Ch 60
Viewers 8k

အပိုင်း (၆၀)



 ကျောင်းကျောင်း


ရေချိုးခန်းထဲတွင် ဘန်းခနဲ အသံအကျယ်ကြီး ထွက်လာသည်။ ဖုဝေသည် ကျန်းလော်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်သည်။ ဆံပင်အနက်နှင့် လူငယ်လေး၏ ဒူးခေါင်းသည် ဖုဝေလည်ပင်းပေါ်သိုရောက်နေပြီး ကျန်းလော်သည် ပြုံးပြီးငုံ့ကြည့်လိုက်ကာ ဖုဝေပါးကို ညင်သာစွာပုတ်လိုက်ပြီး 


“နောက်ထပ်ဒီလိုထပ်မလုပ်နဲ့ အစ်ကိုကြီးကျန်းက တကယ်ကို စိတ်ညစ်ရလိမ့်မယ် ဟုတ်ပြီလား”


ဖုဝေသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နှုတ်ခမ်းကိုထိလိုက်သည်။ သူ့ပါးစပ်ထောင့်သည် အနည်းငယ်ကွဲသွားသည်။ ထိုလူငယ်သူ့ကို ချုပ်ကိုင်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှာမဟုတ်ပေ။ ပိန်ပိန်ပါးပါးလေးက အရိုးထဲမှ အားများထွက်လာဟန် တူသည်။


ကျန်းလော်သည် သူ့ခေါင်းကို ခေါက်လိုက်ပြီး သတိပေးသလို မဲ့ပြုံးပြုံးပြလိုက်သည်။ 


“ငါ့ကိုထပ်ပြီး ဒီလိုအပြုအမူနဲ့ တံတွေးထွေးရဲရင် မင်းမျက်နှာကို ဆေးလိပ်မီးနဲ့ အပေါက်ဖြစ်အောင် လုပ်ပစ်လိုက်မယ်”


ထိုသို့ပြောပြီးနောက် ကျန်းလော်သည် ဖုဝေလက်ထဲမှ သူ့အင်္ကျီကော်လာကို ပြန်ဆွဲယူလိုက်သည်။ ကျန်းလော်သည် ချီယုံနှင့် လုပ်ထားသော အလောင်းအစားကို မမေ့ပေ။ သူသည် ချီယုံဘယ်သူလဲဆိုတာ မြန်မြန်ရှာတွေ့ဖို့ လိုသည်။ 


ဖုဝေတွင် ထိုခွေးကောင်နှင့်တူညီသော အချက်ရှိသလို မတူညီတာတွေလည်း များသည်။ သို့သော်မှားခန့်မှန်းမိလိုက်တာကတော်သေးသည်။ သူ့အတွက် လူတိုင်းကို သေချာလိုက်ကြည့်မှ ရမည်။ ကျန်းလော်အတွက် ဖူလုများသည် အလွန်ပေါသောကြောင့် ကောင်းကောင်းကြီး စမ်းသပ်နိင်သည်။


ထိုသို့ စမ်းသပ်ရန်အချိန်တွင် ဖုဝေသည် ကျန်းလော်ခါးကို လှမ်းဆွဲပြီး မျက်မှောင်ကြုပ်၍ မနှစ်မြို့စွာပြောလိုက်သည်။


“မင်း ဘာလုပ်ချင်နေတာလဲ”



ကျန်းလော်သည် သူ့ကိုပြန်ပြောရန် ဂရုမစိုက်အားပေ။ သူ့ဒူးဖြင့် ဖုဝေလည်ပင်းကို တင်းနေအောင် ဖိထားပြီး ဖုဝေသည် လက်များဖြင့် ထိုဒူးခေါင်းကို ဖယ်ရန်အတင်းရုန်းကန်နေသည်။ ဖူလု ကောင်းကောင်းကပ်မိတော့မိအချိန်တွင် တံခါးခေါက်သံ ပေါ်လာသည်။ 


“အဆင်ပြေကြရဲ့လား”


ကျန်းချန်သည် အလွန်စိတ်လှုပ်ရှားနေသော အသံကိုထိန်း၍ ကောင်းမွန်သောပုံစံကိုသာ ကင်မရာရှေ့တွင် ပြချင်နေကာ 


“ဘာတွေဖြစ်နေကြတာလဲ တစ်ယောက်ယောက် ဗီဒီယိုကင်မရာကြီးနဲ့ရောက်လာတယ်ကွ ကြည့်ရတာ သူတို့က တစ်ခုခုကြောင့် မစ်ရှင်ရလို့ လာတာလားမသိဘူး”


ဖုဝေသည် ကျန်းလော်အားလျော့သွားသည်ကို  အခွင့်ကောင်းယူ၍ ကြမ်းပြင်ပေါ်သို့ လှိမ့်ထွက်လိုက်ကာ တံခါးကိုကျောမှီ၍ ထိုင်လိုက်သည်။ သူ့ခြေတံရှည်များသည် အားလျော့စွာ ခြေပစ်လက်ပစ်ဖြစ်နေပြီး သူ့လက်မောင်းများသည် ပျော့ဖတ်ပြီး ဒူးခေါင်းပေါ်တင်ထားသည်။ ဒေါသကိုထိန်းကာ


“သောက်ကျိုးနည်း ဘာတွေဖြစ်ချင်နေတာတုန်းကွ”


‘ပုံမှန်မဟုတ်ဘူး ပုံမှန်မဟုတ်တာသေချာတယ်’


‘ဖုဝေက သူမဟုတ်ဘူးလား’


‘ဒါပေမဲ့ ချီယုံက ငါ့နဲ့လောင်းထားတာဆိုတော့ သူ့ကိုယ်သူလွယ်လွယ်နဲ့တော့ ထုတ်ပြမှာမဟုတ်ဘူး’


ကျန်းလောသည် နောင်တရစွာ ထရပ်လိုက်ပြီး ဖုဝေကိုဆွဲထူကာ ရေချိုးခန်းတံခါးကိုဖွင့်လိုက်သည်။ ကျန်းချန်သည် ရေချိုးခန်းထဲကို နှစ်ခါလောက် လှမ်းကြည့်လိုက်သည်။ သူသည် ဖုဝေနှုတ်ခမ်းထောင့်မှ သွေးများကိုမြင်ပြီး လန့်သွားကာ


“အာ”


“ဖုဝေ ဘာဖြစ်.........”


“ဘာဖြစ်လို့လဲ”


သိမ်မွေ့သော အသံတစ်သံက ဆုံးအောင် ဝင်မေးလိုက်သည်။ ကျန်းလော်သည် အသံလာရာကို ကြည့်လိုက်ရာ နောက်ထပ်ခန့်ညားသော လူတစ်ယောက်ကို တွေ့လိုက်ရပြန်သည်။ ထိုသူသည် ရှိရှီဖြစ်ပြီး ‘Next Stop Idol’ ၏ ဒုတိယမြောက်လူကြိုက်အများဆုံး သင်တန်းသားဖြစ်သည်။ သူသည် ဖန်သားပြင်မှာထက် အပြင်မှာပိုချောကာ လိုက်လျောညီထွေနေတတ်ပြီး ယဉ်ကျေးမှုရှိ၍ လူတိုင်းကို ဂရုစိုက်ပေးတတ်သည်။ 


“မင်းဘယ်လိုဖြစ်လို့ ဒဏ်ရာရလာတာလဲ”


ရှိရှီသည် မျက်မှောင်ကြုတ်လိုက်ပြီး 


“အနာကိုသွားမထိနဲ့ ကျန်းချန် ငါ့အဆောင်ကိုသွားပြီး အရေးပေါ်ဆေးပုံးလေး ယူလာပေးပါလား”


“အိုကေ အစ်ကိုရှိ”


ကျန်းချန်သည် လေအလျင်နှင့် အခန်းထဲမှ ပြေးထွက်သွားသည်။


ဖုဝေသည် သူ့ထိုင်ခုံပေါ်တွင် စူပုတ်ပြီး တစ်ခွန်းမှပြန်မဖြေဘဲ ထိုင်နေသည်။ 


ကျောင်းဘန်သည် စကားတစ်ခွန်းမှဝင်မပြောရဲပေ။ ရှိရှီသည် အလွန်စိုးရိမ်နေသောကြောင့် အခန်းထဲမှ အခြေအနေကို သတိမထားမိဘဲ


“ငါတို့မနက်ဖြန်ရိုက်ကူးရေးရှိတယ်လေကွာ ကင်မရာထဲမှာ ဒီလိုပုံစံမျိုးပါသွားလို့မဖြစ်ဘူးကွ ငါမန်နေဂျာဆီက ကြက်ဥတောင်းလိုက်မယ် ဒီညအဲ့ဒါနဲ့ အနာကိုလှိမ့်လိုက် မနက်ဖြန်ကျရင် မိတ်ကပ်ဆရာကို ဒီအနာဖုံးလို့ရမရမေးကြည့်လိုက်မယ်”


ဖုဝေ၏မျက်နှာသည် မည်းမှောင်နေပြီး အလွန်စိတ်ဆိုးနေကာ


“မင်းအပူမပါဘူး”


သူထိုသို့ပြောလိုက်လျှင် ဘယ်သူကမှ ဆက်ပြီးကရုဏာထားနိုင်တော့မည် မဟုတ်သော်လည်း ရှိရှီသည် အပြုံးမပျက်ဘဲ ကြင်နာစွာသတိပေးလိုက်သည်။


“ဖုဝေ သတိထားစမ်းပါကွာ ကင်မရာတွေရှိတယ်လေ”


ကျန်းလော်သည် သူတို့ကို ကြည့်နေသော လူများနောက်တွင် ရပ်နေသည်။သူသည် ကင်မရာထဲပါလာရန် ရည်ရွက်ချက်လုံးဝမရှိချေ။ ကင်မရာထဲ တစ်ပိုင်းတစ်စပါသွားမှာကိုပေ စိုးရိမ်နေသည်။ ဒါရိုက်တာမှ သူ့ကို လုံးဝ အတတ်နိုင်ဆုံး မရိုက်ကူးဟု ကတိပေးထားသော်လည်း သူသည် အနည်းငယ် စိုးရိမ်မိတုန်းပင် ဖြစ်သည်။ ကျန်းလော်သည် ဘေးမှရပ်ကြည့်သူတစ်ယောက်နေဖြင့် ဤလူစု၏ ငြိမ်းချမ်းစွာရိုက်ကူးနေပုံကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ 


‘ပျော်စရာတော့ ကောင်းသားပဲ’


သို့သော်သူကသာ အေးအေးချမ်းချမ်း ရပ်ကြည့်နေချင်သော်လည်း တစ်စုံတစ်ယောက်ကတော့ သူ့ကိုထိုသို့ လုပ်စေချင်ပုံမပေါ်ပေ။


တကယ်ပဲ ကြင်နာတတ်တာလား ဟန်ဆောင်နေတာလား မသိသော ရှိရှီသည် အခွင့်ကောင်းယူ၍ ကျန်းလော်ကို ကြည့်လိုက်ကာ


“မင်းက ဒီနေ့ရောက်လာတဲ့ အသစ်လေးမလား”



ကင်မရာသည် သူ့စကားများနောက်သို့လိုက်ပြီး ကျန်းလော်ကို တည့်တည့်ကြီး ရိုက်ကူးနေသည်။ ကျန်းလော်သည် မျက်လုံးမှေး၍ ရှိရှီကိုရန်လိုစွာကြည့်လိုက်သည်။ ရှိရှီသည် သောက်ရှက်မရှိစွာဖြင့် သူ့နားသို့လျှောက်လာပြီး နာမည်ကတ်ကိုယူကြည့်လိုက်ကာ 


“ကျန်းဟွမ် နာမည်ကောင်းလေးဘဲ စုတ်ချက်လေးတွေက လှလိုက်တာ ရှောင်ဟွား ငါတို့သင်တန်းသားအသစ်လေးရဲ့ နာမည်ကတ်ကိုလာရိုက်ဦး လက်ရေးလေးအရမ်းလှတယ်”


ရှောင်ဟွားလို့ခေါ်သော သင်တန်းသားသည် 


“ဟေး”


နှုတ်ဆက်လိုက်ပြီး ကျန်းလော်ဆီသို့ လျှောက်လာကာ ကျန်းလော်နာမည်စာလုံးရေးထားသည့်အပေါ် လက်နှင့် ဖွဖွလေးပွတ်လိုက်သည်။ ဤအရာသည် တမင်တကာ ကျန်းလော်ကို ကင်မရာထဲပါအောင် လုပ်နေခြင်းပင် ဖြစ်သည်။ ကျန်းလော်သာ တကယ့် သင်တန်းသားအစစ်သာဆိုလျှင် ရှိရှီကို ကျေးဇူးတင်မိလိမ့်မည်ဖြစ်သော်လည်း ယခု ကင်မရာမည်းမည်းကြီးဖြင့် သူ့ကိုသေချာချိန်ရိုက်နေခြင်းသည် ကျန်းလော်အတွက် အလွန်အဆင်မပြေပေ။ 


ကျန်းလော်သည် ကင်မရာတည့်တည့်သို့ ဂျိုကြည့်ကြည့်လိုက်သည်။ သို့သော် သူ့လမ်းကြောင်းတွင် အသေကောင်ရောက်နေသလို ခံစားနေရသည်။ ထိုနှာဘူးသူခိုးကောင် သူ့ကိုထပ်လာချောင်းကြည့်သလို စိတ်ရှုပ်ဖွယ် ခံစားချက်ပေါ်လာကာ ကျန်းလာ်သည် အံတင်းတင်းကြိတ်လိုက်ပြီး အရိုးများအသားများ အရှင်လတ်လတ်ဆွဲဖြဲပစ်ချင်လာသလို ဒေါသထွက်လာသည်။ 


ဤခံစားချက်သည် ကင်မရာကိုဖြတ်၍ တစ်ယောက်ယောက်က ကျန်းလော်ကို စောင့်ကြည့်နေသော ခံစားချက် မဟုတ်ဘူး ကင်မရာနဲ့ အချိန်အကြာကြီးကြာအောင် တိတ်တဆိတ်စောင့်ကြည့်နေသည်လား။ ကျန်းလော် Next Stop Idol ရိုက်ကူးရေးတည်ရှိရာသို့ ခြေချလိုက်ထဲကပင် ထိုသို့သော ခံစားချက်မျိုးရှိခဲ့သည်။ ကျန်းလော်သည် ထို့ကြောင့် တခြားသူများကို စမ်းသပ်နေခဲ့ခြင်းဖြစ်သည်။


ကျန်းလော် သတိမထားမိတဲ့ သူလည်း ဖြစ်နေနိုင်သည်။


ယခုသားကောင်ကို စမ်းသပ်ကြည့်တော့မှ တမင်သက်သက်ကျန်းလော်ကို ဤအခြေနေရောက်အောင် တွန်းပို့ခြင်းဖြစ်နိုင်သည်။ ထိုသို့တွေးကြည့်မိတော့မှ ကျန်းလောသည် ကျောရိုးတလျှောက်လုံး စိမ့်နေအောင် အေးလာသလို ခံစားလာရသည်။ ကျန်းလော်သည် ကင်မရာကို မှုန်မှိုင်းစွာကြည့်လိုက်ပြီး ချွေးများစီးကျလာသည်။ 


ကင်မရာကိုင်ထားသော ကောင်လေးသည် ကျန်းလော်အကြည့်ကိုမြင်ပြီး နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်သွားသည်။ သူသည် ချွေးအေးများပြန်လာကာ ကင်မရာကို ချလိုက်ပြီး ကျန်းလော်ကို ထိတ်လန့်စွာကြည့်လိုက်သည်။


“အစ်ကိုရှီ သူ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်”


ထိုအချိန်က သူသည် ကျန်းလော်သူ့ကို သတ်လိုက်တော့မည်လို့တောင် ခံစားရသည်။ အခန်းထဲမှ လူတိုင်းသည် ကျန်းလော်ကို ကြည့်လိုက်ကြသည်။  ကျန်းလော်မျက်လုံးများသည် ဘာမှထူးခြားမနေပေ။ သူသည် လူတိုင်းကိုပြန်ကြည့်လိုက်ကာ ထူးဆန်းစွာမေးလိုက်သည်။


“ငါ့မျက်လုံးက ဘယ်မှာကြောက်ဖို့ကောင်းလို့လဲ”


ကျန်းလော်မျက်လုံးများသည် အလွန်ပုံမှန်ဖြစ်နေပြီး ပြုံးနေသောကြောင့် မျက်လုံးထောင့်များကော့တက်နေသည်မှာ ကြောက်စရာမကောင်းသည့် အပြင် အလွန်လှပနေသည်။


လှပကာပုံမှန်ဖြစ်လွန်းသောကြောင့် မျက်လုံးကြည်ကြည်လေးထဲမှ ပုံရိပ်များကိုပင် တောက်ပစွာမြင်နေရသေးသည်။


“ငါတောင်းပန်ပါတယ်.....................”


နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။


ရှိရှိသည် သူတို့အခန်းထဲတွင် ကြာကြာမနေခဲ့ပေ။ အားလုံးပြီးသွားပြီးနောက် ကျန်းလော်ဆေးကြောပြီး အိပ်ရာဝင်ချိန်သည် အလွန်နောက်ကျနေပြီ ဖြစ်သည်။ 


ကျန်းချန်သည် ကျန်းလော်ကို မဝံ့မရဲကြည့်ပြီး မေးလိုက်သည်။


“ကျန်းဟွမ်မီးဖွင့်ရင်အိပ်တတ်ပါ့မလား”


ကျန်းလော်သည် ပျင်းရိစွာပြောလိုက်သည်။


“စိတ်ပါသလို အိပ်တာ”


ဖုဝေသည် ကျန်းချန်ကို အေးစက်စွာကြည့်လိုက်ပြီး


“မသေချင်ရင် မီးမပိတ်နဲ့”


ဖုဝေသူ့ကို ခြိမ်းခြောက်သည်ကိုကြားပြီးနောက် ကျန်းလော်သည် ရှက်ရွံ့ဝမ်းနည်းသွားကာ သူ့အိပ်ရာဆီပြန်သွားလိုက်ပြီး အဝတ်များကို လိုက်ကာကဲ့သို့ ကုတင်ပတ်ပတ်လည် ကာလိုက်ကာ ဝင်အိပ်သွားသည်။


အခန်းတစ်ခုလုံးတိတ်ဆိတ်သွားကာ ကျန်းလော်သည် အသာအယာခိုးထလိုက်ပြီး ညဆယ့်နှစ်နာရီ သန်းခေါင်အချိန်ကြီး လမ်းထလျှောက်သည်။ အဆောင်ထဲတွင် အိပ်မောကျနေသော အသက်ရှူသံများမှ လွဲ၍ တိတ်ဆိတ်နေသည်။ ကျန်းလော်သည် မီးရောင်မှိန်မှိန်အောက်တွင် ဖုန်းကို အသာလေးဆွဲယူလိုက်သည်။


“ဘယ်အချိန်စကြမလဲ”


လုယုံရိကပြောသည်။


“ငါ့ဘက်မှာ တစ်ယောက်ယောက်နိုးနေသလိုဘဲ ငါတော့ နည်းနည်းနောက်ကျမယ်ကွ”


ရယ်ရွှင်ကလည် ပြောလိုက်သည်။


“ငါလဲနည်းနည်းနောက်ကျမယ်”


သူတို့သည် စာပို့နေရင်း ကျန်းလော်ဖုန်းစခရင်ထိပ်နားတွင် စာတိုအသစ်ရောက်ကြောင်း ပုံလေးပေါ်လာသည်။ ကျန်းလော်သည် ထိုပုံကိုနှိပ်ကြည့်လိုက်သည်။


စကားလုံးငါးလုံးသာပါသောစာတစ်စောင်ကိုတွေ့လိုက်သည်။


[ကိုယ့်ကိုတွေ့ပြီလား]


စာတိုပို့လာသော ဖုန်းနံပါတ်သည် မရင်းနှီးသောနံပါတ်ဖြစ်ပြီး သူ့ဖုန်းနံပါတ်စာရင်းထဲတွင် ထိုနံမည်မပါသော်လည်း ကျန်းလော်သည် ဤစာတိုကို ဘယ်သူပို့မှန်းခန့်မှန်းမိသည်။ 


သူသည် ဖုန်းကိုချလိုက်ပြီး ကုတင်ပေါ်မှ ခေါင်းထုတ်လိုက်ကာ သူ့အပေါ်အိပ်ရာမှ ဖုဝေကို လှမ်းကြည့်လိုက်သည်။ ဖုဝေသည်ကွေးနေအောင် အိပ်နေပြီး သူ့လက်ထဲတွင် ဖုန်းမရှိပေ။


ကျန်းလော်သည် ခေါင်းပြန်ဝင်ပြီး ကြည့်လိုက်ရာ နောက်ထပ်စာတိုတစ်စောင်ရောက်နေသည်။ 


[ပထမနေ့မှာပဲ ကိုယ့်ကိုရှာတွေ့ရင် ကလေးလေးအတွက် စပရိုက်သေးသေးလေးရှိတယ်]


ကျန်းလော်သည် စာဖတ်နေရင်း ချီယုံ့မျက်နှာမှ မဲ့ပြုံးကြီးကို မြင်လာသောကြောင့် အေးစက်သွားပြီး ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းသံသည် တံခါးအပြင်မှ ခြောက်ခြားစွာထွက်လာသည်။ ကျန်းလော်သည် သူ့ဂျက်ကတ်ကို တင်းနေအောင်ကိုင်ပြီး တံခါးအပြင်သို့ တည့်တည့်ထွက်လိုက်သည်။ သူ့ခြေလှမ်းများသည် မြန်ဆန်နေပြီး သူ့ပုံစံသည် စိတ်စောနေကာ ပျံသွားလို့ရလျှင် ပျံသာသွားလိုက်ချင်ပုံရသည်။


အခန်းအပြင်ဘက် ကော်ရစ်တာတလျှောက်လုံးတွင် မီးများထိန်လင်းနေပြီး ထိုနေရာတွင် မည်သူမျှရှိမနေပဲ။ မီးအိမ်အချို့ဘေးတွင် ဆည်းလည်းများတော့ရှိနေသည်။ ကျန်းလော်သည် ဖုန်းထပ်ခေါ်လိုက်ရာ ကော်ရစ်တာအဆုံးမှ ဖုန်းသံထွက်လာသည်။ ကျန်းလော်သည် ကုတ်အင်္ကျီကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အမှောင်ထဲသို့ ဝင်သွားသည်။ ကော်ရစ်တာအဆုံးတွင် အရေးပေါ်လှေကားခန်းရှိပြီး ထိုအခန်းသည်  မီးလုံးပျက်နေကာ မဲမှောင်နေသည်။ ဖုန်းမြည်သံသည် ထိုလှေကားခန်းမှကြားနေရပြီး တုန်ခါသံသည် တစ်ခါမကပေ။ ကျန်းလောသည် ဖုန်းကိုငုံ့ကြည့်လိုက်သည်။ သူ့အတွက် သီးသန့်ဆင်ထားသော ရက်စက်မိုက်မဲသည့် ထောင်ချောက်တစ်ခုလို့ပင် ထင်လာကာ စိတ်ရှုပ်လာသည်။


လှေကားခန်းသည် မှောင်မဲနေသည်။ကော်ရစ်တာသာမီးလင်းနေပြီး လှေကားခန်းတစ်ခုသာ ကွက်ပြီး မီးပျက်နေခြင်းမှာ ပုံမှန်မဟုတ်ပေ။ မီးရောင်မရှိခြင်းသည် ရက်စက်မှုများ ဖြစ်ပွားကျူးလွန်ရန်အတွက် အဓိကကျသည်။ ထိုအချိန်တွင် ကျန်းလော်သည် ရုတ်တရက် ဖုဝေပြောသည်ကို သတိရလိုက်သည်။


“မသေချင်ရင် မီးမပိတ်နဲ့”


ထိုစကားသည် ခြိမ်းခြောက်တာ ဟုတ်ပါရဲ့လား


‘မီးပိတ်လိုက်ရင် ဘာဖြစ်လာမှာလဲ’


ကျန်းလာ်သည် တစ်ဖက်မှ သူ့ဖုန်းကိုမကိုင်သောကြောင့် စာတိုတစ်စောင်ပို့လိုက်သည်။


[မင်းပေါ်မလာတာကိုက ငါ့အတွက်အရမ်းကြီးတဲ့ စပရိုက်ဖြစ်နေပြီ]


ထိုစာတိုပို့ပြီး ကျန်းလော်သည် မှောင်မဲနေသော လှေကားခန်းထဲတွင် ဖုန်းကို ကြည့်နေသည်။


ဖုန်းသည်ခနမျှသာလင်းနေပြီး ပြန်အိပ်သွားကာ ကျန်းလော်က တွေးမိသည်။


“ချီယုံထွက်လာပါ့မလား”


ခနမျှတိတ်ဆိတ်သွားပြီးနောက် သူ့ဖုန်းသည် ပြန်လင်းလာသည်။ စာတိုတစ်စောင်ထပ်ရောက်လာခြင်းပင်။


[ကလေးလေးဖြစ်နေတဲ့ပုံလေးက ဒီလောက်ရယ်ရတာ ကိုယ်ဘယ်လို ထွက်သွားနိုင်ပါ့မလဲ]


ကျန်းလော် “...............”


သူသည် ဖုန်းကိုဆက်မကြည့်နိုင်တော့ဘဲ နံရံမှအလင်းပြန်နေသော မီးရောင်ကိုအားပြုကာ  နေရာအနှံ့လျှောက်ကြည့်မိသွားသည်။ အင်မတန်သတ္တိကောင်းသော ကျန်းလော်သည် ယခုအလွန်စိတ်တိုနေသည်။ ထို့နောက် မီးပိတ်လိုက်သည်။ ထို့နောက်သူသည် အမှောင်ထဲမှ တိုးတိုးတိုတိုး ကျိန်ဆဲလိုက်သေးသည်။ ကော်ရစ်တာရှိ မီးလုံးသုံးလုံးလုံး ပိတ်သွားပြီဖြစ်ပြီး ထိုအချိန်တွင် ကျန်းလောသည် သူ့ရှေ့တွင် လူတစ်ယောက်လာရပ်သလိုမြင်လိုက်ရသည်၊


ထိုလူသည်အမှောင်ထဲတွင် သူနဲ့ အနည်းငယ်ဝေးပြီး မှေးမှိန်ပြီး တောင့်တောင့်ကြီးရပ်နေသည့် ပုံစံအရိပ်တစ်ခုကို မြင်လိုက်ရသည်။ ကျန်းလော်သည် တောင့်သွားပြီး ချက်ချင်းမီးဖွင့်လိုက်သည်။ မီးလင်းလာသောအခါ ထိုရပ်နေသည် လူလည်းမရှိတော့ဘဲ ကော်ရစ်တာတလျှောက်လုံး ရှင်းလင်းနေသည်။ ကျန်းလော်သည် သူ့လက်ချောင်းထိပ်များယားလာသလိုခံစားရကာ မီးထပ်ပိတ်လိုက်သည်။ ထိုမှေးမှိန်သောလူသားသဏ္ဍာန်အရိပ်သည် သူ့ရှေ့တွင်ပေါ်လာပြန်သည်။ မတူညီသည်မှာ ထိုအရိပ်သည် သူနှင့်မျက်နှာချင်းဆိုင်ထားခြင်းဖြစ်သည်။ 


ဘာမှန်းမသိသော တစ်စုံတစ်ခု၏အကြည့်ခံနေရခြင်းသည် အလွန်မသက်မသာဖြစ်စေသည်။ ကျန်းလော်သည် အသက်အောင့်လိုက်ပြီး မီးပြန်ဖွင့်လိုက်သည်။ မီးလင်းသွားသည်နှင့် ထိုပုံရိပ်ပျောက်ကွယ်သွားပြန်သည်။ သို့သော်ကြည့်ရသည်မှာ ကော်ရစ်တာတွင် လူများမမြင်နိုင်သော ခြောက်ခြားဖွယ် သတ္တဝါတစ်ကောင်ရှိနေသည်ထင်သည်။ မသိမမြင်နိုင်ခြင်းသည် ထိုအရာမှာ ကြောက်ရွံ့ဖွယ်အရာဖြစ်သည်ဟု ဆိုလိုပြီး ကျန်းလော်သည် မီးပိတ်လိုက်ပြန်သည်။


သို့သော် အရင်တစ်ခေါက် မီးပိတ်လိုက်တုန်းက ကျန်းလော်နှင့် မီတာနှစ်ဆယ်ဝေးသော အရိပ်သည် ယခု သုံးမီတာသာဝေးတော့သည်။ ကျန်းလော်သည် မီးပြန်ဖွင့်လိုက်သည်။ အရိပ်ပျောက်သွားပြန်သည်။


ထိုတခဏတွင် ကျန်းလော်နဖူးမှချွေးများ အလုံးလိုက် အလုံးလိုက် ကျလာသည်။ တစ်စက္ကန့်လောက်လေးတွင် ထိုအမည်းရောင်အရိပ်သည် ကျန်းလောက်ကို ခုန်အုပ်တော့မလိုပင်။ ကျန်းလော်သည် အလွန်ထိတ်လန့်နေသည်။ ကျန်းလော်သည် ထိုအမည်းရောင်အရိပ်ကို သေချာမြင်လိုက်ရသည်။ ခန္ဓာကိုယ်သည် ရှည်လျားပြီး ပျော့ဖတ်နေသည်။ လက်မောင်းများသည်လည်း အလွန်ရှည်နေကာ ဒူးခေါင်းနားထိ ရှည်ထွက်နေပြီး မျက်နှာပေါ်တွင် ဘာမှမရှိဘဲ ဗလာကြီးဖြစ်နေသည်။ 


‘ဘာကြီးလဲ’


ကျန်းလော်သည် ထိုအနက်ရောင်ပုံရိပ်ကိုသေချာပြန်စဉ်းစားကြည့်နေသည်။ သူ့စိတ်ထဲတွင် ထိုအရာ၏ ပုံပန်းသဏ္ဍာန်ကို သေချာမှတ်ထားလိုက်ကာ အနည်းငယ်တည်ငြိမ်လာသလို ခံစားရသည်။ မီးပိတ်လိုက်၍ ထိုအရာပေါ်လာသည်ဆိုလျှင် ဖုဝေသည် သေချာပေါက် တစ်ခုခုကို သိထားသည်။


ကျန်းလောသည် သေချာပြန်စဉ်းစားကြည့်လိုက်သည်။ သူမီးစပိတ်လိုက်တုန်းက ထိုမိစ္ဆာဘယ်နေရာမှာရပ်နေခဲ့လဲဆိုတာ သေချာပြန်တွေးကြည့်နေသည်။ သူသည် ထိုမိစ္ဆာရပ်နေခဲ့သော နေရာသို့သွားကြည့်ရန် ခြေတစ်လှမ်းသာကြွရသေးသည်။ ဖုန်းမြည်လာသောကြောင့် ရပ်လိုက်ရသည်။


သို့သော် ကျန်းလော်သည် သေချာပေါက် သူ့ဖုန်းကို သူကိုယ်တိုင် အသံပိတ်ထားခဲ့သည်ကို မှတ်မိသည်။ သူသည် ခြေလှမ်းရပ်လိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်သည်။


ဖုန်းစခရင်ပေါ်မှ ဖုန်းနံပါတ်သည် ချီယုံသူ့ကို စာတိုပို့လာသည့် ဖုန်းနံပါတ်ပင်ဖြစ်သည်။ ကျန်းလောသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ဖုန်းတုန်ခါသံကြားခဲ့သော လှေကားခန်းဘက်ကို လှည့်ကြည့်လိုက်သည်။ သူသည် ဖုန်းဖြေရန် ခလုတ်နှိပ်လိုက်ပြီး နားမှာကပ်လိုက်သည်။


“ကိုယ်တော့ မင်းကို လွတ်မပေးနိုင်တော့ဘူး”


တစ်ဖက်မှလူသည် ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။


“မင်းလေးကကွာ ဘယ်လိုတောင်........”


ကျန်းလော်သည် စိတ်တိုပြီး ဖုန်းချရန်အလုပ် ကော်ရစ်တာမှ မီးလုံးများသည် သူ့နှင့်ဝေးရာဘက်မှစ၍ တစ်လုံးပြီးတစ်လုံး ပိတ်လာသည်။ ကျန်းလော်သည် တောင့်တောင့်ကြီး ဖြစ်သွားပြီး ဖုန်းကိုနားမှာပြန်ကပ်လိုက်သည်။


“ချီယုံ မင်းငါ့ကို လာခြောက်နေတာလား”


သူသည် အမှောင်ထဲကိုကြည့်လိုက်ရာ ပိန်ရှည်ရှည်သရဲလို ပုံရိပ်သည် ဒီတစ်ခေါက် အမှောင်ထဲတွင် ပေါ်မလာတော့ပေ။ သို့သော် ထိုမကောင်းဆိုးဝါး အမှောင်ထဲက တစ်နေရာရာတွင် သူ့ကိုကြည့်နေမှန်း ကျန်းလော် ခံစားမိသည်။


“ကိုယ်ကမင်းနဲ့ ဂိမ်းဆော့ချင်ယုံလေးကို”


ထိုလူ၏ မထိတထိအသံသည် ကျန်းလော်ကို အလွန်ဒေါသထွက်စေသည်။


“ကဲ အခု ကိုယ့်မေးခွန်းကို ဖြေပေးရမဲ့အချိန်ရောက်ပြီ ကျန်းလော်လေး”


ချီယုံသည် ကျန်းလော်အပေါ်အလွန် စိတ်ရှည်နေသည်။ သူ့ကိုယ်သူတော့သတိထားမိပုံမရပေ။ 


ကျန်းလော်သည် နားထင်ကို လက်နှင့်ဖိထားသည်။ ကျန်းလော်သည် ချီယုံပေါ်လာတိုင်း ခေါင်းကိုက်ရသည်။ မကောင်းဆိုဝါးသည် ကျန်ူးလော်၏စိတ်အခြေအနေကို သိပုံဖြင့် ရယ်မောနေသည်။ ကျန်းလော်သည် ထိုခွေးကောင်ကို ဓားနှင့်အပိုင်းပိုင်းဖြတ်ပစ်ချင်လာသည်။ 


“ရောင်ပြန်ပေါ်မှာ”


ကျန်းလော်သည် မနည်းကိုအားတင်းပြီး စိတ်ဖြေနေရကာ


“မကောင်းဆိုးဝါးရေ ဒီကစားပွဲက မမျှတနေဘူးနော်”


မကောင်းဆိုးဝါးသည် မရေရာစွာပြုံးလိုက်ပြီး


“ဟမ်”


“ငါကမင်းကိုရှာရဦးမဲ့အပြင် ချီမိသားစုကိုသွားရန်မစမိအောင်လည်း သေချာလုပ်ရဦးမယ် ပြောရရင် အနိုင်ရအောင်လုပ်ဖို့အတွက် ကန့်သတ်ချက်တွေတအားများနေတယ်”


ဆံပင်အနက်နှင့်ကောင်လေးသည် လက်ပိုက်ပြီး မျက်ခုံးတွန့်လိုက်ကာ


“ဒါပေမဲ့ မင်းကတော့ မင်းကတော့ သူတို့ထဲကတစ်ယောက်ကိုနိုင်ဖို့ ငါ့ကိုရှုံးအောင်လုပ်မှရမှာလေ”


မကောင်းဆိုးဝါးသည်


“ကောင်းပြီလေ”


“မင်းမှန်ပါတယ်”


ကျန်းလော်က ပြောလိုက်သည်။ 


“မင်းအသက်ရှင်နေတုန်းကတော့ လူတွေက မင်းကိုတအားကောင်းတယ်ထင်ကြမှာပေါ့ ဒါပေမဲ့ မင်းသေပြီး မကောင်းဆိုးဝါးဖြစ်လာထဲက မင်းအရင်တုန်းက လူတွေကို ဘယ်လောက်အနိုင်ကျင့်လိုက်လဲ သိနိုင်တယ်”


မကောင်းဆိုးဝါးသည် ချောမွေ့စွာရယ်လိုက်ပြီး


“ဒါလည်းမှန်တာပဲ”


“ဒါဆိုလည်း စည်းကမ်းချက်ပြောင်းကြရအောင်”


ချီယုံသည် ဖြူဖျော့ဖျော့လက်ကို ဆန့်လိုက်သည်။ ဘေးမှဖြတ်သွားသော ကြောင်ရိုင်းတစ်ကောင်ကို လှမ်းဆွဲလိုက်သည်။ ကြောင်ရိုင်းသည် အော်လိုက်ပြီး ရုန်းကန်နေသော်လည်း ချီယုံသူ့ခေါင်းကို အသာအယာပွတ်ပေးသောအခါ ငြိမ်ကျသွားသည်။ သူ့လည်ပင်းလေးနှင့် မေးစေ့လေးကို ပွတ်ပေးနေသည်ကို အလွန်ဇိမ်ခံနေသည်။ 


သားကောင်လေးက သူ့ရှေ့တွင် နာနာခံခံလည်စင်းပေးနေသောအခါ ထိုအကောင်လေးကို ကျန်းလော်အဖြစ်မြင်လိုက်ရကာ စိတ်အခြေအနေအရမ်းကောင်းလာသည်။ ချီယုံသည် ကြောင်ရိုင်းလေး၏ လည်ပင်းကို ငြင်သာစွာ ပွတ်သပ်နေသည်။ ဖုန်းထဲက ကျန်းလာ်အသံကိုနားထောင်ပြီး ကြောင်ကိုပွတ်နေသော လက်သည် ကြမ်းတမ်းလာကာ ကြောင်ရိုင်းသည် ထွက်ပြေးရန်နောက်ကျသွားပြီဖြစ်သည်။


“မျှတချင်ရင်တော့ မင်းလည်း လက်ကောက်နဲ့ ဖူလုလည်း မသုံးရဘူး မင်းသာလက်ခံရင် ကိုယ့်လျို့ဝှက်ချက်တစ်ခုထပ်တိုးပြောပြမယ်”


 မကောင်းဆိုးဝါးသည် အသံကိုနှိမ့်လိုက်ပြီး


“ဒါပေမဲ့ အဲ့လိုပြောပြဖို့ မင်းဘက်ကလည်း တစ်ခုခုပြန်ပေးရမှာနော်”


“ညတိုင်း ငါ့ကို အဖြေပြန်ဖြေရမယ် မှားသွားရင်”


မကောင်းဆိုးဝါးသည် ခနရပ်လိုက်ပြီး


“မင်းကို အပြစ်သေးသေးလေး ပေးရမယ်”


ထိုစကားပြောပြီးကာရှိသေးသည်။ ဖုန်းကျသွားသည်။ ချီယုံသည် ကြောင်ကိုအသာအယာပွတ်သပ်လိုက်ပြီး ပွစိပွစိပြောလိုက်သည်။


“ငါသူ့ကိုဘယ်လို အပြစ်ပေးရမလဲ”


ကြောင်ရိုင်းသည် သူ့လက်ထဲတွင်ပျော်မွေ့နေသော ကျန်းလော်ဖြစ်သွားသလိုပင်။ ကြောင်ရိုင်းကို လွတ်ပေးလိုက်မည့်အချိန်တွင် ကြောင်ရိုင်းသည် ချီယုံလက်ဖဝါးကိုကိုက်လိုက်ပြီး ချွန်ထက်သော လက်သည်းဖြင့်သွေးထွက်အောင် ကုတ်လိုက်သည်။ ထို့နောက် ခုန်ပေါက် ပြေးလွှားသွားသည်။ 


ကျန်းလော်သည် သူ့ဖုန်းကိုညှစ်လိုက်သည်။ သူ့မျက်လုံးသည် မည်းမှောင်နေကာ မိစ္ဆာရပ်ခဲ့သော နေရာသို့ လျှောက်သွားဖို့ လုပ်သော်လည်း အဆောင်ခန်းရှေ့သို့သာ လျှောက်သွားလိုက်သည်။ သူတံခါးတွန်းဖွင့်လိုက်သောအခါ အဆောင်ခန်းသည်တိတ်ဆိတ်နေပြီး ပြတင်းပေါက်အပြင်ဘက်တွင် တောကြောင်ရိုင်းတစ်ကောင်ဖြတ်သွားပုံရကာ သစ်ရွက်များလွင့်နေသည်။ 


ကျန်းလော်သည် ကုတင်ဆီသို့လျှောက်သွားလိုက်ပြီး အိပ်ရာပေါ်ဝင်ထိုင်လိုက်သည်။ 


‘တကယ်ပဲ အမှောင်ထဲက မိစ္ဆာကတကယ်ပဲ ဘာကောင်လဲ ဘာလို့ အဲ့ကောင်ကအဆာင်ခန်းတွေ အပြင်မှာရပ်နေတာလဲ တိုက်ဆိုင်တာလား တမင်တကာကို အဓိပ္ပာယ်ရှိရှိရပ်နေတာလား’


‘ချီယုံခွေးကောင်’


‘ကပျက်ကချော်အားယားနေတဲ့ကောင်’


ကျန်းလော်သည် တစ်ခန်းလုံးဝေ့ကြည့်လိုက်သည်။ 


အခန်းထဲတွင် မီးဖွင့်ထားသော်လည်း မီးပိတ်လိုက်လျှင် ထိုမိစ္ဆာသည် သူ့နောက်သို့ သေချာပေါက်လိုက်လာမည် ဖြစ်သည်။ အစက သုံးမီတာအကွာတွင် ဖြစ်သော်လည်း နောက်ဆုံးတစ်ခေါက်မီးပိတ်လိုက်သောအခါ သူနှင့်မျက်နှာချင်းဆိုင်နီးနီးလေးရောက်နေနှင့်ပြီ ဖြစ်သည်။ 


ကျန်းလော်သည် ထလိုက်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားကာ အကြွေစေ့သုံးစေ့ကို အိပ်ကတ်ထဲက ထုတ်လိုက်သည်။


ဆင့်ခေါ်ပင့်ဖိတ်ခြင်းနည်းလမ်းနှင့် ရှေ့ဖြစ်ဟောခြင်းသည် မတူညီကြပေ။ ဆင့်ခေါ်ပင့်ဖိတ်ခြင်းနည်းလမ်းသည် အကြွေစေ့နှင့်အင်းကွက်ပေါ်တွင် ပုံမှန်နည်းလမ်းဖြင့် မရေရာသောမေးခွန်းများမေးခြင်းဖြစ်သည်။ ဥပမာပြောရလျှင်  ရှေ့ဖြစ်ကံကြမ္မာဖတ်ခြင်းတွင် ဖုန်းလီ၏ ကျန်းလော်ကို တတိယမြောက်ကံကြမ္မာဖတ်ခြင်းတွင် အလွန်ဆိုးသည်ဟု ဟောခဲ့သည်။ ထို အလွန်ဆိုးသည် ဆိုခြင်းမှာ အကုန်လုံးခြုံ၍ ဟောခြင်းဖြစ်ပြီး အသေးစိတ်ကျကျ ဟောပြောခြင်းမဟုတ်ပေ။ 


ဆင့်ခေါ်ပင့်ဖိတ်ခြင်းနည်းလမ်းကတော့ အနည်းငယ်ပိုမိုတိကျပြီး သေချာသော အဖြေကိုပေးသည်။ ဥပမာအရဆိုလျှင် လူတစ်ယောက်သည် တစ်ခုခုပျောက်ဆုံးလျှင် ရှေ့ဖြစ်ဟောလျှင် ထိုပစ္စည်းရှာတွေ့နိုင် မတွေ့နိုင်သာပြောနိုင်ပြီး ဆင့်ခေါ်ပင့်ဖိတ်ခြင်းသည် ပျောက်ခဲ့သည့် နေရာကိုပါ ပြောပြနိုင်သည်။


ဆင့်ခေါ်ပင့်ဖိတ်ရန်အတွက် ရှင်းလင်းတိကျစွာ မေးဖို့လိုသည်။ ပျောက်ခဲ့သောအရာနှင့် ဘယ်အချိန်ပျောက်ခဲ့သလဲ တိကျစွာပြောရန်လိုသည်။ သို့သော်ရုပ်လွန်ပညာတွင် ဆင့်ခေါ်ပင့်ဖိတ်သူများအနေနှင့် မဖြေနိုင်သော မေးခွန်းများလဲရှိကာ ထိုသို့သော မေးခွန်းများအတွက် တိကျသော အဖြေမရနိုင်ပေ။ 


ထိုသို့ဆိုသော်လည်း ကျန်းလော်သည် ချီယုံဘယ်သူမှန်းသေချာမသိသောကြောင့် မေးခွန်းအတိအကျမမေးနိုင်ပေ။ သူသည် မရေရာသော မေးခွန်းကိုသာမေးနိုင်ပြီး ဟောကြားချက်အကြမ်းထည်ကိုသာသိနိုင်သည်။ 


ထိုကံကြမ္မာဟောကြားခြင်းအတွက် ပထမအကြွေစေ့သည် ပူတက်လာပြီး သူသေချာမသိသော နားမလည်နိုင်သော မေးခွန်းကိုမေးလိုက်သည်။ 


“ရန်သူကိုပြန်တိုက်ခိုက်ဖို့ ဘယ်လိုလုပ်ရမလဲ”


အကြွေစေ့သုံးစေ့ကို ထပ်ကာထပ်ကာပစ်လိုက်ပြီး နောက်ဆုံးကျန်းလော်ကို ကိုယ်စားပြုသော အကြွေစေ့သည် ပျောက်ဆုံးအကွက်သို့ ကျသွားသည်။ 


ကျန်းလော် “..........”


နာမည် အထီးကျန်အကွက်သည် မင်္ဂလာမရှိသောနိမိတ်ကို ဖော်ပြသည်။ ထိုဆုံးရှုံးခြင်း(သို့)ပျောက်ဆုံးခြင်းကံကြမ္မာသည် ဆုံးရှုံးခြင်းကံကြမ္မာကို ပြနေသည်မှန်သောလည်း ဘုံကျသော ဆုံးရှုံးခြင်းကိုသာပြခြင်းဖြစ်သည်။ 


ထိုအကွက်သို့ကျခြင်းသည် အလွန်ဆိုးဝါးသည်လည်း မဟုတ်ပေ၊ ပြောင်းပြန်ကြည့်လျှင် win-winအခြေအနေလို့လဲ ပြောလို့ရသည်။ ဆိုင်သူဘက်တွင် ပျက်ဆီးပြီး တစ်ဖက်လူကိုလည်း ဆန့်ကျင်ဦးမည်ဖြစ်သည်။ 


ဆုံးရှုံးပျက်ဆီးခြင်းကံကြမ္မာသည် ရယူခြင်းအတွက် ဆုံးရှုံးမှုရှိပြီး ထိုရယူခြင်းအတွက် လုပ်ယူရမည်များပါ ဆုံးရှုံးရမည့် ကံကြမ္မာဖြစ်သည်။


ဆိုလိုသည်မှာ ကျန်းလော်သည် အကျိုးအမြတ်တချို့ ဆုံးရှုံးသွားမည်ဖြစ်သော်လည်း သူ့ဆုံးရှုံးမှုကို ငါးစာအဖြစ်အသုံးချပြီး ပျော့ညံ့ဟန်ပြကာ ထိုကြမ်းတမ်းသူများကို အနိုင်ယူပြီး အကျိုးအမြတ်ရအောင် ယူနိုင်လိမ့်မည်။ 


ကျန်းလော်အတွက် ထိုကိစ္စကို ငါးစာအဖြစ်သုံးပြီး ဆုံးရှုံးမှုအပေါ်မှာ အခွင့်ကောင်းယူမည်ဖြစ်သည်။ ကျရှုံးနိုင်သည့်အကွက် ဆိုသော်လည်း အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။ ကျန်းလော်သည် သူ့ကိုယ်သူထိန်းလိုက်ပြီး  သူ့ဆုံးရှုံးမှုကို ငါးစာလုပ်ရမည့်ကိစ္စကို ဘယ်ကစရမလဲ မသိနိုင်အောင် ဖြစ်နေသည်။ 


‘အားး ထားလိုက်တော့ နောက်ကိစ္စနောက်မှ ရှင်းတော့မယ်’


ကျန်းလော်သည် ကြေးပြားလေးတစ်ခု ထုတ်လိုက်ကာ ဖုဝေ၊ ကျန်းချန်နှင့် ကျောင်းဘန်တို့ ကံကြမ္မာကို ဖတ်ကြည့်လိုက်သည်။ 


သူသည် ထိုသုံးယောက်လုံးကို ချီယုံလားဟု တပြိုင်ထဲမေးလို့မရသောကြောင့် တစ်ခုထဲ ပေါင်းမေးလို့ရနိုင်သည့် မေးခွန်းတစ်ခုမေးလိုက်သည်။ 


“သူတို့က ငါ့အတွက် ပေါင်းထိုက်တဲ့သူတွေလား”


မမျှော်လင့်ထားသော အဖြေရလာသည်။ သူထင်ထားသော ဖုဝေ၏သဘောထားသည် အလယ်အလတ်သာဖြစ်နေပြီး ကျောင်းဘန်နှင့် ကျန်းချန်သည် သူ့ကို အလွန်မုန်းတီးနေကြသည်။


ကျန်းလော်သည် မျက်ခုံးပင့်သွားပြီး မှန်ထဲမှ သူ့ကိုယ်သူကြည့်လိုက်ကာ ဖြစ်နိုင်သည်ဟုတွေးလိုက်သည်။ ကြည့်ရသည်မှာ ကျန်းလော်သည် သူတို့အမြင်တွင် ပြိုင်ဘက်အကြီးကြီးဖြစ်နေသောကြောင့် ဖြစ်မည်။ ကျန်းလော်သည် ပုခုံးတွန့်လိုက်ပြီး အကြွေစေ့များကို အိတ်ထဲသို့ မရေကြည့်ဘဲ ပြန်ထွည့်လိုက်သည်။ 


ကျောင်းဘန်နှင့် ကျန်းချန်တို့သာမကပဲ သူ့ကို တစ်ဆောင်လုံးနီးပါး ရန်လိုနေကြတာ ဖြစ်နိုင်သည်။ ဖုဝေသည် တရုတ်ကံကြမ္မာအရဆိုလျှင် ရန်သူလည်း မဟုတ် မိတ်ဆွေလဲ မဟုတ်သော သူဖြစ်သည်။ တနည်းပြောရလျှင် သူ့မိတ်ဆွေဖြစ်နိုင်သည့် သူဖြစ်သည်။ 


လုယုံရိနှင့် ရယ်ရွှင်တို့ အခန်းထဲမှ ထွက်လာနိုင်ချိန်သည် မနက်တစ်နာရီထိုးတွင် ဖြစ်သည်။ သူတို့သုံးယောက်သည် အဆောင်အဆောက်အဦးထဲမှ ထွက်ကာ စတူဒီယိုဆီသို့ အမြန်သွားလိုက်သည်။ သူတို့သုံးယောက်လုံး စတူဒီယိုထဲတွင် ဘာမှမတွေ့ခခဲ့ပေ။ ထို့ကြောင့် အဆောင်ဆီသို့ လက်ဗလာနှင့်သာ ပြန်လှည့်သွားသည်။ 


“စကားမစပ် ရယ်ရွှင်”


ကျန်းလော်ကမေးသည်။


“မင်းခုနက မင်းအဆောင်မှာ မင်းကိုရန်လိုတယ်ဆိုတဲ့တစ်ယောက်က ဘယ်သူလဲ”


ရယ်ရွှင်သည် ခေါင်းယမ်းလိုက်ပြီး လမ်းမီးရောင်သည် ရှောင်ဖန်၏ မျက်လုံးနက်နက်များကို ရောင်ပြန်ဟပ်နေသည်။ 


“အဲ့ကောင်နာမည်က ကျန်းဖုန်းတဲ့ သူနဲ့ ငါ့အခန်းထဲက သေသွားတဲ့ သင်တန်းသားနဲ့ ပဋိပက္ခဖြစ်တတ်တဲ့အကြောင်း ကောလဟာလတွေ အများကြီဂကြားရတယ် သူက ငါလဲ သေသွားတဲ့ သင်တန်းသားရဲ့ အိပ်ရာမှာ အိပ်နေတုန်း ငါ့ကို ဆွဲချပြီး ‘မင်းကဘယ်သူမို့လို့ သူ့နေရာမှာ အစားဝင်ရတာလဲ’ ဆိုပြီး သေသွားတဲ့ တစ်ယောက်ကို ဒေါသထွက်နေသလိုကြီး အော်တော့တာပါ”


ထိုအချက်သည် ထူးဆန်းနေသည်။


‘ထိုသင်တန်းသားသေသွားပြီပဲကို ရယ်ရွှင်သူ့နေရာ အစားဝင်တော့ ဘာဖြစ်လဲ သေသွားတဲ့တစ်ယောက်နဲ့ အရင်တုန်းကမတည့်ပဲ အခုမှ ဘာလို့ ဗြောင်းဆန်ပြနေရတာလဲ’


ရယ်ရွှင်သည်လည်း သူ့စိတ်ထဲမှ အတွေးတစ်ချို့ဝင်လာသည်။


‘ကျန်းဖုန်းက သေသွားတဲ့တစ်ယောက်ကို ဒေါသထွက်တာမဟုတ်ဘဲနဲ့ ကြောက်နေတာတွေကို ငါ့ကိုပုံချလိုက်တာလား’


ပထမဆုံးအဆောင်မှာနေရသောညကို မေးခွန်းအပြည့်နဲ့ မျက်စိအကြောင်သား ကုန်ဆုံးသွားသည်။ နောက်နေ့မနက်ရောက်တော့ ကျန်းလော်သည် ပျင်းရိစွာထလာပြီး လူအုပ်လိုက်နောက်မှ သမ်းဝေရင်းလိုက်သွားသည်။ လေ့ကျင့်ရေးအခန်းထဲသို့ ပျင်းပျင်းရိရိလိုက်လာကာ လူအုပ်နောက်ဆုံးမှာ သွားရပ်နေလိုက်သည်။


လုယုံရိနှင့် ရယ်ရွှင်တို့သည်လည်း သူ့လိုပင်နောက်ဆုံးမှာလာရပ်သည်။ သူတို့သုံးယောက်သည် ငါးဆားနယ်များကဲ့သို့ပင် မျက်နှာကို မဖော်ပြချင်ဘဲ နောက်ဆုံးတွင် ကုပ်ကုပ်လေးရပ်နေကြသည်။ သို့သော်သူတို့ မထင်မှတ်ထားသည်မှာ သူတို့ထပ် ငံသောသူရှိနေခြင်းပင်။ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်သည် မဲမှောင်နေသော မျက်နှာနှင့် 


“စီကွေးက နောက်ကျပြန်ပြီလား”


လူအုပ်ကြီးသည် ဝေါခနဲ ရယ်လိုက်ကြပြီး ရယ်ကျဲကျဲအသံနှင့်


“ဒီလောက်တောင် မတက်ကြွရင်လည်း ဒီမှာဘာလို့လာပြိုင်နေတာလဲ”


“သူ့မှာ ရက်စက်တည်တင်းတဲ့ မျက်နှာကြီးက ရှိသေးတယ် ငါက သူနဲ့တစ်ခန်းထဲနေရတာလေ ငါ့မှာနေ့တိုင်းကြောက်လို့သေတော့မယ်”


“ဟားဟား ဟားဟား ဟားဟား မင်းတို့ကောင်တွေ မပြောကြပါနဲ့ကွာ ကျောင်းကျောင်းက ချစ်စရာကောင်းပါတယ်ကွာ”


လုယုံရိသည် တိုးတိုးဝင်ပြောလိုက်သည်။


“ငါ့လည်းကျောင်းကျောင်းဆိုတဲ့ နာမည်နဲ့သူငယ်ချင်းရှိရင် တော်တော်ချစ်ဖို့ကောင်းမှာပဲ”


ကျန်းလော်သည် ရှေ့မှတစ်ယောက်၏ လက်မောင်းကို ပုတ်လိုက်ပြီး


“သားကြီး ကျောင်းကျောင်းက ဘယ်သူလဲ”


သူ့ရှေ့မှတစ်ယောက်က ပြောလိုက်သည်။ 


“ဒီကျောင်းကျောင်းက သင်တန်းသားတွေထဲမှာ အညံ့ဆုံးလေ သူက ဆိုလဲမဆိုနိုင် ကလဲမကနိုင် သူကမျက်နှာလေးပဲ ပြပြီး ငြိမ်ငြိမ်လေးရပ်နေနေကျ၊ ဆရာက အဆင့်အကြမ်းဖျင်းခွဲတဲ့နေ့ကသူ့နာမည် ဘယ်သူလဲမေးတော့  သူပြောတာ သူ့မျိုးရိုးနာမည်က ကျောင်းကျောင်းတဲ့ နာမည်ပြောင်က စီဝမ်ကွေးတဲ့၊ ငါတကယ်နားမလည်နိုင်ဘူး ဘယ်ဒေသကမွေးလာလို့ စီဝမ်ကွေးတုန်း ဟားဟား.............သွေ့ပုချိ သွေ့ပုချိ သွေ့ပုချိ သွေ့ပုချိ ငါတို့အားလုံးမရယ်ဘဲ မနေနိုင်လို့ပါ အဲ့တုန်းက ဆရာတောင် အော်ရယ်တာ ဆရာက သူဘာလို့ ဘာမှမလုပ်တတ်ဘဲ ဝင်ပြိုင်တာလဲလို့ မေးတော့ သူဘာပြောလဲသိလား”


“သူပြောတာက သူဒီပွဲမှပါလာမှ သူ့သူငယ်ချင်းတွေနဲ့တွေ့ရမှာတဲ့ သူ့သူငယ်ချင်းတွေ သူ့ကိုလာရှာအောင် ဝင်ပြိုင်တာတဲ့ကွာ ဟားဟားဟား”