အပိုင်း (၁၃၄)
တောင်ပေါ်တက်ကြမယ်
မကောင်းဆိုးဝါးသည် ကျန်းလော့မေးရိုးကို အလွန် စိတ်တိုနေသလို ဆွဲညစ်ထားသည်။ သို့သော် ကျန်းလော့သည် နည်းနည်းလေးမှကို ဂရုမစိုက်နေပေ။ ဂရုမစိုက်ရုံမက သူ့ကို စိတ်တိုအောင် ပိုပြီးစနေုာက်ချင်လာသေးသည်။ သူ့စိတ်ထဲတွင် အောင်ပွဲခံနေသလို ခံစားချက်များ မြှင့်တက်လာသည်။
စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါး၏ သိက္ခာကင်းမဲ့စွာ ကံဆိုးစွာ ချစ်မိသွားသောပုံစံကို ကြည့်၍ နှုတ်ခမ်းများကွေးတက်လာကာ မကောင်းဆိုးဝါး၏ မျက်နှာအပြောင်းအလဲကို မလွတ်တမ်းလိုက်ကြည့်နေသည်။
မကောင်းဆိုးဝါး၏ မျက်နှာသည် အစကနေအဆုံးထိ မပြောင်းလဲပေ။
သို့သော် မှောင်မိုက်နေသော တစ္ဆေသရဲ အရှိန်အဝါပြည့်နေသော မျက်လုံးများထဲတွင် ကျန်းလော့ကိုသာ မြင်နေရသည်။ လူသားသည် ပွင့်လင်းစွာ ပြုံးပြနေကာ သူ့မျက်နှာသည် သေချာမှုကို ပြသနေသည်။ သိမ်မွေ့သော ကျန်းလော့မျက်နှာမှ အမူအယာတိုင်းက ပြောနေသည်မျာ
‘ငါ မင်းကို အားလုံးဖောက်မြင်နေရတယ် ချီယုံရေ့’
မကောင်းဆိုးဝါးနှင့် လူသားတို့သည် တစ်မိနစ်လောက် ရှေ့ဆက်စကားမပြောနိုင်ဖြစ်သွာသည်။ တစ်မိနစ်လောက် သေစေနိုင်လောက်အောင် တိတ်ဆိတ်သွားခြင်းသည် ကျန်းလော့ကို အဖြေပြောနေသည့်အလားပင် ဖြစ်သည်။
ချီယုံသည် သူ့ကို ချစ်နေသည်။
မှန်လောကထဲမှ ချီယုံငယ်လေးသာမက အပြင်ဘက်မှ တကယ့်မကောင်းဆိုးဝါး ချီယုံသည်လည်း သူ့ကို သတ်ခဲ့သည့် လူသတ်သမားကို ချစ်ကြိုက်နေသည်။
လူသား၏ စိတ်လှုပ်ရှားမှုသည် သူ့ခေါင်းထဲထိ ထိုးဖောက်ရိုက်ခတ်လာပြီး မကောင်းဆိုးဝါးကို နည်းနည်းလေးမှ မကြောက်တော့ပေ။ သူကပင် လက်ဦးမှုယူပြီး ကိုယ်အပေါ်ပိုင်းကို မြှောက်ကာ မကောင်းဆိုးဝါး၏ နားရွက်နားကိုကပ်၍ ဆိုးယုတ်မှုများသည် အညစ်အကြေးထဲမှ ပန်းပွင့်လာသလို တီးတိုးပြောလိုက်သည်။
"ချီယုံ မင်းငါ့ကို ကြိုက်နေတယ်"
မကောင်းဆိုးဝါးသည် ဆံပင်အနက်ရောင်လူငယ်လေး၏စကားကို ကြားသောအခါ နူးညံ့စွာ ရယ်လိုက်ပြီး မမှားနိုင်သော သေချာမှုတို့ ပြည့်နေသော အသံဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ကို ဘာပြောချင်နေတာလဲ”
ထိုအချိန်တွင် ဘန်းခနဲ အသံအကျယ်ကြီး တစ်သံကြားလိုက်ရသည်။
မကောင်းဆိုးဝါးသည် ကျန်းလော့ကို ရုတ်တရက် နံရံတစ်ဖက်ပေါ်သို ဆွဲမပြီး ကပ်လိုက်သည်။ ကျန်းလော့သည် မကောင်းဆိုးဝါး၏ နားရွက်ကိုကျော်ကြည့်လိုက်ရာ သူလှဲနေခဲ့သော အိပ်ရာသည် အမှုန့်များအဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် စကားပြောလာပြီ ဖြစ်သည်။
“ကြိုက်တာလား”
သူ့သဘောထားသည် ဂရုမစိုက်စွာ တင်းမာနေပြီး
“ငါမင်းကို လိုချင်စိတ်တွေ တအားများလာပြီး မင်းနဲ့ အတူတူအိပ်ချင်နေတာကို ကြိုုက်တာလို့ နာမည်တပ်မယ်ဆိုရင် ဟုတ်တယ် ငါမင်းကို ကြိုက်တယ်”
စည်းမျဉ်းစည်းကမ်းများ အကြောင်း ချီယုံ့ကို မည်သူကမှ သင်မပေးဖူးသလို အချစ်နှင့် ခင်မင်နှစ်သက်ခြင်းကို သူမသိပေ။ ယခု ကျန်းလော့စကားများကို ကြားသောအခါ သူသည် ပျော်မြူးနေသလို ခံစားချက်ကိုသာ ခံစားမိသည်။
သူသည် အစောထဲက လူသားတစ်ယောက်မဟုတ်တော့ပေ။ ထို့ကြောင့် ဤကဲ့သို့ စိတ်ပျက်စရာ ခံစားချက်များ မည်သို့ ရှိနိုင်ပါမည်နည်း။
သို့သော် အဖြူရောင်နံရံကို မှီရပ်နေသော လူသားသည် သူ့ကို ကြည့်၍ ပြုံးနေသည်။ ကွေးညွတ်နေသော နှုတ်ခမ်းနှင့် ယိမ်းနွဲ့နေသော ဆံစများသည် ခြေထောက်များသည် သူ့ခြေထောက်ပေါ်ရပ်နေပြီး အားလုံးသည် အေးဆေး ငြိမ်းချမ်းနေသလို ရပ်နေသည်။
သူ့မျက်နှာမှာ ပြုံးဖြဲဖြဲအမူအယာမှာ ဖြေးညှင်းစွာ ပျောက်ကွယ်သွားပြီး သူ့မျက်နှာသည် အမူအယာမဲ့လာကာ သူ့နှုတ်ခမ်းများသည် အေးစက်ပြီး မာကျောလာသည်။ သူ့နှာတံမြင့်မြင့်သည် အရိပ်တစ်ခုပေါ်လာစေကာ သူ့ကိုကြည့်ရသည်မှာ နဂိုကျောက်တုံးခန္ဓာသို့ ပြန်ပြောင်းသွားသလို ဖြစ်နေသည်။
သို့သော် သူတို့နှစ်ယောက်ကြားတွင် လှိုင်းအတက်အကျတချို့ လွှမ်းမိုးနေဆဲဖြစ်သည်။
သူသည် ကျန်းလော့ကို စိတ်ဓာတ်ကျသည့် မျက်လုံးများဖြင့် ကြည့်နေပြီး မသိလျှင် သူ့ကသာပို၍ သာလွန်ကြောင်း သက်သေပြချင်သည့်နှယ်။
သူ့မျက်လုံးများသည် ပို၍ နက်မှောင်ာလကာ တွင်းနက်ကြီးနှစ်ခုကို ကြည့်နေရသလို ဖြစ်နေပြီး အသက်ဝိဉာဉ်အလုံးစုံကို ဝါးမျိုပစ်တော့မလိုပင်။ ချစ်ကြည်မှုနှင့် ခံစားချက်များသည် စုတ်ဖြဲပစ်ခံလိုက်ရပြီး သူတို့ကြားဘာမှမရှိခဲ့သလို ပျောက်ကွယ်သွားလေပြီ။
ထိုအချက်သည် သူတို့ထဲမှ တစ်ယောကိကို ကြောက်လန့်စွာ တုန်ယင်လာစေသည်။
“ကြိုက်သည်” ဆိုသော စကားလုံးသည် မကောင်းဆိုးဝါးအတွက် ဘာအဓိပ္ပာယ်မှ ရှိပုံမရပေ။
ရုတ်တရက် ကျန်းလော့သည် သူ့နားကပ်လာသည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် မကောင်းဆိုးဝါးထံမှ လုံးဝအကြည့်မလွှဲခဲ့ပေ။ ထို့အပြင် မကောင်းဆိုးဝါးကိုကြည့်၍ ပြုံးနေသော အပြုံးသည်လည်း ယခုထိတိုင်အောင် ပျောက်ကွယ်မသွားသေးပေ။ သူ့မျက်လုံးများတွင် မကောင်းဆိုးဝါးကို စနောက်ချင်စိတ်များပိုတိုးလာကာ ချောမောခန့်ညားသော မျက်နှာဖြင့် ခေါင်းမော့၍ မကောင်းဆိုးဝါး၏ မျက်နှာဘေးကို အနမ်းတစ်ပွင့် ခြွေလိုက်သည်။ ထို့နောက် မကောင်းဆိုးဝါး၏ မျက်နှာကို ကြီးမားသော စပါးအုံမြွေကြီးကဲ့သို့ ညှို့အားပြင်းသော အကြည့်ဖြင့် ကြည့်နေတော့သည်။
အနမ်းများသည် တဖြည်းဖြည်းအောက်သို့ဆင်းလာပြီး နောက်တွင် ကျန်းလော့သည် မကောင်းဆိုးဝါး၏ နှုတ်ခမ်းကို ထိတယ်ဆိုရုံလေးနမ်းလိုက်သည်။
မကောင်းဆိုးဝါးသည် တကယ်ကြီး ကျောက်ဖြစ်သွားသည့်ပုံပေါ်နေကာ လူသေလို တောင့်တောင့်ကြီး မတ်တပ်ရပ်နေကာ လူသားကလေး လုပ်ချင်သလို လုပ်ခွင့်ပြုထားလေသည်။
ကျန်းလော့သည် ပေါ့ပါးသိမ်မွေ့စွာ လှုပ်ရှားနေပြီး လိပ်ပြာတစ်ကောင်လို နေရာအနံ့လိုက်နမ်းနေကာ မကောင်းဆိုးဝါး၏ လည်ပင်းဘေးနားမှ မကောင်းဆိုးဝါး၏ မျက်နှာရှေ့ထိ ခပ်ဖွဖွဖိကပ်နမ်းလာခဲ့သည်။ ထို့နောက် ကျန်းလော့သည် နှုတ်ခမ်းကိုဟ၍ မကော်ငးဆိုးဝါး၏ လည်စေ့ကို ခပ်ဖွဖွကိုက်လိုက်သည်။
မကောင်းဆိုးဝါး၏ လည်ပင်းထဲမှ လည်စေ့သည် မသိမသာ လှုပ်ရှားသွားသော်လည်း ကျန်းလော့သည် မြင်ဖြစ်အောင် မြင်လိုက်သည်။ ကျန်းလော့၏ အပြုံးသည် ပို၍ နက်နဲလာပြီး မကောင်းဆိုးဝါးရော သူရော ဤလှုပ်ရှားမှုကလေးသည် တကယ်တော့ သူတို့စိတ်ထဲတွင် ငလျင်လှုပ်သွားသလို ၊ တောင်ပြိုလာသလို ၊ မြစ်ကမ်းပါးပြိုကျသလို နှင်းတောင်ကြီး ပြိုကျလာသလို ခံစားရသည်ကို နှစ်ယောက်လုံး ဖွင့်ဟပြောစရာမလိုဘဲ နားလည်နေကြသည်။
ကျန်းလော့သည် မကောင်းဆိုးဝါး၏ လည်ပင်းတွင် မျက်နှာအပ်ထားရာမှ ခေါင်းမော့လိုက်ပြီး မကောင်းဆိုးဝါး၏ နှုတ်ခမ်းနှင့် လက်တစ်ချောင်းစာမျှအကွာအဝေးတွင် မကောင်းဆိုးဝါး၏ မျက်နှာကို တည့်တည့်ကြည့်နေသည်။ သူ့ဝင်သက်ထွက်သက်များသည် စကားပြောလိုက်တိုင်း တစ်ဖက်လူ၏ နှုတ်ခမ်းနှင့် နှာခေါင်းဝကို စနောက်နေသလို သွားရောက်စနောက် နေသည်။
မကောင်းဆိုးဝါး၏ မျက်လုံးများသည် ပိုပြီး နက်ဆွေးလာကာ သားကောင်ကို ခုန်အုပ်ချင်နေသည့် ကျားရိုင်းတစ်ကောင်ကဲ့သို့ နက်ရှိုင်းလာသည်။
ကျန်းလော့သည် သူ့ကိုသာ ငေးကြည့်နေပြီး အသံသည် အလွန်ချိုသာနေကာ လေပြေညှင်း၏ ချော့သိပ်နေသလို အသံမျိုးနှင့် ရယ်လိုက်ကာ
“ငါမေ့တော့မလု့် မင်းရဲ့နှလုံးသာမှာ ငါ့နာမည်ထွင်းထားတာ အခုထိ ရှိသေးတယ်မလား”
ကျန်းလော့သည် မကောင်းဆိုးဝါး၏ သူ့ကို တွေးနေမည့် အတွေးများနှင့် ပတ်သက်၍ ဆိုးကျိုးရှိမရှိ စမ်းသပ်ချင်သည်။ ချီယုံသူ့ကို တကယ်ပဲ ချစ်မိသွားသည်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလျှင် တကယ်ပဲ သူ့ကို ဒုက္ခရောက်စေမည့် ကိစ္စများ ဖြစ်လာနိုင် မလာနိုင်မှာ သူတွေးလို့ လက်လှမ်းမမှီသည့် ကိစ္စဖြစ်နေသည်။
မကောင်းဆိုးဝါးများသည် သူတို့ကိုယ်သူတို့ စိတ်ကျေနပ်စေမည့် ကိစ္စများကို လုပ်ချင်တိုင်းလုပ်တတ်ကြသည်။ သူတို့လုပ်ချင်လျှင် မည်သည့်စည်းမျဉ်းများကိုမှ ဂရုမစိုက်ဘဲ ထင်သလိုလုပ်တတ်ကြသည်။ ထို့အပြင် သူတို့နှစ်သက်တာခံရသော အရာတိုင်းကို ဘဝပေါင်းများစွာ ကောင်းချီးရမည့်အရာများဟုပင် ဘဝင်မြင့်စွာ တွေးတတ်ကြသေးသည်။
သို့သော် ချီယုံနှင့် ရင်ဆိုင်ရပြီးနောက်တွင် ကျန်းလော့သည် မကောင်းဆိုးဝါးက သူ့ကို တကယ်ကြီး ချစ်ကြိုက်နေသည်ကို တွေ့ခဲ့ရသောအခါ ကျန်းလော့သည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး မကောင်းဆိုးဝါးမှ သူ့ကို ချစ်နေကြောင်း ဝန်ခံလာပြီး သူ့ကို လုံးဝကြွေနေကာ ဘောင်းဘီပင်မကပ်နိုင်တော့မည့် အဖြစ်ကိုတွးကြည့်တာမှလွဲ၍ တခြားဘာကိုမှ မတွေးနိုင်တော့ပေ။
ယခုသူသည် ထန်ဆန်း၏ အသားကိုစားရန် ဖြားယောင်းနေသော မိစ္ဆာတစ်ကောင်နှင့်ပင် တူနေကာ သူလိုချင်သော အဖြေကိုရရန်သာ အားထုတ်နေပြီး ရလာမည့်အဖြေ၏ အကျိုးဆက်များကိုတော့ မတွေးမိသေးချေ။
အခန်းထဲတွင် ဒုတိယအကြိမ်မြောက် ဘန်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရသည်။
ကောဝူချန်နှင့် ဟွာပိတို့သည် အခန်းထဲသို့ ခပ်လောလောဝင်လာကြသော်လည်း သူတို့သည် နံရံကိုကွေးကွေးလေးမှီ၍ မထိန်းချုပ်နိုင်အောင် ဗိုက်ကိုဖိ၍ ရယ်မောနေသော ကျန်းလော့ကိုသာ တွေ့ခဲ့ရပြီး သူတို့သခင်ကိုတော့ လုံးဝမတွေ့ခဲ့ပေ။
သူတို့ ကျန်းလော့ကို မေးတော့မည့် အချိန်တွင် သူတို့ခေါင်းထဲသို့ သခင်ဖြစ်သူ၏ အသံသည် ရုတ်တရက် အလောတကြီး ပေါ်ထွက်လာသည်။
သခင့်အမိန့်ကို ကြားပြီးနောက် သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး ကောဝူချန်သည် ကျန်းလော့ကို ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်လိုက်ကာ နှစ်ယောက်သားသည် တစ်ချက်ခုန်ပြီး ကျိုးပဲ့၍ ပွင့်နေသော ပြတင်းပေါက်မှ ထွက်ခွာသွားကြသည်။
“ဟားဟားဟားဟားဟားဟားဟားဟား”
ကျန်းလော့သည် မျက်ရည်များထွက်လာအောင် မဟားတရားရယ်မောနေပြီး ဗိုက်အောင့်ပါးညောင်းလာကာမှ နံရံကိုအားပြု၍ ခက်ခက်ခဲခဲ အရယ်ရပ်အောင် ကြိုးစားလိုက်ရသည်။
အချိန်အကြာကြီး အိပ်နေခဲ့ရသောကြောင့် သူ့ခြေထောက်များသည် အနည်းငယ်အားနည်းနေသော်လည်း ကျန်းလော့၏ စိတ်ကောင်းဝင်နေမှုကတော့ ပျက်ပြယ်မသွားပေ။
ချီယုံသည် သူ့တွင် မတိုက်ခိုက်ရပါပဲ အသည်းအသန် ထွက်ပြေးရမည့်နေ့ရှိလာလိမ့်မည်ဟု ထင်ထားမိမှာ မဟုတ်ပေ။ ထို့အပြင် ကျန်းလော့သည်လည်း ချီယုံ တကယ်ကြီး ထွက်ပြေးသွားမည်ဟု မထင်ထားသလို ယုံကိုမယုံနိုင်သေးပေ။
“ဟားဟားဟားဟား”
အောက်ထပ်မှ လှုပ်ရှားသံများကြားလိုက်ရပြီး လျန်ရွှီ၏ အသံကိုကြားလိုက်ရသည်။
“အစ်ကိုကြီး”
ကျန်းလော့သည် ချောင်းဆိုးလိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ကာ သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။ ဇွတ်ကို ရယ်ချင်နေသည့် ပြုံးစိစိဖြစ်နေတာကို ဖိနှိပ်၍ အောက်ထပ်သို့ ဆင်းလာသည်။
“လာပြီ လာပြီ”
.............................
တောင်ထိပ်ပေါ်တွင်ဖြစ်သည်။
မုန်တိုင်းသည် ယနေ့တွင် ရပ်တန့်သွားပြီဖြစ်သည်။
ဆံပင်ဖြူနေသော်လည်းငယ်ရွယ်ပုံရသော ကံကြမ္မာယုံသူသည် လက်ကို ညင်သာစွာမြှောက်လိုက်သည်။ ထို့နောက် သန့်ရှင်းပြီးမှန်ကဲ့သို့ ကြည်လင်နေသော ရေဇလုံထဲမှ ယွမ်ထျန်းကျူးကို ယူလိုက်သည်။
သူ့နောက်မှ တာအိုဆရာတော် ဝေ့ဟယ်က မေးသည်။
“သခင်ကြီး ဘယ်လိုလဲဗျ”
“မင်းရဲ့ မျိုးနွယ်စုထဲက လူတွေတော့ ထွက်လာပြီ”
ကံကြမ္မာယုံသူကဖြည့်ပြောသည်။
“ပြီးတော့ သူတို့အားလုံး ဘေးကင်းတယ်”
ရပ်ပေါင်းများစွာ တင်းကျပ်နေသော ဝေ့ဟယ်၏ နှလုံးသားသည် နောက်ဆုံးတော့ ပြေလျော့သွားသည်။ ကံကြမ္မာယုံသူသည် ဖြူနေသော မျက်တောင်များကိုအောက်စိုက်နေအောင် ဂရုတစိုက် ကြည့်၍ လက်ကိုင်ပုဝါတစ်ထည်ဖြင့် လက်ကို တစ်ချောင်းချင်း သေချာကြည့်နေသည်။
တာဆိုဆရာတော် ဝေ့ဟယ်က ထပ်မေးသည်။
“ဟိုလေ သခင်ကြီး သူတို့ထဲက ဘယ်လောက်များ................”
ကံကြမ္မာယုံသူသည် သိမ်မွေ့ပျော့ပြောင်းသော အသံဖြင့် သူ့စကားကို ဖြတ်ပြောလိုက်သည်။
“သူတို့ ဒီကို နေ့လည်လောက်ရောက်မယ်”
တာအိုဆရာတော် ဝေ့ဟယ်သည် ရိုသေလေးစားစွာပြန်ဖြေသည်။
“ကျွန်တော် နားလည်ပါပြီ”
ကြားရတာ အလွန်ထူးဆန်းသော စကားဖြစ်သည်။
သူ၏ ခန့်ညားချောမောသော ပုံပန်းသွင်ပြင်နှင့်ယှဉ်လျှင် ဆရာတော်ဝေ့ဟယ်သည်ပို၍ အသက်ကြီးပုံပေါက်သော်လည်း ဆရာတော်၏ ကိုယ်နေဟန်ထားနှင့် လေသံသည် သူ့ထက်ကြီးသော အကြီးအကဲနှင့် တွေ့ဆုံနေသော ဂျူနီယာတစ်ယောက်ကဲ့သို့ ရိုကျိုးနေသည်မှာ ရှင်းလင်းနေသည်။ သို့သော် သူတို့အတွက်ကတော့ မထူးဆန်းသလိုပင်။
တာအိုဆရာတော် ဝေ့ဟယ်သည် ခနလောက် တွေးလိုက်ပြီး ဂရုတစိုက်ပြောလိုက်ပြန်သည်။
“ဒီကောင်လေး ကျန်းလော့က ချီယုံ့ကို ကျွန်တော်တို့အတွက် ညှိနှိုင်းပေးနိုင်မယ်ထင်လား သခင်ကြီး”
ကံကြမ္မာယုံသူသည် လက်ကိုင်ပုဝါကို အောက်ချလိုက်ပြီး ယွမ်ထျန်းကျူးကို သာမန်ကာလျှံကာ ဘေးမှာချပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ နှင်းများဖုံးလွှမ်းနေသော မြင်ကွင်းကို ကြည့်၍ နှင်းနှင့် ရေခဲတို့၏ အငွေ့အသက်ကို ခံစားရင်း ပြောလိုက်သည်။
“သူ လုပ်နိုင်လိမ့်မယ်”
သူသည် ပြုံးပြလိုက်သော်လည်း နတ်ဘုရားများ၏ လူသားများနှင့် အလှမ်းကွာသကဲ့သို့ ဖြစ်နေသေးကာ သူ့နှင့် ရင်းနှီးရန် အဟန့်အတားတစ်ခု ရှိနေသလို ခံစားရသည်။
“ဒီကမ္ဘာပေါ်မှာ ချီယုံ့ကိုသတ်နိုင်မဲ့သူက သူ့တစ်ယောက်ပဲ ရှိတယ်”
စားပွဲပေါ်ရှိ ဖောက်ထွင်းမြင်နိုင်သော ယွမ်ထျန်းကျူးကို ကြည့်၍ တာအိုဆရာတော် ဝေ့ဟယ်၏ မျက်နှာတွင် ပူပန်မှုတချို့ ဖြတ်ပြေးသွားသည်။
ကံကြမ္မာယုံသူသည် ရုတ်တရက် နောက်ပြန်လှည့်လာကာ သူ၏ နှင်းကဲ့သို့ ဖြူဖျော့နေသော မျက်လုံးအစုံသည် တာအိုဆရာတော် ဝေ့ဟယ်၏အတွေးများကို ဖောက်ထွင်းမြင်နေရသလိုကြည့်နေပြီး ပြောလိုက်သည်။
“ကျုပ်က သူ့ကို အရမ်းကို မြင့်မြင့်မှန်းထားတယ်”
ထိုလူသားမျက်လုံးများသည် လူသားနှင့်မတူပဲ ထိုမျက်လုံးများနှင့် စိုက်ကြည့်ခံရသည့်သူသည် ကြောက်မက်ဖွယ်ကောင်းစွာ ဝိဉာဉ်ကို ရိုက်နက်ခံလိုက်ရသလို ခံစားရသည်။ ကံကြမ္မာယုံသူက ပြောသည်။
“သူက နောက်ထပ် ကျုပ်ဖြစ်လာ လိမ့်မယ်”
တာအိုဆရာတော် ဝေ့ဟယ်သည် တုန်ခါသွားပြီး
“ဒီကောင်လေး .... ကျွန်တော် နားလည်ပါပြီ”
.........................
ကျန်းလော့မှလွဲ၍ တခြားသူများ အားလုံးသည် သန်စင်ခန်းထဲတွင် အဖိခံအပိခံပြီး နိုးလာကြသည်။ လျန်ရွှီနိုးလာသောအခါ ဆာလောင်မှုနှင့်အတူ မူးဝေနေပြီ ဘေးသို့ပတ်ကြည့်လိုက်သောအခါ တက္ကသိုလ်ကျောင်းသား လေးယောက်တွင် လိရှောင်းမှလွဲ၍ ဘယ်သူမှ နိုးမလာသေးသည်ကို တွေ့လိုက်ရသည်။
လျန်ရွှီသည် နှလုံးခုန်မြန်သွားပြီး သူမခန္ဓာကိုယ်ကို တရွတ်ဆွဲ၍ တစ်ယောက်ချင်းစီကို လိုက်စမ်းသပ်ကြည့်ကာ အားလုံးအသက်ရှူနေကာမှ သက်ပြင်းချနိုင်တော့သည်။ အားလုံးသည် အကြောင်းတစ်ခုကြောင့် နိုးမလာနိုင်သေးတာပဲ ရှိကာ အသက်ရှူနေကြသေးသည်။
ထိုအချိန်မှာပင် ကျန်းလော့က အောက်ထပ်သို့ ဆင်းလာသည်။
သူသည်လည်း အရမ်းကြီး သက်သာနေသေးတာမဟုတ်သော်လည်း အကြာကြီးလှဲနေခဲ့ရသော်လည်း တခြားသူများထက်တော့ အခြေနေကောင်းနေသေးသည်။ သူ့အစာအိမ်သည်လည်း ဆာလောင်နေပေမဲ့ သူများလောက်တော့ ရုပ်ပျက်ဆင်းပျက်ဆာလောင်နေသည်မဟုတ်ပေ။
ကျန်းလော့သည် အောက်ရောက်သည်နှင့် ထတောင် မထနိုင်သည့် လူတစ်စုကို ကြည့်၍ မီးဖိုခန်းထဲသို့ အရင်သွားလိုက်သည်။
မီးဖိုခန်းထဲမှ ရေခဲသေတ္တာထဲတွင် ပစ္စည်းတော်တော်များများရှိနေပြီး ကြိုက်သလို သုံးလိုက်ရင်တောင် ကုန်သွားမည့်ပုံမရအောင် များနေသည်။ ကျန်းလော့သည် အချိန်အများကြီး ယူရမည့် ဟင်းများမချက်ဘဲ ဆန်ပြုတ်ဖြူဖြူ တစ်အိုးနှင့် အရွက်ကြော်တစ်မျိုးသာ ချက်လိုက်သည်။
မီးဖိုခန်းထဲမှ ထမင်းနံ့ရသောအခါ သူမအတန်းဖော်များ နိုးမလာသောကြောင့် စိတ်ပူ၍ ငိုကြွေးနေသော လိရှောင်းပင် မျက်ရည်များတိတ်သွားပြီး တဂွီဂွီမြည်လာသော ဗိုက်ကိုဖိ၍ ရှက်သွေးဖြာသွားသည်။ သူတို့သည် အားအင်ပြည့်ဝစွာ ထရပ်လိုက်ကြပြီး ကျန်းလော့ချက်ထားသော အစားအသောက်များကို စားပွဲပေါ်သို့ရွှေ့ပေးကာ သူတို့ခေါင်းများကို ပန်းကန်ထဲနှစ်ဝင်မတတ် စားကြတော့သည်။
ဆန်ပြုတ်တစ်ပန်းကန်စီစားပြီးကြပြီးနောက် သူတို့၏ ဆာလောင်နေသော အစာအိမ်သည် သက်တောင့်သက်သာဖြစ်သွားကာ ပို၍ အဆင်ပြေလာသလို ခံစားကြရသည်။ ထို့နောက် လျန်ရွှီသည် လိရှောင်းဘက်လှည့်လိုက်ပြီး နှစ်သိမ့်ပြောလိုက်သည်။
“ငါတို့ဆရာဦးလေး တာအိုဆရာတော် ဝေ့ဟယ်ဆိုတာ တောင်ပေါ်မှာရှိတယ် သူက တကယ်ကို အတော်ဆုံးကုသသူပဲ ပြီးတော့လဲ ဆရာဦးလေးက သူတို့သုံးယောက်ကို ကုပေးမှာပါ အရမ်းကြီး မစိုးရိမ်နဲ့နော်” လိရှောင်းသည် ထိုကဲ့သို့အရာကြီး ကြုံတွေ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ အနည်းငယ်ပို၍ သန်မာလာကာ ခေါင်းညိတ်လိုက်သည်။
“သူတို့ မသေသွားတာကိုက ကောင်းတဲ့ ကိစ္စပဲလေ ကျန်တာကတော့ နင်တို့အပေါ်ပဲ မူတည်နေပြီ”
လျန်ရွှီက ပြုံးပြလိုက်သည်။
“အင်းပါ စိတ်မပူနဲ့တော့”
သူတို့လေးယောက်ထဲတွင် လျန်ပင်းသည် အလွန်ဖြူဖျော့နေကာ သူ၏ နာကျင်နေသော ပေါင်ကို ကိုင်၍
“မှန်လောကထဲမှာတုန်းက သရဲတွေက ငါ့ခန္ဓာကိုယ် အောက်ပိုင်းတစ်ပိုင်းလုံးစားပစ်လိုက်တာ ငါအပြင်ရောက်တော့ ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိပေမဲ့ ခြေထောက်နှစ်ဖက်လုံး အရမ်းနာနေတယ်”
“ဝိဉာဉ်ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ် ဆရာဦးလေးနဲ့ တွေ့တဲ့ထိစောင့်လိုက် အစိတ်အပိုင်းသေးသေးလေးတောင် ပြန်ကောင်းလာမှာသေချာတယ်”
စားသောက်ပြီးကြပြီးနောက် သူတို့လေးယောက်သည် အကြာကြီးနားလိုက်ကာ အဝတ်အစားလဲပြီး သူတို့ပစ္စည်းတွေကို သိမ်း၍ ကြမ်းပြင်ပေါ်မှာ လဲနေသော လူသုံးယောက်ကိုသယ်ကာ စံအိမ်ထဲမှ ထွက်ခဲ့ကြသည်။
သူတို့အပြင်ထွက်လိုက်သောအခါ လေတိုက်တာရော နှင်းကျတာရော ရပ်သွားပြီ ဖြစ်ပြီး နေရာတိုင်းတွင် ဖြူဆွတ်နေသည်။ သို့သော် လူများကို ကျောပေါ်တင်သွားရမည့် သူတို့အတွက်တော့ လမ်းက ကြမ်းနေတုန်းဖြစ်သည်။
သို့သော် လူလေးယောက်သည် တခြားသုံးယောက်ကို အိမ်ထဲမှာထားခဲ့ဖို့ စိတ်မချပေ။
စံအိမ်ပိုင်ရှင်နှင့် အိမ်တော်ထိန်းယန်တို့သည် ပျောက်သွားကာ လူအိုစုံတွဲကိုလည်း မတွေ့တော့ပေ။ ထို့အပြင် မှန်လောကထဲတွင် ကြမ်းတမ်းသော အတွေ့အကြုံများ ရခဲ့သော သူတို့သည် အိမ်ထဲမှာထားခဲ့ပြီး ပြန်လာကယ်ရန် မတွေးဝံ့ကြပေ။
ကျေးဇူးတင်စရာကောင်းစွာပင် လူနည်းစုလေးသည် တောင်တက်လမ်းတလျှောက်လုံး မည်သည့် အခက်အခဲမှ မတွေ့ခဲ့ရပေ။
လျန်ရွှီသည် သက်ပြင်းအကြီးကြီးချလိုက်ပြီး သူမမျက်နှာမှ ချွေးများကို သုတ်လိုက်ကာ
“နောက်ဆုံးတော့”
ကျန်းလော့မော့ကြည့်လိုက်သောအခါ “လက်တွေ့ကျသော အသိဉာဏ်မရှိ” ဟူသော စာလုံးများကို နှင်းများဖုံးလွှမ်းနေသော အိမ်ကြီးကြီး၏ ရှေ့တံခါးတွင် မြင်ခဲ့ရသည်။
#######################