အပိုင်း (၁၀၁)
ပြတင်းပေါက်မှ အလင်းတန်းများဝင်လာ
ဝိဉာဉ်ပင်တုန်ခါနေပြီး စိတ်လှုပ်ရှားမှုကြောင့် အာရုံကြောများပင် တင်းကျပ်လာသည်။ဤအချိန်အတွင်းတွင် မကောင်းဆိုးဝါးသည် ခနတာလောက် စိတ်ပျံ့လွင့်သွားပြီး ထိုခနတွင် သူ့ကိုယ်သူအရူးလုပ်နေမိသည်။ အခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။
မကောင်းဆိုးဝါး၏မျက်နှာသည် မည်းသွားလိုက် ပြာလာလိုက်အမျိုးစုံပြောင်းနေသည်။ ကျန်းလော်သည် တသိမ့်သိမ့်တုန်နေသည်။ သူသည် အသိစိတ်လွတ်ထွက်မတတ် ကယောင်ကတမ်းဖြစ်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူ့ကိုယ်သူဘာဖြစ်နေမှန်းလည်း သိနေကာ ချီယုံ့ကိုမယုံသင်္ကာနှင့် ကြည့်နေရင်း သူ့ကိုယ်သည် တဖြည်းဖြည်းထူးဆန်းလာသည်။ ချီယုံအင်္ကျီများချွတ်လိုက်ပြီးနောက် ကျန်းလော်သည် အလွန်နောင်တရလာသည်။ သူသည် အတွေ့အကြုံလုံးဝမရှိသော မကောင်းဆိုးဝါးကြောင့် ဒဏ်ရာအကြီးအကျယ် ရလိုက်မှာကြောက်နေသည်။
‘မကောင်းဆိုးဝါးတွေ ဒီလောက်ထိ အသုံးမကျလိမ့်မယ်လို့ ထင်မထားဘူး’
ကျန်းလော်သည် ရယ်ချလိုက်သည်။
ဆံပင်အနက်နှင့်ကောင်လေး၏ မျက်နှာသည် နီရဲလာလိုက် ဖြူဖျော့သွားလိုက်ဖြစ်နေကာ နာကျင်မှုကို မနည်းထိန်းချုပ်ထားရသည်။ သို့သော် ယခုအချိန်တွင် သူ့မျက်နှာသည် နီရဲနေပြီး ခပ်ဟဟထိုင်ရယ်နေပြန်သည်။
“ငါအခုထိ မယုံနိုင်သေးဘူး မင်းကလေ............................ခွီး....ဟားဟားဟားဟား”
ရယ်မောပြီးနောက် ကျန်းလော်သည် ချက်ချင်းတည်သွားပြီး သူ၏စိတ်မရှည်မှုကို ဗြောင်ကျကျပင် မျက်ခုံးတွန့်လိုက်ပြီး ဖော်ပြလိုက်ကာ သွေးနီရောင်နှုတ်ခမ်းကို ကော့လိုက်ပြီး လှောင်ပြောင်လိုက်သည်။
“မင်းလုပ်နိုင်မှာလား၊ မလုပ်နိုင်ရင်လစ် တစ်ခြားတစ်ယောက်ယောက် ခေါ်ပေးခဲ့”
“တခြားလူတစ်ယောက်လား အသစ်တစ်ယောက် ဟုတ်လား”
သူပြောပြီး မကြာသေးခင် ပစ္စည်းများအောက်ပစ်ချလိုက်ပြီး ချီယုံသည် သူ့ဆီသို့ ခြေလှမ်းအကျဲကြီးနှင့် လျှောက်လာသည်။ ကျန်းလော်သည် အသက်ရှူကြပ်လာသလို ခံစားရပြီး သူ့အောက်မှစောင်ကို တင်းတင်းကိုင်ထားသည်။ ထို့နောက် နောက်ထပ်ပြောမည့် စကားများကို မျိုချလိုက်ရသည်။ ထိုအချိန်တွင်
“မင်းက ဘယ်ကောင်နဲ့ ကိုယ့်ကိုပြောင်းမလို့လဲ”
မကောင်းဆိုးဝါးသည် ကျန်းလော်ကို လက်မောင်းမှဆွဲလိုက်ပြီး သူ့မျက်နှာသည် ဘယ်လိုအမူအယာမျိုးမှ ပေါ်မနေသော်လည်း သူ့အပြုအမူများသည် အလွန်ရန်လိုနေသည်။ ချီယုံသည် သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရကာ မည်းမှောင်စိတ်တိုသွားသည်ကို နည်းနည်းမှမဖုံးကွယ်တော့ပဲ ရုတ်တရက်ကြီးပြုံးလိုက်သည်။ သူ့အပြုံးသည် သိမ်မွေ့ပုံပေါ်သော်လည်း ဘေးတွင်မှောင်မည်းနေသော အရှိန်အဝါများလွှမ်းခြုံထားကာ သူ့နှုတ်ခမ်းသည် အန္တာရာယ်ရှိစွာကော့တက်နေသည်။
“သေချာပေါက် ကိုယ်လုပ်ပေးနိုင်တာပေါ့”
“..............”
အပြင်ဘက်တွင် လေပြင်းတိုက်ပြီး ပြတင်းပေါက်သည် စိတ်ရှုပ်စရာကောင်းအောင်ပင် တံခါးနှင့် လာလာတိုက်နေသည်။
ကျန်းလော်သည် သေနေသောငန်းကဲ့သို့ လည်ပင်းကို လိမ်ထားသည်။ ချီယုံသည် ကျန်းလော်လည်ပင်းကို တတိတိကိုက်နေကာ အောက်ဘက်ထိ ကိုက်ရာများချန်နေသည်။
ကျန်းလော်၏ကိုယ်ထဲမှ မီးတောက်သည် ပြန်လည်တောက်လောင်လာကာ အပြင်ဘက်ထိ မီးကူးလာတော့မလို ဖြစ်နေသည်။ သူ့နှာခေါင်းမှ လေပူများထွက်နေပြီး သူ့နှုတ်ခမ်းများသည် စိုရဲနေကာ သူ့မျက်နှာသည် ရေနှစ်ထားသော ကြွက်လိုပင်။
တမင်တကာ လက်စားခြေနေပါသည်ဟု ဝန်ခံထားသော ကျက်သရေတုံးချီယုံသည် သူ့ကိုကြမ်းတမ်းစွာ ကိုင်တွယ်နေသည်။ သူ့ကို ဘရက်ရှ်နှင့်တိုက်နေသလို ယားကျိယားကျိခံစားနေရစေသည်။ ဤသို့ တမင်တကာလုပ်နေခြင်းဖြင့် မကောင်းဆိုးဝါးသည် ကျန်းလော်ကို ခက်ခဲစွာအသက်ရှင်နေရသည်ဟူသော ခံစားချက်မျိုးပေးနေသည်။
ကျန်းလော်သည် မနည်းပင် အသိနှင့်သတိတွဲကပ်ထားရကာ
‘တမင်တကာလုပ်နေတာမဟုတ်ရင်ရော’
‘ချီယုံ့စကေးက တကယ်ကြီး လုံးဝမကောင်းတာဆိုရင်ရော’
“ခွီး”
ကျန်းလောသည် ရုတ်တရက်ကြီး ထရယ်လိုက်ပြန်သည်။
‘ဒုတိယတစ်ခုသာ ဖြစ်နေလို့ကတော့ကွာ ရှယ်ကို လှောင်စရာအကြီးကြီးရတာပဲ’
‘ဒါပေမဲ့ ဒီစကေးကြီးက ငါ့ကို နှိပ်စက်နေသလိုကြီးဟ ချီး’
ကျန်းလော်သည် အသက်ပြင်းပြင်းရှူလိုက်ကာ ရုတ်တရက် အရှိန်ပြင်းပြင်းလှိမ့်လိုက်ပြီး ချီယုံ့ကို သူ့အောက်မှာ ဖိထားလိုက်သည်။
သူ့မျက်လုံးများသည် ကျေနပ်မှုမရသောကြောင့် အလွန်ဒေါသထွက်ကာ နီရဲနေသည်။ သူသည် ချီယုံဆံပင်ကို ခပ်ကြမ်းကြမ်းဆွဲဆုပ်ထားကာ သူ့မျက်လုံးထောင့်သည် အထင်သေးမှုကြောင့် မြင့်တက်နေပြီး
“မင်းရဲ့ စကေးက အရမ်းနုံချာနေလိုက်တာများ ကျွန်တော်ဆိုတဲ့ ကျောင်းသားလေးက ဆရာ့ကို ကောင်းကောင်းကြီး ပြန်သင်ပေးပါရစေ”
မကောင်းဆိုးဝါး၏ မျက်ခုံးများသည် ပင့်တက်သွားပြီး ကျန်းလော်၏ အပေါ်ပိုင်းတုံးလုံးဖြစ်သော ခန္ဓာကိုယ်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ မကောင်းဆိုးဝါးသည် အံ့ဩဖို့ကောင်းစွာပင် ကောင်လေး၏ စကားလုံးများကို ခွန်းတုံ့မပြန်ဘဲ ကျန်းလော်အောက်တွင် သက်တောင့်သက်သာဖြစ်စွားလှဲလျောင်းနေပြီး အောက်ဘက်မှ ကျန်းလော်၏ ရင်သပ်ရှူမောဖွယ် အလှတရားကို ရှုစားနေသည်။
ကျန်းလော်သည် မကောင်းဆိုးဝါး၏ သူ့ကို တစ်လက်မမကျန် စူးစိုက်ကြည့်နေသည်ကို လစ်လျူရှုလိုက်ပြီး ခြေထောက်ဆန့်လိုက်သည်။
ရှည်လျားဖြူဖွေးပြီး တောင့်တင်းကျစ်လစ်နေသော ကြွက်သားများသည် အလွန်ရင်သပ်ရှူမောဖွယ် ရှုခင်းကိုပေးစွမ်းနိုင်သည်။ မကောင်းဆိုးဝါးသည် လူတစ်ယောက်၏မာနကို ထိပါးပြီး ဆန္ဒကိုနှိုးဆွပေးတတ်သော တစ်ဖက်လူကို အထင်အမြင်သေးစွာ ပြုံးတတ်သည့် ကျန်းလော်ကို ပိုကြိုက်သည်။
အမြဲလိုလို ချီယုံနှလုံးသားကို ကြိုးနှင့်တင်းတင်းကျပ်ကျပ်ဆွဲကိုင်ထားသလို ခံစားရသည်။
ကျန်းလော်သည် လေပူများမှုတ်ထုတ်လိုက်ကာ ချီယုံ့ကို ငုံ့ကြည့်လိုက်သည်။ သို့သော် သူ၏ခက်ခဲသောလှုပ်ရှားမှုကြီးပြီးခါနီးတွင် ကျန်းလော်သည် နာကျင်စွာမျက်မှောင်ကြုတ်လိုက်ပြီး
“မင်း.............”
ကျန်းလော်သည် ထိတ်လန့်သွားပြီး ချီယုံ့ကို ဒေါသထွက်စွာကြည့်လိုက်သည်။ မကောင်းဆိုးဝါးသည် အလွန်သဘောကောင်းစွာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပြလိုက်ပြီး
“ဘာများမှားနေလို့လဲ”
သို့သော် သူ့လက်မောင်းတွင် ချွေးသီးချွေးပေါက်များ ထွက်နေကာ သူ့မျက်လုံးများသည် မှောင်မိုက်နေသည်။ ထိုပုံကိုကြည့်ပြီး ကျန်းလော်၏ဒေါသလေးသည် ဘေးဖယ်ခံလိုက်ရပြီး ကျန်းလော်သည် သူမမြင်အောင် ကျိတ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
မကောင်းဆိုးဝါးသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ့ကိုယ်ပေါမှ ကျန်းလော်ကို ကြည့်ပြီး အလွန်သာယာကျေနပ်နေသည်ကို ဇွတ်အတင်းဖုံးကွယ်ထားသည်။
ကျန်းလော်သည် ဤကိစ္စကိုလုပ်ရင်း ပျော်ရွှင်နေသည်မှာ သူသည် နေမကောင်းဖြစ်နေပြီး ဆေးခပ်ခံထားရသောကြောင့် ဖြစ်ကာ မကောင်းဆိုးဝါးကတော့ ကျန်းလော်ဖြစ်နေသောကြောင့်ပင် သာယာမှုထဲ နှစ်မြုပ်နေခြင်းဖြစ်သည်။
ကျန်းလော်သည်သာလျှင် မကောင်းဆိုးဝါးနှင့် ကစားတိုင်း ထကြွလာသူဖြစ်သည်။ ကျန်းလော်သည် စနောက်လိုဟန် ပြုံးလိုက်ကာ သူ့လက်ချောင်းဖြင့် မကောင်းဆိုးဝါး၏ လည်စိကို သွားပွတ်သည်။ မကောင်းဆိုးဝါးသည် သူ့လက်ကို ဖမ်းရန်ကြိုးစားလိုက်သောကြောင့် ကျန်းလော်သည် သူ့လက်ကိုရှောင်လိုက်ကာ ချက်ချင်းကြီး စိတ်တိုသွားပုံဖြင့်
“ငါ့ကို လာမထိနဲ့လို့”
ကျန်းလော်သည် တစ်ချက်ထဲသွင်းလိုက်လျှင် အနည်းငယ်သာ နာကျင်တော့မည်ဟု တွေးလိုက်သည်။ သို့သော် နောက်တခဏတွင် ကျန်းလော်မျက်နှာသည် နှာကျင်မှုကြောင့် ရှုံ့မဲ့သွားရကာ မျက်လုံးထဲတွင် ငွေ့ရည်ဖွဲ့လာသည်။ သူသည် နာကျင်မှုမှ သက်သာရန် အချိန်တော်တော်ယူလိုက်ရသည်။ ကျန်းလော်သည် မနာတော့မှ မွန်းကြပ်သွားရပြန်သည်။
‘ဒီအဆင့်ထိပြီးရင် ဘာဆက်လုပ်ရမှာလဲ’
သီအိုရီများသည် ပထမဆုံးအကြိမ်ကို ဘယ်လိုစပြီး ဘယ်လိုအဆုံးသတ်ရမည့် အကြောင်းရေးမထားပေ။ ကျန်းလော်၏ ထိုကိစ္စနှင့် ပတ်သက်သော ဗဟုသုတများသည် ယခုအချိန်တွင် သူ့ခေါင်းထဲတွင် ပိတ်မိသွားပုံပေါ်သည်။ ထို့ကြောင့်သူသည် ဆက်မတွေးတော့ဘဲ စမ်းတဝါးဝါးဖြင့် ဖြေးဖြေးချင်း မရပ်တမ်း လှုပ်ရှားလိုက်သည်။
ကျန်းလော်သည် ဆေးအရှိန်နှင့် သူ့စိတ်သည် အမှောင်ဖုံးသွားကာ ဘာကိုရှက်မှန်းမသိစွာ ရှက်နေသည်။
သူ၏လှုပ်ရှားမှုများသည် အလွန်ကြမ်းတမ်းနေသည်။ ထိုကဲ့သို့ အကြမ်းပတမ်းလှုပ်ရမ်းနေသည့် ကျန်းလော်ကို အောက်မှ မကောင်းဆိုးဝါးသည် ကျပ်သိပ်ပြီး အလွန်ကောင်းနေပုံနှင့် သေချာစိုက်ကြည့်နေသည်။ သူသည် တခြားခံစားချက်များကိုလည်း ခံစားနေရသေးပုံပေါ်သည်။ ခြောက်ခြားဖွယ် မြူနက်များနှင့် တစ္ဆေနည်းစနစ်များသည် ပျောက်ကွယ်နေပြီး အဖြူရောင်အိပ်ရာခင်းပေါ်မှ ချွေးများသည် ဘယ်သူ့ချွေးလဲပင် မသိနိုင်တော့အောင် ရွှဲရွှဲစိုနေသည်။
ချီယုံသည် လက်ကိုလက်မောင်းသေးသေးလေးဖြင့် အဖိခံထားရသော်လည်း သူသည် မရုန်းနိုင်(မရုန်းချင်)သောကြောင့် သူ့ကိုယ်သူအလွန်တုန်လှုပ်နေသည်။
မကောင်းဆိုးဝါးသည် ပုံမှန်အတိုင်းတည်ငြိမ်နေသော မျက်နှာထားအတိုင်းရှိနေသော်လည်း မကောင်းဆိုးဝါး၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်အထိရောက်နေပြီ ဖြစ်သည်။
ကျန်းလော်သည် အထွပ်အထိပ်ရောက်သွားပြီး သူ့လှုပ်ရှားမှုများသည် အလွန်ကြမ်းတမ်းပြီး အငမ်းမရဖြစ်လာကာ သူ့ခန္ဓာကိုယ်သည် နေမကောင်းနေချိန်တွင် ဆေးခပ်ခံလိုက်ရသောကြောင့် အလွန်အားနည်းနေသည်။
ကျန်းလော်သည် အဖြစ်မှန်ကို မသိချင်ယောင်ဆောင်နေသည်။ အဆင်ပြေချင်ယောင်ဆောင်ခဲ့ပြီး မကောင်းဆိုးဝါး၏ အကူအညီကို နည်းနည်းလေးမှ မလိုချင်ခဲ့ပေ။ သို့သော် မကောင်းဆိုးဝါးသည် သူ့ကို ထပ်ပြီး သည်းမခံနိုင်တော့ပေ။
ချီယုံသည် ကြမ်းကြမ်းတမ်းတမ်း ထထိုင်လိုက်ကာ ကျန်းလော်ကို သူ့အောက်ပို့လိုက်သည်။ ကျန်းလော်သည် မိန်းမောသွားပြီး မကောင်းဆိုးဝါးသည် ကျေနပ်စွာပြုံးလိုက်သည်။ မကောင်းဆိုးဝါးနောက်မှ မြူနက်များသည် သရဲများစွာ ကျန်းလော်ကိုယ်ပေါ်တွားတက်လာသလို ပေါ်လာပြီးသည်။ ကျန်းလော်သည် သူ့ကို မထိခိုင်းသောကြောင့် မကောင်းဆိုးဝါးသည် ကျန်းလော်ကို မြူနက်များနှင့် ထိန်းထားသည်။
မကောင်းဆိုးဝါးသည် လောဘတကြီးစားသုံးနေရင်း ရွှင်ပျစွာပြောသည်။
“ပြီးသွားရင် မင်းကိုယ့်ကို လုပ်နိုင်လားလို့ မေးဦးမှာလား”
ကျန်းလော် “............”
ဆေးရှိန်သည် တဖြည်းဖြည်း ကုန်တော့မည်။
တစ်ကြိမ်ပြီးသွားပြီးနောက် ကျန်းလော်သည် ချီယုံကို တွန်းလွတ်လိုက်သည်။ သူသည် မပျော်ရွှင်စွာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သန့်ရှင်းမှုကို နှစ်သက်သော လူသည် ညစ်ပတ်သောအရာနှင့် အတူမရပ်နိုင်ပေ။
မကောင်းဆိုးဝါးသည် ရယ်လိုက်ပြီး သူ့ကို လက်မောင်းများဖြင့် သိုင်းဖက်ထားလိုက်သည်။
“အခုထိမပြီးသေးဘူး ကလေးလေး”
ချီယုံ့ဆံပင်များသည် ချွေးများရွှဲနေကာ အချောင်းချောင်းနှင့် နဖူးပေါ်သို့ကျနေသည်။ မကောင်းဆိုးဝါး၏ မြူဆွယ်နေသော အထိအတွေ့ကိုပါ ပေါင်းထည့်လိုက်လျှင် အလွန်ဆွဲဆောင်မှုရှိနေသည်။
ကျန်းလော်သည် တစ်ကိုယ်လုံးနာကျင်နေသောကြောင့် သူသည် အလွန်စိတ်မရှည်ဖြစ်နေကာ
“ပြီးပြီလို့ ငါပြီးပြီလို့ပြောရင် ပြီးလို့ပဲ ချီယုံ ငါမင်းကို ပြောခဲ့သလိုပဲ တစ်ခါပဲလုပ်မှာလို့”
“အိုး ဖြစ်ရမယ် ကိုယ်တွေးတဲ့ တစ်ခါနဲ့ မင်းပြောတဲ့ တစ်ခါက နည်းနည်းလေး မတူဘူးထင်တယ်နော်”
မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ ပြောသည့် ပုံဖြင့်
“ကြည့်ရတာ ငါ့အင်အားတွေကို အလကားပေးလိုက်ရတဲ့ ပုံပဲ”
သူသည် သူ့ပထမဆုံးအကြိမ်တုန်းက ကျန်းလော်သူ့ကို လှောင်ပြောင်ထားသည်ကို မမေ့သေးပေ။
ထိုသို့လှောင်ပြောင်မှုမျိုးကို ဘယ်လိုယောက်ျားမျိုးမှ လက်ခံနိုင်မည်မဟုတ်ပေ။ ချီယုံကတော့ မထင်မှတ်ထားလောက်အောင် သည်းခံနိုင်ခဲ့သည်။ ပြောရလျှင် တစ်ခါမှ မခံစားဖူးခဲ့သော အရာသည် သူ့ကို ထိုနေရာမှ ထွက်သွားရန် တွန့်ဆုတ်စေခဲ့သည်။
သူသည် ယခင်ကတည်းက သာယာမှုရှာဖွေရသည်ကို ပျော်မွေ့သည်။
ကျန်းလော်သည် စိတ်ညစ်သွားကာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရုတ်တရက် ချီယုံက သူ့ကို အိပ်ရာပေါ်ပြန် ဆွဲချသွားသည်။
ကျန်းလော်၏ဆံပင်အနက်များသည် ချွေးများစိုရွှဲနေပြီး နဖူးတွင်ကပ်နေသည်။ သူ့နှာခေါင်းသည်ပွတက်လာပြီး ဒေါသတအားထွက်လာကာ သူ့မျက်လုံးများမှ မီးတောက်များထွက်လာတော့မလားအောက်မေ့ရပြီး အော်ချလိုက်သည်။
“တော်တော့လို့ ပြောနေတယ်”
မကောင်းဆိုးဝါးသည် မျက်နှာတင်းသွားပြီး
“ကိုယ်လည်းမဝသေးဘူးလို့”
“ဒီဖေ....”
မကောင်းဆိုးဝါးသည် ကျန်းလော်ပါးစပ်ကို အဝတ်နဲ့ဆို့လိုက်ပြီး ဖွဖွလေးရယ်လိုက်သည်။
“မဆဲရဘူးလို့ ဒီဆရာက အကြိမ်ကြိမ်သင်ပေးထားတာကိုကွာ”
တစ်မိနစ်ပြီး တစ်မိနစ်နှေးကွေးစွာကုန်သွားပြီး ကျန်းလော်သည် ဦးနှောက်များဖောင်းကြွလာသလို ခံစားရကာ သူ့လည်ချောင်းထဲတွင် မီးတောက်လာသလို နာကျင်နေသည်။ သူသည် နှာခေါင်းမှ အသက်ရှူကျပ်လာသည်။ ပါးစပ်သည်လည်း အပိတ်ခံထားရကာ သူသည် တစ်ကိုယ်လုံးဘယ်နေရာမှ နေလို့မကောင်းတော့သောကြောင့် မျက်မှောင်ကုတ်သွားသည်။ ထိုအချိန်တွင် သူ့ပါးစပ်ထဲသို့ အပိုင်းအစသေးသေးလေးဝင်လာသည်။
အဲ့ဒီဟာ ငါ့ပါးစပ်ထဲ ဝင်လာတာနဲ့ ငါ့အတွင်းအင်္ဂါတွေနဲ့ အဆုတ်ထဲထိ အနွေးစီးကြောင်းတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရတယ်။ ငါ့လည်ပင်းကလည်း နည်းနည်းမှ မနာတော့ဘူး၊ အဖျားကလည်း ချက်ချင်းပျောက်သွားတယ်၊ ခြေတွေလက်တွေ အားမရှိတော့တာလဲ အားပြန်ပြည့်လာပြီးတော့ အိပ်ရာပေါ်မှာ လုပ်နေလို့ နာကျင်နေတာတွေတောင် မနာတော့သလောက်ဖြစ်သွားတယ်။
ကျန်းလော် အရသာခံကြည့်လိုက်သောအခါ ဂျင်ဆင်းဝိဉာဉ်အရသာကို ခံစားမိသည်။
‘ချီယုံ မင်းဒီဂျင်ဆင်းကို ဘယ်ကရလာတာလဲ’
ကျန်းလော်တွေးလို့ မပြီးခင် မကောင်းဆိုးဝါးသည် ကျန်းလော်လည်ပင်းပေါ်သို့ မှောက်ချလာကာ မျက်လုံးများသည် နီရဲနေပြီး မကောင်းဆိုးဝါး အရှိန်အဝါများ လွှမ်းခြုံနေသည်။ ကျန်းလော်သည် သူ့လက်ကိုလိမ်ချိုးလိုက်သည်။ သို့သော် ကျန်းလော်ကသာ အောက်ပြန်ရောက်သွားပြီး မကောင်းဆိုးဝါးသည် ကျန်းလော်နဖူးကို နမ်းလိုက်ကာ လည်ပင်းတွင်မျက်နှာအပ်၍ တက်ကြွနေသော အသံဖြင့်
“ကိုယ်ပြောတာ ကြားရလား”
“အမ်း”
ကျန်းလော်သည် အိပ်ရာပေါ်တွင် တွန့်လိမ်လိုက်ကာ မကောင်းဆိုးဝါး၏လက်ချောင်းများကို သွားနှင့်ကိုက်လိုက်ပြီး သူ့အသံကို အရမ်းသက်သာနေသလို ဟန်ဆောင်ကာ
“ဘာကို ကြားရမှာတုန်း”
“တစ်ယောက်ယောက်က ဒီအခန်းကို ဝိုင်းထားတယ်”
ချီယုံသည် ပျင်းရိစွာပြောလိုက်သည်။
“သူတို့က ကိုယ့်အတွက်ရောက်နေတာ၊ မင်းကို အသုံးချပြီး ကိုယ့်ကိုဆွဲထုတ်ပြီး တစ်ချက်ထဲနဲ့ ဖမ်းဖို့ စီစဉ်ထားကြတာလေ”
“ဒီအစီအစဉ်က တစ်ဝက်တော့ အောင်မြင်ပါတယ် ပြောကြည့် ကိုယ့်ကို ဖမ်းမိမယ်ထင်လား”
ကျန်းလော်မျက်နှာသည် ပုံမှန်မဟုတ်စွာ နီရဲသွားပြီး အံကြိတ်လိုက်ကာ
“မင်းကို ဖမ်းနိုင်ရင်အကောင်းဆုံးပေါ့ ငါနဲ့ဝေးဝေးပို့လိုက်မယ်”
“ဒါပေမဲ့ ကိုယ်က အဲ့ကောင်တွေနဲ့ အချိန်ဖြုံးဖို့ စိတ်မပါဘူး”
မကောင်းဆိုးဝါးသည် နားလည်ရခက်စွာ ပြုံးဖြဲဖြဲလုပ်လိုက်သည်။ မကောင်းဆိုးဝါးမြူနက်များသည် အခန်းထောင့်လေးထောင့်တွင် ပေါ်လာပြီး တစ်ခန်းလုံး မည်းမှောင်သွားသည်။
“ကိုယ်တို့ ကစားပွဲက မပြီးသေးဘူးနော်”
ကျန်းလော်မျက်ခုံးများပင့်တက်သွားသည်။
‘မကောင်းဆိုးဝါးအတွက် ငါ့အပေါ်ထားတဲ့ ဆန္ဒကြီးက အဲ့လောက်တောင် ဖျောက်ဖျက်ပစ်ဖို့က တအားများ ခက်ခဲနေလို့လား’
အပြင်မှလူများသည် တံခါးကို ဆက်တိုက်ထုနေကြသည်။ အခန်းသေးလေးဖြစ်သောလည်း နံရံသည် အုတ်အထူကြီးနှင့်လုပ်ထားပြီး တံခါးသည် သံတံခါးဖြစ်သောကြောင့် နည်းနည်းလေးမှ ခါယမ်းမသွားပေ။ မြူနက်များအခန်းထဲ ပြည့်သွားချိန်တွင် ကျန်းလော်သည် အိပ်ရာပေါ်တွင် လှဲနေပြီး လက်တစ်ချောင်းတောင် မလှုပ်ပေ။
ထိုအချိန်တွင် မကောင်းဆိုးဝါးသည် သီချင်းညည်းနေပြီး အဝတ်အစားများဝတ်နေသည်။ ရှပ်အင်္ကျီ၊ နက်ခ်တိုင်၊ ကုတ်အင်္ကျီဝတ်လိူက်ပြီး သူ့နောက်ကျောတွင် ကျန်းလော်ကုတ်ခြစ်ထားသော လက်သည်းရာများကို ဖုံးလိုက်သည်။ ချီယုံသည် အဝတ်လဲနေရင်း ပြုံးပျော်နေသည်ကို ကျန်းလော်သည် အေးစက်စွာကြည့်နေသည်၊
သူအဝတ်အစားဝတ်ပြီးနောက် ကျန်းလော်အဝတ်များကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အိပ်ရာဆီသို့ လျှောက်သွားကာ နက်ရှိုင်းစွာပြုံးလိုက်ပြီး သင်္ဘောပေါ်မှ ဝန်ထမ်းများကဲ့သို့ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဧည့်သည်တော်ခင်မျ ကျွန်တော် အဝတ်ဝတ်ပေးပါရစေ”
ကျန်းလော်သည် အမူအယာမဲ့စွာဖြင့်
“မလိုဘူး”
မကောင်းဆိုးဝါးးသည် မျက်ခုံးပင့်လိုက်ပြီး လက်ချောင်းရှည်ရှည်များသည် ရှပ်အင်္ကျီထိပ်နားကို ကိုင်လိုက်ပြီး ငြင်းဆိုနေသော ကျန်းလော်ကိုယ်ပေါ် ဝတ်ပေးလိုက်သည်။ ကျန်းလော်မျက်နှာသည် အေးစက်သွားပြီး သူ့ကိုလုပ်ချင်သလို လုပ်ခိုင်းလိုက်သည်။ မကောင်းဆိုးဝါးသည် ရှပ်အင်္ကျီဝတ်ပေးပြီးနောက် မဖယ်လိုက်ဘဲ ဟိုလိုလိုသည်လိုလိုနှင့် ကျန်းလော်ခြေထောက်ကြားသို့ အတင်းတိုးဝင်လိုက်သည်။ လက်ချောင်းများသည် ပိုပို၍ အထိမခံနိုင်လောက်အောင် လှုပ်ရှားလာပြီး မကောင်းဆိုးဝါးသည် အလွန်အမင်းလောဘကြီးလာသည်။ မကောင်းဆိုးဝါးသည် သိက္ခာမဲ့သော မြူဆွယ်မှုကို မျက်တောင်ပင်ခတ်ပဲ လုပ်နိုင်သည်။
ကျန်းလော်သည် သူ့လက်ကိုဆွဲလိုက်ကာ အိပ်ရာပေါ်မှ ထလိုက်ပြီး ရုတ်တရက် ချီယုံ့ကို တောက်ပစွာပြုံးပြလိုက်သည်။ သူ့ပုံစံသည် ကလူနေသောပုံပေါက်နေသည်။ မကောင်းဆိုးဝါး၏ မျက်လုံးများထဲတွင် ရယ်မြူးရိပ်သန်းသွားသည်။ ထိုအခိုက်အတန့်တွင် ကျန်းလော်သည် ရုတ်တရက်ခုန်ထလာပြီး ချီယ့ု့ကို ကန်လိုက်သည်။
ရွှေရောင်ဓားမြှောင်သည် ချီယုံ့သေကွင်းသေကွက်ကိုချိန်ထားပြီး ထိမိတော့မည့် အချိန်လေးတွင် ချီယုံသည် ဘေးသို့ရှောင်လိုက်သည်။ သို့သော် ဓားသွားထိပ်သည် သူ့လည်ပင်းကို ထိမိသွားပြီး သွေးမည်းမည်းများ ပန်းထွက်လာသည်။
သူခေါင်းပြန်လှည့်လိုက်ချိန်တွင် ကျန်းလော်သည် မကောင်းဆိုးဝါး၏ရှေ့တွင် ရက်စက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါမင်းကို သတိပေးခဲ့တယ်မလား ငါ့ကို သည်းမခံနိုင်အောင်လုပ်ရင် ငါတို့ပြီးတာနဲ့ ငါမင်းကိုသတ်ပစ်မယ်လို့ ပြောထားတယ်လေ”
ကျန်းလာ်သည် တစ်လုံချင်းပြောလိုက်သည်။ အသွေးအသားများကို ကိုက်ဖြဲတော့မလို အံကြိတ်ထားပြီး
“ချီယုံ ငါမင်းကို သတ်ပစ်မယ်”
မကောင်းဆိုးဝါးသည် ဘာမှလုပ်မထားသလို အပြစ်ကင်းစွာဖြင့် ပြန်မေးလိုက်သည်။
“ကိုယ်ဘယ်တုန်းက အဲ့လောက်ထိလုပ်လိုက်မိလို့လဲ”
သူပြောပြီးနောက် သိပ်မကြာပေ ရွှေရောင်ကျားတစ်ကောင်က ခုန်အုပ်လိုက်သည်။ ကျန်းလော်သည် ကျားနှင့်အတူ သူ့ကို တိုက်ခိုက်သည်။
“ငါမင်းကို အကြိမ်တစ်သန်းလောက် ရပ်ဖို့ပြောနေတာကို ဘာလို့ မရပ်ပေးရတာတုန်း”
ကျန်းလော်သည် အသက်ရှူသံများပြင်းလာပြီး အလွန်စိတ်တိုနေကာ ချီယုံ့ကို နံရံနားအထိ လွင့်ထွက်သွားအောင် ကန်ထည့်လိုက်သည်။ မျက်လုံးထဲတွင် မီးတောက်နေပြီး နေလုံးကြီးလောင်ကျွမ်းနေသကဲ့သို့ပင်
“ငါဆေးခတ်ခံရတာနဲ့ မင်းကိုအရင်ရှာမိတာကို နောင်တရလာပြီ၊ ငါမင်းကို မသတ်နိုင်ရင် ငါ့ကိုယ်ငါခွင့်လွတ်နိုင်မှာ မဟုတ်တော့ဘူး”
ချီယုံသည် ကျန်းလော်ကို ပုတ်ထုတ်လိုက်ပြီး ခါးကိုဖက်လိုက်ကာ မထိန်းနိုင်တော့စွာ ရယ်ချလိုက်သည်။
“သတ်ကြည့်လေ..........”
ကျန်းလော်သည် ဒေါသအထွက်လွန်ပြီး သူ့လှုပ်ရှားမှုများသည် ကြမ်းတမ်းလာသည်။ သူတို့တိုက်ခိုက်လိုက်တိုင်း ပေါ်လာသော အင်္ကျီအောက်မှာ ကိုက်ရာများနှင့် အမှတ်များသည် အလွန်ကြောက်စရာကောင်းနေကာ ကျန်းလော်စိတ်အခြေအနေကို ပိုဆိုးလာစေသည်။
ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ ‘ဘန်း’ဆိုသော အသံအကျယ်ကြီးကြားလိုက်ကာ အလင်းတန်းများဝင်လာပြီး အနီရောင်တိမ်ကဲ့သို့ မီးခိုးများ အခန်းတစ်ခုလုံးပျံ့နှံ့သွားသည်။ ကျန်းလော်သည် ပြတင်းပေါက်မှ ဝင်လာသော မီးခိုးများနှင့် အလင်းတန်းများကို ကြည့်၍ ကျက်သေသေသွားသည်။
‘အလင်းတန်းတွေက ညစာစားချိန်ပြီးထဲက ပိတ်လိုက်ပြီ မဟုတ်ဘူးလား’
‘ငါ ချီယုံနဲ့ လှိမ့်တာ ငါးနာရီလောက် ကြာသွားတယ်လို့တော့ လာမပြောနဲ့နော်’
ကျန်းလော်မျက်နှာသည် ပြာနှမ်းနေကာ ပြတင်းပေါက်မှ အကြည့်လွှဲ၍ ချီယုံ့ကို ကြည့်လိုက်သည်။
သားရဲကောင် မကောင်းဆိုးဝါးကောင် ချီယုံသည် သူ့တစ်ကိုယ်လုံးကို အငမ်းမရစားသောက်သွားပြီး ကျေးဇူးထိုင်တင်ရလောက်သော ဂျင်ဆင်းနှင့် ချွေးသိပ်သွားသည်။ မကောင်းဆိုးဝါး၏ ပထမဆုံး အချစ်ကိုထိတွေ့မိခြင်းသည် ကျန်းလော်၏အချိန်များကို သောက်ကျိုးနည်း အလကားကုန်သွားစေသည်။
ကျန်းလော်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် တည်ငြိမ်သွားသည်။ သူသည် အိပ်ရာအစွန်းတွင် ဝင်ထိုင်လိုက်ကာ ကိုယ့်ကိုကိုယ်ဆုံးမနေသည်။ ထို့နောက်ပြုံးပြုံးလေးပြောလိုက်သည်။
“ဒီတံခါးထဲကနေ ထွက်သွားလိုက်တာနဲ့ ဘယ်သူမှ ဒီနေ့အကြောင်း သိတော့မှာမဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားသည်။ သူသည် ချီယုံ့ကို ဖမ်းရန် တံခါးရှေ့တွင် ကုပ်ကုပ်လေးထိုင်စောင့်နေကြသော လူအုပ်ကြီးကို ဝင်တိုက်ကာ မြန်မြန်ထွက်ပြေး ပျောက်ကွယ်သွားသည်။ ချီယုံသည် မတွေးတတ်တော့ပုံဖြင့် နံရံကို မှီပြီး ရပ်နေလိုက်သည်။
အပြင်ဘက်မှ လူက အော်လိုက်သည်။
“ချီယုံ တကယ်ပဲမင်းဖြစ်နေတာကိုး ငါ့နှယ် ယုံတောင်မယုံနိုင်ဘူး မင်းက သေသွားပြီလေ”
“ငါတို့ဒီနေရာကို လူအများကြီးနဲ့ ဝိုင်းထားပြီးပြီ မင်းဘယ်မှ ပြေးမလွတ်နိုင်တော့ဘူး”
ချီယုံသည် သူ့ကိုယ်သူပြောလိုက်သည်။
“ကောင်းတာပေါ့”
ကျန်းလော်အပေါ်ထားသော သူ့ရမ္မက်ကို ပြောင်ပြောင်တင်းတင်း ဖော်ပြနိုင်ခဲ့ကာ ကျန်းလော်နှင့်ပင် ဖြည့်ဆည်းနိုင်ခဲ့သည်။ သူသည် ကျန်းလော်ကို မြည်းလိုက်ရပြီး နောက်ထပ်ဘယ်တော့မှ ထိုဆန္ဒများဖြစ်လာတော့မည် မဟုတ်ပေ။ ထို့ကြောင့် ချီယုံသည် သူ၏ မူလအစီအစဉ်ဖြစ်သည့် ကျန်းလော်၏စိတ် နတ်ဆိုးကို ဖော်ထုတ်ပြီး ကျန်းလော်ကို ငရဲဆွဲချမည့် အစီအစဉ်ကို ဆက်လုပ်တော့မည် ဖြစ်သည်။
လူချမ်းသာနှင့် သာမန်အရပ်သားအသွင်ယူထားသော လူနှစ်ဆယ်လောက်ရှိသည့် လူအုပ်ကြီးသည် အခန်းထဲသို့ ဝင်လာပြီး ချီယုံ့ကို ထိတ်လန့်စွာကြည့်လိုက်သည်။ သို့သော် သူတို့ အခန်းထဲဝင်လိုက်သည်နှင့် တံခါးသည် လုံးဝပိတ်သွားသည်။
လူများသည် အလွန်လန့်သွားကြသည်။
ချီယုံသည် ပြုံးလိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ယဉ်ကျေးစွာမေးလိုက်သည်။
“တဆိတ်လောက်ဗျာ ကျန်းလော်ကို ဆေးခတ်ခဲ့တာ ဘယ်သူများလဲ”
သူသည် ကျေနပ်စွာမျက်လုံးမှေးလိုက်ပြီး
“အဲ့ဒီသူကတော့ ကျုပ်ကို အကျိုးအမြတ်အကြီးကြီးပေးလိုက်တာပဲဗျ ကျုပ်က သူ့ကို ကျေးဇူးတင်ချင်လို့ပါဗျာ”
မကောင်းဆိုးဝါး၏အပြုံးမျက်နှာသည် ရုတ်ချည်းပင် အမူအယာမပေါ်သော မျက်နှာသို့ ပြောင်းသွားပြီး စိတ်ပျက်စရာကောင်းလောက်အောင် သူ့ကိုယ်သူထိန်းနေကာ
“ဒီလိုမျိုးပေါ့ သူ့ကို အရင်ဆုံးပေးမသေတာမျိုးပေါ့လေ ကျေးဇူးတင်ရမှာပေါ့”
#############################################