Chapter : 74 ( သဲလွန်စများ [4] )
Viewers 3k

ဟိုင်ရိသည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အတွေးများဖြင့် လွန်ဆွဲနေသည်။ ညက အကြောင်းကို တွေးမိကာ သူ့မျက်နှာ နီမြန်းလာ၏။ ရှန့်ချန့်ယန်က... သူ့မျက်ဝန်းအတွင်းမှာ အလွန်ချောနေခဲ့သည်။

မျက်နှာနီမြန်းနေသော ဟိုင်ရိသည် စာတိုဖြင့် ရှန့်ချန့်ယန်ကို ဆူပူလိုက်သည်။

ရှန့်ချန့်ယန်က သူ့ကို ခွင့်လွှတ်ပေးရန် တောင်းပန်နေသော လူပုံငယ်နှစ်ခု၏ စတစ်ကာများကို ပို့လိုက်၏။

ဟိုင်ရိ သူ့ကို ဘေးသို့ကန်လိုက်ပြီး ရှန့်ချန့်ယန်၏ နာမည်ကို 'ယောကျ်ား [နေမင်း]' ဟု ပြောင်းလိုက်သည်။

ရှန့်ချန့်ယန်က ဟိုင်ရိအတွက် မှတ်သားထားသော နာမည်သည် အမြဲတမ်း နှလုံးသားသင်္ကေတဖြစ်၏။ ဟိုင်ရိသည် သူ့အတွက် WeChat စကားပြောခန်းကို pin ထောက်ထားသည်။ ရှန့်ချန့်ယန်က ထိုအရာကို မြင်သောအခါ သူ စိတ်မကျေနပ်ဟု ဟိုင်ရိ ထင်မှတ်သည်အထိ အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ရှန့်ချန့်ယန်က သူ့ဖုန်းကို ကောက်ကိုင်ပြီး စစ်ဆေးကြည့်လိုက်၏။

ရှန့်ချန့်ယန်: "ဒါဘာလဲ"

ဟိုင်ရိ: ...

ဟိုင်ရိမေးလိုက်သည်။

"မင်း မသိဘူးလား၊ ဒါကို ပင် (pin) ထောက်တယ် လို့ခေါ်တယ်"

ရှန့်ချန့်ယန် တကယ်ပင် မသိခဲ့ပေ။ သူ ဒါကို တစ်ခါမှ မသုံးဖူးခြင်းဖြစ်သည်။ များသောအားဖြင့် သူသည် လက်ရှိခေတ်နှင့် အနည်းငယ် ကွဲပြားနေပုံရသည်။ သူ၏ အဝတ်အစားများ ခေတ်မီပြီး လှပနေခြင်းသည် အနုပညာအပေါ် သူ၏ အာရုံခံစားမှုကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ခေတ်နှင့်မလိုက်အောင် ရုန်းကန်နေရသော အသက်ကြီးသူတစ်ယောက်နှင့်တူပြီး အကြောင်းအရာများစွာကို နားမလည်ခဲ့ပေ။

ဟိုင်ရိ၏ နှလုံးသားသည် သူ့အတွက် တစ်ခါတစ်ရံ နာကျင်ရသည်။ သို့သော် နောက်ပိုင်းတွင် သူ တွေးမိသည်မှာ ရှန့်ချန့်ယန်၏ လက်ရှိခေတ်ရေစီးကြောင်းနှင့် မလိုက်လျောနိုင်ခြင်းက သူ့ကို ပိုမိုပျော်ရွှင်သောဘဝကို ဦးဆောင်စေနိုင်သည်ဟု တွေးမိ၏။ မဟုတ်ပါက ရှန့်ချန့်ယန် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများက ပို၍ကြီးမားလာပေမည်။ ၎င်းသည် ရှန့်ချန့်ယန်၏ ကိုယ်ကိုကိုယ် ထိန်းသိမ်းကာကွယ်ခြင်း ယန္တရား ဖြစ်နိုင်ပါသည်။

တစ်ဖက်တွင် ရှန့်ချန့်ယန်က ပြောလိုက်သည်။

[ ကျွန်တော် ဘတ်စ်ကားပေါ် ရောက်ပြီ ]

ဟိုင်ရိသည် ပျင်းရိစွာ ကုတင်ပေါ်တွင် လှဲနေရင်း မေးလိုက်သည်။


[ အနီးအနားမှာ ချစ်စရာကောင်းတဲ့သူတွေ ရှိလား ]

ရှန့်ချန့်ယန်က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့ရုပ်ရည်သည် ဘတ်စ်ကားပေါ်ရှိ လူများစွာ၏ အာရုံကို ဖမ်းစားထားပြီး သူတို့၏အကြည့်များက သူ့အပေါ်၌သာ ဝဲနေ၏။ ဒီခံစားချက်ကို အသားကျနေပြီဖြစ်သော ရှန့်ချန့်ယန်သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အကဲခတ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။

ရှန့်ချန့်ယန်: [ တစ်ယောက်မှ မတွေ့ပါဘူး ]

ဟိုင်ရိက ပြန်ဖြေသည်။

ဟိုင်ရိ: [ သူတို့ကို မင်းရဲ့ WeChat အကောင့် မပေးမိစေနဲ့ ]

ရှန့်ချန့်ယန်၏ နှုတ်ခမ်းထောင့်စွန်းများ ပြုံးလိုက်သည်။

ရှန့်ချန့်ယန်: [ ဘယ်သူမှ ကျွန်တော့်ကို မတောင်းပါဘူး ]

သူ မက်ဆေ့ချ်ပို့ပြီးခါစတွင် မိန်းကလေးတစ်ယောက်၏ အသံက အပေါ်ဘက်မှ ထွက်ပေါ်လာသည်။

မိန်းကလေး: "ရှင်က ရှန့်ချန့်ယန်လား”

ရှန့်ချန့်ယန်က မျက်လုံးမှေးစင်းကာ သူမကို မော့ကြည့်လိုက်သည်။

"အင်း"

မိန်းကလေးက ကီမိုနိုဝတ်ထားပြီး၊ ဆံပင်ကို အရောင်မျိုးစုံဆိုးထားကာ၊ ခေါင်းမှ ခြေဖျားအထိ အရောင်တောက်တောက် အဝတ်အစားများ ဝတ်ဆင်ထား၏။ သူမ၏ မျက်သူငယ်အိမ်များက ကြောင်မျက်လုံးနှင့်တူသည်။ သူမက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"ရှင့်ကို WeChat မှာ add လို့ရမလား"

ရှန့်ချန့်ယန်: ...


ရှန့်ချန့်ယန်က ညင်သာစွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ လက်မှတ်တော့ ထိုးပေးလို့ရပါတယ်"

ထိုမိန်းကလေးက အနည်းငယ် နောင်တရသွားသော်လည်း စက္ကူနှင့် ဘောပင်ကို မရှာတော့ပေ။ လမ်းကြားတစ်လျှောက် ရပ်နေရင်း သူမက ပြောလိုက်၏။

"ရှင့်ကို ကျွန်မ အရမ်းကြိုက်တယ်"

"ကျေးဇူးတင်ပါတယ်"

ရှန့်ချန့်ယန်က ပြုံးလိုက်သည်။ သူ့လေသံက ယဉ်ကျေး၏။

နောက်ထပ် မက်ဆေ့ချ်တစ်ခုက ဟိုင်ရိထံမှ ရောက်လာသည်။

ဟိုင်ရိ: "ယောကျာ်းလေးတွေအတွက်လည်း မရဘူး"

ရှန့်ချန့်ယန်၏ အပြုံးတွင် သိမ်မွေ့သော နွေးထွေးမှုတစ်ခု ရှိနေပြီး သူ့အကြည့်က ညင်သာသည်။ သူ့တစ်ကိုယ်လုံး နေရောင်ခြည်နှင့် ဖုံးအုပ်ထားသလို ဖြစ်နေ၏။ မိန်းကလေးက သူ့ဖုန်းစခရင်ကို ခိုးကြည့်လိုက်သည်။ ရှန့်ချန့်ယန်က သူ့မျက်လုံးထောင့်မှ သူမကို ကြည့်လိုက်ပြီး သူ့ဖုန်းကို သိမ်းလိုက်ကာ ခေါင်းကိုမော့ပြီး စူးစမ်းလိုက်၏။

ထိုမိန်းကလေးသည် ရှန့်ချန့်ယန်၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမလှည့်ကြည့်ကာ မေးလိုက်၏။

"ရှင်လည်း တစ်ယောက်တည်း လာတာလား"

စိတ်မဝင်စားသော ရှန့်ချန့်ယန်သည် ပေါ့ပေါ့ဆဆပင် ခေါင်းညိတ်လိုက်သည်။ သူသည် ပရိသတ်အမျိုးမျိုးကို မြင်ဖူး၏။ တစ်ခါတစ်ရံတွင် သူတို့သည် သူ့ကို တကယ်ကြိုက်သည် မကြိုက်သည်ကို မျက်နှာပေါ်တွင် ပေါ်လွင်နေတတ်သည်။ သူ အသက်ရှင်စဉ်တုန်းက လေဆိပ်တွင် စောင့်ဆိုင်းနေသော လူအနည်းငယ်ထက်မက သူ့ကို စစ်မှန်စွာ ချစ်ခင်ကြသည်။ သူတို့ထဲမှ အများစုသည် နာမည်ကြီးများ ဖြစ်သောကြောင့် ဓာတ်ပုံရိုက်ရုံသာ ရိုက်ကြ၏။ သို့သော် သူ့ကို စစ်မှန်စွာ နှစ်သက်သူများလည်းရှိကြသည်။

လေဆိပ်တွင် ခရီးသွားတိုင်း သူ့နောက်လိုက်တတ်သော လူများစွာရှိပြီး အချို့မှာ ကိုရီးယားစကားပြောကြကာ အချို့မှာ တရုတ်စကားပြောကြ၏။ သူတို့သည် သူ့နောက်မှ လိုက်ပြီး ထမင်းစားပြီးပြီလား၊ ဘာကြောင့် ထပ်ပိန်သွားတာလဲဟု မေးတတ်ကြသည်။


ရှန့်ချန့်ယန်သည် ချစ်ခြင်းမေတ္တာများစွာကို ရရှိခဲ့သော်လည်း ထို့ကြောင့်ပင် ပိုမိုဖိအားများ ခံစားခဲ့ရသည်။ သူသည် သူ့ပရိသတ်များကို ကာကွယ်ရန် နည်းလမ်းမရှိ၊ သူတို့၏ ချစ်ခြင်းမေတ္တာကို စွန့်လွှတ်ရုံသာ ရှိ၏။ ဤမညီမျှမှုက သူ့ကို အကူအညီမဲ့စေပြီး ရှက်ရွံ့စေသည်။ ဤရွှံ့နွံထဲတွင် နစ်မြုပ်နေရင်း သဲမြန်ထဲ ကျသွားသကဲ့သို့ ပို၍နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွား၏။ သူသည် မိမိကိုယ်ကို ကယ်တင်ရန် နည်းလမ်းမရှိခဲ့ပေ။

သူ အသက်ရှင်စဉ်က ဟိုင်ရိကို မြင်ဖူးကြောင်း မှတ်မိသည်။

ပေကျင်းတွင် သူ့နောက်ဆုံးအချိန်ဇယားတွင် သူသည် သေခြင်းတရားနှင့် တွေ့ဆုံရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ၎င်းသည် ပရိသတ်များကို နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်သောကြောင့် သူသည် မျက်နှာတိုင်းကို အလွန်ဂရုတစိုက် မှတ်မိအောင် ကြည့်ခဲ့၏။ နောင်တ တရားက သူ့နှလုံးသားထဲတွင် ပြည့်လျှံနေသည်။ ဤလူများသည် သူနှုတ်ဆက်နေသည်ကို မသိကြပေ။

ရှန့်ချန့်ယန်သည် အဝေးမှ လမ်းမီးတိုင်အောက်တွင် ရပ်နေသော ချောမောသော အမျိုးသားတစ်ဦးကို မြင်လိုက်သည်။ သူ့ကို စိုက်ကြည့်နေ၏။ သူသည် ပူစီနံအရောင်ရှိ လည်ပင်းဝိုင်း တီရှပ်ပေါ်တွင် အဖြူရောင် လည်ပင်းကျယ် အင်္ကျီကို ဝတ်ဆင်ထားသည်။ သူတွင် ဖြူဝင်းသောအသားအရေနှင့် နက်ရှိုင်းသော မျက်ခုံးမွှေးနှင့် မျက်လုံးများရှိ၏။ သူသည် အာရှသားနှင့် မတူပေ။ ညဘက်တွင် သူ၏ အလှမှာ ပို၍ပင် ထူးခြားနေသည်။ သူသည် အလွန်အမင်း မျက်စိပသာဒဖြစ်သောကြောင့် ရှန့်ချန့်ယန်၏ အကြည့်က သူ့ကို ဖြတ်သန်းသွား၏။ နှစ်ကြိမ်စလုံးတွင် ထိုအမျိုးသားက သူ့ကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ လက်ထဲတွင် ကိုင်ထားသော စီးကရက်မှ မီးခိုးငွေ့များသည် ညဘက်သို့ ဖြည်းညှင်းစွာ လွင့်မျောသွားသည်။ သူ့အမြင်အာရုံသည် ရှန့်ချန့်ယန်၏ အသားအရေပေါ်တွင် တွယ်ကပ်နေ၏။ ရှန့်ချန့်ယန် လှည့်ထွက်ပြီး ဝေးဝေးသို့ လျှောက်သွားသည့်တိုင် သူ၏ အကြည့်သည် ကျန်ရှိနေဆဲဖြစ်သည်။

ရှန့်ချန့်ယန် နောက်တစ်ကြိမ် သူ့ကို မြင်တွေ့ရသည်မှာ ဤကမ္ဘာတွင် လုပ်ငန်းတစ်ခု လုပ်ဆောင်နေစဉ်ဖြစ်သည်။

ဟိုင်ရိက သူ့ကို ရိုးသားစွာ အလေးထားခဲ့သည်ကို သူ ပြောပြနိုင်ခဲ့၏။ သို့သော် သူ့ရှေ့ရှိ ဤမိန်းကလေးမှာတော့ မဟုတ်ခဲ့ပေ။

ရှန့်ချန့်ယန်က ဟိုင်ရိ၏ မက်ဆေ့ချ်ကို ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ဟိုင်ရိသည် ရှန့်ချန့်ယန် သယ်လာသော ခရီးဆောင်အိတ်ကို စစ်ဆေးနေစဉ် ဆံပင်သုတ်ပဝါ ထည့်ဖို့ မေ့သွားသည်ကို နောင်တရစွာ သဘောပေါက်လိုက်သည်။ ထို့နောက် ရှန့်ချန့်ယန်က သူ့ဆံပင်ကို တိုအောင် ညှပ်ထားသည်ကို သတိရသွားပြီး ဆံပင်မခြောက်လည်း ကိစ္စမရှိကြောင်း သိလိုက်၏။ ဤသို့ဖြင့် သူသည် သူ့ကိုယ်သူ ခဏတာ ရေရွတ်နေခဲ့သည်။

ရှန့်ချန့်ယန်က မျက်နှာသုတ်ပဝါနှင့် ပတ်သက်ပြီး ဘာကြောင့် ဒီလောက် စိုးရိမ်ပူပန်နေရသည်ကို နားမလည်ခဲ့ဘဲ သူ့အစား မေးလိုက်သည်။

ရှန့်ချန့်ယန်: [ မနက်စာ ရောက်ပြီလား ]


ဟိုင်ရိသည် ရေချိုးခန်းထဲတွင် မျက်နှာသုတ်ပဝါအကြောင်း စိတ်ပူနေ၏။ သူ မက်ဆေ့ချ်ကို မပြန်နိုင်မီတွင် တံခါးဘဲလ် ရုတ်တရက် မြည်လာသည်။ သူ တံခါးဖွင့်ရန် သွားသောအခါ ဆံပင်ဝါသည် အစားအသောက် အပုံလိုက်ကြီးနှင့် ဝင်လာ၏။

အံ့သြသွားသော ဟိုင်ရိသည် ရယ်ရမလား ငိုရမလား မသိတော့ပေ။

"သူ အစားအသောက်မှာတယ်ပြောတာက မင်းကို ဝယ်ခိုင်းတယ်လို့ ပြောတာလား"

"အာ"

ဆံပင်ဝါက မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်သည်။ ရှန့်ချန့်ယန်က ဟိုင်ရိကို မနက်က အစားအသောက်မှာခိုင်းထားကြောင်း ဆံပင်ဝါ မသိခဲ့ပေ။

ဆံပင်ဝါ: "ယန်ကောက ကျွန်တော့်ကို ခင်ဗျားနဲ့ မနက်စာ စားခိုင်းတယ်"

ဟိုင်ရိသည် ထိုအရာကို မသိလျှင် ပိုကောင်းသည်ဟု စိတ်ထဲမှ တွေးလိုက်သည်။ မဟုတ်ပါက သူသည် ရှာလကာရည် ထပ်စားနေရလိမ့်မည်။

"သေချာလား၊ ငါတို့ ဘာစားကြမှာလဲ"

ဆံပင်ဝါ: "ပျားရည် ကြက်သားထမင်း"

ဟိုင်ရိ: ...

ဟိုင်ရိက မေးလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ...မနက်စောစော အဆီအစိမ့်တွေ စားနေတာလား၊ ညက BBQ တွေ အဝမစားရသေးဘူးလား"

ဆံပင်ဝါက ဒေါသမထွက်ခဲ့ချေ။ သူက အပြင်စာထည့်ထားသော အိတ်ကြီးကို စားပွဲပေါ်သို့ ပျော်ရွှင်စွာ ချလိုက်ပြီး ဗူးတစ်ဗူးကို ထုတ်လိုက်သည်။

"ဒါက နေ့လယ်စာ၊ ဒါက ညစာ၊ ဒါက... အော်...ဒါက မနက်စာ"


ဟိုင်ရိ ယူလိုက်၏။ ၎င်းသည် မြောက်ပိုင်း ရှူးမိုင် တစ်ဗူးဖြစ်သည်။

ဆံပင်ဝါ: "ဒီနေ့တော့ အိမ်မှာပဲ ကစားကြမယ်"

ဟိုင်ရိက ကုတင်ဘေးတွင် ထိုင်ပြီး အပြင်စာဗူးကို ဖွင့်လိုက်သည်။

"မင်းရည်းစားနဲ့ အချိန်မဖြုန်းဘူးလား"

ဆံပင်ဝါ: "သူ(မ) သူ့သူငယ်ချင်းတွေနဲ့ ဆံပင်နဲ့ လက်သည်းသွားလုပ်တာ၊ တစ်နေကုန်ကြာလောက်တယ်"

ဟိုင်ရိ: "မင်း သူ(မ)နဲ့ အတူမသွားဘူးလား"

ဆံပင်ဝါ: "သူ(မ)က ကျွန်တော့်ကို မလိုဘူး၊ ဘာလို့လဲ...ခင်ဗျား ကျွန်တော် ဒီမှာရှိတာကို မလိုချင်ဘူးလား၊ ခင်ဗျား အမြဲတမ်း ကျွန်တော့်ကို မောင်းထုတ်နေတာပဲ"

"မဟုတ်ဘူး၊ မဟုတ်ပါဘူး"

ဟိုင်ရိက အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် ဘယ်လိုလုပ်ရဲပါ့မလဲ၊ ဒုတိယ သူဌေးကြီးရယ်...ကျွန်တော်က ခင်ဗျားတို့ လူကြီးတွေရဲ့ အကြီးစားစီးပွားရေးကို နှောင့်နှေးမှာ စိုးရိမ်လို့ပါ"

ဆံပင်ဝါက သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ခင်ဗျားပဲနိုင်တယ်"

သူ့ဖုန်းကို နောက်ကျောအိတ်ကပ်ထဲမှ ထုတ်ယူပြီး အချိန်အတော်ကြာ မောက်မာစွာ လှိမ့်ကြည့်ပြီးနောက် ဟိုင်ရိကို ပြသရန် ဓာတ်ပုံတစ်ပုံကို ရွေးလိုက်သည်။ ၎င်းသည် ပန်းရောင် filter ပါသော မိန်းကလေးတစ်ယောက်၏ ဆယ်လ်ဖီဖြစ်၏။ သူမတွင် မျက်လုံးကြီးကြီးများနှင့် မျက်ခုံးမွှေးရှည်ကြီးများ ရှိသည်။ အပြစ်ကင်းပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ပင်။

🌟🌟🌟