Ch 85
Viewers 8k

အပိုင်း (၈၅)


 The Crown Card and the Chained Card

ဆံပင်အနက်ရောင်နှင့် ဧည့်သည်သည် ကပ္ပတိန်ထံမှ သူလိုချင်သော အဖြေရပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ကောကျူဆီသို့ လမ်းပြန်လျှောက်သွားသည်။ သူတို့ ခြေနှစ်လှမ်းလောက် လျှောက်ပြီးနောက် အရပ်သားဝင်‌ပေါက်နားမှ ပွက်ပွက်ညံနေသော အသံများကြားလိုက်ရသည်။ ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်ရာ ဝန်ထမ်းတစ်ယောက်သည် အရပ်သားတစ်ယောက်ကို ပြင်းထန်စွာရိုက်လိုက်ပြီး ပင်လယ်ထဲသို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအရပ်သားသည် ကမ်းခြေဆီသို့ ကူသွားလိုက်သည်။ 

ဝန်ထမ်းသည် သန်မာပြီး မျက်နှာတစ်ခုလုံးပင် ကြွက်သားများပြည့်နေသည်။ သူသည် ကုန်းပတ်‌ပေါ်တွင် ရပ်နေပြီး လက်ရန်းကိုကိုင်ကာ ထိုဆင်းရဲသောအရပ်သားကို အော်ဟစ်နေသည်၊

“ဘယ်လိုတောင် လက်မှတ်မရှိဘဲ သင်္ဘောပေါ်တက်ရဲရတာလဲကွ ငါမင်းကို ဒီနားမှာထပ်မြင်ရရင် တွေ့တိုင်းသေအောင်ရိုက်သတ်ပစ်မယ်”

ဆင်းရဲသည့်လူသည် ကမ်းခြေပေါ်မှ ကုန်းထလိုက်ပြီး သူ့မျက်နှာသည် သွေးများဖုံးနေကာ စိတ်တိုစွာနှင့် အော်ပြောလိုက်သည်။

“ငါ့လက်မှတ်ကို မင်းပဲဖြဲပစ်လိုက်တာလေ။”

ဝန်ထမ်းသည် နှာမှုတ်လိုက်ပြီး

“မင်းကလိမ်တောင်လိမ်ရဲတယ်”

ဆင်းရဲသည့် ကုန်းပတ်ပေါ်မှ ပစ်ချခံလိုက်ရသည့် လူသည် ကြက်သေသေသွားပြီး စိတ်တိုစွာထွက်သွားသည်။ 

ကျန်းလော်နောက်မှ ဝန်ထမ်းတစ်ယောက်သည် ကျန်းလော်တို့ကို ပြောလိုက်သည်။

“သူ့နာမည်က ချန်လိတဲ့ ဒီလူက ဒီသင်္ဘောပေါ်က ဒေါသအကြီးဆုံးလူပဲ သူ့မိန်းမနှင့် ကလေးကို ပစ်သွားတာလေ ပြီးတော့လဲ လူဆင်းရဲတွေကိုဆို အမြဲတမ်းအနိုင်ကျင့်သေးတယ် တချိန်လုံးလိမ်ညာနေတတ်တဲ့ ဆန်ကုန်မြေလေးကောင်ပါဗျာ တစ်ခုခုလိုရင် သူ့ကိုမခေါ်တာပဲကောင်းလိမ့်မယ်”

ချန်လိသည် ရေထဲသို့ တံတွေးထွေးချလိုက်ပြီး ကျိန်ဆဲကာ ထွက်သွားသည်။ ကျန်းလော်နှင့်ကောကျူသည် ထိုအဖြစ်အပျက်ပြီးသည်အထိ ကြည့်လိုက်ပြီးမှ နောက်ဘက်ရှိ ဝန်ထမ်းကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။ လမ်းတွင် ကောကျူက မေးသည်။

“ကျန်းလော် အဲ့ဒီဒုတိယ ကပ္ပတိန်ဝင်စတန်က မင်းကိုတကယ်ကြီး အသားယူတာလား”

ထိုမေးခွန်းကြောင့် ခုနကထိ ဒေါသတရှူးရှူးထွက်နေသော ကျန်းလော်သည် မထင်မှတ်ထားစွာပြုံးလိုက်သည်။ သူသည် မထင်မှတ်ထားစွာပင် မကောင်းဆိုးဝါး၏လျှို့ဝှက်ချက် တစ်ခုကိုသိလိုက်ရသည်လေ။ လျှို့ဝှက်ချက်ဆိုတာထက် ဟာသတစ်ခုလို့ပြောရမလားတောင် မသိပေ။ မကောင်းဆိုးဝါးသည် သူ့ကို တပ်မက်သော်လည်း သူ့ကိစ္စကို ဘယ်လိုဖြေရှင်းရမှန်း သိပုံမရပေ။ သူစမ်းသပ်ကြည့်ရသလောက်ဆိုလျှင် မကောင်းဆိုးဝါးသည် သူ့ကို မြူဆွယ်နိုးဆွပြီးနောက်တွင် ဘာဆက်လုပ်ရမှန်း လုံးဝကို မသိပေ။ သူသည် ကာမကိစ္စကို လက်ထဲထည့်ပြီးတောင် မဖြေရှင်းတတ်ချေ။ မကောင်းဆိုးဝါးသည် ငြင်ငြင်သာသာပြုံးနေသေည်လည်း ကျန်းလော်သည် ထိုသူမှာ မည်းမှောင်နေပြီး ပြောမပြနိုင်သော ဒေါသကို ခံစားနေရမှန်းသိနေသည်။ 

‘ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ’

မကောင်းဆိုးဝါးချီယုံသည် စွမ်းအားအလွန်ကြီးပြီး တစ်ချိန်ထဲတွင် နေရာအနှံ့အပြား၌ ရှိနေနိုင်ပြီး အလွန်ဩဇာရှိသည်။ ထိုသို့သော ချီယုံသည် ချီမိသားစုစည်းကမ်းဘောင်များကြားတွင် ကြီးကြီးမားမားကိစ္စများ လုပ်နေရင် အချစ်ရေးကို လေ့လာဖို့ အချိန်မရှိခဲ့ပေ။ ကျန်းလော်သည် ထိုအကြောင်းကို သိလိုက်ရသောကြောင့် အကျယ်ကြီး အော်ရယ်မိမတတ်ဖြစ်နေသည်။ သူသည ချီယုံ့ကို ရယ်ချင်ပြီး သူ့ကို ဒီစကားမပြောခဲ့ရသည်ကို နောင်တရနေသည်။

“ငါမင်းကိုဖာ့ခ်တော့မှာကွ”

သူ့ကို ကြောက်သွားအောင် မလုပ်လိုက်နိုင်သည်ကို နောင်တရနေတော့သည်။ သူသည် သက်ကယ်အဆောင်ကို ထိုနေရာတွင်သုံးလိုက်မိသည်ကို အလွန်ဖြေမဆည်နိုင်ဖြစ်နေသည်။ ထိုအချိန်က ချီယုံသည် သူ့ကို ဘယ်လို ဖာ့ခ်ရမလဲ သိပုံမရချေ။ သူသည် တီဗီထဲမှ စောင်ခြုံပြီးအိပ်ရာပေါ်တက်သည့်အခန်းတချို့သာ ကြည့်ထားပြီး သူ့ကို အဲ့ထဲကအတိုင်းလုပ်မလို့ ဖြစ်မည်။ 

“နှမြောလိုက်တာ နှမြောလိုက်တာ ငါ့ရဲ့သက်ကယ်အဆောင်လေးကို အဲ့လိုအချိန်မှာ သုံးလိုက်မိရတယ်လို့ကွာ”

ကျန်းလော်သည် မအောင့်နိုင်တော့ပဲ ရယ်ချလိုက်သည်။ ကောကျူသည်သူ့ကို အထူးအဆန်းလိုကြည့်နေသည်ကို မြင်လိုက်ပြီး ချောင်းဟန့်လိုက်ကာ သူတို့အခန်းတံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သည်။

“သူ့လုပ်ရပ်တွေက ငါ့ကို မသက်မသာဖြစ်စေတယ်ကွာ ထားလိုက်တော့ အဲ့ကောင်အကြောင်း မပြောနဲ့တော့”

ကောကျူသည် ခေါင်းညိတ်လိုက်ပြီး အခန်းထဲဝင်လိုက်ကာ တံခါးကို ညင်သာစွာပိတ်လိုက်သည်။ သူသည် ဆိုဖာပေါ်သို့ တစ်ကိုယ်လုံးပစ်လှဲလိုက်ပြီး

“ချမ်းသာသလိုဟန်ဆောင်ရတာ ပင်ပန်းလိုက်တာကွာ”

ကောကျူသည် ဗုဓ္ဒသားတော်ဖြစ်ပြီး ကြေးနီများကိုင်ရသည်ကိုတောင် မသက်မသာဖြစ်နေရာ သူသည် ချမ်းသာဟန်ဆောင်ရန် သူ့လည်ပင်းကို နာကျင်စေသော ရွှေကြိုးအတုတ်ကြီးဆွဲထားရသည်။ ကျန်းလော်သည် ဝရန်တာဆီထွက်သွားသည်နှင့် ကောကျူသည် ရွှေချိန်းကြိုးကြီးကို ဆွဲချွတ်လိုက်ပြီး တစ်နေရာသို့ ပစ်လိုက်သည်။ ထို့နောက်နေရကျပ်သော အဝတ်အစားများကို ပျော်ရွှင်စွာချွတ်ပစ်လိုက်သည်၊။ အဝတ်လဲပြီးနောက် ကျန်း‌လော်နားသို့ လျှောက်သွားလိုက်ပြီး ဝရံတာမှ အောက်ငုံ့ကြည့်လိုက်သည်။ လူအုပ်လိုက်ကြီး သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာသည်ကို တွေ့သည်။ 

သူတို့သည် ထိုမြင်ကွင်းကို အချိန်အတော်ကြာကြည့်နေကြပြီး ကောကျူကပြောလိုက်သည်။

“ထူးဆန်းလိုက်တာ........”

“ဘာလို့ ကလေးတစ်ယောက်တောင် မတွေ့ရတာလဲ မသိဘူး”

ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး လူအုပ်ကြီးကို သေချာလိုက်ကြည့်လိုက်ကာ

“တကယ်ပဲ ကလေးတွေမပါဘူးပဲ”

ကောကျူမျက်လုံးများသည် ရုတ်တရက်တောက်ပလာပြီး သူသည် တစ်နေရာသို့ ညွှန်ပြလိုက်သည်။

“ကြည့် ဟိုမှာ ဝမ်ယမ်လန်နဲ့ တခြားသူတွေ သူတို့ သင်္ဘောပေါ်တက်လာနေပြီ”

ကျန်းလော်သည် ထိုနေရာကိုကြည့်လိုက်ရာ အရပ်သားဝင်‌ပေါက်တွင် သူတို့သူငယ်ချင်းများကို တွေ့လိုက်သည်။ သူတို့သည် အခန်းအတွင်းသို့ ပြန်ဝင်လာသည်။ ကောကျူသည် ကော်ဖီစားပွဲပေါ်တွင် ဘူးအနက်ရောင်နှင့် ဖိတ်စာတစ်စောင်ကို တွေ့လိုက်သည်။ 

“ကျန်းလော် ဒီမှာ ကပွဲဖိတ်စာကွ”

ကျန်းလော်သည် သူ့နားထိလျှောက်သွားလိုက်ပြီး ဖိတ်စာကို ယူပြီးဖတ်ကြည့်လိုက်သည်။ Angonese သင်္ဘောကြီး၏ကုန်းပတ်ပေါ်တွင် မီးရောင်မရှိသော်လည်း လူချမ်းသာများရှိရာဘက်တွင် လင်းထိန်နေသည်။

ဒီနေ့ညနေ Angonese သင်္ဘောကြီးရွက်လွှင့်မည်ဖြစ်ပြီး ထိုညနေမှာပဲ ကပွဲကျင်းပမှာ ဖြစ်သည်။ ထိုကပွဲသည် ချမ်းသာသူရော ပုံမှန်သူများပါ တက်ရောက်နိုင်သည်။ သို့သော် ထူးဆန်းသော စည်းကမ်းချက်တစ်ခုရှိသေးသည်။

ချမ်းသာသူများသည် မျက်နှာတစ်ဝက်ဖုံးသော မျက်နှာဖုံးဝတ်ရမည်ဖြစ်ပြီး ပွဲမစခင်တွင် ပုံမှန်လူများနှင့် မဲနှိုက်ရမည်ဖြစ်သည်။ အကယ်၍ ချိန်းကြိုးပုံပါသော ကတ်ကိုဆွဲမိလျှင် ‘အစေခံ’ဖြစ်လိမ့်မည်။ သခင်များသည် အစေခံများကို သဘောကျရွေးချယ်လို့ရပြီး အစေခံများကတော့ သခင်များကို ငြင်းဆိုမရချေ။ စည်းကမ်းချက်သည် ပြတ်သားသည် ။ သို့သော် ဖိတ်စာဝေထားသော်လည်း မဖြစ်မနေတက်ရမည်မဟုတ်ပေ။ သို့သော် ထိုအချက်ကို ထည့်သွင်းထားလျှင်တောင် ပွဲတက်မည်ဆိုလျှင် စည်းကမ်းချက်ကို လိုက်နာရမည်ဖြစ်သည်။ ကျန်းလော်သည် အတွေးများသွားသည်။

“မင်းအခန်းထဲမှာလဲ ဖိတ်စာရှိလောက်မယ်ထင်တယ် ကောကျူ”

ကောကျူသည် သူ့အခန်းသို့သွားကြည့်လိုက်ရာ မကြာမီတွင် တူညီသော ဖိတ်စာနှင့် ငွေရောင်ဘူးကို ပိုက်ပြီး ကျန်းလော်အခန်းထဲသို့ ဝင်လာသည်။ 

“မင်းပြောသလိုပဲ ငါ့ဖိတ်စာမှာလဲ တစ်ပုံစံထဲရေးထားတယ်ကွ”

သူတို့နှစ်ယောက်သည် ဘူးကိုဖွင့်ကြည့်ကြသည်။ ဘူးထဲတွင် သူတို့မျက်နှာတစ်ဝက်ဖုံးရန် မျက်နှာဖုံးတစ်ခုစီထည့်ထားသည်။ ကျန်းလော်ဘူးထဲတွင်အနက်ရောင် မျက်နှာဖုံးတစ်ခုထည့်ထားသည်။ မျက်နှာဖုံးဘေးဘက်တွင် ပတ္တမြားနှင့်ပုံဖော်ထားသော မီးတောက်ကဲ့သို့နီရဲနေသော နှင်းဆီပွင့်တချို့နှင့် အလှဆင်ထားကာ နားရွက်ချိတ်ရန်နေရာတွင် ငှက်မွှေးများထည့်ထားပြီး အနောက်တိုင်း ဒဏ္ဍာရီထဲမှ ထွက်လာသလို ဆန်းကြယ်စွာလှပနေသည်။ သူသည် မျက်နှာဖုံးကို ညင်သာစွာကိုင်ကြည့်လိုက်ပြီး ကောကျူဘက်သို့ လှည့်ကြည့်လိုက်သည်။

ကောကျူ၏ငွေရောင်ဘူးထဲတွင် တော်တော်ရိုးရှင်းသော ငွေရောင်မျက်နှာဖုံးတစ်ခု ရှိနေသည်။ ကောကျူသည် မသေမချာနှင့်

“ကျန်းလော် ငါတို့ ဒီညပွဲတက်မှာလား၊ ဒီမဲနှိုက်ရမဲ့ စည်းကမ်းချက်ကြီးက သိပ်မကောင်းဘူးထင်နေတယ်ကွာ”

“အကောင်းဘက်ကပဲ အကုန်တွေးမနေပါနဲ့ကွာ ငါကတော့ သွားမှာ”

ကျန်းလော်သည် ပုခုံးတွန့်လိုက်ပြီး ဒီစည်းမျဉ်းအကြောင်းသိချင်လာပြီး 

“ဒီသင်္ဘောကြီးရဲ့ လျှို့ဝှက်ချက်ကို သေချာပေါက်ဖော်ထုတ်မယ်၊ ဘယ်လိုတောင်‌သွေးစွန်းပြီးကြောက်စရာကောင်းနေလို့လဲ ဆိုတာ သိအောင်လုပ်ရမယ်။ ကပွဲက ငါတို့ကို လုယုံရိတို့နဲ့ တွေ့ရမဲ့ အခွင့်အရေးပဲကွာ တက်ကို တက်ရမယ်”

ကောကျူသည် သက်ပြင်းချလိုက်ပြီး စိတ်ပူစွာ

“ကောင်းပြီးလေ ငါတို့ ကောင်းတဲ့ကတ်ပဲ ဆွဲမိဖို့ ဆုတောင်းရတော့မှာပဲ”

ကျန်းလော်၏ စိတ်လှုပ်ရှားမှုသည် ထိုစကားကြားပြီးနောက် တန့်သွားသည်။ 

‘ငါသခင်ကတ်ရွေးမိပါ့မလား’

‘ဒါပေမဲ့လူတစ်ယောက်က ဘယ်လိုလုပ်တစ်ချိန်လုံး ကံဆိုးနေမှာလဲ’

ကျန်းလော်သည် ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ 

‘ဒီတစ်ကြိမ်‌တော့ငါကံကောင်းမှာပါ’

‘ငါက လူချမ်းသာဘက်က မဲကိုနှိုက်မှာလေ’

ထိုသို့တွေးလိုက်ပြီး တည်ငြိမ်သွားသည်။ သူတို့အနားယူနေသည့်အချိန်တွင် လုယုံရိတို့သည် သူတို့အခန်းဆီသို့ ဝင်သွားကြသည်။ ပုံမှန်းခန်းများသည် ကျဉ်းသည့်အပြင် နှစ်ထပ်ကုတင်နှင့် တစ်ခန်းကို နှစ်ယောက်နေရသည်။ တစ်ခန်းလျှင် ရေသန့်သုံးဘူးသာ အလကားပေးသည်။ လုယုံရိနှင့် ရယ်ရွှင်က တစ်ခန်း၊ ဝမ်ယမ်လန်နှင့် ကျိုးကျုံးချိုးက တစ်ခန်းနှင့် စိုင်လောင်အာနှင့် ခွမ်ကျိန်းက တစ်ခန်းဖြစ်သည်။ သူတို့သည် အခန်းထဲသို့ ပစ္စည်းများထည့်ပြီး အခန်းရှေ့ထွက်ကြည့်သောအခါ လူများအခန်းရှာနေကြသည်ကို တွေ့သည်။ 

“ဒီမှာ ဒီမှာတွေ့ပြီ ဟေးမင်းအခန်းမှားနေပြီလေ”

“ဘယ်သူ့ဖိနပ်ကျန်ခဲ့တာလဲဟေ့ ပြန်လာယူစမ်း”

ဆူညံနေသောအသံများကြောင့် လူခြောက်ယောက်သည် သူတို့ထဲက တစ်ခန်းအတွင်းဝင်သွားကြရာ ဖိတ်စာကို တွေ့လိုက်သည်။ ကျိုးကျုံးချိုးက မေးလိုက်သည်၊

“သွားချင်ကြလား”

ဝမ်ယမ်လန်သည် ဖိတ်စာကို သေချာဖတ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ 

“အင်း ငါလည်းသွားသင့်တယ်လို့ ထင်တယ်”

ကျိုးကျုံးချိုးက ပြောလိုက်သည်။  ထို့နောက်သူမသည် အိပ်ရာထောင့်တွင် သွားထိုင်ပြီး

“ငါခုနက လျှောက်ကြည့်မလို့ဟာကို မျက်နှာထားတင်းတင်းနဲ့ ဝန်ထမ်းတစ်ယောက်က တားတာ၊ ကုန်းပတ်ခေါင်းပိုင်းကို ဇွတ်ဝင်ဖို့လုပ်တော့လဲ သူတို့က ဒီနေရာက လူချမ်းသာတွေအတွက် သတ်မှတ်နေရာတဲ့ ငါတို့ ဝင်မရဘူးတဲ့”

“ဘယ်လိုတောင် ခွဲခြားတာလဲဟ”

လုယုံရိသည် ပွစိပွစိပြောလိုက်သည်။

“ဒီလောက်လူတွေအများကြီးရှိတာ ပူးပေါင်းပြီး ဒီခွဲခြားတဲ့ကောင်‌တွေကို ဆွဲဖြဲပစ်လိုက်ကြမလား”

“အဲ့လိုလုပ်လိုက်ရင် မကောင်းလောက်ဘူးထင်တယ်”

ဝမ်ယမ်လန်သည် ပြုံး၍ ပြောလိုက်သည်

“ပုံမှန်အရပ်သားတွေက သင်္ဘောဆီ ပိုက်ဆံအများကြီးရလို့လာတာလေ။ ပြီးတော့ အပျော်စီးသင်္ဘောက ဒီတိုင်းပင်လယ်ထဲ ခနလောက်သွားပြီး ပြန်လာမှာပဲဟာ သူတို့အတွက်ဘာအကျိုးအမြတ်မှ မရှိဘဲ ဒီတိုင်းသေသွားနိုင်တဲ့နေရာကို လာမလဲ”

ခွမ်ကျိန်းက ရုတ်တရက်ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က သေသွားနိုင်တယ်ဆိုတာကို မသိရင်ရော”

“အဲ့ဒါလည်း ဟုတ်တာပဲ”

ဝမ်ယမ်လန်သည် လက်ချောင်းများကစားနေပြီး

“ဒီည ကပွဲမှာ လူတွေကို နှစ်ဖွဲ့ခွဲပစ်လိုက်လိမ့်မယ်၊ သခင် နဲ့ အစေခံဆိုပြီးတော့ ဒီစကားစုနှစ်ခုက အများကြီး အဓိပ္ပာယ်ရှိနိုင်တယ်၊သေချာတာက ဒီပေါ်က ဆင်းရဲတဲ့အရပ်သားတွေက လူချမ်းသာတွေရဲ့ မျက်လုံးထဲမှာ အစေခံတွေပဲ  ဆင်းရဲတဲ့သူတွေက ဒီသင်္ဘောဘယ်သွားမယ်ဆိုတာတောင်မသိတာ သူတို့ကိုဘာလုပ်မလဲ သိဖို့က လုံးဝမဖြစ်နိုင်ဘူး”

“နောက်ပြီးတော့ ငါတို့ ဗွီအိုင်ပီဧရိယာအကြောင်း ဘာမှမသိရသေးဘူး ကျုံးချိုးပြောသလိုဆိုရင် ဗွီအိုင်ပီဧရိယာကို အရပ်သားတွေ လုံးဝအဝင်မခံဘူးဆိုတော့ ငါတို့ကျန်းလော်ကို သွားရှာလို့ မရ‌တော့ဘူး၊ ငါတို့ဆီ သူတို့လာရှာအောင်ပဲစောင့်ရတော့မှာပဲ၊ ဆိုတော့ ကပွဲက ငါတို့ သူတို့နဲ့တွေ့နိုင်မယ့် တစ်ခုထဲသော နေရာပဲ ”

စိုင်လောင်အာသည် နားလည်ကြောင်းခေါင်းညိတ်လိုက်သည်။ 

“ငါတို့လည်း သခင်ကတ်ဆွဲလို့ရမှာလား”

ရယ်ရွှင်ကပြန်ပြောလိုက်သည်

“ကံကောင်းရင်တော့ ဆွဲနိုင်မှာပေါ့”

ကပွဲသည် လူချမ်းသာများကို ဖျော်ဖြေရန်လုပ်ထားကြောင်း သိသာသည်။

Angonese သင်္ဘောကြီးသည် စတင်ရွက်လွှင့်ပြီဖြစ်ပြီး တဖြည်းဖြည်းကမ်းခြေမှ ဝေးလာသည်။ ဆိပ်ကမ်းရှိရေများသည် နေဝင်ဆည်းဆာကြောင့် ရွှေရောင်တောက်ပြီး လင်းလက်နေသည်။ ထို့နောက် ချက်ချင်းကြီး အပြာရောင်ဖြစ်သွားသည်။ သင်္ဘောပေါ်တွင် စင်ရော်ငှက်များရစ်ဝဲနေသည်။ လေတိုက်နေသောကြောင့် ကျန်းခလာ်ရှပ်အင်္ကျီသည် တဖတ်ဖတ်မြည်နေကာ လေထဲလွင့်နေသည်။ သူကဲ့သို့ ကုန်းပတ်ပေါ်ရပ်နေသူအမြားအပြားရှိကာ လူတိုင်းလိုလို လက်ရန်းကိုကိုင်ပြီး ပင်လယ်ရှုခင်းကို ကြည့်နေကြသည်။  သင်္ဘောသားအချို့သည် သက်ကယ်ဘောကွင်းနှင့် ကြိုးများကို စစ်ဆေးနေကြသည်။ ပင်လယ်ထဲတွင် အချိန်ကရပ်တန့်သွားသလိုမျိုး မည်သို့ရှင်းပြရမှန်းမသိစွာ အချိန်သည် ပုံမှန်မဟုတ်တော့ပေ။

လူချမ်းသာအခန်းတွှင် နာရီ၊ သတင်းစာ မဂ္ဂဇင်းနှင့် အခြားအပျင်းဖြေရန်ကစားနည်းမျိုးစုံရှိသည်။ ကျန်းလော်နှင့် ကောကျူသည် အချိန်ကုန်မြန်စေရန် ဂိမ်းကစားနေကြပြီး ဘူဖေးသွားစားကြသည်။ ၇နာရီထိုးခါနီးတွင် သူတို့သည် ကပွဲသွားရန် ပြင်ဆင်ကြသည်။ ညအချိန်တွင် တိမ်များဖုံးနေပြီး ကြယ်များကို မမြင်ရပေ။ ကပွဲခန်းမသည် မီးထိန်ထိန်လင်းနေပြီး လူများသည် ပျော်ရွှင်စွာ သောက်စားနေကြသည်။ ကျန်း‌လော်နှင့်ကောကျူတို့သည် မျက်နှာဖုံးကိုယ်စီတပ်လိုက်ပြီး ကပွဲထဲဝင်သွားသည်။ စားပွဲထိုးတစ်ယောက်သည် သူတို့မျက်နှာဖုံးကိုမြင်ပြီး ပျာပျာသလဲ လျှောက်လာကာ လေးစားစွာဖြင့် မဲပုံးကို စားပွဲပေါ်တင်ပေးလိုက်ပြီး

“ဧည့်သည်တော်နှစ်ယောက် ကျေးဇူးပြုပြီး..”

ကျန်းလော်သည် ကောကျူကို ကြည့်လိုက်ပြီး သူ့ကိုအရင် နှိုက်ခိုင်းလိုက်သည်။ ကောကျူသည် အလျင်စလိုဖြစ်သွားပြီး ‘ဖုရှန်းသည်သာလျှင် အကြီးမြတ်ဆုံးအရာဖြစ်သည်’ ဟုတွေးပြီး မျက်လုံးမှိတ်ကာ နှိုက်လိုက်သည်။ 

ကျန်းလော်က မေးလိုက်သည်၊

“ဘာတဲ့လဲ”

ကောကျူသည် မျက်လုံးတစ်ဖက်ဖွင့်လိုက်ပြီး ကတ်ကိုလှန်ကြည့်လိုက်သည်။ သူသည် ကတ်ကိုကြည့်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“သရဖူကတ်”

ဆိုလိုသည်မှာ ကောကျူသည် သခင်ကတ်ကို ဆွဲမိသွားသည်။

ကျန်းလော်သည် ကောကျူလက်ထဲမှ ကတ်ကို နှစ်ခါလောက်ပြန်ကြည့်လိုက်ကာ စိတ်ဓာတ်ကျသည့်အတွေးများပေါ်လာပြီး စားပွဲထိုးကိုကြည့်လိုက်ကာ

“တစ်ယောက်ယောက်များဒီပုံးထဲကနေ အစေခံကတ်ဆွဲမိပြီးပြီလား”

စားပွဲထိုးသည် ပြုံးလိုက်ပြီး

“တစ်ယောက်မှ မဆွဲမိသေးပါဘူး”

ကျန်းလော်သည် ခနလောက်သက်သာသွားပြီး မဲနှိုက်ဖို့ လက်ထည့်လိုက်သည်။ ထိုအချိန်တွင် တခြားလက်တစ်ဖက်သည် သူနှင့် ပြိုင်တူ ပုံးကို နှိုက်လိုက်သည်။ အဖြူရောင်လက်အိတ်စွပ်ထားသော လက်ချောင်းများသည် ကျန်းလော်လက်ကို လာကိုင်သည်။ ကတ်တစ်ကတ်ထဲကို ပြိုင်တူဆွဲပြီး လုနေကြသည်။ ကျန်းလော်သည် သူ့နောက်ကို လှည့်ကြည့်လိုက်သည်။ ဖြူစွတ်နေသော မျက်နှာဖုံးကို ဝတ်ထားသော လူသည် နှာတံမြင့်မြင့်နှင့် ဖြူဖျော့သော မေးရိုးက အနည်းငယ်ရင်းနှီးနေသောသည်။ သူသည် နှစ်လိုဖွယ်ပြုံးပြလာပြီး နက်ပြာရောင် မျက်ဝန်းတို့က ကျန်းလော်မျက်လုံးကို တည့်တည့်စိုက်ကြည့်နေသည်။ 

“ဒုကပ္ပတိန်”

စားပွဲထိုးသည် ဦးညွတ်လိုက်ပြီး

“တပြိုင်တည်း နှစ်ယောက်နှိုက်လို့ မရပါဘူး”

“ရှူးးး”

ထိုလူသည် နှုတ်ခမ်းပေါ် လက်ညိုးတစ်ချောင်းတင်ပြလိုက်ပြီး

“မင်းဘာမှ မမြင်ဘူး အိုကေ”

စားပွဲထိုးသည် စကားပြောရပ်သွားပြီး ထိုလူကို မမြင်သလို ပြန်ရပ်နေလိုက်သည်။

“ဧည့်သည်တော် ကြည့်ရတာ မင်းကတ်မှားဆွဲမိနေပါပြီ ”

ဒုကပ္ပတိန်သည် ကျန်းလော်ကို ကြည့်လိုက်ပြီး ကသိကအောက်ဖြစ်စေနိုင်သော စကားများပြောလိုက်ပြီး 

“ဒီကတ်ကိုရွေးလိုက်ပါ”

ဘယ်သူမှမမြင်နိုင်သော မဲပုံးထဲတွင် ကျန်းလော်လက်သည် ကတ်ကို အသာလေးပွတ်ကြည့်လိုက်ရာ စက်ဝိုင်းအချို့ကို ကတ်ပေါ်တွင် စမ်းမိသည်”

########################################################