Ch 8
Viewers 8k

🥬 Chapter 8

🥬 The Lonely Sleepless Night (2)




ကျောင်းပွဲတော်ညတွင် စတိတ်အကျိုးသက်ရောက်မှုအတွက် စုလင်သည် ခန့်ညားပြေပြစ်စွာဝတ်ဆင်ခဲ့သည်။ ဖျော်ဖြေမှု သည် ပရိသတ်၏နွေးထွေးသော လက်ခုပ်သံများဖြင့်ပြီးဆုံးသွားခဲ့သည်။


စုလင်အရိုအသေပေးပြီးနောက် စင်ပေါ်မှဆင်းလာကာစင် နောက်တွင် မိတ်ကပ်ဖျက်နေစဉ် နှင်းဆီပန်းစည်းကြီးတစ်ခုသည် သူ့ရှေ့ရုတ်တရက်ပေါ်လာခဲ့သည်။ သူ အံ့အားသင့်စွာ ခေါင်းမော့ကြည့်လိုက်ရာ နီးကပ်နေပြီး ခန့်ညားသော လူအား မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။


"ဖျော်ဖြေမှုက အရမ်းအောင်မြင်ပါတယ်" လင်းဖုန်းအသံသည် နိမ့်ပြီး နူးညံ့လှသဖြင့် စုလင်နားများကိုပင်ယားယံသွားစေခဲ့သည်။


"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်" စုလင်လက်ကို ဆန့်တန်းကာ နှင်းဆီပန်းစည်းကိုပွေ့ဖက်လိုက်ပြီး သူ့ မျက်နှာ မှာ ပူလောင်နေခဲ့သည်။


"အတူတူအပြင်မှာ လမ်းလျှောက်ကြမလား" ဟု လင်းဖုန်းက မေးလာသည်။


စုလင် သူ၏နက်ရှိုင်းသော အနက်ရောင်မျက်ဝန်းများနှင့် ဆုံလိုက်ပြီး မသိစိတ်မှ ခေါင်းညိတ်လိုက်သည်။ သူ သတိပြန်ရလာသောအခါ ကျောင်းဝင်းရှိ ချိန်းတွေ့ရာနေရာသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။


ထိုညက သူ ဘာပြောခဲ့သည်ကို စုလင် အချိန်ကြာမြင့်စွာမှတ်မိနိုင်ခြင်းမရှိသော်လည်း လင်းဖုန်း၏သုံးဖက်မြင် ခန့်ညားသော မျက်နှာသွင်ပြင်၊ မြင့်မားသောအရပ်နှင့် ဖြောင့်မတ်သောခြေတံရှည်များကိုသာ ရှင်းလင်းစွာမှတ်မိလိုက်သည်။


ကျောင်းတွင် စုလင်အားလိုက် နေသူများစွာရှိသော်လည်း စုလင် စိတ်မဝင်စားခဲ့ပေ။ အကြောင်းမှာ သူသည် သူ့လိင်စိတ်တိမ်းညွတ်မှုကို မရှင်းလင်းသေး၍ မျက်ကန်းချစ်ခြင်းမျိုးကို မလိုချင်ခဲ့ခြင်းဖြစ်သည်။ ထိုသည်မှာ လင်းဖုန်းပေါ်လာသည်အထိပင်။ သူ နှင်းဆီများပေးခဲ့ပြီး လက်ကိုကိုင်ကာ ကျောင်းဝင်းတစ်ပတ် တိတ်ဆိတ်စွာလျှောက်သွားခဲ့ကြသည်။ Cello တူရိယာကဲ့သို့ချိုသာသော အသံသည် သူ့ နားထဲညင်သာစွာ ပဲ့တင်ထပ်နေပြီး စုလင်နှလုံးသားသည် ရမ်းကားစွာခုန်နေခဲ့သည်။ အချစ်၏အပင်ပေါက်လေးများ ပေါက်ဖွားလာကာ နူးညံ့သောရနံ့ တစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။


"ကျွန်တော် မော်ဒယ်လုပ်ပေးဖို့တောင်းဆိုလို့ရမလား" ဟု အဆောင်သို့မပြန်မီ စုလင်သည် ထိုင်းမှိုင်းစွာပြောလိုက်သည်။


အနုပညာကျောင်းသားများ၏အကျင့်မှာ လှပသောအရာအား လုံးကို လိုက်ရှာခြင်းပင်။ စုတ်တံဖြင့် တစ်စွန်းတစ်စ မှတ်တမ်းတင်ကာ ခံစားခြငနှင့် ချီးမွမ်းပင်။ သူသည် တရုတ်ရိုးရာပန်းချီကားအား ကောင်းစွာဆွဲနိုင်ပြီး ပုံကြမ်းနှင့် ဆီဆေးပန်းချီဆွဲရာ၌လည်းကျွမ်းကျင်သည်။ လင်းဖုန်း၏မျက်နှာသွင်ပြင်နှင့် ကိုယ်ခန္ဓာသည် မော်ဒယ်အဖြစ် အလွန်ကောင်းသောပစ္စည်းဖြစ်သည်။


"ရပါတယ်" ဟု လင်းဖုန်းခေါင်းညိတ်သည်။


နှင်းဆီပန်းစည်းအားကိုင်ကာ စုလင် ပျော်ရွှင်စွာအဆောင်သို့ ပြန်သွားသော်လည်း လင်းကျိုး ထံမှစနောက်ခြင်းခံခဲ့ရသည်။


ဤနည်းအားဖြင့် သူတို့ တဖြည်းဖြည်း သူငယ်ချင်းများဖြစ် လာကြသည်။


လင်းဖုန်းသည် စိတ်လှုပ်ရှားဖွယ်ရာ ချစ်စကားများ ခဏခဏ မပြောသော်လည်း သူ့အချစ်ကို လုပ်ရပ်များဖြင့် မကြာခဏ ဖော်ပြလေ့ရှိသည်။


သူသည် စုလင်၏သီးသန့် မော်ဒယ်ဖြစ်ရန်အတွက် ရက်ရက်ရောရော အဝတ်အစားချွတ်ပေးခဲ့ပြီး စုလင်အားစျေးကြီး သော နာရီတစ်လုံးပေးခဲ့သည်။ စုလင်အတွက် နေ့တိုင်း မနက်စာကိုလည်း ယူလာပေးသည်။ စုလင်စတူဒီယိုတွင် ညဉ့်နက် အထိနေသောအခါ သူ တိတ်ဆိတ်စွာထိုင်ပြီး စာအုပ်ဖတ်နေတတ်သည်။


အချိန်အတန်ကြာသည်အထိ သူတို့သည် S တက္ကသိုလ်တွင် အားကျရဆုံး နတ်သားစုံတွဲဖြစ်လာခဲ့ကြသော်လည်း နှစ်ဦး သား ဆက်ဆံရေးအတည်ပြုပြီးနောက် ရင်းနှီးသောထိတွေ့မှု တစ်ခုမျှမရှိသေးသည်အား စုလင်သာသိသည်။


စုလင် သူ့ကိုယ် သူ ဆွဲဆောင်မှုမရှိဟု တစ်ကြိမ်တွေးမိသည်။ မဟုတ်လျှင် သူ့ချစ်သူသည် သူ့ကို လိုလားတောင့်တမှုအရိပ် အမြွက်စိုးစဉ်းမျှမရှိဘဲ အဘယ်ကြောင့်ကြည့်နေရသနည်း။


နောက်ဆုံး ချိန်းတွေ့ ပြီး နှစ်လအကြာတွင် စုလင်နှင့် လင်းဖုန်း တို့ နမ်းခဲ့ကြသည်။


ထိုချိန် နှစ်သစ်ကူးနေ့ဖြစ်ပြီး စုံတွဲများစွာသည် ကျောင်းမှ အပြင်သို့ ချိန်းတွေ့ ရန်ထွက်သွားကြရာ သူတို့အတွဲလည်း အပါအဝင်ဖြစ်သည်။


မိန်းမများသည် မိမိတို့ကိုယ်ကိုနှစ်သက်စေရန် ပြုမူသည်ဟု ဆိုကြပြီး အချစ်ထဲနစ်မျောနေသော ယောက်ျားတစ်ဦးသည်လည်း သူ၏အကောင်းဆုံးပုံစံအား ချစ်သူရှေ့တွင်ပြသလေ့ရှိသည်။


စုလင်သည် ဖက်ရှင်အဝတ်အစားများ ဝတ်ဆင်ကာပခုံးအရှည်ရှိဆံပင်ကောက်များကို ဖြေချထားသည်။ မြင့်မြတ်သောမင်း သားတစ်ပါးကဲ့သို့ ဝတ်ဆင်ကာ အဆောင်အပြင်ဘက်တွင် စောင့်နေသော ချစ်သူဆီသို့လျှောက်လှမ်းလာခဲ့သည်။


လင်းဖုန်းသည်လည်း ဂရုတစိုက်ဝတ်ဆင်ခဲ့သည်မှာ ထင်ရှားသော်လည်း သူသည် စုလင်ထက်ပိုနွေးနွေးထွေးထွေးရှိသည်။ အနက်ရောင် သိုးမွှေးအင်္ကျီရှည်အား ဝတ်ဆင်ထားခဲ့သည်။


စုလင် အဝတ်အစားပါးပါးများဝတ်ထားသည်ကိုမြင်သော်  သူ ဘာမှ မပြောသော်လည်း စုလင်လက်ကိုယူကာ သူ့ အိတ်ကပ် ထဲသို့ထိုးထည့်လိုက်သည်။


စုလင် မရှင်းပြနိုင်လောင်အောင် စိတ်လှုပ်ရှားသွားရပြီး သူ့ အိတ်ကပ်ထဲ လက်ချောင်းများကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။


နှစ်ဦးသား Taxi ဖြင့် စည်ကားသောမြို့ပြဧရိယာသို့သွားကြသည်။ လမ်းလျှောက်ကာ စျေးလမ်းတွင် စျေးဝယ်ပြီး ကုန် တိုက်ရှိ ဖျော်ဖြေမှုတစ်ခုကိုကြည့်ရှုခဲ့ကြသေးသည်။ ကော်ဖီ သောက်ပြီး ဂီတနားထောင်ကာ အသားကင်နှင့် ညစာစားပြီးနောက် နောက်ဆုံးတွင် S မြို့ရှိအကျော်ကြားဆုံး ကြည့်ရှုရာ ဆိပ်ခံတံတားသို့ ရောက်လာကြသည်။ သံတန်းအားမှီကာ ပင်လယ်ရှိ မီးရှူးမီးပန်းပွဲကိုခံစားခဲ့ကြသည်။



ညအစောပိုင်းဖြစ်သော်လည်း အေးမြနေပြီး ပင်လယ်လေသည် စုလင်အားတုန်ယင်စေခဲ့သည်။ သူ နှာချေသည့် အကြိမ်အနည်းငယ်ကြောင့် ကြည့်ကောင်းရန် အဝတ်အစားနည်းနည်းသာဝတ်ခဲ့မိသည်ကို နောင်တရသည်။ ရုတ်တရက် သူ့ ခန္ဓာ ကိုယ်နွေးလာပြီး ထူထဲသောသိုးမွှေးအင်္ကျီအား သူ့ပခုံးပေါ် ခြုံ ပေးလိုက်ကာ အအေးဓာတ်ကိုကာဆီးပေးလိုက်သည်။


စုလင် နှာခေါင်းမှာပူလောင်နေပြီး မျက်လုံးများစိုစွတ်နေခဲ့သည်။ သူ ခေါင်းမော့လိုက်ပြီး သူ့ချစ်သူနှုတ်ခမ်းကို မသိစိတ် ဖြင့် အနမ်းပေးလိုက်သည်။ သူ နောက်ဆုတ်တော့မည့်အချိန်တွင် သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို သန်မာသောလက်မောင်းတစ် စုံက ပွေ့ဖက်ထားလိုက်သည်။ လင်းဖုန်း ခေါင်းငုံ့၍ သူ့ပန်း ရောင်သမ်းကာ နူးညံ့သောနှုတ်ခမ်းအား ထိန်းချုပ်ကာ အနမ်း ကိုပိုနက်ရှိုင်းစေခဲ့သည်။


စုလင်သည် သူ့ ရင်ခွင်ထဲပျော့ခွေနေခဲ့ပြီး အနမ်းကြောင့်မူးဝေနေရသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးပူလောင်ကာ ချစ်သူရင်ခွင်ထဲ ရေနွေးအိတ်တစ်ခုဖြစ်လုနီးပါးပြောင်းလဲနေခဲ့သည်။


အချိန်အတော်ကြာပြီးနောက် နှစ်ဦးသား မခွဲချင် မခွာချင် ခွဲခွာလိုက်ကြပြီး ချစ်ခင်စွာစိုက်ကြည့်နေမိကြသည်။ ခမ်းနားသော မီးရှူးမီးပန်းများသည် ညကောင်းကင်ယံထက် ပွင့်လန်းနေပြီး အလှဆုံးနောက်ခံဖြစ်လာခဲ့သည်။


"ကိုယ်တို့ လက်ထပ်ရအောင်!" ဟု လင်းဖုန်း နိမ့်သောအသံဖြင့် ပြောလာသည်။


"ကောင်းပြီ" စုလင် မတွန့်ဆုတ်ဘဲ သဘောတူလိုက်သည်။


ထိုအချိန်၌ သူ လင်းဖုန်းနှင့် သူ့ဘဝကို ကုန်ဆုံးလိုကြောင်း သေချာခဲ့သည်။


"ဒင်း-ဒေါင်-ဒင်း-ဒေါင်-"


အလျင်စလို တံခါးဘဲလ်သံသည် စုလင်အား နိုးထစေခဲ့သည်။ သူ ထိုင်းမှိုင်းစွာ မျက်လုံးဖွင့်ပြီး ဖုန်းကိုထိလိုက်ရာ နံနက်ရှစ်နာရီဖြစ်နေပြီကို တွေ့ရသည်။ သူ ရုတ်တရက်နိုးလာပြီးထထိုင်လိုက်သည်။


"ဟင်း-"


သူ နူးညံ့စွာ မျက်မှောင်ကြံလိုက်ပြီး သူ့ ခါးကို လက်ကကိုင် ထားလိုက်သည်။


မာကျောသော ပျဉ်ခုတင်၏ တုံ့ပြန်မှုမှာအရမ်းကောင်းသည်။ ဝါဂွမ်းအိပ်ယာ တစ်ထပ်ရှိသော်လည်း သူ့ ခါးနှင့် ကျောအားနာကျင်စေဆဲပင်။


တံခါးဘဲလ်သံ ဆက်လက်မြည်ဟီးနေဆဲဖြစ်ရာ သူ နာကျင်မှု ကိုလျစ်လျူရှုကာ ထရန်အားယူခဲ့သည်။


အခန်းထဲ အပူချိန်ထိန်းကိရိယာနှင့် လေအေးပေးစက်မရှိပေ။ သူ ခုတင်မှထလိုက်သည်နှင့် အအေးဓာတ်ဖြင့်ချက်ချင်းထိတွေ့လိုက်ရသည်။ သူ နှစ်ကြိမ်နှာချေပြီး ရှုံ့မဲ့လိုက်သည်။ ပခုံးခန့်အရှည်ရှိသော ဆံပင်များဖြင့် သူ လှေကားမှ အောက်သို့အမြန်ဆင်းလာခဲ့သည်။


မနေ့က သူ အန်တီကျန်းနှင့် ချိန်းဆိုထားသည်မှာ သူမ နံနက် ၇:၃၀ တွင် ခြံထဲရှိ ပေါင်းပင်များရှင်းလင်းရန်လာမည်ဖြစ် သည်။ သို့သော် သူ ညကအိပ်မရဘဲ နံနက်ရောက်သည်အထိ အတွေးများနေခဲ့သဖြင့် အိပ်ချိန်ကျော်သွားခဲ့သည်။


"ဟင်-"


ခြံတံခါးပွင့်သွားပြီး အန်တီကျန်း၏ ဝိုင်းစက်သောမျက်နှာ ပေါ်လာသည်။


"တောင်းပန်ပါတယ် အန်တီကျန်း၊ ကျွန်တော် အိပ်ယာထနောက်ကျသွားတယ်" 


"ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး၊ အန်တီ စောနေတာပါ" 


အန်တီကျန်း ၇:၃၀ မှာလာခဲ့ပြီး ခြံတံခါးပိတ်ထားသည်ကိုမြင်ချိန် စုလင်မနိုးသေးမှန်းသိလိုက်သည်။ ထို့ကြောင့် တံခါးဘဲလ် မတီးခင် ရှစ်နာရီအထိစောင့်ခဲ့သည်။


အန်တီကျန်း၏စေတနာကို ခံစားမိသောအခါ စုလင် စိတ်ထဲ  နွေးထွေးသွားသည်။


"ဒါနဲ့၊ ဒါက အန်တီ လုပ်ထားတဲ့ ပေါက်စီတွေလေ ရှောင်စု စိတ်မရှိဘူးဆိုရင် မနက်စာစားလိုက်ပါ" အန်တီကျန်း စုလင်အားအလူမီနီယမ် ထမင်းဘူးဟောင်း တစ်လုံးပေးလာခဲ့သည်။ အဖုံးပေါ်တွင် အနီရောင်ပန်ဒါဝက်ဝံပုံအား ရိုက်နှိပ်ထားသည်။


စုလင်ထိုင်းမှိုင်းစွာ ယူလိုက်ပြီး "ကျေးဇူးတင်ပါတယ် အန်တီကျန်း" 


"ကျေးဇူးတင်စရာလား ? မင်းက ငါ့ကို အလုပ်ပေးထားတာလေ၊ ငါကသာ မင်းကိုကျေးဇူးတင်ရမှာ!" 


အန်တီကျန်း မျက်လုံးများသည် မျဉ်းကွေးတစ်ခုလို မှေးကျဥ်းသွားပြီး "သွား မင်း မြန်မြန်သွားစားလိုက်၊ ငါ့ကို စိတ်မပူနဲ့"


စုလင် သူမထံမှ အတင်းအကြပ် အိမ်ထဲသို့ပြန်ဝင်ခိုင်းခံလိုက်ရသည်။ သူသည် အလူမီနီယမ်ထမင်းဘူးပူပူအား ထမင်းစားပွဲ ပေါ် တင်လိုက်ပြီး သွားတိုက်၊ မျက်နှာသစ်ရန် အပေါ်ထပ်သို့ သွားကာ၊ ထို့နောက် အောက်ဆင်းလာပြီး စားပွဲတွင်ထိုင်ကာ ပေါက်စီစားလိုက်သည်။


ရေနွေးအိုးအား မနေ့က ဆိုင်ငယ်လေးတစ်ခုမှ ချေးယူခဲ့ခြင်း ဖြစ်သည်။ ခေါက်ဆွဲတစ်ပန်းကန်စိမ်ပြီးနောက် ရေနွေးဘူး တစ်ဝက်သာကျန်ရှိတော့သည်။ တစ်ညကုန်ပြီးနောက် အနည်း ငယ်နွေးနေပြီး သောက်ရန်အဆင်ပြေသည်။ ပေါက်စီများမှာ ဖြူဖွေးကြီးမားကာ မချိုသော်လည်း နို့ရနံ့ပါရှိသဖြင့် စားလိုက်သောအခါ ပျော့ပျောင်းပြီးအရသာရှိလှသည်။


စုလင်သည် ကျေးလက်မှ သူ၏ပထမဆုံးနံနက်စာကို အရသာရှိရှိ စားသုံးခဲ့သည်။


အန်တီကျန်း နောက်ဖေးဂိုဒေါင်မှ တံစဉ်တစ်ချောင်းယူလာပြီး ခြံထဲရှိ ပေါင်းပင်များကို ခါးကိုင်းကာရိတ်နေလေသည်။ စုလင် တံခါးရှေ့စင်္ကြန်တွင်ရပ်ကာ ခဏကြာစိုက်ကြည့်ပြီးနောက် ရှေ့သို့တိုးကာပြောလာသည်။ 


"အန်တီကျန်း၊ ဒီနေ့ ပေါင်းပင်တွေ မရှင်းတော့ဘူး"


အန်တီကျန်း ခါးကို ဖြောင့်လိုက်ပြီး နားမလည်သော အမူအရာ ဖြင့်မေးလိုက်သည်။ 


"ပေါင်းပင် မရှင်းတော့ဘူးလား ? ဘယ်လိုလုပ် အဲ့လိုလုပ်လို့ရမလဲ ? အလကားလခ ယူထားလို့မရဘူးလေ"


သူမ အလျင်စလိုဖြစ်နေသည်ကို မြင်သောအခါ စုလင်အလျင် အမြန်ပြောလိုက်ရသည်။ 


"လက်နဲ့ ပေါင်းပင်ရှင်းတာ အရမ်းပင်ပန်းတယ်၊ ကျွန်တော် ပေါင်းပင်ရိတ်စက်နဲ့ အရွက်ညှပ်စက်ဝယ်ချင်တယ်၊ အဲ့လိုဆို ပိုအဆင်ပြေလိမ့်မယ်"


လင်အိမ်တော်ခြံဝန်းမှာ ကျယ်‌ဝန်းလှပြီး သစ်ပင်များဖြင့်ပြည့်နှက်နေသည်။ အန်တီမှာ ပုံမှန်အားဖြင့် ပေါင်းပင်ရိတ်စက်နှင့် ညှပ်စက်ကို အသုံးပြု၍ဂရုစိုက်သည်။ ယင်းက လျင်မြန်ပြီး လှပလေသည်။


အန်တီကျန်း ချက်ချင်းကန့်ကွက်လာသည်။ 


"ပေါင်းပင်ရိတ်စက် ဘာလို့ဝယ်ရမှာလဲ ? ပိုက်ဆံဖြုန်းတာပဲ! ကျွန်မ ဒီမှာဆယ်နှစ်ကျော်အလုပ်လုပ်ခဲ့တာ လက်နဲ့ပဲ ပေါင်းပင်အားလုံးရှင်းခဲ့တာပါ၊ စိတ်မပူပါနဲ့၊ ကျွန်မလက်ရာက ကောင်းပါတယ်၊ ဥယျာဉ်ကို လှလှလေးဖြစ်အောင်ရှင်းပေးမယ်"


အန်တီကျန်း၏ခိုင်မာသောသဘောထားကို မြင်သောအခါ စုလင် လက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။


အန်တီကျန်း ခါးကိုင်းကာ မြက်နှစ်စည်းရိတ်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူမက သူ့အားပြောလိုက်သည်။ 


"ရှောင်စု၊ တောင်ပေါ်က ဂူဗိမာန်ဆီ သွားလည်ချင်လား ?"


စုလင် :  "ဟမ် ~"