အပိုင်း (၇၂)
လှပသောအချစ်
အဖြူရောင်နှင့် အနက်ရောင်ခလုတ်များသည် ကျန်းလော်လက်ချောင်းများအောက်တွင် ကခုန်နေပြီး တေးဆိုငှက်လေး တေးဆိုနေသလို သာယာပြီး ပြင်းထန်သော ခံစားချက်များပေါ်ထွက်လာသော စန္ဒယားသံသည် နူးညံ့သိမ်မွေ့နေရာမှ ပြင်းပြင်းထန်ထန် လေမုန်တိုင်းက နှင်းဆီပွင့်ဖက်များကို ခြွေယူသွားသလို ဗွက်အိုင်ထဲသို့ ရေလောင်းချလိုက်၍ လူတိုင်းကို ရေစင်သွားစေသလို လူတိုင်းကို အသက်မရှူနိုင်အောင် ညှို့ယူသွားသည်။
ဖန်ပုတီးလေးများ သည် ကီးအမြှင့်တီးလိုက်သည်နှင့် ခုန်ပျံဝဲသွားပြီး အိမ်မက်ထဲမှ ပူဖောင်းလေးများလို ခလုတ်များပေါ် အသာအယာပြန်ကျလာသည်။ ပုတီးစေ့များသည် ကျန်းလော်သီချင်းသံတွင် ပျော်မွေ့နေသလို ကခုန်ပေးနေသလို အသက်ဝင်လာပြီး ကျန်းလော်နှင့်အတူ လူထုကို ဖျော်ဖြေနေသလို ခလုတ်များပေါ်တွင် လှိမ့်နေပြီး သံစဉ်အလိုက် ပျံဝဲလို့နေသည်။
ပြိုင်ပွဲသည် ဘယ်လောက် ကျွမ်းကျင်လဲဆိုတာကို ပြိုင်တာမဟုတ်ဘဲ မည်မျှတည်ငြိမ်ပြီး တီးခတ်နေစဉ် ပုတီးစေ့များ ပြုတ်မကျစေရန် ထိန်းသိမ်းနိုင်ခြင်းကို ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ကျန်းလော်သည် အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသည်။
လူတိုင်းမျှော်မှန်းသည်ထက် ကျော်လွန်ခဲ့သည်။
သူ့လက်ချောင်းများသည် စန္ဒယားခလုတ်ပေါ်တွင် လျင်မြန်စွာရွေ့လျားကခုန်နေသောကြောင့် လူတိုင်းသည် လက်ချောင်းများ၏ အရိပ်ကိုသာမြင်နိုင်ကြသည်။
ဆံပင်အနက်နှင့်လူငယ်လေးသည် ချပ်ကပ်သေသပ်နေသော အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောကို ဖြောင့်တန်းနေအောင် မတ်ထားပြီး တည်တံ့စွာထိုင်နေကာ ဆံပင်ရှည်များကို နောက်လှန်တင်ထားရာ ကျော့ရှင်းပြီး ဆန်းကြယ်စွာလှပနေသည်။
ကြည့်နေကြသော လူများသည် လူငယ်လေး၏ တည်ကြည်ခန့်ညားနေမှုကို ကြည့်ပြီး မူးမေ့မတတ်ဖြစ်နေကြသည်။
အမှန်တကယ်မှာ ကျန်းလော်လက်ချောင်းများသည် စန္ဒယားခလုတ်များနှင့် လုံးဝကို မထိပေ။ တစ္ဆေလက်များသည် သူ့လက်ငါးချောင်းထဲသို့ ဝင်ပူးပြီး ကျန်းလော်လက်များကို ကျွမ်းကျင်စွာမ၍ စန္ဒယားခလုတ်များကို မြန်မြန် တီးခတ်သွားခြင်းသာဖြစ်သည်၊။ ထို့ကြောင့် ကျန်းလော်လက်များ ခလုတ်ခုံကို လုံးဝမထိသော်လည်း ဘယ်သူမှ သတိမထားမိကြပေ။
ကျန်းလော်သည် အစက ဘယ်သူမှမသိသော တီးချင်သလိုတီးမည့် အတုအယောင်သီချင်းတစ်ပုဒ်ကို ဖျော်ဖြေမလို့ဖြစ်သော်လည်း လက်တွေ့တွင်လည်း ဘယ်သူမှမသိအောင် သူတစ်ခါမှမကြားဖူး၍ ခန်းမထဲမှလူများသည်လည်း မသိကြသော သီချင်းကို တီးလိုက်ရသည်။
လျော့ရဲရဲဖြစ်နေသောအပြုံးလေးပြုံးလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ချီဖေဖေသည် သူ့နောက်မှ မဲမှောင်နေသော မျက်နှာနှင့် သံသယရှိစွာ ကြည့်နေမည်ဖြစ်သောကြောင့်ပင်။
သီချင်းဆုံးသွားသည်နှင့် ကျန်းလော်လက်ချောင်းများ တောင့်တင်းနေတော့သည်။ ကျန်းလော်လက်ထဲမှ တစ္ဆေလက်များသည် ဒီရေကဲ့သို့ အသာအယာ လျောထွက်သွားသည်။
မကောင်းဆိုးဝါးသည် ကျန်းလော်နားနားကပ်၍ စိတ်ပျက်စရာကောင်းအောင် ကြည်နူးနေပုံဖြင့် နူးညံ့စွာရယ်လိုက်သည်။
“ကိုယ့်ကျောင်းသားလေးကို တခြားကောင်အနိုင်ရသွားမှာ ခွင့်မပြုနိုင်ဘူးလေ ဟွန်း”
ထိုစကားနှင့်အတူ သူ့နောက်မှ အေးစက်မှုကြီး ပျောက်ကွယ်သွားသည်။ ကျန်းလော်မျက်လုံးများမှောင်မိုက်သွားပြီး စန္ဒယားခုံပေါ်မှ လက်ကိုရုတ်လိုက်ကာ ထရပ်လိုက်သည်။ ပြီးပြည့်စုံစွာပြုံးပြလိုက်ပြီး လူငယ်လေးသည် လူအုပ်ကြီးကို ရှက်ရွံ့စွာကြည့်လိုက်ပြီး
“ကောင်းကောင်း မတီးနိုင်ခဲ့လို့ ရှက်မိပါတယ်ဗျာ”
“မိုက်တယ်ဟေ့”
ကောကျူသည် အားရဝမ်းသာ အကျယ်ကြီး လက်ခုပ်ထတီးသည်။ ထို့နောက် လက်မထောင်ပြလိုက်ကာ
“ကျန်းလော်ရာ မင်းကတော့ မင်းပါပဲလား”
“ရှယ်ပဲ .........ဒီလောက်တောင် တော်နေရသလားဟ”
“လိချန် ဆက်ပြီးပြိုင်ချင်သေးလားကွ”
ကျောက်ပေါက်မာမျက်နှာနှင့်လူသည် ငေးကြည့်နေရာမှ အသိဝင်လာပြီး
“ဘာကိုပြိုင်ရဦးမှာလဲ၊ ဘယ်သူက ဒီထက်ကောင်းအောင် တီးနိုင်မှာလဲ၊ ချီး ငါတကယ်ကို လက်ခံလိုက်ပြီ”
လူအုပ်ကြီးနောက်တွင် ချီဖေဖေသည် ကျန်းလော်ကို ကြောက်ရွံ့ထိတ်လန့်စွာကြည့်နေပြီး ထိုသို့ တူညီသော တူရိယာကို တီးနေသည့် အသံဟန်ပန်ကို ရင်းနှီးနေသည်။ သီချင်းလည်းပြီးသွားရော ချီဖေဖေသည် ကျန်းလော်ကို ကြည့်ပြီး စကားလုံးတစ်လုံးကိုသာ သတိရတော့သည်၊
“ချီယုံ”
ချီမိသားစုနှင့် ချီ(ချီယုံ)မိသားစုသည် အလွန်ရင်းနှီးကြသော ဆက်ဆံရေးရှိကြကာ လွန်ခဲ့သောဆယ်နှစ်က ချီဖေဖေသည် ချီ(ချီယုံ)အိမ်တော်သို့ သွားရောက်လည်ပတ်ရင်း ချီယုံငယ်လေးသည် ချီမိသားစုအကြီးအကဲများအတွက်ပင် ခက်ခဲသော ထိုသီချင်းကို အောင်မြင်စွာ တီးခတ်နေခဲ့သည်ကို မြင်ခဲ့ရသည်။
ချီဖေဖေသည် မဖြစ်နိုင်လောက်ဖူးထင်ခဲ့သော်လည်း ချီယုံက လုပ်နိုင်ခဲ့သည်။ ငယ်ရွယ်သော်လည်း အခြေခိုင်သော ချီယုံသည် အလွန်အမင်းသက်တောင်သက်သာဖြစ်နေပြီး ယခုကျန်းလော်တီးခတ်နေသည်နှင့် တစ်ထပ်ထဲတူစွာ ဖန်ပုတီးများကခုန်နေအောင် ပြုံးရွှင်ရယ်မောရင် တီးခတ်နေခဲ့သည်။ ထိုနောက်ပိုင်းတွင် ချီ(ချီယုံ)မိသားစုမှ နည်းစနစ်များသည် ရုပ်လွန်လောက တစ်ခုလုံးတွင် ကျော်ကြားလာသည်။
သို့သော် ချီဖေဖေသည် ရုပ်လွန်လောကတစ်ခုလုံးတွင် ချီယုံလောက်စွမ်းအားကြီးသူကို မမြင်ဖူးခဲ့ပေ။ ဖေဖေချီသည် ချွေးအေးများ ကျောတစ်ခုလုံး ရွှဲနစ်နေအောင် ကြောက်လန့်နေသည်။ ကျန်းလော်၏ ယဉ်ကျေးရှက်ရွံ့နေသော မျက်နှာသည် သူ့မျက်စိထဲတွင် ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင် ပြုံးနေသလိုမျိုး မြင်ယောင်လာသည်။
‘ကျန်းလော်ကလည်း ပိုင်ယဲ့ဖုန်းလိုမျိုး ချီယုံဝင်စီးထားတဲ့ နောက်တစ်ယောက်..............’
‘ချီယုံ့ဝိဉာဉ်က အပိုင်းပိုင်း အဖြဲခံလိုက်ရတာမဟုတ်ဘူးလား သူကဘာလို့ ပြန်ရောက်လာတာလဲ ဖြစ်နိုင်တာ သူ သူ ငါတို့ကို လက်စားချေဖို့ ပြန်လာတာလား’
ဖေဖေချီသည် ခန်းမထဲမှ အလျင်စလို ထွက်သွားသည်။ သူ့မျက်နှာသည် လုံးဝ သတိထားမိလောက်အောက် ပျက်နေသည်။ ကျန်းလော်သည် ထိုပုံရိပ်ကို ကောင်းကောင်းသတိထားမိလိုက်ပြီး ချီဖေဖေ၏နောက်ကျောကို မျက်လုံးမှေး၍ သေချာကြည့်လိုက်သည်။
ထို့နောက်သူသည် ခွင့်တောင်း၍
“သန့်စင်ခန်း ခနသွားလိုက်ဦးမယ်”
သူသည် လူအုပ်ကြီးကို ပြုံးပြလိုက်ကာ ထိုအဖွဲ့ကို ချန်ထားပြီး ပထမထပ်သို့ သွားလိုက်သည်။ ပထမထပ်ကော်ရစ်တာသည် အလွန်ရှည်ပြီး ကျန်းလော်သည် ကြောင်အကြီးကြီးတစ်ကောင် သားကောင်ချောင်းနေသကဲ့သို့ ခြေဖွပြီးလျှောက်လာသည်။ ကော်ရစ်တာတွင် ကောဇောနီထူထူကြီးခင်းထားသောကြောင့် ကျန်းလော်ခြေသံကို လုံးဝဖျောက်ပစ်ပေးနေသလိုပင်။
ကော်ရစ်တာထောင့်နားရောက်တော့ အသံတချို့ကြားလိုက်သောကြောင့် ကျန်းလော်သည် နံရံကိုကပ်လိုက်ပြီး ပုန်းနေလိုက်သည်။
ချီဖေဖေ၏ စိတ်စောပြီး ကြောက်လန့်နေသော အသံကိုကြားလိုက်ရသည်။
“သူက သေချာပေါက် ချီယုံပဲ ချီယုံဆိုတာ သေချာတယ်လို့”
ချီဖေဖေ၏အသံသည် အလျင်စလိုဖြစ်နေကာ ကြောက်လန့်မှုကြောင့် တုန်ခါနေသည်။
“ချီယုံပြန်လာတာနေမှာ”
ချီဖေဖေသည် ဖုန်းပြောနေတာဖြစ်နိုင်ပြီး စက္ကန့်အနည်းငယ်လောက်အကြာတွင် စိတ်ငြိမ်သွားပုံရပြီး
“မင်းပြောတဲ့အတိုင်း ကျန်းလော်က ဖုန်းလီတပည့်ဆိုတာ မှန်ပါတယ် ကျန်းလော်သာ ခန္ဓာအပိုင်စီးခံရရင် ဖုန်းလီက ကျန်းလော်တစ်ခုခုမှားနေမှန်း မသိဘဲနေမှာ မဟုတ်ဘူးဆိုပေမဲ့ ကျန်းလော်က ချီယုံမဟုတ်ဘူးဆိုရင်တောင် ချီယုံ့အတွက် လက်စားချေမယ်ဆိုတာက လေကျယ်တာမဟုတ်နိုင်ဘူးကွ”
“ဟုတ်တယ် မသေလိုက်ဘူး”
ချီဖေဖေသည် စိတ်လောစွာပြောသည်။
“ဒီကောင်က ငါတို့ထင်တာထက် ပိုအားကောင်းနေတယ်............ချီကျုံးယဲ့ မင်းယုံချင်ယုံ မယုံချင်နေ ငါတို့ ဒီကောင်လေးကို မရှင်းပစ်ရင် အနှေးနဲ့အမြန်ကျဆုံးသွားမှာ ငါတို့ဖြစ်သွားလိမ့်မယ်”
ကျန်းလော်သည် နံရံအကွယ်မှ စိတ်ဝင်တစားနားထောင်နေသည်။ ကျန်းလော်သည် ချီမိသားစုနှစ်စုအပြင် သုံးယောက်မြောက်တရားခံကို သိချင်၍ ချောင်းနားထောင်နေသော်လည်း မမျှော်လင့်စွာ ဒီနှစ်မိသားစု ရှင်းချင်နေသူမှာ သူဖြစ်နေကြောင်း သိလိုက်ရသည်။
သူသိလိုက်ရသေးသည်မှာ ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုတို့သည် ချီယုံ့သေဆုံးခြင်းကို အတွင်းကျကျ ပါဝင်ပတ်သက်နေခြင်း သို့မဟုတ် တရားခံများထဲမှ တချို့ဖြစ်နေခြင်းပင် ဖြစ်သည်။
ကျန်းလော်သည် အထင်သေးစွာ ရယ်လိုက်သည်။
ကံမကောင်းစွာပင် ကျန်းလော်သည် ချီယုမဟုတ်ပေ၊ သို့သော် သူသည် ချီယုံ၏နာကျည်းမှုနှင့် အာဃာတကို ခံစားမိသည်။ အလွန်နာကျင်ပြီး မုန်းတီးနေကာ သေချာကို အစီအစဉ်ချပြီး လက်စားခြေရန် လုံးပမ်းနေရသော ခံစားချက်မျိုးကို ထုပ်ပိုးသိမ်းဆည်းထားရန် မလွယ်လှချေ။
ချီမိသားစုနှစ်စုသည် လောဘနှင့် ရန်ငြိုးကို အစပျိုုးခဲ့ပြီး ချီယုံသည် ထိုရန်ငြိုးကို နှလုံးသားအောက်ခြေထိ သိမ်းဆည်းထားသည်။
ဖုန်းတစ်ဖက်မှသူက ဘာပြောသည်မသိပေ ချီဖေဖေ၏ ရုတ်တရက် တုန်ယင်စွာ သက်ပြင်းချလိုက်သံကို ကြားလိုက်သည်။ ထို့နောက်
“ကံကြမ္မာလက်ခံသူလား”
‘ကံကြမ္မာလက်ခံသူ အဲ့တာဘာကြီးလဲ’
ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး သေချာအားစိုက်နားထောင်လိုက်သည်။ ဖေဖေချီက ပြောသည်။
“ငါသိတယ် နောက်မှ အဲ့ကိစ္စကို မီးစင်ကြည့်ကရတာပေါ့၊ ငါလုပ်နိုင်တာအကုန်လုပ်မှာ အဲ့ကောင်လေးကို အရင်ရှင်းရမှာပဲ၊ သူ့ကိုမရှင်းနိုင်လို့ကတော့ ငါ့နှလုံးသားထဲ သံစိုက်နေသလိုဖြစ်နေတော့မှာ ၊ ချီယုံ့အကြောင်း ဘယ်လောက်သိလို့ လက်စားချေမှာလဲ ဒီကောင်က..........”
“ဖုန်းမိသားစုကိုလား စိတ်ပူမနေနဲ့ မင်းဖုန်းလီရဲ့အေးစက်စက်စိတ်ဓာတ်ကို အခုထိမသိသေးဘူးလား ”
ကျန်းလော်သည် ပျင်းရိစွာ နံရံကိုမှီပြီးနားထောင်နေသည်။ ဖေဖေချီဖုန်းပြောလို့ပြီးတော့မည့်အချိန်တွင် အမြန်ထွက်သွားဖို့ လုပ်လိုက်သည်။
သူတို့နောက်တွင် လူတစ်ယောက်သည် ဘယ်အချိန်ထဲကမှန်းမသိ ရပ်နေသည်။
တစ်စုံတစ်ယောက်သည် နားနားကပ်၍ ခိုးခိုးခစ်ခစ်ရယ်လိုက်ပြီး
“ကြားလား မင်းကို သတ်မလို့တဲ့”
မကောင်းဆိုးဝါးသည် ကျန်းလော်လက်ကို ကိုင်၍ တိုးဖွဖွရယ်လိုက်ကာ
“နားထောင်ကြည့် သူ့အအသံထဲမှာ ဒေါသတွေ မတရားအုပ်ချုပ်ဆုံးဖြတ်ချင်နေတဲ့ ရွံစရာအသံကို သေချာနားထောင် မင်းကို သတ်ဖို့လွယ်လွယ်လေးပြောထွက်တဲ့ ပါးစပ်ကို ဆွဲမဖြဲပစ်ချင်ဘူးလား၊ သူကမင်းရဲ့ ပါရမီကို မနာလိုနေတာ၊ မင်းမသိတဲ့ မတတ်တဲ အကြောင်းအရာကို အသုံးချပြီး အရှက်ခွဲချင်နေတာ ခံစားမိလား မင်းမသေလို့ စိတ်ပျက်နေတဲ့အသံကို ဟမ်”
ကျန်းလော်သည် လက်သီးတင်းတင်းဆုပ်ထားမိကာ လက်ဆစ်နေရာများတွင် အရိုးများငေါထွက်နေပြီး ဖြူဖျော့နေပြီး အနည်းငယ်နာကျင်နေသည်။ မကောင်းဆိုးဝါးသည် အသံကိုတိုးလိုက်ပြီး သူ့ကို အိပ်မွေ့ချလိုက်သည်။
“ဒီမှာကြည့် ဘယ်သူမှမရှိဘူး တွေ့လား”
“မင်းကို တစ်ချိန်လုံးစောင့်ကြည့်နေမဲ့ လူတွေရော ကင်မရာတွေရော ဘာမှမရှိဘူး”
“ဒီမှာ မင်းနဲ့ အဲ့ကောင်ပဲရှိတယ်”
နွေးထွေးသောအသံသည် သူ့အာရုံထဲတွင် လူပေါင်းများစွာ တပြိုင်ထဲအော်ဟစ်နေသလို ဟိန်းနေသည်။ မကောင်းဆိုးဝါးသည် သူ့စိတ်ထဲမှ မကောင်းဆိုးဝါးကို နှိုးဆွ၍
“မင်းသူ့ကို ဒီနေရာမှာ မသတ်ချင်ဘူးလား”
“အနောက်ကနေ တစ်ချက်ထဲနဲ့ သေသွားအောင် ပိတ်ရိုက်ပစ်လိုက်”
မကောင်းဆိုးဝါးသည် တီးတိုးပြောနေသည်။
“သူ့ခေါင်းခွံထဲကို ဓားနဲ့မွှေပြီး လည်ပင်းကို တတိတိဖြတ်ပစ် အသားတစ်လွှာချင်းနွှာပြီး အရိုးတွေတစ်ဆစ်ချင်းချိုးပစ်လိုက်၊ သူ့ဒဏ်ရာတွေကို ဓားနဲ့မွှေပြီး သွေးတွေကုန်အောင် ဖောက်ထုတ်ပစ်လိုက်စမ်းပါ၊ အနီရောင်ကောဇောကြီးက သွေးတွေနဲ့ပိုလှမသွားဘူးလား..........မင်းရဲ့ဒေါသတွေကို ဒီကောင့်အပေါ်ကောင်းကောင်းကြီး ဖြေချလိုက် ဘယ်လိုနတ်ဆိုးမျိုးကို လာရှုပ်မိမှန်းသိအောင် ပြလိုက်၊ ပြီးတော့ မင်းက ဒီလိုလွယ်လွယ်နဲ့ ရှင်းပစ်လို့်မရကြောင်း ပြလိုက်စမ်းပါကွာ”
မကောင်းဆိုးဝါးသည် သူတွေးမိသမျှ စကားလုံးတိုင်းကို ကျန်းလော်ကို မကောင်းဆိုးဝါးဖြစ်လာစေရန် ဆွဲဆောင်နေသည်။ အေးစက်သွေးဆာသော ဗီဇပေါ်လာအောင်၊ ဒီလူ့ဆီကမြင်ရတဲ့ သူ့ထက်မနိမ့်သော ဆိုးသွမ်းယုတ်မာသောစိတ်ဆန္ဒကို ပေါက်ထွက်လာအောင် ဖြားယောင်းနေသည်။
ပြီးရင်တော့ သူနဲအတူ ငရဲကိုဆွဲချသွားမယ်။
“သူ့သွေးတွေ များသည်ထက်များလာပြီးူ သူကမင်းကို ကြောက်ကြောက်လန့်လန့်နဲ့ မော့ကြည့်လာတယ်၊ မင်းကိုလွတ်ပေးဖို့တောင်းပန်ပေမဲ့ မင်းက သူ့ကို လွတ်မပေးလို့ သူမလွတ်နိုင်တော့ဘူး”
မကောင်းဆိုးဝါးသည် လန်းဆန်းမြူးထူးလာပြီး ကျန်းလော်လက်ထဲကို ဓားတစ်ချောင်းကမ်းပေးလိုက်ကာ
“ဒါပေမဲ့ ညစ်ပတ်တဲ့သွေးတွေ မပေအောင်ဂရုစိုက်”
“ဒါမှ ပါတီထဲ ပုံမပျက်ပြန်ဝင်ပြီး ဘာမှမသိသလို ဟန်ဆောင်နေနိုင်မှာ”
ကျန်းလော်အသက်ရှူသံသည် တဖြည်းဖြည်း လေးလံလာသည်။
သူ့အာရုံထဲတွင် ချီဖေဖေကို သူ့လက်နှင့်သတ်လိုက်သောပုံရိပ်ပေါ်လာပြီး သူ့လက်ကိုသွေးများစိုရွဲနေကာ သွေးနံ့များ ကော်ရစ်တာတလျှောက်လုံး လှိုင်လှိုင်ထနေသလို အနံ့ရလာသည်။ ဓားကိုလွှင့်ပစ်လိုက်ကာ လက်ကိုပြောင်နေအောင်သုတ်ပြီး ပါတီပွဲထဲသို့ ဝင်သွားပြီး လူများကြားသို့ မသိမသာ ရောနှောနေလိုက်သည်။
ချီဖေဖေသည် ဖုန်းပြောပြီးသွားပြီး ကော်ရစ်တာတလျောက် လမ်းလျှောက်လာသည်။ သူသည် ကျန်းလော်နှင့် ချီယုံကိုမမြင်ရသလိုပင် မြေညီထပ်သို့ တည့်တည့်ဆင်းသွားသည်။
ကျန်းလော်နောက်မှ မကောင်းဆိုးဝါးသည် ကျန်းလော်သတိပြန်လည်လာပြီမှန်း သတိမထားမိဘဲ ဦးနှောက်ဆေးရန် ကြိုးစားနေသည်။
“မင်းနောက်မှာ ကိုယ်ရှိနေမှာမို့လို့ မင်းရဲ့အစစ်အမှန်ကို ရဲရဲဝံ့ဝံ့ချပြလိုက်စမ်းပါ”
သူ့အသက်ရှူသံအေးအေးကြီးသည် ကျန်းလော်နားသို့ လာရိုက်ခတ်ကာ မကောင်းဆိုးဝါးသည် နူးညံ့စွာပြောလိုက်။
“ကျန်းလော် သူ့ကိုသွားသတ်လိုက်”
မကောင်းဆိုးဝါးသည် သူ့လက်ကို လွတ်ပေးလိုက်သည်။
ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် မတ်မတ်ကြီးရပ်နေကာ အာခေါင်ခြောက်နေသောကြောင့် လည်စိသည် အပေါ်အောက်ရွေ့လျားနေပြီး ခနကြာပြီးနောက် သက်သာသွားသည်။
“ချီယုံ”
သူ့အသံသည် အနည်းငယ်အက်နေပြီး အလွန်ချိုသာနေသည်။
“မင်းကို ဘယ်ကောင်ကများ ငါ့ကိုမင်းလမ်းစဉ်လိုက်အောင် ဦးနှောက်ဆေးလို့ရမယ်လို့ ပြောလိုက်တာလဲ”
“ဒါက ဥပဒေနဲ့ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝိုင်းကွ”
“နောက်ပြီးတော့လဲ လူသားတွေနဲ့ ရင်ဆိုင်ရတာ မကောင်းဆိုးဝါးတွေ သရဲတွေနဲ့ ရင်ဆိုင်ရသလို တူညီမနေဘူး”
“အိုး ဟုတ်လား”
ချီယုံသည် ပြုံးလိုက်ပြီး ဖြူဖျော့နေသော လက်ဖဝါးကို ကျန်းလော်၏ ဝဲဘက်ရင်ဘက်ပေါ်သို့ ကပ်လိုက်ကာ
“ဒါဆို ဘာလို့ ဒီနေရာက တအားခုန်နေရတာလဲ”
ကျန်းလောသည် ဓားကိုဆွဲ၍ နောက်သို့ လွှဲယမ်းလိုက်သည်။ ထို့နောက် ချီယုံသည် သူ့လက်ထဲမှဓားနှင့်အတူ ပျောက်ကွယ်သွားသည်။
ဆံပင်အနက်နှင့် လူငယ်လေး၏မျက်နှာသည် တင်းမာနေကာ သက်ပြင်းချလိုက်ပြီး အပူအပင်ကင်းစွာ ပျော်ရွှင်နေသော မျက်နှာဖြစ်အောင် ပြင်လိုက်သည်။
ချီယုံသည် သူ့ကို မိစ္ဆာတစ်ကောင်ဖြစ်လာစေချင်သည်။ သို့သော် သူကတော့ ချီယုံ့လိုမဖြစ်ချင်ပေ။ သူသာ ခုနက ကိုယ့်စိတ်ကိုယ် မထိန်းနိင်ခဲ့ဘူးဆိုလျှင် ချီယုံ့ထောင်ချောက်ထဲသို့ ကျသွားလောက်ပြီဖြစ်သည်။
ကျန်းလော်သည် စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ပွဲခန်းမထဲသို့ ပြန်သွားလိုက်သည်။
ကျန်းလော်ကို ပြဿနာလာရှာသော အုပ်စုသည် လုံးဝလက်မြောက်သွားပြီ ဖြစ်သည်။ ပြိုင်ပွဲအကြောင်းထပ်မပြောကြတော့ဘဲ လေသံလဲပြောင်းသွားကာ သူတို့နှင့်အတူ ကစားကြရန် ဖိတ်ခေါ်ကြသည်။
တောင်ပတ်လမ်းသည် အန္တာရာယ်များသောကြောင့် အကြီးများက သူတို့ကိုထိုနေရာသို့ သွားခွင့်မပေးပေ။ ထို့ကြောင့် သူတို့သည် အားလုံးဝိုင်းဖွဲ့ပြီး ပိုကာဆော့ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့သည် ယွမ်ထျန်းကျူးကို မမြင်ဖူးသောကြောင့် ရှက်ကိုးရှက်ကန်းပြောလိုက်ကြသည်။
“ပိုကာဒေါင်းတာလဲ ဆုသတ်မှတ်သင့်တယ်မလား ကျန်းလော် ငါတို့နိုင်ရင် ယွမ်ထျန်းကျူး ပြရမယ်။ ငါတခြားဟာမတောင်းဆိုပါဘူးကွာ၊ အဲ့ဟာကို တစ်ခါမှ မမြင်ဖူးလို့် မြင်ဖူးချင်လို့ပါ”
ကျန်းလော်သည် လက်ဝါးဖြန့်ပြလိုက်ပြီး
“အဲ့လိုပစ္စည်းမျိုးးကို သွားလေရာယူသွားမလားကွ၊ အခုပါမလာဘူး”
အုပ်စုလိုက်ကြီး စပ်စုနေရာက သူတို့စိတ်လေး ပလုံသွားကာ စိတ်ပျက်သွားကြသည်။ ချီရယ်သည် ပုံမှန်အတိုင်း ပြောလိုက်သည်။
“ယွမ်ထျန်းကျူးလား ငါတို့အိမ်မှာလဲ တစ်ခုရှိတယ်”
ကျန်းလော်သည် ရပ်တန့်သွားပြီး တခြားသူများသည် စိတ်လှုပ်ရှားကာ ဝိုင်းမေးကြသည်။
“မင်းတို့အိမ်မှာတစ်လုံးရှိတယ် ဟုတ်လား”
“အင်းလေ အိမ်မှာတစ်လုံးရှိတယ်”
ချီရယ်သည် ခေါင်းညိတ်ပြလိုက်ပြီး မထူးဆန်းစွာပြောလိုက်သည်။
“မင်းတို့မယုံရင် ကြည့်ဖို့ခေါ်သွားပြရမလား”
ကျန်းလော်သည် သိချင်သွားပြီး မေးလိုက်သည်။
“မင်းမှာ ယွမ်ထျန်းကျူးရှိရင် ဘာလို့ကိုယ့်အတွက်ကိုယ် သိမ်းမထားတာလဲ”
ချီရယ်သည် ရယ်လိုက်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။
“ငါတို့မှာ မျိုးဆက်သုံးဆက်ရဲ့ ပါရမီကောင်းတဲ့ လူကြီးတွေရော ကလေးတွေရောရှိသေးတယ်လေ ယွမ်ထျန်းကျူးက တစ်ဦးထဲပိုင်မဟုတ်ဘူး”
အလွန်မနာလိုချင်စရာကောင်းသော်လည်း ချီရယ်သည် အမှန်အတိုင်းပြောနေသောကြောင့် သူတို့ပြောနိုင်တာဘာမှ မရှိပေ။ ချီမိသားစုသည် ရှေ့မျိုးဆက်နှစ်ဆက်၏ အကြီးအကဲများသည် အလွန်အသက်ကြီးနေပြီဖြစ်သည်။ ချီရယ်သည် လူငယ်မျိုးဆက်များထဲတွင် အတော်ဆုံးထဲက တစ်ယောက်ဖြစ်သည်။
ကျောက်ပေါက်မာမျက်နှာနှင့်တစ်ယောက်သည် တိုးတိုးလေးပြောလိုက်သည်။
“ငါ့ကိုသာပေးလိုက်ပါတော့လားကွာ...............ချီရယ် ငါတို့ကို ယွမ်ထျန်းကျုးပြလို့်ရလား၊ ငါတို့သိချင်လွန်းလို့ နားတွေတောင် ယားလာပြီ”
ချီရယ်သည် ဖဲချပ်များကို ချလိုက်ပြီး ယွမ်ထျန်းကျူး ကြည့်ရန်ခေါ်သွားသည်။ ယွမ်ထျန်းကျူးသည် ချီရယ်၏စာကြည့်ခန်းထဲတွင် ဖြစ်သည်။ ကျန်းလော်သည် ထိုအုပ်စုနောက်မှလိုက်သွားပြီး ယွမ်ထျန်းကျူးကြည့်ရန်လိုက်သွားသည်။ လိုက်မသွားခင် ကျန်းလော်သည် စိတ်မဝင်စားဟန်ဖမ်းလိုက်ကာ ချီရယ်နောက်မှ ဘေးကင်းစွာလိုက်သွားသည်။
ကျန်းလော်သည် အကြံတစ်ခုရလိုက်သည်။ သူသည် ချီမိသားစုကို အလွန်စိတ်ဆိုးနေသည်။ သူတို့သူ့ကို မသတ်နိုင်ခင် ကျန်းလော်သည် သူတို့ စိတ်ဒုက္ခရောက်အောင် လုပ်ဦးမှာဖြစ်သည်။
ထို့ကြောင့် သူယွမ်ထျန်းကျူးကို သူတို့ဆီက ခိုးမှာဖြစ်သည်။
ယွမ်ထျန်းကျူးသည် သစ်သားသေတ္တာအသေးလေးထဲထည့်ထားပြီး အုပ်စုလိုက်သည် လုံးဝမလှုပ်မယှက်ရပ်ကြည့်နေပြီး သံသယအဝင်ခံရခြင်းမှ ရှောင်ရှားရန်ဖြစ်သည်။
ကျန်းလော်သည် ချီရယ်ဘက်သို့ တစ်ဝက်စောင်းကြည့်ပြီး လှည့်ကြည့်လိုက်သည်။ သို့သော် ချီရယ်၏လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။
ဤအိမ်ထဲတွင် ပြတင်းပေါက်လုံးဝမရှိပေ။ စာကြည့်ခန်းထဲတွင်လည်း သေချာပေါက် ပြတင်းပေါက်မရှိပေ။ ထို့အပြင် အခန်းတံခါးသည် အလုံပိတ်ထားသော အခန်းကဲ့သို့ လုံးဝထွက်ပေါက်မရှိတော့ပေ။
ဤနေရာရှိလူတိုင်းသည် လူငယ်မျိုးဆက်၏ ပါရမီရှင် လူငယ်လေးများဖြစ်ကြပြီး သူတို့သည် လူများသော်လည်း မကောင်းဆိုးဝါး၏ လှည့်စားခံရရန်လွယ်ကူသလို မြေခွေးအိုကြီးများ၏ လှည့်စားခံရရန်လည်း လွယ်ကူမကြည့်ကြပေ။
ကျန်းလော်အတွက် လုပ်ရမဲ့ တစ်ခုထဲသောအရာမှ လူအုပ်ကြီး၏အမြင်မှ ရှောင်ရှားရန်ဖြစ်သည်။ ကျန်းလော်သည် စောရသခင်တစ်ယောက်မဟုတ်သလို လုံးဝမကျွမ်းကျင်တာလည်း မဟုတ်ပေ။
ကျန်းလော်တွင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်သာရှိရင် ပိုမိုလွယ်ကူမည်ဖြစ်သည်။ တစ်ယောက်က အာရုံလွှဲထားပြီး တစ်ယောက်က ယွမ်ထျန်းကျူးကို ခိုးယူမည်ဖြစ်သော်လည်း ကံမကောင်းစွာပင် ကျန်းလော်တွင် အဖော်မရှိပေ။
သို့သော်သူ့ထံတွင် ယင်ယန်လက်ကောက်ရှိသောကြောင့် အထူးစပယ်ရှယ်အဖော်ရှိနေသေးသည် လို့တော့ပြောလို့ရသည်။
သူသည် ယွမ်ထျန်းကျူးကို ပြုံးကြည့်နေကြသော လူအုပ်နောက်တွင် ရပ်နေသည်။ ရေခဲပြာရောင် ယွမ်ထျန်းကျူးသည် သူ့ဝိဉာဉ်ကို ဆွဲငင်နေသလို ခံစားရသည်။ ကျန်းလော်သည် ယွမ်ထျန်းကျူးထံမှ မျက်နှာလွဲလိုက်ပြီး စာအုပ်စင်ကို ကြည့်လိုက်သည်။
“ဒါက ယွမ်ထျန်းကျူးလား ဒီလက်သည်းလောက် ပုတီးစေ့လေးက ဝိဉာဉ်ကို အားဖြည့်ပေးနိုင်တယ်ပေါ့လေ”
“ငါဓာတ်ပုံရိုက်ချင်တာကွာ ငါအရင်တုန်းက ယွမ်ထျန်းကျူးကို မမြင်ဖူးဘူးကွ”
“ချီရယ် ယွမ်ထျန်းကျူးကို မရောင်းချင်ဘူးလား၊ မင်းအဲ့ဒါကို လေလံတင်လိုက်လို့ကတော့ သေလောက်တဲ့ ပိုက်ဆံပမာဏကြီး ရမှာနော်”
“အရူးမှရောင်းမှာပေါ့ ယွမ်ထျန်းကျူးက ငွေနဲ့တန်ဖိုးဖြတ်လို့ မရဘူးကွ”
သူတို့အားရအောင်ကြည့်ပြီးနောက် ချီရယ်သည် ယွမ်ထျန်းကျူးကို ပြန်သိမ်းဖို့လုပ်လိုက်သည်။ သူသည် ယွမ်ထျန်းကျူးကို သေတ္တာထဲ ထည့်ပြီး ပိတ်တော့မည့်အချိန်တွင် စာအုပ်စင်ဘေးတွင် ရပ်နေသော ကျန်းလော်က ရုတ်တရက်
“ဟာ”
သေတ္တာပိတ်မည့်အချိန်တွင် ကျန်းလော်အသံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်သည်။
ကျန်းလော်၏ ကုတ်အင်္ကျီအဖျားနားသည် စာအုပ်စင်နှင့် ညှိနေသည်။ ကျန်းလော်သည် အောက်ငုံ့ကြည့်လိုက်ပြီး ချိတ်မိနေသော အစကို ဆွဲလိုက်သည်။ ညှိနေသော ပုံစံသည် အလွန်အဆင်မပြေဖြစ်နိုင်ကာ ကြိုးစားသော်လည်း ဖြည်မရပေ။
ကျန်းလော်သည် ခေါင်းမော့၍ လေပူများမှုတ်ထုတ်လိုက်ကာ ခေါင်းပြန်ငုံ့ပြီး ကုတ်အင်္ကျီကြယ်သီးတစ်လုံးချင်း ဖြုတ်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သန့်စင်သော အဖြူရောင်ရှပ်အင်္ကျီပြီး ရှည်လျားသွယ်လျသော လက်ချောင်းဖြူဖြူများသည် ဆွဲဆောင်မှုရှိစွာ ကုတ်အင်္ကျီကို သတိနှင့်ကိုင်တွယ်နေသည်။ ဆံပင်ရှည်အနက်ရောင်များသည် ပိုးသားကဲ့သို့ ပျော့ပျောင်းနူးညံ့နေကာ သူ့ရင်ဘက်ပေါ်သို့ ဖြာကျနေသည်။
ကျန်းလော်၏ လှုပ်ရှားမှုတစ်ခုစီတိုင်းသည် ချီရယ်အတွက် သူ့ရင်ဘက်ထဲက ရေကန်ကို ကျောက်ခဲနှင့်လာပစ်နေသလိုပင် လှိုင်းထနေသလို ခံစားရသည်။ အင်္ကျီချွတ်လိုက်တာလေးပေမဲ့ မြင်ရသူတိုင်းအတွက် ရှက်သွေးဖြာသွားနိုင်လောက်အောင် ဆက်စီကျနေသည်။
ကျန်းလော်လူတိုင်း၏ အာရုံကို အရဆွဲဆောင်ထားနေချိန်တွင် ရွှေရောင်ကြွက်သည် လေအလျင်နှင့် ယွမ်ထျန်းကျူးကို ဘယ်သူမှ သတိမထားမိခင် သွားခိုးလိုက်သည်။ ချီရယ်သည် ကျန်းလော်ကို ငေးနေရင်း သေတ္တာလေးကို အာရုံမရစွာပိတ်လိုက်သည်။ သူသည် အရေးကြီးသော အရေးမကြီးသော ကိစ္စအကုန်မေ့သွားပြီဖြစ်ပြီး ကျန်းလော်ကိုသာ ငေးနေတော့သည်။
ကျန်းလော်သည် သူ့ကုတ်အင်္ကျီကိုခါလိုက်ပြီး တံတောင်ဆစ်မှာချိတ်လိုက်သည်။ ရွှေရောင်ကြွက်သည် တွားသွားလာပြီး ကုတ်အင်္ကျီကို အကာအကွယ်ယူ၍ ကျန်းလော်လက်ထဲသို့ ယွမ်ထျန်းကျူးထည့်ပေးလိုက်ကာ ယင်ယန်လက်ကောက်ထဲသို့ ပြန်ဝင်သွားသည်။ ယွမ်ထျန်းကျူးသည် ကျန်းလော်လက်ထဲသို့ အောင်အောင်မြင်မြင်ရောက်သွားပြီ ဖြစ်သည်။
ကျန်းလော်သည် ယွမ်ထျန်းကျူးကို တင်းတင်းဆုပ်ထားပြီး ကုတ်အင်္ကျီအိတ်ကပ်ထဲ မသိမသာထည့်လိုက်ကာ မျက်ခုံးပင့်၍ လူအုပ်ကြီးကို အထူးအဆန်းလို ကြည့်လိုက်သည်။
“ငါ့ကိုဘာလို့ကြည့်နေတာလဲ”
သူ့အမေးတွင် အခန်းထဲမှ လူတိုင်းသည် အိပ်မက်မှနိုးလာသလို ဖြစ်သွားသည်။ သူတို့သည် ရှက်ရွံနေကြပြီး သူ့ကို မကြည့်ရဲကြပေ။ ထို့ကြောင့် စာကြည့်ခန်းထဲမှ အမြန်ထွက်ရန်လုပ်လိုက်သည်။ သို့သော် ကျန်းလော်ကို ခနခန ခိုးမကြည့်ဘဲ မနေနိုင်ကြပေ။
‘အဟမ်း ကျန်းလော် ဒီလောက်ကြည့်ကောင်းမှန်း မသိလိုက်ဘူး’
ကျန်းလော်သည် လူအုပ်ကြီးနောက်မှ ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာသည်။
ချီရယ်သည် သစ်သားသေတ္တာလေးကို မီးခံသေတ္တာထဲထည့်ကာ သေချာသော့ခတ်လိုက်သည်။ သူအပြင်ထွက်လာပြီး ကျန်းလော်ကို မြင်သောအခါ ရှက်သွေးဖြာသွားပြန်သည်။
ကျန်းလော်သည် ဝမ်ယမ်လန်နှင့် ဘာတွေပြောပြီး ရယ်နေကြမှန်းမသိပေ။ ကျန်းလော်သည် သူ့နောက်သို့လှည့်ကြည့်လိုက်ရာ နီရဲနေသော မျက်နှာနှင့် ချီရယ်ကို မြင်သောကြောင့်
“ချီရယ် မင်းပူနေလို့လား”
ထို့နောက်သူသည် အရှေ့ပြန်လှည့်ပြီး အောက်ဆင်းတော့မလို့ရှိသေးသည် ချီရယ်သည် သူ့လက်ကိုဆွဲပြီး ကျန်းလော်ကို အောက်သို့ခေါ်သွားသည်။
“မင်းဒီမှာပူတယ်ဆိုတာ သိရင်လည်း ဘာလို့ ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး ရပ်နေရတာလဲ ဒီတိုင်းအောက်ဆင်းနေပါတော့လား”
ကျန်းလော်သည် ကြောင်အသွားပြီး ဝမ်ယမ်လန်ကို လှည့်ကြည့်ပြီး မျက်လုံနှင့် မေးလိုက်သည်။
“သူဖျားနေတာလား”
ဝမ်ယမ်လန်သည် ဘာမှမပြောဘဲ ကောကျူသည်လည်း သူတို့ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
ချီရယ်သည် ကျန်းလော်ကို ထမင်းစားစားပွဲနားထိခေါ်သွားသည်။ စားပွဲသည် သေချာအလှဆင်ထားပြီး သပ်ရပ်နေကာ ထောပတ်နံ့သင်းသော စားစရာမျိုးစုံကို ချထားသည်။
“ငါ.........................”
ချီရယ်သည် ကျန်းလော်၏ မေးခွန်းထုတ်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။ သူသည် ပတ်ဝန်းကျင်းကို စိတ်ပျက်စွာကြည့်လိုက်သည်။ ထို့နောက် လင်ဗန်းတစ်ချပ်ယူကာ ကိတ်မုန့်တစ်ချို့ထည့်လိုက်ပြီးး ကျန်းလော်ကို ကမ်းပေးရင်း အသံလေးလေးကြီး ပြောလိုက်သည်။
“စားမှာလား မစားဘူးလား”
ကျန်းလော်သည် ကိတ်မုန့်ကို ကြည့်လိုက်ပြီး
“မစားချင်ဘူး”
ချီရယ် စိတ်တိုသွားမည်ဟု ထင်ထားသော်လည်း ထူးဆန်းစွာပင် ချီရယ်သည် ကိတ်ဗန်းကို စားပွဲပေါ်ချလိုက်ပြီး တိုးတိုးလေး အသံပိစိလေးနှင့်ပြောသည်။
“အဲ့ အဲ့ဒါဆို မင်းဘာစားချင်လဲ”
ကျန်းလော် “.....................”
သူသည် ချီရယ်ကို ထူးဆန်းသလိုကြည့်လိုက်သည်။
ထိုနေရာနှင့် သိပ်မဝေးသော ထောင့်တစ်ထောင့်တွင် ဖြစ်သည်။
အရိပ်ထဲတွင် လူနှစ်ယောက် မတ်တပ်ရပ်နေသည်။
တစ်ယောက်မှာ ချီမိသားစု၏ ဧည့်သည်အဖြစ် ဖိတ်ကြားခြင်းခံရသော လျောင်စီဖြစ်ပြီး နောက်တစ်ယောက်မှာ ဖိတ်စာမရှိ၍ ကျောင်းမှာပဲနေခဲ့ရသော ထန်ပိဖြစ်သည်။
လျောင်စီသည် ကျန်းလော်နှင့် ချီရယ်တို့၏ ကျီစယ်မှုကို စိတ်ဝင်တစားနှင့် မီးပွင့်မတတ်စိုက်ကြည့်နေသည်၊ ထို့နောက် ထန်ပိ၏လက်မောင်းကို ပုတ်ကာ
“ငါဒီမြင်ကွင်းကို ထပ်မြင်ရမယ်လို့ မထင်ခဲ့ဘူး”
ထန်ပိသည် သူ့သခင်၏ ‘ကျန်းလော်ကို သေချာစောင့်ကြည့်ထား’ ဟူသော အမိန့်ကို အပြည့်အဝလိုက်နာကာ အကြည့်မလွှဲဘဲ ပြန်မေးလိုက်သည်။
“ဘာမြင်ကွင်းလဲ”
“သခင့်ခေါင်းပေါ်မြက်ခင်းစိမ်းကြီးပေါက်လာတဲ့မြင်ကွင်းလေ”
လျောင်စီသည် ပူလောင်စွာပြုံးလိုက်ပြီး နေမကောင်းသလို ဖြူဖျော့နေသော မျက်နှာသည် အသက်ဝင်လာကာ
“ငါ သခင့်ကိုခေါ်ပြီး ဒီမြင်ကွင်းကို ကြည့်ခိုင်းချင်လိုက်တာ”
ထန်ပိသည် လျောင်စီ့စကားကို ကြားသည်နှင့် တိတ်ဆိတ်မနေနိုင်တော့သော်လည်း သူသည် လျောင်စီနှင့် မရင်းနှီးသေးသောကြောင့် တောင့်တောင့်ကြီးပြောလိုက်သည်။
“သခင်က မင်းအတွေးတွေ ဖတ်နိုင်တယ်ဆိုတာ မေ့နေပြီလား”
သူပြောပြီးပြီးချင်းမှာပင် တိုးတိတ်သော အသံတစ်ခုကို လျောင်စီသည် သူ့ခေါင်းထဲမှကြားလိုက်ရသည်။
“လျောင်စီ”
လျောင်စီ၏ မျက်နှာပေါ်မှ အပြုံးသည် လွင့်ပျယ်သွားပြီး အလွန်ရိုသေသောအသံဖြင့်
“သခင်”
သခင့်ဘေးမှ စာအုပ်ဖွင့်သံကြားရပြီး ချီယုံကပြောလိုက်သည်။
“ငါ့ခေါင်းပေါ် မြက်ခင်းစိမ်းကြီးပေါက်နေတယ် ဆိုတာ ဘာကိုပြောချင်တာလဲ”
လျောင်စီသည် ကြွက်သားများတောင့်တင်းသွားပြီး အရိုးများပင် တုန်လာသလိုခံစားရကာ မချင့်မရဲပြုံးလိုက်ပြီး
“သခင် ကျွန်တော်ဆိုလိုတာက ကျန်းလော်ကလေ အခု အရင်က ကျွန်တော် သခင့်အတွက် ရှာပေးတဲ့ ရုပ်သေးကလေးနဲ့ အတူရှိနေတာ”
တကယ်တမ်းတွင် ချီယုံသည် နောက်ထပ် လူသားခန္ဓာကိုယ် ထပ်သုံးတော့မည် မဟုတ်သည်ကို လျောင်စီမသိလိုက်ပေ။
လျောင်စီ့ခေါင်းထဲတွင် ကျန်းလော်သည် သခင့်ကြင်ယာမဖြစ်သင့်ဟူသော အတွေးသာ ကြီးစိုးနေသောကြောင့် တခြားအကြောင်းအရာများကို မှန်မှန်ကန်ကန် မတွေးတောနိုင်တော့ပေ။
သူကတော့ ဒီတိုင်းသွယ်ဝိုက်ပြီး ပြောလိုက်တာ ဖြစ်သော်လည်း ချီယုံ့ဘက်တွင် အကုန်ရပ်တန့်သွားရကာ
“အဲ့တော့ ဘာဖြစ်လဲ”
လျောင်စီသည် မူးမေ့လဲတော့မလိုဖြစ်နေပြီး
‘ဒါကြီးက ပုံမှန်မဟုတ်ဘူး ဒီလိုတုံ့ပြန်တာ ပုံမှန်ဟုတ်မနေဘူး ငါဘာလုပ်ရမလဲ’
‘ဖောက်ပြန်ခံရတယ်ဆိုထဲက သေလောက်အောင် စိတ်တိုနေရမှာမလား’
‘တခြားဘယ်သူမှမဟုတ်တဲ့ ချီယုံက ဒီလိုတုံ့ပြန်တာတဲ့လား’
‘သခင်.........ဒါကတော့ သိပ်မဟုတ်.........’
လျောင်စီသည် ချီယုံဘာတွေးနေမှန်း သွားမခန့်မှန်းရဲချေ။ သူသည် မဝံ့မရဲပြောလိုက်သည်။
“သခင် သခင်အရင်တစ်ခေါက်ပြောတဲ့ အလှလေးကို ကယ်တဲ့ သူရဲကောင်း နည်းလမ်းကလေ အောင်မြင်သွားလားဗျ”
“အာ း”
ချီယုံ့အသံသည် ပုံဖော်ကြည့်နိုင်လောက်အောင် ချိုသာသွားပြီး
“အောင်မြင်သွားတယ်”
မြေအောက်နက်နက်ထဲမှ အခန်းတစ်ခန်းတွင်ဖြစ်သည်။ ချီယုံသည် ဆိုဖာတစ်လုံးပေါ်တွင်ထိုင်နေပြီး တစ္ဆေနည်းလမ်းသည် သူ့လည်ပင်းတွင်ရစ်ပတ်နေကာ သူ့ကိုယ်သူအာရုံပြောင်းရန် ဆူညံပွက်လောရိုက်နေသော တစ္ဆေနည်းလမ်းကို သင်ခန်းစာပေးရန် ဇွတ်အတင်းကြိုးစားနေသော်လည်း မအောင်မြင်ပေ။ ဥပမာပြောရလျှင် သူဖတ်နေသော “သံလိုက်အိမ်မြှောင်အသေးစိတ်” စာအုပ်ထဲကကဲ့သို့ ကျန်းလော်၏ ဝိဉာဉ်ခန္ဓာကို ထောင်ဖမ်းလိုက်ချင်သည်။
သို့သော် ယခုအချိန်တွင် သူ့စိတ်သည် လှောင်အိမ်အကြောင်းးရော စာအုပ်အကြောင်းရော မသိချင်တော့ပေ။
လူသတ်သမား ဆရာဝန်များ လူနာများအပြည့်နှင့် ဆေးရုံထဲမှ လွတ်မြောက်လာသော နေ့ကို တွေးကြည့်နေသည်။
“ငါသူ့ကို သူ့နောက်လိုက်နေတဲ့ မိစ္ဆာလက်ထဲကနေ ကယ်ပေးတဲ့အပြင်ကို အဲ့ကောင်ကိုလည်း ရှင်းပေးလိုက်သေးတယ်”
ချီယုံသည် ထိုနေ့က သွေးများနှင့် နှုတ်ခမ်းနှစ်စုံထိကပ်ပြီး လျှာချင်းတိုက်ခိုက်ခဲ့သည်ကို တွေးကြည့်ပြီး ဖြူဖျော့နေသော နှုတ်ခမ်းများ ကွေးတက်လာအောင် ပြုံးလိုက်သည်။ သူအဲ့နေ့က လုပ်ခဲ့သည့်ဟာကို အလွန်ကျေနပ်နေကာ
“ဒါပေမဲ့ စိတ်မကောင်းစရာက သေခြင်းတရားက သူ့ဗီဇကို ဆွဲမထုတ်နိုင်တာပဲ”
‘ကြားရတာ သူရဲကောင်းဇာတ်လမ်းအောင်မြင်သွားပုံရတယ်’
လျောင်စီသည် စပ်စုစွာမေးလိုက်သည်။
“ဒီတော့လေ သခင် ကျန်းလော်ကို သခင်ကယ်လိုက်တုန်းက ကျန်းလော်က ဘယ်လိုတုံ့ပြန်လဲ”
ချီယုံသည် ထိုနေ့က ကျန်းလော်၏လှေကားပေါ်တွင် ရပ်နေသော အရပ်ရှည်ရှည်ပုံရိပ်ကို မြင်ယောင်လိုက်သည်။ အေးစက်စွာပြုံးနေသည်။ ကျန်းလော်သည် စိုစွတ်နေသော ကြက်သွေးရောင်နှုတ်ခမ်းများကို ပွတ်သုတ်ပြီး အေးစက်စွာ ပြုံးနေခဲ့သည်။
ချီယုံသည် အကြောင်းတချို့ကြောင့် လည်ချောင်းများ ခြောက်လာသလို ခံစားလိုက်ရသည်။
ချီယုံသည် အသံရှည်ကြီးဆွဲပြီး ဂရုမစိုက်သလိုပြောလိုက်သည်။
“သူ သူငါ့လက်မောင်းကို ကျိုးအောင်လုပ်လိုက်တယ်”
လျောင်စီ “?????”
################################################