အပိုင်း (၇၆)
ချီ ၊ မင်း
ဒီအခန်းလောက် ကြောင်တောင်တောင် ဖြစ်သွားစေနိုင်တာ ဒီအခန်းပဲ ရှိသည်။ ရန်သူနှစ်ယောက်သည် ရန်ပွဲပြီးဆုံးလိုက်ရန် အဆင်သင့်ဖြစ်နေပြီး ဧည့်ခန်းအလယ်တွင် မတ်တပ်ရပ်နေကြသည်။
တီဗီပေါ်တွင် နမ်းနေသည့်အသံနှင့် ကျီစယ်နေသည့်အသံသည် ပိုပိုပြီး ပြင်းထန်လာသည်။ ကျန်းလော်သည် နေရာတွင် တောင့်တောင့်ကြီး ရပ်နေပြီး လူသတ်ချင်လာသည့် အရှိန်အဝါသည် အခန်းကို လွှမ်းမိုးသွားသည်။ ကျန်းလော်သည် ခပ်တည်တည်ပင် ဘာမှမဖြစ်သလို နေနေသည်။
သို့သော် တဖြည်းဖြည်း လွန်လွန်မင်းမင်းအသံများကြားလာရသောအခါ ကျန်းလော်သည် ခပ်တည်တည်မနေနိုင်တော့ပေ။
သူသည် တီဗီကို ဆက်မကြည့်တော့ဘဲ ချီယုံကို ရန်လိုစွာကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် မထင်မှတ်ထားစွာပင် တီဗီကို အာရုံစိုက်ပြီး စိတ်ဝင်တစားကြည့်နေသည်။
မင်းသားနှင့်မင်းသမီးတို့၏ အိပ်ရာပေါ်မှအခန်းသည် ပြောမပြနိုင်လောက်အောင် ရှုပ်ထွေးစွာ ရိုက်ကူးထားသည်။
လက်များသည် လိမ်ယှက်နေပြီး လည်ပင်းများသည်လည်း အချင်းချင်းထိနေကြကာ မင်းသား၏လက်သည် အောက်လျောသွားပြီး မင်းသမီး၏ ခါးနားကို ပွတ်သပ်နေသည်။ ချီယုံသည် မျက်လုံးပြူး၍ နားရွက်ကို ထောင်ထားသည့် ယုန်ကဲ့သို့ သေချာနားစွင့်ကြည့်ရှုနေသည်။
သူ့အခန်းဖြစ်သော်လည်း အသက်ရှင်စဉ်က တီဗီဖွင့်မကြည့်ဖြစ်ချေ။ ဖွင့်လျှင်တောင် ဒီလိုအစီအစဉ်မျိုးရှိမှန်း သူမသိခဲ့ပေ။
“ဟေး”
ဆံပင်အနက်နှင့်ကောင်လေးသည် အေးစက်စွာလှမ်းခေါ်လိုက်သည်။ ထိုအသံနှင့်အတူ ရွှေရောင် မြွေကြီးသည် ချီယုံဆီသို့ ကျည်ဆံတစ်တောင့်ကဲ့သို့ အရှိန်နှင့် ပြေးဝင်တိုက်ခိုက်လာသည်။
“ငါဒီမှာရှိနေသေးတာကို ဘယ်တွေကြည့်နေတာတုန်း”
ချီယုံသည် မြွေကို ရှောင်လိုက်ပြီး မျက်လုံးကို တီဗီမှာအသေကပ်ထားသည်။ ကျန်းလော် သူ့ကိုနှိပ်စက်နေသည့်တစ်ညလုံး သူ့နှလုံးသားထဲတွင် တစ်ခါမှမခံစားဖူးသော ပူလောင်မှုတစ်မျိုး ခံစားခဲ့ရသည်။ ထိုခံစားချက်သည် ဒေါသလည်းမဟုတ် သွေးဆာလာတာမျိုးလည်းမဟုတ်ဘဲ အလွန်ထူးဆန်းပြီး ရှင်းမပြနိုင်သော ခံစားချက်မျိုးဖြစ်သည်။
ချီယုံသည် ထိုခံစားချက်ဘာဆိုတာမသိပေ။ သို့သော် ထိုခံစားချက်ကို ဖွင့်ထုတ်ပစ်ဖို့လည်း နည်းလမ်းရှာမရခဲ့ပေ။ ထိုမီးသည် တဖြည်းဖြည်းပိုပိုပူလာပြီး သူ့တစ်ကိုယ်လုံးကို ကျိန်းစပ်လာစေသည်။
ကျန်းလော်မှ သူ့ကို ရေကန်ထဲချဖို့ မလိုက်တုန်းက ချီယုံသည် ကျန်းလော်ကိုဖိထားချင်ခဲ့သည်။ သို့သော်ကြိုးတုပ်ခံထားရသောကြောင့် စိတ်တိုသွားခဲ့ရသည်။
‘ဘာလို့လဲ’
‘’မကောင်းဆိုးဝါးက ဘယ်လိုလုပ်ပြီး ဒီဟာကို သိနိုင်ရတာလဲ’
သို့သော် ချီယုံသည် အမြဲလိုလိုပင် ခံစားချက်များကို ကောင်းကောင်းဖုံးထားနိုင်ပြီး မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲထားတတ်သည်။ သို့သော် သူ့နှလုံးသားထဲတွင် စိတ်ဓာတ်ကျမှုများနှင့် တစ်ခါတစ်ရံ လက်လျော့လိုက်ချင်စိတ်များ တဖြည်းဖြည်း ကြီးထွားလာနေသည်။
တီဗီမှာပြနေသော ပုံရိပ်သည် လောလောဆယ် ချီယုံ့အာရုံကို အပြည့်အဝယူသွားတော့သည်။ သူ့အာရုံအတော်များများသည် တီဗီပေါ်တွင်ရှိနေပြီး ရွှေရောင်မြွေကြီး သူ့ကိုလာတိုက်ခိုက်သည်ကို မရှောင်နိုင်ခဲ့ဘဲ နောက်ဘက်မှ အတိုက်ခံလိုက်ရသည်။ သူ့နောက်ကျောတွင် ဒဏ်ရာရသွားကာ ထိုဒဏ်ရာမှတမြေ့မြေ့လောင်ကျွမ်းနေသလို နာကျင်လာသည်။
ကျောက်တုံးနှင့် လုပ်ထားသော ခန္ဓာကိုယ်ဖြစ်လင့်ကစား ဤကဲ့သို့ ရက်စက်သော တိုက်ခိုက်မှုကြောင့် နောက်ကျောမှ သွေးများတစ်စက်စက်ကျလာပြီး တိုက်ခိုက်ခံရသော ဒဏ်ရာမှာ ချိုင့်သွားတော့သည်။
ချီယုံ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ အောက်ငုံ့ကြည့်လိုက်ရာ သူရပ်နေရာကြမ်းပြင်တွင် သွေးအိုင်ကြီးကို တွေ့လိုက်ရသည်။ ချီယုံသည် ပါးစပ်မှသွေးများကို သုတ်လိုက်သည်။
ကျန်းလော်က ပြောသည်။
“မင်းရဲ့ကျောက်တုံးခန္ဓာကိုယ်က လူသားလိုပဲ ပျော့လိုက်တာ ဒါပေမဲ့ ကျောက်တုံးခန္ဓာရဲ့ အကျိူးကျေးဇူးကတော့ တိုက်ခိုက်ခံရလို့ ပြောင်းမသွားဘူးပဲ၊ ဟမ်း တကယ်တော့ မင်းပြောတာလဲမှန်ပါတယ် ဒီခန္ဓာက တကယ်မာတယ်”
သူသည်ပြောနေရင်း လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်မြွေကြီးသည် သူ့ဆီသွားလိုက်ပြီး လက်ကိုရစ်ခွေကာ ကျန်းလော်ပုခုံးပေါ်ခေါင်းတင်ပြီး ငြိမ်နေသည်။
ကျန်းလော်ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းဖြာကျနေကာ မသိလျှင် ဆံပင်အနက်နှင့် လူငယ်လေးကို နတ်ဘုရားတစ်ပါးလို့ပင် ထင်သွားလောက်သည်။
“ယင်ယန်လက်ကောက်ကတော့ တကယ့်ကို ကောင်းကင်က မင်းအတွက်ပေးတဲ့ လက်ဆောင်ပဲ”
“ငါအချိန်ကောင်းလေးရတော့မလို့ကို မင်းက ငါမတွေးထားတဲ့ ကိစ္စတွေနဲ့ အမြဲတမ်းဖျက်လိုဖျက်ဆီးလုပ်တယ်၊ မင်းကို နောက်ထပ်သေဖို့နည်းလမ်းလေးတွေနဲ့ ငါကလဲ့စားချေတာကို ငြိမ်ငြိမ်လေးနေရင် ဘာဖြစ်သွားမှာမို့လို့လဲ ဟမ်း ကဲ ငါတို့ကျန်တဲ့ ရန်ငြိုးအကြောင်း အရင်ဆွေးနွေးကြည့်ကြမလား”
ကျန်းလော်သည် တိုးတိုးလေးပြောလိုက်သည်။
“ချီယုံ မင်းဘာလို့ အမြဲတမ်း ဒီလို စိတ်ပျက်စရာကောင်းနေရတာလဲ”
တီဗီထဲတွင် ဇာတ်ဆောင်မင်းသား၏လက်သည် ရှပ်အင်္ကျီအောက်သို့ အသာလေးတိုးဝင်သွားသည်။
ချီယုံသည်တီဗီပေါ်မှ အကြည့်လွှဲလိုက်ပြီး လက်ခုံဖြင့် မျက်နှာမှသွေးများကို ပွတ်သုတ်ပစ်လိုက်သည်။
“မင်းဒီညတကယ်ကောင်းကောင်းလုပ်ခဲ့ပါတယ်”
ဆရာတစ်ယောက်ကဲ့သို့ ထရပ်လိုက်ပြီး
“မင်းကိုယ့်ကိုတကယ်ကြီး အခက်တွေ့အောင် လုပ်လိုက်နိုင်တယ်”
“နှလုံးသားမှာ အားနည်းချက်မရှိဘူး ပြတ်သားတယ်”
ချီယုံကပြုံးလိုက်သည်။
“ဒီအတွေ့အကြုံတွေက ကိုယ့်ဝိဉာဉ်ကိုတကယ်ပဲ သေလောက်အောင်နာကျင်စေပါတယ် အဲ ဒါပေမဲ့ ရုပ်ထုခန္ဓာမှာ အချိုင့်ချန်ထားနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူးကွာ”
“အိုး စကားမစပ်”
သူသည် ယဉ်ကျေးစွာဖြည့်ပြောလိုက်သည်။
“မင်းကိုယ့်ကိုတိုက်လိုက်တဲ့ ဖူလုရေကလေ တကယ့်ရေစင်တော်လို အလုပ်လုပ်တယ်ကွ”
ချီယုံသည် တစ္ဆေတန်ပြန်ခြင်းခံရပြီး ပြန်လည်အားပြည့်သက်သာလာသည်ဆိုသော်လည်း ထိုဖူလုနှင့် ကျန်းလော်အသုံးပြုခဲ့သော နည်းလမ်းများကြောင့် အတွင်းဒဏ်ရာတချို့ခံစားနေရဆဲ ဖြစ်သည်။
“ဒါပေမဲ့ သနားစရာကောင်းတာလေး တစ်ချက်ရှိတယ်”
ချီယုံသည် နောင်တအပြည့်နှင့်ပြောလိုက်သည်။
“မင်းသာ ဒီနည်းလမ်းကို လူသားတွေဆီသုံးမယ်ဆိုရင် အဲ့လူတွေကတော့ မင်းကိုမုန်းလွန်းလို့် ရူးတောင်သွားလိမ့်မယ်ကွ တစ္ဆေသရဲတွေဆီ သုံးမယ်ဆိုလဲ သူတို့က အရိုးထဲကနေကို မင်းကိုကြောက်ကြလိမ့်မယ်”
သူသည် ကျန်းလော်ဆီသို့ တစ်လှမ်းချင်းတိုးလာပြီးပြောသည်။
ချီယုံသည် လက်ဗလာဖြင့် မြွေခေါင်းကို ဆွဲညစ်လိုက်သည်။ ထိုအချိန်တွင် မြွေသည် ယင်းဟူအဖြစ်သို့ပြောင်းသွားပြီး ချီယုံ့ခြေထောက်ကို ကိုက်လိုက်သည်။
ယင်းဟူသည် ယွမ်ထျန်းကျုးကို မဖျက်ဆီးနိုင်သော်လည်း ကျောက်တုံးရုပ်ထုကိုတော့ အစွယ်များမြုပ်နေအောင် ကိုက်နိုင်သည်။ ချီယုံ့ပေါင်မှ သွေးများစီးကျလာသည်။ ချီယုံသည် ယင်းဟူကိုလစ်လျူရှုလိုက်ပြီး ကျန်းလော်ဆီသို့ ခိုင်မာသော ခြေလှမ်းမျာဖြင့် ဆက်လျှောက်လာသည်။ အသက်မရှူနိုင်လာက်အာင်ပင် အန္တာရာယ်များပြီး မွန်းကြပ်စေသော ဖိအားသည် ချီယုံခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပိုမိုပြင်းထန်လာသည်။
ချီယုံသည် လုံးဝမနာကျင်သလို ဆက်တိုက်လျှောက်နေသည်။
“ဒီလိုနည်းလမ်းတွေသုံးပြီး ကိုယ့်ကို မတိုက်ခိုက်သင့်ဘူး တပည့်လေး”
ချီယုံကပြောသည်။?
“ကိုယ်က ဒီထက်ဆိုးတဲ့ နာကျင်မှုတွေတောင် ကြုံလာပြီးပြီကွ မင်းပေးတဲ့ နာကျင်မှုလောက်ကတော့ ကိုယ့်အတွက် ဘာမှမဟုတ်ဘူး”
ချီယုံသည် အေးဆေးစွာပြောသည်။
“ကျန်းလော် ကိုယ့်ကိုကိုင်တွယ်ဖို့ မင်းသုံးတဲ့နည်းက မှာနေတယ်”
သူသည် ကျန်းလော်ထံသို့ တစ်လှမ်းချင်းတိုးလာနေပြီး သူ့ခြေထောက်မှ သွေးများသည် ကြမ်းပြင်ပေါ်သို့ တစ်စက်ချင်းကျနေကာ အခန်းထဲတွင် သွေးနံ့များဖုံးလွှမ်းသွားသည်။
ထိုသို့ဆိုလျှင်တောင် ချီယုံသည် မျက်နှာတစ်ချက်ပျက်မသွားပေ။
သူပြောခဲ့သလိုပင် ဤနာကျင်မှုလောက်ကတော့ သူ့ကို ရပ်တန့်မသွားစေနိုင်ပေ။
လူဖြစ်စေ မကောင်းဆိုးဝါးဖြစ်စေ နာကျင်မှုနှင့် သေခြင်းတရားကို မကြောက်တော့လျှင် သူတို့ကို အပြစ်ပေးနိုင်သည့် အရာမရှိနိုင်တော့ပေ။
ကျန်းလော်သည် ယင်းဟူကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး လက်ကောက်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးကို အကြံတောင်းလိုက်သည်။
“အဲ့တာဆို ဘယ်လိုလုပ်ရမလဲ မင်းကိုဘယ်နည်းလမ်းသုံးရမလဲ”
“ကိုယ်မင်းကို ဆယ့်ရှစ်ကြိမ်သတ်ခဲ့တယ်”
မကောင်းဆိုးဝါးသည် ခပ်ဟဟရယ်လိုက်ကာ
“မင်းကကိုယ့်ကို အဲ့ဒီအတွက်နဲ့ အံ့ဩလောက်တဲ့ အတွေ့အကြုံတွေ တစ်ခုပြီးတစ်ခုပေးတယ်၊ မင်းဒီလောက်တောင် ဆိုးနေတာ ကိုယ့်ကိုလက်စားချေတာ မလုံလောက်သေးဘူးလား ဒီလိုနည်းလမ်းသုံးပြီး ကိုယ့်ကိုနာကျင်အောင်လုပ်မှ ရမှာလား”
“ဥပမာပေးရရင်”
သူသည် ခေါင်းကိုငုံ့လိုက်ပြီး ကောင်လေး၏မျက်လုံးထဲကို ကြည့်ကာ
“မင်းကိုယ့်ကို အခုတောင် ................... ဖြစ်စေနေပြီ”
သူသည် ခနမျှတွေးပြီး စကားလုံးတစ်လုံး ချန်ပြောလိုက်သည်။
အမျက်ဒေါသလားဆိုတော့ ဒေါသမဟုတ် ဒေါသမဟုတ်တော့ရော ဘာလဲဆိုတာ ချီယုံမပြောပြတတ်ပေ။ ထိုအရာသည် ရှူထုတ်လိုက်သော လေနှင့် အခန်းထဲမှလေကဲ့သို့ပင် ချီယုံ့ကို စိတ်မပျော်ဖြစ်ကာ ရန်လိုလာစေသည်။
ကျန်းလော်ကိုအသက်ရှင်နေတာပဲမြင်ချင်နေသလို ချက်ချင်း ကျန်းလော်ကို သေသွားစေချင်သည်။ ကျန်းလော်ကိုသေခြင်းတရားနှင့် နီးနီးကပ်ကပ် ရုန်းကန်နေတာကို မြင်ချင်သည်။ သို့သော် ထိုသို့နီးကပ်နေရုံနှင့် မလုံလောက်သလိုလဲ ဖြစ်နေသည်။
ကျန်းလော်သည် သူ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
ချီယုံသည် တီဗီကို ကြည့်လိုက်ပြန်သည်။ မင်းသားနှင့် မင်းသမီးသည် ပြင်းပြင်းပြပြနမ်းနေကြပြန်သည်။ ချီယုံသည် အတွေးများကာ ကျန်းလော်ကို ကြည့်လိုက်ပြန်သည်။ သူ့လည်စိသည် အပေါ်အောက်လှိမ့်နေသလိုပင်။
သူသည် စိတ်ဆိုးလာသလို မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တိုးသွားရာ ကျန်းလော်သည် အမူအယာမဲ့စွာ နောက်ဆုတ်သွားသည်။ ထိုအချိန်တွင် ကျန်းလော်ဒူးသည် နောက်မှဆိုဖာကို တိုက်မိကာ ခြေလွတ်လက်လွတ် နောက်ပြန်ကျသွားသည်။
မကောင်းဆိုးဝါးသည် ရယ်လိုက်ပြီး ကျန်းလော်ဒူးကို ဆုတ်ကိုင်လိုက်က ဆိုဖာပေါ်သို့ ကျက်သရေအပေါင်းခညောင်းနေသော ဘုရင်ကြီးကဲ့သို့ ကျော့ကျော့မော့မော့ဝင်ထိုင်လိုက်သည်။ ထို့နောက် သူ့ဘေးမှ လူသားလေးကို လက်မောင်းထဲသို့ ဆွဲသွင်းလိုက်သည်။ ကျန်းလော်သည် ချီယုံ့ဘေးနှစ်ဖက်တွင် ခြေထောက်ချထားသလို ကားယားကြီး ချီယုံ့ပေါ်ရောက်သွားသည်။
မကောင်းဆိုးဝါးသည် ကောင်လေးကို လက်မောင်းထဲတွင် တင်းကျပ်စွာဆွဲသွင်းထားပြီး ထိုကောင်လေး၏ ချွေးစက်များသည် တိုက်ခိုက်တုန်းက ထွက်လာတာလား အခုမှထွက်လာတာလား မသဲကွဲစွာ ရောနှောသွားသည်။ ကောင်လေး၏နှာတံစင်းစင်းမှ အသက်ရှူငွေ့ပူပူများထွက်နေပြီး အခန်းအပူချိန်ကြောင့် အငွေ့ပါးပါးလေး လွင့်ပျံနေစေသည်။
ချီယုံသည် ဘာလုပ်ရမှန်းမသိတော့ပေ။ သို့သော် ကျန်းလော်နှင့်မှ ဖြစ်လာသည့်ခံစားချက်များဆိုတာ နားလည်နေပြီး အဖြေကို ကျန်းလော်ထံမှသာ ရှာနိုင်ကြောင်း သိထားသည်။
သူသည်ပြုံးလိုက်ပြီး ခေါင်းငုံ့လိုက်ကာ ကျန်းလော်နောက်ကျောကို လက်နှင့်ကိုင်လိုက်သည်။ ကျန်းလော်နောက်ကျောကို လက်နှင့်ထိလိုက်ချိန်တွင် ပြောမပြနိုင်သော ခံစားမှုနှင့်အတူ တစ်ခုခုသည် သူ့ကိုယ်ထဲမှ တိုးထွက်လာမတော့မလို ခံစားလိုက်ရသည်။ ပြတ်ထွက်မတတ်တင်းနေသော ကြိုးကဲ့သို့ပင် ချီယုံသည် စိတ်ရှုပ်သွားသည်။
ချီယုံ့အသက်ရှူသံသည် လေးလံလာပြီး နှလုံးသားမရှိသော ရင်ဘက်သည် အနည်းငယ်ခုန်လာသလို ခံစားရသည်။ကော်ဖီစားပွဲပေါ်တင်ထားသော ကျောက်တုံးနှလုံးသားသည် စတင်ပြီးခုန်လာတော့သည်။
“ဒုတ် ဒုတ် ဒုတ်”
အခန်းတစ်ခုလုံးသည် ဗုံသံကဲ့သို့ နှလုံးခုန်သံသာ ကြားရတော့သည်။ မကောင်းဆိုးဝါး၏ အပြုံးသည် ကျယ်သည်ထက်ကျယ်လာပြီး ပါးစပ်နားရွက်တက်ချိတ်တော့မတတ်ပင်။ ထို့နောက်သူသည် ချောက်ခြားဖွယ်ကောင်းစွာ ပြောလိုက်သည်။
“စိတ်ဝင်စားစရာကောင်းသား”
သူဖြစ်နေသော ပြောမပြနိုင်လောက်အောင် ခံစားနေရသော ဘာမှန်းမသိသော ခံစားချက်ကို အဖြေထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
“ရှူး”
သူသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ကိုယ်နဲ့ ခနလောက်တီဗီအတူတူကြည့်ရအောင် နော်”
သူသည် ကျန်းလော်ကို ချီထားပြီး တီဗီထိုင်ကြည့်နေသည်။ သို့သော် သူ့လက်သည် ကျန်းလော်နောက်ကျောသို့ ရောက်သွားပြန်ပြီး သူ့လက်ဖဝါးမှ မမြင်နိုင်သော ဆန္ဒတစ်ခုထိုးထွက်လာသလို ဖြစ်သွားရသည်။
ကျန်းလော်သည် နဖူးတွန့်သွားပြီး
“ချီယုံ မင်း ဘာလုပ်နေတာလဲ”
လူသတ်ချင်နေသော အသံသည် စူးရှစွာထွက်လာပြီး ကျန်းလော်သည် ယခု အဆိုးဆုံးအခြေအနေသို့ရောက်နေကာ ဘာမှနားမလည်လေ စိတ်တိုလာလေဖြစ်နေသည်။
ယင်းဟူကို ထပ်ပြီး လွတ်လိုက်တော့မည့်အချိန်တွင် ချီယုံသည် မထင်မှတ်ထားစွာ သူ့လည်ပင်းပေါ်သို့ မျက်နှာအပ်လိုက်လေသည်။ မကောင်းဆိုးဝါး၏လက်သည် ကျန်းလော်၏မေးရိုးကို အုပ်ကိုင်ထားကာ ခေါင်းစောင်းသွားအောင် ဇွတ်တွန်းလိုက်သည်။
ငန်းလည်ပင်းကဲ့သို့ သွယ်လျသော လည်ပင်းသည် ပေါ်ထွက်လာပြီး ဖြူအုတောက်ပနေကာ သန့်ရှင်းနေသည်။ လည်ပင်းတွင် ရေစက်တချို့တွဲလွဲခိုနေပြီး အောက်သို့ တစ်စက်ချင်း လျောဆင်းသွားသည်။
မကောင်းဆိုးဝါးသည် ထိုအချင်းအရာကို မွတ်သိပ်စွာကြည့်နေပြီး ရုတ်တရက် နှုတ်ခမ်းဟလိုက်ကာ ထိုရေစက်ကို လျက်လိုက်သည်။
ကျန်းလော်သည် လက်ကောခြေထောက်ကော သုံးပြီး အတင်းရုန်းတော့သည်။ ထို့နောက် အော်ဟစ်ပြီး
“မင်း ဒီသောက်..........”
ထိုအချိန်တွင် မကောင်းဆိုးဝါးသည် အေးစက်ပြီး အညှာအတာကင်းမဲ့စွာ သူ့ပါးစပ်ကိုပိတ်ပစ်လိုက်သည်။ ကျန်းလော်သည် မမျှော်လင့်ထားသော အခြေအနေကြောင့် ကြောက်ရွံလာသလို ခံစားရကာ မကောင်းဆိုးဝါးသည် သူလုပ်ချင်တာ ဆက်လုပ်နေသည်။
ကျန်းလော်သည် သူ့ရှပ်အင်္ကျီကို အပေါ်သို့ဆွဲကာ လက်နှင့် ချုပ်ဖို့လုပ်သော်လည်း မအောင်မြင်ပေ။ မကောင်းဆိုးဝါးသည် အလွန်သန်မာပြီး ကျန်းလော်ကို ရုန်းကန်ခွင့်မပြုပေ။
ကျန်းလော်မျက်လုံးများမီးတောက်လာပြီး မကောင်းဆိုးဝါး၏ ကော်လာကိုဆွဲလိုက်ကာ အသည်းအသန်နမ်းပစ်လိုက်သည်။
ထိုအချိန်တွင် ကျန်းလော်တွင် ‘ချီယုံ့ကိုရှုံးလို့မဖြစ်ဘူး’ဆိုသည့် အတွေးဘဲရှိတော့သည်။ ခြောက်သွေ့တောက်လောင်နေသော အနမ်းကြောင့် ချီယုံ့ခံစားချက်များပေါက်ကွဲထွက်လာကာ အခြားကိစ္စများလုံးဝ မတွေးနိုင်တော့ပေ။
ချီယုံသည် ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်သွားလေပြီ။
ကျန်းလော်လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး တဖြည်းဖြည်း လေးလံလာကာ ပင့်သက်ရှိုက်လိုက်သည်။ ကျန်းလော်သည် သူ့ကိုယ်သူလည်ပင်းညစ်သတ်ပြီးသေလိုက်ရမှာ ချီယုံနှင့် သေအောင်နမ်းနေရမလား မသိတော့ပေ။ သူသည် ချီယုံ့ထံမှ သူ့ကိုယ်သူနောက်သို့ ဆွဲယူပစ်လိုက်ပြီး ချီယုံ့လည်ပင်းကို ကြာပွတ်ဖြင့် ရစ်ပတ်လိုက်သည်။
သို့သော်မကောင်းဆိုးဝါးဆီမှ လွတ်မြောက်ဖို့မှာ အလွန်ခက်ခဲပြီး ထိုသောက်ကောင်သည် ကြောက်စရာကောင်းလောက်အောင် စိတ်ဝင်တစားဖြစ်နေသည်။
ငတ်နေသောသူထံမှ အရသာရှိသော စားစရာဆွဲယူလိုက်သလို သူ့ကိုကြည့်လာပြီး ကျန်းလော်ကို သူ့ဘက်ပြန်ဆွဲယူလိုက်သောကြောင့် ကျန်းလော်သည် အားကုန်သုံးပြီး ရုန်းလိုက်ရသည်။
လူငယ်လေးသည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး လတ်ဆတ်သော လေကို ပြန်ရှူသွင်းလိုက်သည်။ ရှည်လျားသော ခြေထောက်နှစ်ချောင်းသည် ချီယုံ့ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလောင်းကျနေကာ လူငယ်လေးသည် ခေါင်းမော့ပြီး အသက်ရှူနေသောကြောင့် အင်္ကျီအောက်မှ အလွှာတချို့သည် မသိမသာ ပေါ်ထွက်နေသည်။
မကောင်းဆိုးဝါး၏ မျက်လုံးများသည် နီရဲလာပြီး ပင့်ကူမျှင်များကဲ့သို့ပင် တောက်လျှောက် ထိုပေါ်ထွက်နေသော နေရာကို မီးပွင့်မတတ်စိုက်ကြည့်နေသည်။
ထို့နောက်သူသည် အသိပြန်ဝင်လာပုံရကာ လက်မြောက်လိုက်ပြီး တမင်တကာ ကျန်းလော်၏ ကြက်သွေးရောင်နှုတ်ခမ်းကို နှေးကွေးစွာ လက်မနှင့် ပွတ်လိုက်ပြီး အပြုံးတစ်ပွင့်ပေါ်လာသည်။
သို့သော် သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် တွယ်ကပ်နေသော အိမ်မြောင်တစ်ကောင်ကဲ့သို့ပင် ကျန်းလော်ထံခုန်ချလာတော့မလိုလို ငြိမ်ငြိမ်လေးပဲ ဆက်ငြိမ်နေတော့မလိုလို ဖြစ်နေပြီး တကယ့်တကယ်တွင် ဆံပင်အနက်ရောင်ကောင်လေးကို ချက်ချင်းမြိုချလိုက်တော့မလို ကြည့်နေသည်။
ကျန်းလော်သည် သူ့အကြည့်ကို မြင်ပြီး ကြက်သီးများထလာသည်။ ချီယုံကိုယ်ပေါ်မှထရန်လုပ်သော်လည်း မြူနက်များသည် ကြမ်းပြင်မှပေါ်လာကာ သူ့ခြေထောက်ကို ဆွဲထားသည်။ သူသည် ချီယုံ့လည်ပင်းကို ဆုပ်ကိုင်ထားပြီး ချီယုံသည် သူ့ခြေထောက်ကို ပြန်ဆွဲထားသည်။
ကျန်းလော်သည် ချီယုံ့ဝတ်စုံကိုတလှည့် သူဝတ်ထားသော ရှပ်ကိုတလှည့်ကြည့်ရင် မျက်နှာသည် တင်းမာလာသည်။ တစ်ကိုယ်လုံးလုံခြုံနေသော မကောင်းဆိုးဝါးကို ကြည့်ပြီး သူ့ဦးနှောက်များ ကွဲထွက်တော့မလို စိတ်တိုလာသည်။
“မကောင်းဘူး အဆင်ပြေမနေဘူးလို့ ချီး”
သူ့စိတ်ထဲတွင် ပျောက်ကွယ်နေတာ ကြာပြီဖြစ်သော ထူးခြားဆန်းပြားသည့် ကြောင်တောင်တောင် အတွေးများ ပြန်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ချီယုံ့လက်သည် တဖြည်းဖြည်း အောက်လျောလာသည်။
ခေါင်းမှ ဂုတ်ပိုးအထိ ကြက်သီးထစဖွယ် ပွတ်သပ်သွားပြီး ဆက်ဆက်ပြီး အောက်ဆင်း ဆင်း..................
ကျန်းလော်ဦးရေပြားများသည် ကျိန်းစက်လာပြီး စိတ်တိုစွာ အော်ငေါက်ပစ်လိုက်သည်။
“ချီယုံ မင်းငါ့ကို မုန်းရင်လည်း ဒီတိုင်းစကားနဲ့ပဲပြောလေ ဘာလို့ မင်းကိုယ်မင်း ရှိုးလာလုပ်နေတာလဲကွ”
သို့သော် ထိုစကားများပြောထွက်လိုက်ပြီးမှ ကျန်းလော်သည် တစ်ခုခုတော့ ပုံမှန်မဟုတ်တော့သလို ခံစားလိုက်ရသည်။ သူသည် မကောင်းဆိုးဝါး၏ ပေါင်ပေါ်တွင် တောင့်တင်းသွားပြီး ရုတ်ချည်း မွန်းကြပ်လာကာ ခေါင်းကို ငုံ့ကြည့်လိုက်သည်၊
ရိုးရှင်းသော ကိစ္စလေးတစ်ခုက ကျန်းလော်ကို အချိန်အကြာကြီး မလှုပ်မယှက် ဆွံ့အသွားစေတော့သည်။
အဲ့တာက သူ့ပေါင်ကို လာထိနေတယ်။
ကျန်းလော်သည် ထိုအရာကို မြင်လိုက်သောအခါ မျက်လုံးများပြူးကျယ်လာပြီး မယုံနိုင်စွာ အသက်အောင့်ထားလိုက်သည်။
“မင်း မင်း သောက်ကျိုးနည်း................”
ကျန်းလော်သည် မယုံနိုင်စွာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီး ခြေထောက်များပင် ကုပ်သွားကာ
“မင်း ထောင်နေတယ် ဟား တကယ်ကြီး အဲ့တာက.........”
ထိုအချိန်ကျမှ ကျန်းလော် သဘောပေါက်သွားတော့သည်။ သူ့ကိုယ်သူတွေးကြည့်ပြီး ထိုအရာသည် မုန်းတီးနေတာမဟုတ်ကြောင်း နားလည်သွားသည်။ မကောင်းဆိုးဝါးသည် သူ့ကိုမုန်းတီးနေတာမဟုတ်သည့်အပြင် သူ့အပေါ်တပ်မက်နေသေးသည်။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
‘ချီယုံက ငါ့ကိုသတ်ချင်နေတာမလား’
‘ငါတို့က သေချာပေါက် ရန်လိုနေကြတာလေ’
အစစ်အမှန်အဖြေက သူ့ရှေ့မှာပင်။
ကျန်လော်သည် အသိပြန်မဝင်လာခင် အကြာကြီး ကြောင်အနေသည်။
အသိစိတ်က ရွံရှာနေသော်လည်း ကျန်းလော်သည် မသိစိတ်က ဘဝင်မြင့်ပြီး အပျော်လွန်နေသလို ဖြစ်နေသည်။
ထိုနေ့ရက်များတွင် မူလဝတ္ထုထဲ၌ ချီယုံသည် ထောင်ပေါင်းများစွာသော ပိရိသတ်များရှိကာ ထိုထဲမှ သူ့ကို တပ်မက်နေသည်တဲ့။
ကျန်းလော်သည် တစ်ညလုံး သူ့ကိုနှိပ်စက်ခဲ့တာပဲ ရှိသည်။
‘ငါလုပ်တာ ခံချင်သွားတာများလား’
ကျန်းလော်ဖတ်ခဲ့သောအပိုင်းများတွင် ချီယုံသည် ဖုန်းလီအပေါ် ထိုသို့သော အတွေးများမရှိခဲ့ပေ။ ကျန်းလော်သည် မထိန်းနိုင်တော့ပဲ အကျယ်ကြီး အော်ရယ်လိုက်သည်။
သူ့အပြုံးသည် စိုရွှန်းနေကာ အပျော်လွန်နေပုံပေါက်ပြီး ကျန်းလော်သည် သူ့ကိုယ်သူထိန်း၍ ရယ်တာရပ်ကာ သူ့ဆံပင်များသည် ချီယုံ့မျက်နှာပေါ်သို့ ကလူကျီစယ်နေသလို ကျဆင်းနေသည်။ သူသည် မကောင်းဆိုးဝါး၏ ခေါင်းကိုကိုင်ထားကာ အသည်းခိုက်လောင်အောင် အဓိပ္ပာယ်ပြည့်ဝသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
“မစ်စတာ ကောက်ကျစ်သူကြီးရေ”
သူသည် ပူနွေးသော လေများမှုတ်ထုတ်လိုက်ပြီး
“ငါ့အပေါ် ဒီလိုအတွေးမျိုး ဝင်နေလိမ့်မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူးကွာ”
“အတွေးအခေါ်ကတော့”
ချီယုံသည် မျက်လုံးမှေးလိုက်ပြီး သူ့ကိုကြည့်လိုက်ကာ သူ့ခါးကို တင်းတင်းဆုပ်ကိုင်၍
“ဘာ အတွေးအခေါ်လဲ”
ကျန်းလော် ပြုံးလိုက်သည်။
“မကောင်းဆိုးဝါးအတွေးတွေ”
ရယ်လိုက်ပြီး သူများကို ပျက်စီးစေတော့မလို ကြည့်လိုက်ကာ
“ဒီတော့ မင်းက ငါနဲ့ ဆက်ဆံချင်တာလား၊ မင်းငါ့ကို တောင်းပန်မယ်ဆိုရင်တော့ မလုပ်ပေးနိုင်စရာတော့ မရှိပေမဲ့ ..............တောင်းဆိုကြည့်လေ”
ကျန်းလော်သည် ခေါင်းငုံ့လိုက်ပြီး ပထမဆုံးလူများကို မျှော်လင့်ချက်ပေးကာ နောက်ဆုံးကျမှ တစ်ချက်ထဲရိုက်ချပစ်သလို ပြုံးလိုက်ပြီး
“ဒါပေမဲ့ ငါမင်းကို အရမ်းကြီးကို မကြိုက်နေတာကွ တစ်ယောက်ယောက်ကို တောင်းဆိုလိုက် အဲ့လိုမလုပ်ချင်ရင်လဲ ငါ့ကို ပျော်လာအောင် စိတ်ပါလာအောင် အရင်လုပ်ကြည့်”
“အိပ်ရာပေါ်သွားဖို့လေ”
အချိန်အကြာကြီး သူပြောသမျှနားထောင်ပြီး မကောင်းဆိုးဝါးသည် တီးတိုးပြောလိုက်သည်။
“ဒီတော့ဒါပေါ့”
သူသည် ကျန်းလော်ပေါင်ကို ဆုတ်ကိုင်လိုက်ပြီး သိချင်တာသိလိုက်ရသော အပြုံးလေးပြုံးပြလိုက်သည်။
“ဒီတော့ ဒါက တပ်မက်တယ်ဆိုတာပေါ့”
ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။
သန့်ရှင်းရေးအန်တီကြီး၏ အသံဖြစ်သည်။
“အထဲက ဘယ်သူလဲ”
ကျန်းလော်သည် လန့်သွားပြီး တံခါးကိုကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် သူ့ခါးကို ဆွဲပြီး သူ့ကို ဆိုဖာပေါ်သို့ မှောက်ချလိုက်သည်။ ဆိုဇာသည် အသံအကျယ်ကြီးထွက်လာပြီး ချီယုံသည် ကျန်းလော်ကို ဆိုဖာနှင့်သူ့ကြားသို့ ကြပ်ညှပ်နေအောင်ဖိထားသည်။ ချီယုံသည် ခေါင်းငုံ့လာပြီး ကျန်းလော်နားနားကပ်ကာ
“ကျန်းလော် ဆရာမင်းကို တကယ်ကျေးဇူးအများကြီး တင်ပါတယ်”
ကျန်းလော်၏နားသန်သီးသည် ဆစ်ခနဲနာကျင်သွားကာ မကောင်းဆိုးဝါးသည် နှုတ်ခမ်းမှသွေးများကို လျက်ရင်း ခေါင်းမော့လာသည်။ ထို့နောက် သူ့လက်ချောင်းများဖြင့် ကျန်းလော်နှုတ်ခမ်းကို ပွတ်သပ်နေပြီး ကျန်းလော်ပါးစပ်ထဲဝင်လာကာ သွားများကို လိုက်ကိုင်နေသည်။
“ဆရာ့ကို တပ်မက်တာကို ဘယ်လိုဖြေရှင်းရမလဲ သင်ပေးလို့ ပိုကျေးဇူးတင်တယ်”
မကောင်းဆိုးဝါးသည် အပြုံးအကြီးကြီးပေးလိုက်ပြီး
“ကိုယ်ဒီညလာတွေ့မယ်”
သူ့လက်သည် ဟိုလိုလိုသည်လိုလိုနှင့် အောက်ဆင်းသွားကာ ကျန်းလော်လည်ပင်းကို ဆုတ်ကိုင်လိုက်ပြီး ချိန်းခြောက်သည့် အသံဖြင့်
“မင်းလေး ကိုယ့်ဆန္ဒကို ကျေနပ်နေမယ်လို့ မျှော်လင့်ပါတယ်”
“မဟုတ်ရင်”
သူ့ချောမောသောမျက်နှာသည် နတ်ဆိုးဆန်ဆန် ပြောင်းလဲသွားပြီး
“ကိုယ်မင်းကို သတ်ပစ်မယ် အိုး”
ချိန်းခြောက်ခြင်းသည် စနေတာလိုလို အတည်ပြောနေတာလိုလို ဘာမှန်းမသိပေ။
ရေချိုးခန်းထဲမှ ရေချိုးခန်းဝတ်စုံတစ်စုံသည် သူ့အလိုလိုပျံလာကာ ကျန်းလော်ကိုရစ်ပတ်လိုက်သည်။ ထို့နောက် ချီယုံပျောက်ကွယ်သွားတော့သည်။
သန့်ရှင်းရေးအဒေါ်ကြီးသည် တံခါးကို အလျင်စလို ဖွင့်လိုက်ပြီး ရှုပ်ပွနေသော အခန်းကိုမြင်ကာ သူမသည် အံ့အားသင့်စွာ အသံတချို့ပြုလိုက်သည်။ ထို့နောက် သူမသည် ရေချိုးခန်းဝတ်ရုံနှင့် အပတ်ခံထားရသော ဆိုဖာပေါ်ရှိကျန်းလော်ကို မြင်ပြီး လန့်ဖြတ်သွားသည်။
ကျန်းလော်သည် သူ့ကို တင်းနေအောင်ပတ်ထားသော ရေချိုးခန်းဝတ်ရုံထဲမှ အတင်းတိုးထွက်လာသည်။ သူ့မျက်လုံးများသည် စိတ်တိုသွေးဆာနေပြိး သူ့ပါးစပ်သည် တစ်စုံတစ်ယောက်နှင့် အသည်းအသန် အပြန်အလှန်ကိုက်ဖြတ်ထားကြသလို သွေးများရဲရဲနီနေသည်။
“ချီ ၊ မင်း ”
#########################