ပိုင်ခိုင်: "ဒီနေ့ ကျွန်တော့်ပရိသတ်တွေကို တွေ့ရတာ တော်တော်ပျော်တယ်၊ အိုက်ယား ‘1 မရှိရင် အထောက်အပံ့မရှိ’ မင်းနာမည်က ဘယ်သူလဲ"
"ဟိုင်ရိ"
ဟိုင်ရိက ပြန်ဖြေလိုက်သည်။
"ဒီအစ်ကိုကြီးကရော"
ယာဉ်မောင်းသည် အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြီးမားသည်။ ထိုင်လိုက်သောအခါ တောင်ကြီးတစ်လုံးနှင့် တူ၏။ သူသည် ဤအတောအတွင်း အသားများကို တိတ်ဆိတ်စွာ စားနေခဲ့ပြီး သိုးသားကင်ပန်းကန်လည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဟိုင်ရိ၏ မေးခွန်းကို ကြားသောအခါ သူက ပြောလိုက်၏။
"ကျန်းရှောင့်ဟန့်"
ပိုင်ခိုင်က ထပ်ဖြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ အိပ်ဖော်အိပ်ဖက်"
လူတိုင်း: ...
ဆံပင်ဝါသည် ပါးစပ်အပြည့် အရက်များကို ထွေးထုတ်လိုက်ရာ သေလုနီးပါး ဖြစ်သွားသည်။
ဟိုင်ရိ: "မင်းမသောက်ချင်ရင် ငါ့ကိုပေး၊ အဲလိုထွေးထုတ်ချင်ယောင်ဆောင်မနေနဲ့"
ထို့ကြောင့် ဆံပင်ဝါသည် ဘီယာကို ပေးလိုက်ရာ ဟိုင်ရိသည် တစ်ငုံတည်း ကုန်အောင်သောက်လိုက်သည်။
ဆံပင်ဝါ: "အရသာက ဆိုးလိုက်တာ"
ကျန်းရှောင့်ဟန့်၏ အကြည့်သည် ဟိုင်ရိကို ခဏမျှ ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ခေါင်းကို ငုံ့ကာ ဆက်စားနေသည်။
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ခင်ဗျားဘယ်လောက်သောက်ထားလဲ"
ဟိုင်ရိ: ...
ရှန့်ချန့်ယန်သည် သူ့ခြေရင်းရှိ ဘီယာပုလင်းများကို စတင်ရေတွက်သည်။ စုစုပေါင်း ပုလင်းခွံ ၁၂ လုံးရှိသည်။ ရှန့်ချန့်ယန်သည် သူ့ကို လှမ်းကြည့်လိုက်၏။
ဟိုင်ရိ: "အားလုံး ငါ့တစ်ယောက်တည်း မဟုတ်ဘူး၊ ငါနောက်ထပ်မသောက်တော့ဘူး"
ရှန့်ချန့်ယန်၏ သူ့အပေါ် အကြည့်က 'ပြန်ရောက်တာနဲ့ အကြွေးရှင်းမယ်' ဟု ရှင်းလင်းစွာ အဓိပ္ပာယ်ရနေသည်။
လူများစွာရှေ့တွင် ဟိုင်ရိအတွက် ပြန်ပြောရန် မကောင်းလှသဖြင့် သူသည် ဒေါသဖြင့် ကင်ထားသော အသားတုတ်များကို တူးဆွစားနေ၏။
အတိတ်တုန်း၌ အိမ်မှာဆို လူတိုင်းသည် သိပ်ပြီးမတွေးဘဲ သောက်ကြသည်။ လူတိုင်းစုမိသောအခါ ထိုင်ပြီးသောက်ကြ၏။ စားပွဲတစ်လုံးအတွက် ဘီယာအများအပြားကို ကုန်အောင်သောက်ခြင်းသည် ခက်ခဲသောကိစ္စမဟုတ်ပေ။ အမျိုးသားရော အမျိုးသမီးပါ အရက်ခံနိုင်ရည်ကောင်းကြသည်။ သို့သော် ရှန့်ချန့်ယန်သည် သူ့ကို အရက်သောက်တာ၊ ထို့ထက်ပို၍ ဆေးလိပ်သောက်တာကို မကြိုက်ပုံရ၏။ ဟိုင်ရိသည် ဒီကိစ္စကို အတင်းအကျပ်မလုပ်ခဲ့ပါ။ သူမကြိုက်လျှင် မသောက်တော့ပေ။
ပိုင်ခိုင်: "မင်းတို့ ဘယ်လိုရောက်လာတာလဲ"
သူတို့သည် ထိုအကြောင်းကို ခဏမျှ နောက်ကြောင်းပြန်ပြီးနောက် ပိုင်ခိုင်အား မေးလိုက်သည်။
''မင်းကရော''
ပိုင်ခိုင်က ပေါ့ပေါ့ဆဆပင် ပြောလိုက်၏။
"မေ့သွားပြီ...ငါအသက်ကြီးပြီ၊ မှတ်ဉာဏ်က သိပ်မကောင်းဘူး"
သူတို့အနည်းငယ် ရယ်မောကြသည်။ သူ မပြောချင်ဘူးဆိုတာ သိနေကြသဖြင့် မမေးတော့ပေ။
ပိုင်ခိုင်သည် သူ့အိတ်ကပ်ထဲရှိ ဖုန်းအား ထုတ်လိုက်သည်။
"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ၊ တိုက်ဆိုင်တယ်ဆိုတာက ရင်းနှီးမှုရှိလို့ပေါ့၊ တစ်ယောက်နဲ့တစ်ယောက် addကြရအောင်"
ဟိုင်ရိသည် သူ၏ဖုန်းနှင့် လက်သည်းများက ဗလာဖြစ်နေသည်ကို သတိပြုမိရာ စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။ ပိုင်ခိုင်၏ စကားပြောဟန်နှင့် ဝတ်စားဆင်ယင်မှုပုံစံသည် မိန်းကလေးဆန်သော်လည်း သူသည် ဆံပင်ကို တိုတိုထားပြီး လေ့ကျင့်ခန်းလည်း လုပ်ပုံရ၏။ ထန်ယင်၏ လက်သည်းများနှင့် ဖုန်းကို ပြန်တွေးကြည့်သောအခါ ဟိုင်ရိသည် ပိုင်ခိုင်မှာ မိန်းကလေးဆန်သော်လည်း အပြည့်အဝ မိန်းကလေးဆန်ခြင်းမရှိဟု တစ်ချိန်တည်းမှာပင် ခံစားလိုက်ရသည်။
ပိုင်ခိုင်က ကျန်တာတွေကို ပတ်ပြီး ထပ်ထည့်ပြီးနောက် ဟိုင်ရိ၏ အလှည့်ရောက်လာ၏။
"မင်းကရော...ကပြားလေး"
ဟိုင်ရိသည် သူ့ QR ကုဒ်ကို စကင်ဖတ်ရန် ကမ်းပေးလိုက်သည်။ ပိုင်ခိုင်သည် သူတို့၏ Moments များကို လှည့်ကြည့်ရင်း
"ဪ... မင်းတို့ ဘားဖွင့်ထားတာလား"
သူတို့သုံးယောက်စလုံးက သဘောတူကြောင်း ပြန်ဖြေကြသည်။
ပိုင်ခိုင်: ''ငါလာရင် လျှော့စျေးရမလား"
ရှန့်ချန့်ယန်က ပြုံးလိုက်သည်။
" အအေးတွေက အလကား"
ပိုင်ခိုင်သည် မတ်တပ်ရပ်ပြီး ဟိုင်ရိအား ပြောလိုက်၏။
"သူဌေး၊ ဘယ်လောက် ရက်ရောလိုက်တာလဲ၊ ငါမင်းကို ထမင်းတစ်နပ်ကျွေးရဦးမယ်၊ မှတ်ထားလိုက်"
ဟိုင်ရိ: ''မလိုပါဘူး..."
ပိုင်ခိုင်၏ ပါးစပ်မှ ရယ်သံများ ထွက်ပေါ်လာသည်။
"မင်းသူငယ်ချင်းတွေကို ခေါ်လာလို့ရတယ်"
ဆံပင်ဝါနှင့် ရှန့်ချန့်ယန်တို့၏ မျက်နှာများတွင် မသိနားမလည်မှုများ ပေါ်လွင်နေသည်။
ဟိုင်ရိ: "သူတို့ တော်တော်အလုပ်များကြတယ်"
ဆံပင်ဝါက ''အာ...'' ဟု အငြင်းစကားပြောရန် ပြင်ဆင်နေစဉ် ဟိုင်ရိက မေးလိုက်၏။
"မင်း အသားကင်တွေ မစားချင်ဘူးလား"
သူသည် အသားကင်နှစ်ချောင်းကို ကောက်ယူကာ ဆံပင်ဝါ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ပိုင်ခိုင်သည် သူ့အိတ်ကို ပြုံးရယ်လျက် ကောက်ယူလိုက်သည်။
"ငါသွားတော့မယ်"
ရှန့်ချန့်ယန်က မော့ကြည့်လိုက်သည်။
"ပြန်တော့မလို့လား...တော်တော်လေး ဝေးတယ်၊ ညဘက် ခရီးသွားရတာ လမ်းတွေက မကောင်းဘူး"
"အင်း၊ အိမ်ပြန်တော့မယ် အချောလေးတွေ၊ နောက်မှတွေ့မယ်"
ပိုင်ခိုင်က သူ၏စကား၏ နောက်တစ်ဝက်ကို လျစ်လျူရှုကာ ပြောလိုက်သည်။
ရှန့်ချန့်ယန်နှင့် ခွဲခွာရန် ဝန်လေးစွာဖြင့် ပိုင်ခိုင်သည် သူ့ကို ''ဘိုင့်'' ဟု လက်ဝှေ့ယမ်းပြလိုက်၏။
ရှန့်ချန့်ယန်: "နှုတ်ဆက်ပါတယ်"
ပိုင်ခိုင်သည် သူတို့ဆီသို့ လေအနမ်းများ ပို့ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ထွက်သွားသည်။
သူတို့ထွက်သွားပြီးနောက် ကားသည် တောင်ပေါ်လမ်းအတိုင်း ပျောက်ကွယ်သွား၏။ ရှန့်ချန့်ယန်သည် သူ့အိတ်ကပ်ထဲမှ လက်မှတ်ထိုးထားသော သုံးရွက်ကို ထုတ်ယူကာ ဟိုင်ရိနှင့် ဆံပင်ဝါကို တစ်ရွက်စီ ပေးပြီးနောက် သူ့လက်မှတ်ထိုးထားသော စာရွက်ကို ဟိုင်ရိကို ပေးလိုက်သည်။ ထို့နောက် သူထကာ ပစ္စည်းများ စတင်သိမ်းဆည်းတော့၏။
ဆံပင်ဝါက မျှော်လင့်တကြီးဖြင့်
"သူတကယ် လာမှာလား၊ သူက ကျွန်တော်တို့ဆီ ကြော်ငြာပေးလို့ရတယ်၊ သူ့ကို ကျွန်တော်တို့ဆိုင်မှာ သူ့ရဲ့ thiefstream တွေ လုပ်ခွင့်ပေးလို့ရတယ်"
ဟိုင်ရိ၏ စကားများမှာ ငြီးငွေ့မှုများ ယိုစီးကျလာသည်။
"ဘယ်လို stream က thiefstream လဲ... နည်းနည်းလေး အရသာရှိအောင် ပြောလို့မရဘူးလား"
ဆံပင်ဝါ: ''အခု ခင်ဗျား ရှက်စရာကောင်းတယ်ဆိုပြီး ကျွန်တော့်ကို အထင်သေးနေတာမလား၊ ဒါဆို ကျွန်တော့်ကို မသုံးနဲ့၊ အလုပ်ထုတ်လိုက်၊ ဆိုင်မှာ အလုပ်မလုပ်ချင်တာ ကြာပြီ"
ဟိုင်ရိ: "ကောင်းပြီ... ဒဏ်ကြေးဆောင်ရင် အခုပဲ ဝန်ထမ်းအသစ်ခန့်လိုက်မယ်"
သူတို့နှစ်ယောက်စလုံး စနောက်နေစဉ် ရှန့်ချန့်ယန်က ဆံပင်ဝါအား အသိပေးလိုက်သည်။
"ငါမနက်ဖြန် မရှိဘူး၊ အလုပ်တစ်ခုရှိလို့"
ဆံပင်ဝါက စိတ်မဝင်စားဟန်ဖြင့် အကျွမ်းတဝင်ရှိစွာ မေးလိုက်သည်။
"ဒါဆို ကျွန်တော်ဘားကို ဆက်ဖွင့်ရဦးမလား"
ရှန့်ချန့်ယန်: ''မင်းတို့ ဆုံးဖြတ်လိုက်"
အလုပ်လုပ်ရန် ပျင်းရိသော ဆံပင်ဝါသည် ဆုံးဖြတ်ချက်ချလိုက်သည်။
"အားလပ်ရက်ပဲဟေ့..."
သူတို့သုံးဦးသည် မူလက ဘားကို ဖွင့်ထားခြင်းဖြစ်ပြီး လုပ်စရာတစ်ခုခုရှိစေရန် ဖြစ်သည်။ သူတို့ထဲ၌ တစ်ယောက်ယောက် မရှိလျှင် အဓိပ္ပာယ်ရှိသည်ဟု မခံစားရပေ။
ဟိုင်ရိလည်း ပစ္စည်းများ သိမ်းဆည်းလိုက်သည်။
ဆံပင်ဝါ: "ခင်ဗျားက မသွားဘူးလား"
ဟိုင်ရိ: "သူငါ့ကို ခေါ်သွားမှာ မဟုတ်ဘူး၊ ငါသွားနိုင်ရင် မင်းကို ဒုက္ခပေးနေမှာ မဟုတ်ဘူးဆိုတာ သေချာတယ်"
ဆံပင်ဝါသည်လည်း အနည်းငယ်မျှ ယဉ်ကျေးမှုမရှိခဲ့ပေ။
"ကျွန်တော်လည်း အတူတူပဲ"
"ခင်ဗျား သူနဲ့ရင်းနှီးတာလား"
ရှန့်ချန့်ယန်က အသားကင်တုတ်များကို သိမ်းနေသော ဟိုင်ရိကို ဤမေးခွန်းမေးသောအခါ ဟိုင်ရိသည် ရှန့်ချန့်ယန်က ပိုင်ခိုင်အကြောင်း မေးနေသည်ကို သဘောပေါက်လိုက်သည်။
ဟိုင်ရိသည် ဤမေးခွန်း၏ အဓိပ္ပာယ်ကို မသိစွာ ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်၏။
"မဟုတ်ဘူး၊ အရင်က comment တွေကနေ နည်းနည်းပဲ စကားပြောဖူးတာ"
ရှန့်ချန့်ယန်သည် တောင်ပေါ်လမ်းများကို လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်၏။
"ဒီနေရာက မြောက်ပိုင်းဟွား၊ ခရိုင် ၇ ကနေ ဘယ်နှစ်ကီလိုမီတာ ဝေးလဲ"
ဟိုင်ရိ: ...
သူသည် ရှန့်ချန့်ယန်ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး ညင်သာစွာမေးလိုက်၏။
"မင်း သူ့မှာ တစ်ခုခု ထူးဆန်းနေတယ်လို့ ထင်တာလား"
"ကျွန်တော်မသိဘူး"
ရှန့်ချန့်ယန်က ပြောရင်း မီးဖိုကို မြှင့်တင်ကာ မီးသွေးများကို လောင်းချပြီး မီးခဲများကို ရေဖြင့် ငြှိမ်းသတ်လိုက်သည်။
"မြောက်ပိုင်းဟွား ခရိုင် ၇ က ဒီနေရာကနေ ကီလိုမီတာ ရှစ်ဆယ် ဝေးတယ်"
ဟိုင်ရိ: ...
ရှန့်ချန့်ယန်: "သူက တစ်ခုခုကိစ္စရှိလို့ လမ်းကြုံရောက်လာတာ မဖြစ်နိုင်ဘူး၊ သူက ယာဉ်မောင်းနဲ့ ပစ္စည်းတွေ အများကြီး ခရိုင် ၇ ကနေ ယူလာတာ၊ သူက ညဘက်ကျမှ ထွက်သွားတာ၊ သူတို့နှစ်ယောက်ပဲ"
ဟိုင်ရိလည်း အံ့သြသွားသည်။
"ဒါဆို မင်းဘယ်လိုထင်လဲ"
ရှန့်ချန့်ယန်: ''တကယ်တော့ မသေချာဘူး၊ ကျွန်တော် ရမ်းသမ်းတွေးနေတာပါ"
ရှန့်ချန့်ယန်က သူ့ကို လှမ်းကြည့်လိုက်သည်။
"ကျွန်တော်မရှိတုန်း ခင်ဗျားရဲ့ဘေးကင်းရေးကို ဂရုစိုက်၊ ရမ်းသမ်းပြီး သူငယ်ချင်းတွေ မဖွဲ့နဲ့"
ဟိုင်ရိက သူ့ကို ကတိပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ တွေးလိုက်၏။
'ဒါဆို ဒါတွေအားလုံးက ရှန့်ချန့်ယန် သူ့ရဲ့ ဉာဏ်ရည်အားလုံးကို အသုံးပြုနေတာပဲ'
ဟိုင်ရိသည် ထူးဆန်းသည်ဟု တစ်စုံတစ်ရာ မခံစားရဘဲ၊ မိုက်မဲသော ဆံပင်ဝါသည် ပို၍ပင် သတိလက်လွတ် ဖြစ်နေမည်ဟု ယူဆခဲ့သည်။
ရှန့်ချန့်ယန်သည် စင်ကို မြှောက်တင်ကာ ကားနောက်ဖုံးထဲ ထည့်လိုက်ပြီး လက်ခုပ်တီးလိုက်၏။
ဟိုင်ရိ: "ဘယ်လိုအန္တရာယ်ရှိနိုင်မှာလဲ"
ရှန့်ချန့်ယန်က သူ့ကို ကြည့်ပြီးနောက် အကူအညီမဲ့သလို ပြုံးလိုက်သည်။
"ကျွန်တော်တို့က ဒီလိုကမ္ဘာမျိုးမှာပဲ ရှိနေတာလေ"
''ခင်ဗျားသာကျွန်တော့်ကိုမသိရင် ကျွန်တော့်လို လူတစ်ယောက်ရှိနေတာကို သိမှာမဟုတ်ဘူး၊ ခင်ဗျားက စည်းမျဉ်းတွေအတိုင်းပဲ လုပ်ဆောင်နိုင်မယ်လို့ ထင်လိမ့်မယ်"
ဟိုင်ရိ နားလည်လိုက်သည်။ ဤကမ္ဘာအကြောင်း မသိသေးတာတွေ အများကြီးရှိနေတာမို့ မှောင်မိုက်ထဲမှာ ရှိနေသေးတာတွေ အများကြီး ရှိနေသေး၏။
ဟိုင်ရိ: ဒါဆို ဘာလုပ်ရမလဲ"
ရှန့်ချန့်ယန်က ဟိုင်ရိ၏ မျက်နှာကို ညှစ်ရင်း ပြောလိုက်သည်။
''သတိထားပါ''
သူက ခေါက်ကုလားထိုင်တွေကို သိမ်းရင်းနှင့်ပင်
"စတီယာရင်ကို သတိထားပြီး ကိုင်ထားလိုက်၊ လှေက ဆက်တိုက် ရွက်လွှင့်သွားလိမ့်မယ်”
နောက်တစ်နေ့ မနက်...
ဟိုင်ရိသည် အိပ်ရာပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ နှိုးစက်မြည်လာ၏။ ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေသော ရှန့်ချန့်ယန်သည် စောင်များကြားမှ လက်တစ်ဖက်ကို လျင်မြန်စွာ ဆန့်ထုတ်ကာ ပထမအကြိမ် မြည်သံမကုန်မီပင် ပိတ်လိုက်သည်။ ဟိုင်ရိ၏ ခြေထောက်သည် သူ့အပေါ်သို့ တင်ထားဆဲဖြစ်ပြီး အိပ်ပျော်နေဆဲဖြစ်၏။
တိတ်ဆိတ်စွာပင် ရှန့်ချန့်ယန်သည် သူ့အား အပြုံးဖြင့် ခဏမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ခဏအကြာတွင် သူသည် ဟိုင်ရိ၏ ခြေထောက်ကို ညင်သာစွာ ရွှေ့လိုက်၏။ ဟိုင်ရိသည် ပင်ပန်းနေပုံရသည်။ သူသည် မျက်မှောင်ကြုတ်ကာ လှည့်ပြီး ဆက်အိပ်နေ၏။
ရှန့်ချန့်ယန် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။ သူ့အဝတ်အစားများနှင့် ဟိုင်ရိ၏ အဝတ်အစားများကို ပေါင်းထား၏။ သူ ဟိုင်ရိပိုင်ဆိုင်သော သာမန်အရောင် ဆွယ်တာအင်္ကျီကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး အနက်ရောင် ဂျော့ဂါဘောင်းဘီကို ဝတ်ကာ ဖိနပ်စီးလိုက်သည်။ သူသည် ဟိုင်ရိ မနေ့က ထုပ်ပိုးထားသော ခရီးဆောင်အိတ်ကို တံခါးဝတွင် ကောက်ယူလိုက်၏။ ထို့နောက် သူ လှည့်ကာ ဟိုင်ရိ၏ မျက်နှာကို စောင်များကြားမှ ဆွဲထုတ်ပြီး ပါးကို ညင်သာစွာ နမ်းလိုက်သည်။
ဟိုင်ရိသည် မျက်လုံးများကို မှေးမှိတ်ကာ တစ်ခုခု ခံစားမိသလို ဖွင့်ကြည့်လိုက်သည်။ ရှန့်ချန့်ယန်သည် သူ့ကို ကြည့်နေပြီး ကုတင်ဘေးတွင် ထိုင်နေ၏။ ဟိုင်ရိ မျက်လုံးမှေးမှိတ်လျက်ပင် မေးလိုက်၏။
"ဒီလိုပဲ ထွက်သွားတော့မလို့လား"
"အင်း"
ရှန့်ချန့်ယန် ပြန်ဖြေလိုက်သည်။
နောက်ဆုံးတွင် ရှန့်ချန့်ယန်သည် ဟိုင်ရိကို နှိုးခြင်းမှ သူ့ကိုယ်သူ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ဒီလိုမျိုးပဲ ထွက်သွားချင်စိတ် မရှိခဲ့ပေ။
"ခင်ဗျားနိုးရင် ကျွန်တော့်ကို နောက်မှ ဖုန်းဆက်လိုက်"
ဟိုင်ရိ: "ကောင်းပြီ"
သူသည် အိပ်ငိုက်နေဆဲဖြစ်သည်။
ရှန့်ချန့်ယန်သည် သူ့မျက်နှာကို ထိလိုက်ရာ ဟိုင်ရိက လက်ဖြင့် ပုတ်ထုတ်လိုက်သည်။
"ဘာလုပ်နေတာလဲ၊ ငါရုပ်ဆိုးနေတယ်"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါးပင်
"ရုပ်မဆိုးပါဘူး၊ နောက်ထပ်တစ်ခါလောက်နမ်းပါဦး၊ ကျွန်တော်သွားရတော့မယ်"
ဟိုင်ရိသည် နိုးလာခြင်းကြောင့် စိတ်တိုနေသည်။ သေလောက်အောင် ပင်ပန်းနေသဖြင့် မလှုပ်ရှားနိုင်ခဲ့ပေ။ ရှန့်ချန့်ယန်သည် ပို၍ နီးကပ်လာပြီး နောက်ထပ်တစ်ခါ နမ်းလိုက်၏။
"သွားတော့မယ်"
ဟိုင်ရိက မသက်မသာဖြင့်
"မင်းစောစောပြန်လာမယ်လို့ ပြောခဲ့တယ်လေ"
“အင်း”
ရှန့်ချန့်ယန်က ပြန်ဖြေလိုက်သည်။
''အိပ်တော့"
သူတို့၏ နှုတ်ဆက်ခြင်းသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ ဟိုင်ရိ၏ အိပ်ငိုက်ခြင်းသည် ရှန့်ချန့်ယန်ကြောင့် လွင့်စင်လုနီးပါး ဖြစ်နေပြီး သူ့ကို လိုက်ပို့ရန်ပင် ထရပ်ခဲ့၏။ ရှန့်ချန့်ယန် နောက်ဆုံးတွင် ထွက်သွားသောအခါမှသာ ဟိုင်ရိ ပြန်လှဲချလိုက်သည်။ သူ အိပ်ချင်စိတ် မရှိတော့ပေ။
သို့သော် အိပ်မပျော်လျှင် နာကျင်မှုနှင့် မသက်မသာမှုတို့က ခေါင်းထောင်လာမည်ဖြစ်၏။ ခဏတာမျှ သူ့ကို အတင်းနှိုးခဲ့သည့်အတွက် ရှန့်ချန့်ယန်ကို စိတ်ဆိုးပြီး WeChat ဖွင့်ကာ ဆူပူရန် ပြင်ဆင်လိုက်သည်။
အခြားတစ်ဖက်တွင် ရှန့်ချန့်ယန်သည် ဓာတ်လှေကားထဲသို့ ဝင်ရောက်နေသည်။
တံခါးစောင့်သည် သူ၏ဝတ်စားဆင်ယင်မှုကို စကင်ဖတ်ကြည့်ပြီး ဓာတ်လှေကားခလုတ်ကို ပေါ့ပေါ့ဆဆ နှိပ်လိုက်၏။ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"တာဝန်လား"
ရှန့်ချန့်ယန်သည် သူ့ဖုန်းဖြင့် မနက်စာကို အခန်းသို့ ပို့ပေးရန် မှာကြားနေသည်။
"အင်း"
တံခါးစောင့်: ''အဲချောတဲ့ ကောင်လေးကရော"
ရှန့်ချန့်ယန်: ''အိပ်နေတယ်"
တံခါးစောင့်၏ အကြည့်တွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ရှိလာသည်။
"ဪ..."
ရှန့်ချန့်ယန် ဟိုင်ရိ၏ WeChat မက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် ပြုံးလိုက်သည်။ သူသည် တံခါးစောင့်ကို ယဉ်ကျေးသော ကောင်လေးကြီးတစ်ယောက်လို မော့ကြည့်လိုက်၏။
"တာဝန်က နည်းနည်းအန္တရာယ်များတယ်"
ထိုအချိန်တွင် နေရောင်ခြည်သည် တောက်ပစွာ ထွန်းလင်းလာပြီး ပန်းပေါင်းများစွာ ပွင့်လန်းလာသည်။
တံခါးစောင့်ပင် ခဏတာမျှ စွဲဆောင်ခံလိုက်ရပြီးနောက် သူ မေးချင်သည့်အရာကို ပြန်သတိရသွား၏။
"မင်း တစ်ယောက်တည်းသွားရင် အန္တရာယ်မရှိဘူးလား"
ရှန့်ချန့်ယန်က သူ့ကို ကြည့်ရင်း ညင်သာစွာပင် ပြန်လည်ပြောလိုက်သည်။
"ငါတကယ် ထွက်သွားရင်တောင် ချက်ချင်းပြန်လာမှာပါ”
တံခါးစောင့်: ...
တစ်နည်းအားဖြင့် သူ ထွက်သွားရင်တောင် ဤကမ္ဘာကို ချက်ချင်းပြန်လာမှာလား...
ဓာတ်လှေကားသည် ပထမထပ်သို့ ရောက်ရှိလာသည်။ ရှန့်ချန့်ယန်သည် ဖုန်းကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ထွက်သွား၏။
တံခါးစောင့်သည် သူ့နောက်မှ စိုက်ကြည့်နေပြီး တီးတိုးရေရွတ်လိုက်သည်။
"မင်းအခု လုံးဝသက်သာသွားပြီလို့ ငါထင်နေတာ၊ ဒီလောက်ကြာနေပြီ...ဒါပေမဲ့ ဘာမှ မတိုးတက်လာသေးဘူးပဲ”
🌟🌟🌟