Ch 100
Viewers 8k

အပိုင်း (၁၀၀) 


လှိုင်းအတက်အကျ

မြူနက်များသည် ကော်ရစ်တာတလျှောက်လုံးကို လျင်လျင်မြန်မြန်ပဲ မည်းမှောင်သွားစေသည်။ ထို့နောက် မြူနက်များသည် တံခါးတစ်ခုသို့ရောက်သောအခါ တံခါးကို တွန်းဖွင့်လိုက်သည်။ သစ်သားတံခါးသည် အားနှင့်ရိုက်ခံလိုက်ရသလို နံရံကို ဘန်းခနဲမြည်အောင် တိုက်သွားပြီး မကောင်းဆိုးဝါးမြူနက်များသည် အခန်းထဲသို့ တစိမ့်စိမ့်ဝင်သွားကြသည်။

နံရံသည်ပင် တုန်ခါနေသည်ထင်ရသည်။ ကျန်းလော်ကို အခန်းထဲမှ အိပ်ရာပေါ်သို့ ပစ်တင်လိုက်လေသည်။

အိပ်ရာကြောင့် ကျန်းလော်သည် အနည်းငယ်ကြည်လင်လာသလိုလို ဖြစ်လာသည်။ သူသည် အသံတိုးတိုး ကျိန်ဆဲရင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့လက်များကတော့ အိပ်ရာခင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးများသည် ဒေါသကြောင့် ကြယ်များကဲ့သို့ တလက်လက်တောက်ပနေသည်။ ထို့နောက် အိပ်ရာအစွန်းနားတွင် မတ်တပ်ရပ်နေသော ချီယုံကို မော့ကြည့်လိုက်သည်။

ချီယုံသည် နှုတ်ခမ်းတင်းတင်းစေ့ရင်း မြူနက်ထဲမှ ထွက်လာသည်။ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး အံ့အားသင့်စရာကောင်းလောက်အောင်ပင် အမြဲလိုလို သပ်ရပ်ကျော့ရှင်းနေသော ဝတ်စုံသည် အတော်လေး ဖိုသီဖပ်သီဖြစ်နေသည်။

သူ့ပုံစံသည် အမြန်ထွက်လာရပုံပေါ်နေသော်လည်း လှပကျော့ရှင်းသော ကိုယ်နေဟန်ထားကမူ မပြောင်းလဲသေးပေ။ အနက်ရောင်ဆံပင်များသည် မျက်ခုံးပေါ်ထိ ဝဲကျနေပြီး ချီယုံသည် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်ထားရင်း ကျန်းလော်ကို စိတ်တိုနေတာလားဘာလား မသဲကွဲစွာကြည့်သည်။

ထိုမျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းလော်သည် အံကိုတင်းတင်းကြိတ်ထားသည်။ သူ့အမြင်အာရုံသည် ပူလောင်မှုကြောင့် ဝေဝါးနေကာ ချီယုံ့ကိုကောင်းကောင်းမမြင်ရပေ။ ပြင်းထန်သော မီးတောက်သို့မဟုတ် လှိုင်းမထန်ခင် ငြိမ်သက်နေသော ပင်လယ်ကဲ့သို့ပင် သူ့ခံစားချက်များသည် ခေါင်းစဉ်တပ်မရနိုင်အောင် မရေမရာဖြစ်နေသည်။

မကြာမီ အေးစက်သော အိပ်ရာခင်းသည် ကျန်းလော်ကြောင့် အရောင်တချို့ စွန်းထင်းသွားတော့မည်။ ကျန်းလော်၏ အသက်ရှူသံသည် ကြမ်းတမ်းနေပြီး တည်ငြိမ်အောင် ထိန်းနေကာ

“ဒီအတိုင်း မိန့်မိန့်ကြီး ဆက်ရပ်နေမယ်ဆိုရင် ကျေးဇူးပြုပြီး အခန်းတံခါးပိတ်ပေးခဲ့ပြီး ထွက်သွားပေးပါလား ပြီးရင် အပြင်ကနေ တစ်ယောက်ယောက်ရှာလာပေး ရပ်နေမဲ့အတူတူ မင်းထွက်သွားလိုက်တော့ အိုကေ”

သူ့လည်ချောင်းသည် နာကျင်နေသည်။ သို့သော် လည်စိသည် အထက်အောက်ရွေ့နေကာ ချွေးသီးချွေးပေါက်များ လည်ပင်းတလျှောက် ပုလဲလုံးများကဲ့သို့ အလုံးလိုက် စီးကျနေသည်။ လည်ပင်းသည် ဖြူဝင်းနုဖတ်နေကာ လာကိုက်ပါ လာကိုက်ပါဟု ဖိတ်ခေါ်နေသယောင် ကျော့ရှင်းကာ အရသာရှိပုံပေါ်သည်။ ထို့နောက် ကျန်းလော်က ထပ်ဖြည့်ပြောသည်။

“သန့်သန့်ရှင်းရှင်းနဲ့ နည်းနည်းဖြစ်ဖြစ်ကြည့်ကောင်းတဲ့သူ ရှာပေးနော် မှတ်ထားလား”

ထို့နောက် အနည်းငယ် ယဉ်ကျေးစွာဖြင့်

“ကျေးဇူးပဲ”

စကားဆုံးအောင် ပြောပြီးနောက် မကောင်းဆိုးဝါး၏ အသက်ရှူသံသည် ကြမ်းတမ်းလာပြီး ဘေးမှ ပစ္စည်းများသာ အသက်ရှိလျှင် ကြောက်လွန်းလို့ တုန်နေလောက်သည်။

ကျန်းလော်သည် ဘာမှ သတိမထားမိဘဲ စိတ်တိုနေတုန်းဖြစ်ပြီး မကောင်းဆိုးဝါး၏ မျက်နှာထားကို မြင်သောအခါ မထိန်းနိုင်တော့ဘဲ တွေးမိနေသည်။

‘မင်းက ဘာတွေ သောက်ကျိုးနည်းအောင် လာဒေါသထွက်ပြနေရတာတုန်းကွ’

‘ငါပြောတဲ့ထဲမှာ ဘာများမှားနေလို့လဲ’

ကျန်းလော်၏ စိတ်အာရုံသည် ချာချာလည်နေပြီး မီးတောက်မတတ်ပူခြင်းနှင့် ဖျားနာ၍ ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ကြောင့် သူ့တွင် အချိန်မရှိတော့ပေ။ မတိုးသာမဆုတ်သာ အခြေအနေတွင် ချီယုံနှင့် နှစ်ပါးသွားရန် ဆက်လုပ်ရတော့မည့် အခြေအနေဖြစ်နေသော်လည်း မကောင်းဆိုးဝါးက တုပ်တုပ်မျှမလှုပ်ပေ။

‘လုပ်နိုင်ရင် လုပ်နိုင်တယ် မလုပ်နိုင်ရင် မလုပ်နိုင်ဖူးပေါ့ ငါ့ကိုဘာလာပြီး ခန့်မှန်းတဲ့ ဂိမ်းလာကစားခိုင်းနေရတာလဲ ဒင်းက ငါအရမ်းစိတ်ရှည်နေတယ်များ ထင်နေတာလား’

သူ့အသံသည် အနည်းငယ်ဝင်နေပြီး အက်ရှနေကာ

“မင်း ဘာတွေ သောက်ကျိုးနည်း..........”

‘ငါ့ကို တခြားတစ်ယောက်နဲ့ တကယ်ကြီး အချိန်ကောင်းလေး ကုန်ဆုံးခိုင်းတော့မလို့လား’

ကျန်းလော်ဘေးနေရာသည် အိခနဲ နစ်ဝင်သွားသည်။

မကောင်းဆိုးဝါး၏ ခြေတံရှည်ရှည်သည် ကွေးသွားပြီး ကျန်းလော်ခြေထောက်နားတွင် ဒူးတစ်ဖက်ထောက်မနေအထားဖြင့် ကုန်းကြည့်နေသည်။ သူ့မျက်လုံးများသည် မှောင်မဲနေသော ချောက်နက်ကြီးများကဲ့သို့ နက်ရှိုင်းနေကာ အကြည့်များသည် ဆိုးယုတ်မှုနှင့် ရူးသွပ်မှုများ ရောယှက်နေသည်။ ထိုမျက်လုံးများကို ကြည့်လိုက်လျှင် ကြောက်ရွံမှုကြောင့် တစ်ကိုယ်လုံးအေးခဲသွားနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။

သူသည် ကျန်းလော်ကို အုပ်မိုးထားပြီး သူ့လက်နှစ်ဖက်သည် ကျန်းလော်ခေါင်းနားတွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့နောက် သူသည် ကျန်းလော်၏ လက်နှစ်ဖက်ကို ဆွဲယူပြီး အပေါ်မြောက်လိုက်ကာ လက်တစ်ဖက်ထဲဖြင့် ကျန်းလော်လက်များကို ဆုပ်ကိုင်၍ အိပ်ရာနှင့် ကပ်ထားသည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ကျန်းလော်မေးရိုးကို တင်းတင်း ဆွဲညစ်ထားသည်။

ထူးဆန်းစွာပင် သူသည် မြေကြီးစော်နံနေသေးသည်။

ကျန်းလော်၏ အသက်ရှူသံသည် အလွန်မြန်လာပြီး သူ့ကိုယ်သူ ဒုက္ခရောက်နေသည့်ပုံမပေါက်အောင် ထိန်းထားသည်။ သူ့မျက်လုံးများသည် မီးကဲ့သို့ နီရဲတောက်လောင်နေပြီး နှုတ်ခမ်းများကို အချိန်ကြာကြာတင်းတင်းစေ့ထားသောကြောင့် နီရဲနေသေးသည်။ သူ့မျက်လုံးများထဲတွင် လိုအင်ဆန္ဒနှင့် အကြောင်းပြချက်ပေးရမည့်အကြောင်း ဒွိဟ ဖြစ်နေသည်။

သူ့အကြည့်များသည် ချီယုံကို မဝံ့မရဲဖြစ်သလို ရှက်ကြောက်နေသလို ကြည့်နေပုံသည် ချီယုံ့အတွက် လူငယ်လေး၏ မေးရိုးကို ကျိုးကျေသွားအောင် ညစ်ပစ်ချင်လာစေပြီး တစ်ကိုယ်လုံး မျိုချထားလိုက်ချင်တော့သည်။

ကျန်းလော်၏ အရေပြားသည် အလွန်ပူနေသော်လည်း မကောင်းဆိုးဝါးကတော့ ရေခဲတမျှ အေးစက်နေသည်။

“ကိုယ်မင်းကို တကယ်ပဲ သတ်ချင်လိုက်တာကွာ”

မကောင်းဆိုးဝါးသည် ကျန်းလော်ကို ဒီတိုင်း ဘာမှလုပ်ချင်စရာမရှိသည့် မှဲ့တစ်လုံးကဲ့သို့ ထူးမခြားနားစွာ ငုံ့ကြည့်နေသည်။ သူ့အသံသည်လည်း ပုံမှန်အတိုင်း စိတ်လှုပ်ရှားမှုကင်းမဲ့နေသည်။

“တစ်ခါလေး နေမကောင်းလိုက်တာနဲ့ ဒီလိုအားနည်းသွားရတယ်လို့ ကိုယ့်လက်ထဲမှာပဲ ပထမဆုံးသေအောင် လုပ်လိုက်ချင်တော့တယ်”

တစ်ယောက်သည် သူ့အောက်မှသူ၏ နှိုးထဆာလောင်လာသော စိတ်ဆန္ဒကို လစ်လျူရှုထားပြီး ကျန်းလော်ကို ညစ်ထားသည့် အားသည် အလွန်ပြင်းထန်လာကာ မကောင်းဆိုးဝါးသည် သူပြောတာ မှန်တယ်ပဲ ထင်နေသည်။

ကျန်းလော်သည် ခေါင်းကို အနောက်သို့ ယိမ်းလိုက်သည်။ ခြေလက်များသည် အလွန်အားနည်းနေသောကြောင့် မကောင်းဆိုးဝါးကို ရုန်းကန်ရန် အင်အား မရှိချေ။ သို့သော် ဒီအချိန်တွင် မကောင်းဆိုးဝါးကို ရုန်းကန်ရန် စိတ်မဝင်စားပေ။

မှိုင်းထိုင်း မူးဝေလာခြင်းသည် တစ်စထက်တစ်စ ပိုပို ဆိုးလာသည်။ သူ့ခေါင်းတစ်ခုလုံး ချာချာလည်နေသလို သူ့တစ်ကိုယ်လုံးကို အလေးတုံးကြီး ပိကျနေသလို မီးလောင်နေသည့်နေရာတွင် ပိတ်မိပြီး အောက်ဆီဂျင်ပြတ်လာသိလို မူးဝေလာသည်။

‘ပူတယ်’

‘ငါ့အခက်အခဲကို မဖြေရှင်းပေးနိုင်ရင် ထွက်သွားဟေ့ကောင်’

မကောင်းဆိုးဝါးသည် သူ့ကိုယ်သူပြောနေသလို ပွစိပွစိရွတ်နေသည်။

“ဒီလိုအရှုံးသမားတွေကတောင် မင်းကို ဒီလိုအမှိုက်ဖြစ်အောင် လုပ်နိုင်နေတယ် ကိုယ်မင်းကို စိတ်ပျက်မိတယ်ကွာ ကိုယ်မင်းနဲ့ပတ်သက်ပြီး တွေးမိထားတာတွေက မှားများမှားနေလား မင်းက ကိုယ့်ပြိုင်ဘက် မဖြစ်ထိုက်တော့ဘူးလို့ မြင်လာပြီ”

ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ နှုတ်ခမ်းများသည် မီးထတောက်တော့မလို နီရဲနေပြီး သူ့လည်ပင်းနှင့် လိပ်ပြာရိုးတို့မှာ မကောင်းဆိုးဝါး၏ နှာခေါင်းအောက်နားတွင် ပူလောင်နေသည်။

မကောင်းဆိုးဝါး စကားပြောနေလေ သူ့နှလုံးသားထဲမှ မီးတောက်သည် ပိုမိုပူပြင်းလာပြီး ရန်လိုလာသလို ခံစားရသည်။ သို့သော် မကောင်းဆိုးဝါး သူ့အပေါ်တွင် စကားပြောနေသည်ကပင် ထူးဆန်းစွာ သူ့ကို အနည်းငယ် သက်သာလာစေသလို ခံစားရသည်။ ထိုသို့ဆိုသော်လည်း ကျန်းလော်သည် အထဲမှ မီးတောက်မတတ်ဖြစ်နေသောကြောင့် သောက်စကားများနေသော မကောင်းဆိုးဝါးကို ကြည့်၍ စိတ်တိုလာပြန်သည်။

ဘာလို့ စိတ်တိုလာရတာလဲ

မကောင်းဆိုးဝါးသည် လက်ကို မထိန်းချုပ်နိုင်ဘဲ ကျန်းလော်နှုတ်ခမ်းကို သွားပွတ်သပ်နေမိသောကြောင့် မကျေနပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းလော်၏ ပါးစပ်ကို လက်မနှင့် တွန်းဖွင့်သည်။ သူ့သွားများသည် ဖြူဖွေးနေပြီး လျှာသည် နီရဲတောက်ပနေသည်။ ထိုအချိန်တွင် ကျန်းလော်သည် မကောင်းဆိုးဝါး၏ လက်ချောင်းကို ကိုက်ပစ်လိုက်သည်။

ကျန်းလော်သည် တိုးဖွအက်ရှနေသော အသံဖြင့်

“သွား ထွက်သွား ငါမင်းကို နည်းနည်းမှ မလိုချင်တော့ဘူး”

‘အရမ်းပူလာပြီ ဒီကောင့်ကို ပြောရတာ ဒုံးဝေးလိုက်တာ’

(T/N: ယူတို့ ကိုကြီးကျန်းက ပူစီတော့ခ် လို့ သုံးထားပါတယ် *ပူစီတော့ခ် အဓိပ္ပာယ်ကို သိချင်ရင် အာဘန် ဒစ်ရှင်နရီမှာ သွားရှာကြည့်ပါလို့ * အိုင်တော့ အဲ့အဓိပ္ပာယ်သွားရှာပြီး လက်လန်သွားပါတယ်)

‘ငါတို့က အိပ်ရာပေါ်မှာ လှဲပြီး အေးအေးဆေးဆေး စကားပြောနေရအောင် ရင်းနှီးမနေဘူး အိုကေ’

‘မင်းမလုပ်ချင်ရင် ငါ့ကို ခံစားချက်ကောင်းလေး မပေးချင်ရင် ကောင်းအောင်လုပ်ပေးမဲ့ လူ ရှာလာခဲ့လေ’

သူ့စိတ်ထဲမှာ ပြောနေသော စကားများကို အပြင်မှာ မကြားနိုင်သော်လည်း အခန်းထဲမှ အပူချိန်သည် ရုတ်တရက် ထိုးကျလာသည်။ ထို့နောက် ကျန်းလော်၏ နားအဖုလေးသည် နာကျင်သွားရသည်။ သူ့ကို ဝါးစားမတတ်ဖြစ်နေသော စိတ်ခံစားမှုပြင်းထန်နေသော အသံကို ဖုံးဖိ၍ သွားကြားထဲမှ ထွက်လာသော အသံဖြင့်

“ဒါဆို မင်းက ဘယ်သူ့ကိုမှ စိတ်ဝင်စားနေတာလဲ”

ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး နာကျင်မှုကြောင့် အမြင်အာရုံ ပြတ်သားလာသည်။

မကောင်းဆိုးဝွး၏ အသံသည် တင်းထားသည့်ကြိုးပြတ်ထွက်သွားသလို ဖြစ်နေပြီး သူ့မျက်လုံးထဲတွင် မီးတောက်နက်များ တောက်လောင်နေကာ နောက်ထပ်စကားတစ်ခွန်းမှ ထပ်မပြောဘဲ ကျန်းလော်လည်ပင်းကို အနမ်းမမြည်စွာ ကုန်းနမ်းလိုက်သည်။ တကယ်ကြီး အနမ်းမဟုတ်ဘဲ တတိတိကိုက်ဝါးနေခြင်း ဖြစ်သည်။

ကျန်းလော်သည် ခေါင်းစောင်းလိုက်ပြီး သူ့ကို နမ်းနေစေလိုက်သည်။ ထိုခနလေးတွင် ကျန်းလော်သည် ချီယုံနှင့် လုပ်ခဲ့လျှင် ကောင်းမှာလား ဆိုးမှာလား သိချင်လာပြန်သည်။

သို့သော် နောက်ထပ် သူသဘောပေါက်လိုက်သည်မှာ ကောင်းကောင်းဆိုးဆိုး သူနှင့် ချီယုံသည် ရန်သူအဖြစ်မှ မိတ်ဆွေအဖြစ် ပြောင်းရန် အခွင့်အရေးလုံးဝမရှိနိုင်ကြောင်း ဖြစ်သည်။

ချီယုံသည် ဒီလိုအိပ်ရာပေါ်မှ ကိစ္စလောက်ဖြင့် သူ၏ အကျင့်နှင့် ရည်မှန်းချက်ကို မေ့ပစ်မည့်သူ မဟုတ်ချေ။ သူကလည်း ချီယုံအရင်က လုပ်ခဲ့သည့် ကိစ္စများကို ခွင့်လွတ်နိုင်မှာ မဟုတ်သောကြောင့် နောက်ကိစ္စနောက်မှ ရှင်းရန် ဆုံးဖြတ်လိုက်သည်။

သူသည် ချီယုံ့ကို ဒီတိုင်း အဆင်ပြေသက်သာရန် ပစ္စည်းတစ်ခုအဖြစ်သာ အသုံးချလိုက်မည်ဖြစ်ပြီး သက်သာသွားလျှင် လွတ်ပစ်လိုက်မည် ဖြစ်သည်။ သူစွန့်ပစ်လိုက်လို့လည်း ဘယ်သူကမှလည်း လာနှောက်ယှက် ဝင်စွက်ဖက်လိမ့်မည် မဟုတ်ချေ။

နောက်ဆုံးတော့ ကြောက်ရွံ့နေသော ခံစားချက်များသည် ကျန်းလော်အတွက် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် ချီယုံသူ့အပေါ် ဘယ်လို ခံစားချက်ရှိလဲတော့ သူ သိချင်သေးသည်။

ချီယုံ့ကို ကောင်းကောင်းသိသောကြောင့် ဒီလူ သူ့ဆီလာသည်မှာ သူ့ကိုထိုင်ဟားဖို့ ဖြစ်နိုင်သည်ဟု သူထင်မိသည်။

ကျန်းလော်သည် မကောင်းဆိုးဝါးကို ဖိနှိပ်အနိုင်ကျင့်ချင်လျှင်တောင် သူသည် လေ့ကျင့်ထားပြီး အကင်းပါးသူဖြစ်သောကြောင့် ဤကဲ့သို့ ဆေးခတ်ခံရပြီး အားနည်းဖျားနာနေသော အခြေအနေတွင် မကောင်းဆိုးဝါးကို ရန်စလို့ မဖြစ်မှန်း နားလည်သည်။

အောက်ထပ်ဆင်းရမည်ဆိုလျှင်တောင်မှ သိက္ခာကျသည်ဟုမတွေးမိတော့ဘဲ ဆေးစွမ်းပြယ်ပြီး သက်သာလာစေမည်ဆိုလျှင် ကျန်းလော်သည် နာနာခံခံ အောက်ထပ်ဆင်းပေးလိုက်မည်ဖြစ်သောကြောင့် ယခု မကောင်းဆိုးဝါးအောက်တွင် ငြိမ်ငြိမ်လေး လှဲနေပေးသည်။

ကျန်းလော်သည် လည်ပင်းမှနာကျင်မှုကို တောင့်ခံနေသည်။ သို့သော် ထပ်၍ သည်းမခံနိုင်တော့ဘဲ အားကုန်သုံး၍ မကောင်းဆိုးဝါးကို တွန်းလွတ်လိုက်ပြီး အိပ်ရာပေါ်မှထကာ ရေချိုးခန်းဆီသို့ သွားလိုက်သည်။

အိပ်ရာပေါ်မှ တွန်းချခံလိုက်ရသော မကောင်းဆိုးဝါးသည် မဆိုသလောက်လေး အသက်ရှူသံ ပြင်းနေသည်။ မတ်တပ်ရပ်လိုက်ပြီး ကျန်းလော်နောက်ကျောကို စိုက်ကြည့်နေကာ ကျန်းလော်နောက်သို့ လိုက်သွားသည်။

သူတို့နှစ်ယောက်သည် အလျင်လိုနေပုံမပေါ်သော်လည်း နှေးကွေးနေကြသည်တော့ မဟုတ်ပေ။

ကျန်းလော်၏ ဘလောက်စ်အင်္ကျီသည် ရေချိုးခန်းတံခါးရှေ့တွင် ပစ်ချခံလိုက်ရသည်။ ချီယုံသည် ထိုအင်္ကျီကို ကောက်ပြီး တံခါးပွင့်နေသော ရေချိုးခန်းကို ကြည့်လိုက်သည်။ တံခါးကို ကျော်ပြီး အထဲကို ကြည့်လိုက်သောအခါ ကျန်းလော်၏ ဘောင်းဘီသည် ရေချိုးခန်းကြမ်းပြင်တွင် အပုံလိုက်လေး ရှိနေသည်။

ချွတ်ထားသော ဘောင်းဘီလုံးရှေ့တွင် ဆံပင်အနက်နှင့်လူငယ်လေး၏ ခြေဗလာသည် ကြာဖူးပုံကြွေပြားကို နင်းထားသည်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို စက္ကန့်အနည်းငယ်လောက် တောင့်တောင့်ကြီး ကြည့်နေမိပြီး လွတ်နေသော နှလုံးနေရာမှ တဒုတ်ဒုတ်ခုန်လာသလို ခံစားလာရပြန်သည်။

ဒရမ်တီးနေသလိုပင် ဆူညံနေအောင် အသံများကြားလာသလိုပင်။

သူသည် တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် မြူနက်များ ပျံ့ထွက်မလာခင် ပြန်ပိတ်လိုက်သည်။ မြူနက်များဖြင့် ရေချိုးခန်းထဲမှ လတ်ဆတ်သောအနံ့ကို အခန်းပြင်မထွက်အောင် ကာထားလိုက်သည်။ ရေချိုးခန်းထဲတွင် ရေချိုးရာ မှန်ခန်းထဲမှ မှန်တံခါးသည် ရေငွေ့နှင့် မှုန်မှိုင်းနေကာ ဘာမှ သဲသဲကွဲကွဲမမြင်ရပေ။

ရေပန်းအောက်မှ ကျန်းလော်သည် ချီယုံ့ကို လှမ်းကြည့်လိုက်သည်။ သူ့ဆံပင်အနက်များသည် ကျန်းလော်နောက်ကျောသို့ စင်းကျနေကာ ငရဲမှရေကဲ့သို့ သန့်စင်စွာ နက်စွေးနေသည်။

မကောင်းဆိုးဝါးသည် ရေပန်းအောက်သို့ ဝင်လိုက်ပြီး ကျန်းလော်နှင့် နီးနီးသို့တိုးသွားလိုက်သည်။

ကျန်းလော်၏ အသက်ရှူသံသည် မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး နှာခေါင်းပိတ်နေသောကြောင့် အနည်းငယ်သာ အသက်ရှူလို့ရသည်ကြောင့်လားမသိပေ။ သူ့အသံသည် ကလူ၏သို့ မြူ၏သို့အသံပေါက်နေကာ အအေးမိထားသောကြောင့် ဖြစ်နိုင်သည်။

မကောင်းဆိုးဝါးသည် သူ့ကို အေးစက်နေသော နံရံဘက်သို့တွန်းကပ်လိုက်ပြီး နမ်းလာသည်။ သူ့အဝတ်များသည် စိုရွဲနေကာ သူ့ခန္ဓာကိုယ်မှ ရွှံနံနှင့် သစ်ရွက်ဆွေးနံ့များ ထွက်လာသည်။ နွေးထွေးမှုကင်းမဲ့သော အနမ်းကြောင့် ကျန်းလော်သည် ပင့်သက်ရှိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မကောင်းဆိုးဝါး၏ လက်သည် သူ့ခြေထောက်ကို လာပွတ်သပ်နေပြီး ကျန်းလောသည် မကောင်းဆိုးဝါးက သူ့ကို ဓားနှင့်ထိုးဖို့ လုပ်နေတာလားဟု တွေးနေသည်။

“ပူနေတယ်”

မကောင်းဆိုးဝါးသည် အထွန့်တက်သလို ပြောသည်။

“ဒီပူနေတာကြီးက မင်းအရင်တစ်ခေါက်ဖျားနေတုန်းကထက်တောင် ပူနေသေးတယ်ကွ”

ကျန်းလော်သည် မျက်ခုံးတွန့်လိုက်သည်။

ပြောမပြနိုင်လောက်သော ကြောက်ရွံ့မှုသည် နှလုံးသားထဲမှ ပိုပိုမြင့်တက်လာပြီး သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကြောင့် ဗြောင်းဆန်နေတော့သည်။

‘ငါ့ပုံစံက ဒီလိုလွတ်ထွက်နေတာတောင် ချီယုံက ငါဖျားနေတာလို့ပဲ ထင်နေတာလား၊ ဘယ်လိုတောင်................’

သူသည်ရိုးသား သန့်ရှင်းသောသူများကို ကြိုက်သော်လည်း ယခု သူကိုယ်တိုင်က ချိန်ကိုက်ဗုံးဖြစ်နေသောအခါ အနည်းငယ် စိတ်တိုလာတော့သည်။ သူသည် ချီယုံ့အစား အတွေ့အကြုံရှိသော တစ်ယောက်ယောက်နဲ့သာ သွားလုပ်လိုက်ချင်တော့သည်။

သို့သော် လွန်တာက လွန်ကုန်ပြီဖြစ်သောကြောင့် နောက်ဆုတ်ဖို့ လမ်းမရှိတော့ပေ။ ကျန်းလော်သည် ကျိန်ဆဲလိုက်ပြီး ချီယုံ့ကော်လာကိုဆွဲကာ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပြီး အကြင်နာမဲ့စွာ သတိပေးလိုက်သည်။

“ချီယုံ မင်းငါ့ကို လွန်လွန်ကြူးကြူး ကစားလို့ကတော့ ပြီးတာနဲ့ မင်းကို သတ်ပစ်မှာနော်”

“အမ်းးးး ဒီမှာ မင်းမှာကိုယ့်ကို လာညှိနှိုင်း ဆွေးနွေးစရာ ဘာအခွင့်အရေးမှ မရှိဘူးလေ ကျန်းလော်လေး”

မကောင်းဆိုးဝါး၏ နှလုံးသားထဲမှ ကသိကအောက်ဖြစ်စရာ မီးတောက်သည် နောက်ဆုံးတော့ မီးတောက်ကြီးအဖြစ် ပေါက်ကွဲသွားခဲ့လေပြီ။ ပြောမပြတတ်သော စိတ်လှုပ်ရှားမှုကြောင့် အာရုံကြောများတုန်ခါနေပြီး သူ့လက်ချောင်းများသည် တဆတ်ဆတ်တုန်ယင်လာသည်။

ချီယုံသည် ခနလောက် တိတ်ဆိတ်သွားပြီး ပြီးပြည့်စုံသော မျက်နှာပေါ်တွင် ထိန်းချုပ်မရနိုင်သော ခံစားချက်များကို ဖုန်းကွယ်ထားသည်။ ထို့နောက် နူးညံ့စွာပြုံးလိုက်ပြီး ကျန်းလော်ကို လက်မောင်းကျယ်ကျယ်ဖွင့်၍ ဖက်လိုက်သည်။ ကျန်းလော်ခါးကို ထိန်းကိုင်ထားပြီး

“မင်းလေးက ကိုယ့်ရဲ့ အဖိုးတန်ချစ်သူလေးပဲကို ကိုယ် ဘယ်လိုလုပ်ပြီး မင်းကို ကစားရက်မှာလဲကွာ”

ကျန်းလော်သည် သူ့ကို နက်ရှိုင်းစွာကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။ သူသည် အလွန်ရှက်လာသောကြောင့် မျက်လုံးမှိတ်လိုက်သည်။ သူမျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့မျက်နှာတွင် တွေဝေတုံ့ဆိုင်းခြင်းများ မရှိတော့ပေ။

အမိန်ပေးသော အသံဖြင့်

“အရင်ဆုံး လွယ်လွယ်ကူကူလုပ်လို့ရမဲ့ နည်းလမ်းကို ငါအရင်စလိုက်မယ်”

ဆံပင်အနက်နှင့် လူငယ်လေးသည် မကောင်းဆိုးဝါးဘက်ကို တစ်ဝက်လှည့်လာပြီး စိတ်မရှည်စွာ မျက်ခုံးတွန့်လိုက်ပြီး သူကသာ အရာအားလုံးကို ထိန်းချုပ်ထားပုံဖြင့် ဝံ့ကြွားနေကာာ သူ့လက်များကို မြှောက်လိုက်ပြီး မေးခွန်းထပ်မမေးတော့ဘဲ တိုက်တွန်းလိုက်သည်။

“လုပ်တော့လေ ထုတ်လိုက်”

................

ချီယုံသည် သီအိုရီပိုင်းလောက်သာ နားလည်ထားသောကြောင့် ကျန်းလော်ပြောနေသည့် ထုတ်ဆိုသည့်အရာကို နားမလည်ပေ။ မကောင်းဆိုးဝါးသည် ဆံပင်အနက်နှင့် လူငယ်လေး သင်ပေးသည့်နောက် နာနာခံခံ လိုက်နာနေရင်းမှ သူသည် တခြားသော ကမ္ဘာသစ်တစ်ခုဆီသို့ ရုတ်တရက် ဝင်ရောက်သွားလိုက်ရသလို အံ့ဩမဆုံးဖြစ်နေသည်။

သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နက်မှောင်တောက်ပနေပြီး သူ့လှုပ်ရှားမှုများသည် ရူးသွပ်နေသလိုဖြစ်လာကာ နှုတ်ခမ်းထောင့်များသည် မျက်လုံးနားထိ မြင့်တက်လာသလို ပြုံးနေသည်။ သို့သော် သူ့မျက်လုံးကို ကျန်းလော်ထံမှ လုံးဝမခွာပေ။

သူတို့သည် ရေချိုးခန်းထဲမှ အိပ်ရာပေါ်သို့ပြန်ရောက်သွားသည်။ နှစ်ယောက်လုံးရေစိုရွှဲနေကြသောကြောင့် အိပ်ရာခင်းကို စိုစွတ်သွားစေပြီး လူသားသည် အကြာကြီးစောင့်ပြီးပြီဖြစ်သောကြောင့် ထပ်မစောင့်နိုင်စွာ နှုတ်ခမ်းကို ကိုက်ထားသည်။ နှုတ်ခမ်းကို မကောင်းဆိုးဝါး၏ နှုတ်ခမ်းနှင့် ဖိကပ်လိုက်ပြီး မကောင်းဆိုးဝါးသည် သူ့ပါးစပ်ကို အရသာခံနေသည်။

အပူချိန်သည် နိမ့်ကျနေသော်လည်း အပူနှင့်အအေးကြားက ရုန်းကန်ရောယှက်မှုသည် ပြောမပြနိုင်အောင် သာယာကာ သက်ပြင်းချရုံသာ တတ်နိုင်သည်။ မကောင်းဆိုးဝါး ကျန်းလော်ကိုယ်ထဲမဝင်ခင် ကျန်းလော်သည် မကောင်းဆိုးဝါး၏ ချွေးဆို့နေသောမျက်နှာကို နီရဲနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် ဆာလောင်နေသော သားရဲကြီးမှ သားကောင်ကို ကြည့်နေသော အကြည့်ဖြင့်ကြည့်နေကာ နောက်ထပ် အမြင့်ဆုံးသို့ရောက်သွားကာ ကျန်းလော်ကို ရှိုက်ငိုလာအောင် လှုပ်ရှားတော့သည်။

ကျန်းလော်သည် ရုတ်တရက်တွေဝေလာပြန်ကာ မကောင်းဆိုးဝါး၏ ခေါင်းကို လှမ်းဆွဲလိုက်ပြီး ရိုင်းပြစွာပြောသည်။

“ဒါက ဒီတိုင်းမတော်တဆပဲနော် မတော်တဆလို့ ကြားလား ချီယုံ ဒီတစ်ကြိမ်တော့ မင်းလိုချင်တာရသွားပြီ ငါတို့ဘာလဲဆိုတာ ငါတို့အရင်ကအတိုင်းပဲနော် ဘာမှပြောင်းလဲမသွားဘူး ကြားလား”

“ပြီးတော့လဲ သေချာပေါက် သေချာပေါက် ဒုတိယအကြိမ် ရှိလာမှာမဟုတ်ဘူး”

မကောင်းဆိုးဝါးသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး

“ဒါပေါ့”

ချီယုံသည် အသစ်အသစ်သော ပစ္စည်းများကို ငြီးငွေ့လွယ်သူဖြစ်ကာ သူလိုချင်တာရပြီး သိပြီးလျှင် အလွယ်တကူ စွန့်ပစ်တတ်သူဖြစ်ရာ ကျန်းလော်သည်လည်း ချွင်းချက်မဟုတ်ပေ။

ထိုအကြောင်းကို တွေးနေချိန်တွင် မကောင်းဆိုးဝါး၏ လှုပ်ရှားမှုများသည် လူကြီးလူကောင်းဆန်ကာ နှေးကွေးသိမ်မွေ့နေသည်။

သို့သော် သူ့လှုပ်ရှားမှုများမှ တက်ကြွပျော်ရွှင်သော အပြုအမူမျိုး မမြင်ရပေ။ ကျန်းလော်ကြောင့် ချီယုံသည် မျက်နှာပေါ်တွင် ချွေးများရွှဲနေပြီး ချွေးမထွက်တော့အောင် ရပ်တန့်ဖို့လည်း မတတ်နိုင်ပေ။

ကျောင်းအဆောင်ခန်း၊ ဘူးများနှင့် နောက်ဖေးလမ်းကြားထဲတွင် ကျန်းလော်သည် သူ့ကို အမြဲလိုလို ဒွိဟဖြစ်စေသော အကြည့်များနှင့် ကြည့်တတ်သည်။ သူထင်ထားသည်မှာ သူ့ရဲ့မျက်နှာလွှဲနေမှုများကြောင့်ဖြစ်လာရသော အကြောင်းအရင်းများဖြစ်သည်ဟုသာ ထင်ခဲ့သည်။ သူသည် နောက်ဆုံးအချိန်ထိ သူလိုချင်တာကို ရယူကာ သူ့စိတ်ဆန္ဒများကို ထိန်းချုပ်၍ သူ့ကို နောင်တရအောင် လုပ်ဖို့ ကြိုးစားခဲ့သည်။

သို့သော် သူကျန်းလော်ကို တကယ်ကြီး ခံစားမိလာသောအခါ ချီယုံ့ စိတ်များသည် ရုတ်ချည်း ဗလာကျင်းသွားသည်။ အိပ်ရာကြီး လှုပ်ရှားနေသော အသံနှင့် ကျန်းလော်ထံမှ ညည်းညူသံများသည် သူ့နားထဲသို့ ဝင်ရောက်လာသည်မှာ ပင်လယ်ပြင်၏ မြူးထူးသံလို ကြောက်ရွံ့မှုများကို ဖြတ်တိုက်သယ်ဆောင်သွားသော မဆီလျော်သော လေပြေညှင်းတို့ကဲ့သို့ နားထဲကို ဖြေးဆေးစွာ စီးဆင်းသွားသည်။

မကောင်းဆိုးဝါး စီစဉ်ထားသော ရည်ရွယ်ချက်နှင့် အစီအစဉ်များသည် ရေဆုန်မြောကုန်လေပြီ။

ကျန်းလော်သည် ဖျားနေသည်။ အလွန့်အလွန်ပြင်းထန်စွာ ဖျားနာနေသောကြောင့် ဆန္ဒနှင့် သိက္ခာကို မထိန်းချုပ်နိုင်သော ပြင်းပြသော လူတစ်ယောက်ဖြစ်လာသည်။

ဘာနှင့်မှနှိုင်းယှဉ်မရသော သာယာမှုတစ်ခုသည် ဗီလိန်ကိုယ်ထဲမှ နာ့ဗ်ကြောလေးများအထိ စိမ့်ဝင်သွားသည်မှာ ဗီလိန်၏ စိတ်ထဲတွင် တွန်းကန်ပေါက်ကွဲအား မြင့်သော ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။

နောက်တစ်ခနလေးတွင် နာကျင်မှုကို တောင့်ခံနေရသော ဆံပင်အနက်နှင့်လူငယ်လေးသည် သူ့ကိုမယုံနိုင်သလိုကြည့်နေသည်။

ခန့်ညားပြီး အတုမရှိသော မကောင်းဆိုးဝါးကြီးသည် ကျန်းလော်အကြည့်ကို ချက်ချင်းနားလည်သွားပြီး မျက်နှာသည် မှင်အိုးကြီးမှောက်ကျသွားသလို မည်းမှောင်သွားတော့သည်။

##########################