Ch 142
Viewers 8k

အပိုင်း (၁၄၂)


 သူ့ကို စွန့်ပစ်လိုက်မယ် 

ကျန်းလော့သည် ယဉ်ကျေးစွာပြုံးနေသော်လည်း သူ့အပြုံးတွင် ‘ဒီလူက သူ့ကို ဘာကြောင့် လိုက်နှောင့်ယှက် နေတာလဲ’ ဆိုသည့် အဓိပ္ပာယ်သည် ပြည့်ပြည့်ဝဝပေါ်ထင်နေသည်။ 

“.................” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။ 

“ဒီမှာကြည့် ကျုပ်မင်းကို ဒီနားဆွဲတွေရဲ့ အစွမ်းသတ္တိကို ပြောပြမယ်၊ ဒီနားဆွဲတွေကို ‘ဝိညာဉ်ဆွဲပြား’လို့လဲ ခေါ်တယ် တကယ်လို့ မင်းက ဒီဝိညာဉ်ဆွဲပြားကို မဝတ်ထားဘဲ ဒီတိုင်းဆောင်ထားမယ်ဆိုရင်တောင် နားဆွဲက မင်းစိတ်ကို တည်ငြိမ်နေစေလိမ့်မယ် မင်းကို စိတ်ထဲရှင်းနေစေပြီး မင်းရဲ့ ကိုယ်ပိုင်အသိစိတ်ကို ဆက်ပြီး ထိန်းသိမ်းထားပေးလိမ့်မယ် ကုန်ကုန်ပြောရရင် ဒီအချက်က ဝိညာဉ်ဆွဲပြားရဲ့ မထင်မရှား လုပ်နိုင်တာလေးပဲရှိသေးတာ ဒီပစ္စည်းက သူ့ကိုဝတ်ဆင်တဲ့ ပိုင်ရှင်ကို တခြားသူတွေရဲ့ ဝိညာဉ်နယ်မြေထဲကို ဝင်ရောက်နိုင်မဲ့ စွမ်းအားလည်း ပေးနိုင်တယ် ဒါပေမဲ့ အဲဒီအစွမ်းကို တစ်ရက်တစ်ကြိမ်ပဲ သုံးလို့ရမယ်” 

“နာမည်ကိုက ဝိညာဉ်စုပ်ဆွဲပြားဆိုတဲ့ အတိုင်း မင်းရဲ့ဝိညာဉ်ကို သူများ မညှို့ယူနိုင် ဆွဲထုတ်မသွားနိုင်အောင် ကာကွယ်ပေးမယ် မင်းကတော့ သူများရဲ့ ဝိညာဉ်ကို ယူပစ်လိုက်လို့ရမယ်...” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် နားဆွဲများအကြောင်း အလွန်အကျွံ အမွှန်းတင်နေပြီး ကျန်းလော့သည် သူပြီးသည်အထိ စောင့်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။ 

“ခင်ဗျားက ဘာလို့ ကျွန်တော့်ကို ဒီဆွဲပြားတွေပေးရတာလဲ” 

သူတို့စကားဝိုင်းလေးသည် အစကိုပြန်ရောက်သွားသောအခါ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် မြေကြီးပေါ်သို့ ပစ်လဲချလိုက်ချင်သွားသည်။ 

“မင်း မင်း ဒီလောက်ကောင်းတဲ့ ပစ္စည်းကိုတောင် အထင်မကြီးသွားဘူးလား” 

ကျန်းလော့သည် နားဆွဲကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ခေါင်းယမ်းလိုက်သည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။ 

“...ထားလိုက်တော့ ကျုပ်က မင်းကောင်းဖို့အတွက်ပဲ ဒီနားဆွဲကို ပေးခဲ့တာ ဘာလို့လဲဆိုတော့ ငါမင်းကို သူ့ကိုမသတ်စေချင်လို့....” 

သူသည် စကားလွှဲပြောလိုက်သည်။ 

“ဒီလောကထဲမှာ အတော်ဆုံး လက်နက်သခင်က ဘယ်သူလဲသိလား” 

လက်နက်သခင်ဆိုလို့ ခွမ့်ကျိန်းကိုပဲ တွေ့ဖူးသော ကျန်းလော့သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 

“ခွမ့်ကျိန်း” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အားရပါးရရယ်မောလိုက်ပြီး 

“ဒီကောင်လေးက အရမ်းကို ပါရမီကောင်းတဲ့ ကလေးပဲ အဲဒါကြောင့် ကျုပ်က သူ့ကို နည်းလမ်းတချို့ သင်ပေးခဲ့ရသေးတယ် ဒါပေမဲ့ မင်းတို့ပိုင်ဟွား တက္ကသိုလ်က ကျောင်းသားတိုင်း ဝယ်သွားတဲ့ ကျူပ်ဆိုင်က ပစ္စည်းတိုင်းကို ဟောဒီက ကျုပ်လက်နှစ်ဖက်နဲ့ ကိုယ်တိုင်လုပ်ထားတာတွေကြီးပဲ အခုမင်းကိုင်ထားတဲ့ နားဆွဲတွေလည်း ကျုပ်လုပ်ထားတာ” 

ကျန်းလော့သည် အံ့ဩသွားပြီး မထိန်းချုပ်နိုင်စွာ သူ့ကို ထပ်ကြည့်လိုက်မိသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အလွန်ဂုဏ်ယူနေဟန် သူ့ရင်ဘတ်သူပုတ်၍ လည်ပင်းမှ ပုတီးများ လွှဲယမ်းသွားအောင် ရယ်မောပြီး ပြောနေသည်။ ထို့နောက် သူသည် ကျန်းလော့ကို ကြည့်၍ 

“ကျုပ်က တော်မှန်း သိနေပေမဲ့လည်း မင်းဆီက ချီးကျူးစကားကို စောင့်နေတယ်လေကွာ” 

ကျန်းလော့ လက်မောင်းထဲမှ ဂျင်ဆင်းကလေးလေးသည် သူ၏ လုံးဝန်းသော အမြစ်ပုံစံ လက်ကလေးနှစ်ဖက်ကို အားရပါးရတီး၍ ချီးကျူးပေးနေသည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး တခြားတစ်ခုအကြောင်း ပြောမလို့ရှိသေးသည် ကျန်းလော့က ဖြတ်မေးလိုက်သည်။ 

“ကျွန်တော့်ရဲ့ ယင်ယန်လက်ကောက်ကိုလည်း ခင်ဗျား လုပ်ထားတာလား” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ မျက်နှာသည် အသုဘအခမ်းအနားထဲ ရောက်သွားသလို မည်းမှောင်အေးခဲသွားပြီး သူ့နှုတ်ခမ်းပေါ်မှ အပြုံးသည် လျော့တိလျော့ရဲဖြစ်သွားကာ ဖြည်းဖြည်းချင်း ဖြောင့်တန်းသွားသည်။ 

“မဟုတ်ဘူး” 

သူသည် ကျန်းလော့ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး 

“အဲဒါက ကံကြမ္မာစောင့်ရှောက်သူတွေလုပ်ထားတာ”

“သူက အဲဒီယင်ယန်လက်ကောက်ကို ကျုပ်ဆိုင်မှာ ထားခဲ့ပြီး တစ်ယောက်ယောက် လာယူမှာကို စောင့်ခိုင်းခဲ့တာ” 

ကျိယောင်ဇီက ပြောသည်။ 

“ရွှေရောင်ဂါထာ မန္တာန်တစ်ဆယ့်နှစ်ခုပါတဲ့ ယင်ယန်လက်ကောက် အဲဒီပေါ်က မန္တာန်တစ်ခုချင်းစီတိုင်းကို ကျုပ်လက်တွေနဲ့ ထွင်းထုခဲ့တာ ရွှေရောင်မန္တာန်တစ်ခုက ကောင်းကင်ပေါ်မှ မကောင်းဆိုးဝါး ဝိညာဉ်ရဲ့ တည်ရှိမှုကို ဆင့်ခေါ်ဖို့ရေးထားတာ ပြီးတော့ တစ်စုံတစ်ယောက်အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ဆိုပါတော့” 

“ပြီးတော့ မင်း ယင်ယန်လက်ကောက်ကို ရှာတွေ့တဲ့သူက မင်းတစ်ယောက်ပဲ ရှိတယ်” 

ကျန်းလော့မျက်နှာသည် ထိုစကားကို ကြားသည့်အချိန်တွင် ရုပ်ဆိုးသွားတော့သည်။ 

ကျန်းလော့သည် ယင်ယန်လက်ကောက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ့ကြောင့် ယင်ယန်လက်ကောက် မကွဲသွားခင်မှာပင် မျက်ခုံးတွန့်ပြီး မေးလိုက်သည်။ 

“ယင်ယန်လက်ကောက်မှာ သေချာပေါက် မန္တာန်တစ်ဆယ့်သုံးခုပါတာ” 

“ကျုပ်စကားမဆုံးသေးဘူးလေကွာ” 

ကျိယောင်ဇီက ပြောသည်။ 

“ယင်ယန်လက်ကောက်က ဆိုင်မှာရှိတာကြာလှပြီး ဖုန်တွေတက်နေတာတွေ့တော့ ကျုပ်က ပြန်ပြီးမွမ်းမံလိုက်တာ အဲ့ထဲမှာ လျှို့ဝှက်သတင်းစကားတစ်ခုလည်း ထပ်ဖြည့်လိုက်တယ်၊ ယင်ယန်လက်ကောက်က အခုဆို ပိုင်ရှင်ရဲ့ ကံကြမ္မာပေါ်မူတည်ပြီး အလုပ်လုပ်ပေးမှာ” 

သူက ပုခုံးတွန့်လိုက်ပြီး 

“မင်းနှိုးလိုက်တဲ့ ယင်ယန်လက်ကောက်မှာ ဘယ်လိုမျိုး အစွမ်းတွေရှိမလဲတော့ ကျုပ်မသိဘူး ဒါပေမဲ့ တခြား အရင်က လက်ကောက်သုံးခုနဲ့တော့ မကွာလောက်ဘူးထင်တယ်” 

“တည်နေရာရှာဖွေတာနဲ့ ကံအကောင်းအဆိုးခွဲခြားတာရယ် ယင်ယန်ခွဲခြားဆုံးဖြတ်ပေးတာရယ်ပဲ မလား ဒါပေမဲ့ လူတိုင်းက သန်မာပြီး ပါရမီပါနေတာမှမဟုတ်တာ အထူးသဖြင့် ယင်ယန်လက်ကောက်ကိုတောင် မဖွင့်ရဲမဲ့သူတွေဆို ယင်ယန်လက်ကောက်ကို သုံးဖို့မပြောနဲ့ မြင်တောင်မမြင်နိုင်တာပဲကြည့်လေ” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ မှတ်ချက်သည် လက်တန်းပြောလိုက်တာဖြစ်သော်လည်း ကျန်းလော့ကတော့ သူ့စကားများထဲမှ တစ်ခုခုကို နားလည်သွားခဲ့သည်။ 

‘ကျိယောင်ဇီက ယင်ယန်လက်ကောက်ကို ဘယ်သူမှအသုံးမပြုတာ ကြာနေလို့ ပျက်ဆီးသွားမှာစိုးလို့ ရိုးရိုးပဲတွေးပြီး မွမ်းမံခဲ့တာလား’ 

‘မဖြစ်နိုင်ဘူး သူက ချီယုံ့ကို အသက်ရှင်ဖို့ အခွင့်အရေးရအောင် ကံကြမ္မာစောင့်ရှောက်သူတွေ တစ်စုံတစ်ယောက်အတွက် ချန်ခဲ့တဲ့ လက်နက်ကို ပြောင်းလဲပစ်ချင်ခဲ့တာပဲ ဖြစ်ရမယ်’ 

ဝိညာဉ်စုပ် ဆွဲပြားကဲ့သို့ပင် သူသည် ထိုလက်နက်ကို ကျန်းလော့ကို ပေးခဲ့ခြင်းမှာ ချီယုံ့ကိုသတ်ရန် အတွက် ကံကြမ္မာယုံသူမှ ကျန်းလော့ကို ဦးနှောက်မဆေးနိုင်ရန် ဖြစ်သည်။ ယင်ယန်လက်ကောက်သည် ရှေးနှစ်ပေါင်းများစွာမှ ကံကြမ္မာစောင့်ရှောက်သူတစ်ယောက်က ကျန်းလော့ကို လက်ဆင့်ကမ်းပေးသွားသည့် လက်နက်ဖြစ်ကာ အသုံးပြုနိုင်သော ရှေ့သုံးမျိုးမှာ ကျိယောင်ဇီပြောသွားသည့် အစွမ်းများဖြစ်ပြီး လေးခုမြောက်စွမ်းအားကတော့ ဝိညာဉ်များကို ဆွဲခေါ်ခြင်းဖြစ်နိုင်သည်။ 

ကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံး တစ္ဆေကို ဆင့်ခေါ်နိုင်မည်ဖြစ်ပြီး ထိုတစ္ဆေမှ ကျန်းလာ့ခိုင်းသည့် အလုပ်တစ်ခုကို လုပ်ပေးမည်ဖြစ်သည်။ သို့သော် ကျန်းလော့ဘက်မှ တစ္ဆေတောင်းဆိုသည့်အရာများကို ဘာပဲဖြစ်ဖြစ် ပြန်လုပ်ပေးရမည်ဖြစ်သည်။ 

အကယ်၍ စွမ်းအားအကြီးဆုံးတစ္ဆေမှာ ချီယုံဖြစ်နေလျှင် ကျန်းလော့က ကံကြမ္မာယုံသူထံမှ လုံးလုံးလျားလျား ဦးနှောက်အဆေးခံထားရသည် ဆိုပါစို့ ချီယုံနှင့် အသည်းအသန်တိုက်ခိုက်နေမည်။ ရာသီခွင်တစ်ဆယ့်နှစ်ခု၏ မန္တာန်များသည် ကျန်းလော့ကို ချီယုံ့ထံမှ ကာကွယ်ထားပြီး အဆုံးသတ်တွင် ကျန်းလော့သည် မခုခံနိုင်တော့ပဲ ယင်ယန်လက်ကောက်၏ လေးခုမြောက် စွမ်းအားကို အသက်သွင်းလိုက်ပါက ထိုလေးခုမြောက်စွမ်းအား ဆင့်ခေါ်ခဲ့သော စွမ်းအားအကြီးဆုံး တစ္ဆေသည် သူ့ပြိုင်ဘက် ချီယုံဖြစ်နေပါလျှင်...

ကျန်းလော့သည် မသိမသာ မျက်နှာပျက်သွားသည်။ 

‘တကယ့်ကို လှပတဲ့ မြင်ကွင်းလေးဖြစ်မှာပေါ့’ 

သို့သော် ထိုသို့ ပြောနေရင်းမှပင် ကျန်းလော့သည် ကျိယောင်ဇီကို ယုံကြည်လာသည်။ သူသာ ကျန်းလော့ကို အန္တာရာယ်ပေးချင်လျှင် ကျန်းလော့ သတိမဲ့နေချိန်တွင် ယင်ယန်လက်ကောက်တစ်ခုထဲနှင့် သတ်ပစ်နိုင်ပေသည်။ 

သူသည် အလွန်ပွင့်လင်းစွာဖြင့် ကိစ္စအတော်များများကို ထုတ်ပြောခဲ့သည်။ ကျိယောင်ဇီသည် နားဆွဲများကို သူကိုယ်တိုင်လာမပေးပဲ ဝမ်ယမ်လန်ကို သူ့အစားလာပေးခိုင်းတာကို ကြည့်လျှင် သူ့တွင် အကြံဉာဏ်ကုန်နေပြီဖြစ်ပြီး ကျန်းလော့ကို ပေါ်ပေါ်ထင်ထင် မကူညီနိုင်ကြောင်း သိသာနေသည်။ ထို့အပြင် ချီယုံ့ကို စိတ်ပူမှုကိုလည်း လူသိအောင် ချမပြရဲပေ။ 

ကျန်းလော့သည် သူ့ကိုကြည့်၍ ဖုန်းလီနှင့် တာအိုဆရာတော်ဝေ့ဟယ်ကို လှည့်ကြည့်လိုက်သည်။ သူတို့သည် ကျန်းလော့တို့ကို အာရုံစိုက်မနေကြောင်း မြင်သည်နှင့် ကျန်းလော့သည် ဆက်၍ ဟန်မဆောင်တော့ပေ။ သူသည် အရိပ်ကျသည့်ဘက်သို့ လှည့်၍ ကျိယောင်ဇီကို အားရပါးရပြုံးပြလိုက်သည်။ 

ကျန်းလော့သည် အသံကိုနှိမ့်၍ နှေးကွေးစွာ ပြောလိုက်သည်။ 

“အိုး ဒါဆို ဒီနားဆွဲတွေကို ကျွန်တော့်အတွက် လုပ်ခဲ့တာပေါ့လေ ပြီးတော့ တခြားသူတွေကို ကျွန်တော့်ဆီ ရောက်အောင် ပို့ခိုင်းလိုက်တာပေါ့” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အလွန်ထိတ်လန့်သွားပြီး သူ့မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ဆံပင်အနက်နှင့်ကောင်လေး၏ ကြက်သွေးရောင် နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားကာ 

“ကျိယောင်ဇီ လောင်ကျီရာ ကျွန်တော့်အတွက် အရမ်းတွေးပေးတာပဲနော် ကျွန်တော် တကယ်ကို မသိခဲ့ဘူးဗျာ ဒီတော့ ခင်ဗျားနဲ့ ကျွန်တော်က ကြိုးတစ်ချောင်းထဲပေါ်က နှံကောင်ဖြစ်နေပြီ” 

ကျိယောင်ဇီ “................” 

သူသည် အသက်တောင် အောင့်ထားလိုက်မိသည်။ 

အသံတုန်တုန်ဖြင့်..

“မင်း မင်း ဟန်ဆောင်နေတာလား” 

ကျိယောင်ဇီသည် ကံကြမ္မာစောင့်ရှောက်သူများကို မဆန့်ကျင်နိုင်သောကြောင့် ကျန်းလော့ကို တိတ်တဆိတ် ကူညီခဲ့သည်။ သူသည် အကြာကြီး ကွေ့ပတ်တွေးပြီးမှ ဝမ်ယမ်လန်နှင့် တခြားကျောင်းသားများကို ကျန်းလော့ဆီသို့ ဝိညာဉ်စုပ်ဆွဲပြား ပို့ခိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် ကျန်းလော့၏ ဆန္ဒများဆေးကြောခံလိုက်ရပုံကို ကြည့်၍ အလွန်စိတ်မရှည်ဖြစ်သွားခဲ့ကာ ကျန်းလော့က ဝိညာဉ်စုပ်ဆွဲပြားကို မဝတ်ပဲထားသည်ကို မြင်သောအခါ သတိမထားမိလိုက်ဘဲ သူ့ကိုယ်သူ ဖော်ထုတ်မိသွားခဲ့သည်။ 

‘ပြီးသွားပြီ ငါတော့ ပေါ်သွားပြီ’ 

သူ့ကိုဖော်ထုတ်လိုက်သော လူကတော့ သီချင်းတညည်းညည်းဖြင့် နတ်ဆိုးတစ်ကောင်လို ရယ်မောနေသည်။ 

“လောင်ကျီရား ခင်ဗျားက ကျွန်တော့်ကို တိတ်တိတ်လေး ကူညီနေတာဆိုတော့ ကျွန်တော့် ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူးဗျာ စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို မဖော်ထုတ်ပါဘူးဗျ ပြီးတော့လဲ သေချာပေါက် ခင်ဗျားလုပ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူမှ မသိစေရပါဘူး” 

‘ခြိမ်းခြောက်နေတာ ဒါငါ့ကို အရှက်မရှိခြိမ်းခြောက်နေတာ’ 

သူပြောချင်တာ ရှင်းနေတာပဲ ‘မင်းငါ့ဘက်မှာမရပ်တည်ရင် မင်းရဲ့လျှို့ဝှက်ချက်တွေကို အကုန်ချပြပစ်မယ်’ 

ကျိယောင်ဇီ၏ နှလုံးသားသည် အေးစက်သွားသည်။ 

ကျန်းလော့သည် စိတ်ခံစားချက်များကို ဆေးကြောမခံရရုံသာမက သူတို့ကိုပါ လိမ်ညာလှည့်စားနေသေးသည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စိတ်မပါလက်မပါ ရယ်မောလိုက်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။ 

‘ငါက ဒါနဲ့ပဲ ထိုက်တန်ပါတယ်လေ’ 

တစ်ချိန်ထဲမှာပင် သူတို့နှစ်ယောက်လုံးသည် ကံကြမ္မာစောင့်ရှောက်သူများကို မဆန့်ကျင်ရဲကြသော်လည်း တစ်ချိန်ထဲမှာပဲ ဆိုးရွားသော ကိစ္စများဆီ ဦးတည်နေသည့် အရာများကို တိတ်တိတ်လေး ကာကွယ်ချင်ကြသည်။ 

တစ်ရက်မကုန်ခင် လုပ်ရမည့်ကိစ္စသာ ဖြစ်ပြီး တစ်စုံတစ်ယောက်က လှုပ်ရှားလျှင် တစ်စုံတစ်ယောက်က တွက်ချက်ပေးရမည် ဖြစ်သည်။ (t/n: သူဘာတွေပြောနေမှန်း အိုင်မသိတော့ပါ) 

သူသည် ထိုအကြောင်းကိုတွေးမိပြီး အူတက်လာပြန်သည်။ ကျန်းလော့သည် သူ့ကို ဖော်ထုတ်ခဲ့သူဖြစ်ပြီး ကျန်းလော့၏ သူ့ကိုယ်သူတင်းကျပ်သော ပုံစံမျိုးကို သဘောကျပြီး ဝိညာဉ်စုပ်ဆွဲပြား အကူအညီမပါဘဲနှင့်တောင် တောင့်ခံနိုင်သည့် ကျန်းလော့၏ စိတ်စွမ်းအားကို သဘောကျကာ ကျိယောင်ဇိသည် သူ့အနာဂတ်အတွက် ယုံကြည်ချက် ရှိသွားတော့သည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့အနာဂတ်အကြောင်းတွေးပြီး ခြောက်သွေ့စွာပြောလိုက်သည်။ 

“ငါက သူများတွေလို ပေါ်ပေါ်ထင်ထင် ကူညီလို့မရပေမဲ့ မင်းတစ်ခုခုလုပ်ဖို့ ကျုပ်ကိုလိုရင် ပြောသာပြော ကျုပ်တတ်နိုင်သလောက် လုပ်ပေးမယ်” 

သူတို့ရှေ့တွင် တာအိုဆရာတော် ဝေ့ဟယ်သည် အိမ်တစ်လုံးထဲသို့ ဦးဆောင်ခေါ်သွားသောကြောင့် စကားပြောလို့ မသင့်တော့ပေ။ ကျန်းလော့သည် ခေါင်းယမ်းလိုက်ပြီး 

“ကျွန်တော်တို့ နောက်မှ ဆက်ပြောကြတာပေါ့” 

ညစာကောင်းကောင်းစားသူသည် ကျန်းလော့တစ်ဦးထဲသာ ဖြစ်ပြီး သူသည် အသားရော ဂျင်ဆင်းမြစ်များနှင့် ချက်ထားသော စွပ်ပြုတ် အရွက်ကြော်များကို အားပါးတရဝါးစားနေသည်။ အစောကထဲက ရှိနေသော လူနှစ်ယောက်သည် ဗိုက်ဝရုံသာစားပြီး အကြီးအကဲများစကားပြောဖို့ နှောင့်နှေးနေမည်စိုးသောကြောင့် အခန်းသို့ပြန်သွားကြသည်။ 

ဖုန်းလီသည် သူ့လက်ထဲမှ ဖန်ခွက်ကို ချလိုက်ပြီး အမိန့်ပေးသော အသံဖြင့် ပြောသည်။ 

“လျှောက်မသွားပဲနဲ့ အခန်းဆီ တည့်တည့်မတ်မတ်ပြန်” 

ကျန်းလော့သည် အပြုံးမပျက်ပြောလိုက်သည်။ 

“ဟုတ်ကဲ့” 

အခန်းသို့ ပြန်ရောက်သောအခါ ရှစ်နာရီထိုးပြီဖြစ်သည်။ 

ကျန်းလော့သည် ဂျင်ဆင်းကလေးလေးကို အခန်းထဲထားခဲ့ပြီး သူကတော့ ရေခဲတုံးရှာရန် အပြင်ပြန်ထွက်သွားသည်။ သူ့နားရွက်အဖျားကို ရေခဲတုံးနှင့် ကပ်လိုက်ပြီး အေးစက်ထုံကျင်လာကာ ခံစားမှုမရှိတော့မှ ကျန်းလော့သည် ဝိညာဉ်စုပ်ဆွဲပြားကို ထုတ်၍ မျက်တောင်တစ်ချက်ခတ်မသွားဘဲ နားရွက်အသားထဲသို့ တစ်ချက်ထဲ ထိုးသွင်းလိုက်သည်။ 

ဆွဲပြားသည် လူတစ်ယောက်၏ လက်ဖဝါးအရှည်လောက်ရှိပြီး သပ်ရပ်ကာ အားအင်ပြည့်ဝနေသော ပုံစံမျိုးဖြစ်သည်။ ရှည်လျားပြီး တောက်ပသော အနီရောင် ကျောက်မြတ်သုံးခု တွဲလောင်းချထားသလို ဆံပင်အနက်ရောင်များ ကြားထဲတွင် လှပစွာ ရောယှက်သွားသည်။ 

ဆွဲပြားသည် ဒီတိုင်းကြည့်လျှင် လေးလံသည်ထင်ရသော်လည်း တကယ်တမ်း ဝတ်လိုက်သောအခါ အလွန်ပေါ့ပါးပြီး မည်သည့် သတ္ထုနှင့် လုပ်ထားမှန်း မသိရပေ။ 

နားဆွဲများ ပန်ပြီးနောက် ကျန်းလော့သည် မှန်သွားကြည့်သည်။ ယောက်ျားတစ်ယောက် နားဆွဲများ ပန်သည်ဆိုတာ သိပ်ရှားသော်လည်း ကျန်းလော့ပန်လိုက်သည့်အခါ ဆံပင်အနက်ရောင်များနှင့် ပနံသင့်နေပြီး ကျန်းလော့မျက်လုံးများကိုသာ တောက်ပသွားစေသည်။ ကျန်းလော့မျက်ခုံးများသည် ထက်ရှနေပြီး သူ့မျက်လုံးများကတော့ ယုံကြည်မှုပြင်းပြနေပုံပေါက်သည်။ 

မှန်ထဲမှ လူသည် နားဆွဲများ ပန်ထားသော်လည်း ထူးခြားစွာလှပနေသည်။ 

သို့သော် မကောင်းဆိုးဝါးသာ မြင်လျှင် သူ့ခွင့်ပြုချက်မရှိဘဲ နားဖောက်လို့ စိတ်ဆိုးလေမလား။

ကျန်းလော့သည် လမင်းကို မော့ကြည့်၍ သူ့မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ 

သူသည် ယနေ့တွင်လည်း မကောင်းဆိုးဝါးကို သုံးသင့် မသုံးသင့် တွေဝေနေသည်။ နောက်ဆုံးတွင် သူသည် ဒီညကိုပျော်ရွှင်စွာ တစ်ယောက်ထဲ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်သည်။ 

သူ့လက်ထဲရှိ နားဆွဲများ၏ အကျိုးသက်ရောက်မှုကို မနက်ဖြန်တွင် စမ်းသပ်ကြည့်ရတော့မည်။ ဒုတိယအနေဖြင့် မကောင်းဆိုးဝါး၏ သူ့ကို အရူးအမူးချစ်နေပြီး စွဲလမ်းနေသည်ကို ကျန်းလော့ သဘောကျသော်လည်း အရှက်မရှိ ကျန်းလော့ကို သူပိုင်သလိုပြောနေသည်ကိုတော့ ကျန်းလော့အရမ်းကို ဘဝင်ကျမနေပေ။ 

‘ငါ သူ့ကို ဒီတိုင်း စွန့်ပစ်လိုက်ရင်ကောင်းမလား’

#####