အပိုင်း (၇၅)
မင်းပေးတဲ့အတိုင်း တစ်ထပ်ထဲပြန်ပေးမယ်
ဆံပင်အနက်နှင့်ကောင်လေး၏ ခြေလှမ်းများပေါ့ပါးလိုက်ပုံမှာ ဆိုဖာဘေးတွင် ကနေသကဲ့သို့ပင်ထင်ရသည်။
ညအမှောင်ထုတွင် လမင်း၏ ငွေရောင်အလင်းတန်းများသာ အခန်းထဲတွင် ဖြာကျနေသည်။ ကျန်းလော်သည် မကောင်းဆိုးဝါး၏ ခေါင်းနားကို မှီလိုက်ပြီး ဖြားယောင်းသည့်အပြုံးဖြင့် ကောက်လေး၏ ဆံပင်မှအနံ့သည် အဆိပ်ချိုချိုတို့နှင့် မွမ်းမံထားသလား အောက်မေ့ရသည်။
“အိုး”
လည်သာဖိနပ်ပေါ် ဖုန်တစ်စက်မတင်သော မကောင်းဆိုးဝါးသည် တည်ငြိမ်စွာပြောလိုက်သည်။
“ဘယ်လိုဖြစ်လို့လဲ”
တကယ်တမ်းတွင် ကျန်းလော် အထင်မှန်ခဲ့သည်။
လူတိုင်းတွင် အားနည်းချက်ရှိသည်၊ ချီယုံသည်လည်း ချွင်းချက်မဟုတ်ပေ။
တစ္ဆေတက်တူးမှ တန်ပြန်သက်ရောက်သည့် ဒဏ်ကို သုံးရက်တိုင်ခံစားရမည်ဖြစ်ပြီး တန်ပြန်မှု တစ်ခါထတိုင်း ချီယုံအားနည်းသွားတတ်သည်။
သူအားနည်းနေသည့် အချိန်တိုင်းတွင် ချီယုံသည် တိတ်ဆိတ်သော နေရာတစ်ခုတွင် ပြန်ကောင်းလာသည်အထိ ပုန်းနေတတ်သည်။
ဒီလိုအချိန်မျိုးတွင် ချီယုံသည် မည်သူ့ထံမှမှ အဖော်ထုတ်မခံရဘဲ သူ့အားနည်းချက်ကို လူများသတိမထားမိအောင် ဖုန်းထားနိုင်ခဲ့သည်။ သူအမြဲလုပ်နေကျအတိုင်း တစ်ယောက်ထဲ အချိန်ကုန်ဆုံးပြီး အားနည်းမှုကို ဖုန်းကွယ်တတ်သည်။
သို့သော် အမှန်တကယ်မှာ ချီယုံ တန်ပြန်မှုကို တွန်းကန်ပြီး ပြန်ကောင်းလာ၍ မျက်လုံးဖွင့်ကာရှိသေးသည် သူ့အခန်းထဲတွင် ဆံပင်အနက်နှင့်ကောင်လေးကို မြင်လိုက်ရခြင်းဖြစ်သည်။
ကျန်းလော်သည် သူ့ကိုတမင်တကာ ရောက်လာအောင် ဆွဲထုတ်လိုက်ခြင်းလို့ ပြောလျှင် ပိုမှန်ပေမည်။ ချီယုံသည် ထိုကောင်လေးအကြံကိုသိသည်။ သိသော်လည်း ကျန်းလော်ဘာတွေလုပ်ဖို့ ပြင်ဆင်ထားလဲ သိချင်စိတ်က ပိုများနေသောကြောင့် မသိချင်ယောင်ဆောင်ထားပေးလိုက်သည်။
သူကိုယ်တိုင်လည်း အပြည့်အဝပြန်မကောင်းသေးတာကြောင့်လဲ ပါသည်။
သို့သော် မကောင်းဆိုးဝါးသည် ကျန်းလော်ကို လွတ်ထားမိသည့် သူ့ကိုယ်သူလည်း မယုံနိုင်သေးပေ။
ကျန်းလော်သည် ချီယုံ့ရင်ဘက်ပေါ်မှ သစ်ရွက်ခြောက် အသာအယာယူလိုက်သည်။ ထို့နောက်ရယ်မောလိုက်ကာ
“ကြည့်ပါဦး မင်းပေါ်မှာ သစ်ရွက်ခြောက်ရှိနေတာပဲ ”
ချီယုံသည် ကျန်းလော်အတွက် သူ့ကိုယ်ပေါ်တွင် သစ်ရွက်ခြောက်မပြောနှင့် ဖုန်တစ်စက်တင်နေသည်ကို ပင် မကြိုက်သော နှာဘူးဆိုက်ကို အသန့်ကြိုက်ကောင် ဖြစ်သည်။
ကျန်းလော်သည် ချီယုံ့ကိုဆက်ပြောလိုက်သည်။
“ချီယုံ ငါတကယ်ကြီး မင်းအားနည်းနေတယ်ဆိုတာ အခုထိမယုံနိုင်သေးဘူး”
“အမှန်တရားပါကွာ”
မကောင်းဆိုးဝါးသည် နောင်တမဲ့စွာ သက်ပြင်းချလိုက်သည်။
“စပရိုက်စ်အကြီးကြီး ဖြစ်သွားတယ်မလား.............”
ကျန်းလော်သည် ကျောမတ်လိုက်ပြီး လက်ဆစ်များကို ချိုးလိုက်ကာ
“အိုကေး ဒါဆို အခုကစပြီး ငါ့အချိန်ရောက်လာပြီ”
တီဗီဖွင့်လိုက်ရာ တေးဂီတသီးသန့်လိုင်းပွင့်လာသည်။ ထိုလိုင်းတွင် ယခုလွင့်နေသော သီချင်းမှာ သီချင်းစာသားအနည်းငယ်သာပါပြီး စိတ်ပျက်စရာကောင်းသော ဒရမ်သံနှင့် ဘာတွေမှန်းမသိ ဆူညံနေသော အသံများကိုလုပ်နေသော သီချင်းဖြစ်သည်။
ထိုဘာမှန်းမသိ အသက်ထွက်တော့မလိုဆိုနေသော သီချင်းလာနေချိန်တွင် မကောင်းဆိုးဝါးသည် ကျန်းလော်ထံမှ သေစေနိုင်လောက်သော နာကျင်မှုပေးနိုင်သည့် နှိပ်စက်မှုများကို ဆက်တိုက်သည်းခံနေရသည်။ ပန်းအိုးကွဲသွားပြီး ထက်ရှသော အပိုင်းအစများဖြစ်သွားကာ မကောင်းဆိုးဝါးကို ကော်လာမှဆွဲ၍ ထိုပန်းအိုးကွဲစများပေါ် တွန်းချလိုက်သည်။
ထို့နောက် ပြန်မပြီး နံရံကိုကပ်လိုက်သည်။ မကောင်းဆိုးဝါး၏ ပါးစပ်မှ သွေးများအန်လာကာ အင်္ကျီကော်လာကို သွားစင်ပြီး ညစ်ပတ်သွားစေသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် မကောင်းဆိုးဝါးကို လည်ပင်းမှ ခြေထောက်အထိ မလှုပ်နိုင်အောင် ကြိုးနှင့်တုပ်လိုက်သည်။
“ဘယ်လိုလဲ ဘယ်လိုခံစားရလဲ”
မကောင်းဆိုးဝါးသည် ခေါင်းစောင်းလိုက်ပြီး သူ့ဦးရေပြားများသည်ပင် နာကျင်ပြီးရင်းနာကျင်နေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် နာကျင်မှုသည် အရိုးထဲထိ ဝင်မွှေနေသည်။ သူ့ကိုယ်ထဲတွင် မန္တာန်စီရင်ထားသော ရေများဝင်သွားသောကြောင့်ပင် ဖြစ်သည်။ မကေင်းဆိုးဝါးသည် လည်ပင်းကြောများထောင်နေအောင်နေကျင်နေပြီး အသံတိုးတိုးဖြင့် မသဲကွဲစွာပြောလိုက်သည်။
“မဆိုးပါဘူး”
“နာတယ်”
ညည်းညူ၍ သက်ပြင်းချလိုက်သည်။
“မင်းက ဆိုးလိုက်တာ”
ကျန်းလော်သည် ငြင်သာစွာရယ်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ သိမ်မွေ့စွာပြောလိုက်သည်၊
“မကြောက်ပါနဲ့ နောက်တစ်ခေါက်က ဒီထက်ပိုနာမှာကွ”
အလွန်အငြိုးကြီးသော လူသားမျိုးနွယ်လေးသည် မကောင်းဆိုးဝါးကို သူ့အိပ်မက်ထဲမှာသေခဲ့သည့်အတိုင်း တစ်ထပ်ထဲ လက်စားပြန်ချေတော့သည်။ အသေးငယ်ဆုံးနာကျင်မှုမှစ၍ တစ်ဆင့်ချင်း သူနာကျင်ခဲ့သည့်အတိုင်း ပြန်လုပ်သည်။
မကောင်းဆိုးဝါးသည် ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ ကိုင်ပေါက်ခံလိုက်ရသည်။ သူ့လက်များ ခြေထောက်များသည် လုံးဝမပြည်နိုင်အောင် ကြိုးတုတ်ခံထားရသောကြောင့် မရုန်းကန်နိုင်ကာ ဖြူဖျော့သော မျက်နှာထက်တွင် ခြစ်ရာများ နီရဲစွာပေါ်လာတော့သည်။
မကောင်းဆိုးဝါး၏ အမြဲလိုလို သပ်ရပ်ကျော့မော့နေသော အဝတ်အစားတို့သည် စုတ်ပြဲပြီး လုံးဝကိုသုံးစားမရတော့သော အခြေအနေ ဖြစ်နေပြီဖြစ်သည်။ သူ၏ချောမောသော မျက်နှာသည် နာကျင်နေသည့်ကြားကပင် ပြုံးဖြဲဖြဲလုပ်နေသည်။
ကျန်းလော်မျက်နှာမှ ချွေးစက်များသည် သူ့ပါးရိုးပေါ်သို့ ကျလာပြီး နှုတ်ခမ်းထဲစီးဝင်သွားသည်။ မကောင်းဆိုးဝါးသည် အပြုံးအကြီးကြီး ပြုံးလိုက်ပြီး
“အမုန်းရဲ့အရသာလေးပဲ”
နောက်ခနတွင် ဆံပင်အနက်ရောင်လူငယ်လေး၏ လက်မောင်းသည် အရှိန်ပြင်းပြင်းဖြင့် သူ့ဗိုက်ကို လာတိုက်ပစ်သည်။ တံတောင်ဆစ်နှင့် အရှိုက်တည့်တည့်ကို တိုက်ချလိုက်ရာ မကောင်းဆိုးဝါးသည် ကြမ်းပြင်ပေါ်သို့ ဆန့်ဆန့်ကြီး လဲကျသွားပြီး ဧည့်သည်ထံမှ တနေကုန်တနေခမ်း အရစ်ခံလာရသော ဧည့်လမ်းညွှန် ကောင်းဘွိုင်နှင့်ပင် တူနေသေးသည်။
ကျန်းလော်သည် ချီယုံ့ကို အားပေးပြုံးလေး ပြုံးပြလိုက်သည်။
“ချီယုံ မင်းဒီလိုနေ့မျိုးရောက်လာမယ် မထင်ထားဘူးမလား”
တီဗီမှ သီချင်းသည် နောက်တစ်ပုဒ်ပြောင်းသွားပြီဖြစ်သည်။ သံစဉ်အလိုက်နှလုံးခုန်သံမြန်လာသည်။
‘ဒုတ် ဒုတ် ဒုတ်’
ကျန်းလော်သည် မကောင်းဆိုးဝါးကို ရေချိုးခန်းထဲ ဆွဲခေါ်သွားသည်။ မကောင်းဆိုးဝါး၏ပုံစံသည် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်နေသော်လည်း သူ့မျက်နှာထားသည် တည်ငြိမ်နေကာ ပြတင်းပေါက်အပြင်မှ အာရုံတက်စပြုနေသော ကောင်းကင်ကို ငေးကြည့်နေသည်။
သူ့လက်များကို ကြိုးနှင့်တုပ်ထားကာ အပေါ်မှ ဖူလုများလာကပ်ထားသည်။ သူအနည်းငယ်လှုပ်လိုက်သည်နှင့် ဖူလုသည် မီးထတောက်လာသည်၊
ကျန်းလော်သည် ထိုအဖြစ်ကို မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်သော်လည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။ ရေချိုးခန်းထဲတွင် ရေပွက်သံသာ ကြီးစိုးနေသည်။
ရေချိုးကန်ထဲသို့ ရေအေးများသည် တတောက်တောက်မြည်အောင်ကျနေပြီး ရေချိုးခန်းကြမ်းပြင်သည် ရေအနည်းငယ် လွှမ်းနေသည်။ အပြင်ဘက်တွင် မိုးရွာပြီး ပြတင်းပေါက်ကို မိုးရေလာစင်သကဲ့သို့
“တောက် တောက် တောက်” အသံမြည်နေသည်။
ကျန်းလော်သည် မကောင်းဆိုးဝါးကို ရေလျိုးကန်ထဲထည့်လိုက်သည်။ ရေအပြည့်ဖြည့်ထားသော ရေချိုးကန်သည် သူ့ကိုထည့်လိုက်သောအခါ အပြင်ဘက်သို့ ရေများလျှံထွက်ကုန်သည်။ ချက်ချင်းပင် ကျန်းလော်အဝတ်များလဲ ရွှဲနစ်သွားတော့သည်။
ကျန်းလာ်သည် သူ့ကိုယ်သူငုံ့ကြည့်လိုက်ပြီး မကောင်းဆိုးဝါး၏ ပါးကိုပုတ်လိုက်သည်။
“မစ်စတာချီယုံ မင်းကြောင့် ငါစိုရွှဲသွားရပြန်ပြီ”
ချီယုံသည် နှေးကွေးစွာဖြင့်
“ဂုဏ်ယူမိတယ်ဗျာ”
ကျန်းလော်သည် ချီယုံ့မေးစေ့ကို လက်သည်းများနစ်ဝင်သည်အထိ ဖိညစ်လိုက်ပြီး ခေါင်းကို ဆွဲမော့လိုက်သည်။ ထို့နောက် ဂရုမစိုက်သော အပြုအမူဖြင့်
“မင်း ခုနကဟာတွေကနေ အသိတရားမရသေးဘူးပဲ”
ကျန်းလော်သည် ပုခုံးတွန့်လိုက်ပြီး ထရပ်လိုက်သည်။ အဝတ်များသည် သူ့ကိုယ်ပေါ်မှကပ်နေပြီး ဆွဲဆောင်မှုရှိသော ကိုယ်နေဟန်ထားကို ဖော်ပြနေသည်။
မကောင်းဆိုးဝါးသည် ထိုအနေအထားကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။
လူငယ်လေးသည် ချီယုံကို မျက်မှောင်ကြုတ်ပြီး စက်ဆုပ်စွာကြည့်လိုက်ကာ
“ဒီမှာနေခဲ့”
အဝတ်လဲရန်အပြင်သို့ ထွက်သွားသည်။
ကျန်းလော် ချီယုံ့အဆောင်လာတုန်းက အဝတ်တစ်စုံသာယူလာခဲ့သည်။ သူသည် ချီယုံ့ ဗီဒိုထဲမှ သန့်ရှင်းသော အဝတ်သစ်တစ်ချို့ယူကာ အိပ်ရာပေါ်တင်လိုက်ပြီး ညစ်ပတ်နေသော အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။
ကျန်းလော်နှုတ်ခမ်းထောင့်များပင့်တက်နေပြီး လေချွန်ကာ သီချင်းညည်းနေသည်။ သွေးစွန်းနေသောအဝတ်များကို မတ်တပ်က မတ်တပ်ချွတ်လိုက်သည်။
‘ဒီညကတော့ ရှယ်ပဲ’
ဒီညသည် သူဒီကမ္ဘာရောက်ထဲက အကောင်းဆုံးသောညပင်။
သို့သော် ဒီလောက်နှင့်မလုံလောက်ပေ။
မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် မပျက်ဆီးသေးပေ။ ထိုအကောင်သည် စိတ်ပိုင်းဆိုင်ရာသာ နာကျင်နေပြီး သူကြုံခဲ့ရသော တစ်ဆယ့်ရှစ်ကြိမ်တိတိ မနာကျင်ရသေးပေ။ ထိုထဲမှ ကျန်းလော်အတွက် အနာကျင်ရဆုံးသော နည်းလမ်းကို လက်စားမချေရသေးပေ။
ကျန်းလော်သည် ထိုနည်းလမ်းကို မကောင်းဆိုးဝါးပြန်အမှတ်ရလာအောင်လုပ်ရန် အလွန်ပင်ပန်းနေပြီဖြစ်သည်။
ကျန်းလော်သည် ချီယုံ့ရှပ်ကို ယူဝတ်ရင်း သီချင်းတညည်းညည်းဖြင့် ကြယ်သီးတပ်နေသည်။ သူဘောင်းဘီ ဝတ်နေတုန်းမှာပင် ရေချိုးခန်းထဲမှ ပေါက်ကွဲသံကြီး ကြားလိုက်သည်။
ကျန်းလောသည် အမြန်ဝတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ခြေဗလာဖြင့် အမြန်ပြေးသွားသည်။ သူရေချိုးခန်းတံခါးဖွင့်လိုက်သောအခါ ရေချိုးကန်ထဲမှ မကောင်းဆိုးဝါးမရှိတော့ပေ။ ဖူလုများကပ်ထားသော ကြိုးသာရေထဲမှာ ကျန်ခဲ့သည်။
ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး အပြင်ပြန်ထွက်ရန် နောက်လှည့်လိုက်သည်။ ထိုသို့အလှည့် သူ့ဂုတ်ပေါ်သို့ လက်တစ်ဖက်က လာညစ်လေသည်။
“ဘယ်သွားမလို့တုန်း”
ကျန်းလော်သည် လည်ပင်းအညစ်ခံထားရင်းကပင် လှည့်ကြည့်လိုက်ရာ မကောင်းဆိုးဝါးသည် သူ့ကိုကုန်းကြည့်နေပြီး မကောင်းဆိုးဝါးတစ်ကိုယ်လုံး ရေများရွှဲနစ်နေသည်။ သူ့ဝတ်စုံမှ ရေစက်များသည် ကျန်းလော်၏ ခြောက်သွေ့နေသော အဝတ်ပေါ်သို့ တစ်စက်စက်ကျလာသည်။
“ကိုယ့်အင်္ကျီတွေ ယူဝတ်ထားပါလား”
မကောင်းဆိုးဝါးနှင့် ကျန်းလော်တို့သည် နှာခေါင်းချင်းထိနေကာ
“ကိုယ့်ပစ္စည်းတွေလဲ ယူသုံးထားသေးတာပဲ”
ချီယုံသည် နှာခေါင်းရှုံ့လိုက်ပြီး ပြုံးလိုက်ကာ
“အခုထိတောင် အနံ့ရနိုင်သေး...................”
လည်ပင်းအညစ်ခံထားရသောကောင်လေးသည် သူ့ခေါင်းကို လှုပ်ကြည့်ကာ မရမှန်းသိသွားပြီး မကောင်းဆိုးဝါးကို ရေခဲတုံးတောင် ချက်ချင်းအငွေ့ပြန်သွားနိုင်သည့် မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် ရှေ့တိုးလာပြီး အသံကိုတိုးလိုက်ကာ မသံမကွဲဖြင့်
“ဒီညအချိန်ကောင်းလေး ရသွားရဲ့လား ကလေးလေး”
“ပျော်ရောပျော်ရဲ့လား”
ကျန်းလော်သည် နှုတ်ခမ်းစေ့ထားပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ငါမင်းကို သေတွင်းနားထိ ပို့နိုင်ခဲ့လို့ အချိန်ကောင်းလေးပိုင်ဆိုင်ခဲ့ရတယ်လို့ ပြောလို့ရပါတယ်”
မကောင်းဆိုးဝါးသည် စိတ်ရှည်သည်းခံနိုင်သော အပြုံးမျိုးပြုံးလိုက်ပြီး
“ကိစ္စမရှိပါဘူး ကိုယ်မင်းကြောင့် အတွေ့အကြုံတစ်ခု ရသွားတာပေါ့”
ထို့နောက် သူသည် ကျန်းလော်ကို ရေချိုးကန်ထဲ နှစ်ပစ်လိုက်သည်။
ရေများသည် ဗွမ်းခနဲလျှံကျလာသည်။ ကျန်းလော်ခေါင်းသည် ရေအောက်ထဲ အနစ်ခံထားရကြီး မကောင်းဆိုးဝါးသည် လှုပ်ပင်မလှုပ်ပဲ ကျန်းလော်ခန္ဓာကိုယ်ကု အသေဖိထားသည်။
ကျန်းလော်သည် ဤသို့ဖြစ်မည်ဟု မမျှော်လင့်ထားသောကြောင့် အောက်ဆီဂျင်ပြတ်သွားကာ ရေထဲသို့ ပူဖောင်းများမှုတ်ထုတ်နေသလို ဖြစ်နေသည်၊ သူ့အိပ်မက်ထဲကအတိုင်းပင် ရေနစ်နေပြီး အဆုတ်ထဲတွင် အောက်ဆီဂျင်လုံးဝပြတ်တောက်သွားသည်။
‘မအေဘေး ချီယုံ သူ့ရေချိုးကန်က ဘာလို့ ဒီလောက်နက်တာလဲ’
ဒီတစ်ခေါက်သည် အိပ်မက်ထဲမှာ မဟုတ်သောကြောင့် သေသွားလျှင် တကယ်သေသွားမှာ ဖြစ်သည်။ ကျန်းလော်သည် ပြင်းထန်စွာ ရုန်းကန်နေသည်။ သူမွန်းပြီးသေတော့မည့်အချိန်တွင် လက်တစ်ဖက်သည် သူ့ကိုဂုတ်မဆွဲမလိုက်သည်။ ကျန်းလော်သည် ရေထဲမှ အဆယ်ခံလိုက်ရပြီး သူ့နှုတ်ခမ်းပေါ်သို့ နောက်ထပ် နှုတ်ခမ်းတစ်စုံထပ်ကျလာသည်။ သို့သော် ထိုနှုတ်ခမ်းသည် ကျန်းလော်ကို အောက်ဆီဂျင်ပေးနေပြီး နူးညံ့စွာ ဖြည်းဖြည်းချင်း လေပို့ပေးနေသည်။
ကျန်းလော် အသက်ရှူနိုင်သွားချိန်တွင် ကျန်းလော်နှုတ်ခမ်းထဲသို့ သူ့လျှာကြီး ဝင်လာပြီး ရိုင်းစိုင်းစွာ ခွင့်မတောင်းဘဲ အသည်းအသန်လာနမ်းတော့သည်။ ကျန်းလော် အသိစိတ်ဝင်လာသောအခါ ရေထဲသို့ထပ်အနှစ်ခံလိုက်ရပြန်သည်။
‘မအိမ်လုံး ချီယုံ လူယုတ်မာ နှာဘူးကောင် ဒီဖေ............’
ကျန်းလော်သည် အလွန် ဒေါသထွက်သွားသည်။ သူသည် ခြေထောက်မြောက်လိုက်ပြီး နောက်ပြန်ကန်လိုက်ကာ မကောင်းဆိုးဝါးကိုပါ ရေထဲဆွဲချလိုက်သည်။ ရေချိုးကန်ထဲတွင် ရေများသည် လှိုင်းထနေပြီး ဆံပင်အနက်နှင့် လူငယ်လေးသည် ရေထဲမှ ဒေါကြီးမောကြီး ထကာ ရေချိုးကန်ဘောင်ပေါ်တွင် ထိုင်လိုက်သည်။
မကောင်းဆိုးဝါးထလာပြီး တစ်ဖက်ဘောင်ပေါ်မှာထိုင်လိုက်သည်နှင့် သူသည် ရွှေရောင်ကြာပွတ်တစ်ချောင်းနှင့် မိတ်ဆက်လိုက်သည်။
ချီယုံသည် ကြာပွတ်ကို အချိန်မှီဖမ်းလိုက်သည်။ သူသည် ကျန်းလော်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ခြေထောက်များကို သူ့ဘက်သူကွေးထားသည်။ သူ၏ ပြစ်မျိုးမဲ့မထင် ချောမောသော မျက်နှာသည် ရေစက်များတွဲလွဲလိုနေပြီး ဆွဲဆောင်မှုရှိကာ အောက်သို့ တစ်စက်ချင်းကျနေသည်။ စောနက ဖြူဖတ်ဖြူရော်နှင့်လုံးဝကွဲပြားစွာပင် နှုတ်ခမ်းများသည် ကျန်းမာစွာ နီရဲနေကြသည်။ ချီယုံသည် ကြာပွတ်ကို လက်နှင့် ရစ်လိုက်သည်။ သူ့လက်ချောင်းများသည် ရွှေရောင်အလင်းများကြောင့် လောင်ကျွမ်းကုန်ကြသည်။ ကျန်းလော်သည် မျက်လုံးများတောက်လာကာ သေချာကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။
“အာရုံတက်ခါနီးပြီပဲ”
ဆံပင်အနက်နှင့် လူငယ်လေးသည် ကြွက်စုတ်တစ်ကောင်ကဲ့သို့ စိုရွှဲနေသည်။
သူ့ရှပ်အစွန်နှင့် ခြေထောက်ညှိနေသည်ကိုကြည့်ပြီး ကျန်းလော်သည်ကြာပွတ်ကို ဆုတ်ကိုင်၍ သူ့ကိုဘယ်လိုကြည့်နေလဲ ဂရုမစိုက်စွာ ပြန်ဆွဲယူလိုက်သည်။
နောက်ဆုံးမှာတော့ သူနှင့် ချီယုံသည် အခြေနေတူနေကြကာ ဘယ်သူ့ကမှ မရယ်နိုင်ကြသော အခြေအနေဖြစ်သည်။
ကျန်းလော်သည် ကြာပွတ်ကို နောက်တစ်ခေါက်ဆောင့်ဆွဲလိုက်သည်။ သို့သော် ချီယုံသည် ကြာပွတ်ကို လွတ်မပေးဘဲ သူအားလျော့သွားသည်နှင့် ရေထဲ ပစ်ချလိုက်သည်။
ကျန်းလော်မျက်လုံးထဲတွင် အပြုံးတစ်ချက်လက်သွားပြီး ကြာပွတ်ကို ပြန်ယူပြီး မကောင်းဆိုးဝါးကို လွှဲရိုက်လိုက်သည်။ ဒီတစ်ကြိမ်တွင် အောင်မြင်သွားပြီး မကောင်းဆိုးဝါး၏ လည်ပင်းကို ကြာပွတ်ရာနက်နက်ကြီး ထင်သွားစေသည်။
အောင်အောင်မြင်မြင်ရိုက်လိုက်နိုင်ပြီး ကျန်းလော်သည် ရေချိုးခန်းထဲက ချက်ချင်းထွက်လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲတွင်ရပ်နေပြီး မုန်းတီးစက်ဆုပ်စွာ ပြောလိုက်သည်။
“ဒီလို နေရာကျဉ်းကျဉ်းလေးထဲမှာ ဘာလုပ်ဖို့ ရန်ဆက်ဖြစ်နေမှာလဲ”
ချီယုံကလည်း သူကိုယ်တိုင်ကြားရရုံသာ ပြောလိုက်သည်။
“မင်းပဲမှန်ပါတယ်...............”
မကောင်းဆိုးဝါးသည် ထရပ်လိုက်ပြီး ရေချိုးကန်ထဲမှ ထွက်လာသည်။ သူ့ခြေထောက် ကြမ်းပြင်ပေါ်သို့ ရောက်သည်နင့် သူ့တစ်ကိုယ်လုံး ချက်ချင်း သန့်ရှင်းခြောက်သွေ့သွားသည်။
တစ္ဆေတက်တူးမှ တန်ပြန်မှုသည် အပြည့်အဝပြန်ကုစားပြီးဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် ယခင်ကဲ့သို့ အားကောင်းလာသည်။
ချီယုံ့ခန္ဓာကိုယ်သည် အတွင်းထဲတွင် မီးတောင်ကဲ့သို့ ဖြစ်နေပြီး အပြင်ဘက်တွင် ရေခဲဂူကဲ့သို့ အေးစက်နေသည်။
ချီယုံသည် မျက်လုံးဖွင့်လိုက်ပြီး အဝတ်များကို ဆွဲဆန့်လိုက်ကာ ရေချိုးခန်းအပြင်သို့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာသည်။ သူ့ဆီပစ်လိုက်သော ဖူလုများကိုရှောင်ရင်း ကျန်းလော်ကို ကြည့်လိုက်သည်။
တစ်ဖက်က အဝတ်အပြည့်အစုံ သပ်ရပ်စွာ ဝတ်စားထားပြီး တစ်ဖက်ကတော့ စုတ်ပြတ်နေသည်။ ကျန်းလော်သည် စိတ်တိုစွာ မျက်မှောင်ကြုတ်လိုက်ပြီး ချီယုံ့ပုံစံကိုကြည့်ကာ မပျော်တော့ပေ၊။
ထို့နောက် သူသည် တစ်ခုခုကို သတိရပြီးနောက် သူ့နှုတ်ခမ်းကိုကိုင်ကြည့်ကာ မျက်နှာသည် အလွန်ရုပ်ဆိုးသွားသည်။
ချီယုံက သူ့ကို တမင်တကာကို လာအသားယူသွားပြန်ပြီ။
ကျန်းလော်သည် လှောင်ပြောင်ပြီး ချီယုံ့ကိုကြည့်ကာ ဒေါသထွက်လာပြန်သည်။
‘မင်းဟာမင်း ပြန်အသားယူပါ့လား ချီယုံရာ ငါ့ကိုလာလာနှောက်ယှက်မနေစမ်းပါနဲ့ကွာ’
‘ဘယ်လိုလုပ်’
‘အခု ဘယ်သူက ဘယ်သူ့ကို စိတ်ပျက်မုန်းတီးနေတာလဲ ဒီအခြေအနေကြီးက ပုံမှန်ဟုတ်မနေတော့ဘူးနော်’
‘ဒီကောင်က ငါနဲ့ဆော့ရတာ ပျော်နေတာလား’
ကျန်းလော်သည် အတွေးနက်သွားပြီး နောက်ဆုတ်ကာ တီဗီရီမုကို ကောက်ကိုင်လိုက်သည်။ တီဗီမှ သီချင်းလာနေသော ချန်နယ်သည် တခြားတစ်ခုသို့ပြောင်းသွားသည်။
တီဗီမှ ဇာတ်လမ်းတွဲလာနေသည်။ ဇာတ်လမ်းတွဲထဲတွင် မင်းသားနှင့် မင်းသမီးသည် အိပ်ရာပေါ်တွင် လှဲနေပြီး ပယ်ပယ်နယ်နယ်နမ်းနေကာ ကလေးများနားမထောင်သင့်သော စကားများပြောနေကြသည်။ သူတို့နမ်းနေရာမှ နားရှက်ဖွယ်အသံများထွက်လာကာ ကျယ်သည်ထက်ကျယ်လာသည်။
လူသတ်ရိပ်များပြည့်နေသော အခန်းသည် ချက်ချင်း ရှက်ကိုရှက်ကန်းဖြစ်သွားပုံရပြီး လေထုသည် လုံးဝတိတ်ဆိတ်သွားသည်။
##############################