Ch 9
Viewers 8k


🥬 Chapter 9

🥬 The Unscrupulous Tea Merchant (1)




ကြမ်းတမ်းသောတောင်တတ်လမ်းပေါ် စုလင် လက်ထဲတွင် အနက်ရောင် ပလတ်စတစ်အိတ်ကိုင်ကာ ရွာသင်္ချိုင်းဘက်သို့ လျှောက်သွားသည်။


ရှီးရှီရွာသည် ဝေးလံခေါင်သီသောကြောင့် မီးသဂြိုလ်‌သည့်အလေ့အထအား မကျင့်သုံးသေးဘဲ မြေမြှုပ်သင်္ဂြိုဟ်ခြင်းသာ ပြုလုပ်နေကြသည်။ သင်္ချိုင်းသည် ဖီးနစ်တောင်မြောက်ဘက်တွင် တည်ရှိသည်။ သင်္ချိုင်းများရှိရာသို့ ခြေလှမ်းစလှမ်းလိုက်သည်နှင့် မွန်းကျပ်ဖွယ်လေအေးများ မျက်နှာကိုရိုက်ခတ်လာပြီး စုလင် မတုန်ဘဲမနေနိုင်ပေ။


မြို့ရှိ သင်္ချိုင်းများနှင့်မတူ၊ ဤနေရာရှိသင်္ချိုင်းဂူအများစုသည် ကုလားထိုင်ပုံစံ ဂူများဖြစ်ကြ၏။ အသစ်သော ဂူတစ်ခုတွင် ခြံဝန်း၊ ကျောက်စားပွဲများနှင့် အမည်မသိကျောက်ထွင်းရုပ်တုများ ရှိသည်ကိုတွေ့ရသည်။


ထိုဂူသည် ဖိုးဖိုးကြီး၏ဂူဖြစ်သည်။


သင်္ချိုင်းကျောက်တိုင်ရှေ့တွင်ရပ်ကာ စုလင် ရိုသေစွာဦးညွှတ်လိုက်သည်။ ထို့နောက် သူ့ကိုယ် သူ ထုတ်ဖော်ပြောဆိုလိုက်သည်- "ဖိုးဖိုးကြီး၊ ကျွန်တော်က ဖိုးဖိုးကြီးအမွေလွှဲပေးခဲ့တဲ့ စုလင်ပါ၊ ဒီနေ့ ဖိုးဖိုးကြီးကိုလာပြီးဂါရဝပြုတာပါ"


ဓာတ်ပုံများအရ အဘိုးအိုသည် ကြင်နာစွာပြုံးရယ်တတ်သူ၊ အသက်ရှင်စဥ်က ဖော်ရွေသောလူတစ်ဦးဖြစ်ခဲ့ရမည်။


ရိုသေသမှုဖြင့် စုလင်သည် ပလတ်စတစ်အိတ်ထဲမှ ဈေးဆိုင်လေးမှဝယ်လာသော ရွှေရောင်စက္ကူ၊ အမွှေးတိုင်နှင့် မီးခွက်နီများကိုထုတ်လိုက်သည်။ အန်တီကျန်း ရှင်းပြထားသောအဆင့်များအတိုင်း လိုက်နာပြီး ဂူအား စတင်ဂါရဝပြုလိုက်သည်။


စက္ကူများကိုမီးရှို့ပြီးနောက် မီးလျှံငြိမ်းသွားသည်ကိုမြင်သော်  သူသည် လက်အုပ်ချီ၍ နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။


သင်္ချိုင်းမှဆင်းလာပြီးနောက် စုလင် အိမ်သို့အလျင်စလိုမပြန်ခဲ့ပေ။ လေကာအင်္ကျီအိတ်ကပ်ထဲ လက်ထိုးထည့်ကာကျောက်တုံးများတစ်လျှောက် လယ်ကွင်းများဆီလျှောက်သွားခဲ့သည်။


ကျေးလက်တွင် မနက်ခင်းလေသည် လန်းဆန်းကာ နေရောင် မှာတောက်ပသည်၊ လေနုအေးသည် မျက်နှာအားသာယာစွာထိတွေ့ပြီး မြေနံ့ အနည်းငယ်သယ်ဆောင်လာသည်။


လယ်ထဲ အလုပ်လုပ်နေသူများသည် စုလင်ကိုမြင်သောအခါ ခေါင်းမော့၍ စိတ်ဝင်တစားကြည့်ရှုလာကြသည်။ စုလင်သည် တည်ငြိမ်အေးဆေးစွာ ရေစီးကြောင်းငယ် တံတားပေါ်ရပ်လျက် ကျေးလက်၏ထူးခြားသော ရှုခင်းကိုသဘောတကျကြည့်နေမိသည်။


ကောင်းကင်ပြာနှင့် တိမ်ဖြူများ၊ နွေဦးထွန်ယက်စိုက်ပျိုးခြင်းများသည် အသက်ဝင်လှုပ်ရှားနေသောပုံရိပ်ပင်။ ကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော လှုံ့ဆော်မှုတို့သည်  ဤအချိန်၌ နိုးထလာသယောင်ရှိသည်။


သူ လက်ကိုမြှောက်၍ ဆေးရေးပန်းချီတံကိုကိုင်ဆောင်ထားဟန်ဖြင့် လေထဲတွင် အရာမဲ့လိုင်းများရေးဆွဲလိုက်သည်။ ၎င်း၏လှပသော မက်မွန်ပန်းမျက်လုံးများသည် ကြည်လင်သော ရေကန်တစ်ခုကဲ့သို့ဖြစ်နေသည်။


သူ ပန်းချီဆွဲခြင်းအား စိတ်ပါဝင်စားစွာလုပ်ဆောင်နေစဥ် လီတဟိုင်၏အော်ခေါ်သံမှာ အဝေးမှရောက်လာသည်။


"စုကော စု‌ကော—"


စုလင် ရပ်လိုက်ပြီး အလောတကြီးပြေးလာနေသည့် ထိုလူငယ်ကိုလှည့်ကြည့်သည်။


"မောနင်း၊ တဟိုင်" 


စုလင် ပြုံး၍ ပြောလိုက်သည်။


"မော... မောနင်းပါ" 


လီတဟိုင် သူ့အနားသို့ ပြေးလာပြီးမောဟိုက်နေသည်။ 


"စုကော... ရွာ... ရွာလူကြီးက ရွာကော်မတီရုံးကိုလာလည်ဖို့ ခေါ်နေတယ်"


"ရွာကော်မတီရုံး" စုလင် အံ့သြစွာမေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ"


လီတဟိုင်သည် မျက်နှာမှ ချွေးများကိုသုတ်လိုက်ပြီး ပြောလိုက်သည်- "မြို့က လူတွေရောက်နေတယ်၊ ရွာလူကြီးက သူတို့နဲ့ စကားများနေတာ၊ အဖိုးစု သေသွားတာကိုတောင်ထည့်ပြောနေတယ်"


စုလင်သည် ဖိုးဖိုးကြီးနှင့် ပတ်သက်သည်အား ကြားသောအခါ လီတဟိုင်ကို ချက်ချင်းလမ်းပြခိုင်းလိုက်သည်။


ရွာကော်မတီရုံး ရွာကော်မတီရုံးခန်းထဲ၌ သက်လတ်ပိုင်းအမျိုး သားသုံးဦးသည် အရပ်ရှည်ပြီးပိန်သော်လည်း ကျန်းမာသန် စွမ်းသော အဘိုးအိုတစ်ဦးအား ဝိုင်းရံကာ စဉ်ဆက်မပြတ် စည်းရုံးနေကြသည်။


"ရွာလူကြီးကျင်း သေချာစဉ်းစားကြည့်ပါ၊ သခင်ကြီးစု မရှိတော့ပေမယ့် တောင်ပေါ်ကလက်ဖက်ခြောက်က မခူးရသေးဘူး၊ မေလအထိကြာသွားရင် လက်ဖက်တွေရင့်သွားတာနဲ့အမျှ ဈေးကတက်လာမှာ မဟုတ်တော့ဘူး"


"ကျန်းကျုံးပြောတာ မှန်တယ်၊ လက်ဖက်ခြောက်ရဲ့အရသာက ပျက်သွားမှာ၊ အဲ့လိုဆို နာမည်ပျက်သွားလိမ့်မယ်၊ သခင်ကြီးစု အတွက်လည်း ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်"


"မရဘူး!" ရွာလူကြီးကျင်း သည် မျက်နှာမသာမယာဖြင့် ငြင်းဆိုလိုက်သည်။ 


"မင်းတို့ ပေးတဲ့ ဈေးကအရမ်းနိမ့်တယ်၊ ငါ့သိတရားကိုအရှုံးခံပြီး မရောင်းနိုင်ဘူး"


"အသိတရားမရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ" 


ဆီများလိမ်းထားသောဆံပင်ဖြင့် Suit ဝတ်ထားသည့် အမျိုး သားသည် ပြုံးလျက်ပြောလိုက်သည်။ 


"သခင်ကြီးစု မရှိတော့ဘူးဆိုပေမယ့် လက်ဖက်ခြောက်တောင်က ရွာလူကြီးဟာပဲလေ၊ ရွာလူကြီးကျင်း စကားကအဆုံးအ ဖြတ်ပြမဟုတ်ဖူးလား ? ကနဦးကုန်ကျစရိတ်က သခင်ကြီးစု ရင်းနှီးထားတာ၊ နောက်ပိုင်းအမြတ်ကို ရွာဖွံ့ဖြိုးရေးမှာသုံးပေးတာက ရွာလူကြီးကျင်းအတွက်လည်း ကုသိုလ်ကောင်းမှုတစ်ခု ပြုပေးလိုက်သလိုမဟုတ်ဖူးလား"


စုလင် တံခါးဝသို့ရောက်သည်နှင့် ထို Suit ဝတ်ထားသည့် အမျိုးသား၏စကားကိုကြားလိုက်ရသောအခါ မျက်မှောင် ကြုတ်လိုက်မိသည်။ အဆီပြန်နေသောအသံဖြင့် ထိုဦးလေးသည် ရွာလူကြီးအာ အလွဲသုံးစားလုပ်ဖို့ သွေးဆောင်နေသည်မဟုတ်ပါလား ?


ကံကောင်းစွာပင် ရွာလူကြီးကျင်းသည် ၎င်းတို့ စကားများကို ဂရုမစိုက်ပေ။ လီတဟိုင် တစ်စုံတစ်ဦးအားခေါ်လာသည်ကို မြင်သောအခါ သူ လက်ပြခေါ်လိုက်သည်။


"ကျုပ်က လက်ဖက်ခူးတာပဲ တတ်တယ်၊ လက်ဖက်ရောင်းတာတော့ မသိဘူး၊ ခင်ဗျားတို့ဈေးညှိချင်ရင် သခင်ကြီးစုရဲ့မြေးနဲ့ ပြောကြ"


"သခင်ကြီးစုရဲ့ မြေး ?"


အမျိုးသားသုံးဦးသည် ခေါင်းလှည့်ကာ ရုံးခန်းထဲလျှောက်ဝင်လာသည့် လူငယ်ကိုကြည့်လိုက်ကြပြီး တစ်ပြိုင်နက်အံ့သြနေသည့် အကြည့်များဖြင့်ကြည့်လာကြသည်။


ဤသူသည် ခန့်ညားပြီး သူရဲကောင်းဆန်သော လူငယ်တစ်ဦး ဖြစ်သည်။ သိမ်မွေ့သော မျက်ခုံးများ၊ တလက်လက်တောက်ပနေသောမက်မွန်ပန်းမျက်လုံးများ၊ မြင့်မားသော နှာတံ၊ ပန်း ရောင်နှုတ်ခမ်းများအားလုံးသည် အပြစ်အနာအဆာမရှိသော မျက်နှာထက် ပေါင်းစပ်လို့နေသည်။


သူသည် ပခုံးအထိအနည်းငယ်ကောက်သော ဆံပင်၊ အနက်ရောင်သာမန်ဂျာကင်၊ အဖြူရောင်လည်ဝိုင်း တီရှပ်၊ အပြာနုရောင် ဂျင်းဘောင်းဘီတစ်ထည်နှင့် အဖြူရောင် Sneaker ဖိနပ်များကို ဝတ်ဆင်ထားသည်။ 


သူသည် ဖက်ရှင်ကျကာ တက်ကြွလန်းဆန်းပုံပေါ်သည်။ မင်း သားတစ်ပါး၏ကျက်သရေနှင့် ဂုဏ်သိက္ခာအား ထုတ်လွှတ်နေပြီး ရွာကော်မတီ၏ရိုးရှင်းသော ရုံးခန်းထဲ၌တခြားသူများနှင့် မလိုက်ဖက်စွာရပ်နေသည်။


စုလင်သည် သူ့အားတခြားသူများက စိုက်ကြည့်လာသည်ကို ကြာရှည်စွာအသားကျနေပြီဖြစ်ရာ၊ သူသည် အရပ်ရှည်ပြီး ပိန်သော အဘိုးအိုအားတည်တည်ငြိမ်ငြိမ်ပြောလိုက်သည်- "မင်္ဂလာပါ ရွာလူကြီး၊ ကျွန်တော်က စုလင်ပါ"


ရွာလူကြီးကျင်းသည် မုတ်ဆိတ်မွေးအားပွတ်သပ်ပြီး စုလင်ထံ နစ်ဝင်နေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သခင်ကြီးစု မကွယ်လွန်မီ  ရှေ့နေတစ်ဦးအား သေတမ်းစာရေးခိုင်းပြီး အမွေခံတစ်ဦးသတ်မှတ်ခဲ့သည်။ နှစ်လကြာစောင့်ဆိုင်းပြီးနောက် နောက်ဆုံးတော့ လူတစ်ဦးရောက်ရှိလာခဲ့သည်။


"ကောင်လေးက ရုပ်ထြောင့်တယ်၊ သလင်ကြီးစုငယ်ငယ်တုန်းကနဲ့ နည်းနည်းသွားဆင်တယ်"


ချီးမွမ်းခံရ၍ စုလင်သည် မျက်နှာထက် ပြီးပြည့်စုံသော အပြုံး အားဆက်လက်ထားရှိသည်။ 


"ရွာလူကြီး ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ အရေးကြီးများကိစ္စရှိလား မသိဘူး ??"


အစောပိုင်း တံခါးဝတွင် ရပ်နေစဥ် သူ ကြားခဲ့ရသည်မှာရေရေ ရာရာမဟုတ်ခဲ့ပေ။ ဖိုးဖိုးကြီး စာချုပ်ချုပ်ထားသောတောင်ပေါ်၌ လက်ဖက်ပင်များစိုက်ထားသည်ကိုသာ သိခဲ့ရသည်။ သက်လတ်ပိုင်းအမျိုးသားသုံးဦးသည် ဈေးလျှော့၍ အလွယ် တကူရောင်းချရန် ရွာလူကြီးအားရှက်စရာကောင်းအောင် စည်းရုံးနေသည်ကိုလည်း ကြားခဲ့ရသဖြင့် သူ ရှုပ်ထွေးနေလေသည်။


ရွာလူကြီးကျင်း မိတ်ဆက်ပေးလိုက်သည်- "သူတို့က လက် ဖက်ဝယ်တဲ့ သူဌေးတွေလေ၊ မင်းဖိုးဖိုးနဲ့ ရေရှည်လက်တွဲဖော် တွေပေါ့"


စုလင် သက်လတ်ပိုင်းအမျိုးသားသုံးဦးအား ကြည့်လိုက်သည်။ ထိုသူသုံးဦးသည် တစ်ပြိုင်နက်တည်း သူတို့၏ညာလက်များကို သူ့ဘက်သို့ကမ်းလိုက်ကြသည်။


"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ကျွန်တော်က ချီယွဲ့ပါ"


"ကျွန်တော်က ဟွမ်ရှင်းပါ"


"ကျွန်တော်က ကျန်းကျုံးပါ"


စုလင် သူ့ လက်များကိုအင်္ကျီအိတ်ကပ်ထဲထည့်ထားပြီး ရပ်နေသည်။ သူတို့အားခေါင်းညိတ်ပြရုံသာ- "မင်္ဂလာပါ၊ ကျွန်တော်က စုလင်ပါ၊ ကျွန်တော် ရှီးရှီရွာကို မနေ့ကမှရောက်တာပါ"


ချောမောလှပသောလူတစ်ဦးမှ ရိုင်းပျစွာပြုမူသည့်တိုင် အခြားသူများကို မသက်မသာဖြစ်စေမည် မဟုတ်ပေ။ ထိုအဆီပြန်သော သက်လတ်ပိုင်းအမျိုးသားသုံးဦးသည် ၎င်းတို့၏လက်များကို မသိမသာပြန်ရုပ်လိုက်ကြသော်လည်း အနည်းငယ် ရှုပ်ထွေးနေကြဆဲပင်။


သခင်ကြီးစုက လက်မထပ်ထားဘူး မဟုတ်ဖူးလား ? မြေးက ဘယ်ကရောက်လာတာလဲ ? ၎င်းတို့သည် သခင်ကြီးစုနှင့် ဆယ်စုနှစ်တစ်ခုကျော်သိကျွမ်းခဲ့ဖူးပြီး အခြားဆွေမျိုးများရှိသည်ကို တစ်ခါမျှမကြားဖူးပေ။ ထို့ပြင် ဤလူငယ်သည်ဖက် ရှင်ကျကျဝတ်ဆင်ထားပြီး ကျက်သရေရှိသော အမူအရာရှိ၏။ သို့ဖြစ်ရာ မြို့ကသူဌေးသားတစ်ဦးနှင့် ဆင်တူသည်။


သူဌေးသုံးဦး၏မျက်လုံးများထဲ သံသယများကိုမြင်လိုက်ရသောအခါ စုလင်ရှင်းပြလိုက်သည်- "ကျွန်တော့် အဖိုးက ဒုတိယဖိုးဖိုးကြီးရဲ့အစ်ကိုပါ၊ သူက လွန်ခဲ့သောနှစ်ပေါင်းများစွာက S မြို့မှာအခြေချခဲ့တာ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ရှေ့နေဆီကဖုန်းလက်ခံခဲ့ရတယ်။ ဒုတိယဖိုးဖိုးကြီး သေတမ်းစာရေးပြီး ကျွန်တော့်ကို အမွေခံအဖြစ်သတ်မှတ်ခဲ့တယ်တဲ့"


"အော်! ဒါဆို ဒါက ဒီလိုပေါ့!" 


ချီယွဲ့  ရုတ်တရက် သဘောပေါက်သွားသည်။ ရှီးရှီရွာရှိလူတိုင်း စုလန်အား ဒုတိယသခင်ကြီးစုဟုခေါ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ထံ အစ်ကိုတစ်ဦးရှိခဲ့ခြင်းဖြစ်သည်။


ကျန်းကျုံး ဟွမ်ရှင်းအား ကြည့်လိုက်သည်။ ဟွမ်ရှင်း မျက် တောင်ခတ်၍ စုလင်အားပြောလိုက်သည်- "ဒီနေ့ ကျွန်တော်တို့ လာတာ လက်ဖက်ဝယ်ဖို့ကိစ္စဆွေးနွေးဖို့ပါ"


ရွာလူကြီး စုလင်ကိုပြောလိုက်သည်- "ဖီးနစ်တောင်ကို မင်းရဲ့ဖိုးဖိုးက နှစ် ၇၀ စာချုပ်ချုပ်ထားတယ်၊ တောင်ပေါ်မှာ လက် ဖက်ပင်တွေ စိုက်ထားတယ်၊ အရင်နှစ်တွေက မင်းရဲ့ဖိုးဖိုးရှိစဥ်က သူတို့နဲ့ ဈေးနှုန်းကို ကိုယ်တိုင်ဆွေးနွေးနေကြပဲ၊ ဒီနှစ်တော့ မင်းရဲ့ဖိုးဖိုးလည်းမရှိတော့ သူတို့ကဈေးနိမ်ချင်နေကြတယ်"


ချီယွဲ့  ရှက်ရွံ့စွာပြောလာသည်။


"ရှီးရှီရွာမှာ ထွက်တဲ့ ယွီလုလက်ဖက်ရဲ့အရည်အသွေးက တကယ်ကောင်းတယ်၊ ရောင်းအားလည်း ကောင်းပါတယ်၊ ဒါပေမဲ့—"


ထို့နောက် ကျန်းကျုံးက ဆက်ပြောလာသည်- "ဒါပေမဲ့ ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘူး၊ လက်ဖက်ဈေးကွက်တစ်ခုလုံး ဈေးကျနေတယ်၊ ကျွန်တော်တို့ ဝယ်သူတွေက အောက်ဆုံးရှိနေဆိုတော့ ကုန်ကျစရိတ်ကိုမလျှော့လို့မရဘူး"


ဟွမ်ရှင်းလည်း သက်ပြင်းချလယသည်- "ခုခေတ်မှာ စီးပွား ရေးတွေ ကျဆင်းနေတယ်။ လူတိုင်း စီးပွားရေးလုပ်ဖို့မလွယ်ကြဘူး"


ထိုသုံးဦးသည် သီချင်းဆိုသလို တစ်ယောက်တစ်ခွန်းပြောနေကြရာ စုလင်သည် နောက်ဆုံးနားလည်သွားသည်။


သူသည် စီးပွားရေးလောက၏ကလိမ်ကျမှုများအားမနှစ်သက်သော်လည်း၊ ကောလိပ်တုန်းက အနုပညာဌာနတွင်သင်ကြားခဲ့သော်ငြား စုမိသားစု၏လွှမ်းမိုးမှုကြောင့် စီးပွားရေးနည်းလမ်း များကို နည်းနည်းပါးပါးသိသည်။


ဤစည်းကမ်းမရှိသော လက်ဖက်ဝယ်သူသုံးဦးသည် ဖိုးဖိုးကြီး ကွယ်လွန်သွားသည်ကိုမြင်သောအခါ၊ မီးလောင်ရာလေပင့် အခွင့်ကောင်းယူ၍ ဈေးကွက်အားနားမလည်သော ရွာလူကြီးကို လှည့်စားကာ၊ စျေးကိုမတရားနိမ်၍ လက်ဖက်များအားဝယ်ယူလိုကြခြင်းပင်။