Ch 3
Viewers 8k

🥬 Chapter 3

🥬 Original Ecological Village (1)




"Da da da, da da da, da da da da ~"



ဟောင်းနွမ်းနေသောထွန်စက်ကြီးသည် ချိုင့်ခွက်များပေါသော မြေလမ်းပေါ်မောင်းနှင်နေသည်။ နောက်တွဲပေါ်၌ ထိုင်လိုက်ပါလာသော စုလင်သည် လမ်းကြမ်းကြောင့် တုန်ခါမှုဒဏ်ကိုမခံနိုင်ဘဲ အန်ထွက်တော့မတတ်ဖြစ်နေရသည်။ ခရီးဆောင်အိတ်ကြီးလေးလုံးမှာလည်း တလူးလူးတလဲလဲဖြစ်နေပြီး မျက်နှာ ပြင်ထက် အစင်းရာများနှင့် ဖုန်မှုန့်များကပ်ငြိနေလေသည်။


ထွန်စက်ရှေ့ခန်း၌ထိုင်နေသော ယာဉ်မောင်းသည် ကျွမ်းကျင်စွာမောင်းနှင်နေရင်း ခေါင်းလှည့်ကာအသံကျယ်ကြီးဖြင့်အော် ပြောလိုက်သည်- "ကောင်လေး၊ ရှေ့နားမှာ ရှီးရှီရွာပဲ!"


မန်ဒရင်းစကားသည် ဒေသခံစကားနှင့်ရောထွေးနေပြီး ထွန် စက်သံကြောင့်ဆူညံနေလေရာ စုလင် နားထောင်ဖို့အတော် ရုန်းကန်လိုက်ရသည်။ အဓိပ္ပာယ်အား ခန့်မှန်းမိရုံသာမက လည်ပင်းကိုဆန့်ပြီး ခေါင်းစောင်း၍ ရှေ့သို့‌မျှော်ကြည့်လိုက်သည်။


ချိုင့်ခွက်ထူထပ်သောမြေလမ်းအဆုံး၌ တဆက်တည်းသော တောင်တန်းကြီးတစ်ခုရှိပြီး ထိုတောင်ခြေရင်းတွင် ရွာငယ်လေးတစ်ရွာအားမြင်နေရသည်။


ဒုတိယအဘိုးတစ်သက်လုံးနေထိုင်သွားသော ရှီးရှီရွာများဖြစ်လေမလား ??


စုလင်သည် ကျေးလက်ဒေသမှာ ဝေးလံခေါင်ဖျားပြီးခေတ် နောက်ကျသည်ဟု ထင်ခဲ့သော်လည်း ဤမျှလောက်ထိ ဝေးလံခေါင်ဖျားမည်ဟု မမျှော်လင့်ခဲ့ပေ။


---


H မြို့ရှိ ဥပဒေရုံးတွင် အမွေဆက်ခံခြင်းဆိုင်ရာ စာရွက်စာ တမ်းများနှင့် လက်မှတ်များထိုးကာ လွှဲပြောင်းရယူပြီးနောက် ရှေ့နေကျန်း သူ့အား လျူရှန်းမြို့အထိ စိတ်အားထက်သန်စွာ မောင်းပို့ပေးခဲ့သည်။


စုလင်မှာကျေးဇူးတင်လှသဖြင့် မြို့ထဲရှိစားသောက်ဆိုင်တွင် ညစာပေါ့ပေါ့စားရန်ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ရှေ့နေကျန်းဦးစွာထွက်ခွာသွားရာ သူကိုယ်တိုင် ရှီးရှီရွာသို့သွားရန် နည်းလမ်းရှာရတော့သည်။


သို့သော် နေရာမကျွမ်းကျင်ခြင်းနှင့် ခရီးဆောင်အိတ်ကြီးလေး လုံးကိုဆွဲလာရခြင်းတို့ကြောင့် စုလင် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။


သူ့ဒုက္ခရောက်နေသည်ကိုမြင်သောအခါ စားသောက်ဆိုင်ပိုင် ရှင်မှ လမ်းညွှန်ပေးရှာသည်-


"ငါတို့မြို့ကနေ ရှီးရှီရွာကိုဆိုရင် ဆယ်ကီလိုမီတာဝေးတယ်၊ ဘတ်စ်ကား ဒါမှမဟုတ် တက္ကစီနဲ့ လျူဟိုနားနေဆောင်ထိသွားပြီးတော့ အဲဒီကနေ ခဏလောက်လမ်းလျှောက်လိုက်ရင် ရောက်ပါပြီ"


စုလင် ဆိုင်ပိုင်ရှင်အား ကျေးဇူးတင်ကြောင်းပြောပြီးစား သောက်ဆိုင်အဝတွင် တက္ကစီတစ်စီးအားတားလိုက်ကာ အိတ်ကြီးလေးလုံးအားထိုးထည့်လိုက်ပြီး ယာဉ်မောင်းအား လျူဟိုနားနေဆောင်သို့ပို့ခိုင်းလိုက်သည်။


တက္ကစီသမားမှာ ခန့်ညားပြီး ခေတ်ဆန်စွာဝတ်စားထားသော မြို့ကြီးသား လူငယ်တစ်ဦးကိုမြင်သောအခါ စူးစမ်းလိုစိတ် များဖြစ်ပေါ်လာပြီး မေးခွန်းများတရစပ်မေးကာ စကားကို အဆုံးမရှိပြောဆိုနေတော့သည်။


စုလင်မှာ ပြန်ဖြေချင်စိတ်မရှိသဖြင့် ယဉ်ကျေးစွာပြုံးပြပြီး ယာဉ်မောင်း၏စိတ်အားထက်သန်သော မန်ဒရင်းစကားအားနားမလည်ဟန်ဆောင်လိုက်သည်။ ထိုအခါမှသာ ယာဉ်မောင်းမှာ ရှက်ရွံ့စွာပါးစပ်ပိတ်သွားရသည်။


---


လျူဟိုနားနေဆောင်သို့ရောက်သော် တက္ကစီပေါ်မှဆင်းလိုက်သောအခါ စုလင်ကြက်သေသေသွားရသည်။


စားသောက်ဆိုင်ပိုင်ရှင် ဘာပြောလိုက်တာပါလိမ့် ? လျူဟိုနားနေဆောင်အထိ တက္ကစီ စီးပြီး ခဏလောက်လမ်းလျှောက်လိုက်ရုံဖြင့် ရှီးရှီရွာသို့ရောက်မည်ဟုဆိုသည် မဟုတ်ပါလား ?


ဒါကို ခဏလေးလမ်းလျှောက်လိုက်ရုံလို့ ပြောရဲတယ်ပေါ့လေ !


ဒါ လမ်းအရှည်ကြီးမဟုတ်ဖူးလား ??


အဆုံးအစမရှိကျယ်ပြန့်သော လယ်ကွင်းပြင်များအားဖြတ် သန်းဖောက်လုပ်ထားသည့် ထိုလမ်းရှည်ကြီးမှာ မြင်ကွင်းထဲ အဆုံးမရှိချေ။ မနေ့ကမိုးရွာထားပုံရပြီး လမ်းတစ်ခုလုံး ရွှံ့ဗွက်များထူထပ်ကာ မညီမညာဖြစ်နေသည်။ ခရီးဆောင်အိတ်လေးလုံးနှင့်ဆိုလျှင် လုံးဝလျှောက်လို့ရမည်မဟုတ်ချေ။


ဘာလုပ်ရမှန်းမသိတွေဝေနေစဉ် နောက်တွဲပါသော ထွန်စက်တစ်စီးဖြတ်လာရာ ယာဉ်မောင်းမှ စိတ်အားထက်သန်စွာ သူ့အား အလကားလိုက်စီးခိုင်းလာသည်။


လမ်းတစ်လျှောက်လုံး "da da da" ဟူသော အသံမှာနားထဲ ဆူညံနေပြီး တင်ပါးများပင်ထုံကျင်လို့နေသည်။


နောက်ဆုံး ထွန်စက်သည် ရွာထိပ်ရှိညောင်ပင်ကြီးအောက်၌ စက်ရပ်သွားသောအခါ လောကကြီးငြိမ်သက်သွားတော့သည်။


"ကောင်လေး ဒါ ရှီးရှီရွာပဲ" ဟု ယာဉ်မောင်း အဘိုးလျူ ထွန် စက်ပေါ်မှ ဆင်းပြီးနောက်အော်ပြောလာသည်။


စုလင် လက်တစ်ဖက်ဖြင့် ဗိုက်ကိုဖိထားပြီး ကျန်လက်ဖြင့် ပါးစပ်ကိုပိတ်ကာ မျက်နှာဖြူဖတ်ဖြူလျော်ဖြင့် အတွဲပေါ်မှတွားဆင်းလိုက်ရသည်။


ယာဉ်မောင်းအဘိုးလျူသည် အိတ်ကပ်ထဲမှ သကြားလုံးတစ် လုံးကို ထုတ်ယူကာပြုံးရင်း သူ့ကို လှမ်းပေးသည်- "ထွန်စက် စီးဖူးတာ ဒါ ပထမဆုံးအကြိမ်ထင်တယ်၊ လာ၊ ဒီသကြားလုံးလေး စားလိုက်၊ စိတ်ကို ငြိမ်အောင်ထား"


စုလင် သူ့ရှေ့မှကြမ်းတမ်းပြီး မည်းညစ်နေသောလက်အား ကြည့်ကာ သကြားလုံးကိုအားအင်ချို့တဲ့စွာယူလိုက်သည်။


 "ကျေးဇူးပါ"


---


သကြားလုံးအိတ်အားခွာပြီး ပါးစပ်ထဲထည့်လိုက်ရာ လျှာဖျားထက် ချိုချဉ်အရသာကိုခံစားလိုက်ရသည်။ နှစ်ကြိမ်မျှ မျိုချလိုက်သောအခါ ဗိုက်ထဲရှိ အနေအထားမှာအံ့ဩဖွယ်ကောင်းလောက်အောင်သက်သာသွားပြီး အန်ချင်စိတ်မှာ တဖြည်း ဖြည်းလျော့ပါးသွားတော့သည်။








ပြန်လည်သက်သာလာပြီးနောက် အက်ကွဲကြောင်းများပြည့်နက်နေသော ကွန်ကရစ်ကြမ်းပြင်ပေါ် သူ မတ်တပ်ရပ်လိုက်သည်။ အပေါ်သို့မော့ကြည့်လိုက်သောအခါ ရှီးရှီရွာတစ်ရွာလုံးအား မြင်တွေ့လိုက်ရသည်။


ထိုသည်မှာ ရှေးဟောင်း ရွာလေးတစ်ရွာပင်။


ကြီးမားသောညောင်ပင်ကြီးသည် စိမ်းလန်းဝေဆာနေပြီးအမြစ်များစွာတွဲလောင်းကျနေသည်။ မြေကွက်လပ်ပေါ်ရှိ ၎င်းအမြစ်များသည် နဂါးများကဲ့သို့ယှက်နွယ်နေသည်။ ပတ်ပတ် လည်ရှိ လေဟာပြင်ကြီးထဲ သီးနှံအချို့၊ ဆေးဖက်ဝင်အပင်များ၊ သစ်သီးခြောက်များနှင့် စောင်များ၊ အဝတ်အထည်များ၊ အိပ်ရာခင်းများကိုနေလှန်းထားကြသည်။


ထိုလေဟာပြင်အားဖြတ်ကျော်ပြီးနောက် တစ်မီတာခန့်ကျယ် ဝန်းသော ကျောက်စရစ်ခဲလမ်းလေးတစ်ခုရှိသည်။ လမ်း၏ ဘယ်ဘက်ခြမ်းတွင် မြစ်ချောင်းရှိပြီး ညာဘက်ခြမ်းတွင် အိမ်များရှိသည်။ အိမ်များသည် အဟောင်းနှင့် အသစ်၊ အုတ်နီရောင်နှင့် ကျောက်တုံးများဖြင့် ရောထွေးနေကာ စနစ်တကျ မရှိပေ။ ထိုအိမ်များထဲမှ အချို့မှာ တစ်လုံးနှင့် တစ်လုံးကပ်လျက်ရှိပြီး အချို့မှာ လယ်ကွင်းကျယ်ကြီးဖြင့် အခြားခံထားရသည်။ အချို့မှာ တောင်ခြေရင်း၌ တစ်လုံးတည်းတည်ရှိပြီး အချို့မှာ တောင်ပေါ်တွင်ဆောက်လုပ်ထားကာ သစ်တောများကြားပုန်းကွယ်နေသည်။


ကြက်များ၊ ဘဲများ၊ ငန်းများကို နေရာတိုင်း၌ တွေ့မြင်နိုင် သည်။ ခွေးရိုင်းများ ပျော်ရွှင်စွာ အချင်းချင်းနောက်ယောင်ခံ လိုက်နေကြပြီး ကြောင်ရိုင်းများကမူ နေပူစာလှုံနေကြသည်။ ကလေးအုပ်စုများမှာ မြေကြီးပေါ်တွင် ထိုင်လျက် ဖန်ဂေါ်လီ ကစားနေကြသည်။ မီးဖိုချောင်မှ မီးခိုးငွေ့များ လေထဲလွင့်ပျံနေပြီး ပတ်ပတ်လည်၌ စိမ်းလန်းသောအရိပ်များ ဝန်းရံနေ သည်။ လယ်ကွင်းများ၌ စိုက်ခင်းငယ်များမှာစိမ်းစိုနေပြီး အဝေးတစ်နေရာတွင် ရွှေဝါရောင်မုန်ညင်းပန်းများဖြင့် လယ် ကွင်းကျယ်ကြီးတစ်ခုရှိရာ လှပသောသဘာဝပန်းချီကားတစ်ချပ်အားဖန်တီးထားရှိပြီး လူတို့ကိုစိတ်ချမ်းသာစေသည်။


တရုတ်နိုင်ငံ၌ ဤမျှစစ်မှန်သော ရွာလေးရှိလိမ့်မည်ဟု သူ မသိခဲ့ပေ။ အဘိုးလျူသာ သူ့ရင်ဘတ်၌ မိုဘိုင်းဖုန်းအားချိတ်ထားခြင်း မရှိခဲ့ပါက ဤနေရာ၌ Wi-Fi လုံးဝမရှိဟု သူ သံသယဝင်မိလိမ့်မည်။


"ကောင်လေး၊ မင်း ရှီးရှီရွာကို ဆွေမျိုးတွေရှာဖို့ လာတာလား၊ ဒါမှမဟုတ် လယ်ယာစိုက်ပျိုးဖို့အတွေ့အကြုံယူဖို့ လာတာလား" ဟု အဘိုးလျူ စူးစမ်းလိုစိတ်ဖြင့်မေးလာသည်။


စုလင်သည် သူ့အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ဤ အရပ်ရှည်သန်မာသော အလယ်အလတ်ပိုင်း ဦးလေးကြီးကိုကြည့်ကာ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသော လေသံဖြင့် ပြန်ဖြေလိုက်သည်- "ကျွန်တော် ခဏလောက် ဒီမှာလာနေချင်လို့ပါ"


အဘိုးလျူ အံ့ဩသွားပြီး သူ့အား ခေါင်းစ ခြေအဆုံးကြည့်ရှုလိုက်မိသည်။ ဖြူဖွေး နူးညံ့ပြီး လှပကာ မြို့ကြီးပြကြီး၌ ကြီးပြင်းလာခဲ့သော ဤလူငယ်သည် ခေတ်နောက်ကျပြီး ဆင်းရဲသော ကျေးလက်ဒေသအား အဘယ့်ကြောင့် စိတ်ဝင် စားရသနည်း။


ရွာထဲရှိလူငယ်များသည် အလယ်တန်းကျောင်းမှဘွဲ့ရသည်နှင့် အတောင်ပံများပေါက်ကာ မြို့ထဲသို့ပျံသန်းပြီး ပြန်မလာရန် သာဆန္ဒရှိကြသည်။ သို့သော် ဤလူငယ်လေးမှာမူ ဆန့်ကျင် ဘက်ဖြစ်ပြီး ကျေးလက်သို့ တစ်ယောက်တည်းရောက်ရှိလာသည်။ သူ့ဦးနှောက်ထဲ တစ်ခုခု မှားယွင်းနေခြင်းပေလား ?


အဘိုးလျူ၏ထူးဆန်းသော အကြည့်များကို ခံယူရသောအခါ ပါးနပ်သော စုလင်သည် အနည်းငယ်မျက်နှာနီရဲသွားပြီး ရှင်းပြလိုက်သည်- "ကျွန်တော့် ဒုတိယအဘိုးက ရှီးရှီရွာကပါ၊ ကျွန် တော် အမွေဆက်ခံရတာမို့ တစ်ချက်လာကြည့်တာပါ..."


"ဟမ်၊ အမွေ ?? မင်းရဲ့ဒုတိယအဘိုးက..." အဘိုးလျူ ခဏ စဉ်းစားပြီးမှ ရုတ်တရက်ပြောလိုက်သည်- "ဒုတိယသခင်ကြီးစု၊ မင်းက ဒုတိယသခင်ကြီးစုရဲ့ဆွေမျိုးလား ?"


ဒုတိယသခင်ကြီးစု ဆိုသည်မှာ မည်သူနည်း ??


သူအမည်ကို ပြောလိုက်သည်နှင့် ရှီးရှီရွာမှလူတိုင်းက သူ့ကို သိကြသည်။


ဒုတိယသခင်ကြီးစု၏ အမည်ရင်းမှာ စုလန်ဖြစ်သည်။ ကဗျာဆန်ပြီး ပန်းချီဆန်သောအမည်ဖြစ်သည်။ အသက် ၇၅ နှစ်တွင် ကွယ်လွန်ခဲ့ပြီး ရှီးရှီရွာ၏အရှေ့ဘက်၊ ဖုန်းဟွမ်တောင်ခြေရှိ စုမိသားစုအိမ်ဟောင်း၌နေထိုင်ခဲ့သည်။ ဤစုမိသားစုအိမ်ဟောင်းသည် နှစ် ၅၀၀ သက်တမ်းရှိပြီး ယနေ့တိုင်ကောင်းမွန်စွာထိန်းသိမ်းထားနိုင်သည်ဟုဆိုရမည်။ လွန်ခဲ့သော နှစ် ၆၀ ခန့်က စုမိသားစု၏အကြီးဆုံးသားသည် S မြို့တွင် ချမ်းသာကြွယ်ဝသွားပြီး မိသားစုအားမြို့ကြီးသို့ရွှေ့ပြောင်းခဲ့သော် လည်း ဒုတိယသခင်ကြီးစုသည် ထွက်ခွာရန်ငြင်းဆန်ကာ ရွာ၌ နေပြီးအိမ်ဟောင်းကိုစောင့်ရှောက်ခဲ့သည်။ လွန်ခဲ့သော နှစ်လခန့်က ရောဂါကြောင့်ကွယ်လွန်သွားသဖြင့် အမွေများချန်ရစ်ခဲ့ရာ H မြို့ရှိ ဥပဒေရုံးတစ်ခုသို့လွှဲအပ်ခဲ့သည်။


ဒုတိယသခင်ကြီးစုသည် လက်မထပ်ခဲ့သလို သားသမီးလည်း မရှိခဲ့ပေ။ သူ့အမွေကို မူလ စုမိသားစု၏အဆက်အနွယ်များမှ ဆက်ခံသင့်သည်။ မမျှော်လင့်ဘဲ ယနေ့ရောက်ရှိလာသည့် အပြင်လူမှာ စုမိသားစု၏မြေးတစ်ဦးဖြစ်နေသည်။


စုလင် ခေါင်းညိတ်အတည်ပြုလိုက်သည်။


ယနေ့မှ ရှေ့နေလျူနှင့် အဆက်အသွယ်ရမှသာ ဒုတိယအဘိုး ၏ဘဝဇာတ်ကြောင်းကို သူ သိရှိခဲ့ခြင်းဖြစ်သည်။


ဒုတိယအဘိုးသည် ရှီးရှီရွာ၌တစ်သက်လုံး နေထိုင်ခဲ့ခြင်းဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့်အသက်မွေးခဲ့သည်။ အသက် ၅၅ နှစ်တွင် တစ်သက်တာစုဆောင်းငွေ အများစုကို အသုံးပြုကာ ဖုန်းဟွမ်တောင်ကို နှစ် ၇၀ အတွက်စာချုပ်ချုပ်ခဲ့သည်။ လွန် ခဲ့သော တစ်လခန့်က ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ခဲ့ရာ မေ့မြောခြင်းမဖြစ်မီ ရှေ့နေလျူအားခေါ်ယူပြီး သေတမ်းစာ ရေးသားခဲ့ပြီး ဈာပနကိစ္စများကိုမှာကြားခဲ့ပြီးနောက် ငြိမ်းချမ်းစွာကွယ်လွန်သွားသည်။


သူသည် အိမ်ထောင်မပြုခဲ့သလို သားသမီးလည်းမရှိခဲ့ရာ စုလင်အားချန်ထားခဲ့သော အမွေသည် ငယ်စဉ်က သူ ဤနေရာသို့လာရောက်ခဲ့ခြင်းနှင့် သက်ဆိုင်နိုင်ခြေရှိသည်။


ထိုနှစ်က စုလင်သည် ခြောက်နှစ်သားအရွယ်ဖြစ်သည်။ သူ့ ဖခင်ဖြစ်သူနှင့်အတူ H မြို့ကို ဖြတ်သန်းစဉ် ဖခင်ဖြစ်သူသည် ကျေးလက်၌ ဆွေမျိုးတစ်ဦးရှိသည်ကို သတိရပြီး စုလင်အားခေါ်ကာ စိတ်ကူးပေါက်ပေါက်ဖြင့် ရှီးရှီရွာရှိ ဒုတိယအဘိုးထံသွားရောက်ခဲ့သည်။


ထိုစဉ်က စုလင်မှာငယ်ရွယ်သူဖြစ်ရာ ထိုကာလ အမှတ်ရမှုများ သည် အလွန်မှုန်ဝါးလို့နေသည်။ ဒုတိယအဘိုး၏ရုပ်ရည်ကိုသာမက အိမ်ဟောင်း၏တည်နေရာကိုပါ မေ့လျော့နေခဲ့သည်။


သူ အဘိုးလျူအားမေးမြန်းလိုက်ရာ အဘိုးလျူ အရှေ့ဘက်သို့ လက်ညှိုးထိုးပြပြီးပြောလာသည်- "စုမိသားစုအိမ်ဟောင်းက ရွာရဲ့အရှေ့ထိပ်ဆုံးမှာ ရှိတယ်၊ အဲဒီမှာ လမ်းကျဉ်းလေး တစ်ခုပဲရှိတယ်၊ ထွန်စက်မောင်းဝင်လို့မရဘူး၊ မင်းကိုယ်တိုင် လမ်းလျှောက်သွားမှရမယ်၊ ကောင်လေး"


စုလင်သည် လေးလံသော ခရီးဆောင်အိတ်လေးလုံးကို ကြည့်လိုက်ပြီးနောက် ကျဉ်းမြောင်းသော ကျောက်စရစ်ခဲလမ်းကို ကြည့်ကာ နှုတ်ခမ်းကိုမသိစိတ်က တွန့်လိုက်မိသည်။


ကျေးလက်ဒေသ၌ လမ်းကောင်းကောင်းမရှိသည်ကိုသာ ကြိုသိခဲ့ပါက ခရီးဆောင်အိတ်များကိုလျှော့ပြီး သယ်ဆောင်ရလွယ်ကူစေရန် ပုံးတစ်ခုထဲသာထည့်လိုက်မိမည်။


အခုတော့ ကောင်းရော၊ ထိုအိတ်ကြီးလေးလုံးအားဘိုးဘွားအိမ်သို့ မည်သို့ဆွဲသွားရမည်နည်း။


---

သူ စိတ်ရှုပ်ထွေးနေသည်ကိုမြင်သောအခါ အဘိုးလျူသည် စိတ်အားထက်သန်စွာဖြင့် သူ့အတွက်နည်းလမ်းတစ်ခုစဉ်းစားပေးလိုက်သည်-


"ခဏစောင့်ဦး၊ မင်းကို ကူညီဖို့အတွက် ကလေးတစ်ယောက် ငါ ရှာပေးမယ်"


"ဒါဆိုရင်... အနှောင့်အယှက်ပေးမိပါပြီ" ဟု စုလင် ကျေးဇူး တင်စွာပြောလိုက်သည်။


အဘိုးလျူသည် မလှမ်းမကမ်းရှိ စူးစမ်းလိုစိတ်ပြည့်နေသော ကလေးအုပ်စုဆီသို့ လျှောက်သွားကာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်ကောင်လေးတစ်ဦးကို စကားပြောလိုက်သည်။ ကောင်လေးမှာခေါင်းညိတ်ပြီး ပြေးထွက်သွားရာ ခဏအကြာတွင် ကောင်လေးပြန်ရောက်လာသည်။


"မိုး-"


သန်မာသောနွားထီးတစ်ကောင်ကို ထိုလူငယ်လေးကမောင်းနှင်ခေါ်လာသည်။


စုလင်သည် သူ၏လှပသော မျက်လုံးများကို အနည်းငယ်ဖွင့်ကြည့်ကာ ထွန်စက်နားသို့ ဖြည်းညှင်းစွာရောက်လာသော နွားနောက်အား အံ့ဩတကြီးစိုက်ကြည့်နေမိသည်။ အဘိုးလျူသည် ကောင်လေး၏ပခုံးကိုပုတ်ပြီး ပြုံးလျက်ပြောလိုက်သည်- "ကောင်လေး၊ ဒီကလေးနာမည်က လီတဟိုင်၊ သူ့နွား နောက်က မင်းကိုကူညီပေးနိုင်တယ်၊ ခရီးဆောင်အိတ်တွေကို ဟိုနားကို သယ်သွားပေးနိုင်လိမ့်မယ်၊ မင်း သူ့နောက်ကလိုက်သွားလိုက်ပေါ့"


စုလင် လီတဟိုင်ကိုကြည့်လိုက်ပြီး လီတဟိုင်ကလည်း စုလင်ကိုကြည့်လာသည်။ နှစ်ဦးသားစူးစမ်းလိုစိတ်ဖြင့် အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။


အဘိုးလျူ၏အကူအညီဖြင့် ခရီးဆောင်အိတ်ကြီး လေးလုံးကို လျှော်ကြိုးများဖြင့် ချည်နှောင်ကာ နွားထီးနောက်ကျောတွင် ချိတ်ဆွဲလိုက်သည်။ လီတဟိုင်သည် နွားကြိုးကိုဆွဲကိုင်ကာ ရှေ့မှလျှောက်သွားသည်။ စုလင်သည် ရွှံ့ထူထပ်သောကျောက်စရစ်ခဲ လမ်းပေါ်သို့ခြေချကာ နွားနောက် နောက်မှ လိုက်ပါရင်း စုမိသားစု အိမ်ဟောင်းဆီသို့ထွက်ခွာခဲ့ကြသည်။


---


စုမိသားစုအိမ်ဟောင်းသည် ရှီးရှီရွာတွင် သီးခြားတည်ရှိသည်။ ရွာအဝင်မှ ကျောက်လမ်းတစ်လျှောက် အရှေ့ဘက်သို့လိုက်သွားပြီး ချောင်းကိုဖြတ်ကျော်ကာ လယ်ကွင်းနှစ်ကွက်ကို ကျော်ဖြတ်လျှင် ဖုန်းဟွမ်တောင်ခြေရင်းသို့ရောက်သည်။ ထိုနေရာ၌ ပြာလဲ့သောအုတ်ကြွပ်နှင့် အဖြူရောင်နံရံအားတွေ့ရလိမ့်မည်။


လီတဟိုင်က သူ လက်ညှိုးထိုးပြရာသို့ ညွှန်ပြကာပြောသည်- "အဲဒါ အဘိုးစုရဲ့အိမ်ပဲ"


စုလင်သည် သူ ညွှန်ပြသောဘက်သို့ကြည့်လိုက်ရာ ၎င်းမှာ ဂန္ထဝင်ဥယျာဉ်ပုံစံ နံရံတစ်ခုဖြစ်နေသည်ကို တွေ့ရသည်။ ပြန် လည်ပြင်ဆင်ထားပုံရပြီး နံရံအားအဖြူရောင် ဆေးသုတ်ထားကာကြွေပြားများမှာ နေရောင်အောက်တွင်တောက်ပနေသည်။


ဒါက တကယ်ကြီး ကျန်းနန်ဒေသပုံစံ ဥယျာဉ်လား ??


"မင်း ဒီကို လာဖူးလား" ဟု သူ လီတဟိုင်အား မေးလိုက်သည်။


"လာဖူးတယ်၊ အဘိုးစုက အရမ်းကောင်းတဲ့သူပါ၊ ဥယျာဉ်ထဲမှာ ကျွန်တော်တို့ ကစားခွင့်ပေးထားတယ်၊ ကျွန်တော်တို့ ပစ္စည်းတွေ ရိုက်ချိုးမိရင်တောင် ဘယ်တော့မှ မဆူဘူး"


နှစ်ဦးသားလမ်းတစ်လျှောက်လျှောက်ရင်း စကားများစွာပြောဖြစ်ကြသည်။ အစပိုင်းတွင် လီတဟိုင်မှာ အနည်းငယ်ရှက်ရွံ့နေသော်လည်း စုလင်သည် အခြားသောမြို့သားများနှင့် မတူဘဲ သူ့အားရွံရှာခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်းမရှိဘဲ ကြည့်နေသည်ကိုတွေ့ရသောအခါ စကားပြောဆိုမှုများ စတင်လာတော့သည်။


---


ထိုလူငယ်လေးမှာ အပြစ်ကင်းပြီး ရိုးသားသူဖြစ်သည်။ စကားအနည်းငယ်ပြောဆိုရုံဖြင့် စုလင်သည် သူ့ မိသားစု အခြေအနေကိုသိရှိခဲ့ရသည်။


လီတဟိုင်သည် ကျန်ရစ်သူကလေးဖြစ်သည်။ သူ့မိဘများ သည် ပြင်ပတွင် အလုပ်လုပ်ကိုင်နေကြပြီး နှစ်ပေါင်းများစွာအိမ်ပြန်မလာသေးပေ။ သူသည် အဘိုးအဘွားများနှင့်နေထိုင် သည်။ သူ အလယ်တန်းကျောင်း ဒီပလိုမာရရှိထားပြီး အာဟာ ရချို့တဲ့နေသည်။ အဘယ့်ကြောင့် အထက်တန်းကျောင်းသို့ဆက်မတက်ရသနည်းဟု မေးသောအခါ၊ သူသည် ဆက်မတတ်ချင်တော့ဘဲ သူ့အဘိုးအဘွားများကိုလယ်ယာလုပ်ငန်းတွင် အမြန်ဆုံးကူညီချင်သည်ဟု တီးတိုးပြောလာသည်။


ကောင်လေး၏အကြည့်များမှာပျံ့လွင့်နေပြီး မျက်နှာနီရဲနေရာ ညာပြောရာတွင် မကျွမ်းကျင်သူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။


စုလင်သည် တခြားသူ၏ပုဂ္ဂိုလ်ရေးကိစ္စများတွင် ဝင်ရောက် စပ်စုခြင်းအား မကြိုက်သောကြောင့် ကောင်လေးကစကားမပြောချင်သောအခါ ထပ်မမေးတော့ပေ။


ပြောဆိုဆွေးနွေးမှု ခေါင်းစဉ်မှာ ဒုတိယအဘိုးဆီသို့ပြောင်းသွားရာ လီတဟိုင် သက်ပြင်းချလိုက်ပြီး အားရပါးရပြန်ဖြေတော့သည်။


ထို့ကြောင့် ဒုတိယအဘိုး၏ပုံပန်းသဏ္ဌာန်သည် စုလင် စိတ်ထဲတဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။


ဒုတိယအဘိုးသည် ကွန်ဖူးဝတ်စုံဝတ်ဆင်ရသည်ကိုကြိုက် နှစ်သက်သည်။ မနက်တိုင်း ရွာအဝင်ရှိညောင်ပင်ကြီးအောက် ၌ ထိုက်ချိကစားသည်။ သူသည် အမြဲလိုလိုအိတ်ကပ်ထဲတွင် သကြားလုံးများထည့်ထားပြီး ရွာထဲမှကလေးများအား ဝေငှပေးတတ်သေးသည်။