Ch 187
Viewers 8k

အပိုင်း (၁၈၇) 


ငါမလုပ်နိုင်ရုံလေးတင် (၁)

“မင်းဘာဖြစ်လို့…” 

ကျန်းလော့သည် ခက်ခဲစွာ ပြောလိုက်သည်၊ 

“သူတို့ကို ချည်ထားတာလဲ” 

မကောင်းဆိုးဝါးသည် သိမ်မွေ့စွာ ပြောလိုက်သည်၊ 

“သူတို့က မင်းကို မကုသပေးနိုင်လို့”

သူသည် ကျန်းလော့မျက်နှာကို မော့စေလိုက်ပြီး ကျန်းလော့နှုတ်ခမ်းထောင့်သို့ ဖွဖွလေးနမ်းလိုက်သည်။ သူ့လျှာဖျားသည် ကျန်းလော့နှုတ်ခမ်းပေါ်မှ ပေနေသော သွေးများကို လျက်လိုက်ပြီး 

“သူတို့နေရာမှာ မင်းကို ဒဏ်ရာရသွားစေလို့” 

သူ့မျက်နှာတွင် တစ္ဆေသွေးကြောများ ထောင်ထနေပြီး သူနီးကပ်လာသောအခါ တစ္ဆေသွေးကြောများသည် အသက်ရှိနေသည်ထင်ရအောင် ကြွတက်နေလေသည်။ ထိုသွေးကြောများကို ကြည့်လေ ကြောက်စရာကောင်းလာလေ ဖြစ်သော်လည်း ကြည့်လေ ပိုကြည့်ချင်လေ ဖြစ်အောင် ဆွဲဆောင်နေလေသည်။ ချီယုံ့မျက်နှာပေါ်တွင် တစ္ဆေဆေးမှင်ကြောင်လိုင်းများသည် ရုပ်ဆိုးပြီး ရက်စက်သည့် အသွင်ဆောင်နေသော်လည်း သူ့တွင် မှော်ဆန်သော ဆွဲဆောင်မှုတစ်မျိုး ရှိဟန်တူကာ ကျန်းလော့ကို ဆက်ကြည့်နေချင်အောင် ဆွဲဆောင်နေသည်။ 

ကျန်းလော့သည် ချီယုံ၏ ယခုအခြေအနေကို အနည်းငယ် ကြောက်ရွံ့နေသည်။ သူသည် လျန်မိသားစုကို ကြိုးနှင့်ဆွဲထားသော ကော်ရစ်တာကို ပြန်လှည့်ကြည့်လိုက်သည်။ 

‘ကျိယောင်ဇီ မရှိဘူး’ 

ကျန်းလော့သည် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ခေါင်းကိုက်လာခဲ့သည်။ 

“ငါ့ခန္ဓာကိုယ်က ဘာမှားနေတာလဲကွာ” 

“စွမ်းအားက အရမ်းကြီးလွန်းပြီး ပမာဏများလွန်းနေလို့ မင်းရဲ့ အသားတွေနဲ့ အရိုးတွေကို ဖိအားပေးနေတာ” 

ချီယုံသည် ပေါ့ပါးစွာ ပြောလိုက်သည်။ 

“ဒါပေမဲ့ မကြောက်နဲ့ လျန်မိသားစုက နတ်ဆေးဆရာအိမ်တော်ပဲ သူတို့မှာ မင်းကို ကုသပေးနိုင်မဲ့ နည်းလမ်း တစ်ခုတော့ ရှိမှာသေချာပါတယ် ဟုတ်တယ်မလား” 

သူပြောလို့ ပြီးသွားသောအခါ အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ ထန်ပိနှင့် ဟွာပိတို့သည် ရုတ်တရက် ကော်ရစ်တာအဆုံးမှ  ရုတ်တရက် ဝင်လာကြပြီး လက်ထဲတွင် ရေပုံးများကိုင်လာကာ ကြိုးနှင့်ဆွဲထားသော လျန်မိသားစုဝင်များ၏ မျက်နှာများသို့ ရေနှင့် ပတ်လိုက်သည်။ 

ထန်ပိသည် တောင့်တင်းစွာ လှုပ်ရှားနေပြီး သူသည် ပုံမှန်ဆိုလျှင် လူသားများအပေါ် ကရုဏာတရား မရှိပေ။ ယခုတွင်လည်း ထိုအတိုင်းပင်ဖြစ်ကာ ကျန်းလော့မှ သူ့ကို ရွံရှာစက်ဆုပ်သွားမည်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။ 

တစ်ယောက်ပြီးတစ်ယောက် ရေပတ်ခံလိုက်ရသောကြောင့် နိုးလာကြပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့နှင့် အနီးဆုံးလူဖြစ်ကာ သူသည် ချောင်းဆိုးလိုက်ပြီး စိုးရိမ်ထိတ်လန့်စွာ ခေါင်းမော့လိုက်သည်။ 

သူ့ပုံစံသည် သနားစရာကောင်းနေပြီး စိတ်ဆင်းရဲစရာကောင်းနေသည်။ သူ့မျက်နှာသည် သွေးများပေပွနေပြီး အဖြူရောင်မုတ်ဆိတ်မွှေးတို့သည် ပူးကပ်နေကြကာ မျက်လုံးများသည် ပေါက်ထွက်မတတ် နီရဲယောင်ကိုင်းနေသည်။ 

တခြားသူများသည်လည်း တာအိုဆရာတော် ဝေ့ဟယ်နှင့် ထူးမခြားနားပင်။ ကျန်းလော့သည် လျန်ရွှီ့ကို လှမ်းကြည့်လိုက်ရာ သူမမျက်နှာသည် နီရဲနေပြီး ရေနှင့် အပတ်ခံရသည်ကိုပင် နိုးမလာတော့ပေ။ သူမသည် လုံးဝကြီး သတိလစ်သွားပုံရသည်။ ကော်ရစ်တာတွင် သွေးနံ့များ ထောင်းထောင်းထနေသည်။ 

သူတို့ကိုယ်ပေါ်မှ ရေများ တစက်စက်ကျနေပြီး ကြမ်းပြင်ကို စိုထိုင်းသွားစေကာ နက်မှောင်နေသော သွေးကဲ့သို့ အရောင်သို့ ပြောင်းသွားစေခဲ့သည်။ မျက်နှာကျတ်များသည် အလွန်နိမ့်ပြီး လေလုံအဆောက်အဦးဖြစ်ကာ လူများကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ ပြုလုပ်ရန် သီးသန့် ဆောက်လုပ်ထားသော အဆောက်အဦး ဖြစ်ပုံပေါ်သည်။ လူများကို အသက်မရှူနိုင်အောင် မွန်းကြပ်လာစေပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းလာအောင် တမင်တကာ ကြောက်ရွံ့အောင် လုပ်နေသလိုဖြစ်နေသည်။ 

ရှိုက်သံများသည် ကူးစက်တတ်သည်ဆိုသည်မှာ အမှန်တကယ်ဖြစ်ပုံရပြီး များစွာသော မိသားစုထဲမှ အငယ်လေးများသည် တစ်ခါမှ ဤသို့မကြုံဖူးကြသောကြောင့် ငိုရှိုက်နေကြသည်။ 

မကောင်းဆိုးဝါးသည် မျက်နှာထားမပြောင်းလဲပဲ ကျန်းလော့နှုတ်ခမ်းပေါ်မှ သွေးများကို ပြောင်စင်အောင် လျက်ပေးနေလေသည်။ ကျန်းလော့၏ လည်စေ့သည် အထက်အောက် ရွေ့လျားသွားပြီး တာအိုဆရာတော် ဝေ့ဟယ်နှင့် အကြည့်ချင်းဆုံသွားသည်။ 

ဝေ့ဟယ်သည် သူ့ကို ရှုပ်ထွေးသွားသော မျက်လုံးများနှင့် ကြည့်နေကာ အံ့ဩစရာကောင်းစွာပင် သူ့အကြည့်များတွင် အမုန်းတရားများ မပါဝင်ပေ။ သို့သော် စိတ်အားငယ်ခြင်းနှင့် ဝမ်းသာခြင်းတို့ ရောထွေးနေခဲ့သည်။ 

ကျန်းလော့၏ သိချင်နေသည်ကို သတိထားမိကာ မကောင်းဆိုးဝါးသည် ကျန်းလော့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ တာအိုဆရာတော် ဝေ့ဟယ်ကို မြင်ရသည်။ ရုတ်တရက် ပြုံးလိုက်သော မကောင်းဆိုးဝါးသည် ကျန်းလော့ကို ပွေ့ထားရင်း တာအိုဆရာတော် ဝေ့ဟယ်ဆီသို့ သွားလိုက်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။ 

“တာအိုဆရာတော် သူ့ကို ကုသပေးဖို့ နည်းလမ်း ရှာတွေ့ပြီလား” 

ဝေ့ဟယ်သည် နောင်တရစွာ သက်ပြင်းအကြိမ်အချို့ ချလိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်။ 

“ကျုပ် သူ့သွေးခုန်နှုန်း စမ်းကြည့်မှ ရမယ်” 

မကောင်းဆိုးဝါးသည် ဟွာပိကို ကြည့်လိုက်သည်။ 

ဟွာပိသည် ရှေ့တိုးလာပြီး လက်ကို ဆန့်ထုတ်လိုက်ကာ ချွန်ထက်သော လက်သည်းများသည် သံကြိုးခတ်ထားသော တာအိုဆရာတော် ဝေ့ဟယ်၏ လက်ကို လွှတ်ပေးရင်း နက်စောက်စွာ ခြစ်မိသွားသည်။ မကောင်းဆိုးဝါးသည် ကျန်းလော့၏ လက်ကို စောင်ထဲမှ ထုတ်၍ ကိုင်လိုက်ပြီး တာအိုဆရာတော် ဝေ့ဟယ်ဆီသို့ ဆန့်ပေးလိုက်သည်။ 

တာအိုဆရာတော်ဝေ့ဟယ်သည် မည်မျှကြာအောင် အချိတ်ဆွဲ ခံထားရသည်မသိပေ။ သူ့လက်ကောက်ဝတ်နှစ်ဖက်လုံးသည် သွေးမလျှောက်နိုင်သောကြောင့် ခရမ်းပုတ်ရောင်ဖြစ်နေကာ လက်များသည် တအား တုန်ခါနေခဲ့သည်။ သွေးမလျှောက်သောကြောင့် တုန်ခါနေသော လက်ချောင်းတို့သည် ကျန်းလော့ လက်ကောက်ဝတ်ကို ထိ၍ ရအောင် သွေးကြောစမ်းဖို့ ကြိုးစားနေသည်။ 

တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့သွေးခုန်နှုန်းကို ငြိမ်သက်စွာ စမ်းသပ်နေပြီး သူ့မျက်နှာသည် ရှုံ့မဲ့သွားကာ လက်ချောင်းများသည် အထိန်းအကွပ်မဲ့စွာ တုန်ခါလာခဲ့သည်။ အလွန်တုန်ခါနေသောကြောင့် သွေးကြောစမ်းရန် မဖြစ်နိုင်တော့ပေ။ 

မကောင်းဆိုးဝါးသည် သူ့လက်ချောင်းများ၏ လှုပ်ရှားမှုများကို ငုံ့ကြည့်၍ ပြုံးလိုက်ကာ လူကြီးလူကောင်းဆန်စွာဖြင့် အကြံပြုချက်ကို မေးလိုက်သည်။ 

“တာအိုဆရာတော် ဝေ့ဟယ် ဘယ်လိုများ ကောက်ချက်ချချင်သလဲဗျာ” 

ဝေ့ဟယ်သည် ပါးစပ်ဖွင့်လိုက်ပြီး အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ 

“ကျုပ် ဒီဟာကို မကုနိုင်ဘူး” 

မကောင်းဆိုးဝါး၏ မျက်နှာထားသည် တစ်ချက်ကလေးမှ ပြောင်းလဲမသွားဘဲ 

“အိုး…” 

ထို့နောက် အတွေးများဟန်ဖြင့် 

“ကိစ္စမရှိဘူး ကျွန်တော် ခင်ဗျားနာမည်ကို အသက်ရှင်နေတုန်းက ကြားဖူးပြီးတော့ အမြဲတမ်း လေးစားနေခဲ့တာ ရတယ် နည်းလမ်း မတွေ့လဲ အဆင်ပြေတယ် ကျွန်တော် ခင်ဗျားရဲ့အရည်အချင်းကို ယုံတယ်ဗျ အခုနည်းလမ်း ရှာမတွေ့ရင်တောင် သူ့ကို ကုပေးမဲ့ နည်းလမ်းကို နောက်ကျရင် တွေ့သွားမှာပဲ” 

ထိုသို့ ပြောပြီးနောက် ချီယုံသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တာအိုဆရာတော် ဝေ့ဟယ်ကို ခေါင်းညိတ်ပြလိုက်ကာ နောက်လူတစ်ယောက်ရှေ့သို့ သွားလိုက်သည်။ 

ဝေ့ဟယ်သည် ချီယုံ့ထံမှ ဤသို့သော တုံ့ပြန်ချက်မျိုး ရမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ့ကို ဤသို့ လွတ်ပေးလိုက်သည်ကို လုံးဝ မယုံနိုင် ဖြစ်နေခဲ့သည်။ 

တာအိုဆရာတော်ဝေ့ဟယ်၏ ဘေးမှသူသည် လျန်ချင်းဖြစ်ပြီး မကောင်းဆိုးဝါးသည် ကျန်းလော့၏ လက်ကို ကိုင်၍ 

“အခု မင်းအလှည့်ရောက်ပြီ” 

ချန်ချင်း၏ မျက်လုံးများသည် ပြာမိုက်နေပြီး သူ့မျက်နှာသည် မျက်တွင်းများချောင်ကျနေကာ ကျန်းလော့၏ သွေးကြောမကြီးဆီသို့ လက်တင်၍ သွေးကြောစမ်းလိုက်သည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာသည် ဖြူဆုတ်လာပြီး ချီယုံ့ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကာ ထို့နောက် ကျန်းလော့ကို ကြည့်လိုက်ပြီး 

“သူက တစ်ခုခု မှားနေတယ် သူ့ခန္ဓာကိုယ်…” 

မကောင်းဆိုးဝါးသည် သဘောကောင်းသော အသံဖြင့် ပြောလိုက်သည်။ 

“ဘာမှားနေတာလဲ” 

လျန်ချင်းသည် ကြောက်ရွံ့နေပြီး မှားပြီး စမ်းသပ်မိမှာ စိုးနေကာ ထပ်၍ စမ်းကြည့်ပြီး ကျန်းလော့မျက်နှာကို ပြန်ကြည့်ကာ 

“သူ့ခန္ဓာကိုယ်က တပြိုင်ထဲ ပျက်စီးနေပြီး ကုသပေးနေတယ်...” 

မကောင်းဆိုးဝါးသည် မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်ပြီး ကျန်းလော့လက်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပွတ်ဆွဲသွားသည်။ လျန်ချင်း၏ စကားတို့သည် သူ့ကို ဖျော်ဖြေနေသည့်အလား 

“ဒီတော့ ကုသနည်းကရော” 

လျန်ချင်းသည် တုန်ယင်သွားပြီး 

“ကျွန်တော် ကျွန်တော် မသိပါဘူး” 

မကောင်းဆိုးဝါးသည် တိတ်ဆိတ်သွားသည်။ 

မွန်းကြပ်ဖွယ်ကောင်းသော တိတ်ဆိတ်မှုသည် လူတိုင်းကို အသက်အောင့်သွားစေပြီး ဟွာပိနှင့် ထန်ပိတို့ပင် ကြောက်ရွံ့စွာ အသက်အောင့်ထားကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သက်ပြင်းချလိုက်ကာ 

“မင်းလဲ မသိဘူးပေါ့” 

သူသည် နောက်လူတစ်ယောက်ဆီသို့ လှည့်သွားပြန်ကာ သူ့အသံသည် ရုတ်တရက် အေးစက်သွားပြီး 

“ဒါဆို မင်း အသက်ရှင်ဖို့ မလိုတော့ဘူး” 

ချက်ချင်းပင် ဟွာပိသည် ရှေ့တိုးလာပြီး လျန်ချင်း၏ လည်ပင်းကို ညစ်လိုက်ကာ လည်ပင်းရိုး ချိုးဖို့ လုပ်လိုက်သည်။ ဝေ့ဟယ်သည် အလွန်ထိတ်လန့်သွားပြီး ဒေါသထွက်စွာ အော်ပစ်လိုက်သည်။

“ရပ်စမ်း” 

ဟွာပိသည် သူ့သခင်ကို လှမ်းကြည့်လိုက်ပြီး မကောင်းဆိုးဝါးသည် ခြေလှမ်းရပ်သွားကာ စိတ်ဝင်စားသွားပြီး နောက်သို့ လှည့်လိုက်သည်။ 

“ဟမ်း ဆရာတော် ဝေ့ဟယ်က ကျန်းလော့ကို ကုသပေးဖို့ နည်းလမ်း တွေးမိသွားလို့လား” 

တာအိုဆရာတော် ဝေ့ဟယ်သည် ဒေါသဖြစ်လွန်းလို့ မျက်နှာသည် ပြာနှမ်းနေပြီး ရင်ဘတ်တို့ မောက်တက်လာကာ  တုန်ယင်နေသော အသံဖြင့် 

“ချီယုံ ကျုပ်က ကုမပေးနိုင်ဘူးပြောတော့ မင်းကျုပ်ကို ဆက်ထိန်းသိမ်းထားပြီး သူ့ကိုကျတော့ ဘာလို့ မကုပေးနိုင်တာနဲ့ သတ်မှာလဲကွ” 

“ဆရာတော်ရာ ခင်ဗျားနဲ့ ဒီလူတွေနဲ့ ယှဉ်နေရသလားဗျ” 

မကောင်းဆိုးဝါးသည် နူးညံ့စွာ ပြောလိုက်သည်။ 

“တာအိုဆရာတော် ဝေ့ဟယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ မြင့်မြတ်တဲ့ နတ်ဆေးသမားတော်ကြီးလေ ဘယ်လောက်ခက်ခဲပြီး ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ဖြစ် ခင်ဗျား လက်နဲ့ထိလိုက်ရင် ပျောက်သွားရောပဲ မင်းမှာ ဘယ်လိုကုသရမလဲဆိုတာ မသိရင် မင်းက တကယ်ပဲ ကုသဖို့ နည်းလမ်းကို သိမထားလို့ပဲလေ ဒါပေမဲ့ ကျုပ်သာ ခင်ဗျားကို အချိန်တစ်ခု ပေးလိုက်မယ်ဆိုရင် ခင်ဗျားက ပျောက်အောင် ကုသနိုင်မဲ့ နည်းလမ်းတစ်ခု ထွက်လာမှာပဲ ဆိုပေမဲ့ တခြားသူတွေက ခင်ဗျားလိုမှ မဟုတ်တာဗျာ တကယ်လို့ ခင်ဗျားသာ ကျန်းလော့ကို မကုပေးနိုင်ရင် ဘာအတွက်သူတို့ကို အသက်ရှင်အောင် ထားနေရဦးမှာလဲ” 

ဝေ့ဟယ်၏ လက်ချောင်းများသည် တုန်ယင်လာပြီး။

“မင်း မင်း” 

ထို့နောက် မကောင်းဆိုးဝါးသည် လျန်မိသားစု၏ နောက်ထပ် မိသားစုဝင် တစ်ယောက်ဆီသို့ ဆက်လျှောက်သွားလိုက်သည်။

ဟွာပိသည် လျန်ချင်း၏ လည်ပင်းကို ဆက်ညှစ်နေပြီး လျန်ချင်းသည် တကယ်ကြီး သေသွားတော့မည်ကို မြင်သောအခါ တာအိုဆရာတော် ဝေ့ဟယ်သည်  တုန်ခါနေသော အသံဖြင့် ပြောလာသည်။ 

“ကျုပ် ကုပေးနိုင်တယ် ကျုပ်ကုပေးနိုင်တယ် ... မင်း သူတို့ကို လွတ်ပေးလိုက်ပါ” 

ကျန်းလော့၏ သွေးကြောကို စမ်းနေသော လျန်မိသားစုဝင်သည် အလွန် စိတ်အေးသွားပြီး မေ့လဲသွားမတတ် ဖြစ်နေသည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို ပွေ့ထားပြီး မျက်ခုံးပင့်လိုက်ကာ အံ့ဩစရာကောင်းစွာပင် တာအိုဆရာတော် ဝေ့ဟယ်၏ ရှေ့သို့ လေအလျင်နှင့် ရောက်သွားပြီး 

“ခင်ဗျား ကုပေးနိုင်တာလား” 

ဝေ့ဟယ်သည် လေးနက်တည်ငြိမ်နေသော မျက်နှာဖြင့် ထိုမေးခွန်းကို မဖြေချင်သော်လည်း သူ့မိသားစုဝင်များ အကျိုးအတွက် ဖြေမှရမည် ဖြစ်သောကြောင့် ခိုင်မာစွာပြောလိုက်သည်။ 

“ကုပေးနိုင်တယ်” 

မကောင်းဆိုးဝါးသည် တာအိုဆရာတော် ဝေ့ဟယ် အမှန်အတိုင်း ပြောနေကြောင်း သေချာသွားသောအခါ အပြုံးတို့ ပျောက်ကွယ်သွားပြီး တာအိုဆရာတော် ဝေ့ဟယ်ကို ရက်စက်စွာ ကြည့်လိုက်သည်။

“ခင်ဗျားမှာ ကုပေးနိုင်တဲ့ နည်းလမ်းရှိနေတာတောင် ဒီအချိန်ထိ တောင့်ခံထားပြီး မပြောခဲ့တာပေါ့လေ” 

မကောင်းဆိုးဝါးသည် တီးတိုးပြောလိုက်သည်။ 

“အံ့ဩစရာပဲ ကံကြမ္မာယုံသူရဲ့ အောက်ဆွဲလေးတွေက သစ္စာတော့ တော်တော် ရှိသား..” 

သူ့မျက်နှာပေါ်မှ တစ္ဆေသွေးကြောများသည် လှုပ်ရှားသွားပြီး မကောင်းဆိုးဝါး၏ စိတ်အခြေအနေသည် အလွန်ကြမ်းကြုတ်လာသည်။ ကျန်းလော့သည် ယခုမှ အိပ်မက်မှာ နိုးလာသလို ခံစားရပြီး သူနိုးလာသောအခါ ချီယုံက တခြားသူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ယခု သူ့ရှေ့မှ ချီယုံသည် ကြောက်မက်ဖွယ်ကောင်းနေပြီး အလွန်တရာ ရန်လိုနေလေသည်။ 

ကျန်းလော့သည် စကားအနည်းငယ်လာက် ပြောမလို့ လုပ်နေသည့် အချိန်တွင် ရုတ်တရက် ရင်းနှီးနေသော နာကျင်မှုက ထိုးဖောက်လာပြန်ကာ ထပ်၍ သတိလက်လွတ်ဖြစ်သွားပြန်သည်။ ထို့နောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သွေးများသည် မေးစေ့တလျှောက် စီးကျသွားကာ အင်္ကျီကော်လာမှတစ်ဆင့် လည်ပင်းအောက်အထိ စီးဝင်သွားတော့သည်။ 

သွေးများ၏ စေးကပ်ကပ်နိုင်မှုကြောင့် နေရထိုင်ရတာ သက်တောင့်သက်သာ မဖြစ်နေတော့ပေ။ 

ကျန်းလော့သည် အလွန်နာကျင်နေသောကြောင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ပစ်လိုက်ချင်သည်။ သူသည် အသေးစိတ် အမြင်များကို လိုက်တွေးမနေချင်တော့ပဲ တကယ်ကြီး လူးလှိမ့်ပစ်ချင်သည်၊ နောက်ထပ် သွေးတလုပ် ထပ်အန်ပြီးနောက် ကျန်းလော့၏ မျက်လုံးများသည် သွေးများ ထွက်လာသကဲ့သို့ နီရဲလာတော့သည်၊ 

တာအိုဆရာတော် ဝေ့ဟယ်သည် မကောင်းဆိုးဝါး၏ မှောင်မိုက်နေသော မျက်နှာထားသည် ကျန်းလော့ သွေးအန်လာသည်နှင့် ရုတ်တရက် အေးခဲသွားခြင်းကို သေချာပေါက် ရှင်းရှင်းကြီး မြင်လိုက်သည်။ 

သူသည် လက်မောင်းထဲမှ ကျန်းလော့ကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားလိုက်ပြီး လက်မြောက်၍ ကျန်းလော့ပါးစပ်မှ သွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်၊ ဗီလိန်၏ လက်မောင်းသည် ဆက်လက်၍ မြောက်ထားပြီး ကျန်းလော့ကို ထပ်တလဲလဲ သုတ်ပေးနေသည်။

သွေးသုတ်ပေးသည့် စက်တစ်ခုလိုပင်။ 

................

အပိုင်း (၁၈၇(၂))) 


ကျွန်တော်ကတော့ လုပ်လို့မဖြစ်ဘူး (၂) 

သို့သော် ကျန်းလော့တည်ငြိမ်သွားပြီး နာကျင်မှုတို့ ပျောက်သွားချိန်တွင် သွေးအန်သည့် ပမာဏ များပြားလွန်းသောကြောင့် မကောင်းဆိုးဝါး၏ သပ်ရပ်နေသော ဝတ်စုံကို သွေးများ စိုရွှဲသွားစေခဲ့သည်။ 

မကောင်းဆိုးဝါးသည် သူ့လက်ဖြင့် ကျန်းလော့၏ မျက်ခွံတို့ကို ထိကြည့်ခဲ့ပြီး ကျန်းလော့၏ မျက်ခွံများပေါ်တွင် စေးကပ်သော သွေးများ စွန်းထင်းသွားစေသည်။ 

မကောင်းဆိုးဝါးသည် ရပ်သွားပြီး သွေးတို့ကို ပြောင်စင်အောင် သုတ်ပေးဖို့ ကြိုးစားသော်လည်း သူ့လက်များပေါ်တွင် သွေးများ ပေနေသောကြောင့် သုတ်လေ ပိုညစ်ပတ်လာလေ ဖြစ်နေသည်။ 

မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် ကျန်းလော့ကို ချီပြီး အခန်းထဲသို့ ခေါ်သွားခဲ့ကာ အသံတိုးတိုးဖြင့် 

“သူ့ကို အထဲခေါ်လာခဲ့” 

ထန်ပိသည် ကျန်းလော့ကို စိုးရိမ်နေပြီး ဟွာပိကိုကျော်၍ သူကပင် တာအိုဆရာတော် ဝေ့ဟယ်ကို အခန်းထဲသို့ ထည့်ပို့ခဲ့လေသည်။ 

ဟွာပိသည် အမွှေးများထောင်ထလာအောင် စိတ်တိုသွားပြီး တခြားလူများကို စောင့်ကြည့်ရန် အပြင်ဘက်တွင် နေခဲ့ရသည်။ လျန်ချင်သည် သူ့ကိုကြည့်၍ တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး မေးလိုက်သည်။ 

“ခင်ဗျားက ဘယ်သူလဲ ဘာလို့ ကျွန်တော်တို့ကို ပြန်ပေးဆွဲရတာလဲ” 

ဟွာပိသည် သူ့ကို လျစ်လျူရှုထားလိုက်သည်။ 

လျန်ချင်းသည် ပိတ်သွားသော တံခါးကို ထပ်မံကြည့်၍ 

“ကျန်းလော့ .. သူဘာဖြစ်နေတာလဲ” 

ဟွာပိက အေးစက်စွာ ပြောလိုက်သည်။ 

“အဲဒါကိုပဲ မင်းကို မေးနေတာလေ” 

လျန်ချင်းသည် အံ့ဩသွားပြီး။ 

“အဲ့ဒါကို ဘာလို့ ကျွန်တော်တို့ကို လာမေးနေတာလဲဗျ” 

ဟွာပိက ပြောသည်။ 

“သူက မင်းတို့ရဲ့ တောင်ထိပ်က အိမ်တော်မှာ ဒဏ်ရာရခဲ့ပြီး ဒီလိုဖြစ်သွားလို့လေ” 

လျန်ချင်းသည် ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်ချင်ပါသည်။ 

‘မဖြစ်နိုင်တာ’ 

‘လျန်မိသားစုသည် မည်သူ့ကိုမှ ထိုမျှမပြောနှင့် ဒဏ်ရာသေးသေးလေး ရအောင်ပင် လုပ်မှာမဟုတ်ပေ သူတို့အားလုံးသည် လူကောင်းများ ဖြစ်ကြသည်။’

သူသည် သူကဲ့သို့ လက်များကို ကြိုးနှင့် တွဲလောင်းချိတ်ခံထားရသော လျန်ပင်းနင့် အကြည့်ချင်းဆုံသွားခဲ့ပြီး လျန်ပင်းသည် မျက်စိမှိတ်ပြကာ သူ့လက်တွင် စည်းတံဆိပ်တစ်ခု ပေါ်လာပြီး လျန်ချင်းကို ဟွာပိနှင့် ဆက်၍ စကားပြောနေရန် အချက်ပြလိုက်သည်။ 

လျန်ချင်းသည် ကျန်းလော့တစ်ယောက် မှန်လောကထဲတွင် လေပွေကို ဆင့်ခေါ်ခဲ့သော စည်းတံဆိပ်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် အလျင်စလို ဟွာပိနှင့် စကားဆက်ပြောနေပြီး သူ့ကိုသာ အပြည့်အဝ အာရုံစိုက်နေရန် ကြိုးပမ်းနေခဲ့သည်။ 

အိမ်ထဲတွင် ကျန်းလော့သည် ခနတာ သတိပြန်လစ်သွားပြီးနောက် နိုးလာသောအခါ မျက်နှာကျတ်ကို ကယောက်ကယက်ဖြစ်စွာ စိုက်ကြည့်နေခဲပြီး ခုနလေးမှ ဖြစ်သွားခဲ့သော နာကျင်မှုကို ပြန်စဉ်းစားကြည့်နေသည်။ 

ခေါင်းလှည့်ကြည့်လိုက်သောအခါ တာအိုဆရာတော်ဝေ့ဟယ်သည် သူ့လက်ကို ကိုင်ထားပြီး အပ်စိုက်မှတ်များကို ထူးဆန်းသော လှုပ်ရှားမှု နည်းလမ်းတစ်မျိုးဖြင့် နှိပ်ပေးနေသည်။ 

ကျန်းလော့၏ လည်ချောင်းထဲတွင် ညှီစို့စို့ အရသာတစ်ခု ပြည့်နေပြီး ချောင်းဆိုးလိုက်ကာ ထိုင်းမှိုင်းစွာ မေးလိုက်သည်။ 

“ဘယ်လိုလုပ်ပြီး ခင်ဗျား ဖြစ်နေတာလဲ” 

တာအိုဆရာတော် ဝေ့ဟယ်သည် ဤဟိုမရောက်ဒီမရောက် စကားကို ပြန်ဖြေချင်စိတ် မရှိပေ။ ထို့ကြောင့် သူသည် ဘေးတွင် တောင့်တောင့်ကြီး ရပ်နေသော ချီယုံ့ကို ပြောလိုက်သည်။ 

“သူ့ကို ရေတစ်ခွက်လောက်ပေးလိုက်ပါ နည်းနည်းပဲတိုက်ရမယ်” 

ချီယုံသည် ကျန်းလော့ကို ရေတစ်ဖန်ခွက်ထည့်ပေးလိုက်ပြီး အသက်ရှူသံတို့ တည်ငြိမ်လာသော ကျန်းလော့ကို သေချာ တိုက်လိုက်သည်။၊ 

“ငါ့ခန္ဓာကိုယ် မနာတော့တာ သိလိုက်တော့ အရမ်းပျော်တာပဲ” 

တာအိုဆရာတော် ဝေ့ဟယ်သည် မထူးခြားသလို ပြောလိုက်သည်။၊ 

“မင်းခန္ဓာကိုယ်က စွမ်းအားပမာဏအများကြီး ပိုင်ဆိုင်ထားတယ် လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မခံနိုင်မဲ့ စွမ်းအားမျိုးကို ဒီစွမ်းအားတွေက ကံကြမ္မာယုံသူဆီက စွမ်းအားနဲ့ တော်တော် ဆင်တယ် သတ်မှတ်ချက်တွေအရဆိုရင် မင်းခန္ဓာကိုယ်က အခုမှ သက်တမ်းနှစ်ဆယ်ထဲမှာပဲ ရှိနေသေးတာ ဒီလိုစွမ်းအားမျိုးကို ထိန်းသိမ်းဖို့ မဖြစ်နိုင်သေးဘူး ဒါပေမဲ့ မင်းရဲ့ဝိညာဉ်က အရမ်းကို သန်မာပြီး ကျစ်လစ်နေတယ် ကျုပ်ရဲ့ အမြင်ကန့်သတ်ချက်ကို ကျော်လွန်သွားစေတာပဲ ပြီးတော့ ကံကြမ္မာယုံသူလိုမျိုး နှစ်နှစ်ရာကျော် ရှင်သန်လာပြီးတဲ့ လူတောင် ဒီလိုခိုင်မာတဲ့ ဝိညာဉ်မျိုး မရှိဘူး ဒါကြောင့်လဲ မင်းက ဒီလိုစွမ်းအား အများကြီးကို စုပ်ယူနိုင်ခဲ့တာ ဒါပေမဲ့ မင်းခန္ဓာကိုယ်ကတော့ ဒီစွမ်းအင်တွေရဲ့ဖိအားကို လက်ခံနိုင်မှာ မဟုတ်ဘူး ဒါကြောင့် မင်းသည်းမခံနိုင်လောက်အောင် နာကျင်နေရတာ” 

‘နားလည်ပြီ ဒါကြောင့်ကိုး ငါတစ်နာရီလောက် စကားလုံး စိတ်ဝိညာဉ်ကို သုံးပြီး ကံကြမ္မာယုံသူကို ထိန်းချုပ်ထားနိုင်တဲ့ အပြင်ကို သူ့စွမ်းအား တစ်ဝက်တောင် ထုတ်ယူလိုက်နိုင်တာ ငါ့ဝိညာဉ်ကြောင့်ကိုး ငါ့ရဲ့ စွမ်းအားကြီးတဲ့ ဝိညာဉ်ကို ကျေးဇူးတင်ရမယ်၀’ 

ကျန်းလော့သည် တစိမ့်စိမ့် တွေးကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ 

“ကျွန်တော် ကံကြမ္မာယုံသူဆီကနေ ပူဇော်ကိုးကွယ်ခြင်းက ရတဲ့ စွမ်းအား တစ်ဝက်လုလာခဲ့တာ” 

သံသယဝင်ခဲ့မိသော်လည်း ကျန်းလော့ဆီမှ ဝန်ခံစကားကြားသောအခါ တာအိုဆရာတော် ဝေ့ဟယ်သည် အလွန်ထိတ်လန့်သွားရတော့သည်။

ကံကြမ္မာစောင့်ရှောက်သူက ဘယ်သူမို့လို့လဲ။

သူက ပထမဦးဆုံး ရှေးခေတ်ကနေ ယခု လက်ရှိအထိ တစ်ပါးထဲသော အတုအယောင်နတ်ဘုရားတစ်ပါး။

လျန်မိသားစု၏ မျက်လုံးထဲတွင် ကံကြမ္မာယုံသူသည် တကယ့်နတ်ဘုရားတစ်ပါး ဖြစ်သည်။ 

သို့သော် ထိုသို့သော လူထံမှ ကျန်းလော့သည် စွမ်းအားများကို ဓားပြတိုက်လာသည် ဆို၏။ 

သူကိုယ်တိုင်သာ ကျန်းလော့၏ သွေးကြောကို မစမ်းသပ်မိပါလျှင် တာအိုဆရာတော် ဝေ့ဟယ်သည် ထိုစကားကို ယုံမိမှာ မဟုတ်ပေ။ 

တာအိုဆရာတော် ဝေ့ဟယ်သည် ရုတ်တရက် လွန်ခဲ့တဲ့လကို သတိရသွားသည်။ ကံကြမ္မာယုံသူသည် ပြတင်းပေါက်နားတွင် ရပ်၍ သူ့ကို ပြောခဲ့သည်။ 

“သူက နောက်ထပ် ကျုပ်ဖြစ်လာနိုင်တယ်” 

‘ကျန်းလော့က နောက်ထပ် အတုအယောင်နတ်ဘုရား တစ်ပါး ဖြစ်လာမယ်လို့ ပြောချင်တာလား’ 

‘ဒါဆို အခု ကျန်းလော့က ကံကြမ္မာယုံသူရဲ့ စွမ်းအားတစ်ဝက်ကို ယူလိုက်တာကရော ကံကြမ္မာယုံသူ မျှော်လင့်ထားပြီးသားလား မမျှော်လင့်ပဲ ဖြစ်သွားတာလား’ 

တာအိုဆရာတော် ဝေ့ဟယ်၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ထွက်လာပြီး  ကျန်းလော့အသံက ရုတ်တရက် ထွက်လာသည်။ 

“ဆရာတော် ဝေ့ဟယ်” 

တာအိုဆရာတော် ဝေ့ဟယ်သည် သူကိုးကွယ်သော နတ်ဘုရားကိုသာ ယုံကြည်ထားပြီး 

“အဲ့ဒါ မင်းရဲ့ဝိညာဉ်က ဒီမြင့်မြတ်တဲ့ စွမ်းအားတွေကို ဆန့်ကျင်ပြီး ဝိဉာဉ်ကနေ မစုပ်ယူပဲ မင်းရဲ့ ခန္ဓာကို အသွင်ပြောင်းသွားဖို့ ဖိအားပေးနေလို့ အောင်မြင်သွားရင် မင်းက လူသားနယ်ပယ်ကို ကျော်လွန်သွားပြီး စွမ်းအားကြီးလာမယ် မဟုတ်ရင်တော့ စွမ်းအင်လွန်ကဲမှုနဲ့ ပေါက်ကွဲပြီး သေသွားလောက်ပြီ ပြီးတော့ တစ်ချိန်ထဲမှာပဲ မင်းခန္ဓာကိုယ်က ဒီလောက်စွမ်းအားအများကြီးကို လက်မခံနိုင်ဘူး ဒါကြောင့် မင်းလက်ခံနိုင်မဲ့အထိ ထပ်ခါထပ်ခါ ဖြိုဖျက်ပြီး အသစ်တည်ဆောက်နေတာ အဲဒါကြောင့် မင်းက ခနခန သွေးအန်ပြီး နာကျင်နေရတာ” 

“ကျွန်တော် နားလည်ပါပြီ” 

ကျန်းလော့သည် တည်ငြိမ်စွာ ပြောခဲ့သည်။ 

“ကျွန်တော့် ခန္ဓာကိုယ် ဖြိုဖျက်ခံနေရတာကို တားဆီးနိုင်မဲ့ နည်းလမ်း ရှိလား” 

တုံ့ဆိုင်းခြင်းမရှိပဲ တာအိုဆရာတော် ဝေ့ဟယ်က ပြောသည်။ 

“မင်းရဲ့ ခန္ဓာကိုယ်က ဒီနတ်စွမ်းအားတွေကို လက်ခံနိုင်တဲ့ထိ ဒါမျိုး ဆက်ဖြစ်နေဦးမှာပဲ” 

ကျန်းလော့ကပြောသည်။ 

“ထုတ်ပစ်ရမဲ့ နည်းလမ်းရော ရှိလား” 

တာအိုဆရာတော် ဝေ့ဟယ်သည် ခနလောက် တိတ်ဆိတ်သွားပြီး 

“အဲဒီအကြောင်းကတော့ ကျုုပ်သေချာ တွေးကြည့်မှ ရမှာပဲ” 

မကောင်းဆိုးဝါးသည် ရုတ်တရက် ထရယ်လိုက်ပြီး တာအိုဆရာတော် ဝေ့ဟယ်သည် တောင့်ခနဲ ဖြစ်သွားသည်။ ကျန်းလော့သည် မကောင်းဆိုးဝါး ဝင်မပြောသေးခင် သဘောတူလိုက်သည်။

“ကောင်းပြီလေ ဒါပေမဲ့ ဆရာတော် ကျွန်တော့်ကို အရင်ဆုံး ကတိပေးမှ ဖြစ်မယ် ဆရာတော် ကုသနိုင်မဲ့ နည်းလမ်းကို စဉ်းစားပြီးသွားတဲ့အချိန်ကျရင် ကျွန်တော် သွေးအန်တဲ့ အကြိမ်အရေအတွက် နည်းသွားပါမယ်လို့် ကတိပေးနိုင်ပါ့မလား” 

ကျန်းလော့သည် သူ့ကိုယ်သူ စွမ်းအားများကြောင့် ပေါက်ကွဲ၍ မသေဘဲ သွေးအန်လွန်းလို့ သွေးထွက်လွန်ပြီး သေသွားတော့မည်ဟုပင် ထင်နေပြီဖြစ်သည်။ 

ကျန်းလော့ကို ကြည့်လိုက်ပြီး ချီယုံသည် ကျန်းလော့စကားများ ဆုံးသည်အထိ နားထောင်ပြီးနောက် ဘာမှ ဝင်မပြောတော့ပေ။ 

တာအိုဆရာတော် ဝေ့ဟယ်သည် အနည်းငယ် စိတ်အေးသွားပြီး အလျင်စလို သဘောတူလိုက်သည်။ 

“ကျုပ် လုပ်နိုင်တယ်” 

ကျန်းလော့သည် ထိုကတိကို ကြားပြီးနောက် ချီယုံ့ကို မော့ကြည့်လိုက်သည်။ 

သူသည် ချီယုံ၏မျက်နှာထက်မှ တစ္ဆေသွေးကြောများကို ကြည့်လိုက်သည်။ ချီယုံသည် အန္တာရာယ်များသော အပြုံးတစ်ခုကို ဆင်မြန်ထားလေသည်။ မကောင်းဆိုးဝါး၏ ဗြောင်ကျကျ ပေါ်ထွက်လာမှုသည် တာအိုဆရာတော် ဝေ့ဟယ်ကို ကြောက်ရွံ့တုန်ယီနေစေသော်လည်း ကျန်းလော့ကတော့ ယခု သူတို့သေလောက်အောင် ကြောက်နေကြသော ချီယုံ့ကို ကြည့်လေ ရယ်ချင်လာလေ ဖြစ်နေသည်။ 

သူ့မျက်ခုံးများသည် ကွေးသွားပြီး သူ့မျက်နှာမှ သွေးများသည်လည်း ပြောင်နေအောင် သုတ်ပေးခံထားရကာ မျက်ခုံးနှစ်ခုကြားမှ နေရာလွတ်လေးသည် ပြောင်လက်ပြီး ဂလိုးနေလေသည်။ ထိုဂလိုးနေသော နေရာလေးသည် သူ၏ အားနည်းနေသော မျက်နှာကို သနားဖွယ်ကောင်းအောင် အားဖြည့်ပေးထားသည်။ သူ့မျက်နှာတစ်ပြင်လုံးသည် သွေးများ အမြောက်အများ ဆုံးရှုံးမှုကြောင့် ဖြူဖျော့နေပြီး နှလုံးသားများ ကွဲကြေသွားလောက်အောင် သနားစရာကောင်းသော မျက်နှာထားနှင့် အသံတိုးတိုး ပြောလိုက်သည်။ 

“ငါ ဗိုက်ဆာတယ်” 

ထန်ပိက ချက်ချင်းပြောလိုက်သည်။ 

“ငါ အခုပဲ သွားပြီး စားစရာ ပြင်လာပေးမယ်” 

ကျန်းလော့သည် ထန်ပိကို ကြည့်၍။

“အမဲသားခေါက်ဆွဲလေး အမဲသားများများနဲ့ နံနံပင် မထည့်ဘူး ကျေးဇူးပဲ” 

ထန်ပိထွက်သွားသော အချိန်တွင် ချီယုံက နူးညံ့စွာပြောလိုက်သည်။ 

“သူ မင်းပြောတဲ့အတိုင်း လုပ်လာမှာပါ” 

ကျန်းလော့သည် ဘာမှတ်ချက်မှ ပြန်မပေးသော်လည်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကြည့်လိုက်ကာ 

“စားစရာတွေ ရောက်မလာခင် ရေချိုးချင်လို့” 

မကောင်းဆိုးဝါးသည် နည်းနည်းမှ လှုတ်ခတ်သွားပုံ မရဘဲ ဒီတိုင်းကြီး စိုက်ကြည့်နေသည်။ 

ကျန်းလော့က ထပ်ပြောသည်။ 

“ပြီးတော့ မင်း မင်းပြောတော့ ငါ့ကို လိုက်နေတာဆို အခုကျတော့ ငါ့ကို ရေတောင်ချိုးမပေးဘူး” 

သူပြောပြီးသွားသောအခါ သူ့နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး တမင်သက်သက် ဆိုးနွဲ့ဟန်ဖြင့် ခပ်ချွဲချွဲ ပြောလိုက်သည်။ 

“မစ် စ တာ ချီ လို့ တာအိုဆရာတော် ဝေ့ဟယ်နဲ့ နှစ်ယောက်ထဲ စကား ပြောခွင့် ပေးပါ့လားဟင် နော် ” 

သို့သော် သူဘာပဲ ပြောလိုက် ပြောလိုက် မကောင်းဆိုးဝါးသည် တစ်စက်လေးမှ လှုပ်မလာပေ။ ကျန်းလော့သည် ချွဲပြောရတာ မောလာပြီဖြစ်ပြီး ထိုအချိန်တွင် မကောင်းဆိုးဝါးသည် ခုံပေါ်မှ ပျင်းတိပျင်းရွဲထရပ်လိုက်ပြီး အပြင်ဘက်သို့ တစ်လှမ်းချင်း ထွက်သွားပေးလိုက်သည်။ 

တံခါးသည် ပိတ်သွားပြီး အိမ်ထဲတွင် ကျန်းလော့နှင့် တာအိုဆရာတော် ဝေ့ဟယ်တို့ နှစ်ယောက်သာ ကျန်ခဲ့သည်။ သို့သော် နှစ်ယောက်စလုံးသည် မကောင်းဆိုးဝါးသည် နေရာတိုင်းတွင် ရှိနေနိုင်ပြီး တာအိုဆရာတော်သာ ကျန်းလော့ကို တစ်ခုခု လုပ်ရဲပါက တာအိုဆရာတော် ဝေ့ဟယ်သည် သေချာပေါက် သေရမည်ဖြစ်သည်။ 

ကျန်းလော့က စပြီး ပြောလိုက်သည်။၊ 

“တာအိုဆရာတော် ဝေ့ဟယ် ဆရာတော့်ကို ကံကြမ္မာယုံသူက စွန့်ပစ်လိုက်ပြီဆိုတာကို ဒီလောက်ဆို နားလည်လောက်ပြီ ထင်ပါတယ်” 

တာအိုဆရာတော် ဝေ့ဟယ်၏ မျက်နှာသည် နစ်မြုပ်သွားဟန် ပေါ်သော်လည်း ပြောခဲ့သည်။ 

“ကျုပ်အခုပဲ မင်းရဲ့ အရင်တုန်းက စိတ်နှလုံးသန့်စင်ပြီး ရိုးသားတဲ့ ပုံရိပ်က ကျုပ်တို့ကို လှည့်စားဖို့ ဟန်ဆောင်ခဲ့တာဆိုတာကို သတိထားမိသွားပါပြီ မင်းအရမ်းတော်တယ် မင်းကျုပ်တို့ကို တကယ် အရူးလုပ်နိုင်ခဲ့ပါတယ်” 

“အဲ့ဒါက ဒီတိုင်း လှည့်ကွက် သေးသေးလေးပါဗျာ” 

ကျန်းလော့သည် ရယ်မောလိုက်ပြီး 

“ခင်ဗျားကို လျန်ရွှီနဲ့ ပတ်သတ်ပြီး အခုထိ ဘာမှ မပြောရသေးဘူး ကျွန်တော် အစတုန်းက ဆရာတော်တို့ လျန်မိသားစုက ဘာကြောင့်များ အိမ်တော်ကြီးခြောက်ခုထဲက တစ်ခုဖြစ်နေလဲဆိုတာ အရမ်း အံ့ဩနေခဲ့တာ ဒါပေမဲ့ မျိုးဆက်သစ်တွေက နက္ခတ်ဗေဒပညာနဲ့ ရှေ့ဖြစ်ဟောအတတ်ကိုတောင် မတတ်ကြတဲ့အပြင် သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ကြဘူး လျန်ရွှီကို မြင်လိုက်တော့ ကျွန်တော် သဘောပေါက်သွားတယ် ခင်ဗျားတို့တွေ သင်ကြားရမဲ့ ပညာရပ်တွေကို မသင်ကြားချင်ကြတာ မဟုတ်ပဲ ကံကြမ္မာယုံသူက ခင်ဗျားတို့ကို သင်ခွင့်မပေးတာပဲ ဟုတ်တယ်မလား” 

တာအိုဆရာတော်ဝေ့ဟယ်၏ မျက်နှာသည် သတိထားမိလောက်အောင် ပျက်ယွင်းသွားပြီး အံ့ဩစွာ မေးလိုက်သည်။ 

“မင်း မင်းဘယ်လိုလုပ် သိ..” 

ကျန်းလော့သည် ပြုံးလိုက်ပြီး 

“ဘာလို့များ ကံကြမ္မာယုံသူက ခင်ဗျားတို့ကို ပညာရပ်တွေ သင်ကြားခွင့် မပေးရတာလဲ၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားသွေးမျိုးဆက်တွေကို စည်းချထားလို့လေ အချိန်ကျလာတာနဲ့ နတ်ဘုရားတွေက ခင်ဗျားတို့ကိုယ်ထဲမှာ နိုးထလာမယ် ဟုတ်တယ်မလား ခင်ဗျားတို့ ဒီနည်းလမ်းကို ကြည့်လိုက်ရင် လျန်မိသားစုက ကံကြမ္မာယုံသူအတွက် တကယ့် အသက်သွေးကြောပဲလေ မဟုတ်ရင်တော့ ခင်ဗျားတို့ကိုယ်တိုင်ကိုက သူ့ရဲ့အသက်သွေးကြောဖြစ်နေတာကို မသိကြတာဖြစ်မယ် အိုး ဒီမှာ တစ်ခုတော့ ဆိုးကျိုးရှိတယ်ဗျ လျန်ရွှီအားနည်းသည်ထက် အားနည်းလာတာကို ကြည့်ပြီး ဆိုးကျိုးက နတ်ဘုရားသွေးမျိုးဆက်ကို စည်းချထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ သက်တမ်းကို ထိခိုက်သွားစေပြီး တားဆီးမရနိုင်ဘဲ ပျက်စီးသွားလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားတယ်ဗျ” 

တာအိုဆရာတော် ဝေ့ဟယ် “..................” 

သူသည် လက်သီးဆုပ်လိုက်ပြီး နာကျင်နေပုံ ပေါက်လာပြီး ကျန်းလော့ကို အဖြေပေါ်နေပြီဖြစ်သော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ ကျန်းလော့ မှန်ခဲ့ပါသည်။ 

ကျန်းလော့သည် အေးစက်စွာရယ်လိုက်ပြီး နှာမှုတ်လိုက်သည်။ 

“ခင်ဗျား ခင်ဗျားတို့ကို ဒီလိုအခြေအနေထိ လုပ်ထားတာတောင် ကံကြမ္မာယုံသူကို မမုန်းဘူးလား”

 “ပြီးတော့ မင်း” 

တာအိုဆရာတော် ဝေ့ဟယ်သည် ရုတ်တရက် ဒေါသထွက်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ 

“မင်းကကော ချီယုံ့ကို မရွံရှာ မစက်ဆုပ်ဘူးလား အဲ့ဒီလူသားမဟုတ်တော့တဲ့ မကောင်းဆိုးဝါးကောင်ကိုလေ မင်းအတွက်နဲ့ ကျုပ်တို့လို အပြစ်ကင်းတဲ့သူတွေကို နာကျင်အောင်လုပ်တဲ့ မကောင်းဆိုးဝါးကို မင်း မရွံဘူးလားလို့” 

“ဆရာတော်က တကယ်ပဲ အပြစ်ကင်းပါရဲ့လား” 

ကျန်းလော့သည် အေးဆေးစွာ ပြောလိုက်သည်။ 

“ချီယုံ့ စိတ်ဝိညာဉ်က ယွမ်ထျန်းကျူးအဖြစ် သန့်စင်ခံလိုက်ရတယ် အဲ့ဒီကိစ္စထဲမှာ ခင်ဗျား တကယ်ပဲ ပါဝင်ပတ်သက်မှု မရှိတာ ဟုတ်ရဲ့လားဆိုတာ ကျွန်တော်သိချင်ပါရဲ့ဗျာ နောက်ဆုံးတော့ ခင်ဗျားက နတ်ဆေးသမားတော် မိသားစုကဖြစ်ပြီး ကံကြမ္မာယုံသူရဲ့ သစ္စာရှိတဲ့ နောက်လိုက်လေ စိတ်ဝိညာဉ်ကို သန့်စင်တဲ့အချိန်မှာ ခင်ဗျားရဲ့ ဆေးပညာပိုင်းဆိုင်ရာ အသိပညာတွေ လုပ်ရပ်တွေ မပါဝင်ဘူးလား ကံကြမ္မာယုံသူရဲ့ သစ္စာရှိ အောက်ဆွဲ နတ်ဆေးသမားတော် မိသားစုက ဆရာတော် အနေနဲ့ စိတ်ဝိညာဉ်တစ်ခုကို တခြားသူတွေရဲ့ စိတ်ဝိညာဉ်ကို အဆင့်မြှင့်ပေးနိုင်မဲ့ အရာတစ်ခုအဖြစ် သန့်စင်ဖို့က ခင်ဗျားအတွက် ခက်ခဲတဲ့ ကိစ္စ ဟုတ်မယ် မထင်ပါဘူးဗျာ ကျွန်တော်ပြောတာ ဟုတ်တယ်မလား” 

တာအိုဆရာတော် ဝေ့ဟယ်သည် ကြောင်အစွာဖြင့် အိပ်ရာပေါ်မှာ လှဲလျောင်းနေသော ကျန်းလော့ကို မရင်းနှီးသော မျက်လုံးများဖြင့် ကြည့်နေပြီး သူသည် ပထမဆုံးအကြိမ်အဖြစ် ကျန်းလော့ မည်မျှကြောက်စရာကောင်းကြောင်း သိသွားခဲ့သည်။ 

ကျန်းလော့က ပြောသည်။ 

“ကျွန်တော် သူ့ကို မကြိုက်ဖို့ အကြောင်းပြချက်ပေါင်း ထောင်ချီရှိနိုင်တယ် ဒါပေမဲ့ ခင်ဗျားတို့ကို ထိခိုက်လို့ဆိုတဲ့ အကြောင်းပြချက်ကတော့ မပါဘူး” 

သူသည် မျက်နှာကျက်ကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ 

“သူရဲ့ ဒီတစ်ခေါက် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်အားလုံးက ကျွန်တော့်ကြောင့်ပဲ” 

“လူတိုင်းက သူ့နာမည်ကို ခေါ်ပြီး ဒီလုပ်ရပ်အတွက် ရွံရှာစက်ဆုပ်လို့ရတယ် ကျွန်တော်ကတော့ မရဘူး ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို အပြစ်မတင်ချင်လို့ နားလည်လား ကျွန်တော် သူ့ကို ဒီအတွက်နဲ့တော့ ရွံရှာသွားမှာ မကြိုက်တော့မှာမျိုး ရှိလာမှာ မဟုတ်ဘူး” 

############################