အပိုင်း (၁၂၈)
Role Play
ချီမိသားစုသည် တစ္ဆေဆေးမှင်ကြောင်ကို အလွန်မုန်းတီးနေကြပြီး ချီယုံသည် ထိုဆေးမှင်ကြောင်နှင့် ပတ်သက်၍ အလွန်ရှုပ်ထွေးသည့် ခံစားချက်များရှိသည်။ သို့သော် သူ၏ပန်းတိုင်သည် ထိုဆေးမှင်ကြောင်နှင့် ကျိန်စာများကို ဖယ်ရှား၍ လူသားတစ်ယောက်အဖြစ် နေထိုင်ရန် ဖြစ်သည်။
သူသည် တစ္ဆေတစ်ကောင် ဖြစ်မလာချင်ပေ။ သို့ရာတွင် အနာဂတ်သည် သူ့ကို စိတ်ပျက်စေသည်။ နောက်နှစ်များစွာ ကြာပြီးလျှင် သူဆိုသည့် ချီယုံသည် လူသားတစ်ယေဦက်မဟုတ်တော့ဘဲ ရူးသွပ်၍ လှည့်ဖျားကောက်ကျစ်သော မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ဖြစ်လာတော့မည်။
ချီယုံသည် ယူနီဖောင်းဝတ်သခင်လေး၏ ခြေထောက်မှ ရုန်းထွက်လိုက်ပြီး ခြေထောက်ထောက်လိုက်ကာ
မင်းက လူသားမဟုတ်တော့ဘူး“
ယူနီဖောင်းဝတ်သခင်လေးသည် သစ်ပင်ကြီး၏ တစ်ဖက်ကိုကြည့်လိုက်ရာ အမှောင်ထဲတွင် ညငှက်များသည် သစ်ကိုင်းခြောက်များပေါ်တွင် နား၍ သူတို့ကို စောင့်ကြည့်နေသည်။
သေစေနိုင်လောက်အောင် အကြာကြီး တိတ်ဆိတ်နေပြီး ရုတ်တရက် ပျော်ရွှင်စွာ အကျယ်ကြီးရယ်ချလိုက်ကာ ပြောသည်။
“ဘယ်လောက်တောင် ကြမ်းတမ်းလိုက်တဲ့ အတွေးအခေါ်လဲကွာ”
သူကပြောသည်။
“သေခြင်းကပဲ ငါ့ကို ပြန်ရှင်သန်လာစေတာကွ”
…………………
ကျန်းလော့သည် ရေကန်ဆီသို့ စာရွက်နှင့် ဘောလ်ပင်န်ယူပြီး ပြန်ရန်အချိန်ကျပြီဟု တွေးလိုက်သည်။
သူရောက်သွားချိန်တွင် ချီယုံသည် မြေပြင်ပေါ်မှ ထရပ်နေပြီးဖြစ်ကာ သွေးများရွှံ့များနှင့် ညစ်ပတ်နေသည်မှ လွဲ၍ မျက်နှာပေါ်တွင် နာကျင်မှု၏ အရိပ်အယောင် မမြင်ရတော့ပေ။ သူသည် ကျန်းလော့ကို ပြုံးပင်ပြုံးပြလိုက်ပြီး စာရွက်နှင့် ဘောလ်ပင်န်ကို လှမ်းယူလိုက်ကာပြောလိုက်သည်။
“ကျေးဇူးပါပဲ သခင်လေးကျန်း”
သူပြောပြီးနောက် ချီထျန်စီသို့ လျှောက်သွားလိုက်သည်။
သူ့လက်သည် အနည်းငယ်တုန်ရီနေပြီး စာရွက်ပေါ်သို့ ဘောလ်ပင်န်တင်လိုက်သည်။ မျက်နှာထားမပြောင်းသော်လည်း ကျန်းလော့နှင့် အကြည့်ချင်းဆုံရန် ရှောင်နေသည်။ ချီယုံသည် ဝန်ခံကြောင်းစာကို တည်ငြိမ်စွာ မြန်နိုင်သမျှမြန်မြန်ရေးလိုက်သည်။
ထို့နောက် ချီထျန်၏ လက်ကို ဆွဲယူလိုက်ပြီး မျက်နှာမှသွေးဖြင့် စာရွက်ပေါ်သို့ လက်ဗွေနှိပ်လိုက်သည်။ ချီယုံသည် ဝန်ခံစာကို ဂရုတစိုက်ယူလာသည်။ သို့သော် မလုံလောက်သေးဘူးထင်ကာ ချီထျန့်ကိုယ်ပေါ်မှ အဝတ်အစားများကို ဆွဲချွတ်ပစ်လိုက်သည်။ သူ့နောက်ကျောပေါ်တွင် ဖုံးကွယ်ထားသော လက်သည်းရာများ အများအပြားပေါ်လာပြီး အမျိုးသမီးတစ်ယောက်၏ ခုခံမှုကြောင့် ရလာသော ဒဏ်ရာများဖြစ်ကြောင်း စကားမလိုတော့ပေ။
ထိုအရာများသည် အားအကောင်းဆုံး သက်သေများသာ ဖြစ်သည်။
သူထိုသို့ လုပ်ပြီး မကြာမီတွင် လူအုပ်ကြီးသည် အလျင်စလို ရောက်လာပြီး သူတို့ကို ပတ်လည်ဝိုင်းကြည့်လိုက်ကြသည်။
ချီမိသားစုများ၏ အကြီးအကဲများသည် အလျင်စလိုရောက်လာပြီး သူတို့မျက်နှာများသည် ဒေါသတကြီးဖြစ်နေကာ ရန်ဖြစ်ဖို့ရောက်လာသကဲ့သို့ မျက်နှာထားဆိုးကြီးများဖြင့် ဝိုင်းကြည့်နေကြသည်။
ကျန်းလော့သည် သူတို့ကို ကြည့်ရတာ ပင်ပန်းလာပြီဖြစ်သည်။
အပြင်လောကထဲတွင် သူ့ကို ပြန်ရောက်ရောက်ချင်း ဖုန်းလီသည် လျန်အိမ်တော်သို့ ပို့လိုက်သောကြောင့် ချီမိသားစုကို လက်စားချေရန် အချိန်မရလိုက်ပေ။ သို့သော် မှန်လောကထဲမှ လူများ၏ လုပ်ပုံကိုင်ပုံတို့သည် အပြင်ကထက်ပင် ရွံစရာကောင်းနေကာ ဆက်သည်းမခံနိုင်တော့ပေ။
သူတို့အားလုံးကို တစ်ချက်ထဲ အပြတ်ရှင်းလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ
သူ၏စိတ်မရှည်မှုကိုသိသွားသလို ချီယုံက သူ့ကို ပြောလာသည်။
“အခန်းပြန်နားလိုက်လေ ကိုယ်လာခဲ့မယ်”
“စိတ်မပူပါနဲ့”
ချီယုံမျက်လုံးများသည် အနည်းငယ်မှောင်မိုက်နေပြီး
“ကိုယ်ချက်ချင်းနောက်က လိုက်ခဲ့မယ်”
အနာဂတ်မှချီယုံသည် မကောင်းဆိုးဝါးဆိုလျှင် လက်ရှိချီယုံသည် မြွေပွေးတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ကျန်းလော့သည် ချီယုံ့ကို နည်းနည်းမှ စိတ်မပူပေ။
သူ့ကို ဒေါသထွက်စေသော မြင်ကွင်းကို ဆက်မကြည့်ချင်ရုံသာဖြစ်ပြီး ချီယုံ့စကားကို နားထောင်ကာ ရိုးရှင်းစွာ တိုက်ပွဲကွင်းပြင်လိုနေရာမှ အမြန်ထွက်လာလိုက်တော့သည်။
သို့သော် ကျန်းလော့သည် သူ့အခန်းသို့ အရင်မပြန်သွားပေ။ လျန်ရွှီနှင့် တခြားသူများနှင့် တွေ့ရန် သွားလိုက်သည်။
လျန်ရွှိသည် လိရှောင်းကို စိတ်ငြိမ်အောင် မနည်းဖြောင်းဖြထားကာ ကျန်းလော့ကိုမြင်သည်နှင့် သက်ပြင်းချလိုက်သည်။
“လိရှောင်းက သေမှာကို တအားကြောက်နေပြီ နောက်တစ်ယောက်သေမဲ့သူက သူဖြစ်နေမှာကို ကြောက်နေတယ် အစ်ကိုကြီး”
“ဒါပေမဲ့ သူ့နေရာမှာ ကျွန်မသာဆိုလည်း ကြောက်မှာပဲ သူတို့အုပ်စုထဲကကြီးပဲ သေနေတာဆိုတော့..........”
လျန်ရွှီက ဆက်ပြောလိုက်သည်။
“အစ်ကိုကြီး မှန်လောကထဲက မြန်မြန်ထွက်ဖို့ လုပ်ကြရအောင် ညီမတော့ တဖြည်းဖြည်းနဲ့ မလွယ်တော့သလို ခံစားနေရပြီ”
ကျန်းလော့သည်လည်း သူမနှင့် အတွေးတူသည်။ သူ့အခန်းသို့ပြန်ရောက်သည်နှင့် သိထားပြီးသော အချက်အလက်များကို အကုန်ချရေးကာ လုပ်မည့်အစီစဉ်ဆွဲလိုက်သည်။ မှတ်မိအောင်ကြည့်လိုက်ပြီး စာရွက်ကို မီးရှို့လိုက်သည်။
ရုတ်တရက် တံခါးခေါက်သံ သုံးချက်ကို ကြားလိုက်ရသည်။
“ရှပ် ရှပ် ရှပ်”
တံခါးအပြင်မှ အရိပ်တစ်ခု ပေါ်လာသည်။
ယခုမှ နေ့အချိန်သာရှိသေးပြီး မှန်လောကထဲမှ သရဲများအားလုံးသည် ညဘက်မှသာ ပေါ်လာတတ်သည်။ ထို့ကြောင့် ကျန်းလော့သည် ယုံကြည်မှုရှိစွာ တံခါးသွားဖွင့်လိုက်သော်လည်း တံခါးအပြင်ဘက်တွင် စက်ဆုပ်ဖွယ်သရဲတစ်ကောင်ရှိမနေဘဲ သရဲထက်ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးတစ်ကောင် ရောက်နေခြင်း ဖြစ်သည်။
ယူနီဖောင်းဝတ်သခင်လေးသည် အခန်းထဲသို့ လှမ်းဝင်လာပြီး သူ့နောက်တွင် တံခါးသည် သူ့ဟာသူပိတ်သွားသည်။ ကျန်းလော့သည် ယခုသူရောက်နေသော လူနေရာကို အပြည့်အဝခံစားချက်သွင်းပြီး မျက်ခုံးပင့်လိုက်ကာ ရှုပ်ထွေးနေပုံဖြင့် ယူနီဖောင်းဝတ်သခင်လေးနောက်သို့ လျှောက်လိုက်သွားပြီး
“သခင်လေး ဘယ်လိုအကြောင်းကြောင့်နဲ့ ဒီရောက်လာတာပါလဲ”
သခင်လေးသည် လက်မြှောက်၍ စစ်တပ်သုံးဦးထုပ်ကို ချွတ်လိုက်ကာ စားပွဲပေါ်သို့ ညင်သာစွာတင်ပေးလိုက်သည်။ ထို့နောက် ခုံတွင် ပျင်းတိပျင်းရွဲဝင်ထိုင်လိုက်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့၏ သရုပ်ဆောင်မှုကို ဖျက်ဆီးရန်ဆန္ဒမရှိဘဲ သူကပင် နောက်ကလိုက်သရုပ်ဆောင်ပေးကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ချီဖူးရန်(သခင်မချီ) တကယ်က ကျုပ်ဒီကို ခင်များခင်ပွန်း ချီယုံ့အကြောင်း မေးချင်လို့ပါ”
သူသည် ကျန်လော့ကို အကြည့်တစ်ချက်ပေးလိုက်ပြီး အူမြူးနေသလို အသံဖြင့်
“မနေ့ညက သူတကယ် လူသတ်ခဲ့လား မသတ်ခဲ့ဘူးလား”
အနာဂတ်ချီယုံဆီမှ “ချီဖူးရန်” ဟု အခေါ်ခံရသည့် ခံစားချက်သည် အတော်လေး ထူးဆန်းသည်။ ကျန်းလော့သည် မျက်လွှာချလိုက်ပြီး တကယ့်ကို ဇာတ်ကောင်ထဲနှစ်ဝင်နေကာ မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီးတုံ့ပြန်လိုက်ချင်သော်လည်း ထိန်းသိမ်းမှဖြစ်မည်မို့ ထိန်းထားရသည့် အမူအယာဖြင့်
“သခင်လေး ကျွန်တော် ရေကန်မှာတုန်းက ပြောခဲ့ပြီးပါပြီ သူက မနေ့ညက တစ်ညလုံးကျွန်တော်နဲ့ ရှိနေတာပါလို့ ပြီးတော့လဲ သူမနေ့ညက အပြင်လုံးဝမထွက်တာ ကျွန်တော် အစစ်ဆေးခံနိုင်ပါတယ်”
ယူနီဖောင်းဝတ်သခင်လေးက ပြောသည်။
“မင်းက ဘယ်လိုအစစ်ဆေးခံမှာလဲ”
ကျန်းလော့ကပြောသည်။
“သူ့လည်ပင်းက အမှတ်တွေက မလုံလောက်လို့လား”
သခင်လေးသည် ပြုံးလိုက်ပြီး စားပွဲကို ခေါက်နေကာ လက်ညှိုးဖြင့် စားပွဲကို ပွတ်ဆွဲလိုက်သည်။
“တော်လိုက်တာ”
သူသည် ထရပ်လိုက်ပြီး သူ့ကိုယ်ပေါ်မှ ခြုံထည်ကို ဖယ်ပစ်လိုက်သည်။ မီးခိုးရောင်ယူနီဖောင်းသည် ထိုသူကို ထက်ရှသော ဓားတစ်ချောင်းလို အရှိန်အဝါမျိုးရအောင် ပံ့ပိုးပေးထားပြီး သခင်လေးသည် ကျန်းလော့နားသို့ လျှောက်လာကာ
“အခုကစပြီး မင်းကိုယ့်ကို မနေ့ညက ချီယုံအဖြစ်ဆက်ဆံ ပြီးရင် မင်းမနေ့ လုပ်ခဲ့တာကို ပြန်လုပ်ပြ”
ကျန်းလော့သည် မျက်လုံးပြူးသွားပြီး
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“မင်းမလုပ်ချင်ဘူးလား”
သခင်လေး၏ ခြေလှမ်းများသည် ရပ်တန့်သွားပြီး ကျန်းလော့ကို နက်ရှိုင်းစွာငေးကြည့်၍ ဖိအားတချို့ ထုတ်လိုက်ကာ
“မင်းမပူးပေါင်းဘူးဆိုရင် မင်းပြောတဲ့ အစစ်ဆေးခံမယ်ဆိုတာ ပါးစပ်ထဲရှိရာလျှောက်ပြောတယ်လို့ပဲ ထင်မိတော့မယ် ပြီးရင် ကျုပ်ထင်တာတော့ ချီအိမ်တော်က သခင်လေးကတော့ ကျုပ်တို့နဲ့ ပျော်ပျော်ကြီး လိုက်ခဲ့ရတော့မှာပေါ့လေ”
‘ဒီမအေဘေး.....’
ကျန်းလော့သည် ဆက်၍ သရုပ်မဆောင်နိုင်တော့စွာ ဒေါသတကြီးပြောလိုက်သည်။
“မင်း.....”
သခင်လေးသည် အေးအေးသက်သာပြောလိုက်သည်။
“သခင်လေးကျန်း ဘယ်လိုသဘောရလဲ”
ကျန်းလော့သည် အကြာကြီး ဒေါသထွက်နေပြီး နောက်ဆုံးတွင် ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ကျန်းလော့သည် လက်မြှောက်လိုက်ပြီး သခင်လေး၏ ပုခုံးပေါ်သို့တင်လိုက်ကာ ကြောက်လန့်စိတ်တို့ မှေးမှိန်သွားပြီး မျက်နှာသည် ပြုံးအီသွားကာ
“သခင်လေးချီ နောက်ကျနေပြီ အိပ်ရာဝင်ရအောင်လေ”
“တကယ်ကို နားဖို့အချိန်ရောက်နေပြီ”
မကောင်းဆိုးဝါးသည် ကျန်းလော့၏ ခါးကို ဖက်လိုက်ပြီး ကောင်လေးကိုပါ ဆွဲ၍ အိပ်ရာပေါ်သို့ အတူတူခေါ်သွားလိုက်သည်။
“ဖူးရန် ဒီနေ့ဘာတွေလုပ်ခဲ့လဲ”
လူနှစ်ယောက်သည် ခြေထောက်များ လိမ်ယှက်နေကြပြီး နှေးကွေးစွာ သွားနေပုံမှာ ခန့်ညားသော လူနှစ်ယောက် တန်ဂိုကနေသလိုပင် ဖြစ်နေသည်။
ကျန်းလော့သည် မကောင်းဆိုးဝါး၏ ခေါင်းနောက်သို့ လက်တင်ထားပြီး လည်ပင်းနောက်ကို ရိုက်ချလိုက်ကာ
“ပျင်းစရာကောင်းတာတွေ အများကြီးလုပ်ခဲ့တယ် ဒါပေမဲ့ သခင်လေးချီလောက် ဘယ်တစ်ခုကမှ စိတ်ဝင်စားစရာကောင်းမနေဘူး”
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး ရုတ်တရက် ကျန်းလော့ကို အိပ်ရာပေါ်တွန်းချလိုက်ကာ
“တကယ်လား”
ဆံပင်အနက်ရောင်များသည် အနီရောင်မင်္ဂလာအိပ်ရာပေါ်သို့ ပျံ့ကျဲသွားပြီး ကျန်းလော့၏ ခြေတံရှည်တစ်ဖက်သည် အိပ်ရာပေါ်တင်နေပြီး နောက်တစ်ဖက်သည် ကုတင်အောက်ကျနေကာ ခြေချောင်းများသည် ကြမ်းပြင်နှင့်ထိကပ်နေသည်။
သူသည် အထိတ်တလန့်ဖြစ်မနေဘဲ အားရဝမ်းသာဖြစ်ပြီး အူမြူးနေသော အသံဖြင့် ပြောလိုက်သည်။
“သခင်လေးချီ မနေ့က ကျွန်တော့်ကို ကတိပေးခဲ့တာ မှတ်မိသေးလား’
မကောင်းဆိုးဝါးသည် ကျန်းလော့ခန္ဓာကိုယ်ကို ဖိထားလိုက်ပြီး သူ့တစ်ကိုယ်လုံးဖြင့် ကျန်းလော့ကို အုပ်မိုးထားသည်။ ခြောက်ခြားဖွယ်အရှိန်အဝါသည် အလွန်သိသာလွန်းနေပြီး မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်မှ ပိုင်ဆိုင်လိုစိတ်ကြီးစိုးသည့် စိတ်ဆန္ဒသည် ထိုကောင်လေးကို ထိတွေ့လိုက်သည်နှင့် ထိန်းမရအောင် ကြီးထွားလာတော့သည်။
ကျန်းလော့သည် ယခင်တုန်းက သူနှင့် အိပ်ရာပေါ်တွင် လူးလိမ့်ခဲ့သည့်အချိန်ကို အမှတ်ရသွားပြန်သည်။ ထိုအချိန်တုန်းက သူသည် ချီယုံ့တွင် ဤကဲ့သို့ အတိတ်မျိုးရှိမှန်း မသိခဲ့ပေ။
မကောင်းဆိုးဝါးကိုအိပ်ရာထဲတွင် ထိန်းချုပ်ရသည်မှာ ပျော်စရာကောင်းပြီး ကျန်းလော့သည် အကြံဆိုးတစ်ခုကို တိတ်တဆိတ်တွေးမိလိုက်သည်။ ချီယုံ့ကို လိုချင်လာအောင် လုပ်ပြီး လိုချင်တာမရအောင် ထပ်မံစနောက်ချင်လာသည်။
မကောင်းဆိုးဝါးက မေးသည်။
“ဘယ်စကားလဲ”
ကျန်းလော့သည် လှောင်ပြုံးပြုံးလိုက်ပြီး ပြောသည်။
“ခွေးပေါက်လေးကို ဟောင်ပြမယ် ဆိုတာလေ”
မကောင်းဆိုးဝါးသည် မျက်လုံးများမှေးကျဉ်းသွားသည်။
ကျန်းလော့က ပြောလိုက်သည်။
“သခင်လေးချီ စကားတည်မယ်မို့လား”
ဤအခန်းသည် ဟုတ်တာပေါ့ ကျန်းလော့ဘာပြောပြောအမှန်ပဲ ဖြစ်သည်။ သို့သော် မကောင်းဆိုးဝါးသည် ကျန်းလော့၏စကားကို နွမ်းနွမ်းလျလျ လိုက်လျောပြီး ပြောလိုက်သည်။
“ဟုတ်တယ် ကိုယ့်စကားကို မတည်တော့ဘူး”
ကျန်းလော့သည် ဆွံ့အသွားပြီး မျက်လုံးလှိမ့်လိုက်ကာ သူ့အသံသည် လေးပင်သွားသည်။
“သခင်လေး မနေ့ညက သခင်လေးချီက ခွေးပေါက်လေးလို ဟောင်ဖို့သင်ယူထားတယ်လေကွာ”
မကောင်းဆိုးဝါးသည် ကျန်းလော့ကို ငုံ့ကြည့်ပြီး နှေးကွေးစွာပြောလိုက်သည်။
“ဒီလိုလား”
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး မကောင်းဆိုးဝါးကို ပြောလိုက်သည်။
“သခင်လေးကျန်း ဒီအသုံးမဝင်တဲ့ စကားတွေပြောမနေဘဲ ပိုအရေးကြီးတဲ့ ကိစ္စကိုကျော်လုပ်လိုက်ကြရအောင်ကွာ လုပ်ရမဲ့ ကိစ္စကို ဆက်လုပ်ရအောင်လေ”
“ဥပမာပြောရရင်”
မကောင်းဆိုးဝါးသည် ခေါင်းငုံ့လိုက်ပြီး မျက်လုံးများသည် ကျန်းလော့မျက်နှာကို စိုက်ကြည့်ကာ
“ဒါပြီးရင် ဘာဆက်လုပ်ကြလဲ”
ကျန်းလော့သည် ထိုမျက်လုံးများထဲတွင် မုန်တိုင်းမလာခင် လေပြေ၏တည်ငြိမ်ခြင်းလိုမျိုး တည်ငြိမ်မှုကို မြင်နေရသည်။ ထိုအကြည့်သည် အရာရာကို ချက်ချင်းဖျက်ဆီးပစ်ချင်သော အကြည့်မျိုးလည်း ဖြစ်သည်။
သူသိချင်နေသည်မှာ ကျန်းလော့သည် ဤမှန်လောကထဲမှ ချီယုံနှင့် ကျွမ်းဝင်နေသော တစ်ခုခုကို အဆုံးထိလုပ်ခဲ့မလုပ်ခဲ့ကို ဖြစ်သည်။
ကျန်းလော့သည် ချက်ချင်း သရုပ်ဆောင်တော့သည်။ သူသည် အမြဲတမ်း ချီယုံ့ကို သည်းမခံနိုင်အောင် စိတ်တိုအောင်လုပ်ချင်သည်။
ချီယုံမကြိုက်လေ သူပျော်လေဖြစ်သည်။ မကောင်းဆိုးဝါးကို မပျော်အောင်လုပ်လို့ရလေ ပိုလုပ်ချင်လေဖြစ်သည်။
“ကျွန်တော်တို့ အများကြီးလုပ်ခဲ့ပြီးပြီ”
ကျန်းလော့သည် ချီယုံ့ကို ပျင်းရိစွာပြုံးပြလိုက်သည်။ ထို့နောက် မကောင်းဆိုးဝါး၏ လက်ကိုဆွဲ၍ ပါးကိုကပ်လိုက်ကာ မကောင်းဆိုးဝါး၏လက်ဖြင့် ပါးမှ မေးစေ့ မေးစေ့မှ သူ့လည်ပင်းထိ ပွတ်ဆွဲသွားလိုက်ပြီး
“သခင်လေးချီ မေ့သွားပြီလား မနေ့က မင်းငါ့ရဲ့ ဒီနေရာကို ယူ.....”
သူသည် မကောင်းဆိုးဝါး၏ လက်ကိုအုပ်ကိုင်ကာ သူ့ရင်ဘက်ပေါ်တင်လိုက်ပြီး ပျော့ပြောင်းသေးသွယ်သော ခါးလိုင်းထိဆင်းသွားစေကာ
“ဒီမှာပဲ”
ဆံပင်အနက်နှင့် လူငယ်လေးသည် အိပ်ရာပေါ်တွင်လှဲနေကာ ကြက်သွေးရောင်နှုတ်ခမ်းများသည် ကော့တက်လာပြီး သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ မကောင်းဆိုးဝါးသည် သူ့လည်ပင်း၏ သွေးခုန်နှုန်းကို ခံစားမိနေကာ သူစကားပြောလိုက်တုန်း လှုပ်ခတ်နေသာ ရင်ဘက်ကိုလည်း ကြည့်၍ သူ့လက်ချောင်းများအောက်မှ ပျော့ပြောင်းတောင့်တင်းသော အသားအရည်ကို ခံစားမိနေသည်။
မကောင်းဆိုးဝါးသည် သူတို့နှစ်ယောက်သည် ဇာတ်ကောင်များဖြစ်သွားသလို ထင်လာပြီး မထိန်းနိုင်စွာ အာရုံစိုက်မိလာသည်။ ကျန်းလော့၏ လှုပ်ရှားမှုတိုင်းသည် တမင်တကာကို မြူဆွယ်နေပြီး ထောင်ချောက်မှန်းသိသာနေသည်တောင် မုဆိုးချီယုံသည် ဆန္ဒရှိစွာ ဆင်းသက်ချင်နေသည်။ သူသည် မကောင်းဆိုးဝါး၏ ခုန်လှုပ်နေသော သွေးကြောများကိုပါ အနိုင်လိုချင်လာသည်။
မကောင်းဆိုးဝါး၏ မျက်လုံးထဲတွင် မီးတောက်တစ်ခု တောက်လောင်နေကာ ကျန်းလော့ခါးကို ဆုတ်ကိုင်ထားသော အားသည် တဖြည်းဖြည်းကြီးလာသည်။
သူ့အရေပြားအောက်တွင် ထိန်းသိမ်းထားသော ရမ္မက်သည် အားကောင်းသော အထိအတွေ့ကြောင့် ပွင့်ထွက်သွားပြီး တဖြည်းဖြည်းပိုပို ပြင်းထန်စွာ တောက်လောင်လာသည်။
“ပြီးတော့............”
ကျန်းလော့သည် အပေါ်ပိုင်းကြွလိုက်ကာ မကောင်းဆိုးဝါးသည် အနည်းငယ်ဖယ်ပေးလိုက်ပြီး ကုတင်ပေါ်ထိုင်ချလိုက်သည်။ ကျန်းလော့သည် အဓိပ္ပာယ်ပါပါပြုံးလိုက်ပြီး မကောင်းဆိုးဝါးကို ကြည့်လိုက်ကာ အိပ်ရာလိုက်ကာကိုချည်သော ကြိုးကိုဆွဲယူလိုက်ကာ မကောင်းဆိုးဝါး၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ပူးချည်လိုက်သည်။
“ပြီးတော့ သခင်လေးချီကို ကျွန်တော်ကြိုးနဲ့ ချည်လိုက်တယ်”
မကောင်းဆိုးဝါးသည် ကျန်းလော့ကို ကြိုးချည်ခွင့်ပြုလိုက်ကာ သူ့ဘေးတွင် ပေါ့ပါးအေးဆေးစွာ ဝင်လှဲလိုက်သည်။
“အိုး ပြီးတော့ရော....”
ကျန်းလော့သည် အားနာရှက်ရွံ့စွာ ပြုံးလိုက်ပြီး
“အဲ့တာပြီးတော့ ပြီးတော့ ဒီက သခင်လေးနဲ့ ဆက်လုပ်ပြဖို့ က မသင့်တော်ပါဘူး”
သခင်လေး၏ နှုတ်ခမ်းပါးထောင့်နှစ်ဖက်သည် မြင့်တက်သွားပြီး
“ဒါပေမဲ့ မင်းမလုပ်ရင် မင်းလုပ်ခဲ့တာကို ကိုယ်က ဘယ်လိုလုပ်သိမှာလဲ”
ကျန်းလော့သည် ပါးစပ်ဟလိုက်ပြီး တစ်ခုခုပြောရန်အလုပ် အပြင်ဘက်မှ အခန်းဆီလာနေသော ခြေသံကို ကြားလိုက်ရသည်။ ပုံရိပ်တစ်ခုသည် ပြတင်းပေါက်ကိုဖြတ်ကာ အခန်းဆီသို့ တည့်တည့်လျှောက်လာနေသည်။
ပုံရိပ်သည် သူအလွန်ရင်းနှီးနေသော သူဖြစ်ပြီး မှန်ဝင်္ကပါလောကထဲမှ ချီယုံ အခန်းပြန်လာတာ ဖြစ်သည်။
################