အပိုင်း (၅၉)
နောက်ထပ် ဝမ်ဝမ် တွေအများကြီး
ကျန်းလော်သည် ထိုမှတ်ချက်များကို ပလစ်ထားလိုက်ပြီး ဖုဝေအောက်မှ အိပ်ရာကို ကြည့်လိုက်သည်။
အခန်းထဲတွင် အိပ်စင်တစ်ခုရှိပြီး လူလေးယောက်နေနိုင်လောက်အောင် ကျယ်သည်။ ဖုဝေအောက်ရှိ အိပ်စင်သည် နေရာလွတ်နေပြီး ထိုကုတင်ခြေရင်းမှ သစ်သားပြားပေါ်တွင် သေသွားသော သင်တန်းသားသုံးယောက်မှ တစ်ယောက်နာမည် ရေးထားသည်။
လက်ထောက်သည် ကျန်းလော်ကို အခန်းသို့ ခေါ်လာသော်လည်း ဖုဝေ၏ခြေတံရှည်များသည် အိပ်စင်အပေါ်ထပ်မှ တွဲလောင်းကျနေပြီး အောက်ထပ်အိပ်စင်ကို ကွယ်ထားသည်။ ကျန်းလောသည် ဖုဝေကိုကြည့်လိုက်ပြီး
“မင်းငါ့အိပ်ရာကို ကွယ်ထားတယ်”
မြင်ရတာ ဘယ်လိုမှ အဆင်မပြေပေ ဖုဝေ၏လည်စိသည် အသက်ရှူနှုန်းကြောင့် တလှုပ်လှုပ်နှင့်ဖြစ်နေသည်။ ထိုလူသည် ကျန်းလော်ကို အထင်သေးစွာငုံ့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းမှ ဆေးလိပ်ငွေ့များကို ကျန်းလော်ခေါင်းပေါ်ရောက်အောင် မှုတ်ထုတ်နေသည်။ သူသည် လုံလ့ုလောက်လောက်စိတ်အနောက်အယှက် ပေးပြီးသွားသည့်နောက်တွင် တမင်တကာပင် ခြေထောက် အိပ်ရာဘေးမှ တန်းပေါ်တင်လိုက်သည်။
ကျန်းလော်သည် သူ့အိတ်ကို အိပ်ရာပေါ်ပစ်တင်လိုက်ပြီး အခန်းထဲသို့ သေချာလိုက်ကြည့်သည်။
အခန်းထဲတွင် ကင်မရာတစ်လုံးရှိပြီး ထိုပေါ်တွင် တီရှပ်တစ်ထည်ဖုံးထားသည်။ လက်ထောက်သည် ဖုဝေကိုကြည့်လိုက်ပြီး သူ့ဆံပင်များပင်ကျွတ်ထွက်သွားတော့မလို စိတ်ညစ်သွားရသည်။
“ဖုဝေ မင်းပုံရိပ်ကို နည်းနည်းလောက် ဂရုစိုက်လို့ရမလား ကင်မရာတွေရှေ့မှာတော့ အနေအထိုင်ဆင်ခြင်မှပေါ့ မတော်လို့များ မတည်းဖြတ်ဘဲ လွှင့်တဲ့ထဲပါသွားမယ်ဆိုရင် ပိရိသတ်တွေက မင်းကို ထွက်ခိုင်းရင် ဘယ်လိုလုပ်မလဲ”
ဖုဝေသည် စိတ်မရှည်ဖြစ်လာပုံဖြင့် သူ့လက်ထဲမှ စီးကရက်ကို ပြာခါလိုက်ပြီး
“ဒါဆိုလည်း ကင်မရာကို ပိတ်လိုက်”
ကျန်းလော်သည် သူ့ပြောပုံဆိုပုံများမှ ခန့်မှန်းကြည့်နိုင်သည်။ ဖုဝေသည် 'Next Stop, Idol'အတွက် တော်တော်အရေးပါပုံရသည်။ ဖုဝေသာထွက်သွားလျှင် 'Next Stop, Idol'သည် လုံးဝကြည့်ရှုနှုန်းကျသွားမည် ဖြစ်သည်။ အဆောင်အဆောက်အဦးထဲတွင် လူအများကြီးရှိသောကြောင့် လက်ထောက်သည် ကျန်းလော်ကို ဘာမှမပြောနိုင်ပေ။ ထို့ကြောင့်
“မင်းဒီမှာနေရမှာ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို လာပြော”
ကျန်းလော် “ကောင်းပြီ”
လက်ထောက်ထွက်သွားသည်နှင့် ကျန်းလော်သည် အိပ်ရာဆီသွားကာ သေချာသပ်ရပ်အောင်လုပ်လိုက်သည်။ ထို့နောက် ကုတင်ခြေရင်းတွင် ချိတ်ထားသော သစ်သားဘောင်မှ နာမည်ကို ကြည့်နေသည်။ ထိုကုတင်၏ မူလပိုင်ရှင်နာမည်သည် “ချန်လဲ့ကျီ” ဖြစ်သည်။
ကျန်းလော်သည် ချန်လဲ့ကျီအကြောင်းကို အစီအစဉ်အကြောင်း လေ့လာကြည့်စဉ်ကတည်းက သတိထားမိခဲ့သည်။ ချန်လဲ့ကျီသည် အစီအစဉ်တွင် ပထမထုတ်လွှင့်မှုထဲကပင် မဲအရေအတွက်တွက်မြင့်မြင့်နှင့် နေရာကောင်းရထားသည်။ 'Next Stop, Idol'ပထမအပိုင်းတွင် ချန်လဲ့ကျီသည် ရုပ်မဆိုးသော်လည်း အမှားတစ်ချို့လုပ်ခဲ့သည်။ သို့သော်ထိုအမှားကို တွမ်ကျီသည် ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့်နေခဲ့ပြီး ပိရိသတ်များ သူ့ကိုအမှတ်ရသွားစေကာ ချန်လဲ့ကျီသည် ကံကောင်းစွာဖြင့် ပွဲဦးထွက်ရန် နေရာတစ်နေရာ ရခဲ့သည်။
ဤအစီအစဉ်မှ လူရှစ်ယောက်ပါသော အမျိုးသားအိုင်ဒေါလ်အဖွဲ့ ပွဲဦးထွက်မှာဖြစ်သည်။ ပြောရင်းမှပင် သေဆုံးသွားသော နောက်ထပ် သင်တန်းသားနှစ်ယောက်သည်လည်း ပွဲဦးထွက်နေရာအတွက် လျာထားခံရလောက်အောင် မဲအရေအတွက်မြင့်သည်။
ဖုဝေသည် အိပ်ရာပေါ်မှဆင်းလာပြီး စားပွဲတွင်ဝင်ထိုင်လိုက်သည်။ အဆောင်သည် အလွန်သေးသည်မဆိုနိုင်သော်လည်း လူအုပ်လိုက်ကြီး ဝင်လာသောအခါ အနည်းငယ်ကျဉ်းသွားသလိုဖြစ်သွားသည်.
ဖုဝေသည် အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသည်။ သို့သော် ကျန်းလော်သည် ခနသာနေရကြည့်ရသေးသည် ဖုဝေသည် ချဉ်းကပ်ဖို့ မလွယ်သောသူဖြစ်ကြောင်း သိလိုက်သည်။
ကျန်းလော်သည် ဤနေရာသို့ ပွဲဦးထွက်ရန် ယှဉ်ပြိုင်ဖို့လာခြင်းမဟုတ်သောကြောင့် မည်သူနှင့်မှ ရင်းနှီးခင်မင်မသွားချင်ပေ။ သို့သော် ဖုဝေသည် ချန်လဲ့ကျီနှင့် တစ်ခန်းထဲနေသောကြောင့် ချန်လဲ့ကျီအကြောင်းမေးဖို့ အသင့်တော်ဆုံးမှာ ဖုဝေသာဖြစ်နေသည်။
“ဟယ်လို”
ကျန်းလာ်သည် ဖုဝေသူ့ကိုကြည့်နေသည်ကို မြင်သောကြောင့် နှုတ်ဆက်လိုက်ကာ သူ့အိပ်ရာကို လက်ညှိုးထိုးပြပြီး
“ဒီအိပ်ရာမှာ အိပ်သွားတဲ့ တစ်ယောက်က ချန်လဲ့ကျီလို့ခေါ်တာ ဟုတ်တယ်မလား မင်းသူနဲ့ ခင်လား”
“မင်းဘာမေးချင်တာလဲ”
“သူဘာလို့ထွက်သွားတာလဲ ဆိုတာ စပ်စုချင်တာလား”
ကျန်းလော်ကပြောသည်။
“မင်းတို့က အခန်းဖော်တွေဆိုတော့ သူထွက်သွားတဲ့ အကြောင်း သိမလားလို့ပါ”
“မင်းမေးရမဲ့သူမှားနေပြီ”
ဖုဝေသည် ပျင်းရိစွာပြောပြီး နောက်လှည့်သွားသည်။ သူ့မေးခွန်းကို သူ့လက်ဖဝါးပေါ်မှအကြောင်းများလောက်ပင် စိတ်မဝင်စားပုံရသည်။
“သူဘာလို့ထွက်သွားသွား ဂရုမစိုက်ဘူး သိလဲမသိချင်ဘူး သူဘာသူထွက်ချင်လို့ထွက်တာ ငါက ဘာလို့လိုက်ကြည့်နေရမှာလဲ”
ကျန်းလော်သည် သူ့ကိုကြည့်လိုက်သည်။
‘ဖုဝေမလိမ်နေဘူးပဲ’
တံခါးအပြင်မှ ရယ်ရွှင်နှင့် လုယုံရိ၏အသံကြားလိုက်သည်။
“ကျန်းလော်”
ကျန်းလော်သည် အပြင်ထွက်လိုက်သည်။
ရယ်ရွှင်နှင့် သူတို့နှစ်ယောက်သည် အခန်းဖော်များကို သေဆုံးသင်တန်းသားများအကြောင်းမေးခဲ့ပြီး အချို့အကြောင်းများသိခဲ့ရသည်။ ဘုံတူနေသော အရာမှာ ထိုသင်တန်းသားများသည် အများကြီး မတော်ကြသော်လည်း မဲများပြီး နေရာမြင့်မြင့်ရထားကြသည်ပင်။
“ပိရိသတ်မဲပေးတာက တကယ်ဆန်းကြယ်တာပဲ မတော်ပဲနဲ့တောင် မဲများနေတာဆိုတော့ ဒါပေမဲ့ ပိရိသတ်ဆီက မဲများများရတာက တခြားသူတွေလွယ်လွယ်နဲ့ မနာလိုဖြစ်စေနိုင်တယ်”
ကျန်းလော်သည် အတွေးများသွားသည်။
ထျန်ရှိဖူသို့ နာမည်ကြီး အနုပညာရှင်များမရေမတွက်နိုင်အောင် လာကြပြီး သူတို့ကို နာမည်ကြီးအောင် လုပ်ပေးရန်တောင်းဆိုကြသည်။ ဒီမစ်ရှင်သည်လည်း ထိုကဲ့သို့သော တောင်းဆိုမှုနှင့် ဆင်ဆင်တူသော မစ်ရျင်တစ်ခုဖြစ်သည်။
ဒီရှိုးကို မထုတ်လွှင့်ပါက အနစ်နာဆုံးမှာ မည်သူဖြစ်နိုင်သနည်း။
အဖြစ်နိုင်ဆုံးမှာ ပွဲဦးထွက်ရန်ပြင်ဆင်နေကြသော ဤအစီအစဉ်မှ သင်တန်းသားများပင် ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ တရားခံသည် သင်တန်းသားများထဲမှလည်း ဖြစ်နိုင်သည်။ သို့သော် ရိုက်ကူးရေးတွင် ဖြစ်သွားခဲ့သော ကို့ရိုးကားယားနိုင်သော မတော်တဆမှုသည် လူတစ်ယောက်လုပ်နိုင်သည်ထက် ကျော်နေသောကြောင့် အဖြေရှာရခက်နေသည်။
ကျန်းလော်သည် အာခြောက်လာသောကြောင့် အလိုလျောက်ဈေးရောင်းစက်မှ ရေတစ်ဘူးဝယ်လိုက်သည်။
“ဒီည စတူဒီယိုထဲ သွားကြည့်ရအောင်”
ရယ်ရွှင်နှင့် လုယုံရိသည် တက်ကြွစွာခေါင်းညိတ်လိုက်သည်။
ညစာစားပြီးနောက် ကျန်းလော်သည် သူ့အခန်းသို့ ပြန်သွားသည်။ ယခုအချိန်တွင် သင်တန်းသားများအားလုံး အဆောင်ပြန်နားနေကြပြီ ဖြစ်သောကြောင့် ကျန်းလော်တို့သုံးယောက်၏ သတင်းများပျံ့ကုန်ကြသည်။ ထို့ကြောင့် သူလျှောက်သွားသည့်အချိန်တွင် သိလည်းသိချင် မရင်းနှီးချင်ကြသော အကြည့်များဖြင့် တလျှောက်လုံး အကြည့်ခံရသည်။
ဘယ်သူကမှ ပြိုင်ပွဲထဲသို့ သန်မာပြီး အနိုင်ရနိုင်ချေများသူ တစ်ယောက် ထပ်ဝင်လာမည်ကို ကြိုက်မှာမဟုတ်ပေ။ အမုန်းခံရသည်ကလည်း ထွက်ပေါက်တစ်ခုပင်ဖြစ်နိုင်သည်ဟု တွေးမိသည်။ သေဆုံးသင်တန်းသားများနှင့် တူညီသော အုပ်စုတွင် နောက်ကွယ်မှလူသတ်သမားသည် သူတို့နှင့် ယှဉ်နိုင်သည့် နောက်ထပ်သင်တန်းသားရောက်လာမည်ကို လိုလားမည်မဟုတ်ပေ။ နောက်ရောက်လာသူသည် အလှပန်းအိုးဖြစ်စေ ပါရမီကောင်းသောသူဖြစ်စေ သူတို့ ဘယ်လိုမှ သဘောကျမည် မဟုတ်ပေ။
သို့ရာတွင် ကျန်းလော်တို့သုံးယောက်သည် မန္တာန်အဆောင်များ ရေးဆွဲနိုင်သည်။ သရဲဖမ်းနိုင်သည်။ ဖုန်းရွှေကောင်းကောင်းဖတ်တတ်သည်။ သို့သော် သီချင်းဆိုပြီး ကဖို့လား ဘယ်လိုမှ မဖြစ်နိုင်ပေ။
ရုပ်သံလိုင်းသည် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခိုင်းလျှင်တော့ အဆင်ပြေနိုင်သည်။
သူတို့ဒီနေရာသို့ရောက်နေခြင်းကို အလေအလွင့် အလှပန်းအိုးများ တန်းစီချထားသည်ဟု တွေးနိုင်ပြီး ဘယ်သူမှ မကြိုက်စေရေး တို့အရေး ဖြစ်သည်၊
ကျန်းလော်သည် အဆောင်ခန်းရှေ့ရောက်သောအခါ အထဲမှ လူသံများကြားသောကြောင့် တံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်။ အခန်းထဲတွင် သူမသိသော လူနှစ်ယောက်သည် စားပွဲရှေ့မှ ခုံတွင်ထိုင်နေကြသည်။ ထိုကောင်လေးနှစ်ယောက်သည် တက်ကြွပြီး ချစ်စရာကောင်းကာ ဖုဝေနှင့် မတူပေ။ သူတို့သည့်ကျန်းလော်ကို အံ့ဩစွာကြည့်လိုက်ပြီး ဆံပင်အညိုနှင့်ကောင်လေးသည်
“ဝိုး မင်းက ကြည့်ကောင်းလိုက်တာ”
“စကားမစပ် မင်းနာမည်က...............”
ကျန်းလော်အိပ်ရာကို မသိမသာစောင်းကြည့်လိုက်သည်။ သို့သော် ခုတင်ခြေရင်းတွင် ချန်လဲ့ကျီနာမည်ကို မြင်သောအခါ ကောင်လေးနှစ်ယောက်သည် အားနာစွာပြုံးလိုက်ပြီး
“သွေ့ပုကျိ မင်းနာမည်ကို မင်းပဲပြောပြလိုက်ပါတော့ ”
ကျန်းလော်သည် ထိုနှစ်ယောက်ကို စိတ်ထဲမှ သေချာကြည့်ပြီး သုံးသပ်နေကာ ပြုံးစစမျက်နှာနှင့်
“နိဟောင် ငါက ကျန်းဟွမ်”
“မြစ်ကကျန်း စည်းကမ်းက ဟွမ်”
ကျန်းလော်သည် စားပွဲပေါ်မှ စပွန်ဆာပေးထားသော ဘောလ်ပင်န်ကို ယူလိုက်ကာ “ကျန်းဟွမ်”ကို ရေးပြလိုက်သည်။ ထို့နောက်သူသည် ချန်လဲကျီနာမည်အောက်တွင် ထိုစာရွက်ကို သွားကပ်လိုက်သည်။
သူ့လက်ရေးသည် လေထဲတွင် ပျံနေသလိုပင် ကျန်းလော်သည် ဖောင်တိန်ကို ဘူးထဲပြန်ထည့်လိုက်ပြီး ချန်လဲ့ကျီနာမည်ကို သေချာကြည့်၍ မသိသလိုပင်
“စကားမစပ် သူဘာလို့ ပြိုင်ပွဲက ထွက်သွားတာလဲ မင်းတို့သိကြလား”
သူသည် ရယ်လိုက်ပြီး
“ငါက ဒီနေရာကို အစားဝင်ဖို့ ရုက်တရက်ကြီး အကြောင်းကြားစာရလိုက်တော့ အံ့ဩသွားလို့်ကွာ”
ကောင်လေးနှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ပြီး
“ငါတို့လည်း အံ့ဩနေတာ”
“ချန်လဲ့ကျီနဲ့ ငါတို့နှစ်ယောက်လုံး တကယ်ဆက်ဆံရေးကောင်းတာ ဟို. တစ်ယောက်က လွဲပြီး....”
ကောင်လေးတစ်ယောက်သည် ရေချိုးခန်းကိုကြောက်ကြောက်ရွံ့ရွံ့နှင့် ကြည့်ပြီး
“............ တလောတုန်းကတောင် နောက်ပြိုင်ပွဲမစခင် ဝိတ်ချဖို့ပြောသေးတယ် သူအဲ့လိုကြီး ထွက်သွားမယ်လို့် ထင်တောင်မထားမိဘူးရယ်”
ကျန်းလော်သည် အရပ်ရှည်ရှည်အရိပ်တစ်ခု ထင်နေသော ရေချိုးခန်းတံခါးကိုကြည့်လိုက်သည်။
‘ချန်လဲ့ကျီနဲ့ ဖုဝေက ဆက်ဆံရေးမကောင်းဘူးလား’
ဆံပင်အညိုနှင့်ကောင်လေးကို ဘေးမှကောင်လေးက အင်္ကျီစဆွဲ၍ ဆက်မပြောရန် တားနေသည်။ ကျန်းလော်သည် သူတို့အင်္ကျီများမှ နာမည်ကိုကြည့်လိုက်သည်။ ဆံပင်အညိုနှင့်ကောင်လေးမှာ ကျန်းချန် ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းလေးနှင့် တစ်ယောက်မှာ ကျောင်းဘန် ဖြစ်သည်။
သူတို့နှစ်ယောက်သည် ချန်လဲ့ကျီနှင့် အတော်အတန်ရင်းနှီးကြသည်။ သူတို့သည် ချန်လဲ့ကျီလောက် လူသိမများဘဲ မဲအရေအတွက်လည်းနည်းသည်။
“ငါဝင်လာတာနောက်ကျသွားတာပဲ ရှိုးက ထုတ်လွှင့်နေပြီးပြီ”
ကျန်းလော်သည် စိတ်ဓာတ်ကျပုံဖြင့် မျက်လွှာချလိုက်ကာ
“ရှိုးက ကြည့်ရှုနှုန်းအရမ်းကောင်းတာ ပြီးတော့ မင်းတို့ကလည်း မဲအများကြီးနဲ့ နေရာမြင့်မြင့်ရထားတာ”
ကျန်းချန်မျက်နှာသည် ဝင်းထိန်သွားပြီး ပျော်ရွှင်မှုအပြည့်ဖြင့်
“တကယ်ကြီး တကယ်ကြီးလား”
ကျောင်းဘန်သည်လည်း အလွန်ပျော်ရွှင်သွားသည်။ သို့သော် သူသည် ချက်ချင်း မျက်နှာကို ထိန်းလိုက်ကာ ကျန်းလော်ကို တိုးတိုးလေးပြောလိုက်သည်။
“ဒါရိုက်တာကြီးက ငါတို့ကို မဲအကြောင်း ပြောခွင့်ပေးမထားဘူး အဲ့တာကြောင့် နောက်ထပ်အဲ့အကြောင်း မပြောနဲ့တော့နော်”
ဒါပေါ့ ကျန်းလော်က ဘယ်ရပ်သွားပါ့မလဲ သူသည် သူသာလျှင် အမှန်တရားသိထားပုံဖြင့်
“ဘယ်သူမှမကြားပါဘူးကွာ”
သူသည် စားပွဲကိုမှီလိုက်ပြီး ကင်မရာကိုကွယ်လိုက်ကာ
“မင်းတို့သာ နည်းနည်းထပ်အားထုတ်လိုက်ရင် နေရာတစ်နေရာစီရမှာ ကျိန်းသေတယ်၊ ဒါပေမဲ့ နာမည်အကြီးဆုံးကတော့ .............”
ဖုဝေအိပ်ရာကို မျက်စပစ်ပြလိုက်ပြီး သူနှုတ်ခမ်းများကိုပြုံးနေအောင် ဆွဲဆန့်ထားကာ ကောင်လေးများ၏ မျက်နှာထားကို သေချာစူးစမ်းနေသည်။
“ဒီတစ်ယောက်ရဲ့ မဲကကွာ ကြောက်စရာကောင်းလောက်အောင် စံချိန်ချိုးသွားတာကွ”
ကျန်းချန်နှင့် ကျောင်းဘန်တို့သည် စကားပြောရပ်သွားပြီး ဖုဝေ၏ နာမည်ကြီးမှုကို တွေးကြည့်နေကြသည်။
“ဆေးလိပ်သောက်လိုက် အရက်သောက်လိုက် လုပ်တာကို ပိရိသတ်တွေက ကြိုက်ကြတာလား”
ကျန်းချန်သည် တိုးတိုးဖြင့် ပွစိပွစိပြောနေရာ ကျန်းလော်ပင် ကောင်းကောင်းမကြားရပေ။ သူတို့သည် ဖုဝေကို အရမ်းမကြိုက်ကြပေ။ ကျန်းလော်သည် တစ်ခုခုဆက်ပြောရန်ပြင်လိုက်သော်လည်း ရေချိုးခန်းတံခါးပွင့်လာပြီး ဖုဝေထွက်လာသည်။
အပေါ်ပိုင်းဗလာနှင့် ဖုဝေ၏ကြွက်သားများသည် ချောမွတ်ပြီး တင်းကြပ်နေသည်။ ဖုဝေ၏ရှေ့ဆံပင်များသည် နဖူးပေါ်သို့ အချောင်းချောင်းကျနေသည်။ သူ့မျက်လုံးသည် မှေးစင်းနေပြီး ဘောင်းဘီသည် လျော့တိလျော့ရဲဖြစ်နေပြီး အဖြူရောင်ဘောက်ဆာအစပ်လေးပေါ်နေသည်။ ဆက်ဆီကျသော ရေသူမလိုင်းပေါ်နေကာ နှုတ်ခမ်းနီမလေးများ အကြိုက်ပုံပင်ဖြစ်သည်။
လုံးဝယောက်ျားပီသတယ်ါ
ကျန်းချန်၏မျက်လုံးများသည် မနာလိုစွာလက်နေပြီး
“ဖုဝေ ဘာလို့ အင်္ကျီမဝတ်ဘဲ ထွက်လာတာလဲ”
ဖုဝေသည် ကင်မရာကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်ကာ စိတ်မကြည်သောအသံဖြင့်
“ကင်မရာဖုံးထားတဲ့ ငါ့ရှပ်ရော”
ကျန်းချန်နှင့် ကျောင်းဘန်သည် ရှက်သွားပြီး ဘာမှမပြောနိုင်တော့ပေ။ အဆောင်ခန်းထဲမှ နေထိုင်မှုအကြောင်းသည်လည်း ထုတ်လွှင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် သူတို့သည် အခန်းပိုပါချင်သောကြောင့် ကင်မရာကာထားသောအဝတ်ကို ရောက်ရောက်ချင်း ဖယ်လိုက်ကြခြင်းဖြစ်သည်။ သူတို့သည် ဖုဝေရေချိုးနေသည်ကို သိသော်လည်း ဤသို့လျှောက်ထွက်လာမည်ဟု မထင်ထားပေ။ ဖုဝေသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ကျန်းချန်ကိုကြည့်လိုက်ကာ ရေချိုးခန်းထဲ ပြန်ဝင်သွားသည်။
ကျန်းချန်တို့နှစ်ယောက်သည် ခနကြာအောင် အသက်အောင့်ထားကြသောကြောင့် ကျန်းလော်သည် မထိန်းနိုင်စွာ ရယ်ချလိုက်သည်။ ထိုကောင်လေးနှစ်ယောက်သည် သူ့ကို အထူးအဆန်းလိုကြည့်လာသောကြောင့် လက်ယမ်းလိုက်ကာ
“ဘာမှမဟုတ်ဘူး ဟာသတစ်ခုကို သတိရသွားလို့်”
ထို့နောက်သူသည် အိပ်ရာဆီသို့လျှောက်သွားကာ သူ့အင်္ကျီရှာလိုက်ပုံရသော်လည်း တကယ်တမ်းတွင် ဖူလုများလိုက်ရှာနေခြင်းပင် ဖြစ်သည်။ သူ့အင်္ကျီထဲတွင် ဖူလုကိုထည့်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။
ရေချိုးခန်းထဲတွင် ဖုဝေသည် အဝတ်လဲပြီးနေပြီဖြစ်ပြီး အဖြူရောင်တီရှပ်သည် ခန္ဓာကိုယ်နှင့် ဖစ်ဆိုဒ်ဖြစ်ပြီး ချပ်ကပ်နေသည်။ ရေချိုးခန်းထဲတွင် ပူနွေးနေပြီး ကြမ်းပြင်သည် စိုထိုင်းနကာ မှန်များသည် ရေခိုးရိုကသောကြောင့် မှုန်မှိုင်းနေသည်။
ဖုဝေသည် အသံကြားသောကြောင့် ကျန်းလော်ကို လှည့်ကြည့်လိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေးသည် နီရဲရဲနှုတ်ခမ်းဖြင့် ချိုသာစွာပြုံးပြနေသည်။ ဖုဝေသည် စီးကရက်ကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ ကျန်းလော်လက်မောင်းထဲ ပိုက်လာသော အဝတ်များကိုကြည့်လိုက်ပြီး
“အခုလောလောဆယ်တော့ ရေပူမရတော့ဘူး”
ဖုဝေအသံသည် အလွန်ဆွဲဆောင်မှုရှိကြောင်းတော့ ဝန်ခံရပေမည်။ ကျန်းလော်က ပြောလိုက်သည်။
“အိုး ဒါဆိုလည်း ငါအိမ်သာသုံးလို့ရမလား”
ဖုဝေသည် နောက်ထပ်စီးကရက်တစ်လိပ်ကို မီးငြှိလိုက်ပြီး ထွက်သွားတော့သည်။ ကျန်းလော်သည် တစ်ဖက်လှည့်လိုက်ပြီး ရေချိုးခန်းပြတင်းပေါက် ကို ဖွင့်လိုက်သည်။
“ဆောရီး ဆေးလိပ်နံ့မခံနိုင်လို့”
သူသည် တမင်တကာ ဖုဝေကိုကြည့်လိုက်ပြီး ရန်စသောအသံဖြင့်
“ရေချိုးခန်းက အများပိုင်နေရာလေ ဒီလိုကြည့်လို့ရတယ်မလား”
ချန်လဲ့ကျီနှင့် ဖုဝေတို့သည် ဆက်ဆံရေးအကောင်းကြီးမဟုတ်ကြပေ။
ချန်လဲ့ကျီသေသွားသည်။
လူအားလုံးသည် အရာရာတိုင်းကို သံသယဝင်ကြသည်။ လူသတ်သမားသည် သရဲတစ်ကောင် ဖြစ်ရန်လုံးဝမလိုပေ ဖြစ်နိုင်သည်မှာ လူသတ်သမားသည် ရဲများကို လမ်းလွှဲခြင်းလဲ ဖြစ်နိုင်သည်။
ဖုဝေသည်လည်း သံသယရှိသူဖြစ်ကာ ကျန်းလော်သည် သူဘယ်လိုတုံ့ပြန်မလဲ သိချင်၍ ရန်စလိုက်သည်။ ဖုဝေသည် သူ့စီးကရက်ကို ဖိလိုက်ကာ ကျန်းလော်ကို ကြည့်လိုက်သည်။
ဆံပင်အနက်နှင့်ကောင်လေးသည် ဖုဝေလိုလူမျိုးကို သည်းမခံနိုင်အောင် ရန်စနေသလို အမူအယာနှင့် ကြည့်နေသည်။ ဖုဝေမျက်လုံးများသည် မည်းမှောင်နေပြီး ကျန်းလော်ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
ကျန်းလော်သည် တရွတ်ဆွဲနေအောင် မှီနေပြီး လက်ထောက်မနက်တုန်းကပြောသွားသော ဖုဝေက စိတ်မရှည်တတ်ဘူးဆိုသည်ကို ချနင်းပြီး ကောင်းကောင်းကြီးရန်စတော့သည်။
“ဒီအစီအစဉ်က ရိုက်ကူးရေးလုပ်တဲ့ အစီအစဉ်နော် အိုင်ဒေါလ်တစ်ယောက်လာလုပ်ပြီး ဘာလို့ ဒီလိုအကျင့်ဆိုးတွေ ဆက်လုပ်နေတာလဲ မင်းကလူငယ်လေးတွေကို လမ်းလွှဲချင်နေတာလား အိုး အဲ့ဒါဆိုရင် နိုင်ငံတော်ပိုင် ရုပ်သံလိုင်းကလွှင့်တဲ့ ပညာပေးဇာတ်ကားတွေမှာ သရုပ်ဆောင်သွားလုပ်ပါ့လား”
နောက်ဆုံးတွင် ဖုဝေသည် လှုပ်ရှားလာပြီး ကျန်းလော်နားကပ်လာသည်။ ကျန်းလော်သည် သူ့ကိုနေရာမှာတင် ရပ်စောင့်နေသည်။ ဖုဝေ ကျန်းလော်ရှေ့ရောက်သည်နှင့် ရုတ်တရက်ပင် ကျန်းလော်အင်္ကျီကော်လာကိုဆောင့်ဆွဲလိုက်ပြီး ကောင်လေးမျက်နှာနားကပ်လိုက်သည်။ သူ့ပါးစပ်မှ ဆေးရွက်ကြီးနံ့လှိုင်လှိုင်ရနေကာ
“အနံ့မခံနိုင်ဘူးလား”
“ဒါဆို ပိုပြီးများများရှူလိုက် ဒါမှ အနံ့နဲ့ ရင်းနှီးသွားမှာ”