက်နှက်ခံလိုက်ရသည်။ ချီယုံက သူ့ခေါင်းကို ပြန်တည့်လိုက်ပြီး မျက်ဝန်းများကို ပိတ်ထားကာ နောက်လှန်လျက် တေးသံညည်းလိုက်သည်။


တေးညည်းသံက အခိုးအငွေ့ကြားမှ ထွက်ပေါ်လာပြီး ဤမြင်ကွင်းတွင် ပျော်ရွှင်ဖွယ်ရာများ မရှိဘဲ ထူးထူးဆန်းဆန်း ထိတ်လန့်မှုများသာ နှစ်ဆတိုးလာစေသည်။ 


ကျန်းလော့သည် အချိန်နှောင့်နှေးနေ၍ မရပေ။ 


သူ့မျက်လုံးကို မှိတ်လိုက်ပြီး သူ့စိတ်ထဲတွင် ဝင်သွားပြီး ပြန်ထွက်ရန် လမ်းကြောင်းတစ်ခု လျင်မြန်စွာ ဆွဲလိုက်သည်။ လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် သူသည် ကျောက်တုံးနံရံနောက်မှ တိတ်ဆိတ်စွာ ထွက်ခွာလိုက်သည်။


ချီယုံ၏ မမြင်နိုင်သောနေရာက သူ့နောက်တည့်တည့်တွင် ရှိသည် ဖြစ်ရာ ရေခိုးယူဟန်ဆောင်ပြီး ထွက်ပြေးရမည်။ 


ယင်းသာ အောင်မြင်သွားခဲ့ရင်..


ကျန်းလော့သည် ချီယုံအနီးသို့ တစ်လှမ်း ချဉ်းကပ်လိုက်သည်။ 


မကောင်းဆိုးဝါးဝိညာဉ်သည် သူ ရောက်ရှိလာမှုကို သတိမပြုမိဘဲ ရင်တထိတ်ထိတ် ဖြစ်စေသောအသံဖြင့် တေးညည်းနေဆဲ ဖြစ်သည်။ ကျန်းလော့သည် သူ့ဘာသာ တွေးလိုက်၏။ ‘အခုအချိန်ပဲ’


သူသည် သူ့ဓားဖြင့် မကောင်းဆိုးဝါး၏ဦးခေါင်းဆီ လွဲလိုက်သော်ငြား နတ်ဆိုးက အနောက်တွင် မျက်စိရှိနေသကဲ့သို့ သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး ကျန်းလော့အား ရုတ်တရက်အားဖြင့် ရေထဲသို့ ဆွဲချသွား၏။ 


ဖလူး…


ကျန်းလော့၏ ခန္ဓာကိုယ်သည် အဆိပ်ပြင်းကင်းမြှီးကောက်အမ၏သွေးများဖြင့် ရွဲရွဲစိုသွားတော့သည်။ သွေးဖြူဖြူများသည် ထူးဆန်းသော သွေးမျိုးစိတ်ဖြစ်ပြီး နို့ရည်ကဲ့သို့သော အရည်က တွန့်လိမ်ကောက်ကွေးလျက် နို့ရေချိုးကန်တွင် ရေချိုးလိုက်သည့်အလား သူ့မျက်နှာပေါ်မှ စီးကျလာသည်။ 


ထိုတစ်ခဏအတွင်း သူသည် ရေကန်၏နံရံဆီသို့ ကိုယ်ဗလာမကောင်းဆိုးဝါး၏ လက်တစ်ဖက်ဖြင့် အကြမ်းပတမ်း တွန်းထိုးခံလိုက်ရပြီး ကျန်လက်ဖြင့် သူ၏ယင်ယန်လက်ကောက်ကို အသုံးပြုခြင်းမှ တားဆီးခံလိုက်ရသည်။ ဆိုရလျှင် လက်တစ်ဖက်တည်းဖြင့် ဆံပင်နက်ကောင်လေးကို ရေကန်နံရံသို့ အကြမ်းပတမ်း တွန်းထိုးလိုက်ခြင်း ဖြစ်သည်။ 


မကောင်းဆိုးဝါးဝိညာဉ်နှင့် ကျန်းလော့သည် အတူ နီးကပ်သွား၏။ 


ဆံနက်ကောင်လေးသည် အတင်းအကျပ် ဖိအားပေးခံရပြီး ရေအောက်မှဗီလိန်၏ ခါးနှင့် ဗိုက်ပေါ်ရှိ သူ့ညာခြေဖြင့် သူ့ကိုယ်သူ တည်ငြိမ်စေရန် ထိန်းထားရသည်။ 


ချီယုံက အသံရှည်ဆွဲပြီး ပြော၏။ “ကောင်းပြီ ဒီမှာ ဘာတွေဖြစ် အာ..”


“ပျောက်နေတဲ့..” ရွှင်မြူးနေသော မျက်လုံးများက ကျန်းလော့တစ်ကိုယ်လုံးကို စိုက်ကြည့်ပြီးနောက် “သတို့သမီးလား”