Ch 2
Viewers 8k

🥬 Chapter 2

🥬 Heading to the Countryside with a Heavy heart (2)




စုလင် နှုတ်ခမ်းကိုညင်သာစွာကိုက်ပြီး သူ့ မည်းနက်သောမျက်လုံးများထဲ ဇွဲသတ္တိအလင်းရောင်များဖြင့်တောက်ပလို့နေသည်။ 


"ငါ သွားရမယ်၊ ရှောင်ကျိုး"


သူသည် မိမိအား ဖိအားပေးနေသော အိမ်၏နံရံများကြားတွင် နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်းသိသည်။ အရိပ်ယောင်များကို သူကြောက်နေပြီး တစ်ချိန်က ဖူးပွင့်ခဲ့သောအချစ်သည် ခါးသက်သော အမျက်ဒေါသအဖြစ်ပြောင်းလဲသွားမည်ကိုစိုးရိမ်နေသည်။


လွန်ခဲ့သော နှစ်ညခန့်က၊ သူ ပြင်းစွာအဖျားကြီးခဲ့သည်။ အားနည်းနေသော ခန္ဓာကိုယ်ဖြင့် aspirin ဆေးပြားများကို ရှာဖွေရန် အားအင်တစ်ခုလုံးကိုစုစည်းခဲ့သည်။ နောက်တစ်နေ့တွင် သူ အားနည်းမှုကြောင့် အိပ်ရာထဲလဲနေခဲ့သည်။ အိမ်စောင့်အမျိုးသမီးသည် သူနေမကောင်းဖြစ်နေသည်ကိုသိရှိသွားသောအခါ စိုးရိမ်ပူပန်မှုဖြင့် သူ့ကိုဆေးရုံသို့ အလျင်အမြန်ပို့ဆောင်စီစဉ်ခဲ့သည်။


ထိုအချိန်တွင် စုလင်သည် IV ပိုက်တပ်ထားသော ဆေးရုံအိပ်ရာထဲ တစ်ယောက်တည်းလဲနေပြီး အိမ်စောင့်၏မရပ်မနားပြောနေသော စကားများကြားမှ အရာအားလုံးကိုရှင်းလင်းစွာနားလည်သွားခဲ့သည်။


နှလုံးသားထဲမည်မျှပင် နက်ရှိုင်းစွာအမြစ်တွယ်နေသောအချစ်ဖြစ်ပါစေ၊ အချိန်ကုန်လာသည်နှင့်အမျှ မုန်းတီးမှုသို့ပြောင်းလဲသွားမည်ဖြစ်သည်။ အချစ်မီးတောက်များငြိမ်းသွားသောအခါ လူနှစ်ဦးကြားရှိနှောင်ကြိုးသည်လည်း ပျောက်ကွယ်သွားမည်ပင်။


ထို့ကြောင့် လက်ထပ်မှတ်ပုံတင်သည်တဖြည်းဖြည်း ခြေချင်းချည်သဖွယ်ဖြစ်လာမည်ဆိုပါက ကောင်းမွန်စွာကွာရှင်းခြင်းသည်သာအကောင်းဆုံးဖြစ်မည်။


လင်းကျိုးသည် မော်တော်ကားကို တစ်နာရီမိုင် ၁၀၀ အမြန်နှုန်းဖြင့် မောင်းနှင်လျက်ရှိသည်။


"မင်းအဖိုးရဲ့ သေတမ်းစာက စိတ်ချရလို့လား" ဟု လင်းကျိုး သံသယဖြင့်မေးမြန်းခဲ့သည်။


"စိတ်ချရတယ် ထင်တာပဲ" 


လွန်ခဲ့သော နှစ်ပတ်က H မြို့မှ ရှေ့နေတစ်ဦး၏မမျှော်လင့်သောဖုန်းခေါ်ဆိုမှုကို သူ ရရှိခဲ့သည်။ ထိုရှေ့နေသည် စုလင်၏အဖိုး မှာ အချိန်မတန်မီကွယ်လွန်ပြီး သူ့အတွက် အတော်အတန်ကြီးမားသောအမွေများချန်ရစ်ခဲ့ကြောင်းပြောကြားခဲ့သည်။


စုလင်၏အဖိုးရှိခဲ့ကြောင်းကိုမူ သံသယဖြစ်စရာမလိုပေ။ သူသည် စုလင်၏ဖခင်ဘက်မှ အဖိုးဖြစ်သူ၏တိတိဖြစ်ပြီး တစ်သက်လုံးကျေးလက်တွင်နေထိုင်ခဲ့သူဖြစ်သည်။ စုလင်ငယ်စဉ်က ဖခင်ဖြစ်သူနှင့်အတူ ကျေးလက်သို့သွားရောက်ခဲ့စဉ် ထိုအဖိုးနှင့် တွေ့ဆုံခဲ့ဖူးသည်။


လွန်ခဲ့သောနှစ်ရက်အကြာကအထိ စုလင်သည် အဖိုး၏ အမွေအားစိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သို့သော် ယခုအခါ H မြို့သို့ခရီးထွက်လိုပြီး ကျေးလက်တွင် အေးအေးဆေးဆေးနေလိုသည့်ဆန္ဒပြင်းပြလာခဲ့သည်။


စုမိသားစုမှ နှင်ထုတ်ခံရသူဖြစ်သည့်အတွက် ကွာရှင်းပြတ်စဲပြီးနောက် သူ သွားစရာနေရာမရှိတော့ပေ။ ထိုသို့သောအခြေအနေတွင် အဖိုးဖြစ်သူ၏သေတမ်းစာသည် သူ့အတွက် အလင်းရောင်တစ်ခုသဖွယ်ဖြစ်လာခဲ့သည်။


စုလင်စိတ်ပြတ်သားစွာဆုံးဖြတ်ပြီးကြောင်းမြင်လိုက်ရသောအခါ လင်းကျိုး ထပ်မံနှိုးဆော်ခြင်းမပြုတော့ဘဲရပ်တန့်လိုက်သည်။


"ကျေးလက်မှာနေတာက မြို့ပြမှာလို အဆင်ပြေမှာတော့မဟုတ်ဘူး။ တကယ်လို့များ မင်း သည်းမခံနိုင်တော့ဘူးဆိုရင် ငါ့ကိုဖုန်းဆက်လိုက်၊ မင်း နေဖို့နေရာ ငါ စီစဉ်ပေးမယ်" 


"ကျေးဇူးပဲ" 


လက်ထပ်ပြီးနောက် သူ့ထံ သူငယ်ချင်းများတဖြည်းဖြည်းနည်းပါးလာသော်လည်း လင်းကျိုးသည် သူ့ဘဝတွင် အမြဲတမ်းရှိနေခဲ့သူဖြစ်သည်။ ဖုန်းဆက်လိုက်ရုံဖြင့် လင်းကျိုးသည် အမြဲလာရောက်ကူညီပေးခဲ့သည်။ ဤအကြိမ်တွင်လည်း လင်းကျိုးသည် နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးခဲ့သည်။


"ကျေးဇူးတင်စရာမလိုပါဘူး။ ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်ဖူးလား" ဟု လင်းကျိုးက ပြုံးရယ်ကာပြောသည်။ 


"မင်း ငါ့ကို တော်တော်ယုံကြည်တဲ့ပုံပဲနော်။  ငါ့နာမည်အောက်မှာ မင်း ဖွင့်ထားတဲ့ဘတ်ကဒ်ထဲ ဆယ်သန်းတောင်ထည့်ထားတာဆိုတော့"


သူ့လက်ပေါ်ရှိစိန်လက်စွပ်ကိုကြည့်ကာ စုလင် ခေါင်းကိုခါလိုက်ပြီး "မင်းနဲ့ CEO ဖူက ဘီလီယံနာတွေဖြစ်နေပြီကို ငါ့ရဲ့ အဲ့ဒီမပြောပလောက်တဲ့ဟာကို မက်စရာလိုလို့လား ?" 


လင်းဖုန်း၏ သူ့အားခြေရာခံနိုင်စွမ်းကိုကောင်းစွာသိထားသော စုလင်သည် လင်းကျိုးအမည်ဖြင့် ဖုန်းနံပါတ်အသစ်နှင့် ဘဏ်ကတ်အသစ်ရယူခဲ့သည်။ ကွာရှင်းပြတ်စဲတော့မည်ဖြစ်သောကြောင့် သူ လုံးဝကွဲထွက်လိုခြင်းပင်။


ကားသည် လမ်းခွဲဂိတ်သို့ရောက်ရှိလာသောအခါ အရှိန်လျှော့ကာ အခြားယာဉ်များနောက်သို့ဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။


"ငွေကြေးအခက်အခဲရှိလာရင် ငါ့ကို ပြော" ဟု လင်းကျိုးက ညင်သာစွာပြောလိုက်သည်။


စူးလင်း နဖူးကြားများတွန့်လာပြီး မကျေမနပ်ဖြစ်ကာညည်းတွားလိုက်သည်၊


"တောမှာ နေထိုင်စရိတ်က ပိုတောင်သက်သာသေးတယ်။ ဒီတော့ ငွေအများကြီးသုံးစရာမလိုဘူး။ ချွေတာပြီးနေရင် ငွေကြေးအခက်အခဲမရှိဘဲ အေးဆေးဖြတ်သန်းနိုင်တယ်။ ပြီးတော့ ဒီဇိုင်းနာဆီအပ်ထားတဲ့ အဝတ်အစားတွေအားလုံးကိုထားခဲ့ပြီးသား၊ ဒီအရည်အသွေး သိပ်မကောင်းတဲ့အင်္ကျီကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဝယ်ထားတဲ့ဟာလေ။"


သူ့ပစ္စည်းများကို ထုပ်ပိုးရသည်မှာ သူ့အတွက် အင်မတန်ပင်ပန်းစရာကောင်းသည့် အလုပ်တစ်ခုဖြစ်နေခဲ့သည်။


မနေ့ညက အိမ်စောင့်အား အိမ်ပြန်ခွင့်ပေးပြီးနောက်၊ ယနေ့မနက်မှာ သူ့ပစ္စည်းတွေကို ကိုယ်တိုင် ထုပ်ပိုးဖို့ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အခန်းထဲရှိ ပစ္စည်းတေါအားလုံးရှုပ်ပွနေခဲ့သော်လည်း၊ သူ စျေးပေါကာ၊ အရည်အသွေးနိမ့်သည့် အဝတ်အစားတချို့အား ရွေးထုတ်ကာခရီးဆောင်အိတ်ထဲပစ်ထည့်လိုက်သည်။


ဒီဇိုင်းသေချာအပ်ထားတဲ့ အဝတ်အစားများအားချန်ထားခဲ့ခြင်းက အတော်လေးကောင်းမွန်သည့်ရွေးချယ်မှုတစ်ခုဖြစ်သည်။ ထိုပစ္စည်းများအား ထိန်းသိမ်းရသည့်ဒုက္ခကနေ လွတ်မြောက်နိုင်စေရုံသာမက၊ စျေးကြီးလှသည့် အခြောက်သန့်စင်ခအစရှသည့် အခကြေးငွေများကြောင့် သူ့ပိုက်ဆံအိတ်အားမထိခိုက်စေနိုင်တော့ပေ။


လင်းကျိုး ညာခြေဖြင့် ဘရိတ်အားဖြေးညင်းစွာနင်းလိုက်တဲ့ချိန် ကားသည် လမ်းပေါ်မှာဖြေးဖြေးချင်းသွားနေခဲ့သည်။ စူးလင်း၏စကားကိုကြားလိုက်ရချိန် လင်းကျိုး၏နှုတ်ခမ်းထောင့်ထက် အပြုံးတစ်ချက်ဖြာထွက်လာခဲ့သည်။


သူ့ရဲ့ ဒီရိုးသားသည့် မိတ်ဆွေလေးခမျာ ယနေ့ သူဝတ်ဆင်ထားသည့်အဝတ်အစားများ၏တန်ဖိုးသည် သန်းနှင့်ချီပြီးမြင့်မားမှန်းလုံးဝမသိခဲ့ပေ။


လင်းကျိုး လည်ချောင်းရှင်းလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။


"ဒါတော့ ဒါပေါ့၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းကြီးမနှိပ်စက်နေနဲ့ဦး"


"စိတ်မပူပါနဲ့၊ အဲ့လိုမလုပ်ပါဘူး။" စုလင် အားတင်းပြီးပြန်ဖြေလိုက်သည်။ ရင်ထဲစိတ်ဖိစီးနေသည့် စိတ်ညစ်စရာတွေကိုလွှတ်ချဖို့ သူနက်ရှိုင်းစွာအသက်ရှူလိုက်သည်။


"အခုခေတ်မှာ မြန်ချောပို့ဝန်ဆောင်မှုတွေကြောင့် အွန်လိုင်းကဝယ်တာဘယ်လောက်အဆင်ပြေလိုက်သလဲ ? Taobao ပေါ်ကနေ အဝတ်အစားတွေ အလွယ်တကူဝယ်လို့ရတယ်။"


Taobao ? သူ့ရဲ့ လူနေမှုအဆင့်အတန်းကျဆင်းမှုက နည်းနည်းလေးမများလွန်းဘူးလား ? သူ စိတ်ဆင်းရဲစရာဒုက္ခအိုးထဲကို ခေါင်းစိုက်ဆင်းနေသလိုပင်။


လင်းကျိုးက ထပ်ပြီးပြောလိုက်သည်၊


"အရင်က ငါ ပြောခဲ့သလိုပဲ၊ အကူညီလိုတဲ့အခါ ငါ့ကို ဖုန်းဆက်ဖို့မတွန့်ဆုတ်နဲ့။"


စူးလင်းက ငြိုငြင်သည့်အသံဖြင့်ပြောလိုက်သည်၊


"ငါတို့ အဆက်အသွယ်များနေရင်၊ လင်းဖန် မင်းကို ပြဿနာရှာမှာစိုးလို့။"

လင်းကျိုး မျက်ခုံးပင့်လိုက်ပြီး သစ္စာရှိရှိအာမခံလိုက်သည်၊


"စိတ်မပူပါနဲ့၊ ငါ့ ပါးစပ်က လုံပြီးသား၊ ဒါကြောင့် မင်းရဲ့ လျှို့ဝှက်ချက်က ငါ့ဆီမှာဆို ဘေးကင်းတယ်။"

စုလင်က ကျေးဇူးတင်စွာနဲ့ပြန်ဖြေလိုက်သည်၊


"ကျေးဇူးပဲကွာ၊ ငါ တကယ် မင်းကို ကျေးဇူးတင်တယ်။"


နှစ်နာရီအကြာမှာ၊ စုလင်သည် H မြို့၏လေဆိပ်ထွက်ပေါက်၌ ခရီးဆောင်အိတ်ကြီးလေးလုံးနှင့်ရုန်းကန်နေရပြီး၊ သူ့မျက်နှာထက် ချွေးသီးချွေးပေါက်တွေတွဲလဲခိုနေသည်။ သူ့ပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်ရှုရင်း၊ မျှော်လင့်ချက်နှင့် မသေချာမရေရာမှုတွေ သူ့မျက်လုံးထဲဖြစ်နေခဲ့သည်။


"ဟိုင်း၊ ခွင့်ပြုပါ… မစ္စတာစုလင်လား?" သူ့ဘေးမှ မရင်းနှီးသည့်အသံတစ်ခု ထွက်လာခဲ့သည်။

 

စုလင် ဘေးဘက်ကိုလှမ်းကြည့်လိုက်ရာ၊ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ အလယ်အလတ်အရွယ် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူ့ဆံပင်ကိုဂရုတစိုက်နဲ့ နောက်ပြန်ဖီးလိမ်းထားပြီး၊ သူတို့နှစ်ဦးရဲ့ မျက်လုံးများ လေထဲမှာတွေ့ဆုံခဲ့ကြသည့်အခါ မသေချာမှုတစ်ခုဝန်းရံနေခဲ့သည်။


"မင်္ဂလာပါ၊ ဟုတ်ကဲ့ ရှေ့နေကြီးလား မသိဘူး ?" စုလင် ယဉ်ကျေးစွာမေးလိုက်သည်။  


လူလတ်ပိုင်းလူကြီး၏မျက်လုံးထဲ အံ့အားသင့်မှုအရိပ်အယောင်တစ်ခုဖြတ်သန်းသွားပြီး၊ သူ့ မျက်နှာပေါ် ယဉ်ကျေးသောအပြုံးကိုဆက်ထိန်းထားလိုက်သည်။  


"ဟုတ်ကဲ့၊ ကျွန်တော်က ရှေ့နေကျန့်ပါ။ ဆယ်မိနစ်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒီကိုလာတဲ့လမ်းမှာ မမျှော် လင့်ဘဲ ယာဉ်ကြောပိတ်ဆို့မှုနဲ့တိုးခဲ့ရလို့ပါ။"  


စုလင် ဂရုမစိုက်သလိုပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ အတိအကျကို အချိန်ကောင်းမှာရောက်လာတာပါပဲ။ ကျွန်တော်လည်း ခရီးဆောင်အိတ်တွေကို ဆယ်မိနစ်လောက်စောင့်နေရတာ"  


မြေပြင်ပေါ်က အရွယ်အစားကြီးမားသည့် ခရီးဆောင်အိတ်ကြီးလေးလုံးကိုကြည့်ရင်း ရှေ့နေကျန့်က မသေချာသံနဲ့မေးလိုက်သည်။ "ဒီခရီးဆောင်အိတ်တွေက မင်း ဟာတွေလား?"  


စုလင် ခေါင်းညိတ်ပြီး ဖြေလိုက်သည်။

"ဟုတ်တယ်၊ အိမ်ကနေ အမြန်ထွက်လာရတော့ အဝတ်အစားနဲ့အနုပညာပစ္စည်းတွေကို ခရီးဆောင်အိတ်လေးလုံးစာပဲထုပ်လိုက်နိုင်တယ်လေ။"  


လေးလုံးစာပဲ ???


ရှေ့နေကျန့် မျက်နှာအမူအရာမှာ တစ်ခဏတာမတည်မငြိမ်ဖြစ်သွားပြီး၊ သူ အံ့အားသင့်မှုကိုဖုံးကွယ်ရန် အပြုံးတစ်ချက်ဖြင့်ဖုံးလိုက်ရသည်။  


"ကားရပ်ထားတဲ့ ကားပါကင်ကရှေ့နားမှာတင်၊ အခုသွားကြရတော့မလား?"


"အဆင်ပြေပါတယ်။" စုလင် ပြန်ဖြေလိုက်သည်။ သူစိမ်းသူဖြစ်သည့်အတွက် ရှေ့နေနှင့်အတူရှိခြင်းက အရာရာကိုလွယ်ကူစေမည်ဟု သိထားသည့်အတွက် သူ အလွန်စိတ်လှုပ်ရှားနေသည်။  


ဤအချိန်တွင် သူတို့နှစ်ဦးသည် ခရီးဆောင်အိတ်များကိုသယ်ယူရန် ပူးပေါင်းလုပ်ဆောင်ကြသည်။ ရှေ့နေကျန့်သည် ခရီးဆောင်အိတ်နှစ်လုံးကို ကျွမ်းကျင်စွာတွန်းနေစဉ်၊ စုလင်ကလည်း အခြားနှစ်လုံးကိုအခက်အခဲမရှိကိုင်တွယ်နိုင်ခဲ့သည်။ ညီညာချောမွေ့သောမြေပြင်သည် သူတို့အား ကားပါကင်သို့ အခက်အခဲမရှိရောက်ရှိစေခဲ့သော်လည်း၊ အရွယ်အစားကြီးမားသော ခရီးဆောင်အိတ်များကြောင့် မျှော်လင့်မထားသောပြဿနာတစ်ခုပေါ်ပေါက်လာခဲ့သည်။ ကားနောက်ဘက်တွင် နှစ်လုံးသာအကန့်အသတ်ဖြင့်ဆန့်သည့်အတွက်၊ ကျန်နှစ်လုံးအားနောက်ခန်းထဲတွင်ထည့်ရန်ဖြစ်လာခဲ့သည်။  


ရှေ့နေကျန့်သည် အံ့အားသင့်မှုဖြင့်  စုလင် ခရီးဆောင်အိတ်များကိုလွယ်ကူစွာကောက်ယူကာ ကားထဲသို့ထည့်သွင်းနေပုံကိုမယုံကြည်နိုင်ဖြစ်နေခဲ့သည်။  


အဖိုးအို၏မြေးဖြစ်သူသည် သိမ်မွေ့သောအနုပညာရှင်တစ်ဦးအဖြစ် ကြော့ရှင်းသောအသွင် ပေါ်လွင်နေပုံရသော်လည်း၊ သူ၏အနုပညာဆန်သော အပြင်ပန်းအောက်တွင် အံ့ဖွယ်သောကြီးမားသည့် အားအင်များပုန်းကွယ်နေခဲ့သည်။  


ရိုးရိုးသားသားပြောရလျှင်၊ သူ စုလင်အားပထမဆုံးအကြိမ်မြင်ရသည့်အခါ၊ တစ်စုံတစ်ဦးနှင့် မှားယွင်းနေမည်ဟု အမှန်တကယ်ယုံကြည်ခဲ့သည်။ အဆုံးတွင်၊ ကျေးလက်တွင်နေထိုင်သော အဖိုးအိုတစ်ဦးထံ သူရဲကောင်းပီသသော မြေးတစ်ဦးမည်သို့ရှိနိုင်မည်နည်း။  


နှစ်နှစ်ဆယ်ကြာရှေ့နေအတွေ့အကြုံရှိသူဖြစ်သည့် ရှေ့နေကျန့်သည် ကြွယ်ဝချမ်းသာသောမိသားစုများမှ လူများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း၊ စုလင်၏တတ်ကြွကာ သူရဲကောင်းဆန်သည့် အသွင်အပြင်နှင့် ယဉ်ကျေးမှုအား မည်သူတစ်ဦးတစ်ယောက်မျှပိုင်ဆိုင်ထားခြင်းမရှိခဲ့ပေ။ သူ့မျက်နှာသည် ပြီးပြည့်စုံသော ပုံသွင်းထားသည့်အတိုင်းဖြစ်ပြီး၊ သူ့မျက်လုံးများသည် ရေကဲ့သို့ကြည်လင်နေသည်။ သူ့အကြည့်တစ်ချက်တည်းကပင် နှလုံးသားများကိုတုန်လှုပ်စေနိုင်သည်။  


အလွန်အမင်း လှပလွန်းလှသည်။  


ဤစကားသည် ရှေ့နေကျန့်၏စိတ်ထဲသို့ မသိစိတ်မှရောက်ရှိလာခဲ့သည်။  


"ခရီးဆောင်အိတ်ဘီးတွေက ကားရဲ့ရှေ့ခန်းနဲ့ပွတ်မိရင် ပြဿနာရှိနိုင်မလား ရှေ့နေကျန့်?" 


ချိုမြိန်သောအသံသည် တိတ်ဆိတ်မှုကိုဖြတ်ကာ ရှေ့နေကျန့်အား လက်ရှိအချိန်သို့ပြန်ရောက်စေခဲ့သည်။  


"ပြဿနာမရှိပါဘူး! ကျွန်တော့်ကားက တန်ဖိုးမကြီးတော့ နည်းနည်းလောက်ပွတ်မိရုံနဲ့မပျက်စီးပါဘူး။"


"ဒါဆို စိတ်ချရပြီ" စုလင် သက်သောင့်သက်သာဖြစ်သွားသည့်အသံဖြင့်ပြောလိုက်သည်။  


မကြာမီ၊ နှစ်ဦးသား ကားပေါ်တက်ပြီး လေဆိပ်ကိုနောက်ချန်ကာထွက်ခွာသွားကြသည်။ အင်ဂျင်သံမြည်သံနှင့်အတူ ကားသည် မြို့လယ်ခေါင်ဘက်သို့ ဦးတည်သွားခဲ့သည်။  


ရှေ့နေကျန့်၏လုပ်ဆောင်နိုင်စွမ်းသည် အံ့မခန်းဖွယ်ရာဖြစ်သည်။ တရားရုံးသို့ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် စုလင်လက်မှတ်ရေးထိုးရန်လိုအပ်သောစာရွက်စာတမ်းများအားလုံးကို အမြန်ဆုံးတင်ပြလာသည်။ ထိုသို့ဖြင့် သေတမ်းစာ၏တရားဝင်မှုသည် ခိုင်မာစွာအတည်ဖြစ်သွားခဲ့သည်။  


စုလင်သည် သေတမ်းစာကိုဖတ်ရှုရင်း သတိထားမိလိုက်သည် - သူ့အဖိုးသည် သူ့အား H မြို့၊ Sylvan Willows မြို့နယ်၊ Stone Creek ကျေးရွာတွင် အိမ်တစ်လုံး၊ လယ်ဆယ်ဧကနှင့် အနှစ်ငါးဆယ်ငှားရမ်းထားသော တောင်တစ်လုံးအားချန်ထားရစ်ခဲ့သည်။