အပိုင်း (၁၃၀)
လောကကြီးပြောင်းလဲမှုတွေစလာပြီ
အပြန်လမ်းတွင် ကျန်းလော့သည် ဤမျှလွယ်လွယ်နှင့် ပြီးသွားမှန်း မယုံနိုင်သေးပေ။ ကျားဂူနှင့် လေးလံသော အရာများသည် အလွန်ရိုးရှင်းစွာ အပြီးသတ်သွားပြီး ကျန်းလော့ကို အလွန်ထူးဆန်းစွာ အမှန်တကယ်မဟုတ်သလို ခံစားနေရသည်။
သို့သော် လျန်ချင်းနှင့် လျန်ပင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ မတူပါချေ အလွန်ပျော်ရွှင်နေကြပြီး မျက်ရည်များကျကာ ပျော်လွန်းလို့ ခေါင်းကိုက်သည်ဆိုသည့် အထူးအဆန်းများပင် ပြောနေကြပါသေးသည်။
သူတို့သုံးယောက်သည် ချီအိမ်တော်သို့ ပြန်လာပြီး လျန်ရွှီနှင့် လိရှောင်းတို့ကို ရှာရန် အမြန်သွားကြတော့သည်။
သူတို့ပြန်ရောက်သောအခါ လျန်ရွှီတို့နှစ်ယောက်သည် အမြန်ရောက်လာပြီး ကျန်းလော့ကို မြင်သောအခါ မျက်လုံးများလက်လာပြီး
“အစ်ကိုကြီး”
ကျန်းလော့က ပြောသည်ၑ။
“အနောက်ဘက်ဂူထဲကို သွားပြီး ပြောရအောင်”
သူတို့သည် ကျောက်ဂူထဲတွင် ပုန်းနေကြပြီး ကျန်းလော့ဆီမှ မကောင်းဆိုးဝါးကိုသတ်ခဲ့ပြီဆိုသည့်အကြောင်းနှင့် သူတို့ထွက်သွားနိုင်တော့မည်ဆိုသည့် အကြောင်းကို ကြားသောအခါ လျန်ရွှီသည် အပျော်လွန်သွားသည်။
“ဒါဆို ငါးနာရီအတွင်း ညီမတို့ ထွက်သွားနိုင်တော့မှာပေါ့နော်”
ကျန်းလော့က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
လူတိုင်းသည် ဝမ်းသာနေပြီး သူတို့သည် အကြာကြီးပျောက်ဆုံးနေသော ပျော်ရွှင်ပေါ့ပါးသော အမူအယာများ ပေါ်လာကြသည်။ သို့သော် လျန်ရွှီသည် ခနလောက်ပြုံးလိုက်ပြီး ရုတ်တရက် ကျန်းလော့ကို ကြည့်လိုက်ကာ တွေဝေစွာမေးလိုက်သည်။
“အစ်ကိုကြီးက မပျော်ဘူးလား”
“ပျော်တာပေါ့ မှန်လောကထဲက ထွက်သွားရတော့မှာပါဆို ”
ကျန်းလော့သည် အပြုံးမှိန်မှိန်ပြုံး၍
“ဒါပေမဲ့ အမြဲတမ်းတစ်ခုခုမှားနေတဲ့ ခံစားချက်ကြီး ရနေတယ်”
လျန်ရွှီက ပြောသည်။
“ဘာမှားလို့လဲ”
ကျန်းလော့သည် သူ့လက်ထဲမှ အနက်ရောင်ဝတ်စုံကို ကြည့်၍
“တော်တော်ကြီး လွယ်နေလို့ကွာ”
“ဒါပေမဲ့ ဒီကထွက်ရတော့မှာဆိုတော့ ကောင်းတဲ့ကိစ္စပါ အစ်ကိုကြီးရယ်”
လျန်ရွှီသည် ချောင်းဆိုးလိုက်ပြီး သူမျမျက်နှာသည် သွေးမရှိသလို အနည်းငယ် ဖြူဖျော့နေကာ
“ညီမနေ့ရောညရော မနားရသေးဘူး မနေ့ညက အအေးမိသွားပြန်ပြီ ပြီးတော့လဲ ဒီနေ့ကြောက်စရာကိစ္စကြီးကြုံပြီး ခေါင်းကိုက်လာသေးတယ်”
ကျန်းလော့ကတော့ လျန်ရွှီတကယ် အအေးမိတာ မဟုတ်လောက်ဘူးပဲ ထင်သည်။
“စံအိမ်မှာတုန်းထဲက အဖျားနည်းနည်းရှိနေတာမလား ဒီလိုရုပ်ပိုင်းဆိုင်ရာ မကြံ့ခိုင်တာ မကောင်းဘူး လျန်ရွှီ မင်းပြန်ရောက်ရင် လေ့ကျင့်ခန်းလုပ်သင့်တယ်နော်”
လျန်ရွှီ၏ မျက်လုံးထောင့်များသည် လခြမ်းကွေးသဏ္ဍာန် ကွေးတက်သွားပြီး
“ညီမလဲ အဲ့လိုလုပ်ဖို့တွေးထားပါတယ် အစ်ကိုကြီး”
“ဒါဆို တို့တွေ ဒီလောကထဲက ထွက်ပြီးရင် ဘယ်တော့မှ ပြန်မလာရတော့ဘူးမလား”
လိရှောင်းသည် သောကရောက်ထိတ်လန့်စွာ မေးလိုက်သည်၊၊ လျန်ချင်းက အားတက်သရောပြောလိုက်သည်၊
“ဒါပေါ့ ဒီမှန်လောကကြီးက ပြိုကွဲသွားမှာ ပြီးရင် ကျွန်တော်တို့ ဒီစိတ်ပျက်စရာလောကကြီးထဲ ဘယ်တော့မှ ပြန်လာစရာမလိုတော့ဘူး”
လိရှောင်းသည် လုံးဝကြီး စိတ်သက်သာရာရသွားကာ တီးတိုးရေရွတ်လိုက်သည်။
“ကောင်းတယ် ကောင်းတယ် .............”
ဂူအပြင်ဘက်တွင် ဖြစ်သည်။
မည်သူမျှ မမြင်နိုင်သော အမှောင်ထဲတွင် ချီယုံသည် မတ်တပ်ရပ်နေပြီး ဘာမှနားမလည်သော မျက်နှာထားဖြင့် ဂူထဲမှသူများ ပြောသမျှကို နားထောင်နေသည်။
မှန်ထဲက လောက ပြိုကျနေပြီ ထွက်သွားကြမယ်
ချီယုံသည် ဉာဏ်ကောင်းသည့်သူဖြစ်သောကြောင့် သူတို့စကားများ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။
သူ့အတွေးထဲတွင် ဤလောကကြီးသည် အမှားအယွင်းမရှိ စစ်မှန်သည်။ ထိုသို့သော အစစ်အမှန်လောကကြီးကို သူတို့က မှန်ထဲမှ လောကအတုအဖြစ် ဖော်ထုတ်လိုက်ကြသည်။
မှန်ထဲမှလောကဆိုတာ ဘာကိုပြောသည်မှန်း သူကောင်းကောင်းနားလည်သည် ။ သို့ဆိုလျှင်တောင် သူ့လောကသည် မှန်လောကဖြစ်နေခြင်းက သူ့ကို အလွန်တုန်လှုပ်သွားစေသည်။
သို့သော် ချီယုံသည် မြန်မြန်ဆန်ဆန် စိတ်ငြိမ်သွားကာ အံ့ဩစရာကောင်းလောက်အောင် သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
အတိတ်မှာရှိခဲ့သော အလိမ်အညာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ထိုခဏတွင် ဤလောကကြီးက အတုအယောင်ပါဆိုသည့် သက်သေများဖြစ်လာကြသည်။
ချီယုံသည် ခေါင်းမော့၍ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ကောင်းကင်ကြီးသည် မီးခိုးရောင်သမ်းနပြီး အားလုံးပုံမှန်ပဲဖြစ်နေသည်။ ပြိုကျတော့မည့် အရိပ်အယောင် လုံးဝမရှိပေ။
ပြင်းထန်သော အငြိုးအတေးနှင့် ဒေါသသည် သူ့နှလုံးသားထဲတွင် ရုတ်တရက် မြင့်တက်လာသည်။
သူသည် ဤအတုအယောင်မှန်လောကထဲမှ လူတစ်ယောက်ဖြစ်သော်လည်း ကျန်းလော့ကတော့ ဤလောကထဲမှ ထွက်သွားတော့မည်။
‘ငါးနာရီကြာပြီးရင်လား’
ချီယုံ့ခေါင်းသည်အောက်ငုံ့သွားပြီး သူ့နောက်တွင် မြူနက်များသည် တခန်းလုံးနီးပါးပြည့်သွားအောင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာနေသည်။
မြူနက်များသည် ချီယုံကို စကြဝဠာတွင်းနက်ကြီးလို နောက်မှ ငုံထားသည်မှာ မြင်သူတိုင်း ကြက်သီးတဖြန်းဖြန်းထနိုင်စရာပင် ဖြစ်သည်။
တစ္ဆေသွေးကြောများသည် ချီယုံ့နားရွက်ဘေးထိ တွားတက်လာကြသည်။
ချီယုံ၏ မျက်လုံးများသည် နက်စွေးလာကာ သူ့မျက်နှာမှ အမူအယာကို မည်သူမျှ ဖတ်၍ မရတော့ပေ။ မြူနက်များသည် သူ့ကို ခေါင်းအစခြေအဆုံး ဝါးမျိုထားကာ လူငယ်လေး၏ နဂိုချောမောမှုကို နတ်ဘုရားအဆင့်ထိ တိုးမြှင့်ပေးနေသလို ထိတ်လန့်စက်ဆုပ်ဖွယ် ကြောက်မောက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင် အဖြစ် ပြောင်းလဲပစ်နေသည်။
ရုတ်တရက် သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။ တစ်စုံတစ်ယောက်က သူ့နားနားကပ်ကာ မေးခွန်းမေးနေသလိုအသံကို ကြားလိုက်ရ၍ ဖြစ်သည်။
“မင်းဘာလုပ်ချင်တာလဲ”
“ငါ လိုချင်..............”
ချီယုံ့အသံသည် မကြားနိုင်လောက်အောင် တိုးတိမ်သွားကာ
“သူ့ကို ဒီမှာပဲ ခေါ်ထားချင်တယ်”
ကျန်းလော့ကို ငါ့ကမ္ဘာထဲကနေ သူကောင်းဖို့အတွက် ထွက်သွားခိုင်းရမယ်
ချီယုံ့မျက်လုံးထဲမှ အလင်းရောင်သည် ပိုပိုပြီး တောက်ပလာကာ တစ်ခုခုကြားခဲ့ပြန်ပြီး ရုတ်တရက် နှလုံးခုန်ရပ်သွားစေလောက်သော အပြုံးတစ်ခုပြုံးကာ ခေါင်းညိတ်လိုက်သည်။
“အား ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလဲကွာ”
“ကဲ စလုပ်လိုက်ကြရအောင်”
ကျန်းလော့သည် ကျောက်ဂူထဲမှ ပြန်ထွက်လာပြီး အခန်းသို့ ပြန်ရာလမ်းတွင် သူနှင့် လျန်ရွှီတို့သည် တံတားပေါ်တွင် မတ်တပ်ရပ်နေသော ချီယုံ့ကို တွေ့လိုက်ကြပြန်သည်။ ချီယုံသည် ငါးအစာကျွေးခြင်းလုပ်ငန်းစဉ်တွင် စိတ်ရောကိုယ်ရော နှစ်ဝင်နေပြီး လေပြေညှင်းဖြတ်တိုက်သွားကာ သူ့ဆံပင်များလွှင့်ထွက်သွားပြီး သူ့ပုံစံကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ အထီးကျန်ပြီး တိတ်ဆိတ်နေသူ တစ်ယောက်ကို မြင်နေရသလို ဖြစ်နေသည်။
သူ့လှုပ်ရှားမှုတိုင်းတွင် အမှောင်ထုတစ်ခုကပ်ပါလာသလို ဖြစ်နေတာ တစ်ခုပဲ ထူးဆန်းသည်။
‘ဘယ်သူက ညဘက်ကြီးကျမှ ငါးစာလာကျွေးလို့လဲ’
အသံကြားပြီးနောက် ချီယုံသည် လှည့်ကြည့်၍ ကျန်းလော့ကို သိမ်မွေ့သော အပြုံးတစ်ခုပေးလိုက်ကာ
“သခင်လေးကျန်း မင်းပြန်လာပြီလား”
ကျန်းလော့သည် ညအမှောင်ကို ကာဗာယူပြီး ဆက်တိတ်ဆိတ်မနေနိုင်တော့ပေ။ ချီယုံသည် အမှောင်ကြီးထဲတွင် ကျန်းလော့ကို တကူးတက လာစောင့်နေခဲ့သည်။
ကျန်းလော့သည် တံတားဆီသို့ လျှောက်သွားပြီး မျက်ခုံးပင့်လိုက်ကာ
“သခင်လေးချီ ကျွန်တော့်ကို စောင့်နေတာလား”
ချီယုံသည်ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲမှ နောက်ဆုံးလက်ကျန် ငါးစာများကို ရေကန်ထဲ ပစ်ချလိုက်သည်။ ထို့ုနောက် ကျန်းလော့နှင့် အတူတူမပြန်ခင် လက်ကိုင်ပုဝါဖြင့် လက်သုတ်လိုက်ပြီး
“ညနက်နေပြီလေ ကိုယ်တို အနားယူသင့်ပြီ”
တံတားအောက်တွင် ကျန်ခဲ့သောလူများသည် လျန်ရွှီနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ မှန်လောကထဲရှိ အချိန်လည်ပတ်မှုသည် မြန်ဆန်လာသော်လည်း ပြိုကွဲခြင်းကတော့ ထိုသို့ မမြန်လှပေ။ နောက်ထပ် ငါးနာရီကြာဦးမှာ ဖြစ်သောကြောင့် သူတို့အနေဖြင့် နေရာပြန်ကာ အနားယူသင့်သည်။ နိုးလာသည်နှင့် အပြင်ရောက်နေတာလည်း ဖြစ်သွားနိုင်သည်လေ။
ချန်ရွှီက ပြောလိုက်သည်။
“လာ ငါတို့လည်း အိပ်ရာဝင်ဖို့ ပြန်ကြရအောင်”
လျန်ချင်းက ပွစိပွစိပြောသည်။
“ငါအခုမှ နိုးလာသလို ခံစားရတယ် ငါထပ်မအိပ်ချင်တော့ဘူး လုံးဝကို မအိပ်ချင်နေတော့တာ”
ထိုသို့ပြောသော်လည်း အခန်းသို့ ပြန်ရန် ဆက်လျှောက်သွားသည်။ လိရှောင်းသည် သူတို့သုံးယောက်ကြားထဲတွင် လျှောက်နေပြီး သူမသည် အလွန်ရှက်တတ်နေတုန်းဖြစ်ကာ လူတိုင်းက သူမကို ရှေ့ရောနောက်ရော ဝန်းရံပေးထားသော်လည်း ကြက်သီးမွှေးညှင်းများထနေသော ခံစားချက်ရနေသေးသည်။ သူမတို့ကို မျက်လုံးပေါင်းသန်းချီစောင့်ကြည့်နေသည့် ခံစားချက်မျိုးက သူမကို မလုံမခြုံ ရှက်ရွံ့စေသည်။
လိရှောင်းသည် လက်ပိုက်ထားပြီး သူမပုခုံးနှစ်ဖက်ကို ပွတ်သပ်နေသည်။ သူမမျက်လုံးများကတော့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်နေကာ ရုတ်တရက် ရေကန်ထဲမှ တစ်ခုခုကို မြင်လိုက်ပြီး
“အဲ့တာဘာလဲ”
တခြားသုံးယောက်သည် ပြိုင်တူလှည့်ကြည့်လိုက်ရာ လိရှောင်းမြင်ရသော အေးစက်စက်ရေပေါ်တွင် ပေါလောပေါ်နေသော အဖြူရောင်တောက်ပနေသည့် အရာဝတ္ထု တစ်ခုကို မြင်လိုက်ရသည်။
လျန်ပင်းသည် နောက်ဆုံးမှ လိုက်လာသူဖြစ်ရာ သိချင်စိတ်ဖြင့် ရေကန်နားသို့ သွားကြည့်လိုက်သည်။ သူရေကန်နားရောက်သောအခါ ရုတ်တရက် ငါးညှီနံ့ပြင်းပြင်းကို ရလိုက်သောကြောင့် နောက်ဆုတ်၍ နှာခေါင်းကို အုပ်ထားလိုက်ရသည်။
“အူး ငါးတွေအကုန်သေကုန်ကြပြီဟ”
“ငါးသေလား”
လျန်ရွှီသည် ရေကန်နားသို့ အမြန်လျှောက်သွားပြီးကြည့်လိုက်ရာ ရေကန်တစ်ခုလုံးအပြည့် ရေမျက်နှာပြင်ပေါ်တွင် ပက်လက်လှန်နေပြီး ပေါလောပေါ်နေသော ငါးသေများကိုသာ တွေ့လိုက်ရသည်။
ငါးမျက်လုံးများသည် ဖြူဆွတ်နေပြီး လျန်ရွှီသည် ဆက်ကြည့်ရန် အနည်းငယ်ကြောက်လာသလို ခံစားရသည်။ သူမစိတ်ထဲတွင် ရုတ်တရက် ချီယုံ့၏ငါးစာကျွေးနေသော မြင်ကွင်းက ဖြတ်ခနဲပေါ်လာပြီး သူမသည် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ကာ
“အရင်ပြန်သွားရအောင်”
သူမစကားပြောပြီးသည်နှင့် လျန်ရွှီနှင့် လျန်ပင်းတို့သည် ရေထဲမှ ရေပွက်သံတချို့ ကြားလိုက်ရသည်။
သို့သော် ထိုရေပွက်သံသည် ရေထဲက မည်သည့်နေရာက လာလဲဆိုတာ မမြင်ရပေ။
“ဗွက် ဗွက်”
ထိုအသံသည် သူတို့နှင့် နီးကပ်လာသည်။
လျန်ပင်းသည် ရေကန်ထဲသို့ ငုံကြည့်၍ ချက်ချင်းနောက်လှည့်ကာ သူ့နှလုံးသားအောက်ခြေမှ တစ်ခုခု မလွယ်ကူတော့သလို ခံစားလိုက်ရပြီး နောက်သို့ နှစ်လှမ်းလောက်ဆုတ်လိုက်သည်။
“မကြီး ကျွန်တော်တို့ ................”
သူ့စကားမဆုံးသေးခင်မှာပင် လျှာတစ်ချောင်းသည် ရုတ်တရက် ရေထဲမှ ထိုးထွက်လာပြီး လျန်ပင်းခြေထောက်ကို ရစ်ပတ်သွားကာ သူ့ကို ရေထဲသို့ အားပြင်းပြင်းဖြင့် ဆွဲချသွားသည်။
လျန်ပင်းသည် ကြောက်လန့်စွာ ငိုကြွေးလိုက်ပြီး
“မမကြီး ညီလေးကိုကယ်ပါဦး”
“ရှစ်တိ”
လျန်ရွှီသည် သူ့လက်ကို ဆွဲလိုက်သည်။ သို့သော် လျန်ပင်းကိုဆွဲထားသော အားသည် အလွန်သန်မာနေကာ လျန်ရွှီကိုပါ ဆွဲချသွားတော့မည်ဖြစ်သည်။ လျန်ရွှီသည် လျန်ပင်းကို ဆွဲထားရင်း လျန်ပင်းကို ဆွဲချနေသော အရာကိုသိနိုင်ရန် ရေကန်ထဲသို့ ကြည့်လိုက်သည်။ သို့သော် သူမအမြင်တွင် အနက်ရောင်ရေများဖြင့်သာ ပြည့်နေသည်။
‘မဟုတ်သေးဘူး တစ်ခုခုတော့မှားနေပြီ ရေက ဘယ်လိုလုပ်ပြီး ဒီလောက်မှောင်နေမှာလဲ’
သူမသည် အံကြိတ်လိုက်ပြီး လျန်ပင်းကို ဆွဲဖက်ကာ အသားကုန်ဆွဲတင်လိုက်သော်လည်း သူမခြေချောင်းများသည် ရေထဲသို့ရောက်နေပြီဖြစ်သည်။ အလွန်မှောင်နက်နေသော ရေဖြစ်နေရခြင်းမှာ ဆံပင်ကဲ့သို့ အရာများ ရေထဲတွင် မျှောနေသောကြောင့် ဖြစ်နေသည်။
ထိုဆံပင်ကဲ့သို့သော အရာများကို ကြည့်နေရင်း အန်ချင်လာကာ လည်ပင်းထဲမှ တစ်ခုခုထွက်ကျတော့မလိုဖြစ်သွားသော်လည်း နောက်ခနတွင် လျန်ရွှီသည် သူ့ကိုစိုက်ကြည့်နေသော ရေအောက်ထဲမှ ကြောက်မက်ဖွယ် မျက်လုံးတစ်စုံကြောင့် ထိတ်လန့်သွားရတော့သည်။ ရေထဲမှ ရုတ်တရက် ခေါင်းများထွက်လာသောအခါ လျန်ရွှီသည် ကြောက်လန့်လွန်းလို့တုန်ရီသွားတော့သည်။
ခေါင်းများသည် ဖြူဖွေးပြာနှမ်းနေပြီး ဆံပင်ရှည်များသည် အဖျားကို မမြင်ရလောက်အောင် ရှည်လျားနေကာ တစ်ယောက်ချင်းစီတိုင်းသည် သူတို့ကို လောဘကြီးစွာ ကြည့်နေကြသည်။
လျန်ရွှီမျက်နှာသည် ဖြူဖျော့သွားကာအော်လိုက်သည်။
“လျန်ချင်း လိရှောင်း လာဆွဲကူကြဦး”
လာကူကြမည့်အသံအစား သူမသည် လိရှောင်း၏ စူးစူးရှရှအော်ဟစ်သံကိုသာ ကြားလိုက်ရသည်။
လျန်ရွှီ နောက်လှည့်ကြည့်လိုက်သောအခါ သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားသော အလောင်းများကိုမြင်လိုက်ရသည်။ အလောင်းများ၏ ကြောက်မက်ဖွယ်ကောင်းအောင် ဖြူဖျော့နေသော မျက်နှာထက်တွင် ထိတ်လန့်ဖွယ်အပြုံးတို့ ခိုတွဲနေပြီး လေတိုက်တိုင်း ယိမ်းနွဲ့နေကြသည်။ ထိုတွဲလောင်းကျနေသော အလောင်းများသည် လျန်ချင်းနှင့် လိရှောင်းတို့ကို စက်ဝိုင်းကဲ့သို့ ဝိုင်းထားကြသည်။
ထိုထက်ဝေးသောနေရာတွင် မြူများပေါ်ထွက်လာသည်။ မြူများကို ကြည့်ရသည်မှာ မရေမတွက်နိုင်သော ပုံရိပ်များ သူတို့နားသို့ ချည်းကပ်လာသလို ဖြစ်နေပြိး လျန်ရွှီသည် ထိုအရာများအားလုံးသည် သရဲများဖြစ်နေသည်ကို သိသွားတော့သည်။
ကြီးစွာသော ကြောက်လန့်မှုသည် သူမတစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။
‘ဒီလောကကြီးက တကယ်ပဲ ဘာတွေဖြစ်ချင်နေတာလဲ’
ရဲစခန်းရှိ အချုပ်ခန်းထဲတွင် ဖြစ်သည်။
ချီထျန်သည် ပြင်းပြသော နာကျင်မှုကြောင့်နိုးလာကာ ပါးစပ်ဟလိုက်သော်လည်း ငါးညှီနံ့လို ညှီစို့စို့ အရာသာကိုသာ ရခဲ့သည်။ သို့မှသာ မနေ့က သူ့လျှာကို သူကိုယ်တိုင် ဝါးဖြတ်ခဲ့သည်မှန်း သတိရသွားသည်။
သူသည် ပါးစပ်ကို ကြောက်လန့်စွာ ကိုင်ကြည့်လိုက်ရာ ဘယ်ဘက်လက်မောင်း နာကျင်နေဆဲဖြစ်သည်ကိုလည်း သိလိုက်ရပြန်သည်။
ချီထျန်သည် ‘ခွေးမသားချီယုံ’ ဟု ကျိန်ဆဲလိုက်ပြီး သူ့မျက်နှာထားသည် အလွန်မုန်းတီးနေသော မျက်နှာအဖြစ်ပြောင်းလဲသွားသည်။
“အာာာားးးးးးးးးးးးးးး”
သူ့အော်သံသည်ပင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
‘ဒီကောင့်ကို သတ်ပစ်မယ်’
ရဲအရာရှိတစ်ယောက်သည် တံခါးမှဝင်လာကာ အရာရှိသည် ဦးထုပ်တစ်လုံးဆောင်းထားပြီး သူ့မျက်နှာကို အရိပ်ဖုံးနေသော မမြင်ရပေ။ ထိုရဲအရာရှိသည် တောင့်တောင့်ကြီး ရပ်နေပြီး တပြေးညီထဲဖြစ်သော အသံနှင့်ပြောလိုက်သည်။
“ချီထျန် မင်းအမေမင်းကို ဧည့်သည်တစ်ယောက်ခေါ်ပြီးလာတွေ့တယ်”
ချီထျန်သည် တံခါးမှ ဝင်လာသော လူနှစ်ယောက်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။
သူ့အမေသည်သူ့ကို မျက်ရည်အပြည့်နှင့် ကြည့်နေကာ သူ့ဘေးတွင် မျက်နှာကာထားသော ချောင်ဆန်ဝတ်စုံဝတ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ယောက် ရှိနေလေသည်။
ရဲအရာရှိသည် တံခါးဖွင့်လိုက်ပြီး ထိုနှစ်ယောက်ကို ဝင်လာစေကာ သူကတော့ ထွက်သွားပေးလိုက်သည်။ ချီထျန်နှင့် ထိုအမျိုးသမီးနှစ်ယောက်သာ အခန်းထဲတွင် ကျန်ခဲ့သည်။ ချီထျန်သည် ရဲအရာရှိကို တော်တော်အလိုက်သိသည်ဟု တွေးလိုက်သည်။ ထို့နောက် သူ့အမေကို ဆွဲ၍ အလျင်စလို ဘာတွေပြောနေမှန်းမသိသော အသံဖြင့် အကြာကြီး သူ့ကို ဒီနေရာမှ ထုတ်ပေးဖို့ ပြောနေသည်။
သူ့အမေသည် ထပ်ကာထပ်ကာ ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်း ပြောသည်။ ထို့နောက် ချီထျန်သည် သူ့အမေဘေးမှ အမျိုးသမီးကို ကြည့်လိုက်သည်။
အမျိုးသမီး၏ အသားအရည်သည် သေသူကဲ့သို့ ဖြူဆွတ်နေပြီး သူမကိုယ်မှ အအေးများ ထုတ်လွတ်နေသလို တောင့်တောင့်ကြီးရပ်နေသည်။
သူမသည် စကားတစ်ခွန်းမှ ဝင်မပြောဘဲ ဒီတိုင်း တိတ်ဆိတ်စွာ ရပ်နေပြီး ရှည်လျားဖြောင့်စင်းသော ခြေတံရှည်မားသည် ချောင်ဆန်အောက်မှ လှပစွာ ပေါ်ထွက်နေရာ ချီထျန်သည် သူမဆီမှ အကြည့်မလွှဲနိုင်ခဲ့ပေ။
သူ့အမေက ပြောလိုက်သည်။
“အားထျန် ဒီတစ်ယောက်က အမေမင်းအတွက်ရှာပေးထားတဲ့ ချွေးမလေ သူမကို ခစားခွင့်ပြုလိုက်နော်”
ထိုသို့ ပြောပြီးနောက် ချီထျန့်အမေသည် အခန်းထဲမှ ထွက်သွားတော့သည်။ ချီထျန်သည် သူ့အမေက သူ့ကို တကယ်နားလည်သည်ဟုတွေးမိပြီး အပြုံးအကြီးကြီး ပြုံးလိုက်သည်။ သူ့တစ်ကိုယ်လုံးဘယ်နေရာမှ နာကျင်မှုမရှိတော့သလိုတောင် ခံစားမိသည်။ ချီထျန်သည် ထိုအမျိုးသမီးနှင့် စကားပြောချင်ပြီး သူမနှင့် ကျီစယ်ချင်သည်။ သို့သော် ယခုသူစကားမပြာန်ုင်သလို သူမကလည်း တုပ်တုပ်မျှ မလှုပ်ပေ။
ချီထျန်က အဆင့်ကျော်လိုက်ပြီး သူမကို ကုတင်ပေါ်သို့ ဆွဲသွားတော့သည်။
အမျိုးသမီးသည် အေးစက်နေပြီး ချီထျန်သည် တုန်ယင်လာသည်။ ချီထျန်သည် တုန်ရင်နေရင်းနှင့်ပင် အမျိုးသမီး၏ အဝတ်အစားများကို ဆွဲဖြဲပစ်နေသည်။ သို့သော် သူမသည် ထိုအချိန်ထိ လုံးဝမလှုပ်လာသေးပေ။ သူမသည် တုံ့ပြန်မှုလုံးဝမရှိသည်မှာ သက်မဲ့ အရုပ်တစ်ရုပ်ကဲ့သို့ပင် ငြိမ်သက်နေသည်။
######################