🥬 Chapter 5
🥬 My wife is gone (1)
ငါးနာရီအကြာ၊ S City ရှိ လင်းပုဂ္ဂလိကဆေးရုံ
“ဥက္ကဌလင်း၊ ဥက္ကဌလင်း၊ ခင်ဗျား အခု ဆေးရုံကထွက်သွားလို့ မဖြစ်ဘူး!”
လူနာစောင့်ဆရာဝန်က အတတ်နိုင်ဆုံး တားဆီးရန်ကြိုးစားခဲ့သော်လည်း၊ ရောဂါကုသဆောင်မှထွက်လာသော ရုပ်ရည်ချောမောသည့် အမျိုးသားကမူ နားမထောင်ပေ။
“ဥက္ကဌလင်း၊ ခင်ဗျား အရိုးကျိုးလို့ ခွဲစိတ်မှုလုပ်ထားရတာ၊ ဆေးရုံမှာ ဆက်အနားယူတာက ပိုမကောင်းဘူးလား” ဝတ်စုံပြည့်ဝတ်ထားသော လက်အောက်ငယ်သားများကလည်း ဝင်ရောက် တိုက်တွန်းကြသည်။
ထိုအမျိုးသားက ရုတ်တရက် ရပ်တန့်သွားပြီး သူ့ မျက်လုံးများက အေးစက်နေသည်။
သူ့မျက်နှာသည် ထက်ရှပြီးအချိုးကျသည်။ မုတ်ဆိတ်မွေး ထူထဲသော မျက်ခုံးများကအပေါ်သို့ ပျံတက်နေသည်။ နက် ရှိုင်းပြီး မှောင်မိုက်သောမျက်လုံးများ၊ ဓားဖြင့် ထွင်းထုထားသကဲ့သို့ နူးညံ့သော သုံးဖက်မြင် မျက်နှာသွင်ပြင်များရှိပြီး ပုံမှန်အားဖြင့် သပ်သပ်ရပ်ရပ် ဘီးဖီးထားသောဆံပင်များက သူ့ နဖူးပေါ်တွင် ပတ်တီးစည်းထားခြင်းကြောင့်ရှုပ်ပွနေသည်။ သူ့ ဘယ်ဘက်လက်မောင်းတွင် မီးသတ်ပလာစတာချည်ထားပြီး ရင်ဘတ်ပေါ်တွင် ပတ်တီးဖြင့်ချိတ်ဆွဲထားသည်။ သူ့ပခုံးများပေါ်တွင် ငွေရောင်ဝတ်စုံဂျာကင်ကို ချထားပြီး သူ့ ရှပ်အင်္ကျီက အနည်းငယ်ပွင့်နေသဖြင့် ၎င်း၏သန်မာသောရင်အုံကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သားများကို ခပ်ရေးရေးမြင်နေရသည်။
ထိုအမျိုးသားထံမှ အေးစက်စွာ စိုက်ကြည့်ခြင်းခံရသော လက် အောက်ငယ်သားသည် အပြစ်ရှိသလိုခေါင်းငုံ့လိုက်ပြီး စကား ထပ်မပြောဝံ့တော့ပေ။
မဖြစ်သင့်ဘူး၊ မဖြစ်သင့်ဘူး၊ မစ္စစ်လင်းရဲ့ဖုန်းခေါ်ဆိုမှုကိုမနှိပ်ခဲ့သင့်ဘူး၊ ပြီးတော့ ကျန့်ယန်စကားကို နားထောင်ပြီး ဖုန်းကို ဈေးပေါပေါနဲ့မပိတ်ခဲ့သင့်ဘူး။ ယခုအချိန်တွင် ရှုယွမ်ကျိုး အချိန်နောက်ပြန်ဆုတ်ကာ မနေ့တနေ့ညသို့ ပြန်သွားချင်မိ သည်။
သို့သော်၊ ယခုကိစ္စမှာ ဥက္ကဌအားဂရုစိုက်သောကြောင့်ဖြစ်ရာ သူ့အား အပြစ်တင်၍မရနိုင်ဘူး မဟုတ်ပါလား ?
မစ္စတာလင်းသည် ပုံမှန်အားဖြင့် လေးနက်ပြီးခေတ်နောက်ကျ သည်၊ သို့သော် သူသည် ဇနီးဖြစ်သူ၏ခေါ်ဆိုမှုနံပါတ်အမည်ပြောင်အား “လင်ပေါင်” ဟု မှတ်သားထားခြင်းမှာအမှန်ပင်။
မနေ့တနေ့က နံနက်အစောပိုင်းတွင် သူနှင့်ကျန့်ယန်တို့သည် ခွဲစိတ်ခန်းအပြင်ဘက်တွင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေကြသည်။ စိတ်ပိုင်းဆိုင်ရာတင်းမာပြီး ဖိအားများစွာရှိနေခဲ့သည်။ မစ္စတာလင်း တစ်ခုခုဖြစ်မည်ကို စိုးရိမ်ကြသည်။ ရုတ်တရက် သူ့လက်ထဲရှိ မစ္စတာလင်း မိုဘိုင်းဖုန်းမြည်လာပြီး သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ သဘာဝအတိုင်း ဖုန်းချပစ်လိုက်ခြင်း ဖြစ်သည်။
လင်းအုပ်စု၏ ဦးဆောင်သူဖြစ်သည့် မစ္စတာလင်းသည် L နိုင်ငံတွင် ကားမတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူ့အသက်ကိုမကယ်တင်နိုင်ခဲ့ပေ။ သတင်းများပေါက်ကြားသွားပြီး သူ့ ပြိုင် ဘက်များမှ ဖော်ထုတ်ရန်အခွင့်အရေးကို အရယူလိုက်သည် နှင့် လင်းအုပ်စုစတော့ရှယ်ယာသည် အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။
အမျိုးမျိုးထည့်သွင်းစဉ်းစားမှုများကြောင့် ရှုယွမ်ကျိုးနှင့် ကျန့်ယန်တို့သည် သတင်းများအား တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ထားပြီး ပုန်းကွယ်နေသော အန္တရာယ်အားလုံးကိုဖယ်ရှားခဲ့ကြသည်။ ၎င်းတို့သည် မစ္စတာလင်း၏ ညာလက်ရုံး နှင့် ဘယ်လက်ရုံးများဖြစ်ကြပြီး အချို့သော ဆုံးဖြတ်ချက်များအားချမှတ်ပိုင်ခွင့်ရှိသည်။
သို့သော်—
အရာအားတိုင်း၌ ချွင်းချက်ရှိစမြဲပင်!
ညသန်းခေါင်တွင် ဖုန်းခေါ်ဆိုသောလာသော “လင်ပေါင်” သည် မစ္စတာလင်း သူငယ်ချင်းဖြစ်လိမ့်မည်ဟု ရှုယွမ်ကျိုးထင်ခဲ့သည်။ ထို့ကြောင့် သူသည် ဖုန်းအား ထုံးစံအတိုင်းချပစ် ခဲ့သော်လည်း “ပေါင်” ဟူသော စကားလုံးသည် တကယ်တမ်း “ကလေး” ဟုအဓိပ္ပာယ်ရမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ!
ဆိုလိုသည်မှာ “လင်ပေါင်” သည် မစ္စတာလင်းနှင့် အလွန့် အလွန်ရင်းနှီးမှုရှိသည်!
မစ္စတာလင်းသည် သတိလစ်ခြင်းရာမှ နိုးထလာသောအခါ သူ့ ဖုန်းကို ချက်ချင်းစစ်ဆေးလိုခဲ့သည်။ ရှုယွမ်ကျိုး သူ့အားဖုန်း ပေးလိုက်ပြီး ဝင်လာသောခေါ်ဆိုမှုကိုသတင်းပို့လိုက်သည်။
မစ္စတာလင်းသည် ဖုန်းဖွင့်လိုက်ပြီး ခေါ်ဆိုမှုမှတ်တမ်းအားစိုက် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး အမြန်ခေါ်ဆိုလိုက်သော် လည်း တုံ့ပြန်မှုမှာအေးစက်သော အီလက်ထရွန်နစ်အကြောင်း ကြားသံသာ။
“စိတ်မကောင်းပါဘူး၊ မိတိဆွေခေါ်ဆိုနေသောဖုန်းမှာ စက်ပိတ်ထားခြင်း သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပတွင်ရှိနေပါသည်”
မစ္စတာလင်း သူ့ မိုဘိုင်းဖုန်းအားပစ်ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ချက်ချင်း တရုတ်နိုင်ငံကိုပြန်ဖို့စီစဉ်လိုက်”
ရှုယွမ်ကျိုးနှင့် ကျန့်ယန်တို့ သူ့အား တားဆီးရန် နည်းလမ်းမျိုးစုံကြိုးစားခဲ့ကြသည်။ သူ အရိုးကျိုးခွဲစိတ်မှုပြီးခါစဖြစ်ပြီး အားနည်းနေသေးရာ မည်သို့ ခရီးဝေးသွားနိုင်မည်နည်း။
သို့သော် မစ္စတာလင်း၏ သဘောထားမှာခိုင်မာပြီး မည်သူ့မှ တိုက်တွန်း၍မရနိုင်ပေ။ နောက်ဆုံး ရှုယွမ်ကျိုး သူ့အား ကိုယ် ပိုင်လေယာဉ်စီစဉ်ပေးခဲ့ရပြီး အိမ်သို့ချောမွေ့စွာပြန်လာခဲ့ကြသည်။ မစ္စတာလင်းအား ဒဏ်ရာများ ဆက်လက်ကုသနိုင်ရန် လင်းအုပ်စု၏ပုဂ္ဂလိက ဆေးရုံသို့ ဦးစွာပို့ဆောင်ခဲ့သည်။
တရုတ်နိုင်ငံသို့ ပြန်လာပြီးနောက် မစ္စတာလင်း၏တွန့်ချိုးနေသော မျက်ခုံးများကား ပြေလျော့ခြင်းမရှိသေးပေ။ သူသည် “လင်ပေါင်” ထံ အကြိမ်ကြိမ်ခေါ်ဆိုပြီး အီလက်ထရွန်နစ် အသံကို အကြိမ်ကြိမ်နားထောင်နေစမြဲပင်။ နောက်ဆုံး ရှုယွမ်ကျိုးမနေနိုင်ဘဲ မေးလိုက်မိသည်။
“မစ္စတာလင်း၊ ဒီသူငယ်ချင်းက အရေးကြီးလို့လား”
မစ္စတာလင်းသည် ဖုန်းခေါ်ဆိုခြင်းအား ရပ်တန့်လိုက်ပြီး မျက်နှာထားမပျက်ပြောလာသည်။
“သူက ငါ့ဇနီးပါ”
ရှုယွမ်ကျိုး ထိတ်လန့်သွားရသည်!
လင်း... ဥက္ကဌလင်းရဲ့ ဇနီး ??
ဥက္ကဌလင်းရဲ့ဇနီးက စုလင် မဟုတ်ဘူးလား ?
ပြီးတော့ စုလင် ?
လင်ပေါင်လား ?
ပြီးတော့—
စုလင် = လင်ပေါင် = ဥက္ကဌလင်းရဲ့ဇနီး
ရှုယွမ်ကျိုး ကျောက်ရုပ်ဖြစ်သွားပြီး ဥက္ကဌလင်းသည် ဆေးရုံ ခုတင်ပေါ်မှ ရုန်းကန်ထသည်အား တွေဝေစွာကြည့်လိုက်သည်။ သူ၏ကောင်းသော ညာလက်ဖြင့် ကုလားထိုင်ပေါ်ရှိ ဝတ်စုံဂျာကင်ကိုဖမ်းဆုပ်ပြီး ခက်ခဲစွာဝတ်ဆင်လိုက်သည်။
ဤနည်းဖြင့် မစ္စတာလင်းသည် သူ့ဇနီးကို အဆက်အသွယ်မရနိုင်ခြင်းကြောင့် ဆရာဝန်၏တိုက်တွန်းမှုကို မနာခံဘဲ ဆေးရုံမှ ထွက်ခွာရန် အတင်းအကျပ်တောင်းဆိုခဲ့သည်။
ရှုယွမ်ကျိုး သူ မှားသွားပြီဆိုတာသိလိုက်သည်။ အမှားတစ်ခု ကြောင့် မစ္စတာလင်းသည် မစ္စစ်လင်းနှင့် အဆက်အသွယ်မရခဲ့ဘဲ မစ္စတာလင်းအား အလွန်စိုးရိမ်ပူပန်စေကာ အိမ်သို့အ သည်းအသန် ပြန်ချင်ခဲ့သည်။
သူ့လက်အောက်ငယ်သားများ တိတ်ဆိတ်နေသည်ကိုမြင်သောအခါ လင်းဖုန်း ဆက်လက်ရှေ့သို့လှမ်းသွားသည်။ “ဥက္ကဌလင်း၊ ခဏစောင့်ပါဦး” ဆရာဝန်သည် အခြားအရာများကိုဂရုမစိုက်ဘဲ သူ့ လူနာ “ထွက်ပြေးချင်” နေသည်ကိုသာ သိသည်။ ဘယ်လို ဖြစ်နိုင်မှာလဲ ? လူနာအပေါ်တာဝန်ယူလိုသောစိတ်ဖြင့် သူ့ လူနာအားထိန်းရပေမည်!
တာဝန်ခံဆရာဝန်သည် လင်းဖုန်းရှေ့သို့ပြေးလာပြီး သူ့အား တားဆီးရန် လက်ဆန့်တန်းသည်။
“အရေးကြီးတဲ့ကိစ္စ ဒါမှမဟုတ် အရေးကြီးတဲ့ပုဂ္ဂိုလ်နဲ့ တွေ့စရာရှိရင် လက်ထောက်ရှုကို ပြောလိုက်လို့ရပါတယ်၊ ကိုယ် တိုင်သွားဖို့ ဘာလို့လိုတာလဲ ? ခင်ဗျား ခွဲစိတ်မှုပြီးကာစပဲ ရှိသေးတယ်၊ လေယာဉ်နဲ့ထပ်သွားရင် ဒဏ်ရာလွယ်လွယ်နဲ့ပြန် ကွဲသွားနိုင်တယ် ဒါမှမဟုတ် ပိုးဝင်နိုင်တယ်၊ ကျေးဇူးပြုပြီး သေချာစဉ်းစားပါ”
ရှုယွမ်ကျိုး အခွင့်အရေးယူပြီးတိုက်တွန်းလိုက်သည်။
“ဒေါက်တာကျန်းပြောတာ မှန်တယ်၊ မစ္စတာလင်း စိုးရိမ်ရင် ကျနော်တို့ လက်အောက်ငယ်သားတွေကို လင်းအိမ်ကိုသွားပြီး မစ္စစ်လင်းအိမ်မှာ ရှိ၊ မရှိ သွားကြည့်ပေးနိုင်ပါတယ်”
လင်းဖုန်း သူ့အား တမူထူးခြားစွာစိုက်ကြည့်လာသည်။
ထိုဖိအားအောက်တွင် ရှုယွမ်ကျိုး နှစ်သိမ့်လိုက်သည်။
“မစ္စစ်လင်းက အရွယ်ရောက်ပြီးသူပဲ၊ ပျောက်သွားမှာမှ မဟုတ်တာ ဟုတ်တယ်မှတ်လား ? ဖုန်းအားသွင်းဖို့မေ့တာ ဒါမှမဟုတ် ဖုန်း ပျောက်သွားတာ... အားလုံးဖြစ်နိုင်ပါတယ်”
နောက်ဆုံးစကားများမှာ ဖြည်းဖြည်းချင်းတိမ်ဝင်သွားသည်။ မစ္စတာလင်း၏စွဲလမ်းနေသော မျက်လုံးများထံမှစိုက်ကြည့်ခြင်းခံရသောအခါ ရှုယွမ်ကျိုးခြေထောက်များပင်တုန်ယင်သွားရသည်။
သူ တစ်ခုခု မှားပြောမိလိုက်ပြီလား ??
ဥက္ကဌလင်းမျက်နှာသည် အဘယ့်ကြောင့် မှိုင်းညို့ပြီးကြောက်စရာဖြစ်နေရသနည်း ??
“မလိုဘူး”
လင်းဖုန်း အသံနိမ့်နိမ့် ဖြင့် စကားလုံး နှစ်လုံးပြောလိုက်ပြီး လူနာစောင့်ဆရာဝန်အား ကျော်သွားကာ ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။
ရှုယွမ်ကျိုး လူနာစောင့် ဆရာဝန်အား စကားအနည်းငယ်ပြောဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ့နောက်သို့လိုက်သွားရသည်။
“ဥက္ကဌလင်း၊ ကျွန်တော့် ကားကမြေအောက် ကားဂိုဒေါင်မှာရှိပါတယ်၊ ကျနော် ပြန်လိုက်ပို့ပေးပါ့မယ်”
ဒီတစ်ခါတော့ လင်းဖုန်း ငြင်းဆန်ခဲ့ခြင်းမရှိတော့ပေ။
ရှုယွမ်ကျိုး သက်ပြင်းတစ်ချက် တိတ်တဆိတ်ချလိုက်ပြီး ကုမ္ပဏီမှာအလုပ်လုပ်နေသည့် ကျန့်ယန်အား အလွန်အားကျ သွားရသည်။
S City၊ ရှန်ယန်တောင်ကုန်းအိမ်ရာ ဧရိယာ
တောက်ပသောငွေရောင်ကားသည် သီးခြားဗီလာတစ်လုံး၏ ခြံဝင်းထဲ ဖြည်းဖြည်းချင်းရပ်လိုက်သည်။ ရှုယွမ်ကျိုးသည် ယာဉ်မောင်းထိုင်ခုံမှဆင်းလာပြီး ခြံတံခါးကိုအမြန်ဖွင့်လိုက်သည်။
“ဥက္ကဌလင်း၊ ကျွန်တော်တို့ရောက်ပါပြီ” သူ မျက်လုံးမှိတ်ထိုင်နေသော အမျိုးသားအား လေးစားစွာပြောလိုက်သည်။
လင်းဖုန်း မျက်လုံးဖွင့်လိုက်ပြီး ကားထဲမှထွက်ကာ ဗီလာ၏ ဂိတ်ဝသို့လျှောက်သွားသည်။
ရှုယွမ်ကျိုး စိုးရိမ်ပူပန်နေပြီး တိတ်ဆိတ်စွာနောက်ကလိုက်ပါလာခဲ့သည်။ သူသည် လင်းဖုန်း၏ ညာလက်ရုံးဖြစ်သော်လည်း လင်းအိမ်သို့ သူလာရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ် သည်။ ဥက္ကဌလင်းသည် သူ့ ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်အား အလွန်အရေးထားသည်။ သုံးနှစ်ကြာလက်ထပ်ပြီးနောက် သူသည် ဥက္ကဌဇနီးအား တစ်ခါမှမမြင်ဖူးခဲ့ချေ!
လင်းဖုန်း ဗီလာရှေ့သို့ မျက်နှာမပျက်လျှောက်ဝင်သွားပြီး သူ့ လက်ဗွေဖြင့် သံတံခါးကြီးအားသော့ဖွင့်လိုက်သည်။
“ဇနီးသည် အိမ်မှာမရှိဘူးလား”
ရှုယွမ်ကျိုးက သံသယဖြစ်စွာမေးလိုက်သည်။ ခြံဝင်းမှာ တိတ် ဆိတ်နေပြီး မည်သူ့ကိုမှမတွေ့ရပေ။
လင်းဖုန်းသည် မည်းမှောင်နေသောမျက်နှာ၊နက်ရှိုင်းသောမျက် လုံးများနှင့် သူ့ လက်ဗွေဖြင့် တံခါးအားဖွင့်ကာဧည့်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။