Ch 129
Viewers 8k

အပိုင်း (၁၂၉) 


စတင်ရာမှ ထွက်ခွာခြင်းဆီ 

ကျန်းလော့သည် ဆယ်ကျော်သက် ချီယုံပြန်လာသောအချိန်တွင် မကောင်းဆိုးဝါးကို သည်းမခံနိုင်အောင် စိတ်တိုလာစေအောင် စနောက်ချင်နေသည်။ 

ချီယုံ၏ ဇနီးတစ်ယောက်အနေဖြင့် ကျန်းလော့သည် သူ့ကိုယ်သူငုံ့ကြည့်လိုက် အိပ်ရာပေါ်တွင် ပြောမပြနိုင်လောက်အောင် ပေါ့ပါးသည့်ပုံဖြင့် လက်နှစ်ဖက်အချည်ခံရပြီး လှဲလျောင်းနေသော မကောင်းဆိုးဝါးကို ကြည့်လိုက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မကောင်းဆိုးဝါးသည် အားနည်းနေသလို လှဲလျောင်းနေသည်မှာ ကျန်းလော့ကို အသေထရိုက်ချင်စိတ် ပေါ်လာစေသည်။ 

မကောင်းဆိုးဝါး၏ အပြုအမူများသည် ဆန်းကြယ်နေပြီး သူသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် အပြင်ဘက်သို့ ကြည့်နေကာ ချီယုံဝင်လာပြီး သူတို့ကို တွေ့သွားမှာကို အလွန်မျှော်လင့်နေကြောင်း သိသာနေသည်။ 

ကျန်းလော့သည် စက္ကန့်အနည်းငယ်လောက်တွေးလိုက်ပြီး ဆုံးဖြက်ချက်ချလိုက်ကာ အိပ်ရာပေါ်မှ ထလိုက်ပြီး မကောင်းဆိုးဝါးကို ကော်လာကနေဆွဲထုတ်ပြီး ဗီဒိုထဲတွန်းလွှတ်လိုက်သည်။ သူဗီဒိုတံခါးပိတ်ပိတ်ပြီးချင်းမှာပဲ အခန်းတံခါး တွန်းဖွင့်ခံလိုက်ရလေသည်။ 

ချီယုံသည် ရေချိုးပြီး အဝတ်စားလဲလာပြီး ဖြစ်သည်။ သူ့မျက်နှာတွင် ဘာအမူအယာမှ မရှိပေ သို့သော် ကျန်းလော့ကို မြင်ပြီးနောက် မျက်လုံးထဲတွင် နွေးထွေးမှုလေးပေါ်လာကာ 

“သခင်လေးကျန်း ကိုယ်ဒီနေ့ မင်းကို ခြောက်မိသွားလား” 

ကျန်းလော့သည် ဗီဒိုမှ လက်ကို ရုတ်လိုက်ကာ နောက်လှည့်၍ ဗီဒိုကို ကျောမှီလိုက်ကာ တစ်လောကလုံးကို တုန်လှုပ်သွားစေန်ုင်သည့် မကောင်းဆိုးဝါးထွက်လာမည်ကို ကြောက်ရွံ့နေပြီး 

“ဟားဟားဟား မခြောက်မိပါဘူး” 

ချီယုံသည် လှည့်ကြည့်လိုက်ပြီး တံခါးပိတ်လိုက်ကာ သူ့ဆီသို့ လျှောက်လာသည်။ အနည်းငယ်မှောင်ရိပ်သန်းနေသော အခန်းထဲတွင် ဖုန်တချို့ပျံ့လွှင့်နေသည်။ ချီယုံသည် ကျန်းလော့၏ တောက်ပနေသော မျက်လုံးများထဲသို့ ကြည့်၍ သူမသိသော ခံစားချက်များသည် ပေါင်းပင်မြက်ပင်များကဲ့သို့ ကြီးထွားလာတော့သည်။ 

ချီယုံသည် တီးတိုးပြောလိုက်သည်။ 

“သခင်လေးကျန်း ကိုယ်ချီထျန်ကို သင်ခန်းစာပေးတာကို မင်းဘယ်လိုထင်လဲ” 

‘မင်းကြောက်သွားလား’

ကျန်းလော့သည် အနည်းငယ်အံ့ဩသွားပြီး ဒီတိုင်းပြောလိုက်ကာ 

“မင်းက ငါဘယ်လိုထင်မထင် ဂရုစိုက်သေးတာလား” 

ကျန်းလော့သည် တကယ်ကြီးပြောလိုက်သည်။ 

“မင်းတကယ်သိချင်တာဆိုရင်တော့............... ငါထင်တာတော့ မင်းလုပ်တာ မလုံလောက်သေးဘူး” 

ချီယုံသည် အေးခဲသွားပြီး တိတ်ဆိတ်စွာ ရယ်လိုက်သည်။ သို့သော် မကြာခင်အရယ်ရပ်သွားပြီး ကျန်းလော့ကို နက်နက်နဲနဲကြည့်လိုက်သည်။ ထို့နောက် အခန်းထဲရှိလေထုသည် တနည်းတဖုံနူးညံ့သွားကာ  ချီယုံသည် သခင်လေးကျန်း၏ မျက်နှာနားသို့ လက်မြှောက်လိုက်ပြီး အရင်တစ်ခေါက်က မလုပ်ခဲ့ရသော အရာကို ဆက်လုပ်ချင်နေပုံရသည်။ 

သို့သော် ကျန်းလော့ကို မထိမိခင် ချီယုံ့မျက်နှာသည် အေးစက်သွားသည်။ 

“အိမ်ထဲမှာ လူပိုတစ်ယောက်ရှိနေသလိုပဲ” 

သူသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး ဗီဒိုဆီသို့ အကြည့်ပို့လိုက်သည်။ ကျန်းလော့သည် အံဩစွာ ပြောလိုက်သည်။ 

“အာ အိမ်ထဲမှာ တခြားတစ်ယောက်ရှိနေလို့်လား ငါဘာလို့ မတွေ့တာလဲ သခင်လေးချီ တစ်ခုခုမှားပြီး ခံစားမိနေတာ မဟုတ်ဘူးလား” 

ချီယုံသည် သူ့ကိုကြည့်လိုက် ဗီဒိုကို ကြည့်လိုက်ဖြင့် မျက်လုံးများ မှေးကျဉ်းလာကာ 

“ဖြစ်နိုင်ပါတယ်” 

သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းလော့ကို ဆွဲ၍ စားပွဲပေါ်ဝင်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အခန်းထောင့်တွင် ထားထားသော အနီရောင်သစ်သားဘူးအကြီးကြီးနှစ်လုံးဆီသို့ လျှောက်သွားလိုက်ပြီး 

“သခင်လေးကျန်း မင်းနဲ့ငါ လက်ထပ်တဲ့နေ့က မင်းနဲ့လိုက်ဖက်တဲ့ လက်ဆောင်ကောင်းတစ်ခု ရခဲ့တယ်” 

ကျန်းလော့သည် သိချင်သွားပြီး 

“ဘယ်လိုလက်ဆောင်မျိုးလဲ” 

ချီယုံသည် ပြန်မဖြေဘဲ မဟော်ဂနီရောင်ဘူးကြီးထဲသို့ စိမ်ပြေနပြေမွှေနှောက်ရှာနေပြီး ခနကြာသောအခါ အနက်ရောင်သစ်သား သေတ္တာတစ်ခု ထုတ်လိုက်ပြီး ကျန်းလော့ရှေ့တွင် တင်ပေးလိုက်သည်။ 

“သခင်လေးကျန်း ဖွင့်ကြည့်ကြည့်” 

ကျန်းလော့ သည် ဖွင့်ပြီး အထဲကို ကြည့်လိုက်ရာ ဘူးထဲတွင် အနက်ရောင်ပစ္စတို အသစ်တစ်လက်ကို တွေ့လိုက်ရသည်။ 

ချီယုံသည် ပစ္စတိုကို ယူ၍ တစ်ဖက်သို့ လှည့်၍ ချိန်လိုက်ကာ မောင်းတင်လိုက်ပြီး 

“သခင်လေးကျန်း မင်းဒါကို တစ်ခါမှ မသုံးဖူးလောက်ဖူးလို့ ကိုယ်ထင်တယ် ဘယ်လိုသုံးရလဲ ကိုယ်အရင် သရုပ်ပြပေးပါရစေ” 

သို့နှင့် ချီယုံသည် ရုတ်တရက်လက်ကိုမြှောက်၍ ဗီဒိုဘက်သို့လှည့်ကာ ကျန်းလော့ဘာမှ မတုံ့ပြန်နိုင်လိုက်ခင် ပစ်ချလိုက်သည်။ 

“ဘွန်း......” 

ဘမ်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရပြီးနောက် ဗီဒိုသည် အနက်ရောင်အပေါက်အကြီးကြီး ဖြစ်သွားသည်။ 

ကျန်းလော့ “............” 

သူ့မှတ်ဉာဏ်အရဆိုလျှင် ထိုနေရာသည် မကောင်းဆိုးဝါး၏ လက်မောင်းတည့်တည့်ဖြစ်သည်။ ချီယုံသည် သူ့ကိုသိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူသည် ဘာမှမသိသလို ပြုံးပြလိုက်သော်လည်း သူ့စိတ်အခြေအနေသည် အရင်ကထက်ပိုကောင်းလာပုံရကာ အသံသည် အနည်းငယ်မြင့်တက်သွားသည်။ 

“မင်းကောင်းကောင်းမမြင်လိုက်ဖူးမလား” 

သူသည် ဗီဒိုကို နောက်ထပ်မီးခိုးထွက်နေတဲ့ အပေါက်သုံးပေါက်ဖြစ်အောင် သုံးချက်ထပ်ပစ်လိုက်သည်။ 

ကျန်းလော့သည် ချီယုံဘာမှ မတွေ့ဘူးဆိုသည်ကို မိုးနတ်မင်းကြီး ဆင်းပြောရင်တောင် ယုံမှာမဟုတ်ပေ။ သူက ဝင်ပြောလိုက်သည်။ 

“နောက်ထပ်ကျန်တဲ့ နှစ်ကြိမ်ကို ငါစမ်းကြည့်မယ်” 

ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး ပစ္စတိုကို လှမ်းပေးလိုက်သည်။ 

ကျန်းလော့သည် သေနတ်ကို ကိုင်ကြည့်ပြီး ထိုလက်နက်သည် သူနှင့် အလွန်ရင်းနှီးနေသလို ခံစားရသည်။ ကျည်ဆံသည် အလွန်လျင်မြန်စွာ ထိုးဖောက်နိုင်သည်။ ကျန်းလော့သည် သေနတ်အကြောင်းတွေးလေ ထိုအရာသည် တော်တော်ကောင်းမွန်သည်ဟု တွေးမိလေဖြစ်ပြီး အပြင်ရောက်လျှင် ခွမ့်ကျိန်းကို သေနတ်ကဲ့သို့ လက်နက်မျိုး လုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ 

သို့သော် သူလုပ်ရမည့် ကိစ္စကိုတော့ မမေ့ပေ။ သူသည် ဗီဒိုဘက်ကို လက်မြှောက်လိုက်ကာ အနည်းငယ် မလုံခြုံသလို ခံစားလိုက်ရပြီး ရှေ့သို့ ထရပ်လိုက်ပြန်သည်။ 

ထရပ်လိုက်ပြီး ဗီဒိုကို ချိန်ထားကာ ကျန်းလော့သည် ခနလောက်တွေဝေနေပြီး မောင်းကို ဆွဲမဖြုတ်သေးဘဲ ဗီဒိုတံခါးနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမှတ်မိနေသော မကောင်းဆိုးဝါး၏ ရင်ဘက်နားသို့ ချိန်လိုက်ကာ အပြုံးအကြီးကြီးဖြင့် ချီယုံ့ကို လှည့်ကြည့်လိုက်ပြီး 

“ငါတော့ ဒီလောက်နီးမှ စိတ်ချရမယ်လို့ ထင်တာပဲ” 

ဆန့်ကျင်ဘက်နေရာတွင် ရပ်နေသော ချီယုံသည် ဆွံ့အသွားသည်။ ကျန်းလော့သည် ချီယုံ့တုံ့ပြန်ချက်ကို မစောင့်ဘဲ ဗီဒိုကို အင်အားပြည့်ဝစွာ ကြည့်လိုက်ပြီး ဘာမှစိတ်ထဲမရှိသော အကြည့်ဖြင့် အကြင်နာကင်းမဲ့စွာ သေနတ်မောင်းကို ဆွဲ၍ ပစ်လိုက်သည်။ ကျန်းလော့လက်ဖဝါးသည် သေနတ်၏တန်ပြန်မှုကြောင့် တုန်ခါသွားသည်။ 

ကျန်းလော့ပစ်လိုက်သောကြောင့် အပေါက်ဖြစ်သွားသော နေရာမှ  မီးခိုးဖြူများထွက်နေသည်။ ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် ပစ္စတိုကိုင်ထားသော လက်ကို မြှောက်ကြည့်ပြီး မကောင်းဆိုးဝါး၏ ခေါင်းတည့်တည့်နေရာကို ချိန်လိုက်ကာ 

“သခင်လေးချီ ဒီဗီဒိုက ဘယ်လိုပဲပြောပြော ပျက်စီးသွားပြီဆိုတော့ ကျည်ဆံတွေကို ဒီထဲမှာပဲ ထပ်သုံးလိုက်ရအောင်လား တစ်တောင့်ပဲကျန်တော့တာ ကျွန်တော် သုံးလိုက်တော့မယ်နော်” 

ကျန်းလော့သည် အသံထဲတွင် ရယ်မြူးရိပ်များ မအောင့်အီးနိုင်စွာ ပါနေပြိး မကောင်းဆိုးဝါးသည် အခုအချိန်တွင် အပေါက်များနှင် ပြည့်နှက်နေမည်ကို တွေးမိပြီး တအားအော်ရယ်ချင်နေမိသည်။ ပြီးမှ သူ့ကိုယ်သူ သတိထားမိလိုက်ပြီး ချီယုံ့ကို မကြည့်ဘဲ လက်ကျန်ကျည်တစ်တောင့်ကို ပစ်လိုက်သည်။ 

ကျန်းလော့သည် ပစ်လိုက်ပြီး အရယ်မရပ်နိုင်တော့ပေ။ 

‘ရှက်စရာကောင်းလိုက်တာ’ 

သူ့လက်သည် မကောင်းဆိုးဝါး၏ သေကွင်းသေကွက်နေရာသို့ ချိန်၍ နောက်ထပ်ကျည်ဆံများမရှိတော့သည်ကို နှမြောတသဖြစ်သွားရသည်။ 

‘ဂီး နောက်ထပ် ကျည်တစ်တောင့်လောက် ရှိသေးရင် ပိုကောင်းမှာကိုကွာ’ 

သူ့နောက်တွင် ချီယုံသည် ကျန်းလော့ကို မှင်သက်စွာ ကြည့်နေသည်။ 

‘ကျန်းလော့က ငါ့ကို အနာဂတ်မှာ ဒီလောက်တောင် မုန်းနေတာလား’ 

‘မဟုတ်လောက်ပါဘူး မုန်းနေတာနဲ့လဲ မတူပါဘူး’ 

‘ဖြစ်နိုင်တာက မကျေနပ်တာ မရေရာတာ စိတ်ဆိုးနေတာတွေ စုနေလို့နေမှာပါ’ 

‘ကျန်းလော့က ပျော်နေပုံပေါ်တယ်’ 

ချီယုံသည် မျက်လွှာချလိုက်ပြီး သူ့အတွေးများကို ဖုန်းကွယ်လိုက်သည်။ ကျန်လော့သည် အနာဂတ်ကို သိနေမြင်နေသလို ထင်ရသည်။ 

“သခင်လေး မကောင်းတော့ဘူး” 

အပြင်ဘက်မှ အိမ်တော်ထိန်းသည် အလောတကြီးပြေးလာပြီး  

“အိမ်အပြင်ဘက်မှာ လူတွေအများကြီး ရောက်နေပြီး သူတို့ပြော ပြောနေကြတာ လာအော်နေကြတာ ချီအိမ်တော်ထဲမှာ မကောင်းဆိုးဝါးပုန်းနေတာကိုဝင်ရှာမယ်တဲ့” 

“အိမ်တော်အကြီးအကဲတွေက ကျွန်တော့ကို သခင်လေးကို ခေါ်လာဖို့  အမိန့်ပေးလိုက်လို့ပါ” 

ချီယုံသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းကြီး ဖြစ်လာသော ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေသည်။ 

အခုလေးတွင်ပင်  တပ်အရာရှိမှ ချီထျန်ကို ရဲစခန်းသို့ ခေါ်သွားသောကြောင့် အိမ်တော်ခွဲများမှ သူ့ကို သင်ခန်းစာပေးချင်သလို ရန်လိုသော အကြည့်များနှင့် ကြည့်နေခဲ့ကြသည်။ သို့သော် ထိုသင်ခန်းစာများသည် သူ့ဆီသို့ ချက်ချင်းရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

 တစ်နာရီအတွင်းပြဿနာရှာခံလိုက်ရသော ချီယုံ “.............” 

သို့သော် ချီယုံသည် ခဏတာတွေးကြည့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာ 

“မှောင်တောင်မှောင်နေပြီလား” 

“ဟုတ်ပါတယ်” 

အိမ်တော်ထိန်းက ထိုသို့ ထူးဆန်းသော မေးခွန်းကိုနားမလည်စွာ ပြောလိုက်သည်။ 

“သခင်လေး အခု ညနေခြောက်နာရီထိုးပါပြီ” 

အိမ်ထဲတွင် အနောက်တိုင်းနာရီရှိပြီး ချီယုံသည် နာရီကို လှည့်ကြည့်လိုက်ရာ တကယ်ပဲ ခြောက်နာရီထိုးနေပြီဖြစ်သည်။ 

သူသည် တစ်ခုခုမှားနေသလို ခံစားရသော်လည်း နောက်တစ်ခနတွင် ညရောက်နေပြီဆိုသော အမှန်တရားကို လက်ခံလိုက်ပြီး ချီယုံက ခေါင်းညိတ်၍ ပြောလိုက်သည်။ 

“သိပြီ” 

ကျန်းလော့သည်လည်း ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက်သွားသည်ကို သတိထားမိကာ မှန်လောကထဲတွင အချိန်သည် မြန်သည်ထက်မြန်လာပြီး ထိုသို့ မြန်လာခြင်း၏ အကြောင်းပြချက်ကို.......................

ထို့နောက် သူသည် ဗီဒိုကို ကြည့်လိုက်ပြီး သေချာတွက်ချက်ကြည့်လိုက်ရာ မကောင်းဆိုးဝါး မှန်လောကထဲသို့ ဝင်လာထဲက စပြီး အချိန်ကုန်မြန်လာကြောင်း သတိထားမိလိုက်သည်။ ထို့နောက် သူသည် ပစ္စတိုကို ချလိုက်ကာ ချီယုံ့နားသို့ အမြန်လျှောက်သွားလိုက်သည်။ 

“ငါမင်းနဲ့လိုက်ခဲ့မယ်” 


လူနှစ်ယောက်သည် တံခါးဆီသို့ အမြန်လှောက်သွားလိုက်ရာ သူတို့အဲ့နားမရောက်ခင် ဆူညံနေသော အငြင်းပွားသံများကို ကြားလိုက်ရသည်။ 

အသံရာချီလောက်သည် ဆူပွက်နေပြီး လူများကို ကသိကအောက်ဖြစ်လာစေသည်။ ကျန်းလော့သည် သေချာနားထောင်နေပြီး ထိုအသံများသည် အိမ်တော်အဝင်ဝကို ပိတ်ထားသော လူအုပ်ကြီးထံမှလာကြောင်း သိလိုက်သည်။ လူအုပ်ကြီးသည် မကောင်းဆိုးဝါးကိုသူတို့လက်အပ်ရပ် ချီမိသားစုကို အော်ဟစ်ဆူပူလိုက်သည်။ 

အပြင်ဘက်မှလူများသည် ဆူပူနေကြပြီး တစ်ယောက်ယောက်သည် စိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်သည်။ 

“မကောင်းဆိုးဝါးတွေက မင်းတို့မိသားစုကလာတာ ဟုတ်တယ်မလား ပုကျိုးမြို့တော်ထဲမှာ မင်းတို့အိမ်တော်တစ်ခုထဲကပဲ ဒီလိုလုပ်နိုင်စွမ်းရှိတာ မင်းတို့ပိုက်ဆံရဖို့ မင်းတို့သရဲဖမ်းတဲ့သူတွေက မကောင်းဆိုးဝါးဖမ်းရမှာမို့လို့ တမင်တကာ မကောင်းဆိုးဝါးတွေ လွတ်ပြီး လူသတ်ခိုင်းတာမို့လား မင်းတို့ ငွေရဖို့ လူတွေကို ဒုက္ခရောက်နေတာကို အခွင့်အရေးယူတာ ကျုပ်ပြောတာ ဟုတ်တယ်မလား” 

“ဟုတ်တယ် မင်းတို့တွေ ဟုတ်တယ်မဟုတ်ဘူး တစ်ခုခုပြန်ပြောကြလေ”

“လူတွေကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါး ထုတ်လာခဲ့” 

“ကျုပ်တို့ကိုလွှဲပေး မင်းတို့ထုတ်မလာရင် မင်းတို့ ချီမိသားစုတစ်ခုလုံးက မကောင်းဆိုးဝါးတွေလို့ ကျုပ်တို့ သတ်မှတ်လိုက်ိတော့မယ်” 

ထိုသူ၏ မျက်နှာထားကြောင့် ချီမိသားစုအကြီးအကဲသည် လူတိုင်းကို စိတ်တည်ငြိမ်အောင် အကောင်းဆုံးပြောလိုက်သည်။ 

“မကောင်းဆိုးဝါးက ကျုပ်တို့ချီမိသားစုက မဟုတ်ပါဘူး ကျုပ်တို့ကလည်း လူသားတွေပါပဲ ဘယ်လိုလုပ်ပြီး ကျုပ်တို့က မကောင်းဆိုးဝါးတွေ ဖြစ်ရမှာလဲဗျာ ဒါပေမဲ့ ကျုပ်တို့ တရားခံကို ရှာတွေ့ပြီးပါပြီ အရင်က လူသတ်မှုတွေအကုန်လုံးက ကျုပ်တို့မိသားစုက သခင်ငယ်လေးရဲ့ စိတ်မရှည်မှုတွေကြောင့် ဖြစ်သွားရတာပါဗျာ သူကမတော်တဆ မကောင်းဆိုးဝါးတစ်ကောင်ကို လွတ်လိုက်မိတာ ကျုပ်တို့တစ်ယောက်ယောက်ကို ခေါ်ခိုင်းထားပြီးပါပြီ ကျုပ်တို့လည်း သူ့ကို မကောင်းဆိုးဝါးကို ဖယ်ရှားရှင်းလင်းဖို့နဲ့ မင်းတို့ကို တောင်းပန်ဖို့ ပြောပါ့မယ် မင်းတို့ဆက်ပြီး တိုင်ကြားချင်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ ကျုပ်တို့ သေချာပေါက် ဆုံးမပါ့မယ် ပြီးတော့လဲ နောက်ထပ် ဘယ်သူမှထပ်ပြီး အသက်ရန်ရှာမခံရအောင် တတ်နိုင်သမျှ ကြိုးစားပြိးသခင်ငယ်လေးကို သေချာပြောပြထားလိုက်ပါ့မယ် ကျုပ်တို့သူကို မင်းတို့ကို တောင်းပန်ခိုင်းလိုက်ပါ့မယ်” 

ထိုစကားများကြောင့် ကျန်းလော့သည် ဘာပြောရမှန်းသိ‌အောင် ဖြစ်သွားရသည်။ 

ချီမိသားစု အကြီးအကဲများသည် ခြေသံများကြားသောကြောင့် နောက်လှည့်ကြည့်လာကြပြီး အကြီးအကဲတစ်ယောက်သည် ရန်လိုပြီး ဒေါသထွက်နေသော အကြည့်ဖြင့် 

“ချီယုံ ဒီကိုလာခဲ့စမ်း” 

ဤမှန်လောကထဲရှိ အကြီးအကဲများသည် တစ်ယောက်ထက်တစ်ယောက် ပို၍ ယုတ်မာကြသည်။ ချီယုံသည် ရှေ့တိုးသွားပြိး လူများရှေ့သို့ သွားလိုက်သည်။ သူသည် ရှေ့ဆက်ဘာဖြစ်မည်ကို ခန့်မှန်းထားပြီးဖြစ်ကာ ဘာဖြစ်လာလာ စိတ်မဝင်စားသော်လည်း မျက်နှာတွင် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းနှင့် နာကျင်ခြင်းတချို့ ပေါ်လွင်နေသည်။ 

ချီယုံသည် တကယ်ပဲ သရဲတစ္ဆေများကို မွေးထားခဲ့ပြီး ထိုတစ္ဆေများသည် သန်မာလာအောင် လူအများကြီးသတ်ခဲ့ပါ၏။ သို့သော် အိမ်တော်မှ အစေခံများ၊ သူတောင်းစားနှင့် စောင့်ကြပ်သူတို့ကိုသတ်သည့် မကောင်းဆိုးဝါးဆိုတာသည် သူမွေးထားသော တစ္ဆေသရဲများတကယ် မဟုတ်ပါချေ။ 

ချီမိသားစု၏ အကြီးအကဲသည် သူ့ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောသည်။ 

“ဒီကတစ်ယောက်ကတော့ ကျုပ်တို့အိမ်တော်ရဲ့ သခင်ငယ်လေးပါပဲ ပြီးတော့လဲ ဒါတွေအားလုံးက သူ့ကြောင့်...........” 

သူဘာမှ မပြောနိုင်ခင် လူများက သူ့စကားပြောနေတာကို နှောက်ယှက်၍ ဝင်ပြောလိုက်သည်။ 

“မင်းက ကျုပ်တို့ကို အရူးလို့ထင်နေတာလား ဘယ်လိုလုပ်ပြီး သခင်လေးချီက ဒီလိုမျိုးလုပ်မှာလဲ” 

“ဟုတ်တယ် သခင်လေးချီက ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး မင်းတို့ တမင်တကာ သခင်လေးချီကို အပြစ်ပုံချပြီး တကယ့်လူသတ်ကောင်ကို ကာကွယ်ပေးနေတာ” 

“လူသတ်သမားက သခင်လေးချီတဲ့လား ကျုပ်တို့မယုံဘူး လာစမ်းပါ မင်းတို့ကောင်တွေ မကောင်းဆိုးဝါးကို မြန်မြန်သွက်သွက် ထုတ်ပေးစမ်း မဟုတ်လို့ကတော့ ကျုပ်တို့မင်းကို ကြည့်ကောင်းအောင် လုပ်ပေးလိုက်မယ်” 

ချီမိသားစု၏ အကြီးအကဲများသည် လုံးဝကို မယုံနိုင်ဖြစ်နေပြီး 

“အဲ့ဒါ သူ ...............” 

လူများသည် ပို၍ ပို၍ ဒေါသထွက်လာကာ 

“ဒီအဘိုးကြီးကတော့ကွာ အခုထိ အမှန်အတိုင်းပြောဖို့ ငြင်းနေတုန်းလားကွ ညီအစ်ကိုတို့ လက်နက်တွေ ထုတ်ကြ ကျုပ်တို့ကိုယ်တိုင် မကောင်းဆိုးဝါးကို ဝင်ရှာကြမယ်” 

“သခင်လေးချီ မကြောက်ပါနဲ့ ကျုပ်တို့မင်းကို ယုံတယ် ခင်များက လူသတ်သမား လုံးဝမဖြစ်နိုင်ဘူး” 

ထိုစကားကြောင့် ချီယုံသာမကပဲ အိမ်တော်ခွဲမှ လူများပါ လန့်သွားကြပြီး ချီယုံတစ်ယောက် မျက်မှောင်ကြုတ်သွားတော့သည်။ 

ပုကျိုးမြို့တော်မှ လူများသည် လက်များကို ဝေ့ယမ်း၍ အံ့ဩစရာကောင်းစွာပင် ချီယုံ့ဘက်မှ ထောက်ခံယုံကြည်ပေးနေကြသည်။ 

ထိုအချက်သည် အလွန်ကောင်းသော်လည်း ချီယုံသည် ကို့ယို့ကားယားကြီး ဘယ်လိုခံစားနေရမှန်း မပြောပြတတ်ပေ။ 

လူများသည် ချီမိသားစုအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်ဖို့ လုပ်နေပြိး ချီမိသားစုမှ အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ် အကြီးအကဲများသည် ထိတ်လန့်စွာ တားဆီးနေကြသည်။ 

လူတိုင်းသည် ပို၍ ပို၍ ဒေါသထွက်လာကြကာ ချီမိသားစုသည် ချက်ချင်းလေသံပြောင်းပြီး သူတို့ ချီယုံ့ကို အထင်လွဲသွားကြောင်း လူသတ်သမားသည် တခြားသူဖြစ်ကြောင်းနှင့် သူတို့ဘက်မှ လူသတ်သမားကို သေချာပေါက် ဖမ်းမည့်အကြောင်းများ ပြော၍ လူအုပ်ကြီးကို တည်ငြိမ်အောင် လုပ်လိုက်ရသည်။ 

ကျန်းလော့သည် ဤသို့ ကိစ္စအကြီးကြီးကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်နိုင်သည်ကို မယုံနိုင် ဖြစ်နေသည်။ ထိုအချိန်တွင် လူအုပ်ကြီးထဲမှ ရုတ်တရက် အော်သံထွက်လာသည်။ 

“သရဲက ငါတို့နောက်မှာဟေ့” 

ကျန်းလော့သည် လူအုပ်ကြီးနောက်သို့ ကြည့်လိုက်သောအခါ အေးစက်သော ဓားသွားတစ်ချောင်းကို ကိုင်၍ အနက်ရောင် အဝတ်ဖြင့် တစ်ကိုယ်လုံးလုံအောင်ဖုံးထားသော ပုံရိပ်သည် လူအုပ်ကြီးနောက်တွင် တစ္ဆေတစ်ကောင်လို မတ်တပ်ရပ်နေလေသည်။ 

လူအုပ်ကြီးမှ သူ့ကို ရှာတွေ့သွားပြီမှန်း သတိထားမိသွားသောအခါ ၎င်းသည် တိတ်တဆိတ်နောက်လှည့် လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက်သို့ ပျံသန်းသွားတော့သည်။ 

သူတို့နောက်သို့ ထိုအရာပေါ်လာထဲက တိတ်ဆိတ်သွားသော လူသားများသည် ထိုအရာထွက်သွားသည်အထိ ကြောက်လန့်နေဆဲဖြစ်သော်လည်း ထိုသရဲ ထွက်ပြေးသွားသည်ကို မြင်သောအခါ သူတို့သည် နှလုံးသားထဲမှ သတ္တိများထွက်လာသလို ခံစားရပြီး လူရာပေါင်းများစွာသည် ထိုအရာနောက်လိုက်ကြပြီး 

“မပြေးနဲ့” 

ကျန်းလော့သည် ထိုမကောင်းဆိုးဝါးနောက်သို့ အရင်ပြေးလိုက်သွားသည်။ 

လျန်ချင်းနှင့် လျန်ပင်းသည်လည်း သူ့ကဲ့သို့ပင် ထိုအကောင်နောက်သို့ ပြေးလိုက်သွားသည်။ 

တစ္ဆေများသည် အလွန်လျင်မြန်ပြီး ကျန်းလော့သည် မြန်နိုင်သလောက် မြန်မြန်ပြေးလိုက်ကာ သာမန်လူများသည် သူတို့ကို မျက်ခြေပျက်သွားသည်။ 

လျန်ချင်းသည် အံတင်းတင်းကြိတ်ပြီး ထိုသူကို မလွတ်သွားအောင် ပြေးလိုက်ပြီး လျန်ပင်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ကာ ညာဘက်သို့ကွေ့သွားလိုက်သည်။ 

“အစ်ကိုကြီး ဖြတ်လမ်းက လိုက်ရအောင်” 

တစ္ဆေသည် နောက်ဖေးလမ်းကြားတစ်ခုသို့ ရောက်သည်အထိ ဆက်ပြေးနေပြီး သူ့ရှေ့သို့ လျန်ပင်းနှင့် လျန်ချင်းရောက်လာသောအခါ  နောက်လှည့်၍ ပြေးဖို့လုပ်လိုက်သည်။ နှစ်ယောက်လုံးသည် ချွေးများရွှဲနစ်နေပြီး ဟောဟဲလိုက်နေကာ သူတို့ ဒူးနှစ်ဖက်ပေါ်လက်တင်၍ ကိုယ်ကို ငုံ့ကိုင်းနေကြသည်။ 

“ထွက်ပြေးရဲတယ်လား” 

တစ္ဆေသည် နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ပြီး လှည့်ပြေးဖို့ လုပ်ရာ သူ့နောက်တွင် ကျန်းလော့ကို တွေ့လိုက်ရသည်။ ကျန်းလော့သည် လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်သဏ္ဍာန်လုပ်လိုက်ကာ ပြောလိုက်သည်။ 

“စကားလုံးတည်နေရာ ‘လိ’ မီးတောက်စေ” 

ကြောက်မက်ဖွယ် မီးတောက်များသည်  ချက်ချင်း အနက်ရောင်ဝတ်တစ္ဆေကို ဝိုင်းရံသွားသည်။ 

မီးတောက်များသည် ဖြေးဖြေးချင်းချင်း အနက်ရောင်တစ္ဆေနားသို့ တိုးကပ်လာကာ တစ္ဆေသည် မီးတောက်များကို ကြောက်ရွံ့ကာ ရှောင်ရှားနေသော်လည်း မီးတောက်ထဲမှ မလွတ်မြောက်နိုင်ပေ။ မီးတောက်သည် မီးလုံးတစ်လုံးအဖြစ်ပြောင်းလဲသွားကာ တစ္ဆေကို အကြင်နာကင်းမဲ့စွာ လောင်ကျွမ်းသွားစေသည်။ 

အနက်ရောင်တစ္ဆေသည် ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး မခုခံနိုင်ဘဲ နေရာတွင် ပျောက်ကွယ်သွားကာ မြေပြင်ပေါ်တွင် အနက်ရောင်ဝတ်ရုံကို ချန်ထားခဲ့သည်။ 

ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး လိမီးတောကို ပြန်သိမ်းလိုက်ကာ ရှေ့တိုး၍ အနက်ရောင်ဝတ်ရုံကို ကောက်လိုက်သည်။ ထိုဝတ်စုံသည် ရေများစိုရွှဲနေကာ အပေါ်ယံပင် စိုရွှဲနေခြင်းမဟုတ်ဘဲ အထဲထိပါ ရွှဲရွှဲစိုနေခြင်းဖြစ်သည်။ 

ကျန်းလော့သည် အတွေးများသွားသည်။ 

‘အနက်ရောင်ဝတ်တစ္ဆေက မီးနဲ့ထိတော့ ရေအဖြစ်ပြောင်းသွားတာလား’ 

လျန်ပင်းတို့ နှစ်ယောက်သည် သူ့ဆီသို့ပြေးလာကြကာ အူကြောင်ကြောင်ဖြင့် ကောင်းကင်ကို လက်ညှိုးထိုးပြ၍ အထစ်အထစ်ပြောလိုက်သည်။ 

“ဆရာ အဲ အစ်ကိုကြီး ကြည့်ဦး” 

ကျန်းလော့သည် သူတို့ပြောသညိ့အတိုင်းကြည့်လိုက်ရာ ကောင်းကင်သည် ပြိုကျနေလေသည်။ 

ကောင်းကင်ကြီးသည် မှန်ကွဲကြီးနှင့်တူနေပြီး မှန်ကွဲစများသည် ဆက်တိုက်ပြုတ်ကျနေကာ လေထုထဲပြုတ်ကျသွားပြီး အလယ်လောက်တွင် ပျောက်ကွယ်သွားသည်။ ဤနှုန်းအတိုင်းဆိုလျှင် မှန်လောကသည် ငါးနာရီအတွင်း ပြိုကွဲတော့မည်ဖြစ်ပြီး သူတို့ ထွက်သွားလို့ရတော့မည် ဖြစ်သည်။ 

ကန့်လန့်ကာနောက်ကွယ်မှ လူကပြောခဲ့သည်မှာ “မကောင်းဆိုးဝါးကို သတ်ပြီးရင် ဒီနေရာက ထွက်သွားလို့ရမယ်” ဖြစ်ပြီး ဒီပုံစံအတိုင်းဆိုလျှင် အနက်ရောင်တစ္ဆေသည် သူတို့ရှာနေသည့်မကောင်းဆိုးဝါးဖြစ်နိုင်လေသည်။ 

ကျန်းလော့သည် ထရပ်လိုက်ပြီး သူ့လက်ထဲမှ အနက်ရောင်ဝတ်စုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး စတင်ပြီး ပြိုကွဲလာနေသော မှန်လောကကို ကြည်လိုက်သည်။ သို့သော် သူ့နှလုံးသားသည် အလွန်ပျော်ရွှင်မနေကာ စိတ်ပျက်မှုကိုပင် ခံစားနေရသည်။ 

‘ထွက်သွာဖို့ ဒီလောက်လွယ်လား’ 

‘ငါတို့ သုံးယောက်ထဲနဲ့ သတ်လို့ရအောင် အနက်ရောင်တစ္ဆေက ဒီလောက်အားနည်းရလား’ 

ကျန်းလော့မြင်ချင်ခဲ့သည် မကောင်းဆိုးဝါးတစ်ကောင် မွေးဖွားလာခြင်းသည် တစ်ချက်လေးတောင် မခုခံနိုင်ခဲ့သည့် အနက်ရောင်တစ္ဆေဖြစ်နေသည်လား။ 

ကျန်းလော့သည် ထိုအရာကို အနည်းငယ် ရယ်ချင်သွားသော်လည်း အမှန်တရားဖြစ်နေသည်။ သူသည် နောက်လှည့်လိုက်ပြီး 

“လာကြ လျန်ရွှီဆီသွားရအောင် ကောင်မလေးတွေက မှန်လောကထဲက ထွက်ဖို့ ငါတို့ကို စောင့်နေလောက်ပြီ” 

######################