အပိုင်း (၁၈၀)
အေးခဲနေသော အချိန်အပိုင်းအခြား
ကျန်းလော့၏ နှလုံးသားသည် ရယ်ချင်စိတ်ဖြင့် လှုပ်ရှားသွားသော်လည်း သူ့မျက်ခုံးများကို ကုတ်ထားပြီး ချီယုံ့ကို ရှောင်၍ အပြင်ထွက်ဖို့ ကြိုးစားနေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို ချီယုံ့က ကြမ်းတမ်းစွာဖြင့် နံရံကို ဆွဲကပ်ခြင်း ခံလိုက်ရသည်။
ချောမောသော မကောင်းဆိုးဝါးသည် ဆံပင်အနက်ရောင်ကောင်လေးကို တစ်ကိုယ်လုံးဖြင့် ဖိထားပြီး ကောင်လေးကို သူ့အရိပ်အောက်မှာ ကျရောက်နေစေသည်။ ချီယုံသည် ကျန်းလော့ သူ့ရှေ့တွင်တောင်း၍ ဆံပင်စည်းလိုက်သော ခေါင်းစည်းကြိုးကို ဖြည်ချပစ်လိုက်ပြီး ခေါင်းစည်းကြိုးကို တစ်ချက်ထဲနှင့် ဖျက်ဆီးပစ်လိုက်သည်။ ကျန်းလော့ ဆံပင်များ ပုခုံးထက် ကျဆင်းလာကာမှ ကျေနပ်သွားသလို မျက်နှာထား ဖြစ်သွားသည်။
ဆံချည်မျှင်တချို့သည် ကျန်းလော့ မျက်လုံးထောင့်နားသို့ ဝဲကျသွားပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် ဆံနွယ်များ ဝဲကျနေရာသို့ ကြည့်လိုက်သည်။ ကျန်းလော့ နားရွက်ဖျားမှ ကျန်းလော့ လိပ်ပြာရိုးထိ ကျဆင်းသွားပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် မှောင်မိုက်သွားတော့သည်။ မကောင်းဆိုးဝါးကပြောသည်။
“မင်းအခုထိ ပြန်မဖြေရသေးဘူး”
ကျန်းလော့က အေးစက်စွာ ပြောသည်။
“ငါက မင်းကို ဘာလို့ နွေးနွေးထွေးထွေး ဆက်ဆံရမှာလဲ”
ကျန်းလော့၏ လှုပ်ရှားမှုတိုင်းကို ချီယုံ့မျက်လုံးများက သံလိုက်လို လိုက်ကပ်နေပြီး မျက်လုံးထဲတွင် စိတ်မရှည်မှုများ ပြည့်နှက်နေသည်။ အနှေးရုပ်ရှင်ကို တစ်ကွက်ချင်း ကြည့်နေရသလို ကျန်းလော့၏ လှုပ်ရှားမှုတိုင်းကို သူတော်တော် စိတ်မရှည်ဖြစ်လာသည်။ ချီယုံသည် ဆံပင်တစ်မျှင်ကို ကိုင်လိုက်သည်။ ကျန်းလော့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး စုတ်သပ်လိုက်ကာ
“မင်း ငါ့နောက် လိုက်နေတာလား”
စိတ်ဆိုးမာန်ဆိုးနှင့် ဆူပူနေသော အသံဖြင့် ပြောလိုက်သည်။ သို့သော် ထိုစကားများ အပြင်သို့ အသံထွက်သွားသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး သတိထားမိလိုက်သည်။ ထိုစကားသံသည် သူတို့နှစ်ယောက်ကို ချိုမြိန်သော သကြားလုံး အလွှာတစ်လွှာ အုပ်မိုးလိုက်သလို ချိုမြိန်မှုများ ပြည့်နှက်နေလေသည်။ ချီယုံသည် ကျန်းလော့လက်ကို လွှတ်မပေးပေ။ သို့သော် ကျန်းလော့မျက်နှာပေါ်သို့ ကျလာသော ဆံပင်များကို နဖူးထက်သို့ ထပ်၍ သပ်တင်ပေးလိုက်သည်။
“ဆံပင်တိုသွားတာလား”
ချီယုံသည် လှည့်ပတ်၍ ပြောနေသည်။
“ဒါမှမဟုတ် ကိုယ်ကပဲ အဲ့လိုထင်နေတာလား”
သို့သော် သူသေချာ စစ်ဆေးကြည့်ပြီးနောက် ကျန်းလော့ ဆံပင်တို့တကယ်ကြီး တိုသွားကြောင်း သိသွားတော့သည်။ ကျန်းလော့သည် စိတ်ရှည်ရှည်ထားပြီး ငြိမ်ငြိမ်လေးနေနေကာ တစ်ဘဝလုံးစာ၏ ပထမဆုံးအကြိမ်အဖြင့် ချီယုံ့ကို တွန်းမလွတ်ခဲ့ပေ။ သို့သော် ချီယုံသည် စိတ်မချမ်းမသာ ဖြစ်ရမည့်အစား ရွှင်မြူးနေသည်။ သူသည် ကျန်းလော့ ဆံပင်ကို လွှတ်ပေးလိုက်သည်။ ကျန်းလော့၏ အမူအယာက အနည်းငယ် ပျော့ပြောင်းလာကာမှ ကျန်းလော့ခါးကို ထပ်၍ ဆွဲဖက်လိုက်ပြန်ကာ ကျန်းလော့ကို မြှောက်သွားအောင် ချီပစ်လိုက်သည်။
ကျန်းလော့သည် သတိလွှတ်သွားပြီး ချီယုံ့ခါးကို ခြေထောက်နှစ်ဖက်ဖြင့် ခွလိုက်ကာ ချီယုံ့ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆွဲဖက်လိုက်မိသည်။ ထိုသို့လုပ်ပြီးကာမှ သူ့ကိုယ်သူ ဘာလုပ်နေမှန်း သတိထားမိသွားသည်။ သူသည် နို့စို့အရွယ် သုံးနှစ်သားလိုမျိုး ဖြစ်နေကာ နည်းနည်းမှ ကြည့်လို့အဆင်မပြေနိုင် ပိုစစ်ရှင်ကြီး(အနေအထား)ဖြင့် ချီယုံ့ကို တွယ်ကပ်ထားလေသည်။
မကောင်းဆိုးဝါး၏ လက်သည် သံချိန်းကြိုးများကဲ့သို့ ကျန်းလော့၏ အရိုးအဆစ်များကို တင်းနေအောင် ဖက်တွယ်ထားပြီး ဇွတ်အတင်းတွေ ညှစ်နေသောကြောင့် ကျန်းလော့ နာလာသည်။ ကျန်းလော့သည် မကောင်းဆိုးဝါး၏ ပြုတ်တူကဲ့သို့လက်ထဲမှ ဇွတ်အတင်းရုန်းထွက်ပြီး သူ့ကိုယ်ပေါ်မှ ဆင်းဖို့လုပ်သည်။ သူ့မျက်လုံးများသည် အနည်းငယ် ကျဉ်မြောင်းသွားပြီး ဆိုးဝါးစွာ ကွေးကောက်တွန့်လိမ်ပစ်လိုက်သည်။ သူ့အပြုံးတို့သည် မီးလုံးလေးကဲ့သို့ လင်းလက်နေသလို ထင်ရသည်။
“လွှတ်စမ်း”
“ကိုယ့်ကို အေးစက်စက် ဆက်ဆံနေရတဲ့ အကြောင်းအရင်းကို ပြော ပြောရင် ချပေးမယ်”
သူသည် ကျန်းလော့၏ ပေါင်နှစ်ဖက်ကို ထိန်းကိုင်ပြီး ကလေးများလို ချီထားကာ ကျန်းလော့ကို သူနှင့် နံရံကြားတွင် ညှပ်ထားလိုက်သည်။ ခြေတံရှည်နှင့် လူနှစ်ယောက်သည် လက်မောင်းများ တွယ်လျက်နေပြီး တစ်ကိုယ်လုံး ပူးကပ်နေကြသည်။ ကျန်းလော့၏ မျက်နှာသည် အလွန်ရုပ်ဆိုးနေပြီး
“မင်း မလွတ်ချင်ဘူးမလား မဟုတ်ဘူး ငါ့ကို လွတ်ပေးဖို့ အစီအစဉ်ကို မရှိတာမလား”
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ကျန်းလော့၏ မျက်နှာအမူအယာသည် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ သူ့နှုတ်ခမ်းထောင့်များသည် သိသာစွာ ကွေးတက်သွားသည်။ သူ့မျက်နှာချောချောသည် ထိုအခိုက်အတန့်တွင် ချောမောမှုများ လျှံကျလာသလို အကြည့်မလွှဲနိုင်အောင် ဖြစ်လာတော့သည်။
သူသည် မကောင်းဆိုးဝါး၏ တင်ကျပ်နေသော လက်များထံမှ လက်ကို ရုန်းထွက်လိုက်ပြီး နဖူးကို ဖိလိုက်ကာ သူ၏ ဖီးနစ်မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး အနည်းငယ် ချိုမြိန်မှုပြီး စွဲမက်ဖွယ်ကောင်းလာသည်။
“ငါမင်းကို နွေးနွေးထွေးထွေး ဆက်ဆံဖူးတယ်လား”
ကျန်းလော့၏ နှုတ်ခမ်းတို့သည် အသာအယာ ပွင့်ဟလာပြီး နှုတ်ခမ်းမှ အသက်ရှူငွေ့နွေးနွေးတို့ ထွက်လာကြသည်။
“အခုလောက် ဘယ်တုန်းက ပူနွေးနေဖူးလို့လဲ”
မကောင်းဆိုးဝါးသည် သူ့ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများသည် ကျန်းလော့ကို မလွတ်တမ်း စွဲမြဲစွာ လိုက်ကြည့်နေသည်။ ကျန်းလော့၏ နှုတ်ခမ်းများသည် ချွေးများနှင့် ရွှဲနစ်နေပြီး စကားပြောလိုက်တိုင်း စေးကပ်သွားတတ်ပြီး ခပ်မြန်မြန် ကွာသွားသည်။ ထိုစေးကပ်ကပ် ပိတ်လိုက်ဖွင့်လိုက် နှုတ်ခမ်းတို့ကို ကြည့်ပြီး ချီယုံ့အတွက် ကျန်းလော့ကို နမ်းသည့် ခံစားချက်ကို သတိရလာစေသည်။ ထို့နောက် ကျန်းလော့၏ အထိအတွေ့များ ကျန်းလော့၏ ကိုယ်ငွေ့နွေးနွေး ကျန်းလော့၏ အရသာများကို သတိရလာပြန်သည်။
သူ့လက်ဖဝါးများကတော့ တဖြည်းဖြည်း ပို၍ တင်းကျပ်လာကြသည်။
သူ၏ ဆုပ်ကိုင်မှုသည် ကျန်းလော့ကိုယ်ပေါ်သို့ လက်ရာများထင်လုဆဲဆဲပင် ဖြစ်သည်။ ကျန်းလော့သည် မည်သည့်လှုပ်ရှားမှုကိုမှ တမင်တကာ လုပ်စရာမလိုပဲ မကောင်းဆိုးဝါးကို တောက်လောင်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူတို့ အတူတူလုပ်နေကြချိန်တွင် မည်မျှဆွဲဆောင်ထားနိုင်မည်ကိုတော့ ပြောစရာပင် မလိုတော့ပေ။
ကျန်းလော့သည် ချီယုံ့အပြုအမူများကို ကောင်းကောင်း သတိထားမိနေပြီး အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွားကာ တိတ်တိတ်လေး ကျေနပ်နေကြသည်။ သူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သတိထားမိသော်လည်း ထိုစိတ်ခံစားချက်များ နောက်ကွယ်မှ အကြောင်းပြချက်တို့ကို ဖော်ထုတ်ချင်စိတ် မရှိပေ။
သို့သော် ကျန်းလော့သည် သူ့ပြောင်းလဲမှုများကို သတိထား နားလည်သော်လည်း သူသည် တစ်ကိုယ်ကောင်းဆန်သော လူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ချီယုံ့စိတ်ထဲမှ ထိပ်ဆုံးကနေရာတွင် တစ်ယောက်ထဲသာ နေရာယူထားချင်သောကြောင့် ရိုးရှင်းစွာ ကောဝူချန်ကို သဘောတူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မကောင်းဆိုးဝါး၏ စိတ်ဆန္ဒတောက်လောင်မှုများကို မြင်ချင်ပြီး သူ၏ လွှမ်းမိုးမှုတို့ မကောင်းဆိုးဝါးကို သက်ရောက်နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ချင်၍ ဖြစ်သည်။
ယခုအချိန်တွင် မကောင်းဆိုးဝါး၏ သက်ရောက်မှုသည် အလွန်သိသာ ထင်ရှားသည်။ ကျန်းလော့သည် မကောင်းဆိုးဝါးမှ သူ့ပေါင်ကို ကိုင်တွယ်ပွတ်သပ်နေသည်ကို ခံစားမိသည်။ ထို့အပြင် ရန်လိုပြီး အန္တာရာယ်ရှိသော ချီယုံ၏ မျက်ဝန်းများကိုလည်း ကောင်းကောင်းကြီး ခံစားမိသည်။
ကျန်းလော့သည် အဝတ်များ အလွှာအထပ်ထပ် ခံထားသည့် ကြားမှပင် ချီယုံ့ကြွက်သားများ တောင့်တင်းလာသည်ကို ခံစားမိနေသည်။
သို့သော် သူသည် သိသာထင်ရှားစွာ ဟန်ဆောင်နေပြီး ချီယုံ့ကို မဆွဲဆောင်မိသလို နေနေပြီး သူ့ခါးကတော့ လှုပ်ရှားနေကာ ကျောကို နံရံနှင့် ခပ်ပြင်းပြင်း ပွတ်၍ လွတ်အောင် ရုန်းထွက်နေသည်။
“ဒါက ငါသိတဲ့ပူပြင်းတာပဲ ချီယုံ ငါမင်းအတွက် အရင်တုန်းထဲက တစ်ခါမှ ဟိတက်မလာဖူးဘူး ဒါကြောင့် အေးတာလဲ မရှိ ပူတာလဲ မရှိဘူး အိုကေ မင်းသိချင်တဲ့ အဖြေရပြီဆိုတော့ ငါ့ကို လွတ်ပေးလိုက်တော့”
မကောင်းဆိုးဝါးသည် ရှေ့တစ်လှမ်းတိုးလာပြီး ရန်စသလိုဖြင့် ကျန်းလော့အတွက် နေရာအနည်းငယ်ပေးထားသော နေရာလွတ်လေး မရှိတော့အောင် ကပ်သွားခဲ့သည်။ သူ့လက်တို့နှင့်ပင် မကောင်းဆိုးဝါး ရင်ဘတ်ကို တွန်းထားလိုက်ဖို့ အချိန်မရှိပေ။ ထို့ကြောင့် မကောင်းဆိုးဝါး၏ ပုခုံးပေါ်တွင်သာ တင်လိုက်ရပြီး အောင့်သက်သက်ဖြင့် သုံးနှစ်သားကလေးလို ငြိမ်နေလိုက်ရသည်။
“မပူဘူးလား ဒါဆို ဖုန်းထဲကနေ အသံကြားရုံနဲ့ တုံ့ပြန်ခဲ့တာ ဘယ်သူလေးလဲ ပြီးတော့ရော ကိုယ့်ကို အိပ်မက်ထဲမှ အရင်လာနမ်းတာ ဘယ်သူလေးလဲကွာ”
မကောင်းဆိုးဝါးသည် ခပ်နိမ်နိမ့်အသံဖြင့် အေးလိုက်ပြီး သူ့လက်များသည်ကျန်းလော့ကိုယ်လေးကို ဖျစ်ညစ်ထားသည်။
“အဲဒါ ဘယ်က ခွေးပေါက်လေးပါလိမ့်”
“အဲဒါက ယောက်ျားတစ်ယောက်ရဲ့ အလိုလျောက် တုံ့ပြန်မှုကွ”
ကျန်းလော့သည် ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး မျက်နှာပေါ်တွင် ဖြားယောင်းတော့မည့် အရိပ်အယောင်များ ပေါ်လာကာ
“အဲဒါ မင်းနဲ့ ဘာမှ မဆိုင်ဘူး”
သူသည် ထပ်၍ အေးစက်သွားပြန်လေပြီ။ အခုလေးတွင်ပင် သူတို့နှစ်ယောက်သည် ချိုမြိန်နေကြသေးပြီး မျက်တောင်တစ်ချက်ခတ်စာလေးတွင်ပင် ကျန်းလော့သည် မျက်နှာထားပြောင်းသွားခဲ့သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့၏ အတွေးများကို လိုက်မမီတော့ပေ။ ကျန်းလော့ သူ့ကို ကြည့်သည့် အကြည့်သည် အလွန်ကြောက်စရာကောင်းသောကြောင့် သူသည် ကျန်းလော့ကို နေရာတွင်ပင် တစ်စစီဖြစ်အောင် ဆွဲဖြုတ် ပစ်လိုက်ချင်နေသည်။ ၎င်းသည် အလွန်ဆိုးဝါး စိတ်ပျက်ဖွယ်ကောင်းသောကြောင့် ကျန်းလော့၏ အသည်းနှလုံး ကျောက်ကပ်များအထိ ယားယံလာစေသည်။
သူသည် လည်ချောင်းရှင်းလိုက်ပြီး သူ ထိုသို့လုပ်လေ မကောင်းဆိုးဝါး၏ မျက်နှာက မည်းမှောင်လာလေ ဖြစ်လာသောကြောင့်
“အဲဒီမျက်နှာထားက ဘာတုန်း.. ချီယုံ မင်းကသာ ငါ့ကို ခေါ်တဲ့သူနော် ပြီးတော့ မင်းကသာ ငါ့ကို ဒီအခြေအနေထိ ရောက်အောင်လုပ်တဲ့သူလေ ပြီးတော့ရော မင်းကပဲ အခု ငါ့နောက်ကို သန့်စင်ခန်းထဲထိ လိုက်လာတာ ဒါက နှာဘူးနောက်ယောင်ခံလိုက်တဲ့ကောင်နဲ့ တူတူပဲကွ တစ်ချိန်လုံး တောက်လောင်နေတာလဲ မင်းပဲ ဒီတော့ ပြောကြည့်ပါဦး အခုလဲ မင်းငါနဲ့ ချိန်းတွေ့ဖို့ ကြိုးစားနေတာပဲလား”
မကောင်းဆိုးဝါးသည် ထူးမခြားနားစွာ ပြန်ပြောလိုက်သည်။
“အဲဒါက မေးဖို့လိုသေးတာလား”
ထိုအချိန်တွင် သန့်စင်ခန်း အပြင်ဘက်မှ ခပ်ဖျော့ဖျော့ စကားပြောသံအချို့ ကြားလိုက်ရသည်။ ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်နေသော ပုံစံသည် လုံးဝ ပျက်စီးသွားတော့သည်။
“တစ်ယောက်ယောက် လာနေပြီ အခုလွတ်”
သူ စိတ်ပူနေချိန်တွင် ချီယုံသည် ပို၍ သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။
“အဖြေတွေ ပြောဦး”
ကျန်းလော့သည် ချီယုံ့ကို ဒေါသကြီးစွာ ကြည့်လိုက်သည်။ ချီယုံသည် နည်းနည်းလေးမှ အလျင်လိုမနေဘဲ စိတ်ဝင်စားစွာ ပြောသည်။
“အပြင်ဘက်က လူတွေက မကြာခင် ဝင်လာတော့မှာ ပြီးတော့ မင်းကိုယ့်ကို ကိုယ်ကျေနပ်လောက်မဲ့ အဖြေတစ်ခု မပေးဘူးဆိုရင် သူတို့တွေက ပထမနေရာရသွားတဲ့ ပြိုင်ပွဲဝင်က တခြားယောက်ျားတစ်ယောက်ရဲ့ လက်မောင်းထဲမှာ ဒီလို ဖြစ်ချင်တိုင်းဖြစ်နေတာ မြင်သွားမှာနော် ဒီတော့ ကိုယ်နဲ့ ချိန်းတွေ့မှာလား မတွေ့ဘူးလား ဖြေ”
အပြင်ဘက်မှ အသံတို့သည် တဖြည်းဖြည်း နီးကပ်လာသည်။ သူသည် ကျန်းလော့ကို ရေတွက်လို့ပင် ပေးနေသေးသည်။
“ဆယ်မီတာ ကိုးမီတာ ရှစ်မီတာ..”
နောက်ဆုံး အချိန်နားလေးတွင် ကျန်းလော့မျက်နှာသည် ပေါက်ထွက်တော့မည့် ခရမ်းချဉ်သီးလို နီရဲလာပြီး ခေါင်းငုံ့၍ ဖြူဖွေးနေသော မျက်နှာဘက်ခြမ်းကို မကောင်းဆိုးဝါးဘက်လှည့်၍ သွားကြားထဲမှ အသံဖြင့် ပြောလိုက်သည်။
“ကောင်းတယ်”
သူ့မျက်ခုံးထောင့်များနှင့် မျက်လုံးထောင့်များသည် ဆက်သွားတော့မတတ် ဒေါသကြီးနေသော်လည်း လေထုအပြင်ဘက် ရောက်နေသော နတ်ဆိုး၏ ဆော့ကစားခြင်းခံနေရသလို ခံပြင်းနေတာက ပိုသည်။
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး
“ကိုယ်ကပဲစပြီး မင်းကို ခေါ်လိုက် မင်းဆီလာလိုက် ခဏခဏ လုပ်နေရတာ တစ်ကြိမ်လောက်တော့ မင်းကပဲ ကိုယ့်ဆီ လာပေးမလား”
သူသည် ခန္ဓာကိုယ်အပေါ်ပိုင်းဖြင့် ကျန်းလော့ကို ဖိကပ်လိုက်ပြီး ကျန်းလော့ မျက်နှာကို မက်မက်မောမော နမ်းလိုက်သည်။ ကျန်းလော့က ပြောသည်။
“... ငါမင်းဆီထွက်လာရင် ဖုန်းခေါ်လိုက်မယ်”
မကောင်းဆနိုးဝါးသည် ကျန်းလော့ ပုခုံးထက်တွင် မျက်နှာအပ်နေပြီး ကျန်းလော့သည် ချီယုံ့ကို ဂုတ်ကို နောက်မှ အသေညစ်ထားပြီး စိတ်ဆိုးကြောင်း အသံတိတ်ဆန္ဒပြနေသည်။ ထို့နောက် တမင်သက်သက် နားနားကပ်၍ ညည်းညူသံတချို့ လုပ်ပြသည်။
ကျန်းလော့သည် မှန်ထဲမှ သူ့ကိုယ်သူကြည့်လိုက်ရာ သူ့မျက်နှာသည် အနည်းငယ်လို့ ပြောမရအောင် တော်တော်လေး နီရဲနေပြီး မှန်ထဲတွင် ဆံပင်အနက်ရောင် မျက်နှာနီနီနှင့် လူငယ်လေးသည် ပျော်ရွှင်နေသလို ပြုံးကြည်နေသည်။
မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် သူ့ကို လွှတ်ပေးလိုက်သည်။
........
ကျန်းလော့သည် ချက်ချင်း အပြင်ထွက်ရန် တံခါးဆီသို့ လမ်းလျှောက်သွားလိုက်သည်တွင် သူ့ရှေ့မှ တံခါးသည် ပွင့်သွားပြီး အလျင်လိုနေဟန်ဖြင့် လူတစ်ယောက်ဝင်လာကာ သူ့ကို လျစ်လျူရှု၍ သန့်စင်ခန်းအတွင်းပိုင်းသို့ မြန်မြန်ဝင်သွားလေသည်။ သူသည် အပြင်ထွက်သွားပြီး ဝမ်ယမ်လန်ကို သွားရှာလိုက်သည်။ သူတို့သည် သန့်စင်ခန်းထဲ မဝင်သွားမည် အကြည့်ချင်းဖလှယ်ခဲ့ကြသေးသည်။
ဟုတ်ပေသည် ဤသည်ကလည်း သူတို့၏ အကြံအစည်များထဲမှ တစ်ခု ဖြစ်သည်။
လမ်းတွင် သူတို့အတွက် လုံခြုံသည်ဟု ယူဆရသော ပတ်ဝန်းကျင်သို့ ရောက်သည်နှင့် ကျန်းလော့သည် အကျယ်ကြီး အော်ရယ်ပြီး ဝမ်ယမ်လန့်ကို ချီယုံ့အမူအယာနှင့် ပတ်သက်ပြီး ပြောပြလိုက်သည်။
“သူကတော့ ငါသူ့ဆီလာဖို့ မျှော်နေမှာကွ”
သရဲကို မီးထဲ ပစ်ထည့်လိုက်သလိုပင် စူးစူးဝါးဝါးအော်သံများ ကြားလိုက်ရသလို ခံစားရသည်။ ငါအခုထဲက ခန့်မှန်းမိနေပြီ မကောင်းဆိုးဝါးကတော့ ကျန်းလော့ ဖုန်းကို ရူးလောက်အောင် မျှော်နေတော့မှာ..။
ဝမ်ယမ်လန်သည် ချီယုံ၏ ဖြစ်ပျက်သွားမည့် အမူအယာကို ခန့်မှန်းကြည့်ပြီး မထိန်းနိုင်အောင် ရယ်မောမိတောသည်။
“မင်း နောက်ထပ် ဘာဆက်လုပ်မှာလဲ”
ကျန်းလော့သည် ကြယ်များ တစ်လက်လက် တောက်ပနေသလို မျက်လုံးတောက်တောက်များဖြင့်
“သူ့ကို အေးစက်နေအောင် ပစ်ထားလိုက်မယ်”
“နောက်တစ်ခုကလည်း ငါသူ့ကို အေးစက်နေအောင်ပဲ ဆက်ထားမယ်”
ကျန်းလော့၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး
“ပြီးတော့ သူ့ရဲ့ မျှော်လင့်စောင့်စားမှုကနေ စိတ်ပျက်ရမယ် စိတ်ပျက်ရင်းကနေ ငါလှည့်စားတာ ခံလိုက်ရလို့ ဒေါသထွက်လာအောင် လုပ်မယ် အဲဒီအချိန်ကျရင် သူဆက်သည်းမခံနိုင်ပဲ ငါ့ဆီကို လာလိမ့်မယ် ဒါပေမဲ့ သူငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး အဲဒီလိုလာခြင်းကတော့ လှိုင်းအကြီးကြီးလိုက်ကို ရောက်လာမှာပဲ တွေ့ချင်စိတ်ကနေ ဒေါသစိတ်အဖြစ် ဓာတုဗေဒနည်းလမ်းကျကျ ပေါင်းစပ်သွားပြီး သူ့သည်းခံနိုင်စွမ်းရဲ့ အထွတ်အထိပ်ထိ စမ်းသပ်ရကောင်းမလားဆိုပြီး သေလောက်အောင် စိတ်ဆိုးသွားမှာ”
ကျန်းလော့၏ ကတိအတိုင်း စိတ်လှုပ်ရှားစွာ စောင့်နေရင်း အထွပ်အထိပ်ထိ သည်းခံခဲ့ပြီးမှ ဖြစ်မလာလျှင် ဖြစ်သွားမည့် ချီယုံ့မျက်နှာကို အေးအေးဆေးဆေး မြင်ယောင်ကြည့်နိုင်ပေသည်။
ဝမ်ယမ်လန်သည် အံ့ဩစွာ ပြောလိုက်သည်။
“မင်းကတော့ ငါတို့မမီနိုင်တဲ့ အဆင့်တစ်ခုကို ရောက်သွားပြီ”
ကျန်းလော့သည် အလွန် ဆိုးယုတ်သော နှလုံးသားရှိသူဖြစ်ပြီး သူ့ခန့်မှန်းချက်အတိုင်းသာ ဆက်ဖြစ်ပါလျှင် ကျန်းလော့၏ ရှေ့ကို မျှော်တွေးနိုင်စွမ်းသည် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။
သူတို့ လုယုံရိတိုက်ခန်းသို့ ပြန်ရောက်ချိန်တွင် ညဆယ်နာရီခန့် ရှိပြီဖြစ်သည်။ ကျန်းလော့တစ်ယောက် ဆိုင်ကယ်ကို ပါကင်ထိုးပြီးသည်နှင့် သူနှင့် ဝမ်ယမ်လန်တို့သည် အဆောက်အဦးဆီသို့ လျှောက်သွားကြသည်။ သူတို့ အဆောက်အဦးထဲ ဝင်တော့မည့် အချိန်တွင် ကားတစ်စီးထဲမှ လူသုံးယောက်ထွက်လာပြီး ကျန်းလော့ကို လမ်းပိတ်ထားလိုက်ကြသည်။
“သခင်လေး ဆရာက တွေ့ချင်နေပါတယ်”
သူတို့သည် ရှန်ရူမာ့တို့ ညီအစ်ကိုသုံးယောက်ဖြစ်ပြီး ကျန်းလော့ကို ညစာစားချိန်မတိုင်ခင် ခေါ်သွားရန် အမိန့်အရ လာစောင့်နေကြခြင်းဖြစ်သည်။
#####