Ch 4
Viewers 8k

🥬 Chapter 4

🥬 Original Ecological Village (2)




တံခါးဝသို့ ရောက်သောအခါ လီတဟိုင်သည် နွားကြိုးကို ဘေးနားရှိ သစ်သားတိုင်၌ချည်နှောင်လိုက်သည်။ ထို့နောက် နှစ်ဦးသား ခရီးဆောင်အိတ်များကိုတွဲချလိုက်ပြီး မြေကြီးပေါ် တင်ထားသည်။ စုလင် ရှေ့နေပေးလိုက်သည့် သော့တွဲအားအိတ်ငယ်ထဲမှထုတ်ယူပြီး သော့အချို့ဖြင့် စမ်းကြည့်ရာသော့ခ လောက်ပွင့်သွားသည်။


သူ စူးစမ်းလိုစိတ်ဖြင့် တံခါးကိုဖွင့်လိုက်ရာ စိမ်းစိုထူထပ်သော မြက်ခင်းပြင်က မျက်စိရှေ့သို့ဝင်ရောက်လာသည်။


နွေဦးရာသီသည် သစ်ပင်သစ်ရွက်များကြီးထွားရာ ရာသီကောင်းဖြစ်သည်။ လူမနေသည်မှာ နှစ်လရှိပြီဖြစ်ရာ ခြံဝန်းငယ်မှာ ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေပြီး တောပန်းများ းရိုင်း စိုင်းစွာပေါက်ရောက်နေကြသည်မှာ သဘာဝအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။


"အတူတူ ဝင်ကြည့်မလား" ဟု စုလင်က လီတဟိုင်အားလှည့်မေးလိုက်သည်။


"ရလို့လား" ဟု လီတဟိုင်က တုံ့ဆိုင်းသည်။


စုလင်က ပြုံးလိုက်ပြီး- "ရတာပေါ့။ ဒီနေရာက အခုကစပြီး ငါ့အိမ်ပဲ၊ မင်း အချိန်မရွေးလာကစားဖို့ ကြိုဆိုပါတယ်" ဟု ပြောလိုကိသည်။


"ဟုတ်!" 


လီတဟိုင် ဝမ်းသာစွာခေါင်းညိတ်ပြီး ခရီးဆောင်အိတ်ကို သယ်ရာ၌ကူညီသည်။ ခန္ဓာကိုယ်မှာပိန်ညှပ်သော်လည်း အလုပ်လုပ်ရလေ့ရှိသဖြင့် အားအင်များစွာရှိသောကြောင့် သူ ခရီးဆောင်အိတ်ကြီးနှစ်လုံးကို အလွယ်တကူမလိုက်ပြီး စိတ်လှုပ်ရှားစွာဝင်သွားသည်။


စုလင် ကျန်နှစ်လုံးကိုရုန်းကန်ကာ သယ်ဆောင်ပြီးမြေပြင်ထက်မြင့်သော တံခါးခုံကို ခက်ခဲစွာဖြတ်ကျော်လိုက်ရသည်။


---


တံခါးအတွင်းသို့ဝင်ပြီးနောက် အိမ်တော်တစ်ခုလုံး၏ရှုခင်းကို တစ်ချက်ကြည့်ရုံဖြင့်မြင်နိုင်သည်။


ခြံဝန်းအားတစ်မီတာကျယ်သော ကျောက်ပြာလမ်းဖြင့် နှစ်ပိုင်းပိုင်းခြားထားသည်။ ဘယ်ဘက်ခြမ်း၌ မြက်ခင်းများ၊ သစ် ပင်များနှင့် အလှဆင်ကျောက်တုံးများရှိသည်။ ညာဘက်၌ ကြာပန်းများပြည့်နေသော ကန်တစ်ခုရှိသည်။ ရေကန်ဘေးတွင် စင်္ကြန်များနှင့် ရေစပ်မဏ္ဍပ်များရှိသည်။ အဆောက်အ အုံတိုင်များကို အရောင်တောက်ပစွာသုတ်ထားပြီး ကြွေပြားများသည် အသစ်ကဲ့သို့တောက်ပနေကာ နံရံများမှာသန့်ရှင်းပြီး ဖြူဖွေးနေသည်။


ရှီးရှီရွာရှိ အိမ်ဟောင်းများနှင့်နှိုင်းယှဉ်ပါက စုမိသားစုအိမ်ဟောင်းသည် ဗီလာအဆင့်အိမ်ကြီးရခိုင်မျှပင်။ ခြံဝန်းတစ်ခုလုံးမှာ ကျန်းနန်ဥယျာဉ်များ၏ လှပကျက်သရေရှိမှုများဖြင့် ပြည့်နှက်နေပြီး စာပေပညာရှင်များ နှစ်သက်ရာနေရာတစ်ခု ဖြစ်သည်။


ဒုတိယအဘိုးသည် ရိုးသားသောလယ်သမားသက်သက် မဟုတ်ဘဲ ကျေးလက်၌နေထိုင်သော တောမှီရသေ့တစ်ဦးဖြစ် ပုံရသည်။


လီတဟိုင်သည် မကြာခဏလာရောက်လေ့ရှိသူဖြစ်သော ကြောင့် စုလင် သူ့အား ပတ်ဝန်းကျင်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် လိုက်လံပြသပေးဖို့တောင်းဆိုလိုက်သည်။


"အိမ်ထဲဝင်လိုက်တာနဲ့ ပင်မအခန်းပဲ၊ အဘိုးစုက ဒီမှာ ထိုင်ပြီး လက်ဖက်ရည်သောက်လေ့ရှိတယ်" ဟု လီတဟိုင်သည် လမ်းလျှောက်ရင်းရှင်းပြသည်။ 


"ဒါက စာကြည့်ခန်း၊ အဘိုးစု ဒီမှာမကြာခဏ စာရေး၊ ပုံဆွဲ   á€œá€ąá€ˇá€›á€žá€­á€á€šá€ş"


စုလင်သည် စာအုပ်စင်ကိုမြင်သောအခါ စာအုပ်တစ်အုပ်ကို ထုတ်ယူကြည့်လိုက်ရာ အသီးအရွက် စိုက်ပျိုးခြင်းဆိုင် ရာ စာအုပ်တစ်အုပ်ဖြစ်နေသည်။ နှစ်မျက်နှာမျှ လှန်လှောကြည့်ပြီး မူလနေရာသို့ပြန်ထည့်လိုက်သည်။ စာကြည့်ခန်းပြတင်း ပေါက်ရှေ့တွင် စားပွဲရှည်တစ်လုံးရှိပြီး ကလောင်၊ မင်၊ စာရွက်နှင့် မင်ကျောက်တုံးတို့မှာ အစုံအလင် ရှိနေသည်။


စာကြည့်ခန်းကိုကြည့်ပြီးနောက် လီတဟိုင်သည် သူ့အား ပင်မခန်း၏ ညာဘက်သို့ခေါ်သွားသည်။ 


"ဒါကတော့ ထမင်းစားခန်း၊ မီးဖိုချောင်နဲ့ ဆက်ထားတယ်"


ထမင်းစားခန်းတွင် ရှစ်နတ်ရှင်စားပွဲတစ်လုံးနှင့် ခုံတန်းလျား လေးလုံးသာရှိသည်။ ကြာရှည်စွာ အသုံးပြုခဲ့ရသောကြောင့် အစွန်းအနားများ အနည်းငယ်ပွန်းပဲ့နေနိုင်သည်။


"အဘိုးစုက ဒီစားပွဲ၊ ကုလားထိုင် အစုံဟာ ဘိုးဘွားတွေဆီက အမွေဆက်ခံခဲ့တာလို့ ပြောတယ်၊ ပစ္စည်းက ဝါပန်း... ဝါပန်း..." လီတဟိုင်သည် ဝါပန်း ဘာဆိုသည်ကို သတိမရနိုင်ဘဲ စိတ် ပျက်စွာ သူ့နဖူးကိုရိုက်လိုက်သည်။


"ဝါးမန်းလိသစ်" ဟု စုလင်က ပြောလိုက်သည်။


"ဟုတ်တယ်! ဝါးမန်းလိသစ်!" ဟု လီတဟိုင် လက်ခုပ်တီးလိုက်သည်။


စုလင်သည် သူ့သွယ်လျသော လက်ချောင်းများကိုဆန့်ထုတ်ကာ စားပွဲကို ညင်သာစွာ ပွတ်သပ်ပြီး ဖုန်များကိုသုတ်လိုက်သည်။


"ဒါက ရှေးဟောင်းပစ္စည်းပဲ!" ဟု သူ တိုးတိုးလေးရေရွတ်လိုက်သည်။


ဝါးမန်းလိသစ်သားသည် မွှေးပျံ့သောနှင်းဆီသစ်ဟုလည်း ခေါ်ပြီး အဝါရောင်ရှိကာအသားကောင်းသည်။ မာကျောသော ပရိဘောဂများတွင် မကြာခဏအသုံးပြုလေ့ရှိပြီး မင်နှင့် ချင်းမင်းဆက်များမှ လက်မှုပညာရှင်များချစ်မြတ်နိုးခဲ့ကြသည်။ စုမိသားစု၏ ဘိုးဘွားများသည် ဤကဲ့သို့သော ရှေးဟောင်းစား ပွဲနှင့် ကုလားထိုင်အစုံအား အမွေဆက်ခံရန်အတွက် ချမ်းသာ ကြွယ်ဝသော မိသားစုမှဆင်းသက်လာခဲ့ရမည်။


မီးဖိုချောင်၌ ထူးခြားသောအရာမရှိချေ။ ပုံမှန်ကျေးလက်သုံး မြေမီးဖိုနှင့် နံရံနှင့်ကပ်လျက်ရှိသော ဗီရိုသာရှိသည်။ အမျိုးမျိုးသော လယ်ယာသုံးကိရိယာများနှင့် ဝါးခြင်းတောင်းများကို ထမင်းစားနေရာ၌ သပ်ရပ်စွာစီထားသည်။


---



မီးဖိုချောင်၏နောက်တံခါးသည် နောက်ဖေးခြံသို့ ဦးတည်သည်။ ထိုနေရာ၌ ရေတွင်းတစ်တွင်း၊ ပေါင်းပင်များ ဖုံးလွှမ်းနေသော ဟင်းသီးဟင်းရွက်ခင်းနှင့် သီးခြား တဲအိမ်ငယ်တစ် လုံးရှိသည်။


"ဟိုအခန်းထဲမှာ ဘာတွေရှိလဲ" ဟု စုလင်က မေးသည်။


"မသိဘူး" ဟု လီတဟိုင်က ခေါင်းယမ်းသည်။


စုလင် သော့ကိုထုတ်ကာ သော့ခလောက်နှင့် ငါးကြိမ်မျှစမ်း သပ်ကြည့်သည်။ "ကလစ်" ဟူသော အသံဖြင့် ဆဋ္ဌမမြောက် သော့သည် သော့ခလောက်ကို အောင်မြင်စွာ ဖွင့်လိုက်သည်။


"ကျွီ-"


တံခါးကို တွန်းဖွင့်လိုက်ရာ ရှေးဟောင်းဆင်းတုတော်များ အတန်းလိုက် သူ့ရှေ့ပေါ်လာသည်။ စုလင် မျက်လုံးများမှာ အံ့ဩခြင်းဖြင့် ကျယ်ဝန်းသွားသည်။


လီတဟိုင်က ခေါင်းကိုရုတ်တရက်ဆွဲလှည့်လိုက်ပြီး အသံတိုးဖြင့် ငြီးတွားကာ အလျင်အမြန်နောက်ဆုတ်သွားသည်။ ဒါက စုမိသားစု၏ဘိုးဘွားစဉ်ဆက် ကမ္မည်းတိုင်များနှင့် အမွှေးတိုင်အိုးများဖြစ်သည်။


စုလင်လည်ချောင်း ကျဉ်းကျပ်သွားသည်။ ဤမျှများပြားသော ကမ္မည်းတိုင်များကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူ့ကျောရိုးများပင် အေးစိမ့်သွားရသည်။ သူလေးစားစွာဦးညွှတ်ပြီး တိတ်ဆိတ်စွာထွက်ခွာလာကာ အမြန်တံခါးပိတ်ကာသော့ ခတ်လိုက်သည်။


လီတဟိုင်သည် သူ့အား ထိတ်လန့်သောအကြည့်ဖြင့် မော့ ကြည့်လာသည်။ စုလင် သူ့ခေါင်းကိုပုတ်ပြီးနှစ်သိမ့်လိုက်သည်။



 "ကိစ္စမရှိပါဘူး၊ စုမိသားစုရဲ့ဘိုးဘွားတွေက ငါတို့ကို အပြစ် တင်မှာ မဟုတ်ပါဘူး"


---


"ဟဲ့၊ လူတွေ ဘယ်ရောက်ကုန်ပါလိမ့်"


ရုတ်တရက် ကျယ်လောင်သော အမျိုးသမီးသံတစ်သံသည် နောက်ဘက်မှထွက်ပေါ်လာရာ စုလင်နှင့် လီတဟိုင်တို့ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။


"ဟင် ? နင်တို့ ဘာဖြစ်နေတာလဲ" 


အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် မီးဖိုချောင်ထဲမှခေါင်းပြူထွက်လာသည်။ မျက်နှာဝိုင်း၊ မျက်လုံးကျဉ်းများရှိပြီးပြုံးရယ်နေသည့်အတွက် ချစ်ခင်ဖွယ်ရုပ်ရည်ရှိသည်။


"အန်တီကျန်း! ကျွန်တော့်ကို လန့်ပြီးသေအောင်လုပ်‌နေတာပဲ!" ဟု လီတဟိုင်က သူ့ရင်ဘတ်ငယ်ကိုပုတ်ပြီး သက်ပြင်းချလိုက်သည်။


အန်တီကျန်း နားမလည်စွာ မေးလာသည်- "နေ့ခင်းကြောင် တောင်ကြီးကို ဘာတွေ ကြောက်နေတာလဲ"


စုလင်သည် အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကိုထုတ်ကာ နဖူးမှ ချွေးအေးများကိုသုတ်လိုက်ရသည်။ ဘိုးဘွားစဉ်ဆက် ကမ္မည်းတိုင် အတန်းလိုက်အားကြည့်ရုံဖြင့် မှောင်မိုက်သောစိတ်ထဲ ချမ်းအေးမှုကိုခံစားနေရသည်။ ရုတ်တရက် အသံထွက်ပေါ်လာသောအခါ ထိတ်လန့်မှုဖြစ်ပေါ်သွားသည်မှာ သဘာဝ ကျသည်။


"နင်က ဒုတိယသခင်ကြီးစုရဲ့မြေးလား" ဟု အန်တီကျန်းက ရင်းနှီးစွာမေးသည်။ 


"အရမ်းခန့်တာပဲ!"


"မင်္ဂလာပါ၊ ကျွန်တော့်နာမည် စုလင်ပါ" စုလင် ယဉ်ကျေးစွာပြောလိုက်သည်။


အန်တီကျန်း ခေါင်းတညိတ်ညိတ်ဖြင့်ပြောသည်- "မင်္ဂလာပါ! မင်္ဂလာပါ! ငါ့နာမည်က ကျန်း၊ တာဟိုင်ခေါ်သလိုပဲ အန်တီကျန်းလို့ခေါ်နိုင်ပါတယ်"


စုလင် ကောင်းမွန်စွာလိုက်နာသည်။  


"ဟုတ်ကဲ့၊ အန်တီကျန်း"


အန်တီကျန်းသည် ဤမျှခန့်ညားပြီး ယဉ်ကျေးသောမြို့သားကိုမမြင်ဖူးသောကြောင့် သူ့ မျက်နှာပေါ်မှအပြုံးသည် ပိုတောက်ပလာရသည်။


"အင်း... ရှောင်စု၊ အန်တီ မင်းကို ရှောင်စုလို့ ခေါ်လို့ရမလား" 


စုလင် ခေါင်းညိတ်သည်ကိုမြင်သောအခါ အန်တီကျန်း ဆက်ပြောလာသည်- "အန်တီ ခုနကရွာထဲမှာ အဘိုးလျူနဲ့တွေ့တော့ ဒုတိယသခင်ကြီးစုရဲ့မြေးရောက်နေတယ်ပြောလို့ လာကြည့်တာပါ"


စုလင် သူမ ဘာကြောင့်ရောက်လာသည်ကို ရှင်းပြရန် စိတ်ရှည်စွာစောင့်ဆိုင်းသည်။


"အော်၊ တကယ်တော့ ဘာမှ မဟုတ်ပါဘူး..." အန်တီကျန်းက မျက်နှာပြောင်တိုက်ကာပြောသည်။ 


"ဒုတိယသခင်ကြီးစု မကွယ်လွန်ခင်က အန်တီက ဒီကိုအိမ်သန့် ရှင်းရေးလုပ်ဖို့ လာကူပေးခဲ့တာ၊ တစ်လကို ယွမ်ငါးရာလစာရတယ်လေ၊ ရှောင်စုက စိတ်မရှိဘူးဆိုရင် အန်တီကိုဆက်ငှားလို့ ရပါတယ်၊ ယွမ်ငါးရာပေးရင်တောင် ရပါတယ်!"


ကျေးလက်ဒေသတွင် အလုပ်ရှာရန်ခက်ခဲသည်။ အန်တီကျန်းသည် စုမိသားစုအိမ်ဟောင်း၌ ဆယ်နှစ်ကျော်ကြာအလုပ်လုပ်ခဲ့ပြီး သူ့ လစာသည် ယွမ်တစ်ရာမှ ယွမ်ငါးရာအထိတိုးလာခဲ့သည်။ အခြားသူများ အလွန်မနာလိုကြသည်။ ရလဒ်အနေဖြင့် ဒုတိယသခင်ကြီးစု ကွယ်လွန်သွားသောအခါ အန်တီကျန်း ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားရသည်။ နှစ်လကြာစောင့် ဆိုင်းပြီးနောက် ဒုတိယသခင်ကြီး၏မြေး ရောက်ရှိလာမည်ကို စောင့်မျှော်ခဲ့ရသည်။ ယနေ့ သတင်းရသောအခါအလုပ်ကို အခြားသူများယူသွားမည်ကို စိုးရိမ်သဖြင့် သူ အလျင်အမြန်ပြေးလာခဲ့ခြင်းပင်။


စုလင် မျက်ခုံးကိုအနည်းငယ်ပင့်တင်လိုက်ပြီး လိမ္မာပါးနပ်စွာ မျက်တောင်ခတ်ပြသော လီတဟိုင်ကိုကြည့်လိုက်သည်။


လီတဟိုင်၏အတည်ပြုချက်ဖြင့် စုလင်ပြုံးလိုက်ပြီး အန်တီကျန်းအားပြောသည်- "ဒါဆိုရင် အန်တီကျန်းကို ဒုက္ခပေးရတာပေါ့၊ အရင်အတိုင်းပဲ၊ လစာက ယွမ်ငါးရာပါ"


ဤမျှကြီးမားသော ခြံဝန်းနှင့်အိမ်ကြီးကို သူ ဘာလုပ်ရမည်ကို စဉ်းစားနေစဉ် ပြဿနာဖြေရှင်းရန် လူတစ်ယောက်ရောက်လာသည်။


"ဒါဆို တကယ်ကောင်းတာပဲ!" 


အန်တီကျန်းက စိတ်လိုလက်ရ ပြုံးလိုက်သည်။ သူမ ပြောခဲ့သည့်အတိုင်း ဒုတိယသခင်ကြီးစုမြေးသည်လည်း သူ့ကဲ့သို့ပင် ကြင်နာသောစိတ်ထားရှိသည်။ သူ့အား အဘိုးအိုမှ သူ့ကိုယ် သူ  ရယ်စရာမလုပ်ရန် အကြံပေးခဲ့သော်လည်း ကံကောင်းထောက် မစွာ သူ မျက်နှာပြောင်တိုက်ပြီး အလုပ်လာလုပ်ခဲ့သည်။



---



အန်တီကျန်းသည် လုံ့လဝီရိယရှိသူဖြစ်သည်။ အင်္ကျီလက်များကိုခေါက်တင်လိုက်ပြီး အလုပ်စလုပ်တော့သည်။


ညနေစောင်းလာသည်ကိုမြင်သောအခါ စုလင် အန်တီကျန်းအား ပင်မအိမ်ကို ဦးစွာသန့်ရှင်းစေပြီး ရှေ့ခြံ၊ နောက်ခြံရှိ ပေါင်းပင်များကို မနက်ဖြန်မှရှင်းလင်းရန် မှာကြားလိုက်သည်။ ကံကောင်းထောက်မစွာ အိမ်ဟောင်းသည် ရှေးဆန်သော် လည်း ရေ၊ မီး ဆက်သွယ်ထားသေးသည်။


ညနေ ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီအထိအလုပ်များပြီးနောက် အန်တီကျန်းသည် အိမ်မကြီးကို သန့်ရှင်းရေးလုပ်ပြီး လီတဟိုင်နှင့် အတူအိမ်ပြန်သွားသည်။ စုလင် တစ်ယောက်တည်းသာ ထမင်းစားခန်းရှိ နတ်ရှင်ဘုရားရှစ်ဖော်စားပွဲ၌ မျက်မှောင်ကုပ်လျက် ခေါက်ဆွဲခြောက်စားကျန်နေရစ်လေသည်။


"Tick Tock, Tick Tock -"


စားပွဲပေါ်ရှိ ဖုန်းမှ မြည်သံထွက်လာသည်။ စုလင်သည် တုန်ခါနေသော ဝီချက်ဗီဒီယိုခေါ်ဆိုမှုကို မြင်သောအခါ လက်ချောင်း ထိပ်ဖြင့် တို့ထိလိုက်ရာ လင်ကျိုး၏ခန့်ညားသောမျက်နှာသည် ဖန်သားပြင်တစ်ခုလုံးကို ချက်ချင်းနေရာယူလိုက်သည်။


"ဟိုင်း ရှောင်လင်~" ဟု သူ လက်ပြသည်။


ခေါက်ဆွဲခြောက်ကို ပါးစပ်ထဲထည့်ထားရင်း စုလင်သည် ဖုန်းကိုကောက်ကိုင်ပြီး သူ့ကိုယ် သူ ပြလိုက်သည်။


"...မင်း ဘာစားနေတာလဲ" လင်ကျိုး မျက်လုံးများပြူးကျယ်သွားသည်။


စုလင် ခေါက်ဆွဲခြောက်ကို ပါးစပ်ထဲစုပ်ယူလိုက်ပြီး ဝါးကာမျိုချလိုက်သည်။


"ခေါက်ဆွဲခြောက်" 


"ခေါက်ဆွဲခြောက်! ခေါက်ဆွဲခြောက်! ခေါက်ဆွဲခြောက်-" လင်ကျိုးက ထိတ်လန့်စွာအော်သည်။ 


"မင်းဆိုတဲ့ သခင်လေးစုက ကျေးလက်ရောက်တာ တစ်ရက်တောင်မပြည့်သေးဘူး ခေါက်ဆွဲခြောက်စားရတဲ့ အဆင့်အထိ ရောက်သွားပြီလား!"


စုလင် ဖုန်းကို အနည်းငယ်ဝေးဝေးရွှေ့လိုက်ပြီး အားမလိုအားမရပြောလိုက်သည်- "စားဖို့ တစ်ခုခုရှာတွေ့ရင်တောင် ကောင်း နေပြီ"


ရှီးရှီရွာ တစ်ခုလုံး၌ ဆိုင်ငယ်လေးတစ်ဆိုင်သာရှိသည်။ ထိုဆိုင်တွင် အရာအားလုံးကိုရောင်းချသည်။ စုလင်သည် နေ့စဉ်သုံးပစ္စည်းနှင့် ခေါက်ဆွဲခြောက်ကို ယွမ်တစ်ရာဖြင့် ဝယ်ယူခဲ့ရာ လုံလောက်ရုံသာရှိသည်။


လင်ကျိုး သူ့အတွက်ရင်နာမိသည်။ မြို့ထဲမှာ နေလို့မရတော့ ကျေးလက်ကိုသွားရသည်။ နောက်ဆုံး ညစာကို ခေါက်ဆွဲခြောက်တစ်ပန်းကန်စားနေရသတဲ့!


"Takeout မှာလို့ မရဘူးလား" 


စုလင်: " Takeout  လား၊ မရဘူး!"


ရှီးရှီရွာသည် သေးငယ်ပြီး ပိတ်ထားသော ရွာလေးမျှသာဖြစ်ရာ စာတိုက်မှ ပို့ဆောင်ခြင်းပင် မရနိုင်ဘဲ မှာယူပို့ဆောင်သော အစားအစာကို မည်သို့ ရရှိနိုင်မည်နည်း။


"ဒါ အရမ်းသနားစရာကောင်းတာပဲ! အရမ်းသနားစရာကောင်း တာပဲ" လင်ကျိုး တစ်ရှူးကိုဆွဲထုတ်ကာ မျက်လုံးထောင့်မှမမြင်နိုင်သော မျက်ရည်များကိုသုတ်သည်။


"တော်လိုက်တော့" ဟု စုလင်က ဒေါသတကြီးရယ်မောလိုက်သည်။


လင်ကျိုး နှစ်ကြိမ်မျှ ချောင်းဆိုးပြီး ပုံမှန်အတိုင်းပြန်ဖြစ်ကာ တည်ကြည်စွာပြောသည်- "စုလင်၊ လင်ဖုန်း ငါ့ဆီ ဖုန်းဆက်တယ်"


စုလင် ထိတ်လန့်သွားပြီး သူ့လက်ထဲမှ ပလတ်စတစ်ခက်ရင်းမှာ ခေါက်ဆွဲခြောက်ဗူးထဲသို့ပြုတ်ကျသွားသည်။


---



စာရေးသူ၏အမှာစကား


ဤသည်မှာ စိတ်ကူးယဉ်ကမ္ဘာဖြစ်သည်။ လက်တွေ့တွင် ဤကဲ့သို့သော ရွာမျိုး ရှိ၊ မရှိ မမေးပါနှင့် မသိပါ၊ ဝတ္ထုထဲ၌ဟုတ်သည်ဟု ပြောထားလျှင် ဟုတ်သည်ဟု မှတ်ပါရန်။