အပိုင်း (၁၃၂)
ပုံရိပ်ယောင်အပြင်ဘက် ၁
ကျန်းလော့၏ ညာဘက်မျက်ခွံများဆက်တိုက် လှုပ်နေခြင်းမှာ မထူးဆန်းတော့ပေ။ တကယ့်ကိုဆိုးဝါးသော ကိစ္စဖြစ်လာမည့် သတိပေးချက်ဖြစ်သည်။
နံရံထဲမှာ နှစ်မြုပ်နေရန် ဤလောက၏ အပြင်ဘက်မှလာသော မကောင်းဆိုးဝါးသာလျှင် တွေးနိုင်လိမ့်မည် ဖြစ်သည်။
ချီယုံနှင့် သူ့ကို ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်နေသည်။ သူဘာမှပြန်မပြောသောအခါ ချီယုံ့အသံသည် ပို၍ အေးစက်လာကာ
“ကိုယ်မေးတာ မဖြေဘူးလား”
ချီယုံသည် ယနေ့တွင် တစ်စုံတစ်ခုကြောင့် စိတ်တိုနေပုံရကာ လုံးဝလွတ်ထွက်နေသည်။ ချီယုံသည် ကျန်းလော့၏ အဖြေကိုရရန် မျှော်လင့်တကြီး ကြည့်နေသည်။ ကျန်းလော့ စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် ဒေါသထွက်သွားကာ သူ့ခန္ဓာကိုယ်သည် ရှေ့သို့ ကော့တက်သွားတော့သည်။
“ချီး...............”
သူ့နောက်မှ မမြင်ရသော သောက်သရဲသည် ကျန်းလော့အဝတ်အစားများကို သွားနှင့်ကိုက်လိုက် နှုတ်ခမ်းနှင့် ဖိကိုက်လိုက်လုပ်နေပြီး ယခုတွင် ကျန်လော့၏ ပုခုံးများကို လျှာနှင့်လျက်လိုက် ကိုက်လိုက် စုပ်လိုက်လုပ်နေသည်။
မမြင်ရ၍ ညစ်ပတ်သော အရာတစ်ခု၏ တိုက်ခိုက်ခြင်းခံနေရသောကြောင့် ကျန်းလော့သည် ကြက်သီးများထလာပြီး သာယာမှုနှင့် စိတ်မသက်သာမှုတို့ကြောင့် သူ့မျက်လုံးစွန်းများနီရဲလာတော့သည်။
ချီယုံသည် ကျန်းလော့က သူ့ကို ငြင်းဆိုလိမ့်မည်ဟုသာ တွေးထားသည်။
လူငယ်လေး၏မျက်လုံးများတွင် အလင်းတစ်ချက်လက်သွားပြီး အကြာကြီးကြာပြီးနောက် အေးဆေးစွာပြုံးလိုက်သည်။ မြူနက်များသည် သူ့နောက်မှဖြာထွက်လာကာ ကျန်းလော့လက်မောင်းကို ချုပ်ထားသည့် သူ့လက်နေရာသို့ မြူနက်များအစားထိုး၍ ချုပ်ထားလိုက်သည်။ ချီယုံသည် လက်အားသွားသောအခါ အောက်ဘက်သို့ လျှောဆင်းသွားသည်။
သူသည် တိတ်ဆိတ်စွာပင် လက်မြန်မြန်ဖြင့် ကျန်းလော့ အဝတ်များကို ချွတ်ပစ်နေသည်။ ရှေ့တွင် ကျားရောက်နေပြီး နောက်တွင် ဝံပုလွေက ချောင်းနေသည်။
ကျားနှင့် ဝံပုလွေသည် တစ်ကောင်နှင့်တစ်ကောင် သတိထားမိပုံမရကာ မြင်ကွင်းနှင့် ဖြစ်နေသော ခံစားချက်သည် အလွန်အဓိပ္ပာယ်မရှိသောကြောင့် ကျန်းလော့သည် အိပ်မက်မက်နေသည်ဟုပင် ထင်လာသည်။
“မင်း ............... ”
ကျန်းလော့၏ မျက်လုံးပြူးသွားပြီး ရုတ်တရက် ချီယုံ့ကိုပြုံးပြလိုက်ကာ သူ့မျက်ခုံးများသည် ဝံ့ဝါနေသော်လည်း သူ့အပြုံးကတော့ ကြေကွဲနေကာ
“သခင်လေးချီ မင်းမှာတစ်ခုခုပြောစရာရှိရင် မင်းကငါ့ကိုပျော်အောင်လုပ်ပေးချင်တာဆိုရင် မင်းပြောတဲ့ ဘာ အကြောင်းအရာကို ငါသဘောတူပေးနိုင်ပါတယ် ”
သူသည် ချီယုံသတိလွတ်စေရန်နျင့် အနည်းငယ် ဟာကွက်ရှာဖို့ အချိန်ရအောင် အချိန်ဆွဲလိုခြင်းဖြစ်သည်။ သူ့နောက်မှ မကောင်းဆိုးဝါးနှင့် ယှဉ်လျှင် သူ့ရှေ့မှ ချီယုံသည် ပို၍ ကိုင်တွယ်ဖို့လွယ်သည်။
ချီယုံဒီနေ့ဘာဖြစ်နေလဲ မသိသော်လည်း ငါးနာရီကို ကောင်းကောင်းမွန်မွန်ကျော်ဖြတ်ပြီးသွားလျှင် ငါးနာရီပြီးသည်နှင့် ကျန်းလော့ ထွက်သွားတော့မည် ဖြစ်သည်။
ထိုစကားကိုကြားသောအခါ ချီယုံ့လက်သည် ရပ်တန့်သွားသည်။
သို့သော် လည်ပင်းနားမှ ကြယ်သီးနှစ်လုံးပြုတ်သွားပြီးဖြစ်ကာ ရှည်သွယ်လှပသော ငန်းလည်ပင်းကို ပေါ်ထွက်လာစေပြီး ဆွဲဆောင်မှုရှိသော ညှပ်ရိုးများကလည်း အကာအကွယ် မရှိတော့ပေ၊၊ ကျန်းလော့သည် အောက်ငုံ့ကြည့်လိုက်ပြီး ထိုသို အသားနည်းနည်းပေါ်တာလောက်ကို ဂရုမစိုက်အားပေ။
သူလှုပ်လို့ရနိုင်သလောက် အနေအထားပြောင်းကာ သက်တောင့်သက်သာဖြစ်အောင် နေလိုက်ပြီး ဆံပင်အမည်းရောင်များသည် ပုခုံးပေါ်သို့ ဖြာကျနေကာ လိပ်ပြာရိုးကို သွားသွားထိမိနေသည်။ ဆံပင်အမည်းရောင်အများ ကျဆင်းလာသောကြောင့် သူ့မျက်နှာကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။
“မင်းပြောတာ ငါတို့က ခင်ပွန်းနဲ့ ဇနီးဖြစ်နေပြီပေါ့”
ကျန်းလော့က ပြောသည်။
“ဒါပေမဲ့ အရင်ကတော့ ငါတို့ ညီအစ်ကိုပဲ ဖြစ်ခဲ့တာလေ ဒီတော့ မင်းသာ ညီအစ်ကိုအဖြစ်ကနေ ခင်ပွန်းနဲ့ ဇနီးသည်အဖြစါပြောင်းမယ်ဆိုရင် အချိန်တော့ယူရမှာလေ ဟုတ်တယ်မလား”
သူ့ခြေထောက်များသည် အနည်းငယ် ကားသွားပြီး သူ့ခေါင်းမှ ခြေချောင်းများထိ အားနည်းချက်အလုံးစုံကို ဖွင့်ပြလိုက်သည်။
ထိုအားနည်းချက်များဟု သူပြောသော အားနည်းချက်များသည် သနားစရာကောင်းစွာပင် သူ့ရှေ့မှလူ၏ မျက်စိထဲတွင် ဆွဲဆောင်မှုရှိနေသည်။
ကျန်းလော့သည် အသံတိုးတိုးဖြင့် ဖျောင်းဖြသွေးဆောင်သော နူးညံ့သည့်အသံဖြင့် ပြောနေသည်။ သူစကားပြောလိုက်တိုင်း ပါးစပ်သည် ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေကာ ကြက်သွေးရောင် အသားစိုင်လေးသည် မကောင်းဆိုးဝါး၏ မျက်လုံးထဲတွင် တလက်လက် တောက်ပနေသည့် ပတ္တမြားခဲလို့ ထင်လာစေသည်။
ချီယုံသည် ထိုအရာကို ကြည့်နေပြီး အတွေးလွန်သွားသည်။ ကျန်းလော့စိတ်ထဲဘာတွေ တွေးနေမည်ကို သူသိသည်။
နူးညံ့ချိုသာသော အပြုံးလေးနှင့် လှပသော လုပ်ကြံသတ်ဖြတ်သူဖြစ်သည့် သူ့ဇနီးလေးသည် အမြဲတမ်း ချိုသာသောမျက်နှာဖြင့် အဆင်သင့် လက်ထဲတွင် အဆိပ်သုတ်ထားသော ဓားကိုင်ထားတတ်သည်။ ကျန်းလော့သည် အလွန်အန္တာရာယ်များသည်ကို သိသော်လည်း ချီယုံသည် ငါးနာရီကြာပြီးနောက် ထွက်မသွားနိုင်တော့မည့် အကြောင်းကို သိသွားမည့် မျက်နှာလေးကို တွေးကြည့်ရင်း ကျေနပ်သာယာနေတော့သည်။ ကျန်းလော့သည် သူနှင့် တစ်ဘဝလုံး ဤလောကတွင် အတူတူနေရတော့မည်။
ထိုအချက်ကို တွေးမိပြီး ကျန်းလော့နှင့် အကြာကြီးစကားပြောရလည်း အဆင်ပြေသည်ဟုတွေးကာ သူ့မျက်နှာသည် အနည်းငယ် ရွှင်လန်းလာသည်။
“သခင်လေးကျန်းက ဘယ်လိုမျိုး အချိန်ယူချင်တာလဲ”
ကျန်းလော့သည် အချိန်ကြာကြာဆွဲလို့ရမည့် နည်းလမ်းကို တွေးကာ ဆယ်ကျော်သက် ချီယုံကို ကြင်နာစွာပြုံးပြလိုက်သည်။
“ငါတို့စကားပြောကြမယ် သေရည်သောက်ကြမယ် ပြီးရင် ငါတို့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လုပ်ကြမယ်လေ ”
“ကောင်းပြီ”
ကျန်းလော့သည် ရုတ်တရက် အသံတချို့ ဖိနှိပ်ထားသည့်ကြားမှ ထွက်လာပြီး ခန္ဓာကိုယ်သည် ရှက်ရွံစွာ ကွေးသွားသည်။
သူ့မျက်နှာသည် ဒီရေလှိုင်းများလို အနည်းငယ်ရှုံ့မဲ့နေပြီး သူ့ပါးနှစ်ဖက်သည် နီရဲသွာသည်။ ကျန်းလော့နဖူးတွင် ချွေးစေးများထွက်လာကာ သူ့ဆံပင်များပင် မျက်နှာကို လာကပ်နေတော့သည်။
သူ့မျက်လုံးထဲတွင် ရှက်ရွံ့မှုနှင့် စိတ်ရှုပ်မှုတို့ မြှင့်တက်လာကာ ဒေါသထွက်နေသော အေးစက်သည့်ဓားသွားကဲ့သို့ မျက်ဝန်းတစ်စုံဖြစ်သွားသည်။
သွားကြားထဲမှ စကားလုံးနှစ်လုံး ထွက်လာသည်။
“အစ်ခ် ယူ”
(T/N:သူပြောချင်တာ ဖာ့ခ်ယူပါ ယူတို့ ကလေးက ရှေ့က တစ်ယောက်ကိုလည်းကြောက်ရသေးတယ်လေ)
အံကြိတ်ပြီးပြောဆိုနေသည့်အသံတွင် ထပ်မလုပ်ရန် သတိပေးခြိမ်းခြောက်သည့် အရိပ်အယောင်များ ပါနေသည်။
ထိုစကားလုံးနှစ်လုံးသည် ကျန်းလော့ မည်မျှ ပြန်မတိုက်နိုင်အောင် အားအင်မဲ့နေလဲဆိုတာ အပြည့်အဝဖော်ပြသွားခဲ့ပြီး ချီယုံ့နှလုံးသားကို အစထဲက လှုပ်ရှားအောင်လုပ်နေသော ကောင်လေးသည် ယခုပို၍ လှုပ်ရှားအောင် လုပ်လိုက်ပြန်သည်။ သူသည် မထိန်းနိုင်စွာ ကျန်းလော့နားသို့ တိုးကပ်သွားပြီး သူ့မျက်နှာဘေးသို့ ကပ်လိုက်ကာ
“ကိုယ်က ဒီမှာ”
သို့သော် ကျန်းလော့သည် မျက်လုံးကို တင်းတင်းမှိတ်ထားပြီး သူ့မျက်လုံးထောင့်များသည်ရဲတွတ်နေကာ နှုတ်ခမ်းရဲရဲများကိုလည်း ဖိကိုက်ထားသေးသည်။
သူ့နှုတ်ခမ်းထောင့်များသည် နာကျင်မှုကြောင့် အောက်ဘက်သို့ ကွေးနေကာ သိမ်မွေ့ရှုပ်ထွေးသော အမူအယာဖြစ်နေသည်။
သူအော်ဟစ်ပစ်လိုက်ချင်သည်မှာ ဂျူနီယာချီယုံ့ကိုပင် မဟုတ်ပေ။
သူ့နောက်မှ မည်သူမျှမမြင်နိုင်တာကို အခွင့်ကောင်းယူ၍ ရဲတင်းနေသော မကောင်းဆိုးဝါးကိုပါ အော်ဆဲပစ်လိုက်ချင်နေသည်။
မကောင်းဆိုးဝါးသည် သူ့နောက်ကျောတစ်ပြင်လုံးကို နမ်းရင်းအောက်ဆင်းသွားကာာ သူ့ဖင်ကိုပါ လာကိုက်နေသည်။
‘သေစမ်း ဒီစောက်.............’
ကျန်းလော့သည် သူ့မျက်နှာပေါ်မှ အပူချိန်ကိုပင် ခံစားလို့ရနေပြီး မကောင်းဆိုးဝါး၏ သူ့နောက်ကျောဘက်မှ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာ မတွေးရဲပေ။
သူသည် ရှေ့သို့ ရုန်းနိုင်သလောက်ရုန်းကာ သူ့နောက်ကျောကို မကောင်းဆိုးဝါးနှင့် ဝေးအောင် လုပ်ချင်သည်။ ကျန်းလော့သည် ယခုအချိန်တွင် မကောင်းဆိုးဝါးကို သတ်ပစ်ချင်နေသည်။ ယခုသူသတ်ချင်သောသူမှာ သူ့နောက်မှ မကောင်းဆိုးဝါးသာမကပဲ သူ့ရှေ့မှ ချီယုံကိုပါ သတ်ပစ်ချင်နေပြီဖြစ်သည်။
ချီယုံငယ်လေးကို မသတ်နိုင်လျှင်ပင် ဒင်းမျက်လုံးများကို သူဖောက်ထုတ်ပစ်ခဲ့မည်။
ချီယုံသည် မကောင်းဆိုးဝါးကို မမြင်နိုင်ဘူးဆိုသည်ကို သူသိနေလျှင်တောင် သူ့နောက်မှ မကောင်းဆိုးဝါး ဘာလုပ်ချင်လို့ သူ့ကို ဒီလိုလာစနေရသည်ကို သူနားမလည်ပေ။ ချီယုံသည် မှန်လောကထဲက ပုံရိပ်ယောင်တစ်ခုမှန်း သူသိလျှင်တောင် ကျန်းလော့သည် ယခုကဲ့သို့ ဘာမှမလုပ်နိုင်ဘဲ သူများကစားတာ ခံနေရသည်ကို မြင်သွားမှာ မလိုလားပေ။
ကျန်းလော့သည် အောက်ငုံ့နေပြီး တိတ်ဆိတ်စွာ ပင့်သက်ရှိုက်လိုက်သည်။ သူ့နဖူးမှချွေးများသည် အနီရောင် အိပ်ရာခင်းပေါ်သို့ ကျသွားပြီး အိပ်ရာခင်းကို အကွက်သေးသေးတစ်ကွက် ပေါ်လာစေသည်။
သူ့မျက်လုံးထဲတွင် ရက်စက်ခက်ထန်မှုတစ်ချို့ ပေါ်လာသည်။
ကျန်းလော့နားနားတွင် ခပ်နိမ့်နိမ့် ရယ်သံတစ်ခုပေါ်လာသည်။
“အိုးးးးးးးးးးး”
အလွန်အကျွံအံဩနေသော အသံဖြင့်
“ဒါက တခြားကိုယ့်ကို သတ်ဖို့ကြိုးစားနေတာလား ရက်စက်လိုက်တာကွာ ဒီပါးစပ်လေးက သူငယ်ချင်းကနေ ဇနီးလုပ်ဖို့ လွန်ခဲ့တဲ့ တစ်စက္ကန့်ကမှ ပြောနေသေးတာ မဟုတ်ဘူးလား ဟမ်”
ထိုအသံသည် မကောင်းဆိုးဝါးမှ သူ့ကို တမင်သက်သက် နှာဘူးထနေအသံဖြစ်သည်။
ကျန်းလော့မျက်လုံးထဲမှ မည်းမှောင်နေသော အရိပ်အယောင်သည် ပို၍ မည်းမှောင်လာသည်။ သူ့စိတ်ထဲမှ စကားများကို ချီယုံငယ်လေးကြားသွားမည်ကို ကြောက်ရွံ့သွားပြီး သူ့နောက်ကျောကို ယားယံအောင် တိုက်ခိုက်နေသောအရာသည် အေးစက်စွာပြုံးလိုက်ပြီး ကြင်နာသော အသံဖြင့် သူ့ကို ဘာတစ်ခုမှ ထပ်ပြောမလာတော့ပေ။
သူ၏ ခက်ထန်ရက်စက်သော အေးစက်မှုတို့ ပေါ်ထွက်လာတော့မည်ဖြစ်သော်လည် မမြင်ရသော မကောင်းဆိုးဝါးသည် ပျောက်ကွယ်သွားသလိုခံစားလိုက်ရသောကြောင့် ကျန်းလော့ မျက်လုံးပြူးသွားပြန်သည်။
သူ့ရှေ့တွင် ချီယုံသည် ကျန်းလော့မေးစေ့ကို ဆွဲ၍ မော့လိုက်စေသည်။
စောနကထက်ပို၍ စိတ်ခံစားချက်ပြင်းထန်နေပုံရသော တစ်ခုခုလွတ်ထွက်တော့မလို ဖြစ်နေသော ကျန်းလော့၏ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူသည် ကျန်းလော့ကို သေချာကြည့်၍ အကဲခတ်နေကာ မာထန်နေသော အသံဖြင့်
“ရုတ်တရက်ကြီး စကားပြောရပ်သွားတာ မင်းပြောတဲ့ အချိန်ယူရမယ် ဆိုတာလား”
သူ့လက်သည် အလွန်ကြမ်းတမ်းနေသောကြောင့် တနေ့ကုန် ရေမသောက်ထားသော ကျန်းလော့နှုတ်ခမ်းသည် သူ့ကြောင့် အနည်းငယ်ကွဲသွားကာ သွေးစက်တစ်စက်ထွက်လာသည်။ သွေးစက်များအောက်သည် အောက်မကျလိုက်နိုင်ခင် နှုတ်ခမ်းပေါ်မှာပင် ခြောက်သွေ့သွားသည်။
ချီယုံ့အာရုံသည် ရုတ်တရက် ကျန်းလော့နှုတ်ခမ်းဆီသို့ ပြောင်းလဲသွားသည်။ ထို့နောက်ရုတ်တရက် လက်မြောက်လိုက်ကာ လက်မဖြင့် ကျန်းလော့နှုတ်ခမ်းကို ကြမ်းတမ်းစွာ ပွတ်သပ်တော့သည်။
သနားစရာနှုတ်ခမ်းလေးသည် ရုတ်တရက် အခြေအနေပိုဆိုးသွားကာ သွေးစက်များထွက်လာသော်လည်း ထိုသွေးများကို ချီယုံက လက်မဖြင့် ပွတ်သပ်သွားသောကြောင့် အောက်သို့မကျလိုက်ပေ။ ထို့နောက် ပါးပြင်ပေါ်သို့ ပွတ်ဆွဲသွားကာ နှုတ်ခမ်းမှ ထွက်သော သွေးစဖြင့် ကျန်းလော့မျက်နှာပေါ်တွင် အူကြောင်ကြောင်ပုံများ ဆွဲနေသည်။
ကျန်းလော့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ယနေ့ ချီယုံမှာ တော်တော်လေး ထူးဆန်းနေသည်ဟု ထင်မိသည်။
သူ့နားနားသို့ စိတ်ရှုပ်စရာကောင်းသော အသက်ရှူသံတစ်ခု မှုတ်ထုတ်ခံလိုက်ရသောအခါ ကျန်းလော့သည် အတွေးရပ်သွားသည်။
“ဘာလို့လဲဆိုတော့ သူက မင်းထွက်သွားတော့မယ်ဆိုတာ သိနေလို့လေ ”
‘ဘာရယ်’
ကျန်းလော့သည် သတိလစ်တော့မလို မိုက်ခနဲပင် ဖြစ်သွားသည်။
မကောင်းဆိုးဝါးသည် တိုးတိတ်စွာ လေသံနှင့် ပြောသည်။
“အဲ့တာထက် ပိုသေးတာက သူကမင်းကို ဒီလောကမှာ ပိတ်ထားဖို့ နည်းလမ်းရှာတွေ့ခဲ့တာပဲ သူက ဒီမြို့ကို တစ္ဆေမြို့တော်အဖြစ်ပြောင်းဖို့ လူတိုင်းကို သူမွေးထားတဲ့ တစ္ဆေတွေနဲ့ မိစ္ဆာတွေလွတ်ပြီး သတ်ခိုင်းထားတယ် ပြီးတော့ လူတွေရဲ့အသက်ကို ယဇ်ပူဇော်ပြီး မင်းတစ်ယောက်ထဲကို ဒီမှာခေါ်ထားဖို့ လုပ်နေတာ”
“နောက်တစ်နာရီအတွင်း လူတိုင်းသေသွားပြီးရင် မင်းလည်း ဒီမှန်လောကထဲမှာ တစ်သက်လုံးပိတ်မိနေတော့မှာ ဘယ်လိုလိုလုပ်လုပ် ထွက်လို့ရတော့မှာ မဟုတ်ဘူး”
ဆံပင်အနက်နှင့် ကောင်လေး၏ မျက်နှာသည် ဗလာဖြစ်သွားသလို စိတ်ရှုပ်သွားသောလည်း ချက်ချင်း ပြန်တည်ငြိမ်သွားသည်။
မကောင်းဆိုးဝါးသည် ပျင်းတိပျင်းရွဲအသံဖြင့် ပြောပြန်သည်။
“ဒီအခန်းနံရံထဲမှာ သူက မမြင်ရတဲ့ အစီအရင်တစ်ခု ရေးထားတယ် အထဲကလူတွေ အပြင်ထွက်နိုင်မှာမဟုတ်သလို အပြင်က အသံတွေလည်း ကြားရမှာမဟုတ်ဘူး အပြင်ဘက်က လူတွေရော သရဲတွေရော အခန်းထဲကို လုံးဝဝင်လာလို့မရဘူး ကိုယ်တောင်မှပဲ အများကြီး အချိန်ယူပြီးမှ ဒီအခန်းထဲကို ဒီလိုအဖြစ်နဲ့ ဝင်လာလို့ရခဲ့တာ”
ကျန်းလော့သည် မကောင်းဆိုးဝါး၏ စကားများကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေပြီး အပြင်ဘက်မှ အသံများကို နားစိုက်ပြီး နားထောင်ကြည့်လိုက်သည်။
အပြင်ဘက်တွင် တကယ်ပဲ တိတ်ဆိတ်နေသည်။?
လူသံများမရှိသလို ဖားသံ ပုရစ်အော်သံများလည်း မရှိနေကာ လေတိုက်သည့် အသံတောင် မကြားရပေ။
‘တိတ်ဆိတ်လွန်းနေတယ်’
ထိုအချိန်တွင် ကျန်းလော့သည် တစ်ခုခုတော့ အကြီးကြီးမှားနေကြောင်း သိလိုက်ရသည်။?
ကျန်းလော့မျက်နှာထားသည် အနည်းငယ် မရေရာသလို ကြောက်ရွံ့နေသလိုဖြစ်သွားကာ မကောင်းဆိုးဝါးပြောသည့်စကားများသည် အမှန်ဖြစ်နိုင်ကြောင်း လက်ခံလိုက်ရသည်။
သူသည် အတွေးထဲမှ ထွက်လိုက်ပြီး ချီယုံ့ကို ကြည့်၍ ဒေါသထွက်ခြင်းကင်းကာ ပြုံးပြလိုက်ပြီး
“သခင်လေးချီ ကျွန်တော်တို့ လမ်းလျှောက်ထွက်ရင်း လကြည့်ရအောင်လေ ကျွန်တော်တို့ ဆက်ဆံရေးတိုးတက်လာအောင် စကားပြောရင်း လကြည့်ပြီး အပန်းဖြေကြရအောင်လား”
ချီယုံက ပြောသည်။
“အဓိပ္ပာယ်တော့ ရှိသား”
ထို့နောက် တည်ငြိမ်စွာ ပြောသည်။
“ဒါပေမဲ့ ဒီညတော့ မဖြစ်ဘူး”
“ဘာလို့...”
ကျန်းလော့သည် အစတုန်းက သူ့အတွက်နည်းနည်း စိတ်မကောင်းဖြစ်ခဲ့သည်။ သူတို့သည် မှန်လောကထဲတွင် မိသားစုတစ်ဝက်ဖြစ်ပြီးနေပြီ ဖြစ်လို့်ပင်။
‘မကောင်းဆိုးဝါးကမကောင်းဆိုးဝါးပါပဲ ဗီဇက ပေါ်လာပြီ’
ကျန်းလော့သည် ချီယုံ့ကို တချိန်လုံး အထင်ကြီးခဲ့သည်။
သို့သော် ချီယုံသည် သူလုပ်ချင်တာကို ဘာပဲဖြစ်ဖြစ် ရအောင်လုပ်တတ်သည်။ မှန်လောကတစ်ခုလုံးကို သတ်ရလျှင် သို့မဟုတ် တစ်လောကလုံး တစ္ဆေသရဲများအဖြစ်ပြောင်းလဲပစ်လိုက်လျှင်တောင် ကျန်းလော့ဂရုမစိုက်ပေ။ သူမလုပ်သင့်သည့် တစ်ခုထဲသောအရာမှာ ကျန်းလော့ကို အတင်းဖိအားပေး၍ မနေခိုင်းသင့်တာပင်။
ချီယုံသည် ဘာကိုမှ ဖုံးကွယ်မနေသလို သူသိလျှင်လဲ ဘာမှ ဖြစ်မသွားသည့်အတိုင်း ပြုံးလိုက်ကာ
“ဒီညကျော်သွားရင် ကိုယ်တို့မှာ အချိန်တွေအများကြီး ရှိပါသေးတယ်”
ကျန်းလော့နှလုံးသားလေးသည် အဆုံးထိ နှစ်မြုပ်သွားခဲ့သည်။
ချီယုံသည် အံ့ဩစရာကောင်းစွာပင် ရှေ့ဆက်တိုးနေပြီး သူ့ကိုယ်သူ တစ်ရာရာခိုင်နှုန်းအောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု တွေးထားကြောင်း သိသာနေသည်။
‘မကောင်းတော့ဘူး’
မကောင်းဆိုးဝါးသည် ကျန်းလော့နားနားသို့ ကပ်၍ နတ်ဆိုးကဲ့သို့ ထပ်ပြောသည်။
“အခု ဘယ်လိုဖြစ်နေပြီလဲသိလား မြို့ထဲမှာ အသက်ရှင်တဲ့သူ တစ်ရာလောက်ပဲ ရှိတော့တယ် အဲ့ဒီလူတွေကလည်း မြို့ထဲက ထွက်သွားနေကြပြီ သူအောင်မြင်တော့မှာကွ”
သူသည် စိတ်ပူဟန်ဆောင်နေသော်လည်း သူ့အသံသည် စက်ဆုပ်ဖွယ်ကောင်းအောင် စိတ်လှုပ်ရှားနေကြောင်း သိသာနေသည်။ အဝတ်များနှင့် အုပ်ထားသော ကျန်းလော့၏နောက်ကျောတပြင်လုံးသည် အနမ်းရာများဖြင့်ပြည့်နှက်နေပြီး မြှီးညှောင့်ရိုးသည် အေးစက်ပြီး တုန်ယင်နေသည်။ သူသည် ကျန်းလော့ခေါင်းကို မော့စေလိုက်ပြီး မြွေကဲ့သို့ အေးစက်သော လျှာဖြင့် ကျန်းလော့လည်ပင်းကို လျက်နေသည်။
“မင်းမှာ နည်းလမ်းရှိမှန်း ငါသိတယ်”
ကျန်းလော့၏ နှုတ်ခမ်းသည် မမြင်နိုင်လောက်အောင် ပိစိလေး လှုပ်ရှားသွားပြီး သူ့အသံသည် ခြင်တစ်ကောင်ထက်တောင် တိုးနေသည်။
“သူငါ့နားကပ်လာတာတောင် သူ့ကို မင်းမသတ်လိုက်တာ ငါယုံကိုမယုံနိုင်ဘူး”
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး
“ကိုယ်သူ့ကို မသတ်ချင်ပါဘူးကွာ ဒါပေမဲ့ ကိုယ်က အမြဲတမ်းလူကောင်းလေးပဲ လုပ်မှာ နောက်ပြီးသူက မှန်လောကထဲက ကိုယ်လေ ဒီတော့ သူ့ကို ကိုယ်ဘယ်လိုသတ်ရမလဲကွာ”
“ထပ်ရှိသေးတာက သူ့ကို ဒီတိုင်းဘာမှမလုပ်တော့ မင်းကိုယ့်ကို တောင်းဆိုလာတယ်လေ”
‘မင်းအတွက် အရေးကြီးဆုံးက နောက်က တစ်ခွန်းလို့ ထင်တာပဲ’
သူသည် မကောင်းဆိုးဝါးနှင့် တချိန်လုံးစကားပြောနေလို့ မဖြစ်ပေ။ ထို့ကြောင့် ဂရုမစိုက်သလို ပြောလိုက်သည်။
“ငါ့ကို အပြင်ထုတ်သွားပေး”
မကောင်းဆိုးဝါးသည် တမင်သက်သက် နားမလည်သလို ပြောသည်။
“ဒီအခန်းထဲမှာ ဖုန်းကွယ်ထားတဲ့ အစီအရင်ရှိနေတုန်းပဲ ဒီလိုလုပ်ဖို့က ခက်ခဲတယ် အိုက်ယား.............”
ကျန်းလော့သည် သက်ပြင်းချလိုက်ပြီး
“မင်းပဲ အချိန်စေ့အောင် လုပ်နေတာမလား”
ဆယ်ကျော်သက်ချီယုံသည် တောင့်ခနဲဖြစ်သွားပြီး သတိရှိစွာ ပြောလိုက်သည်။
“မင်းဘယ်သူနဲ့ စကားပြောနေတာလဲ”
ကျန်းလော့သည် သူ့နောက်ကို ကြည့်လိုက်ပြီး သူပြောလိုက်တာကို သေချာမကြားလိုက်ပေ။ သူ့ခေါင်းကို ဘေးသို့လှည့်လိုက်ကာ ရှက်ရွံနေပြီး ပါးစပ်ဟထားမိနေသည်။
ပုံစံကြည့်ရသည်မှာ သူ့ကို တစ်ခုခုက အတင်းနမ်းရှိုက်နေသလိုဖြစ်နေပြီး သို့မဟုတ် တစ်ခုခုက သူ့ပါးစပ်ထဲသို့ လက်ချောင်းများ ထည့်ထားသလိုမျိုး ဖြစ်နေသည်။ တစ်စုံတစ်ခုသည် သူ့ပါးစပ်ထဲသို့ မွှေနှောက်နေကာ ကျန်းလော့၏ နှုတ်ခမ်းထောင့်စွန်းမှ သွားရည်များ စီးကျလာသည်။
အခန်းထဲတွင် တတိယလူရှိနေမှန်း သေချာသွားသောအခါ ချီယုံ့မျက်နှာသည် ခက်ထန်သွားသည်။ ထို့အပြင် ထိုလူသည် သူ့နှာခေါင်းအောက်မှာပင် သူ၏ကျန်းလော့ကို ကစားနေသည်။
မကောင်းဆိုးဝါးသည် ကျန်းလော့ပါးစပ်မှခွာလိုက်ပြီး ကျန်းလော့မျက်နှာကို လက်ခုပ်ထဲထည့်ထားကာ ဆိုးယုတ်မှောင်မဲနေသော မျက်နှာနှင့် ချီယုံ့ကို ကြည့်စေသည်။
“လိမ္မာပါကွာ သူကျေနပ်သွားအောင် နှုတ်ဆက်စကားလေး တစ်ခွန်းလောက်ပြောလိုက်နော်”
ကျန်းလော့သည် မျက်လုံးပင့်ကြည့်လိုက်ပြီး သူ့ပါးစပ်သည် စကားပြောတော့မလို ဟ လာကာ ချီယုံ့ကို ကြည့်လိုက်သည်။
“မင်းမသွားခင် ဒီကောင့်မျက်လုံးတွေကို ငါ့အတွက် ဖောက်ထုတ်ပေး”
ချီယုံ့သူငယ်အိမ်သည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ မကောင်းဆိုးဝါးသည် ကျယ်လောင်စွာ အော်ရယ်လိုက်ကာ နောက်ခနတွင် ရုတ်တရက် ကျန်းလော့ကို လက်မောင်းမှမ၍ လေထဲသို့ ဆွဲမသွားသည်။ ကျန်းလော့သည် ရုတ်တရက် ဆွဲမခံလိုက်ရသောကြောင့် လန့်ပြီးလက်မြှောက်လိုက်ရာ မျက်နှာကျက်နှင့် တိုက်မိမလို ဖြစ်သွားသည်။ အသံအကျယ်ကြီးကြားပြီးနောက် အေးစက်သော လေပြင်းတစ်ချက်သည် သူ့ကို ရုတ်တရက် ဖြတ်တိုက်သွားသည်။
လေထဲမှ သွေးနံ့နှင့် ညှော်နံ့တမျိုးရလိုက်ကာ လေတိုက်သွားသည်နှင့် ရမ်းကားကြမ်းတမ်းသောအော်သံကြီးသည် လေဖြတ်တိုက်သွားသည်နှင့် အကျယ်ကြီး ကြားလိုက်ရသည်။
ကျန်းလော့ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူသည် မကောင်းဆိုးဝါးသည် သူ့ကို လေထဲတွင် တွဲလောင်းကြီးဆွဲထားပြီး မသိလျှင် သူတို့သည် ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသလိုဖြစ်နေသည်။ ထို့နောက် အောက်ငုံ့ကြည့်လိုက်သောအခါ ပုကျိုးမြို့တစ်မြို့လုံးသည် မီးတောက်များနှင့် ဖုံးလွှမ်းနေပြီး တစ်မြို့လုံးရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
############################