Ch 159
Viewers 8k

အပိုင်း (၁၅၉) 


သူငယ်ချင်းများ ဆုံရပ် 

ဒီတစ်ကြိမ်တွင် ကျန်းလော့သတိပေးစရာမလိုတော့အောင်ပင် လုယုံရိသည် အသံတစ်စက်မှ မထွက်တော့ပေ။ သူတို့သည် အချိန်အကြာကြီး တံခါးရှေ့တွင် ရပ်နေပြီး သူတို့ခြေထောက်များ ထုံလာကာ ရေဆိုးများထဲ နှစ်နေရာမှ အေးစက်လာတော့မှ လူနှစ်ယောက်သည် အိပ်ရာနားသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့သည်။ 

နောက်ဆုံးတွင် နူးညံ့သော အိပ်ရာပေါ်ထိုင်မိတော့မှ နှစ်ယောက်လုံး စိတ်သက်သာရာရစွာ ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။ လုယုံရိသည် အခုမှ အနားရသွားသောကြောင့် သက်ပြင်းချတာ ဖြစ်ပြီး ကျန်းလော့ကတော့ အသက်အန္တာရာယ်မှ လွတ်မြောက်သွားသောကြောင့် စိတ်ပေါ့ပါးသွားတာဖြစ်သည်။ 

အမှောင်ထဲတွင် ဆံပင်အနက်နှင့်ကောင်လေး၏ မျက်လုံးတို့သည် တောက်ပနေသည်။ သူသည် ရင်ဘတ်ပေါ်လက်တင်၍ သူ့နှလုံးခုန်သံကို နားထောင်ကြည့်သည်။ နှလုံးခုန်သံတစ်ချက်တိုင်းသည် စိတ်လှုပ်ရှားမှုကြောင့် အားမာန်အပြည့်နှင့် ခုန်လှုပ်နေသည်။ 

‘အရမ်းမိုက်တာပဲ’ 

သေခြင်းတရား၏ ခြိမ်းခြောက်မှု မရှိတာတောင် ဤကဲ့သို့ သေခြင်းရှင်ခြင်းကြား ပြေးလွှားရုန်းကန်ရခြင်းသည် ကျန်းလော့၏ စိတ်ခံစားချက်များကို အထွပ်အထိပ်သို့ ရောက်သွားစေကာ သူ့ကို အဆုံးစွန်ထိ စိတ်လှုပ်ရှားစေသည်။ သူသည် မထိန်းချုပ်နိုင်စွာ ဇွတ်ကွေးတက်နေသော နှုတ်ခမ်းထောင့်များကြောင့် ပါးစပ်ကို ကွယ်ထားရသည်။ သို့သော် သူ့ပုခုံးများကတော့ မသိမသာ တုန်ယင်နေလေသည်။ 

‘ဒါက ချီယုံပြောတဲ့ အကျိုးမရှိပေမဲ့ အရူးအမူးဆက်တိုက်လိုက်နေမယ် ဆိုတာမျိုးလား’ 

‘တကယ့်ကို ချီယုံရဲ့ သောက်ရူးလုပ်ကွက်မှန်း အရမ်းသိသာတယ်’ 

‘ဒါပေမဲ့ ဒီကောင် အရမ်းတော်နေတာတော့ ငါဝန်ခံရမှာပဲ’ 

ကျန်းလော့သည် သူ့မျက်နှာကို တစ်ချက်လောက်ဖြစ်ဖြစ် ပိတ်ထိုးပစ်လိုက်ချင်သော်လည်း အခုက အိပ်မက်ထဲမှာ ဖြစ်နေသည်။ ကျန်းလော့မျက်နှာသည် အနီရောင် ခပ်ရဲရဲလေး ဖြစ်သွားပြီး မကြာလိုက်ပေ ချက်ချင်းနီးပါး ပြန်ငြိမ်သွားသည်။ သူ့ဖုန်းကို ထုတ်လိုက်ပြီး လုယုံရိနှင့် အွန်လိုင်းပေါ်မှ စာရိုက်ပြီး စကားပြောလိုက်သည်။ 

[ကျန်းလော့ : အသံလုံးဝမထွက်နဲ့ အပြင်မှာ တစ်ခုခု ရှိနေနိုင်သေးတယ်] 

[လုယုံရိ : ဒီအိပ်မက်ကြီးက ကြောက်စရာကောင်းလိုက်တာ ငါနှလုံးသားလေး လည်ချောင်းထဲက ခုန်ထွက်လာတော့မယ်ကွ] 

[လုယုံရိ : ဒါနဲ့ စကားမစပ် ကျန်းလော့ အဲဒီသရဲက ဘာလို့ မင်းကို ဇနီးလေးလို့ ဆက်တိုက်ခေါ်နေတာလဲ] 

[ကျန်းလော့ : မသိဘူးလေ သရဲတွေက အကန်းတွေလေကွာ ဟုတ်တယ်မို့လား လုယုံရိ မင်းကရော ဘာလို့ အိပ်မက်ထဲ အတူတူ ရောက်လာကြရတာတုန်း ] 

လုယုံရိသည် သူတို့အားလုံး အိပ်မက်တစ်ခုထဲတွင် အတူတူ ပိတ်မိနေသည်နှင့် ပတ်သက်ပြီး ဂရုမစိုက်မိပေ။ 

ထိုသို့သော ရလဒ်မျိုးသည် တစ်စုံတစ်ယောက်က တစ်ခုခု လုပ်လိုက်မှသာ ဖြစ်နိုင်တာမျိုး ဖြစ်သည်။ သို့သော် မအိပ်ပျော်သွားခင်တုန်းက သူတို့အားလုံး လုယုံရိ၏ တိုက်ခန်းတွင် ရှိနေကြခြင်းဖြစ်ပြီး တံခါးသည်လည်း သေချာ လော့ချထားခဲ့သည်။ ထို့ကြောင့်အပြင်ဘက်မှ ကျူးကျော်ဝင်လာနိုင်စရာအကြောင်း မရှိဘဲ အထဲမှ လူတစ်ယောက်ယောက်ကသာ သူတို့ကို တစ်ခုခုလုပ်ရန် အခွင့်အရေးရှိနိုင်လေသည်။ 

သို့သော် မည်သူက သူတို့ကို လုပ်ကြံပါမည်နည်း။ 

တိုက်ခန်းတစ်ခုလုံးတွင် လုယုံရိ ယုံကြည်ရသည့် သူများသာ ရှိလေသည်။ အဖြေသည် လုယုံရိ၏ နှာခေါင်းအောက်တွင်ရှိနေသော်လည်း လုယုံရိသည် ထိုအဖြေကို မယုံကြည်ချင်ပေ။ သူ့ပုံစံသည် တွေဝေငေးငိုင်နေပြီး မယုံနိုင်စွာ ကျန်းလော့ကို ခေါင်းယမ်းပြသည်။ 

‘စီကွေး .. မင်းလား’ 

ကျန်းလော့သည် နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ပေ။ 

[ကျန်းလော့ : မနက်လင်းရင် စိုင်လောင်အာနဲ့ တခြားသူတွေကို သွားရှာကြတာပေါ့ကွာ] 

.......... 

သုံးလွှာမှ ဆင်းလာသော ပိုင်ယဲ့ဖုန်းသည် အခန်း ၂၀၃ ရှေ့တွင်ရပ်နေသော အမည်းရောင်ပုံရိပ်ရှိရာသို့ ပြန်သွားခဲ့သည်။ ထိုပုံရိပ်က မေးသည်။ 

“သွားပြီလား” 

ပိုင်ယဲ့ဖုန်းက စိတ်ပျက်စွာပြောသည်။ 

“မင်းသူ့ကို ခြောက်လိုက်တာပဲကွ”

“ငါကသူ့ကို ခြောက်တာလား” 

အနက်ရောင်ပုံရိပ်သည် ရှေ့တိုးလာပြီး ကော်ရစ်တာမှ မီးရောင်သည် သူ့ကိုယ်ပေါ်သို့ ဖြာကျသွားကာ ချောမောခန့်ညားသော မျက်နှာပေါ်လာသည်။ 

“သူ့ကို ခြောက်လိုက်တဲ့သူက မင်းမဟုတ်ဘူးလား” 

ပိုင်ယဲ့ဖုန်းသည်လည်း အလင်းရောင်ရှိရာသို့ တိုးလာကာ သူနှင့် ချင်းဖန်တို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြပြီး ရုတ်တရက် ကိုယ်ကို ကွေး၍ ဗိုက်ကိုဖိကာ အူလှိုက်သည်းလှိုက် ရယ်မောကြတော့သည်။ 

သူတို့၏လှုပ်ရှားမှုများသည် ထပ်တူညီနေကြပြီး ရယ်သံသည်ပင် တစ်ထပ်ထဲ ကျနေကာ လူတစ်ယောက်ထဲမှ အော်ရယ်နေသလို ဖြစ်နေသည်။ လူနှစ်ယောက်သည် ခဏကြာအောင် ရယ်မောကြပြီးနောက် ပြိုင်တူ အရယ်ရပ်လိုက်ကြသည်။ ပိုင်ယဲ့ဖုန်းသည် နံရံကိုမှီနေပြီး သူ့မျက်နာထပ်မှ ရူးသွပ်မှုများ ပျောက်ကွယ်သွားကာ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ ကော်ရစ်တာမှ အလင်းရိပ်သည် သူ့နှာတံစင်းစင်းပေါ်သို့ ဖြာကျနေကာ အရှိန်အဝါတစ်ခု ထွန်းလင်းနေသလိုပင်။ 

“သူကတော့ ငါတို့ ခြိမ်းခြောက်လို့ ကြောက်သွားတာနေမယ်ကွ” 

သူသည် ဆိုးယုတ်စွာ ပြုံးလိုက်ပြီး 

“ကြည့်ရတာ ငါတို့ အောင်မြင်သွားပြီထင်တယ်နော်” 

............. 

လူများအားလုံးသည် ညအချိန်ထက် နေ့ခင်းဘက်တွင် ပို၍ လုံခြုံသလို ခံစားကြရသည်။ မနက်လင်းလင်းချင်း ကျန်းလော့သည် ခုနှစ်နာရီ ခွဲပြီးသည်အထိ အေးအေးဆေးဆေး ထိုင်စောင့်တော့သည်။ ခုနှစ်နာရီခွဲသည်နှင့် ကျန်းလော့သည် အောက်ထပ်မှ အခန်းတံခါးပိတ်သံကို ကြားလိုက်ရသည်။ 

‘ပိုင်ယဲ့ဖုန်း အလုပ်သွားပြီ’ 

နောက်ထပ်နာရီဝက်လောက် စိတ်ရှည်စွာ စောင့်ပြီးနောက် ကျန်းလော့နှင့် လုယုံရိတို့သည် ပထမထပ်သို့ သတိကြီးကြီး ကပ်၍ ဆင်းသွားကြသည်။ ကျန်းလော့သည် လူမရှိတော့သော အခန်း ၂၀၃ မှ တံခါးကို အသာလေး တွန်းဖွင့်လိုက်သည်။ သူသည် လုယုံရိကို တံခါးအပြင်ဘက်တွင် စောင့်နေဖို့ပြောကာ အခန်းတစ်ခုလုံး ဗီရိုများနှင့် စင်များပါ မကျန်အောင် မြေလှန်ရှာတော့သည်။ သူသည် ငွေသားအပြင် ပိုင်ယဲ့ဖုန်း ခေါင်းအုံးအောက်မှ ရွှေရောင်နှင့် အနက်ရောင်ရောစပ်ထားသော ကတ်တစ်ကတ်ကိုလည်း တွေ့ခဲ့သည်။ 

ထိုကတ်တွင် စာလုံးငါးလုံးပါပြီး ထိုစာလုံးများသည် နာမည်တစ်ခု ဖြစ်ပုံရသည်။ 

“ရွှန်းရှင်း အားကစားခန်းမ” 

‘ဂျင်မ် ကတ်ကိုး’ 

ကျန်းလော့သည် ထိုကတ်ကို အသုံးဝင်ဝင် မဝင်ဝင် လိုအပ်လာလျှင် သုံးရန် ယူသွားလိုက်သည်။ နောက်ထပ် တခြားဘာမှ အသုံမဝင်တာ မတွေ့သောအခါ တံခါးအပြင်သို့ ထွက်သွားပြီး လုယုံရိနှင့် အတူ ပျော်ရွှင်ဖွယ် တည်းခိုခန်းလေးဆိုသည့် တစ်စက်မှ ပျော်စရာကောင်းမနေသော နေရာမှ ထွက်လာကြသည်။ 

တည်းခိုခန်းပိုင်ရှင်သည် မြေညီထပ်မှ ဧည့်ကြိုကောင်တာတွင် ထိုင်နေဆဲဖြစ်ပြီး သူတို့နှစ်ယောက် အပြင်ထွက်မည်ကို မြင်သောအခါ သူ့မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်ပေါ်လာပြီး သူတို့ကို ဝါးမျိုပစ်လိုက်ချင်သည့် ပုံမျိုးနှင့် ကြည့်နေသည်။ ထိုမျက်လုံးများဖြင့် သူတို့ ဟိုတယ်ထဲမှ ထွက်သွားသည့်အချိန်ထိ လိုက်ကြည့်နေကာ အကြည့်နှင့်ပင် သူတို့နောက်ကျောများကို ထိုးခွဲပြီး သတ်ပစ်လိုက်ချင်သည့်နှယ်။ 

လုယုံရိသည် ထိုနေရာမှ ထွက်လာရင်း ကျောချမ်းလာသောကြောင့် ကျန်းလော့နား ကပ်၍ လျှောက်လာသည်။ ဟိုတယ်အပြင်ဘက်မှ လောကသည် အစစ်အမှန်လောကနှင့် ဘာမှသိပ် ခြားနားမနေသော်လည်း အမြဲလိုလို လူပြည့်နေခဲ့သော လမ်းမထက်တွင် လူများ ပြောက်တိပြောက်ကြားသာ တွေ့ရတော့ပြီး လမ်းထောင့်များတွင် သွေးကွက်များကို လည်း တွေ့ရသည်။ 

အိမ်တချို့၏ တံခါးများသည် လုံးဝပွင့်နေပြီး အပြင်ဘက်မှ အိမ်နောက်ဖေးအထိ လှမ်းမြင်နေရအောင်သည်ကို ကြည့်လျှင် ဤအိမ်များသည် ရက်စက်သော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိသာသည်။ အိမ်များသည် လူမရှိကြတော့ဘဲ ခြောက်ကပ်နေသောလည်း ဖြတ်သွားဖြတ်လာများကတော့ ထိုသို့ ဖြစ်နေခြင်းကို ဘာမှ မထူးဆန်းကြတော့သလို ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ 

ကြည့်လေ ကြောက်လာလေ ဖြစ်ပြီး ပို၍ အတွေးများလာရသည်။ ကျန်းလော့နှင့် လုယုံရိတို့သည် လမ်းဘေးတွင် ရပ်ကာ တက္ကစီတစ်စီးတားလိုက်ပြီး သူတို့နှစ်ယောက် ကားပေါ်မတက်ခင် ဒရိုင်ဘာကို လူဆိုတာ သေချာအောင် အကြာကြီး စစ်ဆေးပြီးမှ ကားပေါ်တက်လိုက်ကြသည်။ ဒရိုင်ဘာက မေးသည်။ 

“ဘယ်ကိုသွားမှာလဲ” 

ကျန်းလော့သည် စိုင်လောင်အာ၏ လိပ်စာကို ရွတ်ပြလိုက်သည်။ သူတို့အားလုံးထဲတွင် စိုင်လောင်အာက အလုံခြုံဆုံးဖြစ်သောကြောင့် တစ်အုပ်စုလုံးသည် ကျန်းလော့အကြံအတိုင်း ဒီမနက်တွင် စိုင်လောင်အာနေရာတွင် တွေ့ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ 

တက္ကစီဒရိုင်ဘာသည် သူတို့ပြောသည့် နေရာသို့ မောင်းနေရင်း နောက်ကြည့်မှန်မှ သူတို့ကို ကြည့်၍ 

“မင်းတို့က ဒီမြို့က မဟုတ်ဘူးလား” 

ကျန်းလော့နှင့် လုယုံရိတို့သည် အချင်းချင်း ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။ 

“အိုး ကျုပ်က မင်းတို့ ပျော်ရွှင်ခြင်း တည်းခိုခန်းထဲက ထွက်လာတာ မြင်လိုက်လို့မေးတာပါ” 

ဒရိုင်ဘာသည် စကားလုံးမရွေးဘဲ ပြောချင်သလို ပြောနေသည်။ 

“မြို့ထဲက လူတွေဆိုရင် ပျော်ရွှင်ခြင်းလေး တည်းခိုခန်းမှာ မနေရဲကြဘူးလေ” 

ကျန်းလော့သည် ထိုစကားကြားသည်နှင့် ပါးစပ်ဖွင့်လာပြီး မေးလိုက်သည်။ 

“အဲဒီဟိုတယ်လေးက ဘာဖြစ်နေလို့လဲ” 

ဒရိုင်ဘာသည် သူတို့ကို နောက်ထပ်နှစ်ကြိမ်လောက် ကြည့်လိုက်ပြီး ရုတ်တရက် ကြောက်စရာကောင်းအောင် ပြုံး၍ 

“ဒီဟိုတယ်မှာ လူတွေအများကြီး သေထားတာလေ ဒီမြို့ကမဟုတ်တဲ့ သေမှာ မကြောက်တဲ့သူတွေလောက်ပဲ အဲဒီမှာ နေကြတာ” 

နောက်ကြည့်မှန်တွင် သွေးစွန်းနေသော ဟာရူအိ အရုပ်လေးတစ်ရုပ်ကို ချိတ်ဆွဲထားသည်။ ထိုအရုပ်လေးတွင် အင်္ဂါငါးရပ်မပါနေပဲ ဗလာကြီးဖြစ်နေသည်။ လုယုံရိသည် ထိုအရုပ်ကို လက်ညှိုးထိုးပြပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

“အဲဒါက ဘာကြီးလဲ” 

ဒရိုင်ဘာသည် အရုပ်ကို မြတ်နိုးစွာ ထိ၍ ပြောသည်။ 

“ဒါလေးက အမဲလိုက်အိမ်တော် အဆောက်အဦးမှာ ရခဲ့တဲ့ သက်ကယ်အဆောင်လေးလေ” 

‘တစ္ဆေအဆောက်အဦးကြီးလား’ 

ကျန်းလော့သည် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးဖို့ကြိုးစားလိုက်သည်။ သို့သော် ဒရိုင်ဘာသည် ကားမောင်းခြင်းတွင် အာရုံစိုက်နေပြီး သူတို့ကို ထပ်၍ စကားမပြောတော့ပေ။ 

တစ်နာရီကြာပြီးနောက် သူတို့သည် စိုင်လောင်အာနေသည့် ခမ်းနားကြီးကျယ်သော ဟိုတယ်ကြီးဆီသို့ ရောက်လာကြသည်။ ဟိုတယ်သည် မြို့လယ်ခေါင်တွင်ရှိနေပြီး လူများစွာ ဝင်လိုက်ထွက်လိုက်ဖြင့် စည်ကားလှသည်။ သက်ရှိလူများပြားမှုကြောင့် ဟိုတယ်ထဲမှ လေထုကို အမှောင်ထုမှ သန့်စင်ပေးနေသလို ဖြစ်နေသည်။ 

စိုင်လောင်အာသည် သူတို့ကို အောက်ထပ်တွင် လာစောင့်နေပြီး ကျန်းလော့နှင့် လုယုံရိမှလွဲ၍ အားလုံးသည် အစောကြီးရောက်နှင့်နေကြသည်။ စိုင်လောင်အာသည် သူတို့အားလုံးကို အခန်းစီသို့ခေါ်သွားကာ လူတိုင်းသည် အခန်းသို့ရောက်သည်နှင့် စိတ်တိုဒေါသထွက်နေသည်များကို ဖြည်ချပစ်ကြကာ အိပ်မက်၏ ဆိုလိုရင်းကို သိချင်လာသည်။ 

“ငါမနေ့က နိုးလာတော့ ကြိုးစားကြည့်သေးတယ် ငါ့ကိုယ်ငါ ဆွဲဆိတ်တာ နာတယ်ဟ ပြီးတော့ အာရုံငါးပါးကလည်း အရမ်းကို အစစ်အမှန်အတိုင်း ကောင်းနေသေးတယ် အဲဒါကြောင့်ကွာ ငါ့ကိုယ်ငါ အိပ်မက်မက်နေတာ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် သေချာအောင်လုပ်နေရင်း နေရင်းနဲ့ကို ပြန်ပြီး ရှုပ်ထွေးလာပြန်ရော ငါ့ကိုယ်ငါ ဘယ်လောက်ပဲ ဆွဲဆိတ်ဆိတ် ငါလုံးဝနိုးမသွားဘူး” 

“ပြီးတော့လည်း ငါတို့သင်ထားတာတွေ တစ်ခုမှ ထုတ်သုံးလို့မရနေဘူး” 

ကျိုးကျုံးချိုးကပြောသည်။ 

“ငါ ဝိညာဉ်ခန္ဓာပူးတွဲကျင့်ကြံခြင်းအတတ်ကို လေ့ကျင့်ထားတာပေမဲ့ အဲဒါက ဒီအိပ်မက်ကမ္ဘာထဲမှာ လုံးဝအသုံးမဝင်ဘူး ငါသရဲတွေနဲ့ ရင်ဆိုင်ရတာနဲ့ ပြေးပုန်းဖို့ပဲ လုပ်ရတယ် ငါတကယ်ကြီး သူတို့ကို ဘာမှပြန်မလုပ်နိုင်ဘူး” 

ယယ်ရွှင်က ရုတ်တရက် ပြောသည်။ 

“ငါတို့အားလုံး အိပ်မက်တစ်ခုထဲကို အတူတူရောက်လာတာ ထူးဆန်းတယ်လို့ မထင်မိကြဘူးလား” 

လူတိုင်းသည် စကားပြောရပ်သွားကြပြီး ယယ်ရွှင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ အကြည့်များအားလုံးသည် ရှင်းရှင်းလင်းလင်း သိနေကြသလိုဖြစ်သော်လည်း ထုတ်မပြောကြပေ။ ဝမ်ယမ်လန်က ပေါ့ပါးစွာ ပြောသည်။ 

“ပြောရရင် ငါတို့အားလုံး မနေ့ညက လုယုံရိတိုက်ခန်းမှာပဲ နေကြတာလေ ငါတို့အားလုံးဒီထဲကိုရောက်လာတယ် စီကွေးကလွဲပြီးတော့ပေါ့ သူ ငါတို့ကို အိပ်မက်ကမ္ဘာထဲ သွင်းလိုက်တယ်ဆိုတာ ရှင်းနေတာပဲလေ” 

လုယုံရိသည် ခဏကြာအောင် တိတ်ဆိတ်နေပြီး 

“... သူက ဘာလို့ ဒီလိုလုပ်ရတာလဲကွာ” 

ပထမဆုံးအကြိမ်အဖြစ် လုယုံရိသည် ညီအစ်ကိုလို ခင်ရသည့်သူထံမှ သစ္စာဖောက်ခြင်း ခံလိုက်ရသည်။ လုယုံရိသည် ခေါင်းငုံ့ပြီး လက်သီးတင်းတင်း ဆုပ်ထားရာ လက်သည်းများ လက်ဖဝါးတွင် စိုက်ဝင်သွားကြသည်။ သူနှာခေါင်းထိပ်သည် နီရဲပြီး ပွရှုံ့ပွရှုံ့ ဖြစ်လာကာ 

“ငါတို့ သူ့ကို ဒီလောက်တောင် ယုံကြည်ပေးခဲ့တာကို အခုတော့ အားလုံးက အလိမ်အညာဖြစ်သွားပြီလား ဒါတွေ ဒါတွေအားလုံး ငါ့အပြစ်ပါကွာ ငါသာ သူ့ကို တိုက်ခန်းကို ခေါ်မလာခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” 

သို့နှင့် လုယုံရိသည် အင့်ခနဲ ရှိုက်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်ရည်သုတ်ကာ ဝမ်းနည်းနေရင်းကနေ ဒေါသထွက်လာသည်။ 

“ငါ အပြင်ရောက်လို့ကတော့ ဘာလို့ သစ္စာဖောက်ရတာလဲ သွားမေးမယ် စီကွေးရေ..” 

ကျန်းလော့သည် သူ့ပုခုံးကို ပုတ်လိုက်ပြီး မီးထဲ ဆီလောင်းလိုက်သည်။ 

“လုယုံရိ စီကွေးရဲ့ တခြားနာမည်ကို သိလား” 

လုယုံရိမျက်နှာသည် မီးတောက်နေသလို နီရဲခက်ထန်နေပြီး တွေဝေစွာ ပြေလိုက်သည်။ 

“ကျောင်းကျောင်း လား” 

“....................” 

ကျန်းလော့သည် ခဏလောက် ဆွံ့အသွားပြီး ပြောလိုက်သည်။ 

“ငါက သူမှတ်ဉာဏ်မပျောက်ခင်တုန်းက နာမည်ကို ပြောနေတာကွ” 

လုယုံရိသည် ခေါင်းယမ်းလိုက်ပြီဂ 

“မသိဘူးလေ” 

“သူ့နာမည်က ထန်ပိ” 

ကျန်းလော့သည် အေးအေးသက်သာ ပြောလိုက်သည်။ 

“ပြီးတော့ သူက ငါတို့ အနုပညာလောက မစ်ရှင် အောင်အောင်မြင်မြင် ပြီးသွားတုန်းထဲက မှတ်ဉာဏ်ပြန်ရသွားတာ သူ့ကိုယ်သူ ထန်ပိလို့ ခေါ်တာကို ငါ့နားနဲ့ ဆက်ဆက်ကြားလိုက်တာ ဒါပေမဲ့ သူက ဘာအကြောင်းကြောင့်နဲ့ မှတ်ဉာဏ်ပြန်မရသေးသလို ဟန်ဆောင်ပြီး ငါတို့နဲ့ နေနေသေးတာလဲတော့ မသိဘူး ပြီးတော့ ငါမင်းကို မပြောပြတာကာ သူဘာလုပ်ချင်နေတာလဲ သိချင်လို့လေ တောင်းပန်ပါတယ်ကွာ” 

လုယုံရိသည် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ယယ်ရွှင်သည် တိတ်တဆိတ် လက်မြောက်လိုက်သည်။ လုယုံရိသည် မယုံနိုင်စွာ လှည့်ကြည့်လိုက်ပြန်သည်။ ယယ်ရွှင်သည် သူ့ကို အပြစ်ရှိသလို ကြည့်နေသည်။ 

“ကျန်းလော့ ငါ့ကို အဲဒီအကြောင်း ပြောပြတယ်ရယ် မင်းကို အမှန်အတိုင်း မပြောပြဖို့ ငါတို့နှစ်ယောက် ဆွေးနွေးပြီး သဘောတူလိုက်တာ ဘာလို့လဲဆိုတော့ မင်းက တစ်ခုခုတွေးနေရင် မင်းမျက်နှာမှာ အကုန်ပေါ်နေတတ်တယ်လေ အဲဒါကြောင့် မင်းကိုပြောလိုက်ရင် ခဏလေးနဲ့ ပေါ်သွားမှာ အိုး ငါတို့က မင်းကို တုံးတယ်လို့ ပြောတာမဟုတ်ပါဘူးနော် ဒါပေမဲ့ တကယ်လည်း မင်းက သိပ်မလည်ဘူးလေကွာ...” 

“ငါသာ မင်းကို ဒီလျှို့ဝှက်ချက်ကြီးကို ပြောပြလိုက်ရင် စီကွေးက တစ်ရက်ထဲနဲ့ သေချာပေါက် ရိပ်မိသွားမှာကွ” 

ယယ်ရွှင်သည် လုယုံရိ၏ မီးဝင်းဝင်းတောက်နေသော အကြည့်များကို သတိထားမိပြီး အသံတိုးသွားကာ ခွမ့်ကျိန်းနောက်သို့ ဝင်ပုန်းလိုက်သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားလွန်သွားသောကြောင့် စကားပြောတာ မြန်သည်ထက်မြန်လာသည်။ 

“စီကွေး မရိပ်မိသွားဖို့ ငါတို့အားလုံး အတူတူပေါင်းပြီး မင်းကို မပြောပဲထားထား..” 

လုယုံရိသည် အတော်ကြာအောင် တောင့်တောင့်ကြီး ကြောင်အနေပြီး သူမျက်နှာကို ပွတ်သုတ်၍ အသည်းအသန် ရယ်မောလာသည်။ 

“ရတယ် ရတယ် မင်းတို့ စီကွေး မှတ်ဉာဏ်တွေ ပြန်ရတာ သိပြီးပြီမို့လား ဟား ဟား ဟား ရတယ် အဆင်ပြေတယ် မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး” 

သူ့အပြုံးသည် တဖြည်းဖြည်း ထူးဆန်းလာကာ သူသည် လက်သီးကိုတင်းကျစ်နေအောင် ဆုပ်ထားပြီး သူ့မျက်လုံးများသည် မီးတောက်များ ထွက်လာမတတ်ဖြစ်နေသည်။ 

“ဒါတွေအားလုံး စီကွေးကြောင့်ပဲ မဟုတ်သေးဘူး သူနာမည်က အကြောသေနေတဲ့ နာကျင်မှု ဟုတ်လား အကြောသေနေတဲ့ နာကျင်မှု အဲ့မှာ တစ်သက်လုံး နာနေလိုက်တော့ ငါပြန်ရောက်လို့ကတော့ တကယ်အကြောသေသွားအောင် ရိုက်ပစ်မယ်” 

“ဘာတဲ့ ငါ့ဆီမှာလာကပ်ပြီး အတိတ်မေ့ချင်ယောင်ဆောင်ပြီး ငါ့အိမ်မှာ စားလိုက် အိပ်လိုက် အသက်ရှင်နေလိုက်သေးတယ် ဟားဟား” 

လုယုံရိသည် အံတင်းတင်းကြိတ်၍ တွေးလေ ဒေါသထွက်နေလေဖြစ်ကာ 

“ငါပြန်ရောက်သွားလို့တော့ သူ့ကို မေးကြည့်ရမယ် သူသာ ငါလှည့်စားတာ ခံရရင် ငါ့ကို ဘာလုပ်မလဲလို့ ချီး” 

လုယုံရိ၏ အခြေအနေသည် လုံးဝသွားရှုပ်လို့ ရမည့်အနေအထား ဟုတ်မနေပေ။ ထို့ကြောင့် ကျန်းလော့သည် ပညာရှိစွာ သူ့နားမှ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကောကျူကို တခြားကိစ္စတစ်ခု ပြောင်း၍ ပြောလိုက်သည်။ 

“ကောကျူ မင်း ပိုင်လု ဘုရားကျောင်းလို့ ခေါ်တဲ့ ဘုရားကျောင်း တစ်ကျောင်းကို သိလား” 

“ပိုင်လု ဘုရားကျောင်းလား” 

ကောကျူသည် အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွားပြီး သူ့ကို အလွန်သိချင်စိတ်ပြင်းပြကာ ပြန်မေးလာသည်။ 

“မင်းအဲဒီနာမည်ကို ဘယ်က ကြားလာတာလဲ ” 

ကျန်းလော့သည် ကောကျူသိနေတာကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ 

“ငါဘယ်ကသိလာတာ မမေးပါနဲ့ကွာ ဒါပေမဲ့ အခု အဲဒီဘုရားကျောင်း ဘယ်မှာ ရှိလဲ သိလား ဘာလို့ ငါ အဲ့ဘုရားကျောင်းကို အရင်တုန်းက မကြားဖူးတာလဲ” 

ကောကျူက ပြောသည်။၊ 

“ပိုင်လုဘုရားကျောင်းက ငါအရင်က နေခဲ့တဲ့ ဗုဒ္ဓဘုရားကျောင်းပဲ” 

ကျန်းလော့သည် ကြောင်အသွားပြီး 

“မင်းနေခဲ့တဲ့ ဘုရားကျောင်းက ကျို့ခန်း ဘုရားကျောင်းမဟုတ်ဘူးလား အိမ်တော်ကြီး ခြောက်ခုထဲက ဗုဒ္ဓကိုးကွယ် ကျင့်ကြံမှုကို ကိုယ်စားပြုတဲ့ တစ်ခု လေ” 

ထိုကျို့ခန်း ဘုရားကျောင်းမှ တပည့်များကို “ကော” ဟုခေါ်ကြပြီး လူအများကတော့ “ဗုဒ္ဓဝင်ကော” ဟုလည်း ခေါ်ကြသေးသည်။ 

“အခုတော့ ကျို့ခန်းဘုရားကျောင်း လို့ခေါ်တယ်” 

ကောကျူက စိတ်ရှည်စွာ ပြောသည်။ 

“ငါက ဗုဒ္ဓဖွဲ့အစည်းမှာ ကြီးပြင်းလာရတော့ အပြင်လူတွေ မသိတာတော်တော်များများကို ငါသိထားတယ်ကွ အခုတော့ ကျို့ခန်းဘုရားကျောင်းက ကျို့ခန်းဘုရားကျောင်းလို့ ခေါ်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်လောက်က “ပိုင်လု”ဘုရားကျောင်းလို့ခေါ်ခဲ့ကြတယ်”

######